Monday, June 29, 2009

လွဲချက်ကနာသဗျာ။

.... ယ္ခုတလော နန်းကန်မြေအောက် ကျဉ်ဆန်ရထား စီမံကိန်းတွင် အလုပ်တက်နေရသည်။
ဖုန်စုပ်စက်သံ၊ လေမူတ်စက်သံ၊ မြေကြီးထိုးစက်သံတို့ သည် ဖုန်မူန့်၊အပူငွေ့ တို့ နှင့် အတူ
မြေကြီးအောက် သုံးထပ်အထိ ငြမ်းလှေကားအတိုင်း ဆင်းလာနေသော ကျွန်တော့် ကို
တွန်းတိုက်၍ အပေါက်ထဲမှ အပေါ်သို့  အလိပ်လိုက် ထိုးတက်နေသည်။လောင်မြိုက်သော
အတွေ့ ကို စတင်ခံစားရပါသည်။မြေပေါ်မှာ မိုးရွာခြင်း၊ နေပူခြင်း၊ တိုင်ဖုန်းဝင်ခြင်း တို့ နှင့် 
မပတ်သက်သောသီးခြားနေရာလေးတစ်ခုဖြစ်နေသည်။
.... အလုပ်ပြီးရမည့် ရက်နီးကပ်နေသောကြောင့်  ခုနှစ်ရက်၊တစ်ပတ်နူန်းဖြင့်  ဆက်တိုက်ဆင်း
ခဲ့ ရသည်မှာ တစ်လနီးပါးရှိခဲ့ ပြီး အိမ်ပြန်ရောက်တိုင်း ကိုယ်လက်တို့  မလူပ်ခြင်၊ကုတင်ပေါ်
အရင် ပက်လက်လှန်၍ အမောတို့ ဖြေရပါသည်။တစ်ခါ၊တစ်ရံ ထ္မင်းစားချိန်လွန်သည်အထိ
အိပ်ပျော်သွားတတ်ပါသည်။
.... ရှစ်နာရီလောက် ထ္မင်းထွက်စား၊ သူငယ်ချင်းတစ်ချို့ နှင့် တွေ့ လျင်စကားခဏပြောပြီး
အိမ်ကို အမြန်သုတ်ခြေတင်ရတော့ သည်၊ အွန်လိုင်းတက်ရအုံးမည်လေ။ ကျွန်တော် မြန်မာပြည်
မပြန်ဖြစ်ခဲ့ သည်မှာ ( ၂ ) နှစ်နီးခွဲနီးပါးရှိပြီ။မိသားစုနှင့် ရည်းစားကို ခွဲထားခဲ့ ရသည့် ကာလ
တလျှောက် အွန်လိုင်းတက်သည့်  အလုပ်က ကျွန်တော့ ရဲ့ ဘဝ အစိတ်အပိုင်းတစ်ခုဖြစ်နေသည်။
.................................................................................................................................
.... သည်နေ့  အလုပ်ဆင်း၍ ဘူတာပေါ်ပြန်တက်လာတော့ ၊ ကျွန်တော့ ဖုန်းထဲတွင်မစ်(စ)ကော
တစ်ခုနှင့် မက်ဆေ့ (ချ) တစ်ခုကိုတွေ့ လိုက်ရသည်။ကျွန်တော်မကြားမိခဲ့ ခြင်းဖြစ်သည်၊နေ့ လည်က
ဝင်ထားတာ။ မြန်မာပြည်မှ ရည်းစားဆီကဖြစ်သည်။ " ယူ..ဖုန်းမဆက်တာကြာပြီ၊ဘာလုပ်နေလဲ " တဲ့ ။
.... ရည်စားဆိုတော့ လည်း အရေးပေးမှဖြစ်မည်။ သူနှင့် ကျွန်တော်က၊ သည်တစ်ခါပြန်လျင်
တူနှစ်ကိုယ်တိုင်းပြည် တည်ဆောက်ဖို့ ရှိနေသည်။ သူ့ မိဘများက နေပြည်တော် ပျဉ်းမနားမှာ
မြေတစ်ကွက်တောင် ဝယ်ထားပေးပြီဆိုပဲ၊ လည်ထွန်ဘို့ (အဲလေ) အိမ်တစ်ဆောင်ထူထောင်ဘို့ တဲ့ ဗျား။
.... ခက်တာက.. ကျွန်တော် အော်ဖေကီ တို့ အခုတစ်လော လာဘ်ဝင်နေသည်။ မိုးနတ်မင်းက
တိုင်ဝမ်မှာအနေကြာနေသော ( lonely) ဖြစ်နေသော သူ့ သားတော် အီဖေကိုယ့် ကို မဟာဂရုဏာတော်
အပြည့် ဖြင့် ကျွန်တော့်  ဂျီတော့ ခ် ထဲသို့ အွန်လိုင်းမှတဆင့်  နတ်သမီး တစ်ပါးထိုးထည့် ပေးထား၍
ဖြစ်သည်။
.... သူလေးက မြန်မာပြည်ကပါပဲ။ တစ်နေ့  ကျွန်တော့်  ဂျီတော့ ခ် ထဲသို့  မော်ဒယ်ဂဲလ်လေးလို လှတဲ့ 
ဓါတ်ပုံလေးတစ်ပုံဝင်လာသည်။ သူ့ နာမည်က ဧပရယ်တဲ့ ။ ကျွန်တော်လဲ အားနာနာ နဲ့  အပြန်အလှန်
" hi " လိုက်ရသည်ပေါ့ ဗျာ။ ဒါပေမဲ့ .. မိန်းခလေး နာမည်တွေနဲ့  လိုက်စားနေတတ်တဲ့  ဗညားတို့ အုပ်စု
ကို ကြောက်လို့ ထုံးစံအတိုင်း အရှင်းဆုံးမေးခွန်းကို ဒဲ့ ပဲ ပြန်မေးလိုက်မိသည်။
.... ကျွန်တော့်  အီးမေးလ် ကို ဘယ်လိုရတာလဲလို့ ၊ အဲဒီတော့  သူက ရန်ကုန်မှာ ကျွန်တော့် အဒေါ်
ဝမ်းကွဲနှင့် အတူ တစ်ရုံးထဲ အတူတူလုပ်နေသည်ဟုပြန်ဖြေလာသည်။ ဒါကြောင့်  ကျွန်တော်လဲ စိတ်ချ
သွားရသည်။ဒီကောင်တွေ အုပ်စုထဲမှာ ကျွန်တော့်  အဒေါ်ဝမ်းကွဲကို သိတဲ့ သူမရှိပါ။
.... ဘဝင်ကျသွား၍ ကျွန်တော် မိတ်မပျက်အောင် ဆက်လှိမ့် ရတော့ ၏ မိန်းခလေး အများစုက သူတို့ 
ကိုယ်ရေးကိုယ်တာကိစ္စတွေသိပ်မပြောချင်ကြသောကြောင့်  ဘာလုပ်နေလဲ.. ဘာညာ.. စသည်ဖြင့် 
အလုပ်ကိစ္စတွေဘက် လှည့် ရတော့ သည်။
.... ရန်ကုန်မှာ တရုတ်စကားပြောနှင့် ကွန်ပြူတာသင်တန်း တက်နေကြောင်း၊ တရုတ်စကားပြောဆိုတာနဲ့ 
လျှာရှည်ဘို့ ၊ ဂွင်တွေ့ သွားပြီး တရုတ်လိုမတောက်တစ်ခေါက်နှင့် နောက်လိုက်၊ပြောင်လိုက် နှစ်ယောက်
သားတစ်နာရီကြာပေရှည်ယင်း သူကအိပ်တော့ မယ်ဆိုပြီး " ဘိုင့်  ဘိုင်.. " လုပ် ထွက်သွားတော့ 
ညဆယ့် နှစ်နာရီ ခွဲသွားပြီ။
.... အဲဒီလိုနဲ့  ညတွေများလာတော့  မြန်မာပြည်က စီမံကိန်းရည်စားနှင့် ဖုန်းအဆက်ကြဲလာပြီး ဧပရယ်နှင့် 
တစ်စတစ်စရင်းနီုးလာယင်း အွန်လိုင်းပေါ်က ချစ်သူ တွေဖြစ်လာကြသည်ဆိုပါတော့ ဗျာ။
............................................................................................................................................
.... အခုတစ်လော ကျွန်တော် အတော့် ကိုမအားဖြစ်နေရပါသည်။ အလုပ်ကတစ်ဖက်၊ ရည်းစားကတစ်ဖက်
ချစ်သူကတစ်ဖက် ဗျာများနေရသည်။ မျက်တွင်းဟောက်ပက်ဖြစ်နေရတာတောင် တယ်ဟုတ်တဲ့ ငါပါလားလို့ 
မာန်တက်နေမိသည်။
.... ရည်းစားက ပြန်လာခဲ့ ဘို့ ခေါ်နေသည့် အချိန်တွင်ပဲ၊ ချစ်သူက နှစ်ကူးအမှီ တိုင်ဝမ်ကိုတက်လာခဲ့ ဘို့ 
စုံစမ်းခိုင်းနေတော့ ၏ မိတ်မပျက်အောင်တော့  ချစ်သူကို တက်လာနိုင်ဘို့  ကိုယ်ဖိ၊ရင်ဖိ အစွမ်းကုန် ကူညီ
စောင့် ရှောက်ပါမည့်  အကြောင်း ကတိတွေပေးဖြစ်နေတော့ သည်။
.............................................................................................................................................
.... တစ်နေ့ .. ထိုတစ်နေ့ ပေါ့ ဗျာ..။
ထုံးစံအတိုင်း ချစ်သူက ဘိုင့် ဘိုင် ဆိုပြီး နူတ်ဆက်၍ ထွက်သွားပြီး၊ သိပ်မကြာခင်မှာပဲ ရည်စားဆီကဖုန်းဝင်
လာတော့ သည်။ " ဘယ်လိုလဲ.. လူလည်ကြီး၊ ကိုယ့် ကိုယ်ကို သိပ်လည်လှပြီထင်နေတယ်ဟုတ်လား
ကိုမြင့် ရေ.. ပြောလိုက်တော့ မယ်၊ ဧပရယ်ဆိုတာ.. ကျွန်မပဲ၊သိပ်နေနိုင်လွန်းတဲ့  ရှင့် ကို ဒီနည်းနဲ့ ပဲ
စုံစမ်းခဲ့ တာ၊ လူလိမ်ကြီး.. နောက်ကို.. ကျွန်မနဲ့  လုံးဝ မဆက်သွယ်ပါနဲ့ တော့ ၊ ရှင်နဲ့ ကျွန်မတော့  ဒီနေ့ 
ပဲပြတ်ပြီ " ဟုဆိုပြီး ဂွပ် ကနဲဖုန်းချသွားတော့ သည်။
.... ကဲ.. လုပ်ကြပါအုံးအရပ်ကတို့ ရေ..။
ကျွန်တော်တော့  လွဲပြီဗျာ။ချစ်သူနဲ့ ရော၊ ရည်းစားနဲ့ ရောလေ။
တော်လိုက်တာဗျာ၊ကျွန်တော့် ရည်းစား၊ ညံ့လိုက်တာဗျာ.. ကျွန်တော် အီဖေကိုယ်လေ။
ဒါကြောင့်  ရင်းနီုးနေပါတယ်လို့ ထင်နေတာ၊ နဲနဲလေးမှ မရိတ်မိခဲ့ သောကိုယ့် ကိုယ်ကို ယူကျုံးမရဖြစ်လာပြီး
နံရံနှင့် ခေါ်င်း ပစ်ဆောင့် လိုက်ဖြစ်တော့ သည်၊ခေါင်းအုံးခံ၍ပါ။
.....................................................................................................................................
.... မိုးနတ်မင်းကိုမော့ ကြည့် မိသည်။ အချိန်အခါမဟုတ်ပဲ မိုးဖွဲတို့ ကျလာသည်။
လွဲချက်ကနာလွန်းသော ကျွန်တော့ ကို မိုးကြိုးသာပစ်ချလိုက်ပါတော့ ဟု....။
( အီးမေးလ် တစ်ခုမှရခဲ့ သည့်  အဖြစ်အပြက်တစ်ခုကို ပြန်လည်ရေးဖွဲ့ ပါသည်။)
.....................................................................................................................................
(ဝထ္ထုတို)

Wednesday, June 24, 2009

ငယ်ဘဝအစိတ်အပိုင်းများ ( ၂ )

..... ရှစ်တန်းနှစ်ရောက်လာတော့  ကျွန်တော်တို့  တော်တော် ငြိမ်သက်လာသည်ဟုထင်သည်။
အရင်တုံးကလို မီးတောက်နေအောင်တော့  မဆော့ ကြ၊မနောက်ကြတော့ ။
လူကြီးတွေပြောသလို ကြီးကောင်ဝင်လာပြီဆိုတော့  အကြီးကောင်တွေလို မကြာခဏ
ခပ်ငြိမ်ငြိမ်ပြောင်းကဲလာကြသည်။
..... ကျွန်တော်တို့ အပေါ် ဆရာများ၏ အုပ်ချုပ်ပုံပါ ပြောင်းလဲလာတာကိုတော့ သတိပြုမိသည်။
မပြောင်းလဲခဲ့ တာကတော့  ကျွန်တော်တို့ အုပ်စုပါ၊ခုနှစ်တန်းတုံးက ငပွေးနှင့် ငစွာ အုပ်စု
က ( စီ )ခန်းမှာ၊ရှစ်တန်းရောက်ပြန်တော့  ဒီအုပ်စုပဲ ( စီ ) ခန်းမှာ ဆုံကြပြန်သည်။
တိုးလာတာက ဧပရယ် လို့ ခေါ်တဲ့  မထ္ထိလာ မှပြောင်းလာသော ကောင်မလေးဖြစ်သည်။
..... သူကခရစ်ယန်ဘာသာဝင်ဂျူးစပ်၊အသားဖြူဖြူ မျက်နှာပေါ်တွင် မှဲ့ခြောက်ကလေးများ
ရှိသည်။ခပ်အေးအေးနေတတ်၏ ထို့ ကြောင့်  ကျွန်တော်တို့ အုပ်စုနှင့်  ဆန့် ကျင်ဘက်ဖြစ်
နေသည်။ အသစ်ဆိုတော့  အတန်းရဲ့ ထိပ်ဆုံး အဝင်ဝခုံမှာ ထိုင်သည်။
..............................................................................................................................
..... ကျွန်တော်တို့ အထက်တန်းကျောင်း ရောက်ခါစအချိန်တုံးက မြန်မာ့ လက်ရွေးစင်ဘောလုံး
အသင်း အလွန်ရေပန်းစားနေချိန်ဖြစ်သည်။ ကိုသန်းတိုးအောင်တို့  စ, တက်ခါစ အချိန်လဲ
ဖြစ်သည်။ ထိုနေ့ က ယိုးဒယားနှင့်  ကစားမည့် ပွဲရှိ၍ ညနေပိုင်း ကာယအချိန်(ပီ တီ ချိန် )
မဝင်မှီ ကျွန်တော်တို့ ငပွေးအုပ်စု ကျောင်းမှလစ်ထွက်ခဲ့ သည်။ အိမ်သာနောက် ခြံစည်းရိုးတန်း
ကိုကျော်ထွက်ခဲ့ ရသောကြောင့် ကျွန်တော့် ကျောင်းစိမ်း ဒေါင့် တန်းပြဲသွား၍ လှည့် ဝတ်ခဲ့ ရ
သည်။ မသန်းသန်းတို့ ငစွာအုပ်စုကတော့ ကျွန်တော်တို့ လိုမကျော်ရဲ၍ ကျန်ခဲ့ ရရှာသည်။
အဲဒီနေ့ ကမော်နီတာ သည် ဧပရယ် ဖြစ်သည်။
..............................................................................................................................
..... ကျောင်းရှေ့ ရှိ ကြည်နူးရိပ် လ္ဘက်ရည်ဆိုင်ရောက်တော့ သောက်စရာရေနွေးအိုးတောင်မရတော့ ။
များလိုက်တဲ့ လူတွေ၊ ( T V ) ကိုတောင် သိပ်မမြင်ရချင်၊ ကိုယ်တွေက ပလက်ဖောင်းပေါ်ရောက်
နေတာကိုး။ ဒါပေမဲ့  ကျွန်တော်တို့ က ဘုရင့် နောင်မျိုးတွေဖြစ်လို့  နောက်လှည့် မကြည့် စတန်း
အောင်ကိုအောင်ရမယ်၊နိုင်ရမယ်၊ ဂိုး...လို့  အော်နိုင်ရမယ်ဟုမာန်တင်းပြီး တံတွေးတွေသာမြိုချ
မိနေသည်။ ရေပါငတ်လာသည်။
..... " ဂိုး " ပါသည်။ တဝုန်းဝုန်းနှင့်  တစ်ဆိုင်လုံးကြွက်ကြွက်ညံတော့ သည်။အော်သံတို့ က
တော်လဲသံကဲ့ သို့ တစ်မြို့ လုံး ပြန့် နုံ့ သွားပါသည်။ ကိုသန်းတိုးအောင်သွင်းလိုက်သည်ဟု
ပြောသည်၊ ကျွန်တော်က ထင်လင်းကို " သန်းတိုးအောင်သွင်းတာဆိုတော့  မြန်မာဘက်ကပေါ့ 
နော် " ဟု အော်ပြောတော့ သူကျွန်တော့် ကိုပြန်တုတ်သည်။ တစ်ဂိုး၊တစ်ဂိုးပါ၊ ပထမပိုင်း
ပြီးသွားသည်၊ ပေါက်ကြီးရဲ့  ပုဆိုးကိုနင်းရန် လှန်းချောင်းတော့ ပုဆိုးကိုနှစ်ခေါက်ခေါက်၍
ဒူးဆစ်လောက်ထိတင်ဝတ်ထားသည်။ထိုင်ရမလို၊ထရမလိုဖြစ်နေသည်။
ဩော်...ဘုရင့် နောင်မျိုးခြင်းမို့ အားပေးနေတာလေ။
.................................................................................................................................
.....ထိုနေ့ က.. ဘုရင့် နောင်တို့ .. ခေါင်းငိုက်စိုက်ချ၍ ပြန်ခဲ့ ကြရပါသည်။
ကိုသန်းတိုးအောင်တို့ ကောင်းပြီး ရှူံးခဲ့ ကြပြန်ပါသည်။ နှစ်ဂိုး၊တစ်ဂိုးနှင့် ပါ။
ပေါက်ကြီးက တစ်လမ်းလုံး မြည်တွန်တောက်တီးနေတော့ ၏
ရည်းစားက ငြင်း လိုက်သည့်  ခံစားမူမျိုး ဖြစ်မည်ဟု ကျွန်တော်ထင်သည်။
................................................................................................................................
..... နောက်တစ်နေ့  ကာယချိန်ရောက်တော့  ကျွန်တော်တို့ ရဲ့  အစဉ်အလာရှိသော
ဘုရင့် နောင်ခြေသလုံးများ ပူပြီးတောင့်နေအောင် ဆရာမက အတန်းရှေ့ထွက်ခိုင်းပြီး
ထိုင်၊ထ အခါတစ်ရာစီလုပ်ခိုင်းလေတော့ သည်။
အထိုင်၊အထ အခါတစ်ရာလုံး ကျွန်တော် ဧပရယ်ကို နိမ့် ချဉ်၊ မြင့် ချဉ် ဖြင့် အလွတ်
မှတ်မိနေအောင် မြင်နေရတော့ သည်။ သူနှင့် မဆိုင်သလိုပါပဲ၊မော်နီတာဆိုတော့ 
တာဝန်အရပေါ့ လေ။
................................................................................................................................
..... ကာယဆရာမ ဒေါ်မာလာတင်က " အနာဂတ်ရဲ့  ကျန်းမာသန်စွမ်းတဲ့ သားကောင်း၊
သမီးကောင်းရတနာတွေဖြစ်လာဘို့ ၊မွေးဖွားလာဘို့ သားတို့ သမီးတို့ မှာတာဝန်တွေ
ရှိနေတယ်...." ဘာညာ.. စသည်ဖြင့် တစ်တန်းလုံးကို မြွက်ကြားနေချိန်တွင်
ကျွန်တော် စာအုပ်တစ်အုပ်ထုပ်ပြီး၊ စာရွက်တစ်ရွက်ဖြဲယူလိုက်သည်။ ပြီး..စာတစ်စောင်
ခပ်သွက်သွက်ရေးလိုက်သည်။ ပေါက်ကြီးတို့ မနေ့ဘောပွဲအကြောင်း စားမြုံ့ ပြန်နေကြ၏
ံ့ စာရွက်ကို လေယာဉ်ပုံခေါက်လိုက်သည်၊လမ်းကြောင်းဖြောင့် ဖြောင့် သွားနိုင်ရန်အတွက်
ခေါက်ထားသည့် အနားများကို ပိပြားနေအောင်ဆွဲလိုက်သည်။
................................................................................................................................
...... ဆရာမထွက်သွားပြီး ခဏကြာတော့  ကျွန်တော် မတ်တပ်ထပြီး စက္ကူလေယာဉ်ပျံလေးကို
လက်မနှင့် လက်ညိုးကြားညှပ်၍ လေမူတ်သွင်းလိုက်သည်။ပြီး. မျက်စေ့ တဖက်မှိတ်ပြီး
ပစ်မှတ်ကို သေသေချာချာချိန်လိုက်သည်။ ဧပရယ့် ကိုပါ။ပစ်လိုက်သည်နှင့် ဒုံးပျံလိုတည့်
တည့်သွား၍မှန်လေတော့ သည်၊သူ့ရဲ့ နောက်စေ့ ကိုပါ။ကျွန်တော် ထိုင်ချလိုက်ပြီး ပေါက်ကြီး
တို့ နှင့် ပြန်ရောလိုက်သည်။
ခဏကြာရုံလေးရှိသည်။ မိန်းခလေးအုပ်စုဘက်မှ တဝေါဝေါ.. ရယ်သံထွက်လာ၏
သိပ်မကြာလိုက်ပါ၊ ဖိနပ်တစ်ဖက် ကျွန်တော့် ဆံပင်တွေကို ပွတ်ကာ ပျံထွက်သွားသည်။
ဖိနပ်ပျံလာရာလှန်းကြည့်လိုက်တော့ မယ်မင်းကြီးမ နောက်တစ်ဖက်ကိုင်ကာထထွက်
လာတာမြင်လိုက်ရလျင်ပဲ လာခြင်းမကောင်းတာတော့ သေချာလွန်းသည့် အတွက်
ကျွန်တော်လဲ ထ၍ သုတ်ချေတင်ရတော့ သည်။
................................................................................................................................
..... ကျွန်တော်တို့ နှစ်ယောက် ထောက်ရှာငှက်တို့ ပျံသန်းသလို လျင်မြန်သောအဟုန်ဖြင့် 
နိမ့် လိုက်၊မြင့် လိုက် ကွေ့ လိုက်ကောက်လိုက်ဖြင့် တစ်ကျောင်းလုံးကုန်အောင်ရှောက်
ပြေးနေသဖြင့် အခန်းတွေအားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်တော့ သည်။ထုံးစံအတိုင်း
ကျောင်းအုပ်ကြီးရုံးခန်းရောက်မှ ခရီးစဉ်ပြီးဆုံးတော့ ၏
..... မိဘခေါ်ရပါသည်။ ခံဝန်ချက်ထိုးရပါသည်။ မော်နီတာကိုလည်း တောင်းပန်လိုက်ရပါသည်။
ဘာကြောင့်  အပစ်ရှိသည်ကို သိသာရန်အတွက် ရုံးခန်းတွင် ကိုယ်ရေးတဲ့ စာကို ကိုယ်
ပြန်ဖတ်ပြခဲ့ ရပါသည်။ စာပါအပြည့်  အစုံမှာအောက်ပါအတိုင်းဖြစ်ပါကြောင်း.....။
" အနာဂါတ်မှာ ဒို့ တွေ..ယိုးဒယားအသင်းကိုနိုင်ဘို့ အတွက်၊ကိုယ်တို့ မှာတာဝန်ရှိသည်
နှင့် အညီ၊ကိုယ်တို့ တစ်ရှဉ်း ဘောလုံးတစ်သင်းစာ တာဝန်ယူမွေးထုပ်ကြရအောင် "
...............................................................................................................................
ဝထ္ထုတို

Monday, June 22, 2009

တောင်စဉ်မရ ဒဿနများ

...... ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်း စသည့်  သဘာဝလက္ခဏာများကို ခြေရာခံပြီး
ကြိုတင်သတိပေးချက်များ၊ တားဆီး ကာကွယ်ခြင်းများဖြင့် အရင်ဦးအောင် ပြင်ဆင်နိုင်သော်လည်း
မည်သည့် အချိန်၊မည်သည့် နေရာတွင် မည်သည့် ပုံစံဖြင့် မမျှော်လင့် ပဲဖြစ်ပေါ်လာနိုင်မည့် 
"ရင်တွင်းဖြစ် "အချစ်ကိုတော့ ၊ကြိုတင်မသိရှိနိုင်ပါ။
...... ထိုသဘာဝလက္ခဏာများကို ကာကွယ် တားဆီး ဖန်တီး ပြောင်းလဲကောင်း ပြောင်းလဲနိုင်မည်
ဖြစ်သော်လည်း၊ ရင်တွင်းမှာသာဖြစ်တည်တတ်သည့် အချစ်စိတ်ကိုတော့  ဇွတ်အတင်း
ပြုပြင်၊ ဖန်တီး၊ ကာကွယ်၍ မရစကောင်းပါ။
...... ချစ်လာသည့်  ချစ်စိတ် (ချစ်ဆိပ်) ကို၊အတင်းမျိုချ ဖျောက်ဖျက် ရ ပါက သွားတော့ မည့် ဝမ်းကို
ညှစ်ချုပ်ထားရသကဲ့ သို့ ၊ ထွက်ကျကာနီး " ဆီးကို အတင်း အောင့် ထားရသလို ဟုကျွန်တော်
ထင်သည်။
...... တစ်ခါတလေ.. အချစ်က ကင်ဆာနှင့် တူပြီး၊ တစ်ခါတလေ ကူးဆက်မြန်သော " B " ပိုးနှင့် တူ၏
ကင်ဆာက စောစောစီးစီး dead certificate ရသွားသလို၊ တဖြည်းဖြည်းတရွေ့ ရွေ့ လုံးပါး ပါးသွား
ပြီး၊ " B " ပိုးကတော့ လွယ်ကူစွာ ကူးစက်တတ်သလောက်၊ဆင်ခြင်နေထိုင်နိုင်လျင် သက်တန်းစေ့ 
နေသွားနိုင်ပြီး၊ မဆင်ခြင်ပါက ကိုယ့် ကို ချက်ချင်း ဒုက္ခပေးနိုင်ပါသည်။
...... ချစ်လိုက်သည့်  စိတ်ကြောင့် ဖြစ်လာသည့် " အချစ်ဆိပ် "က၊အဆိပ်တကာ့ အဆိပ်တို့ တွင်
ဆေးမရှိသည့်  အပြင်းဆုံးအဆိပ်ဖြစ်၏
...... အချစ်က တခါတလေ အုန်းလက်ကြွေကျတာတောင် သည်းမခံနိုင်သည့်  ယုံကလေးနှင့် တူ
သလို၊ တစ်ခါတလေ...ဂူတစ်လုံးထဲတွင် တစ်ကောင်ထဲ နေတတ်သည့်  ခြင်္သေ့ မင်းကဲ့ သို့ 
လည်း၊ရဲရင့် နေတတ်ပြန်ပါသည်။ တစ်ခါတလေကျပြန်တော့ ..တကျိကျိ ကိုက်ဖြတ်နေသည့် 
ကြွက်ကလေးနှင့် တူ၏
...... အချစ်ဆိပ်သည် အိပ်ရေးပျက်တတ်၏ စား၍မဝင်ဖြစ်တတ်၏
"သူ့ အတွက် ဘယ်လိုဖြည့် ဆည်းရမလဲ " လို့ ၊သူ့ ထက်ဦးအောင် အမြဲတန်းစဉ်းစားနေတတ်ပြီး
နီးနီးလေးနဲ့ တောင် သတိရနေတတ်၍ ဝေးဝေးနေရလျင်လည်း တမြေ့ မြေ့ ဆွေးနေရပြန်သည်။
အချစ်ကမိုးကောင်းကင်ဖြစ်နေသောကြောင့်  ဘယ်လိုမှ ရှောင်ပုန်း၍ မလွတ်နိုင်တော့ ။
...... ချစ်ပြီး ဆုံဆည်းခဲ့ ရပြန်လျင်လည်း၊ အခြေအနေတစ်ခုသို့ ရောက်ပြီး ခွဲခွာကြရသည့် အခါ၊
ငါးရံ့  တစ်ကောင် ပြာထဲမှာလူးရသလို၊အလူးလူး၊ အလိမ့် လိမ့်  ဖြင့် ကြေကွဲခံစားရပေအုံးမည်။
...... ဘယ်လိုပဲရေးဖွဲ့ နေနေ၊ နောက်ဆုံးတော့  အချစ်က ထိလျှင် လောင်မြိုက်ပြီး၊စားသွားတတ်သော
ငရဲမီးနှင့် တူသဖြင့် အဖြေတစ်ခုကိုတော့  စဉ်စားရတော့ မည်။
....................................................................................................................................
..... မတူညီသော မော်လီကျူးများ၊ဒြပ်အမူန်များ၊ စက္ကန့် အတွင်းမှာ...အကြိမ်သိန်းသန်းမက၊အချင်းချင်း
ရိုက်ခတ်ပြီးမှ၊ တီဗီဖန်သားပြင်ပေါ်ဝယ် ရောင်စုံရုပ်သံတို့  စုံလင်စွာဖြစ်ပေါ်လာရသလို၊တွယ်တာ
နှောင်ဖွဲ့ တတ်သည့်  သံယောဇဉ် နှင့်  အချစ်ဆိပ်တို့ သည်လည်း၊ ခဏ၊ခဏ လေးများဖြင့် 
အကြိမ်ပေါင်းများစွာ ဖွဲ့ စည်းတည်ဆောက်လာခဲ့ ရသည်ဟု ကျွန်တော်မြင်သည်။
..... ကျွန်တော်မမြင်ခဲ့ သည်က... ထိုခဏ..တစ်ခုနှင့် တစ်ခုကြား၊ကွာခြားနေခဲ့ ကြသည့်  " Gap " ကလေး
များပင်ဖြစ်တော့ ၏ တွေ့ တုန်း၊ဆုံတုန်း၊ကြုံနေရတုန်းလေးမှာပင်...ထို " Gap " ကလေးများက
တစ်ခုပြီးမှတစ်ခု ဖြစ်လာကြခြင်းဖြစ်ပါသည်။ မြန်လွန်းတော့ လဲ၊ ခလုပ်နှိပ် နှိပ်ခြင်း လင်းသွားသည့် 
မီးလုံးတစ်လုံးကဲ့ သို့  လင်းလိုက်သည့် အရှိန်ကို မှီအောင် မစဉ်းစားလိုက်နိုင်ခြင်း ဖြစ်ပါသည်။
..... အချစ်ကပူလောင်ပြီး၊ အငွေ့  လိုပျောက်ကွယ်လွယ်၍ သံယောဇဉ်က စိမ့်အေးပြီး ဖြတ်ရခက်ပါသည်။
..... ထိုသံယောဇဉ်ခဏ၊အချစ်ခဏတို့ သည်လည်း၊ တစ်ခုနှင့် တစ်ခု အကြိမ်ကြိမ် ချိတ်ဆက်ပြီးမှ
အစဉ်တန်း၍ အမျှင်တန်းကြရခြင်း ဖြစ်သည်ဟု၊ ကြီးမားလာသော အနှောင်အဖွဲ့ ကြီးတွေ အဆိုင်
အခဲကြီးတွေ ဖြစ်လာရသည်ဟု.... ကျွန်တော် ဆိုချင်သည်။
..... ချစ်လိုက်လျှင်.. ချစ်လိုက်သည့် ထိုခဏအစလေးကို သိ ပေးလိုက်၊တွယ်တာလာ၍ စ, ပြီးမျှော်
တတ်လာလျှင် ထိုမျှော်တတ်..စောင့် စားနေတတ်သည့် ၊သံယောဇဉ်အစလေးကို သိ,သိ, ပေးလိုက်
နိုင်လျှင်ပဲ၊ အချစ်စိတ်က.. အချစ်ဆိပ်.. အဖြစ်သို့ ရောက်မလာနိုင်ဟု..ကျွန်တော် ထင်သည်။
..... အားလုံးက ကိုယ့် ခရီးကိုယ်သွားနေကြရပြီး၊ အချိန်တန်လာလျှင်လဲ ခွဲခဲ့ ရ၊ ထားခဲ့ ရမည်မှာ
သေချာလွန်းနေသောကြောင့် ...အထိ၊အခိုက်၊အရှ၊အနာ တို့ မဖြစ်ရလေအောင်......
" အချစ်စိတ် " ကလေး အဖြစ်နှင့် သာ သွားသင့် သည်ဟု..ထင်လာပါသည်။
..... လူတိုင်းတော့ ..ချစ်ခွင့်  ရှိကြသည်မဟုတ်ပါလား။
..... အဖြူရောင်အချစ်များဖြင့်  ခရီးသွားနိုင် ကြပါစေ....။
.............................................................................................................................
( အတွေးအမြင် )

Saturday, June 20, 2009

ငယ်ဘဝအစိတ်အပိုင်းများ ( ၁ )

......မနက်ဖြန် ကျောင်းမှာ ကထိန် ခင်းတော့ မည်။
ခုနှစ်တန်း( စီ ) ကို ကိုယ်စားပြုသည့်  ကျွန်တော်တို့ ငပွေးအဖွဲ့ နှင့် ၊မသန်းသန်းတို့  ငစွာအဖွဲ့ ၊
ညခုနှစ်နာရီထိုးထိအောင် မပြန်နိုင်ကြသေးပါ။
......ကျွန်တော် ကိုယ့် ပဒေသာပင်ကို ကြည့် ၍ တစ်ခုသွားသတိရမိသည်။
ကျွန်တော့်  ဘကြီး ဦးဘိုကြည် ကျွန်တော့် ကို အမွေပေးထားခဲ့ သည့် အထုပ်တစ်ထုပ်ဖြစ်သည်။
ငယ်ငယ်က နွေရာသီကျောင်းပိတ်တိုင်း ထိန်းကျောင်းရခက်သော ကျွန်တော့် ကို အဖေနှင့် အမေက
ဟင်္သာတမြို့ သို့  ပို့ ထားလေ့ ရှိ၏
......ကျွန်တော်ရောက်သည်ဟု ကြားသည်နှင့်  ဘကြီးက ကျွန်တော့် ကိုခေါ်ပြီး ထန်းလျက်ကြွေး၍
ကိုက်လေ့ ရှိသည်။ ချစ်လို့ တဲ့ ။ မနာပါ၊ တံတွေးစော်တော့် နံပါသည်။ အခုတော့  မရှိတော့ ပါ။
ဆုံးသွားရှာပြီ၊
......ဘုန်းဘုန်းတွေ ခဏခဏ ဟောဘူးသည်၊ လှူချင်စိတ်ရှိဖို့ ကအဓိကတဲ့ ။
ဒါကြောင့်  တမလွန်မှ ဘယ်ရောက်နေမှန်း မသိသော ဘကြီးကို မျှော်မှန်းရည်စူး၍
ထိုအထုပ်ကလေး လှူပစ်လိုက်ရန်ဆုံးဖြတ်လိုက်တော့ သည်။
.......................................................................................................................................
......အထုပ်ကလေးက သတင်းစာစက္ကူနှင့်  သပ်သပ်ရပ်ရပ် ထုပ်ထားပါသည်။
အဝတ်ပုံအောက်ဆုံးမှာထိုးထည့် ထားမိ၍ ပြားချပ် နေသည်၊ဆွဲထုပ်လိုက်တော့ 
ပရုပ်နံ့ သင်းသင်းလေး ထွက်လာသည်။
စက္ကူခေါက်ကို ဆွဲလှန်လိုက်တော့  ပုဆိုးနှစ်ထည်၊တထည်က ဘန်ကောက်ပုဆိုး၊
ခေါက်ရိုးက ကြိုးလွန်းတော့  ဖြည်းဖြည်းချင်းဆွဲခွာရသည်၊ တိုက်ဆွေးဖြစ်သောကြာင့် 
ခေါက်ရိုးဒေါင့် စွန်းတွေမှာ အကွက်လိုက် အပေါက်ကလေးတွေဖြစ်နေသည်။
.....နောက်တစ်ထည်ကတော့  ချဉ်ကြမ်းပုဆိုး၊အဝါရောင်ဖြော့ ဖြော့ ပေါ်မှာ အနီနဲ့ အပြာ
နှစ်လိုင်းကွက်၊ဘာပဲပြောပြော ဒါတော့ သုံးလို့ ရမည် ဟုဆုံးဖြတ်ပြီး လွယ်အိပ်ထဲ
ထိုးထည့် ၍ ကျောင်းဘက်သို့  သုတ်ချေတင်ခဲ့ တော့ သည်။
.........................................................................................................................................
......ကျွန်တော့် ဘကြီး၏ ပုဆိုးကွက်ကြီးကို အလျားလိုက်ဖြန့် ချပြီး ပဒေသာပင်ထိပ်ဖျားတွင်
စားပွဲခု၍ တက်ချိတ်နေတုံး ငပွေးနှင့် ငစွာတို့ အုပ်စု တစ်ယောက်နှင့် တစ်ယောက်
မျက်စပစ်နေသည်ကို ကျွန်တော် မကြည့် ပဲနှင့်  မြင်နေရပါသည်။
......လုပ်ချင်တာကို တစွတ်ထိုး လုပ်တတ်သည့်  ကျွန်တော့် သောက်ကျင့် ကိုသူတို့ သိသည်လေ။
......ဒီတစ်ခါလဲ ပွဲကြီးပွဲကောင်းကြည့် ရတော့ မည်ဟု....။
.........................................................................................................................................
...... ကျွန်တော်တို့  ခုနှစ်တန်း ( c ) ၏ ပဒေသာပင်က ဘုန်းကြီးထီးနှစ်လက်လက်ယှက်ထိုးထား
သည့် အောက်တွင် ဘကြီးပုဆိုးကွက်ကြီးဖြန့် ချိတ်ထားသောကြောင့်  ရန်ကင်းအ.ထ.က (၁ )
၏ ကထိန်ခင်းတလျှောက် အထူးခြားဆုံး ဖြစ်နေတော့ သည်။
.......ပေါက်ကြီးတို့ ကလည်း ပဒေသာပင်ကိုပို၍ အသက်ဝင်သွားအောင် သူတို့ ချေလှမ်းအတိုင်း
ညိမ့် ကနဲ၊ ညိမ့် ကနဲ လှူပ်ခါပြီး သယ်လာကြသည်။ပေါက်ကြီးက သူတို့ အထဲမှာ အပြုံးဆုံး။
ကျွန်တော်ဂရုမစိုက်ပါ။ ဘကြီးကုသိုလ်ရဘို့ သာအဓိကပါ။
........................................................................................................................................
....... ရိုက်နေကြအချစ်တော်ဆရာဦးကျော်မြင့် ရယ်၊ ကျွန်တော်ရယ်၊ပေါက်ကြီးတို့ အဖွဲ့ ရယ်
ဘုန်းဘုန်း ဦးပညာသီရိ ထံ ဦးခိုက်လျှောက်ထားနေကြသည်။ပဒေသာပင်မှာပုဆိုးလှူ
သည့် ကိစ္စ။ကျန်တဲ့ အတန်းဖေါ်တွေက သိမ်အပြင်ဘက်မှာ။တရားရုံးရောက်နေသလို
ဝိုင်းအုံနေကြသည်။
........................................................................................................................................
...... " ဒကာလေး၊ မှန်မှန်ဖြေပါ၊ အခုကိစ္စက...နောက်တာလား၊တကယ်ပဲ..သန့် သန့် ရှင်းရှင်း
လှူခဲ့ တာလား "
......" မှန်လှပါ...ဘုန်းဘုန်းဘုရား၊တပည့် တော်..ဘကြီးအတွက်ရည်စူးပြီး..တကယ်ပဲလှူခဲ့ 
တာပါဘုရား "
......" ဒါနဲ့ ....ဘုန်းဘုန်းတို့ ကဘယ်မှာ..သုံးရမှာတဲ့ တုံး "
......" စားပွဲခင်းပါဘုရား.....၊ စားပွဲခင်းအဖြစ်..သုံးလို့ ရပါတယ်ဖရာ့ ။"
......."အဟေးဟေး.....အေးလကွယ်..ဟုတ်ပေသားပဲ..၊သာဓုဗျာ...သာဓု...သာ.....ဓု.."
......ဆရာဦးကျော်မြင့်  မျက်နှာတဖက်လှည့် ပြီးရယ်၏
အတန်းသားတွေ ပြုံးကုန်ကြသည်။
....... ကျွန်တော့် မျက်ဝန်းတွင် မျက်ရည်တို့ ပြည့် တက်လာ၍ မျက်နှာအောက်ငုံ့ လိုက်ရသည်။
.......ကျွန်တော့် ဘကြီးအတွက် ကျသည့် မျက်ရည်လား၊ ကျွန်တော့် အောင်ပွဲအတွက်လား မသိတော့ ပါ။

Wednesday, June 17, 2009

ငယ်ဘဝအစိတ်အပိုင်းများ ( ၁ )

......ငယ်ဘဝဆိုတော့  (၇) တန်းနှစ်ကဖြစ်သည်။
......ကျွန်တော်ငယ်ငယ်က ခင်သူတကယ်ပေါခဲ့ သည်။အထူးသဖြင့်  မိန်းခလေးများက သောက်မြင်ကပ်၍
ပိုခင်ကြသည်။ အတန်းထဲတွင် နောက်လွန်း၊ပြောင်လွန်း၍ ဖြစ်သည်။ဆရာတွေ၏ အဆူခံရလွန်းသောကြောင့် 
ခပ်တည်တည်နေပြတော့ လည်းရယ်ကြပြန်ပါသည်။
.......တစ်ခုံထဲထိုင်ကျွန်တော့် သူငယ်ချင်းများကတော့  ပေါက်ကြီး( သန်းနိုင် )၊ထင်လင်း၊ပျားကြီး(အေးကို)၊
သီဟတင်စိုးနှင့် ကျွန်တော်ငတိုး( သူရကျော် )တို့ ဖြစ်ကြသည်။
.......ပေါက်ကြီးက တရုပ်စပ်၊ ဖြစ်ပြီး သူ့ ရှာခင်ကမွေးရာပါ ချို့ ယွင်းချက် ဖြစ်လာသောကြာင့် စကားပြောလျှင်
နှာသံထွက်နေတတ်သည်။ဒါပေမဲ့  ပလေးဘွိုင်(သန်းနိုင်) ကိုတော့ သူအလွန် ကြိုက်တတ်၏
.......ပျားကြီးက တရုပ်သိုင်းကားများ အတွဲလိုကြည့် ၍ သူတို့  သဲဒိုင်မှ သဲအိပ်များကို နေ့ စဉ်ရိုက်နှက်လေ့ ကျင့် 
နေသောကြောင့် သူ့ လက်ဖဝါးများက ကျားလျှာလို အမြဲတန်း ကြမ်းထော်နေတတ်သည်။
.......သီဟတင်စိုးကစာရူး၊ကဗျာရူး၊ပေါက်ကြီးနှင့် ထင်လင်းက ဝိတ်ရူး၊ကျွန်တော်က ဟိုရောင်ဒီရောင်ရောင်
အရူးတမျိုးပေါဗျာ။
.................................................................................................................................................................... .....
.......ကျောင်းကတော့  ရန်ကင်းအ.ထ.က (၁)ဖြစ်သည်။နွေရာသီရောက်တိုင်း ကျောင်းရှေ့ ကုက္ကိုလ်ပင်ကြီး ဆီမှ
ဥဩငှက်တွန်သံလေးကိုအမြဲကြားရတတ်သည်။ကျွန်တော်တို့  အုပ်စုကတော့  လွမ်းရကောင်းမှန်းမသိ၊
ကဲရကောင်းမှန်းသာသိကြသည်။
.......မြန်မာစာချိန်ပြီး၍သမိုင်းချိန်၊ သမိုင်းဆရာ မလာသေးခင် ထုံးစံအတိုင်း အတန်းထဲမှာ တဝေါဝေါဖြစ်နေတော့ သည်။
သူ့ အစုလေးတွေနှင့် သူတူရာစုပြီး စကားတွေပေါ (ပြော) ကြပေါ့ ဗျာ။
.......ထင်လင်းက ညာဘက်လက်မောင်းကို အံကြိတ်ညှစ်ထုပ်ပြီး ကျွန်တော့် ကို ကပ်ကြွားနေသည်။
ကျွန်တော်က " မင်းဗလက ဘယ်နဲ့  ညာနဲ့ မညီဘူးကွ၊ ဝိတ်ပြားမှားချိတ်ပြီထင်တယ်၊
ငါ့ လက်မောင်းနှစ်ဖက်ကိုကြည့် ၊ ညီပြီးဖြောင့် နေတာပဲ " ဟု ပြာရာသူကျွန်တော့် ကို တုပ်တော့ သည်။
.................................................................................................................................................................................ပေါက်ကြီးက၊ တစခန်း ထတော့ သည်။ စောစောက သူ့ ကို အတန်းရှေ့ထွက်သွားတာတွေ့ လိုက်ရပြီး
ယ္ခုတော့  အတန်းရှေ့အဝင်ဝ တံခါးဘောင်ကို တွဲလွဲခို၍ ရိန်းဘားဆွဲနေတော့ သည်။
......ကျွန်တော် ထင်းလင်းကို မျက်စပစ်ပြီး အတန်းရှေ့ ကပျာထွက်လိုက်သည်။
ရှေ့ဆုံးတန်းမှ မသန်းသန်းတို့ အုပ်စုက ကျွန်တော့် ကို ကွက်ကြည့် ၊ကြည့် ကြသည်။
......ပေါက်ကြီးက ချွေးတလုံးလုံးဖြင့်  နောက်တခါခုန်ဆွဲဖို့  ခြေထောက်နှစ်ချောင်းကို ခွဲရပ်ပြီး ပုဆိုးစနှစ်ဖက်ကို
ယက်ခပ်သလိုခပ်၍ ကပျာဝတ်နေသည်။
သူ့ ကိုယ်သူ ရုတ်တရက် ကိုယ်ကို ညွတ်ပြီး နောက်တစ်ခါ အားကုန်ယူ၍ ခုန်အတက်၊
ကျွန်တော်က သူ့ ပုဆိုးစကို နင်းထားလိုက်တော့ ... ပရိတ်သတ်ကြီးရေ.....
မြင်ကြည့် ကြပါတော့ .......။
......မသန်းသန်းတို့ အုပ်စု မျက်နှာတွေ ဖွက်ကုန်ကြသည်။
တတန်းလုံး ဝေါ ကနဲဖြစ်ကုန်ကြတော့ သည်။
...... တော်သေးသည်၊ ပေါက်ကြီး အောက်ခံဘောင်းဘီပါလို့ ပေါ့ ။
......................................................................................................................................................
......ပေါက်ကြီး တန်းပေါ်က ခုန်အချ၊ သမိုင်းဆရာ အလာနှင့်  ကွက်တိဆိုတော့  အမူအသွားအလာ
ရှင်းလွန်းနေသောကြောင့်  ရောက်နေကျ ရုံးခန်းကို သွားရပြန်တော့ သည်။
...... အရင် ရိုက်နေကြ ကျောင်းအုပ်ဖြစ်နေသောကြောင့် တင်ပါးသားနေ့ရာတွင် စာအုပ်ခံ၍သွား
ပါသော်လည်း၊တက်နင်းသည့်  ခြေထောက်က ပိုပြီး အပစ်ကြီး ဆိုကာ သလုံးသား
လှလှနှစ်ဖက်ကို တဖက် သုံးချက်စီ အဆော်ခံခဲ့ ရပါတော့ သည်ခင်ဗျား။
.......................................................................................................................................................
ဝထ္ထုတို

Sunday, June 14, 2009

ကျွန်တော်တို့ရဲ့  ဝိုင်းကလေး ( ၂ )

..ကျွန်တော်တို့ ရဲ့ ဝိုင်းကလေး ဖြစ်တည်နေသောနေရာ အိမ်ကလေးသည် အထက်တန်းကျောင်းတစ်ကျောင်း၏ မျက်စောင်းထိုး ခြောက်ထပ်တိုက် အပေါ်ဆုံးတွင် ရှိပါသည်။ တိုက်၏ အမိုးမျက်နှာကျက်ပေါ်တွင် အခန်းဖွဲ့  အဆောင်ထုပ်ထားခြင်း ဖြစ်ပါသည်။
( တရုပ်လို ကျားကိုက် ပေါ့ ဗျာ ) အမိုးမျက်နှာကျက်ဆိုတော့  ကျယ်ကျယ် ဝန်းဝန်း ရှိသည်၊လေသာဆောင် စင်္ကြန်လေးလဲ
ပါနေတော့  မွန်းကျပ်မူတို့  မဖြစ်တော့ ။ ထို့ ကြောင့်  လောင်မြိုက်တတ်သော နွေရာသီညများတွင် အလွန်တန်ဘိုးရှိသော
နေရာလေး တစ်ခု ဖြစ်နေပါတော့  သည်။ထိုညများရောက်တိုင်း အမြဲတန်း ယိုင်နဲ့  နေတတ်သော စားပွဲလေးပေါ်တွင်၊
စာသင်ခြင်း၊ စားသောက်ဖွယ်ရာများ ချက်ပြုတ်စားသောက်ခြင်း၊ ပိုကာဆော့ကစားခြင်းများကို ကျွန်တော်တို့ စုဖွဲ့ ပြုလုပ်လေ့ 
ရှိပါသည်။
...........................................................................................................................................................................
သည်နေ့ အလုပ်ထဲတွင် အတက်၊အဆင်း များလာ၍ ခြေလက်တို့  မသယ်နိုင်တော့ ၊ အပေါ်ဆုံးထပ်သို့  မရောက်မချင်း၊
ကျွန်တော့် ကိုယ်ခန္ဓာတစ်ခုလုံး အတွဲလိုက်ပါလာအောင် လေးလံသောခြေလှမ်းများဖြင့်  ကြိုးစား ၍ လှေကားကို
တထစ်ချင်း တက်လာခဲ့  ရသည်။
လှေကား စ တက်ကတည်းက ကျွန်တော်တို့ ကျားကိုက်ဆီမှ မီးဖိုချောင် ကြော်လှော်နံ့  တို့ကလှေကားအတိုင်း ထိုးဆင်း
လာနေပြီး ကျောင်းမျက်နှာချင်းဆိုင်ရှိ ဆိုင်များနှင့် အပြိုင် ဖြစ်နေတော့သည်။
"တဒေါင်ဒေါင်" နှင့် စီ ကနဲ ရောင်းမနှင့်ဒယ်အိုးခေါက်သံ ကြားရသည်နှင့် ကိုသန်းတွန်း၏ ကြက်ဥကို ပယ်ပယ်နယ်နယ်
ကြော်လိုက်သည့် အသံဟု ကျွန်တော် အတတ်သိလိုက်သည်။
( ကိုသန်းထွန်းကို ကျွန်တော်က ညောင်run သန်းတွန်း ဟုခေါ်သည်၊ ပိုကာ ဆော့တိုင်း ရမ်းစဉ်ကို ဦးစားပေးရှာတတ်ပြီး
သူတကာကို အမြဲတမ်းဂျောက်တွန်း ချွန်တွန်း လုပ်တတ်လွန်းခြင်း၊ ညောင်ရမ်းဘွဲ့ ကတော့ အမြဲတန်း သောက်
ရမ်းလုပ်တတ်လွန်းသောကြောင့် )
.......................................................................................................................................................................
်တံခါးတွန်းဖွင့်ဝင်လိုက်လျင်ပဲ တံခါးဝနှင့်  တည့် တည့်  မီးဖိုချောင် ကျဉ်းကျဉ်းလေးထဲတွင် ကိုမြစ်ကျိုး၊ မျိုးကြီး၊ ကိုသန်းတွန်း
တို့ သုံးယောက်ကို ရင်ပေါင်တန်းပြီး အလုပ်ရူပ်လျက် ရှိသည်ကို တွေ့ ရသည်။ ဖြိုးကြီးက " ဘာလဲဗျ၊ ဒီနေ့ လဲ ပြန်လာပြန်
ပြီလား "ဟု ကျွန်တော့် ကို လှန်းကစ်သည်။ ကျွန်တော်က အားလုံးကို အလေးပြု၍ အခန်းထဲ ခပ်ကုတ်ကုတ် ဝင်ခဲ့ သည်၊
ဆရာမလေးက ဟင်းစီစဉ်ခိုင်း ထား၍ ဖြစ်မည်။ ဒီနေ့  ကျူရှင် ရှိသည်လေ။
........................................................................................................................................................................
အရင်တုံးကတော့  ကျွန်တော်က အိုးသူကြီး ရာထူးကို အချိန်အတော်ကြာ ထိန်းထားနိုင်ခဲ့ ပါသည်။
အဲဒီတုံးကတော့ " ခုနှစ်ရက် သားသမီးအပေါင်းတို့ ၊ရေကိုသတိလေးကပ်ပြီး ဖြေးဖြေးချင်း သွန်ပါ၊ သို့ မဟုတ်ပါက
ကျိုးသွားသောမြစ်ကဲ့ သို့ အမြဲတန်း အင်းဖြစ်နေပါလိမ့် မည်ဟု ဆြာကြီးလေသံနှင့် ဆရာမဈေးမှာသော စာရင်းစာရွက်
ပေါ်တွင် ရေးပြီး မီးဖိုချောင် နံရံပေါ်တွင် ခပ်တည်တည်ကပ်၍ ဗိုလ်ကျ စိုးမိုးခဲ့ ဘူးသည်။
ယ္ခုတော့ ...ကျွန်တော်က ဆရာမကို ( ၁ ) ကြက်သား ဘူးသီးဟင်းကို၊ဘာကြောင့်  မဆလာ မထည့် ပဲ၊ နံနံပင်ထည့် ရတာလဲ၊
( ၂ ) ပဲဟင်းကို ဘာကြောင့်  အဝါရောင် ချက်ရတာလဲ၊ဂျင်းဖတ်တွေကို ဘာကြောင့်  ကွမ်းဝါးသလိုဝါးရအောင်၊
လက်သန်းလုံးလောက် လှီးချက်ရတာလဲ၊(၃) ဟင်းရောချက်တတ်ရဲ့ လား...စသည့် အချက်ကြီး သုံးချက်နှင့် နေရာတကာ
လျှာရှည်ခဲ့ ဘူးသောကြောင့်  ဆရာမလေးက " သွား "ဟု အနီကဒ် တချက်ထဲ ပြ၍ ကွင်းပြင် ထုပ်ထားခြင်း
ဖြစ်ပါသည်။
.......................................................................................................................................................................

ခေါင်းလောင်းဆွဲသံကြားရပြန်သည်။
ကျွန်တော် ကုတင်ပေါ် ပက်လက်လှန်၍ ဂျာနယ်ဖတ်ရင်းက ရုတ်တရက် ခေါင်းထောင် ထဖြစ်သည်။
နော်ဆုံးဝင်လာသူမှာ ကြိမ်းသေ ကျွန်တော့် ဆရာမ ပုလင်းဖင် ဖြစ်ရမည်ဟု။
ထို့ ကြောင့်  ဖတ်လက်စ ဂျာနယ်ကို ပစ်ချပြီး ဆရာမက လေ့ ကျင့် ရန်ပေးထားသော တရုပ် အသံထွက်
" ပေါ၊ဖေါ၊မေါ၊ဖေါ "ခွေကို အဟောင်းဈေးထဲမှ ညီညီ ကဝယ်လာပြီး ဖရီးပေးထားသော အောက်စက်ထဲသို့ 
ကပျာ ထိုးထည့် ရသည်။အရေးထဲ စက်က မဖတ်သေး၍ သူ့ ကို နရင်း ရိုက် ပစ်ရသေးသည်။
ဆရာမ အခန်းထဲဝင်လာချိန်တွင်တော့ ကျွန်တော့် စက်စုပ်မှ ပေါ၊ဖေါ၊မေါ၊ဖေါ၊ အသံ တို့ က ညီညီ ညာညာ ရှန်ထွက်
လာတော့ သည်။သူ၏ ချစ်တပစ်(တပည့်)ကြီး စာကြိုးစားနေပြီဟု။ကျွန်တော် ကြိတ်ပြုံးနေမိသည်။
ကိုမြစ်ကျိုးက "ကဲ..ကဲ..ကဲ..ရပါပြီ၊ ဖြူမနေပါနဲ့ တော့ "ဟု၊ ကွဲအက်အက် အသံ ကြီးနှင့် လှမ်းခွပ်တော့ သည်။
...ဩော်.. ဆရာမ၊ အမောပြေပါစေတော့  ဟု။
( သူက၊ ကျွန်တော့် လိုပင် မျက်မှန်ပုလင်းဖင် ကြီး၊ ပြုတ်မကျ အောင် သယ်ခဲ့ ရတာကိုး)

..............................................................................................

Wednesday, June 10, 2009

သံယောဇဉ် တို့ ဖြင့်  စေးကပ်လျက်ရှိသော ဤကမ ၻာ

ၻ.... ခဏ ခဏ လေးတွေနဲ့  တဖြည်းတဖြည်း ဖွဲ့ စည်းလာပြီး ချစ်တတ်လာယင် ချစ်တဲ့ သံယောဇဉ် ဖြစ်တော့ တာပဲ။
အမျှင်တန်းပြီး အမြစ်မပြတ်တဲ့ သဘော;အမြဲတန်းပဲ တွေ့ နေချင်တာ။ နီးနီးလေးနဲ့ တောင် သတိတရဖြစ်နေတတ်တာပါ။
....ချစ်တာတခုထဲမဟုတ်ပဲ မုန်းရင်( စိတ်နာရင်) လဲ မုန်းတဲ့ သံယောဇဉ် ဖြစ်တတ်တယ်လို့ ထင်တာပဲ။ မုန်းလွန်းတော့ 
မုန်းတဲ့ စိတ်၊ အခဲမကျေ၊ နာကျဉ်းစိတ်တို့ နဲ့ ဖြစ်ကြော ရှည်ပြီး မတွေ့ ချင်တော့ ပေမဲ့ ၊ သတိရတိုင်း မုန်းနေတတ်တာကိုပြောတာ။
....လူ့ ဘဝသံသယာကြီးမှာလဲ ထိုခဏ၊ခဏလေးများက အကြိမ်သိန်းသန်းမက ဖြစ်လိုက်၊ပြက်လိုက်နဲ့ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်
အမျှင်တန်း၍ ဘယ်တော့ မှမပြီးဆုံးနိုင်အောင်ဖြစ်နေရတော့တယ်။
အဲဒီလို အကျယ်ပြောပြောနဲ့ အနက်စူးရှတဲ့ သံသယာကြီးကို ဖွဲ့စည်းနေသည့် ...ရေပွက်ကလေးတွေ၊ ရေမြူပ်ကလေးတွေလို
တဖောက်တဖောက်နဲ့ ပလုံစီနေသော၊ ကျွန်တော်ရှိနေသည့် ' ဘဝခဏ' လေးတစ်ခုကို ထုပ်ယူကြည့်မိလိုက်တော့ .......
အဲဒီ' ဘဝခဏ 'လေးထဲမှာကိုပဲ သံယောဇဉ်ရောင်စုံတို့နဲ့ အကြိမ်ကြိမ်ရစ်ပတ်ဖွဲ့နှောင်နေတာကို တွေ့ရပြန်တယ်။
....ကိုယ့်ကို လာမှန်နေတဲ့ ကိုယ့်မှာဖြစ်ပေါ်နေတဲ့ အထိအခိုက် အရှအနာတို့ကိုတောင် သတိမပြုမိပဲ တဆစ်ဆစ်နာကျင်နေတာကိုပဲ
ခုံမင်နေတာကို ရင်မောစွာ တွေ့မြင်နေရပါတယ်။
....အဲဒီ ရပွက်ကလေးထဲမှာ မမောပန်းနိုင်အောင် ကူးခတ်နေတဲ့ ကျွန်တော့်ကို လူပ်နိုးချင်လိုက် တာ။
.........................................................................................................................................................................
.....အမှန်ကတော့ ကျွန်တော်တို့က ဘယ်ကိုသွားရမှန်းမသိတဲ့ ခရီးသယ်တွေနဲ့တူတယ်။
....ခရီးစဉ်အဆုံးက ဘယ်မှာဆိုတာမသိ၊ ဘယ်လိုကြေကွဲရမှန်းမသိ၊ သွားတော့သွားနေကြတာပါပဲ။
....ပြောချင်တဲ့ သံယောဇဉ်ရောင်စုံဆိုတာက.. အရောင်ရောင်အကန်းကန်းသွားနေကြပြီး ကျွတ်တွေ၊ မျှော့တွေလို တွယ်မိတွယ်ရာ
တွယ်ရင်းနဲ့ ကိုယ်ကချစ်ခဲ့ရသူ၊ သူကချစ်လိုက်ရသူ၊ မသိပဲနဲ့ ချစ်ခဲ့ရသူ၊ ချစ်နေတာကို သိရက်နဲ့ မသိချင်ရောင်ဆောင်ခံခဲ့ရသူ၊
ချစ်၍ ဆုံဆည်းကြရပြီးမှ ခွဲခဲ့၊ ထားခဲ့ကြရသူ၊ ချစ်ပြီးမှ စောစီးစွာ သစ္စာဖောက်ခံခဲ့ရသူတွေ၊လူတွေက ကိုယ်ရရှိပိုင်ဆိုင်
ခဲ့ဘူးတဲ့ လက်ကိုင်ပုဝါလေးတစ်ခု၊ ဘောလ်ပန်လေးတစ်ချောင်း၊ ဟန်းဖုန်းကလေးတစ်လုံးကစပြီး၊ကျင်လည်ဘူးခဲ့ရတဲ့ ဝန်းကျင်တွေ
အားလုံးကို မလွတ်တန်း ဆုပ်ကိုင်တော့တာပါပဲ။
....'ဆုပ်ကိုင် ' ပြီဆိုကတဲက လုံလောက်တဲ့ အားထုပ်မူ တစ်ခုကို ပြုရတော့မှာပါ။
....ကိုင်ဆုပ်ထားတာလေးကို လွတ်ထွက်သွားမှာစိုးပြီး၊ ပို၍ညှစ်ထုပ်လေ ဘဝင်မှာအပူဒါတ်က စိမ့်ထွက်လာလေလေပါ၊
...............................................................................................................................................................................အမှန်ကတော့ ကျွန်တော်တို့ ကျင်လည်နေရတဲ့ ဘဝကြီးက ခဏ၊ခဏ လေးတွေအများကြီးနဲ့ ဖွဲ့စည်းထားလို့ အကြာကြီး
ထင်ရပေမဲ့ ၊ သေသေချာချာ စဉ်းစားကြည့်ရင် တွေခဲ့၊ ကြုံခဲ့၊ဖြစ်ခဲ့ပြီးတာတွေ အားလုံးဟာ....မနေ့တနေ့ကလိုပဲ ဖြစ်နေတာ
တွေ့  ရပါမယ်၊တစ်ခုပြီးတစ်ခုဖြစ်လာခဲ့တာ မြန်လိုက်တာလေ၊အဲဒီခဏလေးတွေဟာ၊နောင်လဲထပ်ဖြစ်နေအုံးမှာပါပဲ။ဒီလိုနဲ့ပဲ
ကျွန်တော်တို့ရဲ့ ခဏလေးက မကြာခင်မှာပဲ ပြီးဆုံြး့ပီးခရီးဆုံးတစ်ခုကိုရောက်ရတော့မယ်။
....မျှော်လင့်တွယ်တာမူတွေကြီးသလောက်၊ ဆုံးရူံးမူတွေ၊ ကြေကွဲရမူတွေရ၊ရ ပြန်တော့မယ်။
....ခရီးဆုံးကို အရင်ဝင်ရောက်သွားရသူတွေ၊ ကျန်ခဲ့ရသေးတဲ့သူတွေရဲ့  နူတ်ဆက်ကြေကွဲသံတွေဟာ ဒီခဏလေးတွင်းမှာ
ပဲ့တင်ထက်ရပြန်တော့မယ်၊ချစ်ခဲ့ကြလို့ သတိတရ ဖြစ်ကြရသလို၊ မုန်းခဲ့ကြရင်လဲ သတိရမိတိုင်း မုန်းနေကြအုံးမှာပါ။
ဆုံရတုံးခဏလေးမှာ၊ ကုန်အောင် မချစ်ခဲ့ရသူတွေက ပိုဆိုးမယ်ထင်ပါတယ်။
...............................................................................................................................................................................အဲဒီလို...ဒဏ်ရာရနုလုံးသားတွေ၊ဆုတောင်းကတိတွေနဲ့၊ ဘဝတစ်ခုပြီးလို့၊အစွဲကြီးစွဲခဲ့တဲ့ သံယောဇဉ်ရောင်စုံတို့ကြောင့်
နောက်ထပ်ရေပွက်ကလေးတစ်ခုနဲ့ တူတဲ့ ဘဝခဏလေးတစ်ခု ထပ်မံပေါ်ပေါက်ရအုံးမယ်လေ။
....ဘယ်တော့မှ ပြီးဆုံးမယ် မထင်တော့ပါဘူး၊ မီးပုံထဲ တဝုန်းဝုန်းခုံဆင်းနေတဲ့ ကျွန်တော်တို့ ပိုးဖလံမျိုးတွေပါလို့။
...............................................................................................................................................................................ကျွန်တော်နာခဲ့ဘူးတဲ့၊ သုံးတော့သုံးပါ၊ မစွဲပါနှင့် တဲ့။စွန့်ပစ်ဖို့၊ ကြောခိုင်းပစ်ဖို့ မဟုတ်ပါ၊သုံးစရာကြုံလို့သုံးရတာ၊
ချစ်စရာကြုံလာယင် ချစ်ရမှာပါ၊ သုံးနေရင်းနဲ့ အမြတမ်း ငါ့ ဟာလို့ မစွဲဖို့၊ ချစ်နေယင်းနဲ့လဲ စွဲစွဲ လန်းလန်း မတွယ်တာမိဖို့၊
မုန်းသွားမိယင်လဲ မုန်းတဲ့ နေရာလေးမှာရပ်ထားဖို့၊ ဘဝခဏလေးအတွင်းမှာ အားလုံးဟာ ရေပွက်၊ ရေမြူပ်၊ အငွေ့ တွေ
လိုပါပဲဆိုတာ သိ၊သိ ပေးနိုင်ရင်ပဲ၊ ကြေကွဲမူကြောင့် ကြခဲ့ ရတဲ့ သမုဒ္ဒရာမျက်ရည်တို့ခမ်းချောက်သွားနိုင်ပြီး၊ အဆက်
မပြတ်လည်နေတဲ့ သံသယာချားရဟတ်ကြီးလဲ ရပ်တန့် သွားမှာပါလို့......။
.....................................................................................................................................................................
....( အဟောင်းလေးပဲ ပြန်တင်မိပါသည်။ အဲဒီ အဟောင်းလေးကိုပဲ သတိရမိလို့ ဖြစ်ပါသည်။ ဒီတစ်ခါတော့ တစ်ကိုယ်
ကောင်းဆန်ဆန်ပဲ ကိုယ့် ကိုယ်ကို ပေါ့ သွားစေရန်၊ပြန်တင်မိပါသည်။ ဒီပို့ (စ)လေးက၊Edit posts ထဲမှာတဖြည်းဖြည်း
ထိန်းမနိုင်သိမ်းမရစွာပဲ၊ရုန်းရင်းဆန်ခတ်ဖြစ်လာ၍ လှောင်မထားတော့ ချင်တော့ သောကြောင့် ၊လွတ်လပ်စွာပဲ အစွမ်း
ကုန် ပျံသန်းသွားနိုင်စေရန်ရည်ရွယ်ပြီး ၊ အွန်လိုင်းထဲ လွှင့် ထုပ်ပေးလိုက်မိပါသည်ခင်ဗျာ။)

Monday, June 8, 2009

ကျွန်တော်တို့ ရဲ့ ဝိုင်းကလေး(၁)

တနေ့ က မြေပဲမဆိုင်တွင် ကျွန်တော်က ယိုးဒယားကုလားပဲထုပ်နှင့် မြန်မာကုလားပဲထုပ် ၂ထုပ်ကို ကိုင်ပြီးသူ့ ကို
"နာအိကော့ ဘိကျောက်ဖြန်ယိ "( ဘယ်ဟာကပိုပြီးဈေးပေါလဲ)လို့ မေးလိုက်သည်။
' စွိုက်ကော(လူချော)....ကုလားပဲကတော့ အ......တူတူဘဲ...အဲဒီမြန်တရန့် (မြန်မာ) က..ငါးဆယ်
ယိုဒယားနော်...နှစ်ဆယ့် ငါးပေးရတယ် 'ဟုအံကိုတင်း၍လျှာပေါ်မှလေကိုအပေါ်ရှေ့သွားအောက်ထဲမှ
တွန်းထုတ်လိုက်သောအသံနှင့်ပြန်ဖြေ၏။
လေးစားဖွယ်ကောင်းပါ၏။(မြေပဲမဆိုတာ ထိုင်ဝမ်သူများကို ကျွန်တော်တို့က မြေပဲမ လို့ခေါ်ကြသည်..
ဘာကြောင့်ဆိုတော့ ထိုင်ဝမ်းကျွန်းက မြေပဲစေ့ကလေး နဲ့ တူလို့လေ)

တရက်ကလဲကျွန်တော်အလုပ်ကအပြန်ကိုမြစ်ကျိုးအင်း ဖုန်းဆက်မှာ၍ အရောင်တင်မူန့် ဝယ်ရန်
သူ့ ဆိုင်သို့ လှည့်ဝင်ဖြစ်သည်။ 'အဖြူလေးရေ ဟင်းထဲ ထည့်တဲ့ အကျက်မူန့် ဗျာ...အစိမ်းမူန့် မဟုတ်ဘူး'
'ဟေ့ ရောင် အရောင်တင်မူန့် ကိုပြောတာလား '
'ဟာဗျာ.....အဖြူလေး ဝယ်နေကျ ဟင်းထဲ ထည့်ချက်တာလေဗျာ'
'ဟ..ကောင်ရ အကျက်မူန့် ကအသုပ်ထဲထည့်တာ ဟင်းချက်ဘို့ ဆိုအရောင်တင်မှုန့်လို့ ခေါ်တယ်
ဒါပေမဲ့ ငါဘယ်လိုပြောရမလဲ'ဟုကိုမြစ်ကျိုးကိုပြန်မေးတော့ 
'ကျွန်တော်ဆရာမကိုလှမ်းမေးလိုက်မယ်'လို့ သူပြန်ပြောတုန်း
ကျွန်တော်ကမြေပဲမကို 'အရောင်တင်မူန့် ရှိလားလို့ ' မြန်မာလို ယောင်ပြီးမေးလိုက်မိသည်။

စိတ်ကဘာရယ် မဟုတ်ဘူး မြန်မာလိုပဲပေါ့ ပေါ့ ပါးပါးလေးပြောဖြစ်နေတာ အကျင့်ဖြစ်နေတာလေ..။
သူက'ရှိတယ်....နဲနဲစပ်တာနဲ့ ..များများစပ်တာရှိတယ်လေ' ဆိုပြီး မြန်မာလို ပီပီသသ ပြောလိုက်သဖြင့် အံ့သြသွားမိသည်..။
ကျွန်တော်ဖြစ်နေသော ဘာသာစကား အခက်အခဲကို ဆိုင်ရှင်မြေပဲမ လေးက မြန်မာလိုပြောပြီး
အဆင်ပြေ အောင် ကူညီပေးလိုက်သည်...။ကျွန်တော်သူ့ ကိုလေးစားသွားရတယ်...။

ကျွန်တော်တို့ မြန်မာပြန် ရပ်ကွက်ကလေးတွင် ထိုမြေပဲမဆိုင်ကလေးရှိနေသဖြင့် ကျွန်တော်တို့ အတွက် အစစ
အရာရာ အဆင်ပြေနေပါသည်။ကျွန်တော်တို့ လို သူ့ ကိုလေးစားသည့်သူများနေ့ စဉ်အားပေးနေခြင်းကြောင့် သူ့ 
ဆိုင်ကဈေး၏အတွင်းဒေါင့် ကွယ်တွင်ရှိနေပေမဲ့ အမြဲအုံခဲနေသောလူအုပ်ကြီးကြောင့် ဈေးအဝင်ဝရောက်လျင်
ပင်သူ့ ဆိုင်ကိုအလွယ်တကူတွေ့ မြင်နိုင်ပါသည်။

ကျွန်တော်က ဆီကိုနစ်နေအောင် စိမ်ထားသော အာပြဲချောက်ကို အလွန်ကြိုက်တယ်..။
စီးပွါးရေးနဲ့ ကြည့်ရင် တွက်ခြေလဲကိုက်တာကြောင့်လည်း ပါတယ်လေ..။
ဒီလိုနဲ့ အာပြဲခြောက်ဖုတ် ကို အမြဲတန်းလုပ်ဖြစ်နေတော့ အိမ်ရှိကျန်လူတွေပါလိုက်ကြိုက်ကုန်ကြတယ်..။
အလုပ်က ပြန်လာတိုင်း အာပြဲခြောက် ကို ဈေးထဲမှာ အမြဲလှည့် လည်စုံစမ်းလေ့ ရှိတယ်..။

နတ်သမီးမြေ( က နေသောနတ်သမီးလေးနှင့် တူသောမြန်မာပြည်) မှအထပ်ထပ်
ထုပ်ပြီးဝင်လာလေ့ ရှိသည့်  အနံ့ ပြင်းလွန်းသောအစားအသောက်ထုပ်များကို လေဆိပ်အ၀င်တွင် ခွေးများ
နှင့် ရှာလေသောအခါ အဖြူလေးတို့ ကြိုက်တတ်သည့် အာပြဲခြောက်ကလေးပါ မြင်ကွင်းက ရုတ်တရက်ပျောက်
ကွယ်သွားခဲ့ ရပါသည်။

ကျွန်တော်တို့ အဖွဲ့လေးကို ကျွန်တော်က ၀ိုင်းကလေးလို့ တိတ်တိတ်ကြိတ်ပြီး နာမည်ပေးထားတယ်..။
အားလုံးစားချင်တဲ့ ငါးခြောက်ဖုတ် ဆီစိမ်လေးကို ကျွန်တော် မဖန်တီးပေးနိင်တော့ ဝိုင်းကလေးအတွက်
စိတ်မကောင်းစွာဖြင့် ကျွန်တော်တို့ နေသော ကျုံးဟော်ရပ်ကွက်၏ သိပ်သည်းထူထပ်စွာကျနေသော
မြူနှင်းမူန်များကြား စက်ဘီးတစ်စီးဖင်ကြားညှပ်၍ မြန်မာပြန်ဆိုင်အားလုံးတွင် လှည့် လည်စုံစမ်းပါသော်လည်း
ကိုအာပြဲချောက် သတင်းက အစရှာမရတော့ ။

ဖြစ်ချင်တော့  သူများချက်တာဘယ်တော့ မှ မစားတတ်သော အသုပ်ဆိုင်တို့ ကပင် သူလာရင် နယ်ပေးလို့ မရပဲ
ပုံပေးရလေ့ ရှိသော ကျွန်တောတို့ ဆရာမကပင် ကျွန်တော်၏ အာပြဲချောက် ကျွတ်ကျွတ်ကလေးကို
လက်မြောက်အရူံးပေး၍ စတင်သုံးစွဲသည့် အချိန်မှာမှ ' ကိုအာပြဲချောက် က ကျောခိုင်းသွား
လေပြီဟူသောအတွေးတို့ ဖြင့် မြေပဲမဆိုင် ဘက်သို့ လှည့် ဝင်ဖြစ်ခဲ့ တော့ သည်။

' နောက်၃ရက်ညနေ...ရမယ်..အများကြီးရမယ် ' ဆိုတဲ့ မြန်မာသံပီပီသသကြီးကို ကြားလိုက်တော့
ကျွန်တော် ပျော်သွားရပြီပေါ့ ဗျာ။အငွေ့ တထောင်းတထောင်းထနေသောယိုးဒယားဆန်ဖွေးဖွေးလေးထဲမှာ
နစ်မြုပ်နေတဲ့ ကိုအာပြဲခြောက် သင်းသင်းကလေးကို ကျွန်တော်ချက်ခြင်းပဲမြင်လိုက်မိတော့ တယ်။
ဆရာမနှင့် ကျွန်တော့် ဝိုင်းတော်သားများကိုကျွေးနိုင်တော့ မည် ဆိုပြီး ၀မ်းသာသွားမိသည်..။

..........................................................................................................................................

ဆရာမလေးက အသားဖြူဖြူ အရပ်ရှည်ရှည် မျက်မှန်ပုလင်းဖင်နှင့် ။ သူမ,မအားသည့် ကြားထဲမှ ၁ပတ်ကို
၂ရက်လောက်တော့  ကြိုးစားသင်ပေးရှာသည်။ကျွန်တော်တို့ ကလဲဘယ်လောက် ဇွဲရှိရှိသင်နေသလဲဆိုတော့ 
ကိုမြစ်ကျိုးအခန်းထဲကစွတ်စွတ်ဖြူသောနံရံကလေးတောင် ကျွန်တော်တို့ ရဲ့ကျောကုန်းရာကွက်ကွက်ကြီးတွေ
တရိပ်ရိပ်ထင်ချင်နေပြီ။

အဲဒီလို နံရံကြီး ညစ်ပတ်လာအောင် မှီထိုင်နေယင်းနဲ့ ဆရာမက ရှေ့က ပီသစွာတိုင် ပေးနေသော တရုတ်စာများကို
ကျွန်တော်တို့ ကသူ့ နောက်မှ ဟာမီုနီမကျစွာ မပီသစွာ မညီညာစွာလေးကန်သောအသံအနိမ့် အမြင့် မျိုးစုံတို့ ဖြင့် 
သီဆိုဖြတ်ကျော်နေချိန်မှာပဲ အနှီမြေပဲမကလေးက ကျွန်တော်တို့ ကို မြန်မာလို ကြိုးစား ပြော၍
မြန်မာပြန်များကို ကူညီနေပါတော့ သည်။


............................................................................................................................................

(ဆက်ရန်)

Saturday, June 6, 2009

နူတ်ဆက်ခြင်း

အားလုံးမင်္ဂလာပါခင်မျာ....။
ဘလော့လောကမှ သူငယ်ချင်းများအားလုံး...
စာပေကို ချစ်မြတ်နိုးစွာနဲ့ အားပေးကြတဲ့သူငယ်ချင်း မိတ်ဆွေများ အားလုံး မင်္ဂလာပါဗျာ...။

စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးတွေကို စာလုံးလေးတွေ အဖြစ်ဖန်တီးဘို့ ဒီဘလော့လေးကို
တည်ဆောက်တာပါ..။
စာပေနဲ့ အသက်မွေးဝမ်းကြောင်း ခြင်းမဟုတ်တဲ့ အတွက် ကျွန်တော်ရေးတဲ့စာထဲမှာ
အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်...။
ဒီဘလော့လေးကိုတော့ ညီငယ် မြစ်ကျိုးအင်း က ဖန်တီးမွေးဖွားပေးခဲ့တာပါ..။
ညီငယ်မြစ်ကျိုးအင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်..။

desktop တလုံးဖြစ်မြောက်အောင် စိတ်ရှည်လက်ရှည် ဈေးကွက်ထဲတွင်ရှာဖွေစုဆောင်းဝယ်ယူပေးခဲ့သော
ညီငယ်လေးဖိုးတာ...လိုအပ်သည့် Keyboard,mouse,dvd driver ချစ်စရာကောင်းသည့်
စားပွဲလေးရယ် မျက်လုံးကန်းသဖြင့်ကြည့် လို့ ရအောင်ခေါက်လို့ ရသည့် မီးအိမ်ကလေးပေးပြီးတဲ့အပြင် ဘယ်လိုစတင်သုံးစွဲရမည်ကိုအမြုပ်တစီစီ ထွက်အောင်ဝိုင်းဝန်းသင်ကြားပေးခဲ့ ကြသောကျွန်တော့်
ဆရာမနှင့် သူငယ်ချင်းများ ကိုဦးစွာကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။