ဖြူ ညစ်ညစ် တိမ်တိုက် တိမ်သား တို့  ပြာညို့ ညို့  တောင်ထွတ် တို့ ကို လွှမ်းခြုံ ရစ်ဝိုင်း ပြီး ညိမ်ဝတ် နေပါ
သည်။ တထေင်းထောင်း ထွက်နေသော တောင်ခိုးတို့  သည်လည်း မြူ ခိုး တို့ နှင့်  ရောထွေး လျက် တိမ်ခိုးတို့ 
အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင် တစ်ခွင်လုံးကို အုံ့  မှိုင်း နေစေပါတော့ သည်။
ညိမ်နေသော ဝန်းကျင် တစ်ခုလုံးကို လေရှုး တစ်ချက် အပြင်း ဝှေ့ လိုက်သောကြောင့်  အရိုးထဲက “စိမ့် ” ကနဲ
နေအောင် ကြက်သီးတို့  တောင် ဖြန်း ကနဲ နေသွားအောင် အေး ဆင်း သွားရပါသည်။
အေးလွန်းသောကြောင့်  ထင်ပါသည်။
တောင်ဇလတ်ပန်း တို့ တောင် လေ အဟုန်တွင် တစ်ဖွားဖွား ပွင့် နေ ကုန်ကြသည်ဟု ထင်ရပါသည်။
“ မိုး ” ကလေးက လဲ “ဖက်စွတ်မိုး ” လေးအဖြစ် ရွာချလာပြန်သောကြောင့်  အအေး ပေါ် အစို ထပ်၍ အလွမ်း
ပေါ် အဆွေး တို့ လည်း တိုးရ ပြန်ပါတော့ သည်။
ကျွန်တော် တို့ ရှိနေရာ သည်တိုင်ဝမ်ကျွန်းကြီးကတော့  ဘယ်နေရာကိုပဲ ကြည့် ကြည့်  တောင်စဉ်တောင်တန်း
တို့  အထပ်ထပ်နှင့်  မြင်ရတိုင်း လွမ်းမောဖွယ် ဖြစ်တတ်ပါသည်။ နဂိုကမှ အလွမ်းဓါတ်ခံ ရှိသူ များအဖို့  ဖြေလို့ 
ကို မပြေနိုင်အောင်ကို တသသ တမြိုက်မြိုက် နှင့်  အချိန်နှင့် အမျှပဲ ငွေ့ ငွေ့ လေးဖြင့်  ဆွေးမြေ့ နေစေတတ်
ပြန်ပါသည်။ ခင်တွယ် နှောင်ဖွဲ့  မိခဲ့ သမျှသော သံယောဇဉ် အတိမ်အနက်အလိုက် ကိုယ့် ရင်ဝယ် စုဖွဲ့  လာနေ
တတ်သောအချိန်နှင့် အမျှ ဖြစ်ပေါ်နေသည့်  လွမ်းချင် ပြေးပြီး တွေ့ လိုက်ချင်သည့်  ဇောအဟုန် တို့ က
ကိုယ့် ရင်ဝမှာ မီးစ လေး ကပ် ထားသလို ၊ တစ်မျှင်မျှင် နှင့် ပင် လှိုက်စား လောင်ကျွမ်း နေတတ် ပါတော့ သည်။
ကြာလာတော့ လည်း ရင်ဝမှာ အောင့် လာသလိုလိုပါပဲ ။
လွမ်းရတာ ကြာလာတော့ လည်း မလွမ်းရ မနေနိုင်အောင် ကို ဖြစ်လာရပြန်ပါသည်။ ယ္ခု လို စိုတဆွတ်ဆွတ်နှင့် 
အုန့် မှိုင်း နေတတ်သည့်  ရာသီ မျိုးမှာပါလေ။ ပြောရလျှင် အထပ်ထပ် လဲလျောင်း ညိမ်သက် နေသော သည်
ထုထည်ကြီးမား လွန်းလှ သည့်  သံယောဇဉ်တောင်တန်း တို့ အားလုံးသည်လည်း တမြိုက်မြိုက် လောင်ကျွမ်း
သော အလွမ်းငွေ့ တို ဖြင့့် တစ်ထောင်းထောင်း ထိုးထွက် နေပြီး အပေါ်မှ အုပ်မိုး ပွတ်တိုက် နေသော တိမ်ခိုး
တို့ ဖြင့်  ရောစပ် သွားကာ ငွေ့ ရည်ဖွဲ့  ၍ အလွမ်း မိုး တို့ အဖြစ် ပြန်လည် ရွာသွန်း နေသည် ဟုပါ။
သို့ မို့ ကြောင့် သာပဲ တိုင်ဝမ် မှာ ဘယ်တော့ မှ မိုးကြီးကြီး ကို မရွာ သွန်းစေချင်တော့ ပါ လို့ ။
အက်စစ် မိုး နှင့် တူသော သည် အလွမ်မိုး တွေက ကောင်းကင်တခွင်လုံးဖြစ်နေသောကြောင့်  ရှောင်ပြေးချင်
နေသော်လည်း မလွတ် နိုင်တော့ သောကြောင့်  ဖြစ်ပါသည်။
လွမ်းပါများလို့  လွမ်းကျင့် ပါလာပြီး အလွမ်း နာတာရှည် လာတော့  ကိုယ့် ရင်ဝ လေးမှာ ဖြစ်ပေါ်လာနေသည့် 
ဝေဒနာလေးက တငွေ့ ငွေ့  ပူနေပြီး တစူးစူးနှင့်  အောင့် လာတတ်တာမျိုး ၊ နာနေတတ်တာမျိုး လို့ လဲ ထင်
ပါသည်။
လွမ်းချင်နေသူက လွမ်းချင်သလောက် လွတ်လပ် စွာ လွမ်း လိုက်လို့ ရအောင် ဖြည့် ကူ ခံစားလို့ ရအောင်
ဝန်းကျင် တစ်ခုလုံး သဘာဝတောတောင်ရေမြေ ရှု့ ခင်းတွေ ရာသီ တွေ ရာသီ လေတွေ ကို ဗလောင် ဆူနေ
သော ကိုယ့် ရင်ထဲ အတင်း တဝကြီး ရှိုက်သွင်း ပစ်လို့  ရနေပါသေးသည်။
အချိန်နှင့် အမျှပဲ ပြောင်းလဲနေတတ်သော ရာသီလေနှင့်  အရောင်အမျိုးမျိုးသော သဘာဝ ရှု့ ခင်း အမျိုးမျိုးတို
ကိုလည်း တလိပ်လိပ် ထိုးတက်လာနေသော အလွမ်းတို့  ခပ်ဖြောင့် ဖြောင့် ဖြင့်  ချောမွေ့ စွာပဲ လွမ်းလိုက်လို့ 
ရသွားအောင် လဲ ဖြည့် ကူ ခံစား လိုက်လို့ ရနေပါသေးသည်။
အဲ့ ဒီလို မရသေးသည့့်ဘယ်တော့ မှလဲ မရနိုင်တော့ သည့်  သူတွေ လည်း ရှိနေပါသေးသည်။
သူ တို့ လည်း နုလုံးသားပါကြသူ တွယ်တာ ချစ်ခင် တတ်ကြသူ တွေ ဖြစ်ပါသည်။ ချစ်လဲ ချစ်ခဲ့  ကြမှာ ဖြစ်ပါ၏
ချစ် တတ်ပြီ ဆိုလျှင်ဖြင့်  သေချာပေါက် လွမ်းတတ် တော့ မှာ ဖြစ်ပါသည်။ ထူထောင်မိခဲ့ သမျှသော သံယောဇဉ်
အသိုက် အမြုံတွေ အသက် တစ်မျှ ချစ်ရ အသက်ရှု လိုက်တိုင်း ကို သတိရနေတတ် သူတွေလည်း ရှိနေ မှာ
ဖြစ်ပါသည်။
သို့ ပေမဲ့  ... သူတို့ မှာတော့ ကျွန်တော်တို့ လို လွတ်လပ်စွာ လွမ်းခွင့် မရှိရှာ၊ လွမ်းလို့  မရရှာတော့ ပါ။
နံရံ လေးဘက်ကြားမှ သူများ၊ ယုံကြည်ချက် တစ်ခု အတွက် တန်ဖိုးရှိလွန်းသော ဘယ်တော့ မှလည်း ပြန်မရ
နိုင်တော့ သော ဘဝ ရဲ့  အချိန်များကို သည် အခန်းကျဉ်း လေးများထဲမှာပဲ စတေးနေ မြှုပ်နှံ ရင်းနှီး နေကြပါ
တော့ သည်။
စာနာကြည့် မိတိုင်း ရင်နာ ခဲ့ ရပါသည်။ သူတို့  အတွက်ပါ။
စဉ်းစား ကြည့် မိတော့  သူတို့  ဖွဲ့ စည်း ထူထောင် ခဲ့ မိသော ချစ် ခင် တွယ်တာ ခဲ့ ရသည့်  သံယောဇဉ် နှောင်
ကြိုးလေး တစ်မျှင်ထက် တိုင်းပြည်အတွက် ကျွန်တော်တို့  အားလုံးအတွက် “ယုံကြည်ချက်” တစ်ခု ကို ပို၍
ချစ်ခဲ့  လို့  တန်ဖိုး ထားခဲ့ လို့  ဖြစ်ပါသည်။ ဘဝ ကို စွန့်  အချစ်တွေ စွန့်  အသက်တွေ စွန့်  ပြီးမှ အချိန်ကြာ
ညောင်းစွာပဲ နံရံလေးဖက်ကြားထဲမှာ ကုန်ဆုံးနေခဲ့ ကြရပါသည်။ နှလုံးသားကြောင့်  လွမ်းလွန်းနေပေမဲ့  ဖြည့် 
ကူ ရှု ရှိုက်စရာ ဆိုလို့  သည် ဖြူ ညစ် ညစ် နံရံ လေးဖက် ပဲရှိပါသည်။ ကြည့် စရာ ခံစား စရာဆိုလို့  အခန်းဒေါင့် 
က မသွန်ရသေးသည့်  အိမ်သာအိုး သာ ရှိပါ၏ အိမ်သာအိုး နဲ့ ဂျပိုး နဲ့  ရှု စရာ မစင် နံ့  နဲ့ ဘယ်လို များလွမ်းရပါ့ ။
ပြောချင်သည်က သည် အုပ်တံတိုင်း ကြီးတွေ အထဲက နံရံ လေးဖက်တွေ ကြားထဲက အနှိုင်း မဲ့  သော “ ကြယ် ”
တွေ အတွက်ပါ။ သူတို့  နှစ်ပေါင်း များစွာပဲ ဘဝတွေ စတေးပြီး အထဲမှာ စောင့် မျှော်နေ ကြ ပေမဲ့  သူတို့  စွန့် 
ခဲ့  ရသော အပြင် လောက ကြီးကတော့  ထူး မခြားနား ပါပဲ။ ဘာပဲပြောပြော ၊ ရောက်လေ သည့် နေရာ တိုင်း
ကတော့  အနှိုင်းမဲ့  စွန့် လွှတ် စွန့် စား နေသော“ ကြယ် ” တွေ အတွက် ရည်စူး ဦးညွှတ်လျက်ပါ လို့ ။
ကျွန်တော်တို့ ကတော့  ကိုယ်ချစ်မိခဲ့ တာလေးတွေကိုပဲ “အနှိုင်းမဲ့ ” စာဖွဲ့  ခံစားလို့ နေမိပေမဲ့  သူ တို့  ကတော့ 
သူတို့  ချစ်ခင် တွယ်တာသူ တွေကို စွန့် လွှတ်၍ တိုင်းပြည် အတွက် “ အနှိုင်းမဲ့  ” စွန့် လွှတ် စွန့်  စား နေကြပြီ။
အလွမ်းမိုးတို့  ရွာတော့  ရွာမည်ဖြစ်သော်လည်း သူတို့ ကတော့ သံတိုင်လေးတွေ ကိုင်ကာ ငေးနေရုံ ပဲ ဖြစ်ပါ၏
အမှန်တရားအတွက် ၊ တိုင်းပြည် ကြီးကို လမ်းမှန်ပေါ် ပြန်လည် ရောက်ရှိ သွားစေရန် မျှော်လင့်  ယုံကြည်ချက်
တို့ ဖြင့်  အနိုင်းမဲ့  လောက်အောင် စွန့် စား ခဲ့ သူများတွင် တပ်မတော်၏ ဖခင်ကြီး လွတ်လပ်ရေး ဗိသုကာကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ သမီး အမေ စု နှင့်  ကိုမင်းကိုနိုင်၊ ကျောင်းသားခေါင်းဆောင်များ ၊အနုပညာလောက
မှ ကျွန်တော် သိသလောက် “ ထောင်ထဲမှာ ဘုရား စာ တရားစာ တောင်မဆိုရဲ တော့  ပါဘူး၊ ဘာဖြစ်လို့ ဆို
ဘုန်းဘုန်း တွေပါ ထောင်ထဲ ရောက်လာလို့ ပါ ” ဟု ယ္ခု ချိန်ထိ ခေါင်းမာ ပြောင်မြောက်စွာ သရော် နေနိုင် သေး
သော ကိုဇာဂနာ နှင့်  ရောင်းရင်းများ ၊ ကျွန်တော် မသိနိုင် သေးသော အခြား ခြားသော ကျောင်းသူကျောင်းသား
လူငယ် လူရွယ် များ အားလုံးကိုလည်း စာနာစွာ ရင်နာ စွာ နှင့် ပဲ ရည်စူး ဦးညွှတ် နေမိပါသည်။
ကျွန်တော်ကတော့  အအေးတော ထဲမှာပဲ တစ်ယောက်သောသူ အတွက် ချစ်လွန်းလို့  မမေ့ နိုင်အောင်ကို
အနှိုင်းမဲ့  လွမ်းနေမိပေမဲ့  သူတို့ ကတော့  အများအတွက် တိုင်းပြည် အတွက် ချစ်လွန်းလို့  ယုံကြည် ချက်
ရည်မှန်းချက်တွေ မမေ့ မပျောက် နှိုင် စွာပဲ အအေးတော ထဲမှာ အနှိုင်း မဲ့ စွာပဲ စွန့် လွှတ် စွန့် စား နေကြပေပြီ။
ရင်ဘောင်တန်း တိုက်ပွဲဝင်နေခဲ့ ရင်းက ကျဆုံးခဲ့ ရ ပြီး တကယ့် စစ်မှန်သော ဒီမိုကရေစီ ရပါမှ သူတို့ အတွက်
အမျှဝေပေးပါတော့ ဟု မှာကြားရင်းပဲ ဝိဥာဏ် ဘဝနှင့်  နှစ်ရှည် လများ စောင့် ကြည့် နေကြသူများကို လည်း
“ အနှိုင်းမဲ့  ” သော စာရင်းထဲမှာ ထည့် သွင်းချင်ပါသည်။
နောက်ဆုံးတော့  ကျွန်တော်က “အနှိုင်းမဲ့  ” သူတွေ ကြားထဲမှာပဲ သိမ်ငယ်စွာ “ အနှိုင်း မမဲ့  ” ဖြစ်ခဲ့ ရပြီ ပဲ ဟု
ိုဆိုရင်းက သည်ပို့ (စ) လေး ဖြင့် ပဲ “ အနှိုင်းမဲ့ ” အာဇာ နီ များကို ရည်စူး ဂုဏ် ပြုလိုက်ရင်း......။
....................................................................................................................................................
( အဖြူလေး )
Thursday, February 4, 2010
Sunday, January 17, 2010
အိမ်မက်စေတမန် ( ၄ )
ကိုယ်က တစ်ယောက်ယောက် ကို များ တစ်ဖက်သတ်ကြီး ချစ်မိနေပြီ ဆိုလျှင်ဖြင့် သူကတော့ ဘယ်လို
နေနေသည် မသိပေမဲ့  ကိုယ့် မှာတော့  သူတနေ့ နေ့ တော့  ကိုယ့် ကို ပြန်ချစ်လာမှာပါ၊ ကိုယ့်  ကို နားလည်
လာမှာပါ ဆိုသည့်  စိတ်ကူးယာဉ် မျှော်လင့် ချက်တွေ အပြည့်  နှင့် ပဲ စောင့် စား နေတတ်ကြပါသည်။
ချစ်ရသော သူ့ ကို စိတ်ကူး ယာဉ်ပြီး ကိုယ်ပိုင်ဆိုင်နေသည့်  ကိုယ်ပိုင် ပစ္စည်း လို သဘော ထားနေမိပြန်ပါသည်။
ကိုယ်က စိတ်ကူး နှင့် ရူး နေမိသည့်  “ သူ ” တစ်ယောက် ကတော့  သူ့ အာရုံ နှင့် သူ ၊ သူ လုပ်ချင်တာ တွေ ကို
သူ ပုံမှန် လေးပဲ လုပ် သွားနေပေမေဲ့  ကိုယ် ကတော့  အချိန်နဲ့ အမျှ ပဲ သူ့ အတွက် စိုးရိမ် စိတ်၊ သတိရ စိတ်
လွမ်းတဲ့  စိတ် တို့  ဖြင့်  ကြိတ်မှိတ် ဖိစီး နေတတ်ပါသည်။ မဖြစ် နိုင်တော့  သည့်  အရိပ်၊အရောင် တို့  မြင်လာ
ရလေ ပိုမို ပိုင်ဆိုင်ချင်စိတ် တို့ ဖြင့်  စိတ်ကူး နှင့်  ရူး ရူး လာရလေပါ။ သိ စိတ် တို့ ဖြင့်  လက်လွှတ် ဆုံးရှုံး ရ
တော့ မည်ကို သိနေသော်လည်း ၊ မသိ စိတ် တို့  ဖြင့် သာ နောက်ဆုံး ကောက်ရိုး တစ်မျှင် ကို အတင်း ဇွတ် ဆွဲ
နေချင် ပြန်ပါသည်။ ကြာလာတော့ ကိုယ့် ကိုယ် ကို တောင် သတိ မပြု နိုင်တော့ သည့်  ကိုယ့်  စိတ်မှာ အမြစ်
တွယ် ဖြစ် ပေါ် လာနေသည့်  စိတ်ဒဏ်ရာ ပင် ဖြစ်ပါသည်။ လှလှ ကလေး ပြောရရင်တော့  ယာဉ်ယာဉ်လေး
နှင့်  တစ်မျိုး ရူး နေရှာသည့် ၊ ရူးသွား ရှာ သည့်  အချစ်ရူး ပါပေ။ “ သူ့ ” ဆီ မှ တိုက်ဆိုင် မှု လေးကြောင့် 
အားနာ မှု လေး တွေကြောင့်  မြင်လိုက် ရ တတ်သည့်  အပြုံးလေးများ ၊ စကား စ လေးများ ရလိုက်သောနေ့ 
များ တွင်တော့  မြင့် မိုရ်တောင်ကြီး ကိုတောင် ဇီး သီး စေ့  လေးလို မြင် ၊ ထင် သွား တတ်ပါသေးသည်။ လျှောက်
နေသော ခြေလှန်း တို့ တွင် ဖနောင့် က မြေ မထိချင်တော့ ပါ လို့ ။
မဖြစ်နိုင်တော့ သည့်  အခြေအနေ မျိုး ကိုမှ တသသ နှင့်  တမ်းတ နေမိတတ် ၊ မရ နိုင် တော့ တာကိုမှ လိုချင်နေ
တတ် သည့်  သဘော ဇွဲ ဆုလေးကိုတော့ ရကောင်း ရဲ့ လို့ ဇွတ် မျှော်လင့်  နေချင်သည့်  သဘော မျိုး တွေပါ။
“တစ်နေ့ နေ့ တော့  ချစ်လာလိမ့် မည်” ဆိုသည့်  မှော်လင့် ချက်နှင့် လူနာ အမဲချောက် တောင်း နေ သည့် 
ပုံစံ မျိုး ဟု လည်း ဆိုချင်ပါသည်။
ယနေ့  ကျွန်တော်တို့  အားလုံး “ သူ့  ” ဆီ မှ သူ မပေးချင်တော့ သည့် အဖြေ ကိုလည်း တစ်ဖက်သတ်ကြီး ပဲ
စောင့် မျှော် နေမိ နေကြ ပြန်ပါပြီ။ “ သူ ” လုပ်ချင်နေတာကို သူ့  သဘော အတိုင်းလေးပဲ သူ့ ဖာသာ သူ လုပ်
မြဲတိုင်း လုပ်နေပေမဲ့  ကျွန်တော် တို့ ကတော့  ဘေးကနေ ငေး မောနေရင်းက တနေ့ တော့  “သူ” စိတ် လည်
လာ၊ နားလည် လာတော့ မှာပါ ဆိုပြီး အတင်း ဇွတ် မှိတ် ယုံကြည် မျှော်လင့်  နေကြ ပါသည်။
ကျွန်တော်တို့  အတွက်၊ ကျွန်တော် တို့ အလှည့်  ဟု ဆယ်စု နှစ်တွေ အလီလီ၊ မျိုး ဆက်တွေလဲ တစ်ဆက်ပြီး
တစ်ဆက် ပျောက်ကွယ်၊ပြောင်း လဲ လာပြီး စိတ်ကူးယာဉ် မျှော်လင့်  ချက် တို့ ဖြင့်  စိတ်ရှည် သီးခံ စွာ စောင့် 
စား လာရတာ ကြာညောင်း လာတော့ ၊ စိတ် ဝယ် နာ ညောင်းလာသည့်  စိတ် ဒဏ်ရာ တို့ တောင် ရလာ
ပါပြီလေ ။
ကျွန်တော် တို့  ဟိုး... ငယ်စဉ် တောင်ကျေး ခလေး ဘဝ တုံးကတော “့ သူ့ ” ကို အသဲ ထဲ စွဲ နေအောင် ကို
ချစ်ခဲ့ ၊ အားကျ ခဲ့ ၊ အားကိုး ခဲ့ မိ ကြပါသည်။
အဲ့ ဒီ တုံးက “ သူ ” က ကျွန်တော် တို့  ပြည်သူ တွေ ကြားထဲမှာပဲ တိုးတိုး ခွေ့ ခွေ့ ၊ နွေးနွေး ထွေးထွေး လေး ပဲ
ကျင်လည် ပျော်မွေ့  ခဲ့ တာပါ။ တစ်သွေးထဲ ၊ တစ်သား ထဲ ပေါ့  လေ။ ကောင်းတူ ဆိုးဖက် ဆိုပါတော့ ..။
ကလေးချင်း ကစား တာတောင်မှ သေနပ်ပစ်တန်း ၊ စစ်တိုက်တန်း ကို သာ ရွေး ကစား နေတတ်ခဲ့ ပါသည်။
ယောင်္ကျား လေး ဆိုတော့  စစ်ဗိုလ်မှ ဗိုလ်ပါ။ပစ်လိုက်ရသည့်  ပါးစပ် သေနပ်က အမြှုပ် တစ်စီစီ ထွက်၍
အာခေါင် တောင် ချောက်သွားအောင်ပါ။
မှတ်မိပါသေးသည်။
ငယ်စဉ်တုံးက နယ်မြို့ လေးတစ်မြို့  ဖြစ်သည့်  ဟင်္သာတ မြီု့  တွင် နေခဲ့ ရစဉ်တုံးက ဖြစ်ပါသည်။
နတ်မှော် ဖက်တွင် မြို့ ခံ တပ်ရင်းလေးတစ်ခု ရှိခဲ့ ပါသည်။ တစ်ည အိမ်ရှေ့  တာလမ်းမကြီး ပေါ်တွင် စစ်ကား
နှစ်စီးနှင့်  နေ့ စဉ် စပါးဆွဲနေသော အိမ်နောက်ဖေး သံပန်တလင်းထဲမှ ကျွန်တော်တို့  တွဲလောင်း လိုက်ခိုစိးနေ
ကျဖြစ်သော ချက်ပလက် လော်လီ ကားကြီး များ စစ်သည် အပြည့် နှင့်  အပြင်းမောင်းနှင်သွားသည်ကို
အိမ်ထဲမှ ခြင်ထောင် ထောင်နေရင်းက လှန်းမြင် လိုက်မိပါသည်။ စစ်သည်တို့ ကလည်း စစ်သီချင်းတွေ
သံပြိုင် သီဆို သွားကြပါသည်။ တပ်မတော်သားတို့  စစ်ထွက် သွားခြင်း ပါ။
သိပ်မကြာလိုက်ပါ။ တစ်လလောက်တော့ ရှိမည် ထင်ပါသည်။
ထိုနေ့  မနက်ပိုင်း ဖြစ်ပါသည်။ အိမ်ရှေ့ တွင် လူတွေ ရုံးစု၊ရုံးစု နှင့်  ဖြစ်နေ၍ ကျွန်တော်လည်း အိမ်ပေါ်မှ
ပြေးဆင်း ထွက်ကြည့် လိုက်မိပါသည်။ တာလမ်းမကြီး မျက်နှာချင်းဆိုင် ဘယ်ညာ တွင် ရပ်မိ ရပ်ဖ တွေ
ကျောင်းသူ ကျောင်းသားတွေ တန်းစီ စုရုံး ရပ်နေကြပြီး ကမ်းနား ဖက် တက်လာမည့်  လမ်းဖက်ကို မျှော်ကြည့် 
နေကြတာ ကို တွေ့ လိုက်ရပါသည်။ သပြေပန်းတွေ၊ စံပါယ် ကုံးတွေ ကိုင်လို့ ၊ ဖျော်ရည် အအေး တို့ တောင်
ပါသေးပါသည်။ ရှေ့ တန်းပြန်တို့ ကြိုရန် ဟုသိရပါသည်။ကျွန်တ်ာလည်း လူအုပ်ကြီး ရှေ့ ဖက်ရောက်အောင်
အတင်းတိုးထွက် လိုက်မိပါသည်။
ဟိုး..အဝေး တာကြီးဂုံးဆီမှ နီရဲသော နိုင်ငံတော်အလံက တလူလူ လွင့် ၍ တဖြည်းဖြည်းချင်း ရွေ့ ဆင်း လာ
နေသည်ကို တွေ့ လိုက်ရပါသည်။ အိုးစည် ဘုံမောင်း သံ တို့ ကလည်း ဘဝဂ် သို့ ညံနေပါတော့ သည်။
ရှေ့ တန်းပြန် စစ်သည်တို့  မှန်မှန် ချီတက် လာလို့ ရရန် လမ်းမပေါ် ဝဲယာနှစ်ဖက်မှ ပြို ဆင်းလာနေသည့် 
လူအုပ်ကြီးကို ကျောင်းသားတွေက လက်ချင်း ချိတ်ဆက်ပြီး ရံတားနေကြရပါသည်။
ကျွန်တော်တို့  ရှေ့ မှ ပုခုံးပေါ် စက်သေနပ်အကြီးစားကြီးနှင့် ကျဉ်ကပ်အတွဲလိုက် လွယ်၍ စံပါယ်ကုံးတွေ ပုခုံး
မြှုပ်နေအောင်လွယ်ပြီး မှန်မှန်ချီတက်သွားသော စစ်သားကြီးများကို မြင်လိုက်ရတော့  ရင်မှာ အားကျစိတ်
ကြွတက်လာသည့် စိတ်တို့  အလိပ်လိပ် ထိုးတက်လာခဲ့ မိပါသည်။ သို့ ပေမည့်  သတိထားမိလိုက် သည်က
စစ်ထွက်သွားတုံးက ပါသွားသည့်  ကျွန်တော်တို့  မြို့ ခံတပ်အင်အား ထက် ယ္ခု ရှေ့ တန်း မှ ပြန်ဝင်လာသည့် 
စစ်ပြန်အင်အားက ထက်ဝက်လောက်ပဲ ပြန်ပါလာသည်ကိုပါ။
တိုက်ပွဲကျခဲ့ ခြင်းဟုပဲ စိတ်မကောင်းစွာ ကြားသိလိုက်ရပါသည်။
ထိုအချိန်က ရိုးမ တစ်ဝိုက်တွင် နာမည် အလွန်ကြီးခဲ့ သော “ နို့  တစ်လုံး စိန် ” သူပုန် တပ်ဖွဲ့  ကို သွားရောက်
နှမ်နင်းခဲ့ ခြင်းဟုလည်း သိခဲ့ ရပါသည်။ တိုင်းပြည် ကာကွယ်ရေးအတွက်ဆိုလျှင် အသက် ကို ပထာန မထား
ရင်ကို မြေကတုပ်၊ ဆူးကို မွေ့ ယာ လိုသဘော ထားခဲ့ သည့်  အစဉ်အလာ အလွန်ကောင်းခဲ့ သည့်  တပ်မတော်
ဖြစ်ခဲ့ ရပါသည်။ ဟို..တုံး က ပေါ့ လေ.....။ ကွန်မြူ နစ် တို့ က ဆိုလျှင်“ မျိုးချစ် မျက်ကန်း” ဟူ၍ တောင် သမုတ်
ခဲ့ ရသည့်  တပ်မတော် ကြီးပါပေ။
တိုင်းပြည်၏ လက်ရုံးသဖွယ်ဖြစ်ခဲ့ ရသော “ သူ ” တို့ ကို အမြဲတန်းပဲ အားကျ ၊ အားကိုး စိတ်တို့ ဖြင့်  တစ်ဖက်
သတ်ကြီးပဲ ချစ်နေခဲ့ ရပါသည်။ အိမ်မက်ထဲ တို့  မှာတောင် ကြီးစိုး မင်းမူ နေခဲ့ ရပါသည်။ “ သူ့ ” ကိုပါ။
ယနေ့  တော့  ခေတ်တွေ အလီလီပြောင်းခဲ့ ရပြီး သွေးစွန်းခဲ့ ရသော အရေးအခင်းတွေ၊ သမိုင်းတွင် ဘယ်တော့ မှ ဖျောက်ဖျက် မရတော့ သည့်  အဖြစ်အပျက်တွေ အကြိမ်ကြိမ် ပဲ ဖြစ်ခဲ့ ရပြီး ဖြစ်လဲ ဖြစ်နေဆဲ ရှိနေတုံးပါပေ။
တစ်စိမ်းရန်၊ တိုင်းတပါးရန် တို့ နှင့် မဟုတ်ပဲ ကျွန်တော်တို့ ပြည်သူတွေကြားထဲက ပေါက်ဖွားလာခဲ့ သော
ကျွန်တော်တို့  တစ်ဖက်သတ် ချစ်ခဲ့ ရသော “ သူ ” နှင့် ပါလေ ။ ရင် မှာ နာကျင်ဖွယ် ကောင်းလေစွ ။
ဆယ်စု နှစ်ပေါင်း များစွာပဲ ပြည်သူ တို့ နှင့်  ထိပ်တိုက် တိုးနေခဲ့  ရတာတောင် ဘာကြောင့် လဲ ၊ ဘာအတွက်လဲ
လို့  သူ တို့ မသိခဲ့ ၍လား ၊ တကယ်ပဲ မသိချင်ရောင် ဆောင်နေခဲ့ တာလား ဆိုတာ စဉ်းစား မ၇ပေမဲ့  ကျောင်း
သား လူငယ် ရဟန်း ရှင်လူ အားလုံး သူတို့ ၏ သေနပ်ပြောင်းဝ တွင် အတုံးအရုံး ပဲ ကျဆုံးကုန်ခဲ့ ရပါပြီ။
ပြည်သူတို့ နှင့်  တစ်သား ထဲရှိခဲ့ သော “သူ ” တို့ က ယ္ခု ပြည်သူ တို့ နှင့်  တဖြည်းဖြည်းပဲ အလှန်းကွာနေလာ
သလို လူမှု ဘဝ တွင်လည်း ဆင်းရဲ ၊ ချမ်းသာ လူတန်း စား နှစ်ရပ်၏ ကွာချားမှု ကလည်း အနှိုင်း အဆ မဲ့  လို့ 
လာပါပြီ။
သို့ မို့ ကြောင့်  ကျွန်တော်တို့  တစ်ဖက်သတ်ပဲ ချစ်ခဲ့ ၊ အားကျ ၊ အားကိုး ခဲ့ ရသော “ သူ့ ” ဆီ ကို အနှစ်နှစ်
အလလ က မျှော်လင့် စောင့် စား နေရသည့်  ရင်ထဲက ဆန္ဒလေး ၊အဖြေ လေးကို တောင်းဆို လိုက်ချင်ပါသည်။
ကြာညောင်း လာလွန်းသောကြောင့်  စိတ်မှာ နာညောင်း လာပြီး စိတ်ဒဏ်ရာတို့  ရ လာရအောင်ကို အကြိမ်
ကြိမ် စိတ်ကူး ယဉ် မက်နေခဲ့ ရသော “ အိမ်မက် ” လှလှ လေးကို အမြန်ပဲ အကောင်အထည် ပေါ်လာစေချင်
ပါသည်။
“ အမှန် ” တစ်ခု ကတော့  လက်တစ်ကမ်း မှာ ရှိနေပါပြီ။
“ အမှား ”တစ်ခု ကို ထပ်ပြီး မဖန် တီး သင့် တော့  ဟု ထင်ပါသည်။
ကျွန်တော်တို့ အားလုံးက ကျွန်တော် တို့  ရင်ကို ဇုန်ကန်ထွက်နေသော “သူ ”့ကို လက်ကန်းလို့ ကောင်းနေတုံးပါ။
တိုင်းပြည်နာနာမှာ ရှင်သန်နေရသော သူတွေမို့ လဲ လူနာတွေလိုပဲ၊ အမဲချောက် တောင်းနေသည့်  ပုံ ဖြစ်နေရပါ
သည်။
စေ စား နေချင် လွန်းသည့်  “ အိမ်မက် ” ၊ “ အိပ်မက် ” တို့  ဝေဝါး နေသည့်  အငွေ့  တို့  အဖြစ်မှ
ပြတ်ပြတ် ထင်ထင် အမြန်ဆုံး ပဲ အကောင် အထည် ပေါ် လာ ပါစေတော့ ရယ်..လို့ ။
..............................................................................................................................................
( မျှော် တိုင်း ဝေး ဝေး နေတတ်သည့်  ရွှေပြည်တော် ကြီးအတွက်ပဲ ရည်ရွယ် ခဲ့ ပါသည်။
မည်သူ့  ကိုမှ နစ်နာ စေလိုသော သဘော တကယ်မရှိခဲ့  ရိုး အမှန်ပါ။ ဘာပဲဖြစ်ဖြစ် ယနေ့  အချိန်
အထိ၊ သည် စာလေး ကို မရဲ တရဲ ရေးလိုက်ပြီးချိန် အထိ “ သူ ” က ရင်ထဲမှာ မြဲ နေတုံးပါပဲဗျာ။ )

Sunday, January 3, 2010
အိမ်မက်စေတမန် ( ၃ )
အိမ်မက် စေတမန်(၂) ကို ရေးနေစဉ်မှာပဲ နှစ်ထောင့် ကိုးခုနှစ်ကို လွန်မြောက်သွားပြီး နှစ်သစ်ဖြစ်သော
နှစ်ထောင့် တစ်ဆယ် ခု ကို ပြောင်းလဲ ဝင်ရောက်သွားရပါသည်။ ထုံးစံအရ နှစ်သစ် နှုတ်ခွန်းဆက် စကား
တို့ ကို သံယောဇဉ် အမျိုးမျိုး တို့ ဖြင့်  ခင်မင်တွယ်တာ ခဲ့ ရသူ သူငယ်ချင်း၊မိတ်ဆွေ အပေါင်းတို့ အား အစဉ်
လိုက် ဦးစားပေး လိုက်လံ နှုတ်ဆက်နေရရင်း နှစ်သစ်မှာ အသစ်အသစ် တို့ ဖြင့်  ပျော်ရွှင် ပါစေကြောင်း
ဆုတောင်းနေရင်းနဲ့ ပဲ အမိမြေ မှ သတင်းနှစ်ခု ကို ကြားလိုက်ရမိပါသည်။
တစ်ခုက ဆယ်စုနှစ် တစ်ခု ရောက်တိုင်း ကြားရနေကြ ဝန်ထမ်းများ လစာ ထပ်တိုး လိုက်သည့်  သတင်းနှင့် 
နောက် သတင်းတစ်ခုက အသုဘ စရိတ် ထပ်မံ တိုးမြင့် တော့ မည် ဆိုသည့်  သတင်း များပင် ဖြစ်ပါသည်။
လစာ နှင့်  ကုန်ဈေးနှုန်း တို့ ကတော့  ကျွန်တော်တို့  နှိုင်ငံ၏ ကုစား မ၇တော့ သည့်  ကု၍လည်း မမှီနိုင်တော့ 
သည့်  နာတာရှည် ရောဂါကြီး တစ်ခု ဖြစ်နေတာတော့  ပြောစရာ မလို တော့ ပေမဲ့  ပြောစရာ လိုနေခဲ့ တာက
တော့  အသုဘ စရိတ် ပါ အချိုးညီညီ တိုးတက်လာခြင်းကိုပါ။
အများသိကြသည့်  အတိုင်း သူ့ ကိုယ်သူ အသုဘ မင်းသား ဖြစ်နေပါပြီ ဟု ခပ်ပြောင်ပြောင် ပဲ ပြောဆိုခဲ့ သော
ရုပ်ရှင်နယ်၏ ကြယ်တစ်ပွင့် ဖြစ်သည့်  ကိုကျော်သူ ကိုယ်တိုင် တည်ထောင်ထားခဲ့ သော ဆင်းရဲသားများ၊
ကျောမွဲများ မြေကျရေးအသင်း( နာရေးကူညီမှုအသင်း ) အား ထိခိုက်လာ၊ ကိုင်လှုပ်လာနိုင်သည့်  သတင်း
ကတော့  အထက်ပါ “မသာ စရိတ် ”တိုးမြင့် လာမည့်  သတင်းပါ။
ကိုကျော်သူတို့ အသင်းက တစ်ရက်ဖျမ်းမျှ လူငါးဆယ်၊ခြောက်ဆယ် လောက် လက်မလည်အောင်ပဲ နေ့ စဉ်
ဗော်လံတီယာ အလုပ်ကို မပျက် မကွက် လုပ်လာနိုင်ခဲ့ ကြပေမဲ့  အဆိုပါ နိုင်ငံတော်၏ မသာ စရိတ် ပါ တိုးမြင့် 
တော့ မည့်  ကြေညာ ချက်ကြောင့်  အသင်းစရိတ် က တစ်ရက် ဆယ်သိန်း အထက် ရှိမှ လည်ပတ် နိုင်တော့ 
မည့် အကြောင်းပါ ကိုကျော်သူ ပြော၍ သိလိုက်ရပါသည်။
အသုဘစရိတ် တိုးတက်လာမှုကြောင့်  ကိုကျော်သူ တို့ ၏ နာရေး ကူညီမှု အသင်းမှာ ဖောက်သည် တို့  ထပ်တိုး
လာနိုင် စရာ ရှိလာမှာဖြစ်ပြီး ငါးဆယ်၊ခြောက်ဆယ် ကနေ ရှစ်ဆယ်၊တစ်ရာ သို့  များ ရောက်လာခဲ့ လျှင်တော့ 
သူတို့  အသင်း ရပ်တည်ဘို့  ခဲရင်း လာတော့ မှာဖြစ်ကြောင်း ကိုပါ “နှစ်သစ်” မှာ အသစ်ဆုံး သတင်း အဖြစ်
ဦးစွာ ပဲ ကြားရပါတော့ သည်။
ကျွန်တော်တို့  အားလုံး အနှစ်နှစ် အလလ က မက်နေခဲ့ ရသည့်  အနာဂါတ် ရွှေပြည်တော်ကြီး၏ ရွှေရောင်
အိမ်မက်များကတော့  နှစ်သစ်တို့ အကြိမ်ကြိမ်ကူးပြောင်းခဲ့ ၊ အတာ သင်္ကြန် တို့  အကြိမ်ကြိမ် ကျ ခဲ့ နေပေမဲ့ လဲ
မပြောင်းလဲ မဖြစ်ပေါ် ခဲ့ ပေမဲ့  ပြောင်းလဲ ဖြစ်ပေါ် နေခဲ့ ရတာကတော့  တနှစ်ထက်တနှစ် မတူပဲ ပွပြီး၊ ပွားများ
လာနေသော ကုန်ဈေးနှုန်း ကိန်းဂဏန်း များ ပင် ဖြစ်ပါသည်။
သို့ မို့ ကြောင့်  နှစ်ကူးရောက်တိုင်း၊ အတာသင်္ကြန် ရောက်ခဲ့ တိုင်း ပျော်ချင်ရောင် ဆောင်ခဲ့ ရ တာလဲ ဆယ်စု
နှစ်သုံးလေးခု မက ဖြစ်နေရပါပြီ။ ဆိုလိုသည်မှာ “ဂဲ” ဆွဲနေသော ပျော်ရွှင်မှု ပါလို့ ။ တကယ် ရော စိတ်လွတ်
ကိုယ်လွတ် ပျော်ခဲ့ ရလို့ လားလို့ ..။ အဲ့ ဒီ နှစ်ကူး တွေ၊ အတာ သင်္ကြန်တွေမှာ အမြဲတန်းပဲ အရိပ်မဲ ကြီး က အမြဲ
ကြီးစိုး နေခဲ့ ပါသည်။
သူ မှားသည်၊ ငါမှားသည် နှင့် လက်ညှိုးထိုး ငြင်းခုံ အဖြေရှာ နေရင်း ၊ လက်ဦးမှု ရယူ ထားသူ တစ်စု ကလည်း
ရထားသည့်  နေရာလေး မပျောက်ပျက်သွားအောင်၊ သံသယာ အဆက်ဆက် မြဲနေသွားအောင်ကို နည်းမျိုး
စုံ သုံး ပြီး ကျားကုတ် ကျားခဲ ကြိုးစားနေရင်းက ကျွန်တော်တို့  တိုင်းပြည်ကြီး တစ်စ၊တစ်စ နှင့်  ဆိုက် ဆင်း
နေတာကိုရော.. ကာယကံ ရှင်များ အနေနှင့်  မသိချင်ရောင် ဆောင်မနေသင့် ပါတော့ ။
သမိုင်း တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ ရသော တပ်မတော်ကြီး၏ ဖခင် အစစ် ဖြစ်ခဲ့ သော ဗိုလ်ချုပ်
အောင်ဆန်း ပြောခဲ့ သည့်  စကားတစ်ခွန်း ရှိခဲ့ ဘူးပါသည်။
“သူများ ခြေ တစ်လှန်းလှန်းရင် ကိုယ် က လေးငါးဆယ်လှန်းလှန်း မှ တော်ကာကြမယ်၊ ပြဲ အောင် ကွဲအောင်လုပ်
မှ တော်ကာ တန်ကာ ကျ မယ် ” ဟု တိုင်းပြည် တိုးတက်ရေး အတွက် ပြောခဲ့ သော ရဲရဲတောက် မိန့် ခွန်း တစ်ခု
ဖြစ်ပါသည်။
ယ္ခု အချိန်မှာတော့  ဗိုလ်ချုပ် ပြောခဲ့ တဲ့ အတိုင်းတော့ ဖြစ်နေပါသည်။
သူများ တစ်လှန်း လှန်းလိုက်တိုင်း ကျွန်တော် တို့ က လည်း လေး ငါး ဆယ်လှန်း လှန်းနေရပါသည်။
ရှေ့  ကိုတော့  မဟုတ်ပါ၊ နောက် ကိုပါလေ။
ဘလော့  လောက မှ မိတ်ဆွေ တစ်ယောက် က ကျွန်တော့် ကို ပြောခဲ့ ဘူးပါသည်။
ခင်ဗျား ဘယ်လိုပဲ ဖွဲ့ နွှဲ့ ရေးနေပေမဲ့  နိုင်ငံရေး ကို ရေးနေတာပါ .. တဲ့ ။
ကျွန်တော်က နိုင်ငံရေး သမား တစ်ယောက် မဟုတ်ပါ။
ယနေ့  ဘလော့ ကာ အားလုံး နိုင်ငံရေးသမား မဟုတ်သလို၊ နိုင်ငံ ရေးသမားတိုင်းလဲ ဘလော့ ကာ များ
မဟုတ်ကြပါလို့ ။ သို့ သော်.. ကိုယ့်  မီးဖိုချောင်။ ကိုယ့် မိသားစု အရေး က နိုင်ငံ၏ အရေးနှင့်  တိုက်ရိုက် အချိုး
ကျ ပတ်သက်နေတာကြောင့်  မိသားစု အကြောင်း ပြောနေရင်းကပဲ ကိုယ့် နိုင်ငံရဲ့  အရေး ကို ရောက် ရောက်
လာရခြင်းပါ။
ဘယ်တော့ မှ မပြည့် နိုင် မဖြည့် နိုင်တော့ သည့်  မတည်ငြိမ်လွန်းသည့်  စီးပွားရေး တို့ ဖြင့်  အချိန်ကြာမြင့် စွာ
ဖြစ်တည်နေရသော လူမှုဘဝ တို့ ဖြင့် တည်ဆောက် မိနေသော ကျွန်တော်တို့ နိုင်ငံ၏ အရေးကြောင့်  ယနေ့ 
ကမ္ဘာ့  နိုင်ငံ အသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့်  မိသားစုတွေ၊ချစ်သူ ခင်သူတွေ ကို စွန့် ခွာ ၍ ပုံစံ မျိုးစုံဖြင့် 
သူ့ ကျွန် ဘဝ ဖြင့်  ရုန်းကန်နေရသူတွေ သိန်းသန်း မက အောင်ရှိနေကြပါပြီ။
ထိုသူတွေအားလုံး၏ စေစား ချင်နေသည့်  အိမ်မက် တစ်ခု ကတော့  ရှိနေမှာ အသေချာ ဖြစ်ပါသည်။
ယနေ့  မြန်မာပြည်တွင် ဆယ်စုနှစ်မှ ရာစုနှစ် နားအထိ ခေတ်အဆက်ဆက် ရပ်တည် လာသော အဖွဲ့ အစည်း
ကြီး က တစ်ခု ပဲ ရှိနေပါတော့ သည်။ လယ်ကွင်း ပြောင်ပြောင်မှာ ဆင်ကြီးတစ်ကောင် သွားနေသလိုပါ။
ပြိုင်ဖက် ကင်းနေပြီး အင်အား အကောင်းဆုံး အဖွဲ့ ကြီးပါလေ။ ကိုယ်က တာဝန် လုံးလုံး ယူ ထား ပြီ ဆိုလျင်လဲ
သူများကို လက်ညှိုး ထိုးမနေ သင့် တော့ ပါ။
ဗိုလ်ချုပ်၏ သမီး ဖြစ်ပြီး ဗိုလ်ချုပ်သွေး အပြည့် ပါသူ ပီပီ ဗိုလ်ချုပ် ကိုယ်စား ပဲ အမှားအမျိုးမျိုးကို ဆက်လက်
ထောက်ပြ နေသည် ကိုတော့  လစ်လျူ မရှု့ သင့် တော့ ပါလို့ ။ ကိုယ်က မှန်တယ်ထင်လို့  လုပ်ခဲ့ ၊ စ ခဲ့  မိပေမဲ့ 
တစ်ခြားဖက်က ကြည့် ရင်တော့  မှားနေတာ လဲ ဖြစ်နေတတ်ပါသည်။ ခေါင်းဆောင်ကောင်း ဆိုသည်မှာ
အမှားနှင့် အမှန်ကို ရဲရင့် စွာပဲ ရင်ဆိုင်နိုင်ရပါမည်။
သည်ဖက် နှစ်သစ်တွင်တော့  ကျောမွဲနေသည့်  ပြည်သူများက သူတို့  အနှစ်နှစ်အလလက စွဲမက်နေခဲ့ ရသော
အိမ်မက်လေးကို တကယ် ပဲ အကောင်အထည် ပေါ်လာ တာကို စောင့် နေကြပြန်ပါပြီ။ ကွဲကွာနေသော မိသား
စုတွေ လဲ ပြန်စုံ ချင်နေကြပါပြီ။
...............................................................................................................................................
( ဆက်တော့ ဆက်ချင်ပါသည်။)

Tuesday, December 29, 2009
အိမ်မက်စေတမန် ( ၂ )
ပင်လယ်ကြီးပေါ်ရှိ အုန့် မှိုင်းနေသော တိမ်ထုကြီးက တဖြည်းဖြည်း နိမ့် ဆင်းလာသလို ဖြစ်လာပါသည်။
မိုး တို့  ရွာချင်လာသလိုပါ။ တဝေါဝေါ တိုက်ခတ်နေသော လေထု ထဲတွင် မိုးငွေ့ ပါသော ရနံ့  တို့ ကိုပါ ရှု ရှိုက်
လာရပါသည်။
ကျွန်တော်တို့ လည်း ကား ဆီသို့  ပြန်လှည့်  လာကြပါသည်။
နောက်ဖက်တွင်တော့  ဒေါသ တကြီး ထကြွနေသော ပင်လယ်ကြီး ကျန်ခဲ့ ပါတော့ သည်။
ကား စ ထွက်တော့  ကားရှေ့  လေကာမှန်တွင် မိုးမှုန် မိုးစ လေးတွေ လာမှန်နေပါတော့ သည်။
“ကောက်စုကုန်း ” ဟု ခေါ်သော မဆုံးနိုင်အောင်ကို ရှည်လျားလွန်း သည့်  နှစ်ထပ် အမြန် လမ်းမကြီး အတိုင်း
မြို့ ထဲ ပြန်ဝင် လာတော့ အောက်ဖက် ဘေးဝဲယာရှိ မြို့ ပြ ရပ်ကွက်တွေအားလုံး ၏ အရှိန်ညီးညီး တောက်ပ
လျက် ရှိသော မီးအလင်းရောင် တို့ ကြောင့်  ကောင်းကင်တစ်ခွင်လုံး လင်းလဲ့  ဝင်းပ နေပါတော့ သည်။
ကား က အရှိန် နှင့်  သွားနေရင်းက ဖြည်းဖြည်းချင်း အရှိန်ရော့  ရပ်တန့် သွားပါသည်။ နှစ်ထပ် အမြန်လမ်းမကြီး
ကား တွေပိတ်ပြန်ပါပြီ။
ဝန်းကျင်၏ ရောင်စုံ မီးရောင်တို့ ကို ငေးမိနေရင်း အမိမြန်မာပြည် ကို ဝေဟင် မှ လေယာဉ်ခရီးစဉ်ဖြင့်  ပြန်ဝင်
ခဲ့ ရသည့်  မြင်ကွင်း တို့ ကို ပြန်မြင်ရောင်လာနေမိတော့ သည်။
မုတ္တမ ကွေ့  စ ရောက်လာသည်နှင့်  လေယာဉ်ကြီးက တဖြည်းဖြည်းချင်းပဲ နိမ့် ဆင်း စပြု လာတော့ သည်။
လဲလျောင်းနေသော နတ်သမီး လေးနှင့် တူ သည့်  ကျွန်တော်တို့  မြေ ပေါ်ကိုပါ။ ခဏ ကြာလာတော့  ပဲခူး မြို့ 
ကို လှန်းမြင်ရပြန်ပါသည်။ ကျယ်ပြော ပြန့် ပြူး နေသော လည်ကွင်းတွေ၊ နောက် ဖြောင့် တန်းနေသော ကား
လမ်း မကြီးများ ၊ သစ်ပင် အုပ်များ ကို ကွဲကွဲ ပြားပြား မြင်လာ ရသော အချိန် တွင်တော့  “ အင်းစိန် ထောင် ”
ကြီး ကို ဦးစွာ မြင်လိုက်ရပါတော့ သည်။ ရန်ကုန် အဝင်က ထောင်နှင့်  စ သလိုပါ။
သစ်ပင် သစ်တော အုပ်တို့ က ခပ်စိမ်းစိမ်း ဖြင့်  လတ်ဆတ်၊လန်းဆန်း စွာပဲ မြင်ရသလောက် အင်းစိန်ထောင်
ကြီးကတော့  အပေါ်က ကြည့် ကြည့် ၊ ဘေးက ဘယ်က ပဲ ကြည့် ကြည့်  နီညို ညစ်ညစ် နှင့် ရင်ထဲမှာ အုံ့ မှိုင်း
ညှိုးနွမ်းစွာ ကျပ်ကျပ်တည်းတည်း ကိုပဲ မြင်နေရပါသည်။
ထိုအထဲမှာ... “အမှားတရား ” များဖြင့်  ကျူးလွန်မိသလောက် အချိန်များများ နေနေရသူများ ရှိနေသလို၊
“အမှန် တရား ” များကို များများစားစား ဖြင့်  အထူးမြင် ခဲ့ မိသလောက် ကျယ်ကျယ် လောင်လောင် ထူးထူး
ခြားခြား လှုပ်နှိုး မိခဲ့ သူများလဲ အများအပြားရှိနေကြပါသည်။ အနာဂတ် ရွှေပြည်တော်ကြီး အတွက် မက်နေခဲ့ 
သော အမြဲ မက်ချင်နေသော အိပ်မက်များထဲတွင် အမှန်တရား အတွက် မှားယွင်းနေစွာ၊ မတူမတန်စွာနဲ့ ပဲ
တန်ဘိုးရှိလွန်းသော ဘဝရဲ့  ဘယ်တော့ မှ ပြန်မရတော့ သော အချိန်များကို ရက်ရက်ရောရော ပေးဆပ်နေ
သူတွေအတွက်လဲ ပါ ပါသည်။ ယ္ခုတော့  အမှန်တရား တို့ က နံရံ လေးဘက် ကြားတွင် ကွယ်ပျောက် နေရပြီ။
ညဘက် လေယာဉ်ကြီး မင်္ဂလာဒုံ လေဆိပ်ကို ဝဲ ဆင်းလာပြီ ဆိုရင်ဖြင့်  မှောင်ထဲမှာပဲ ထွန်းထားသည့်  မီးရောင်
တို့ က မှုန်ကုတ်ကုတ်၊ မှိန်တိန်တိန် နှင့် ၊ တွေ့ လိုက်ရသည့်  လူတွေကလဲ မလန်းနေသလိုပါ။ အိမ်သားတို့ ကို
မတွေ့ ရမှီ ယူနီဖောင်းအပြာဝတ် လေဆိပ် လုပ်သားတို့  ကိုယ့် အထုပ်ကို သူ့ ထက်ငါ အရင် လာလုလိုက်တာ
မြင်လိုက်ရကတဲက စောစော က အင်းစိန်ထောင်ကြီးကို ဝေဟင်က ဖူး လိုက်ရသလို ကျပ်တည်းမှုမျိုး ရင်မှာ
ဖြစ်ထွန်းလာရတော့ သည်။
လေဆိပ်အပြင်လမ်းမပေါ်ရောက်တော့ လည်း ကိုယ့် ကိုယ်ကို မရဲတော့ သလို၊ အမှောင်ထဲပဲ တိုးဝင်လာနေရ
သလိုမျိုး ဖြစ်သွားရပါသည်။ လင်းနေသည့် မီးရောင်တို့ က နီကျင်ကျင်ဖြင့်  ဟိုတစ်ကွက်၊သည်တစ်ကွက်ဖြင့် ပါ။
ဖျော့ တော့ သော အလင်းရောင်တို့ အောက်မှာ မကြည့် ပဲ မြင်နေနိုင်တာကတော့  မြင်ကွင်း အပြည့် ဖြင့် 
အင်းစိန်ထောင် အရောင်ကဲ့ သို့  အနီရောင် ဒို့ တာဝန်အရေးသုံးပါး ကဲ့ သို့ သော မြေဆိုက် ဆိုင်းဘုတ်ကြီးများ
ပါပေ။
ထို အလွန်ပဲ ဖတ်လို့ ကောင်းသော ဆိုင်းဘုတ်ကြီးများကို ကျော်၍ ကြည့် လိုက်တိုင်း မလန်းသော မှောင်သော
ဝန်းကျင်ကို မြင်မြင်နေရသောကြောင့်  သည်နိုင်ငံ၏ ပင်လယ်ကမ်းခြေ တလျှောက် ထောင်မတ်ဆိုက်ထူထား
သော ဖြူ စွတ်စွတ် ဖြင့်  အလွန်မြင့် မားသော“Wind Power System ” ပန်ကာဒလက်တိုင်ကြီးများကို
သတိရမိပြန်ပါသည်။ အလကား ရသည့် လေ၊ လေ ထဲက လေ တို့ ဖြင့် အလင်းစွမ်းအင်၊ ပါဝါ စွမ်းအင် တို့ ဖြင့် 
တစ်မြို့ လုံး ထိန်ထိန်ညီးနေအောင် ထွန်းရရုံမက စက်မှုလုပ်ငန်း များပါ လည်ပတ် သုံးစွဲ နေကြပါသည်။
ကျွန်တော်တို့  မြန်မာပြည်ဝယ် နိုင်ငံခြားသား ဘောလုံးသမား များကိုတောင် ခေါ်ယူ သုံးစွဲ နေနိုင်သည့်  အလွန်
ပဲချမ်းသာ နေသော ဘောလုံးကလပ်ပိုင်ရှင် စီးပွားရေး လုပ်ငန်း ရှင်ကြီးများ အများရှိနေကြပါပြီ။ တစ်ခါပဲ အကုန်
ခံလိုက်ရုံနှင့်  အခါခါနှင့်  တစ်သက်လုံးပဲ အကျိုးရှိမည့် ၊ ခုနှစ်ရက် သားသမီး တို့  ထမင်းစားနိုင်တော့ မည့် 
သည် " Wind Power" စနစ်လေးကို ထို ပုဂ္ဂိုလ်ကြီးများ က တကယ်ပဲ လုပ်နိုင်ပါလိမ့် မည်လို့ ။
ကျွန်တော်တို့  မြန်မာ ပြည်မှာ သဘာဝ အရင်းအမြစ် များ များစွာပဲ ရှိနေပါသည်။
ပုဂံ ဘုရားတို့ ကို မျက်စေ့ တို့ မှိတ်၍ လက်အုပ်ချီ ဝှေ့ ယမ်း ဖူးမျှော်လိုက်တိုင်း မလွဲနိုင်အောင် လက်ညှိုးထိုးမလွဲ
အောင်ကို စေတီ ပုထိုး တို့  များပြားသလို၊ မျက်စေ့  မှိတ်၍ ပြောချင်သည့်  တွင်းထွက်ကို ပြောကြည့် ပါလေ။
တစ်နေရာရာမှာတော့  ရှိနေမှာ အသေချာပါပေ။ “ရွှေ” တောင်မှ ရေထဲက အလိုအလျောက် ထွက်ထွက် နေ
အောင်ကို အလွန်ပဲ ထူးဆန်းလွန်းသည့်  ကမ္ဘာ့  ဘယ်နေရာမှာမှ ဆင်တူ မရှိနိုင်တော့ သည့်  ကျွန်တော်တို့ 
မြေ ကတော့  ယ္ခု အလွန်ထူးဆန်းစွာပဲ ဆင်းရဲ လို့ နေပါတော့ သည်။
လုပ်နိုင်သည့်  လူ့ စွမ်းအား အရင်း၊အမြစ် များ ရှိနေပါလျှက်နှင့်  အရွယ်ကောင်းသော လူငယ်လူရွယ်များ ကမ္ဘာ
အနှံ့ အပြားမှာ ပုံစံ မျိုးစုံဖြင့်  သူ့ ကျွန်ဖြစ်နေကြရပါသည်။ ဘဝတွေ အချိန်တွေ ရင်းနှီး နေရရင်း မိသားစုတွေကို
ခွဲခွာနေကြရပါသည်။ နှမြောစရာ ကောင်းပါဘိခြင်း။
အမှန်တရား ကိုတော့  သက်ဆိုင်နေကြသူတွေ၊ ကိုယ့် ဖာသာကိုယ် တာဝန် ခံယူ နေကြသူတွေ အနေဖြင့် 
အသေချာပဲ ရဲ ရင့် စွာ ရင်ဆိုင် ရှာဖွေ ကြဘို့  လိုပြီ ထင်ပါသည်။ ကိုယ်က မှန်တယ် ထင်လို့  လုပ်ခဲ့ ၊စ ခဲ့ ကြပေ
မဲ့  အချိန်က အမှန်အမှား ကို ရှင်းလင်း စွာပဲ ပြဆိုနေခဲ့ ပြီးပါပြီ။ မှားသည့်  လမ်းကို လျှောက်မိနေလျှင်တော့ 
အချိန်နှင့်  အမျှ အတိုင်းအဆ မဲ့ စွာဖြင့် ဆုံးရှုံးနစ်နာ စေမှာ သေချာပါသည်။ တကယ်ပဲ တိုင်းပြည်ကို ချစ်တတ်
ပါသည် ဆိုပါလျှင် တစ်ရက်၊တစ်စက္ကန့် လေးမျှ တိုင်းပြည်ကြီးကို နောက်ထပ်မနစ်မွန်းအောင်လုပ်သင့် ပါသည်။
လူထုက အကျပ်အတည်း မျိုးစုံ ကို ကိုယ့် ဖာ ကိုယ်ပဲ ဖြေရှင်းနေရပါသည်။
မီးမလာတော့  ဖယောင်းတိုင်တို့  မီးစက်ကလေးတနိုင်ဝယ်လို့ ။
ရှာလို့  မလောက် စားလို့ မလောက်တော့  အပြင်ထွက်လို့ ၊ ရှိတာလေးတွေပဲ ရောင်းချ ပေါင်နှံ လို့ ....။
ဆိုင်ကယ်လေးတောင် မစီးရ၊စီးခွင့်  မရှိရှာကြတော့  တစ်ခြမ်းစောင်းပြီး ပွင့် ထွက်လုမတတ် ဘတ်(စ)ကားအို
ကြီး များကို စိတ်ရှည်ရှည်နှင့်  စောင့် စီးလို့ ။
ပြန်မြင်ရောင်မိပါသေးသည်လေ..။
အိမ်မက် ထဲမှာပါပဲ။
အလုပ်က အပြန်မှာ တစ်ခြမ်းစောင်း နေတဲ့  ဘတ်(စ)ကားကြီးမှာ လူတွေက တစ်ပြွတ်ကြီး တွဲလောင်းကြီး
လမ်းပေါ် ထွက်ကျနေတာလေ။ အဲလို အချိန်များ ဆိုတော့  ကျောမွဲ ခြင်းရိုင်းပင်းနေကြတာ။ တစ်ယောက်လက်
တစ်ယောက် ဖမ်းဆုတ် ဆွဲကိုင်ရင်းပါ။ တစ်ယောက်ခြေ တစ်ယောက်နင်း ထားမိကြပေမဲ့  စိတ် ဆိုးဘို့  သတိ
မရကြ၊ သတိ ရနေတာက အိမ်ကို ဘေးမသီပဲ ပြန်ရောက်ဖို့ ပါလေ။
..........................................................................................................................................
( ဆက်ရန် )

Thursday, December 24, 2009
အိမ်မက် စေတမန် ( ၁ )
အခုတလော ရင်ထဲမှာ တော်တော်လေး မောနေပါသည်။
ရင် ထဲမှာ မောနေရတယ်ဆိုတော့  အပြင်ပန်းက လှုပ်ရှားမှု၊ အားဆိုက်ထုပ်ရမှု များလွန်လွန်းသောကြောင့် 
တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ် နေရသည့်  အမောမျိုး မဟုတ်ပဲ အပြင်မှ ကိုယ့် ရင်ကို တရံမလပ် တိုးဝင်လာနေ
သော အာရုံ အမျိုးမျိုး တို့ ကြောင့်  တစပ်စပ် ထိခိုက် ခံစား နေမိသော အမော မျိုး ဖြစ်ပါသည်။
တွေးမိသမျှသော အတွေး တို့ ကို ရင်ဘတ်ကြီးက အဆက်မပြတ်ပဲ အလျှင်မမှီအောင်ကို ရင်နှင့်  အမျှပဲ လိုက်လံ
ခံစား နေမိသောကြောင့် လဲ မွန်းကြပ်သော အတွေ့  တို့ ကို တင်းတင်းကြပ်ကြပ် ခံစားနေရသလိုပါ။
ရာသီကလဲ တိုင်ဝမ်ကျွန်းကြီးကို အအေးလှိုင်းတို့ တသောသော ဖြတ်သန်းနေသော အချိန်မို့  ဝန်းကျင် တစ်ခု
လုံး အရာရာ အားလုံး တစ်လောကလုံး မြူ တွေ ဆိုင်းနေပြီး စို စွတ်စွတ်နှင့်  ကြည့် နေရင်း အရိုးထဲက ခိုက်ခိုက်
တုန်လာအောင် ကြက်သီး တို့  ထလာအောင်ကို စိမ့် ပြီး အေးအေးလာနေတတ်ပါသည်။
အနွေးထည် အထပ်ထပ်နှင့်  ခေါင်းစွပ် တို့ ပါ စွတ်ထားမိပေမဲ့  လွတ်ထွက်နေသော နှာခေါင်း ထိပ်လေးနှင့် ၊
လက်ဖျား တို့ မှာတော့  နာကျင် နေအောင်ကို အေးလွန်းနေပါသည်။ သည်ကြားထဲ လေရှုးလေး က တစ်ချက်
ချက်ဝှေ့  နေတတ်တော့  ကော်ဖီ သောက်ရတာတောင် ခါးကလေးကုန်းပြီး တုန်တုန် ရီရီ ဖြင့်  မျိုချ နေရပါသည်။
မှုတ် နေဘို့ တောင်မလိုပဲ အငွေ့ တစ်ထောင်းထောင်းနှင့်  ပူပူ လောင်လောင် ကိုပ်ဲတရှိုက်မက်မက် မျိုချ နေရ
ပါသည်။
အေးရတဲ့ ကြားထဲ လွမ်းမိပြန်ပါသောကြောင့်  ရင်မှာ အမောတို့ ဖြင့်  ကွဲအက်အက် ရှတတ ဖြစ်လာရပြန်ပါ
သည်။ အအေး တို့ ကိုတောင် မဖြေနိုင်မှီ၊ အလွမ်းတို့  ပါ ထပ်ဆင့်  လာပြန်သောကြောင့်  ပြေအောင် ဖြေဘို့ 
ပို၍ ခက်ခဲ့ ရ တော့ သည်လေ ။
လွမ်းရခြင်း၊ တမ်းတ ရခြင်း တို့ က အခုလို ဆောင်းတွင်းဝယ် ကိုယ့် အခန်းထဲ တစ်ယောက်ထဲ ရှိသွားချိန်မှာ
တော့  ပိုပြီး ထိထိ ခိုက်ခိုက် ကို ခံစားလာရတတ်ပါသည်။ တစ်ယောက်ထဲ ဆိုတော့ လဲ အထီးကျန်လာရတော့ 
အလွမ်း က ကိုယ့်  အဖော် ဖြစ်လာရတော့ သည်။ အမတန်ကို ခံစားရခက်လွန်းသည့် ၊ ချက်ခြင်း ကို ဖြေလို့ 
မပြေ နိုင်တော့ သည့်  အလွန် ဆိုးရွားသည့်  ခံစား မှု မျိုးကြီး ဖြစ်ပါ၏
အသံထက်မြန်သည့် နှုန်းဖြင့် ချက်ခြင်းပဲ ပြေးပြီးတွေ့ ချင်နေသည့် သူ များကတော့  ဟိုး မိုင်ပေါင်းများစွာ ဝေး
နေပြီး ကမ္ဘာ့  မြေပုံ ပေါ်မှာ ကြည့် လျှင်လည်း နတ်သမီး လေး က နေ သည်နှင့်  တူသည့်  ကျွန်တော် တို့  မြန်မာ
ပြည် က ကြယ် ကလေးများပါလေ။
နီးနီးလေးနဲ့ တောင် သတိတရ ဖြစ်ဖြစ် နေတတ်ပြီး ချက်ခြင်းကြီးပဲ တွေ့ လိုက်ချင်ပေမဲ့  မတွေ့ နိုင်၍ စိတ် ဝယ်
ဒဏ်ရာ တို့ ရတတ်သလို၊ အဝေး က ကြယ်ကလေး များကို မတွေ့  နိုင်တော့ ၍လည်း အတိတ်က ဒဏ်ရာတွေလို
မကျက်နိုင်တော့ အောင်ကို တစိုစို တသသ ဖြစ်နေရပါတော့ သည်။
သည်လက ခရစ်စ္စမတ်လ ဆယ့် နှစ်လပိုင်း ဆိုတော့  မဝေးတော့ သော နောက်သုံးလေးလ ဆိုလျှင်ပဲ အတာ
သင်္ကြန်ကို တစ်ခါ ရောက်ပြန် ရတော့ မှာဖြစ်ပြန်သည်။ ခရစ်စ္စမတ် ကို အကြိမ်ကြိမ် ကြုံ ခဲ့ ရသလို၊ အတာ
သင်္ကြန် ကိုလည်း အခါခါပြန်ကြုံ ဖြတ်ကျော် နေရပေမဲ့  တစ်ယောက်ထဲ အထီးကျန်စွာ၊ ခြောက်သွေ့ စွာ နှင့် ပါ။
သည်ကာလ တွေမှာ အိမ် ကို ပြန်တော့ ဘို့ ၊ ကြယ် လေးတွေ ကြားထဲ အတင်း ပြေးဝင် သွားဖို့  အိမ်မက် တို့ 
အကြိမ်ကြိမ် မက်ခဲ့ ရသလို၊ မမက်ခဲ့ မိသော ကာလ များတွင်လည်း ပြန်မက်လာအောင် ထို အိပ်မက် လေးတွေ
ကို စောင့် စား တောင့် တ နေခဲ့ မိပြန်ပါသည်။ သည်မှာတော့  ခရစ္စမတ်တို့ ၊ သင်္ကြန်တို့ က ရင်ကို မခုံ စေခဲ့ ပေ
မဲ့  ထို အိမ်မက်လေးတွေကတော့  ရင် ကို အတော်လေးပဲ လှုပ်ခတ်စေခဲ့ ပါသည်။
စိတ်တို့  လေနေချိန်မှာပဲ သည်နိုင်ငံ၏ အကောင်းဆုံးဘဲပြုပ်ဖြင့်  ကျော်ကြားသော တရုပ်လို “ကျင်းစန်း” ဟု
ခေါ်သည့်  မြို့ လေးကို ဘောစိ ( အမော ထဲမှာ ရေးခဲ့ ဘူးသည့်  ကျွန်တော်တို့  သူဌေးပါ) က ခေါ် သွား၍
လိုက်သွားခဲ့ ပါသည်။
“ကျင်းစန်း” ကို သွားရာ လမ်းလေးကတော့  အပြောကျယ်ကျယ်နှင့်  အနက် စူးရှ သော ဆုံးစ မဲ့ သော ပင်လယ်
ပြင်ကြီး၏ ဘေး တောင်ကမ်းပါးယံ တလျှောက် ကွေ့ ကွေ့ ကောက်ကောက် ကပ်ဖောက်ထားသော လမ်းလေး
ဖြစ်ပါသည်။
ကားပေါ်မှ လှန်းကြည့် မိတိုင်း လှိုင်းခေါင်း ဖွေးဖွေး လေးတွေကို မြင်နေရပါသည်။
လမ်းဘေး ကားရပ်နား စခန်း လေးတစ်ခု ရောက်တော့  ခဏ ဝင်နားကြရင်း ကျွန်တော်တို့  အဖွဲ့ သဲသောင်ပြင်
ပေါ် ဆင်းခဲ့ ကြသည်။ ပင်လယ်ပြင်ကြီး၏ အစွမ်းသတ္တိကတော့  အရာရာကို လတ်ဆတ် လန်းဆန်း စေတာပါပဲ။
ဟိုး... အဝေး မှိုင်းညို့  နေသော မိုးကုတ် စက်ဝိုင်း ကြီးဆီမှ ပင်လယ်ပြင်ကြီးကို ပွတ်တိုက် ဖြတ်သန်းလာနေ
သော လေအေးတို့ က ကျွန်တော်တို့ ဆီကို အတင်း တိုးဝင် ဖြတ်ကျော် နေပါသည်။ လှိုင်း လုံး ကြီးများကလည်း
လေနှင့်  အတူ အရှိန်ပြင်းပြင်း၊ မန်ဟုန် ပြင်းပြင်း ဖြင့်  တလိမ့် လိမ့်  လိုက်ပါလာပြီး သဲပြင် ပေါ် ရောက်တော့ 
ကျွန်တော်တို့ ၏ ချေကြို ချေကြား ဝယ် တိုးဝင် ပျောက်ကွယ်ကုန်တော့ သည်။
ကျွန်တော် ပို၍ လွတ်လပ် ချင်သောကြောင့်  ဖိနပ်တို့ ချွတ်လိုက်မိပါသည်။
စိမ့်  အေးသော ပင်လယ် ရေ ဓါတ်က ကျွန်တော့်  တစ်ကိုယ်လုံး ကူးစက် ထိုးတက် လာခဲ့ ပါသည်။
သည်တစ်ခါ လာသည့်  ခရီးတွင် မြန်မာပြည် အကြောင်း မပြောကြေး ဟု ကတိ ခံ ထားခဲ့ ကြသောကြောင့် 
ဝန်းကျင်ရဲ့  အလှ အားလုံးကို လွတ်လပ်စွာပဲ တရှိုက်မက်မက် ခံစား မိခဲ့ ကြပါပြီ။
သည်လို လှပ လတ်ဆတ်မှု လေးတွေ တွေ့  လာရတော့  ကိုယ့် ရဲ့ အခင်ဆုံး အချစ်ဆုံး သူတွေ၊ တွယ်တာ
ရသူတွေကို သတိရ လာမိတတ်သမို့  ဘောင်းဘီထဲ လက်နိုက်ပြီး မိုထရိုလာ ခေါက်ဖုံး လေးကို အထုပ်...
တိုက်ဆိုင်စွာပဲ မိတ်ဆွေ တစ်ယောက် ဆီမှ ဖုန်းကဝင်လာပါသည်။ ကျွန်တော်ကလည်း သူ့ ကို ဆက်မလို့ ပါ။
“ ဝေး..ကိုကျော်ရေ.... ဘယ်ရောက်နေပြီလဲ..”
“ ဟာ.. ကျွန်တော်လည်း သတိရလို့  ခုပဲ ဆက်တော့ မှာ၊ ကျွန်တော် ကျင်းစန်း ကိုရောက်နေတယ်ဗျ၊ ဗမာလို
ဆိုရင်တော့  ရွှေ တောင်ပေါ့ လေ၊ အပြန် ဘဲပြုတ် အရှင်ဝယ်ခဲ့ ရမလား..” ဟု နောက်တော့ ...။
“ သိပ်မကြားရဘူး ကိုကျော်.. လေ သံတွေပဲကြားနေရတယ် ၊ ပင်လယ် လို့ ထင်တာပဲ ၊ညနေ ကျမှ ထပ်ဆက်
တော့ မယ်နော်... ဘိုင့် .....” ဟု သူ နူတ်ဆက် ဖုန်း ချသွား တော့ သည်။
ဟုတ်တော့ ဟုတ်ပါသည်။ ပင်လယ် အော်သံက ပိုပို ကျယ်လာသလို ထင်ရပါသည်။
ကျွန်တော်လည်း ဖုန်းကို ထုပ်ထားမိပြီးမို့  မြန်မာပြည် ကို ဆက်ဖို့  ဆုံးဖြတ်လိုက် မိပါသည်။
ဖုန်းနဲ့  ပတ်သက်လျှင် ကမ္ဘာ ပေါ် တွင် ဈေးအကြီးဆုံး ဖြစ်နေပေမဲ့ လည်း မဆက်ပဲနဲ့ လည်း မနေနိုင်ခဲ့ ပါ။
“ ဟဲလို... ”
“ ကိုယ်ပါ..ကွ”
“ဟဲ.... ကို.. အလုပ်ထဲက ဆက်တာလား ”
“မဆင်းဘူးကွ ဒီနေ့ ... နေကောင်းကြလားဟေ့ ...”
“ကောင်းပါတယ်၊ ယူ.. ကံကောင်းတယ်နော် မီးမလာတာ နှစ်ရက်ရှိပြီ၊ အခုမှ ပြန်လာကာစလေ၊ နို့ မို့ ဆို ယူ..
ဖုန်းရမှာမဟုတ်ဘူး..”
“ ရေ ရော ရရဲ့ လား”
“ည နှစ်နာရီလောက် တော့  ထ ထ စောင့် ပြီး တင်နေရတယ်.. သူ လာတတ်တဲ့  အချိန်လေး မှာလေ”
“..............”
“ကို.. ပြောလေ.. ဘာပြောမှာလဲ..”
“ ကို... ပြန်လာခဲ့ တော့ မယ်နော်...”
“...................”
“ဟေ့  .. ဖြေလေကွာ..”
“ ကိုရယ်.. ပြန်လာစေချင်တာပေါ့ ... ဝေ လဲ သိပ်လွမ်းနေရပါတယ်နော်..၊ သိပ် စိတ်ညစ် တာပဲကွာ..”
“ဒီမှာ ဝေ.. ကိုယ်ပြောမယ်၊ ယူ့  ရဲ့  မဟာဗျူဟာ စီမံကိန်းကြီး တွေကို မပြင်သရွေ့  ဒို့ တော့  ဒီမှာ အသက်တွေ
ကြီးနေရတော့ မှာ.. အတူ နေချင်လို့  မိသားစု လေး တစ်ခု ထူထောင်ထားတာကွ၊ အခုတော့  ...”
“ ကို... ခလေးတွေ ကျောင်းမပြီးသေးဘူးလေ၊ အငယ်ကောင်က ထားတော့ ၊ အကြီးကောင်က အခုမှ ရေကြောင်း
စ တက်ရတာလေ သူ့ ကျောင်း စရိတ်တင် တစ်လ..... ကျောင်းကားခ......”
“ပြီးတော့  ပြန်လာရင် ကိုယ်ပဲ ထပ်ပြီးပင်ပန်း ရအုံးမှာ...”
မဟေသီ၏ တုန်တုန်ရီရီ ဖြင့်  ရှင်းပြ လာနေသော စကား သံတို့ ကို ကျွန်တော် မကြားတချက်၊ ကြားတစ်ချက်
ဖြစ်လာပါသည်။ ဝယ်ထည့် ထားသည့်  အချိန်ပိုင်းဖုံးကဒ် လိုင်းမှ အချိန်ကုန်ကြောင်း အချက်ပေးလာ၍
ကျွန်တော် ဖုန်းကို ကိုင်ပြီး သဲပြင်ပေါ် တွေတွေ ကြီးရပ်နေမိပါသည်။
ထောက်တည်ရာ၊ဆောက်တည်ရာတို့  မဲ့  သွားသလိုမျိုး ၊ မြစ်ကို အလျား လိုက်ပဲ ဖြတ်ကူး နေရသလိုမျိုး ကြီးပါ။
ကိုင်ထားသော ခေါက်ဖုံးကို ကိုယ့် နားထင်ထဲ အတင်း ထိုးထည့်  ပစ်လိုက်ချင်စိတ်တို့  ဖြစ်ပေါ်လာပါတော့ သည်။
ရပ်နေရင်းနဲ့ လဲ သဲပြင်ထဲ နစ်ဝင် သွား သလိုလိုပါလေ... ။
.........................................................................................................................................

Sunday, December 20, 2009
ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၈ )
အမြဲတန်းပဲ သတိရနေပါသည်။
...................................................
အခန်းဝရောက်တော့  အခန်းထဲမှ မီးေ၇ာင်လေးကို ကြူထရံ ကြားမှ မြင်နေရပါသေးသည်။
တံခါးကို အသာလေးတွန်းကြည့် ရာ ပွင့် မလာပါ။ အထဲမှ ဂျက်ထိုး ထား၍ ဖြစ်ပါသည်။ မဟေသီ မအိပ်သေး
တာတော့  သေချာ သည်ဟု ယူဆ မိသောကြောင့်  သွားကိုစိ၊ လျှာကို အပေါ်သွားနောက် အသာလေးကပ်ပြီး
“ ချိ(စ).. ချိ(စ).. ” ဟု လှန်းခေါ်လိုက်မိပြီး ကြူ ထရံ ပေါက်များကြားမှ ကုတင်ပေါ်ကို လှန်းကြည့် လိုက်ရာ
မဟေသီ တစ်ယောက် တစ်ဆောင်းလေးကွေးပြီး အိပ်နေသလိုပါ။ ခေါင်းရင်းနားသွားပြီး ထရံကို ခပ်နာနာလေး
ပုတ်လိုက်တော့ မှ သူ လူးလွန့် လှုပ်ရှား လာပါတော့ သည်။ မျက်နှာတော့ မကောင်းပါ။
“ ဆောရီးပဲ.မိန်းမရေ.. ကိုယ်နောက်ကျသွားတယ်ကွာ..” သူ ဘာမှ ထပ်မပြောလာပဲ တံခါး ဂျက် ကိုလာဖွင့် ပါ
သည်။ တံခါး ဂျက်ဖွင့် ပေးပြီးပြီးခြင်းပဲ ကုတင်ပေါ် တစ်ဖက်လွှဲပြီးထိုင်နေပါတော့ သည်။ သူ့ မျက်နှာကို ကောင်း
စွာ မမြင်၇ပါ။
“ သိပ်အေးတာပဲကွာ.. ဆောင်လေး၊ဘာလေးတော့ ခြုံမှပေါ့ ..” ဟုပြောပြီး သူ့ ပုခုံးပေါ် မရဲ၊တရဲနှင့်  လက်လှန်း
တင်ဘို့  ကြိုးစားတော့  ကျွန်တော့် လက်ကို သူဖယ်ချလိုက်ပါသည်။ အော်... ဟုတ်ပေသားပဲ၊ သေတ္တာကြီး တွေ
တောင်မသယ်ရသေးပဲလေ။
“ ကဲပါကွာ.. ကိုယ်အခုပဲ စီစဉ် လိုက်ပါ့ မယ်၊ ကိုယ်တကယ်ပဲ..တောင်းပန်ပါတယ်နော်...” ဟု ပြောပြီး သူ့ ပုခုံး
လေးကို ဖွဖွနှင့်  သာသာလေး ပွတ်ပေးလိုက်မိတော့ မှ မဟေသီ့  ပုခုံးလေးနှစ်ဖက်တို့  ဖြည်းဖြည်းချင်း တသိမ့့် သိမ့် တုန်လာပြီး “တအိ..အိ..” နှင့်  ချုံးပွဲချ ၍ သူ ငို ပါလေတော့ သည်။
ကျွန်တော် သူ့ ကို ချက်ခြင်းပဲ ရင်ခွင်ထဲ ဆွဲသွင်း ထွေးပွေ့  နှစ်သိမ့် ထားလိုက်မိပါသည်။
ကျွန်တော့်  ရင်ခွင်တစ်ခုလုံး သူ့ မျက်ရည်နွေးနွေး တို့  စွန်းထင်း ရွှဲစို ကုန်ပါတော့ သည်။
ချစ်၍ ခေါ်လာသော မဟေသီ့ ကို မြောက်ဂေါင်း နှင့်  အရှိန်လွန် မိခဲ့ သောကြောင့်  ခဏတာ ၊တစ်ညတာ မျှ
မေ့ လျော့ မိခဲ့ သော ကျွန်တော့် ကို ကျွန်တော်လည်း ခွင့် မလွှတ်ချင်တော့ ပါ။
အပြင်မှ ပိတ်ပိတ်ပိန်းအောင် ကျဆင်းနေသော မြူ မှုံတို့ က ရေပေါက်ရေစက် များအဖြစ် ဓနိ အမိုး ပေါ်မှ
တဖြောက်ဖြောက် တပေါက်ပေါက် ခုန်ဆင်းလာနေသံ တို့ ကို ခပ်ဆိပ်ဆိပ်ပဲ ကြားလာရပါတော့ သည်။
သည်နေ့ တော့  မိုး အလွန် ကြီးပါသည်။
ရှစ်ခွင် လုံး အုံ့ မှိုင်း ၍ ဖွေးဖွေးလှုပ်နေအောင်ကို ရေသီး ရေပေါက်များဖြင့်  အညှိုး ကြီးစွာ ရွာသွန်းနေသည်မှာ
မနက်လေးနာရီ မှ၊ ရှစ်နာရီ ထိုးလာသည့် တိုင် မရပ်ချင်သေးပါ။
“ ကို ... ဒီလောက် မိုးကြီး နေတာ၊ ဘယ်သွားအုံးမလို့ လဲ..” မဟေသီက တောစီးဖိနပ် ဝတ်နေသော ကျွန်တော့ 
ကို လှန်းမေးလိုက်တာပါ။ ကျွန်တော်လည်း မိုးကာ အင်္ကျီ ကို လှန်းယူလိုက်ရင်း “ တွင်းမှာ အလုပ်ပေါ် လာလို့ 
သွားရအုံးမယ်ကွာ၊နေ့ ခင်း ထမင်းပို့ တဲ့  ကားနဲ့  မှ ပြန်လိုက်လာတော့ မယ်နော်.. ” ဟု သူ့ ကို ပြန် ပြောလိုက်
ပါသည်။
တွင်းတူးစဉ်ေ၇ာက်တော့  မိုးတို့ အရှိန်ရော့ စပြုပြီ။
ကားပေါ်မှ ဆင်းလိုက်သည်နှင့်  တောစီးဖိနပ်က ရွှံ့ တို့ နှင့် ကပ်နေတော့ သည်။
အတင်းရုန်း၍ လျှောက်ကြည့် ရာ ဖိနပ်က ရွှံ့ စေးတို့ နှင့်  ကပ်ပြီး ကျန်ခဲ့ တော့ သည်။ မိုးဖွဲ ထဲမှာပဲ ဖိနပ်ကို ပြန်
ဆွဲ ခွာကြည့် သည်။ တော်တော်နှင့်  မ၇သောကြောင့်  လက်လျှော့ ပြီး ကျန်တစ်ဖက်ပါ ချွတ်၍ တွင်းပေါ် ဒီတိုင်း
ပဲ တက်သွားလိုက်မိတော့ သည်။ တွင်းပေါ် တွင်တော့  တာပေါ်လင် မိုးကာစ များ ယာယီ မိုးထားပါသည်။
ဆယ့် သုံးလက်မ သုံးမူး လုံးပတ်ရှိ တွင်းကာဗာ ပိုက်များကို ဝယ်လ်ဒင်ဆော်ရန် ဖြစ်ပါသည်။
တွင်းပေါ် ရောက်မှ ရွှံ့ ခဲ တို့ ဖြင့်  စီးပိုင် လေးတစ်နေသော တောစီးဖိနပ်ကို ရေပရက်ရှာ ပိုက်နှင့်  ထိုးဆေးပြီး
ပြန်ဝတ်ရပါသည်။ မဝတ်ရင်လဲ ဓါတ်လိုက်တာ့ မည်လေ။
“ ဝယ်တာလေး.. ကျွန်တော် ဒီနေ့  ဟင်းစားတာဝန်ယူတယ်ဗျ ”
ကျွန်တော့် ရဲ့  လက်ထောက် အကူ ရေနံချောင်းသား ဝင်းမြိုင် က ပြောတာပါ။ မဟေသီ ကတော့  အားတုံ့  အား
နာဖြစ်နေရှာ ပါသည်။ “ မိန်းမရေ.. အားမနာ နဲ့ ကွ၊ ဒို့  ဒီမှာတော့  ဒီလိုပဲကွ ” ဟု သူ့ ကို ကျွန်တော်က ဝင်ပြော
ရပါသည်။ “ ဒီနေ့  မနက်ပဲ လယ် ငခူလေးတွေ လာရောင်းလို့  ဝယ်ထားတယ် ကိုဝင်းမြိုင် ” ဟု မဟေသီက
ဆန်ရွေးနေရင်းက လှန်းပြောလိုက်ပါသည်။ သူလှန်းလှန်း ပစ် ချ နေသော ဆန်ကွဲ နှင့်  စပါးလုံးများကို ခေါင်း
လေးတွေ တလှုပ်လှုပ်နှင့်  လာလာကောက်စားနေသော ခေါင်းရင်းခန်းရှိ အဘ သိန်းအေး၏ ကြက်အုပ်ကို
ဝင်းမြိုင် အကြည့် တို့ ရောက်သွား၍ ကျွန်တော်က သူ့ ကို လည်ချောင်းရှင်းသလိုနှင့် ချောင်း တစ်ချက် လှန်း
ဟတ်လိုက်ရပါသည်။ “ ဒါဆို.. ဝယ်တာလေး ညနေ ကျွန်တော်နဲ့  လိုက်ခဲ့ လေ ” ဟု ပြော ပြီး ဝင်းမြိုင် လှည့် 
ထွက် သွားပါသည်။ သူ့  နောက်ကြော ကိုကြည့် လိုက်တော့  ဒူး အထက် ထိ တက်ဝတ်ထားသော တို လွန်းသည့် 
ပုဆိုး ခါးကြား နောက်ထဲတွင် ထိုးထည့် ထားသည့်  လောက်လေးဂွ ကို ကျွန်တော် တို့  မြင်လိုက်ရပါသည်။
“ ကို .. မလုပ် နဲ့ နော်၊ အဲ့ ဒီ ကြက် ဆိုရင် ခိုင် မစား ချင်ဘူးနော်..”
“ မလုပ် ပါဘူးကွ ” ဟု သူ့ ကို ပြောရပါသည်။
ဝင်းမြိုင်က ရေနံချောင်းသားပါ။
စကားပြောတိုင်း “ အယ်.. အယ်..” ဟု စကား ထောက် ဖြင့်  ပြောလေ့ သည်။ ကျွန်တော်ကတော့  သူတို့  အရပ်
ဒေသ ဓလေ့  ဟု ထင်ပါသည်။ ဆံပင် နီကြောင်ကြေင်နှင့် အသားက မီးသွေး ငို နိုင်ပါသည်။ မဲသော ပါးနှစ်ဖက်
ပေါ် တွင် ဝါညစ်ညစ် ပါးကွက် နှစ်ခု က အမြဲ မပျက်တန်း ရှိ နေတတ်သည့်  သူ ပါ။ ကွမ်း ကလဲ ဘယ်အချိန်
ကြည့် ကြည့်  ပါးစပ် ကြီးတစ်ခုလုံး ရဲ ပတောင်း ခပ် နေအောင်ကို ပလုပ်ပလောင်း စားနေတတ်ပါသည်။
ရယ်စရာ ပေါက်ကရ စကား များလဲ မပြတ်တန်း ပြောနေတတ်သောကြာင့်  မဟေသီ နှင့်  အဖွဲ့ ကျနေတော့ 
သည်။
အောက်သူ ( မြစ်ဝကျွန်းပေါ်သူ ) မဟေသီ နှင့်  အထက် အညာ သား စစ်စစ် ဝင်းမြိုင် တို့  ပါးကွက် ကွက်တာခြင်း
တူကြပေမဲ့  သန့် ရှင်း လတ်ဆတ် လွန်းသော မဟေသီ့  ပါးကွက် လေးက ပို၍ နမ်းလို့ ကောင်းမည်ဟု ထင်ပါ
သည်။ သို့ မို့ ကြောင့် လဲ မဟေသီ့  ကို နမ်းတိုင်း ပြောခဲ့ သည့်  အကြိမ် အရေအတွက် ပြည့်  မှီ အောင်ကိုပဲ
မပျက်မကွက် နန်း မိနေခဲ့ ရပါသည်။
“ ကဲ.. ကိုဝယ်တာလေး.. အဲ့ ဒီမှာ ခဏ စောင့် နေ. အသံလုံးဝ မထွက်နဲ့ နော်..” ဟု ဝင်းမြိုင် ကပြောပြီး မြင့် သူ
တို့  အိမ်ဝိုင်း နား တိုးကပ်သွားပါသည်။ ပုဆိုး ခေါင်းမြီး ခြုံပြီး ကုန်းကုန်း ကုန်းကုန်းနှင့်  တိုးကပ်သွားတော့ မှောင်
မဲလွန်းသော သူ့ ဖင်ကို မကြည့် ပဲနှင့် ပဲ မြင်နေရပါတော့ သည်။ညကလဲ လ မိုက်သောညပါလေ။
မြင့် သူ က S.M.E ဦးသန့် ဇင်၏ အကူ လုပ်သား လေးပါ။ ဝင်းမြိုင် နှင့်  တစ်ရွာ ထဲသား ဖြစ်သည်။
အိမ်ထောင်သည်လိုင်း မရ သောကြောင့်  ကိုယ်ထူ ကိုယ်ထပဲ တောထဲမှ ရသည့်  မျောတိုင်၊ ဝါးကပ်၊ အင်ဖက်
အမိုး တို့ ဖြင့်  အိမ်ကလေး ဆောက်လုပ် နေထိုင် ကြခြင်း ဖြစ်ပါသည်။ သူ လို နေ့ စား ဝန်ထမ်း တွေ အတော်
များ သဖြင့်  ကျွန်တော်တို့  ရေနံ ဝင်း ထဲဝယ် ရွာတန်းရှည်လေး တစ်ခုဖြစ်နေပြီး လ္ဘက်ရည်ဆိုင်၊ စားသောက်
ဆိုင် အစုံဖြင့် အလွန်ကိုပဲ စည်ကားသည့်  နေရာလေး အသိုက်အမြုံ လေးတစ်ခုဖြစ်လို့ နေပါသည်။
မြင့် သူ တို့ အိမ်ထဲ ကျွန်တော် လှန်းကြည့် မိတော့ မြင့် သူ က သူ့  မိန်းမ ကို တက်နင်းပေးနေတာ တွေ့ ရပါသည်။
ဒီကောင်က အပြင်မှာတော့  လူတစ်ကာရှေ့ တွင် မိန်းမကို နားမခံ သာလောက်အောင်ကို အော်ဟစ်ဆူပူ ကြိမ်း
နိုင်ပြသလောက် အိမ်ထဲတွင်တော့  အတော့ ကို ငြိမ်ဝတ် ပိပြား နေတတ်ပါသည်။ မြင့် သူ ခြင်ထောင် ထောင်နေ
တာကို သူတို့ မီးဖိုဆောင်ထဲ ရောက်နေသော ခပ်မဲမဲ ဝင်းမြိုင် က ခေါင်းမြီး ခြုံ၍ စိတ်ရှည်စွာပဲ ကြူ ထရံ ပေါက်
များကြားမှ ချောင်းကြည့် နေပါသည်။ သူ့ ခေါင်းပေါ်မှ ထုပ်တန်းပေါ်မှာ အိပ်ငိုက် နေသော ဟင်းမျိုး ကြက် ကြီး
များရှိနေပါသည်။ သူတို့ လဲ တုတ်တုတ်မျှမလှုပ်၊ ဝင်းမြိုင် လဲ မလှုပ်ပါ။
ကျွန်တော်ကတော့  တဖြတ်ဖြတ် လှုပ်နေရပါသည်။
ခြေသလုံး တွေကို ခြင်တွေ ဝိုင်း တုပ်နေလို့ ပါ။
မြင့် သူ တို့  အိမ် မီးမှိတ် သွားပါပြီ။ တောင်းကုန်း ပေါ် ရှိ ကျွန်တော့်  အဆောင်လေးကို လှန်းကြည့် တော့ 
ကျွန်တော်တို့ အောက်ကို လှန်း ကြည့် နေသော မဟေသီ့  အရိပ်ကို တွေ့ ရပါတော့ သည်။ သူတွေ့ သွားသလား
မတွေ့ ဘူးလားတော့ မသိပါ။ တွေ့ ရင်တော့  သူ့ လောင်တော်မင် ကျွန်တော့် ကို လှန်းအော်မှာ အသေချာပါ။
“ လာ..လာ. ဝယ်တာလေး.. သွားကြမယ်” အသံကြောင့် လှည့် ကြည့် မိတော့  ပုဆိုးခြုံထဲမှ ပြုံးပြနေသော
ဝင်းမြိုင်ကို ဘွား ကနဲ တွေ့ လိုက်ရပါသည်။ “ ဟေ့ ရောင်.. ဘယ်..ဘယ်မှာလဲကွ ” ဟု သူ့ ကို မေးတော့ 
ခေါင်းမြီးခြုံထားသည့်  သူ့ ပုဆိုးကို လှပ်၍ သူ့ ဂျိုင်းအောက်ကို ခွာပြပါသည်။ လား လား ဇက်ကြိုးနေသော
ကြက်ကြီးပါလေ။ ဘယ်လောက်မှ မကြာလိုက်သလို၊ဘာသံမှလဲ မကြားလိုက်ရပါ။ လက် ရင် တာကိုပါ။
သူ့  အိမ်ကို ယူသွားပြီး အကုန်လုပ်ပြီးမှ ဝယ်တာ ကတော်လေး ကို လာပေးတော့ မယ်ဟု ပြောပြီး ရှေ့ က ကြို
လစ်သွားပါတော့ သည်။
ဘာပဲပဲ ပြောပြောလေ။ ဟို တုန်းက ထိုနေ့ က စားခဲ့ ရသော တောကြက်၊အိမ်ကြက် စစ်စစ် ဟင်းကလေးကို
ယနေ့ တိုင်ပဲ ကျွန်တော် မမေ့ နိုင်တော့ ပါလေ။ ပြန်တွေး ကြည့် မိတိုင်း ဝင်းမြိုင် ရှာပေး ၍ မဟေသီ ချက်ပေး
ခဲ့ သော အလွန်ပဲ ချိုလွန်းပြီး သင်းပြန့် မွှေးကြိုင်လွန်းသော တောကြက်သားဟင်း အရသာလေးကို တသသပဲ
ဖြစ်ဖြစ်နေတတ်သလို ထိုကြက်သား ဟင်းလေးကို ဟင်းအိုး မအေးခင် ဆေးလိုက်ရသည့်  အဖြစ်ရောက်အောင်
ဝိုင်း အား ပေးခဲ့ ကြသော တစ်ချိန်က ပြရည် ရေနံ အစမ်းတွင်းမှ S.M.E ဦးသန့် ဇင်နှင့်  အင်ဂျင်နီယာ တစ်ဖွဲ့ လုံး
ကို လည်း ယနေ့  အချိန်ရောက်သည် အထိ၊ သည် ပို့ (စ) လေးကို အဆုံး သတ်ပြီးချိန် အထိ သတိ တရ ဖြစ်နေရ
ပါကြောင်းဖြင့် .......။
........................................................................................................................................
( ပြီးသွားပါပြီ )

Wednesday, December 9, 2009
ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၇ )
ကောင်း သွားသော မြောက်ဂေါင်း
.....................................................
ဗားတိုက်( အလုပ်သမား၊ဝန်ထန်း အိပ်ဆောင် ) ဝင်း ကို ရောက်တော့  လမ်းမီးတိုင်တို့  ထိန်ထိန်ညီး အောင်
လင်းနေပေမဲ့  တစ်ဝင်းလုံး အိပ်မောကျ နေကြ ၍ ညိမ်ဆိပ် နေပါပြီ။ တောင်ကုန်း ပေါ် ရှိ အင်ဂျင်နီယာ
ဗားတိုက်မှ S.M.E ဦးသန့် ဇင်တို့  အိပ်ဆောင်ရှေ့  ဝါးကွပ်ပစ် ဆီတွင် မီးလှုံ နေသည့်  မီးဖိုမှ မီးခိုးလုံး တစ်လူလူ ထိုးတက်နေသည်ကို ယ္ခု အချိန်ထိ တွေ့ နေရတုံးပင်။ ည ဆယ်နာရီ ထိုးနေပေမဲ့  သူတို့  အရှိန် ကောင်းတုံး ပါ။
ကျွန်တော်တို့ ကားကြီးဝင်းထဲ ထိုးဆိုက်လိုက်လျင်ပဲ သူတို့  အရက်ဝိုင်းမှ ဒန်အိုးတွေ၊ပုလင်းတွေ၊ဇွန်းတွေခေါက်
လိုက်သံ တို့ က လက်ခုပ်သံ တို့ နှင့်  အတူပဲ ရောပြီး တစီစီ၊တညံညံ ထွက်လာပါတော့ သည်။ ဒီတစ်ခါတော့ 
ကျွန်တော့် ကို ကြိုလိုက်တာပါ။
“ ဟေ့ အကောင်.. ငကျော်.. ကောင်မလေး ပါလာ လားဟေ့ ..” ဟု ဗိုလ်သန့် ကြီး က မူးသံ ကြီးနှင့်  သူတို့ ကုန်း
ပေါ်မှ တဝင်းလုံး ကြားအောင်ကို လှန်းအော်ပါတော့ သည်။ မဟေသီ က ကျွန်တော့် ကို ကွက်ခနဲ လှန်းကြည့် 
ပါသည်။ ဝယ်တာ ဥာဏ်ထွန်းက “ ဟာ.. ဆရာကလဲ.. စကွားတွေ.. မွှား နေ ပါပြီ၊ ကောင်မလေးကို.. လွှတ်လိုက်
အဲရို ရုပ်ပါ...” ဟု ဝင် မ ပါတော့ သည်။
“ ခိုင်..ကလဲကွာ.. ကိုယ်ပြောထားတယ်နော်.. ကိုယ်တို့ တွေက ဒီလိုပါပဲ ဆိုတာ..” မဟေသီ့  ကို ကျွန်တော်က
ကပြာပဲ ပြောလိုက်ရပါသည်။ ဟုတ်သည်လေ..၊ တောထဲ တောင်ထဲ အမြဲပဲ အချိန်ကုန်လွန်လေ့ ရှိရသော
ကျွန်တော်တို့  ရေနံ ဝန်ထမ်းတွေရဲ့  ရောက်လေရာ နေရာမှာ ပျော်ပျော်နေတတ်သည့်  အလွန်ပဲ ချစ်စရာ
ကောင်းသည့်  ဓလေ့  စရိုက် များကို သူ့ အား ခေါ်၍ သည်ခရီးကို မစခင်ကတဲက ကြိုတင်ဇာတ်တိုက် ညှိနှိုင်းထား
ခဲ့ ပြီးသားဖြစ်ပါသည်။
မီးစက် ဆရာကိုကြီးမောင်ကတော် မဝင်းမေက လာ..လာ ညီမလေး..အမနဲ့ လိုက်ခဲ့ အဆောင်ကို ၊ ဒီသေတ္တာကြီး
တွေ တော့ ထားခဲ့ တော့ ၊နောက်မှ သူတို့ ဖာသာ သူတို့  သယ်လိမ့် မယ်.. ဟု ပြောပြီး မဟေသီ့  ကို ခေါ်သွားဖို့ 
လုပ်တော့ ..၊ကျွန်တော်က သူတို့ ကို ဂေါင်းညိမ့် ပြလိုက်ရင်း ဗိုလ်သန့် တို့  ဝါးကွပ်ပျစ်လေးဆီ လှန်းတက်ဖို့ အလုပ် မဟေသီက မျက်နှာငယ်လေးနှင့်  သူ့  လောင်တော်မင် ကျွန်တော့် ကို “ အကိုနော်.. သိပ်လုပ်မနေနဲ့ အုံး
သူများတစ်ယောက်ထဲ မနေရဲပါဘူး...” ဟု လှန်း မှာရှာ ပါတော့ သည်။
ကျွန်တော်က “အင်းပါ..” ဟု မဟေသီ့ ကို နှစ်သိပ်ပြီး ရောင်းရင်းတွေဘက်ဆီကို ချီတက်ခဲ့ ပါတော့ သည်။
ထိုည က အင်းပါ ဆိုလိုက်သော ကျွန်တော် ကြက်တွန်ချိန် ရောက်ခဲ့ ရပါသည်။
“ ဟေ့ အကောင်.. မင်းအခွက်က ဒီတစ်ခါတော့  ဝင်းပြောင်နေပါလားကွ..”
ကျွန်တော်က S.M.E ဦးသန့် ဇင်ကို transfer,movement order, စသည့်  ( ခရီးသွားအမိန့် ၊ ပြောင်းရွှေ့ လွှာ )
တို့ ကို လှန်းပေးတော့ သူက ကျွန်တော့် ကို ပြန်ပြောလိုက်တာပါ။
“မဟုတ်ဘူး ဆရာ အကြောတင်းချင်လာတာ” ဟု ဥာဏ်ထွန်းက ထပ်ပို့ တော့ “ ဟာ .ဒီအကောင်..ငါ..သယ်..”
ဟု သူ့ ကို ရွယ်လိုက်ရာ သူက “မြောက်ဂေါင်း” အရက် တစ်ခွက်ကို လက်ထဲ ထိုးထည့် လာပါသည်။
ဗိုလ်သန့် က ရုံးစာ တို့ ကို ခေါက်သိမ်းလိုက်ရင်း “ပတပ်ကြော်” ပန်းကန်ကို ကျွန်တော့် အား ကမ်းလာပါသည်။
“ဟေ့ ကောင်.. မိန်းမ ပါလာလို့  စည်းဖောက်ပြီး ပြန်ပြေးဘို့ မချောင်းနဲ့ နော်.. နက်ဖြန် ဥာဏ်ထွန်း မင်းအစား
ဆက်ဝင် ပေးလိမ့် မယ်၊ အေး..သူ့ ကိုတော့  ဒီည မင်းဂလန်၊ကဆန် မလုပ်နဲ့ ..”ဟုပြောသည်။ အမြီး ပန်းကန်
ကို လှန်းနှိုက်လိုက်မိပေမဲ့  ကျွတ်ပြီးရဲနေသော ပတပ်ကြော် အမည်းပန်းကန် ထဲမှာ နှုတ်ခမ်းတို့  ဆူနေမည့် 
မဟေသီ့  မျက်နှာလေးသာ မြင်မိပါသည်။ မြို ချ မိနေသော “မြောက်ခေါင်း ” ဦးရည် က ခါတိုင်းထက် ပို ပူပြီး
ခါးနေသလိုပါ။
“ပေ ဘယ်လောက်ရောက်သွားပြီလဲ ဆရာ...” ကျွန်တော်က ဗိုလ်သန့် ကိုမေးလိုက်ပါသည်။
“အင်း.. ဒီ ည ဆို ပေ လေးထောင် ကျော် နိုင်တယ် ” ဗူမိဗေဒ ဌာန မှ ကိုသောင်းစိန် က ဝင်ဖြေလာပါသည်။
“ ဒါဆို.. ဆယ့် သုံး လက်မ သုံးမူး ကေဇင်( တွင်း ကာဘာ ပိုက် ) ချတော့  မှာပေါ့ ...” ကျွန်တော်က သူ့ ကို ပြန်
ပြော လိုက်ပါသည်။ ထိုတွင်းကာဗာပိုက်များကို ပေ တိမ်မှစ၍ နက်လာသည့်  ပေ အတိုင်း လက်မသုံးဆယ်၊လက်
မနှစ်ဆယ်၊ ဆယ့် သုံးလက်မ သုံးမူး၊ ကိုးလက်မ ခြောက်မူး စ သည်ဖြင့် အဆင့် ဆင့်  တူးပြီး ချသွားရပါသည်။
ပိုက်လုံးကြီး တစ်လုံးနှင့် တစ်လုံး ဆက်တိုင်း COUPLIN ( အရစ်ဂေါင်း ) ကြီးများဖြင့်  လှည့် ကြပ် ၍ ဆက်ပြီး
ချရသော်လည်း ပေ နက်ဖြစ်ပြီး ဝိတ် နှင့် အလုံးပေါင်းများစွာ မြေကြီးထဲ ဆင်းသွားရသောကြောင့်  စိတ်ချရစေ
ရန် ကျွန်တော်တို့  WELDER (အရပ်အခေါ်..ဝယ်တာ ) တို့ က ထို အရစ်ဂေါင်းများ ကြပ်ပြီးတိုင်း ဂဟေ ထပ်
ဆော်ပေးနေရခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့  ရေနံ တူးစက် အမည်က National 55/5 တွင်းတူးစက်ပါ။
ပေနက်တူး စက်လတ် အမျိုးအစားဖြစ်ပါသည်။ ပေပေါင်း ခုနှစ်ထောင် အထိ တူးနိုင်ပါသည်။
ရှာဖွေရေး ဌာန မှ တူးရမည့်  နေရာ ကို သတ်မှတ်ထားခဲ့ သည့် နေရာ အရောက် ထိုတွင်းတူးစက်ကြီးကို ကုန်း
တတန်၊ရေတတန် ခရီး အဆင့် ဆင့်  တစ်စဆီဖြုတ်၍ အရောက်သယ်ရွှေ့ ရပါသည်။ဒီဇာယ် စက်ခေါင်းအရွယ်
CATARPILOR ဒီဇာယ် အင်ဂျင် ကြီး သုံးလုံးဖြင့်  တည်ဆောက်ထားပါသည်။ ရွှံ့  နှင့်  ရေ တို့ ကို ရောစပ်ဖျော်
ပြီး Pressure နှင့်  တွင်းထဲ ကို မှုတ်သွင်းဘို့  အတွက် အားကောင်းသော ပန့် ကြီး( Pump ) များကို မောင်းနှင်နိုင်
ရန်အတွက် တွင်းတူးစဉ်အောက်တွင် နောက်ထပ် CATARPILOR အင်ဂျင် ကြီးများလဲ ရှိနေပါသေးသည်။
တွင်းတူးစဉ်နှင့်  နောက်တန်း ဝန်ထမ်းလိုင်း သုံးရန် အတွက် မီးစက် ကြီးလဲရှိနေပါသေးသည်။ ထို အင်ဂျင်စက်
ကြီးများ နှစ်ဆယ့် လေးနာရီ လည်ပတ်နိုင်ရန်အတွက် စက်သုံးဆီ ဂါလံ ပေါင်းများစွာကို အစမ်းတွင်းရှိရာ ဒေသ
အရောက် ကုန်းတတန်၊ရေတတန် ဖြင့်  ဆီ တန်ကာ စီဘီ တွဲများ၊ ဆီ ဗောက်ဆာ များဖြင့် အဆင့် ဆင့်  အဆက်
မပြတ်ပေးပို့ နေ၇သောကြောင့်  ကျွန်တော်တို့  ရေနံ အစမ်းတွင်း တစ်ခု ထောင်ပြီ ဆိုသည်နှင့်  နိုင်ငံတော်မှ
အရင်ဦးဆုံး ငွေ သိန်းပေါင်းများစွာ အကုန်ကျခံ မတည် ရပါတော့ သည်။
စကားတို့  ကောင်းနေတုံး အဝေးရှိ မြူတို့ ဖြင့်  မှောင်နေသော တောအုပ်ထဲမှ လက်ကနဲ သော ကားမီးရောင်နှင့် 
အတူ သီချင်းအော်ဆိုလာသံ၊ ဆူညံသောစကား ပြောသံ တို့ ကိုပါ ကြားလာ၇ပါသည်။ ည ဆိုင်း (Neight shieft)
ထွက်လာခြင်းဖြစ်ပါသည်။ ည ဆယ့် တစ်နာရီ ထိုးသွားပါပြီ။
ကျွန်တော်တို့  တွင်းတူး အဖွဲ့ တွင် အင်ဂျင်နီယာ၊ မော်တော်ယာဉ်၊ ဗူမိ၊ ဓါတု၊လျှပ်စစ်၊ ရေဒီယိုတယ်လီဖုန်း၊
တွင်းတူး၊ စသည်ဖြင့်  သူ့ ဌာနနှင့် သူ ရှစ်နာရီ ဆိုင်း သုံးဆိုင်းဖြင့်  လှည့် ပတ်နေတတ်သော်လည်း ကျွန်တော်
တို့  အင်ဂျင်နီယာ ဌာန ရှိ ကျွန်တော် “ဝယ်တာ” တို့  ကတော့  အဆိုင်း မရှိပဲ နှစ်ဆယ့် လေးနာရီ စတန်းဘိုင်
ဖြစ်နေရပါသည်။ ဆိုလိုတာက Shieft car နှင့်  လိုက်သွားစရာ မလိုပဲ အလုပ်ပေါ်၍ စက်နှင့် လှန်းတက်လာမှ
ကားနှင့်  ထ ပြေးရသည့် အလုပ် ဖြစ်ပါသည်။ တူးနေသည့် နေရာနှင့်  ဝန်ထမ်း လိုင်းက နှစ်မိုင်ခန့်  ထပ်ဝေးပါ
သေးသည်။
ဗိုလ်သန့် က မယ်ဒလင်ကြိုးကို စ ညှိ နေပါသည်။
ကျွန်တော်သိလိုက်ပြီ၊ “ ဂျင်မလေး ဂျမ်း ” သီချင်း ကို သူ ဟဲ ပါတော့ မည်လို့ ။
ဥာဏ်ထွန်းက မြောက်ခေါင်း နောက်တစ်လုံးကို ဂေါင်းချိုး နေပါသည်။
ကျွန်တော်လည်း ကွပ်ပျစ် ပေါ် ရှိ ပြန့် ကျဲနေသော မြောက်ဂေါင်း ပုလင်းခွံများကို တောင်းကြီး တစ်လုံးထဲ စုထည့် 
လိုက်ပါသည်။ မြူတွေက ပိုမို သိပ်သည်း လာသလို ခံစားရပါသည်။ ရင်ထဲမှာပူလွန်းနေပေမဲ့  အပြင်ကတော့ 
အေးလာသလိုပါ။ လေ တစ်မျက် ဝှေ့ လိုက်တော့  စိမ့်  သွားသလို ဖြစ်လာ၍ စွန်ပျံ ဆေးလိပ် ကို ပါးစောင်တွင်
ကိုက်ပြီး မီးညှိ လိုက်ဖြစ်သည်။
ဆေးလိပ်မီးခိုးတို့ ကို ပိန်းပိန်းပိတ်လာသော မြူမှုံထု ထဲသို့  မှုတ်ထုပ်လိုက်ရင်း ဗိုလ်သန့်  ဟဲ နေသော “ဂျင်မ
လေးဂျန်း”သီချင်း ကို အလျှင် မီ အောင်လိုက်ခံစားနေမိပါသည်။ အင်း..ကိုမင်းနောင် ကြီးတစ်ယောက် သာ
သိရင် သူ့ ကို လာရောက်ပွေ့ ဖက်နူတ်ဆက်မိမှာ အသေချာ ဟုတွေးမိပါသည်။ သူ့  ထက်ကောင်းလို့ ပါ။
စိတ်ညစ်စရာလေ။
အဝေး ကို ငေး နေယင်းက မော်တော်ယာဉ် ဌာန ရှေ့ ကို ကြည့် မိသွားပါသည်။
သေတ္တာ ကြီးနှစ်လုံးပါ။ အလွန်ချမ်းနေသည့်  သေတ္တာကြီး နှစ်လုံးပါလို့ ။
ဟင်... ဒါဆို. . မဟေသီ.. ဟိုက်... တုန်နေတော့ မှာပါ။
ကျွန်တော် ဝါးကွပ်ပစ်ပေါ်မှ ကပြာ ဆင်းလိုက်မိတော့ သည်။
“ဟေ့ ရောင်..နောက် ဒဂွက်ရေ...” ဟု ဥာဏ်ထွန်း ပေးလာသော ခွက်ကိုတောင် မယူမိတော့ ပါ။
အင်း ..ငါ့  အခန်းက ဘယ်မှာပါလိမ့် .. ဆိုပြီး အရှိန်တို့ ညိမ်အောင် ထိန်းပြီး မဟေသီ ရှိနိုင်မည့်  ကုန်း ကလေး
ဆီသို့  သုပ်ခြေတင် လာခဲ့ မိတော့ ပါတော့ သည်။
ဟင်းမျိုး ဖြစ်သော လင်းကြက် ကြီးက ကျွန်တော့် ကို တွန် ပြီး အတောင်တဖြတ်ဖြတ်ရိုက်၍ နူတ်ဆက် လိုက်
ပါတော့ သည်..လို့ ။
..................................................................................................................................

Subscribe to:
Posts (Atom)