Wednesday, June 24, 2009

ငယ်ဘဝအစိတ်အပိုင်းများ ( ၂ )

..... ရှစ်တန်းနှစ်ရောက်လာတော့  ကျွန်တော်တို့  တော်တော် ငြိမ်သက်လာသည်ဟုထင်သည်။
အရင်တုံးကလို မီးတောက်နေအောင်တော့  မဆော့ ကြ၊မနောက်ကြတော့ ။
လူကြီးတွေပြောသလို ကြီးကောင်ဝင်လာပြီဆိုတော့  အကြီးကောင်တွေလို မကြာခဏ
ခပ်ငြိမ်ငြိမ်ပြောင်းကဲလာကြသည်။
..... ကျွန်တော်တို့ အပေါ် ဆရာများ၏ အုပ်ချုပ်ပုံပါ ပြောင်းလဲလာတာကိုတော့ သတိပြုမိသည်။
မပြောင်းလဲခဲ့ တာကတော့  ကျွန်တော်တို့ အုပ်စုပါ၊ခုနှစ်တန်းတုံးက ငပွေးနှင့် ငစွာ အုပ်စု
က ( စီ )ခန်းမှာ၊ရှစ်တန်းရောက်ပြန်တော့  ဒီအုပ်စုပဲ ( စီ ) ခန်းမှာ ဆုံကြပြန်သည်။
တိုးလာတာက ဧပရယ် လို့ ခေါ်တဲ့  မထ္ထိလာ မှပြောင်းလာသော ကောင်မလေးဖြစ်သည်။
..... သူကခရစ်ယန်ဘာသာဝင်ဂျူးစပ်၊အသားဖြူဖြူ မျက်နှာပေါ်တွင် မှဲ့ခြောက်ကလေးများ
ရှိသည်။ခပ်အေးအေးနေတတ်၏ ထို့ ကြောင့်  ကျွန်တော်တို့ အုပ်စုနှင့်  ဆန့် ကျင်ဘက်ဖြစ်
နေသည်။ အသစ်ဆိုတော့  အတန်းရဲ့ ထိပ်ဆုံး အဝင်ဝခုံမှာ ထိုင်သည်။
..............................................................................................................................
..... ကျွန်တော်တို့ အထက်တန်းကျောင်း ရောက်ခါစအချိန်တုံးက မြန်မာ့ လက်ရွေးစင်ဘောလုံး
အသင်း အလွန်ရေပန်းစားနေချိန်ဖြစ်သည်။ ကိုသန်းတိုးအောင်တို့  စ, တက်ခါစ အချိန်လဲ
ဖြစ်သည်။ ထိုနေ့ က ယိုးဒယားနှင့်  ကစားမည့် ပွဲရှိ၍ ညနေပိုင်း ကာယအချိန်(ပီ တီ ချိန် )
မဝင်မှီ ကျွန်တော်တို့ ငပွေးအုပ်စု ကျောင်းမှလစ်ထွက်ခဲ့ သည်။ အိမ်သာနောက် ခြံစည်းရိုးတန်း
ကိုကျော်ထွက်ခဲ့ ရသောကြောင့် ကျွန်တော့် ကျောင်းစိမ်း ဒေါင့် တန်းပြဲသွား၍ လှည့် ဝတ်ခဲ့ ရ
သည်။ မသန်းသန်းတို့ ငစွာအုပ်စုကတော့ ကျွန်တော်တို့ လိုမကျော်ရဲ၍ ကျန်ခဲ့ ရရှာသည်။
အဲဒီနေ့ ကမော်နီတာ သည် ဧပရယ် ဖြစ်သည်။
..............................................................................................................................
..... ကျောင်းရှေ့ ရှိ ကြည်နူးရိပ် လ္ဘက်ရည်ဆိုင်ရောက်တော့ သောက်စရာရေနွေးအိုးတောင်မရတော့ ။
များလိုက်တဲ့ လူတွေ၊ ( T V ) ကိုတောင် သိပ်မမြင်ရချင်၊ ကိုယ်တွေက ပလက်ဖောင်းပေါ်ရောက်
နေတာကိုး။ ဒါပေမဲ့  ကျွန်တော်တို့ က ဘုရင့် နောင်မျိုးတွေဖြစ်လို့  နောက်လှည့် မကြည့် စတန်း
အောင်ကိုအောင်ရမယ်၊နိုင်ရမယ်၊ ဂိုး...လို့  အော်နိုင်ရမယ်ဟုမာန်တင်းပြီး တံတွေးတွေသာမြိုချ
မိနေသည်။ ရေပါငတ်လာသည်။
..... " ဂိုး " ပါသည်။ တဝုန်းဝုန်းနှင့်  တစ်ဆိုင်လုံးကြွက်ကြွက်ညံတော့ သည်။အော်သံတို့ က
တော်လဲသံကဲ့ သို့ တစ်မြို့ လုံး ပြန့် နုံ့ သွားပါသည်။ ကိုသန်းတိုးအောင်သွင်းလိုက်သည်ဟု
ပြောသည်၊ ကျွန်တော်က ထင်လင်းကို " သန်းတိုးအောင်သွင်းတာဆိုတော့  မြန်မာဘက်ကပေါ့ 
နော် " ဟု အော်ပြောတော့ သူကျွန်တော့် ကိုပြန်တုတ်သည်။ တစ်ဂိုး၊တစ်ဂိုးပါ၊ ပထမပိုင်း
ပြီးသွားသည်၊ ပေါက်ကြီးရဲ့  ပုဆိုးကိုနင်းရန် လှန်းချောင်းတော့ ပုဆိုးကိုနှစ်ခေါက်ခေါက်၍
ဒူးဆစ်လောက်ထိတင်ဝတ်ထားသည်။ထိုင်ရမလို၊ထရမလိုဖြစ်နေသည်။
ဩော်...ဘုရင့် နောင်မျိုးခြင်းမို့ အားပေးနေတာလေ။
.................................................................................................................................
.....ထိုနေ့ က.. ဘုရင့် နောင်တို့ .. ခေါင်းငိုက်စိုက်ချ၍ ပြန်ခဲ့ ကြရပါသည်။
ကိုသန်းတိုးအောင်တို့ ကောင်းပြီး ရှူံးခဲ့ ကြပြန်ပါသည်။ နှစ်ဂိုး၊တစ်ဂိုးနှင့် ပါ။
ပေါက်ကြီးက တစ်လမ်းလုံး မြည်တွန်တောက်တီးနေတော့ ၏
ရည်းစားက ငြင်း လိုက်သည့်  ခံစားမူမျိုး ဖြစ်မည်ဟု ကျွန်တော်ထင်သည်။
................................................................................................................................
..... နောက်တစ်နေ့  ကာယချိန်ရောက်တော့  ကျွန်တော်တို့ ရဲ့  အစဉ်အလာရှိသော
ဘုရင့် နောင်ခြေသလုံးများ ပူပြီးတောင့်နေအောင် ဆရာမက အတန်းရှေ့ထွက်ခိုင်းပြီး
ထိုင်၊ထ အခါတစ်ရာစီလုပ်ခိုင်းလေတော့ သည်။
အထိုင်၊အထ အခါတစ်ရာလုံး ကျွန်တော် ဧပရယ်ကို နိမ့် ချဉ်၊ မြင့် ချဉ် ဖြင့် အလွတ်
မှတ်မိနေအောင် မြင်နေရတော့ သည်။ သူနှင့် မဆိုင်သလိုပါပဲ၊မော်နီတာဆိုတော့ 
တာဝန်အရပေါ့ လေ။
................................................................................................................................
..... ကာယဆရာမ ဒေါ်မာလာတင်က " အနာဂတ်ရဲ့  ကျန်းမာသန်စွမ်းတဲ့ သားကောင်း၊
သမီးကောင်းရတနာတွေဖြစ်လာဘို့ ၊မွေးဖွားလာဘို့ သားတို့ သမီးတို့ မှာတာဝန်တွေ
ရှိနေတယ်...." ဘာညာ.. စသည်ဖြင့် တစ်တန်းလုံးကို မြွက်ကြားနေချိန်တွင်
ကျွန်တော် စာအုပ်တစ်အုပ်ထုပ်ပြီး၊ စာရွက်တစ်ရွက်ဖြဲယူလိုက်သည်။ ပြီး..စာတစ်စောင်
ခပ်သွက်သွက်ရေးလိုက်သည်။ ပေါက်ကြီးတို့ မနေ့ဘောပွဲအကြောင်း စားမြုံ့ ပြန်နေကြ၏
ံ့ စာရွက်ကို လေယာဉ်ပုံခေါက်လိုက်သည်၊လမ်းကြောင်းဖြောင့် ဖြောင့် သွားနိုင်ရန်အတွက်
ခေါက်ထားသည့် အနားများကို ပိပြားနေအောင်ဆွဲလိုက်သည်။
................................................................................................................................
...... ဆရာမထွက်သွားပြီး ခဏကြာတော့  ကျွန်တော် မတ်တပ်ထပြီး စက္ကူလေယာဉ်ပျံလေးကို
လက်မနှင့် လက်ညိုးကြားညှပ်၍ လေမူတ်သွင်းလိုက်သည်။ပြီး. မျက်စေ့ တဖက်မှိတ်ပြီး
ပစ်မှတ်ကို သေသေချာချာချိန်လိုက်သည်။ ဧပရယ့် ကိုပါ။ပစ်လိုက်သည်နှင့် ဒုံးပျံလိုတည့်
တည့်သွား၍မှန်လေတော့ သည်၊သူ့ရဲ့ နောက်စေ့ ကိုပါ။ကျွန်တော် ထိုင်ချလိုက်ပြီး ပေါက်ကြီး
တို့ နှင့် ပြန်ရောလိုက်သည်။
ခဏကြာရုံလေးရှိသည်။ မိန်းခလေးအုပ်စုဘက်မှ တဝေါဝေါ.. ရယ်သံထွက်လာ၏
သိပ်မကြာလိုက်ပါ၊ ဖိနပ်တစ်ဖက် ကျွန်တော့် ဆံပင်တွေကို ပွတ်ကာ ပျံထွက်သွားသည်။
ဖိနပ်ပျံလာရာလှန်းကြည့်လိုက်တော့ မယ်မင်းကြီးမ နောက်တစ်ဖက်ကိုင်ကာထထွက်
လာတာမြင်လိုက်ရလျင်ပဲ လာခြင်းမကောင်းတာတော့ သေချာလွန်းသည့် အတွက်
ကျွန်တော်လဲ ထ၍ သုတ်ချေတင်ရတော့ သည်။
................................................................................................................................
..... ကျွန်တော်တို့ နှစ်ယောက် ထောက်ရှာငှက်တို့ ပျံသန်းသလို လျင်မြန်သောအဟုန်ဖြင့် 
နိမ့် လိုက်၊မြင့် လိုက် ကွေ့ လိုက်ကောက်လိုက်ဖြင့် တစ်ကျောင်းလုံးကုန်အောင်ရှောက်
ပြေးနေသဖြင့် အခန်းတွေအားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်တော့ သည်။ထုံးစံအတိုင်း
ကျောင်းအုပ်ကြီးရုံးခန်းရောက်မှ ခရီးစဉ်ပြီးဆုံးတော့ ၏
..... မိဘခေါ်ရပါသည်။ ခံဝန်ချက်ထိုးရပါသည်။ မော်နီတာကိုလည်း တောင်းပန်လိုက်ရပါသည်။
ဘာကြောင့်  အပစ်ရှိသည်ကို သိသာရန်အတွက် ရုံးခန်းတွင် ကိုယ်ရေးတဲ့ စာကို ကိုယ်
ပြန်ဖတ်ပြခဲ့ ရပါသည်။ စာပါအပြည့်  အစုံမှာအောက်ပါအတိုင်းဖြစ်ပါကြောင်း.....။
" အနာဂါတ်မှာ ဒို့ တွေ..ယိုးဒယားအသင်းကိုနိုင်ဘို့ အတွက်၊ကိုယ်တို့ မှာတာဝန်ရှိသည်
နှင့် အညီ၊ကိုယ်တို့ တစ်ရှဉ်း ဘောလုံးတစ်သင်းစာ တာဝန်ယူမွေးထုပ်ကြရအောင် "
...............................................................................................................................
ဝထ္ထုတို

7 comments:

သုဒြေ္န said...

လာပြီနော်တစ်လိုချင်လို့ 

သုဒြေ္န said...

သြ ......... ဗီစက......အဲဒီအရွယ်ထဲက .........ပြတယ်ပေါ့ လေ.......တော်လိုက်တဲ့ ညီလေးကွာ........ရေးပုံကိုက...ကိုယ်တို့ တရှဉ်း...ဘောလုံးတသင်းစာ.....တာဝန်ယူမွေးမယ်တဲ့ .....အရပ်ကရို့ေ၇...ကောင်းကြသေးရဲ့ လားလို့ သာ.....မေးလိုက်ချင်ပါတော့ တယ်.....ခင်ဗျား...အလကားငပွေး......သောက်တလွဲတော်တယ်.............ချစ်တဲ့ .....ကိုကြီး....သုဒြေ္န

ခြေလှမ်းသစ် said...

ယိုးဒယားအသင်းကို နိုင်ဖို့  ခေါက်ဆွဲမစားကြေးနော် ၂ ယူသွားပါတယ်ဗျာ ၁ မရလို့ နော်

ဧပရယ်၈၄၇၇ said...

ဒါနဲ့ စကားမစပ် နို့စားနွားလား ခိုင်းနွားလား ဗျို့...............

ဇော် said...

အဲ့ဒီ ဘောလုံးအသင်းမှာ ကျနော် ဒိုင်လူကြီးလုပ်ချင်တယ်။
အဟိ။ =P

ဂျစ်တူးလေး said...

တယ်လည်း တတ်နိုင်တယ်....
အခုမှဖြူတယ်ထင်တာ ငယ်ငယ်ထဲက
ဖြူတာပဲ....ဒါကြောင့် မမခိုင် ဗိုက်ကြော ဆွဲလိမ်တာ
ခံရတာ....ကောင်းတယ်...ကောင်းတယ်...။

ကိုကြီး ဂျစ်လာအားပေးတယ်နော်....။

ချစ်တဲ့
ညီမငယ်လေး ဂျစ်

မြစ်ကျိုးအင်း said...

ခုရောယိုးဒယားကို နိင်ပြီပေါ့...
နောက်တသင်းလောက်ထပ်မွေးလိုက်ရအောင်...။