Sunday, January 17, 2010

အိမ်မက်စေတမန် ( ၄ )

ကိုယ်က တစ်ယောက်ယောက် ကို များ တစ်ဖက်သတ်ကြီး ချစ်မိနေပြီ ဆိုလျှင်ဖြင့် သူကတော့ ဘယ်လို
နေနေသည် မသိပေမဲ့  ကိုယ့် မှာတော့  သူတနေ့ နေ့ တော့  ကိုယ့် ကို ပြန်ချစ်လာမှာပါ၊ ကိုယ့်  ကို နားလည်
လာမှာပါ ဆိုသည့်  စိတ်ကူးယာဉ် မျှော်လင့် ချက်တွေ အပြည့်  နှင့် ပဲ စောင့် စား နေတတ်ကြပါသည်။
ချစ်ရသော သူ့ ကို စိတ်ကူး ယာဉ်ပြီး ကိုယ်ပိုင်ဆိုင်နေသည့်  ကိုယ်ပိုင် ပစ္စည်း လို သဘော ထားနေမိပြန်ပါသည်။
ကိုယ်က စိတ်ကူး နှင့် ရူး နေမိသည့်  “ သူ ” တစ်ယောက် ကတော့  သူ့ အာရုံ နှင့် သူ ၊ သူ လုပ်ချင်တာ တွေ ကို
သူ ပုံမှန် လေးပဲ လုပ် သွားနေပေမေဲ့  ကိုယ် ကတော့  အချိန်နဲ့ အမျှ ပဲ သူ့ အတွက် စိုးရိမ် စိတ်၊ သတိရ စိတ်
လွမ်းတဲ့  စိတ် တို့  ဖြင့်  ကြိတ်မှိတ် ဖိစီး နေတတ်ပါသည်။ မဖြစ် နိုင်တော့  သည့်  အရိပ်၊အရောင် တို့  မြင်လာ
ရလေ ပိုမို ပိုင်ဆိုင်ချင်စိတ် တို့ ဖြင့်  စိတ်ကူး နှင့်  ရူး ရူး လာရလေပါ။ သိ စိတ် တို့ ဖြင့်  လက်လွှတ် ဆုံးရှုံး ရ
တော့ မည်ကို သိနေသော်လည်း ၊ မသိ စိတ် တို့  ဖြင့် သာ နောက်ဆုံး ကောက်ရိုး တစ်မျှင် ကို အတင်း ဇွတ် ဆွဲ
နေချင် ပြန်ပါသည်။ ကြာလာတော့ ကိုယ့် ကိုယ် ကို တောင် သတိ မပြု နိုင်တော့ သည့်  ကိုယ့်  စိတ်မှာ အမြစ်
တွယ် ဖြစ် ပေါ် လာနေသည့်  စိတ်ဒဏ်ရာ ပင် ဖြစ်ပါသည်။ လှလှ ကလေး ပြောရရင်တော့  ယာဉ်ယာဉ်လေး
နှင့်  တစ်မျိုး ရူး နေရှာသည့် ၊ ရူးသွား ရှာ သည့်  အချစ်ရူး ပါပေ။ “ သူ့ ” ဆီ မှ တိုက်ဆိုင် မှု လေးကြောင့် 
အားနာ မှု လေး တွေကြောင့်  မြင်လိုက် ရ တတ်သည့်  အပြုံးလေးများ ၊ စကား စ လေးများ ရလိုက်သောနေ့ 
များ တွင်တော့  မြင့် မိုရ်တောင်ကြီး ကိုတောင် ဇီး သီး စေ့  လေးလို မြင် ၊ ထင် သွား တတ်ပါသေးသည်။ လျှောက်
နေသော ခြေလှန်း တို့ တွင် ဖနောင့် က မြေ မထိချင်တော့ ပါ လို့ ။

မဖြစ်နိုင်တော့ သည့်  အခြေအနေ မျိုး ကိုမှ တသသ နှင့်  တမ်းတ နေမိတတ် ၊ မရ နိုင် တော့ တာကိုမှ လိုချင်နေ
တတ် သည့်  သဘော ဇွဲ ဆုလေးကိုတော့ ရကောင်း ရဲ့ လို့ ဇွတ် မျှော်လင့်  နေချင်သည့်  သဘော မျိုး တွေပါ။
“တစ်နေ့ နေ့ တော့  ချစ်လာလိမ့် မည်” ဆိုသည့်  မှော်လင့် ချက်နှင့် လူနာ အမဲချောက် တောင်း နေ သည့် 
ပုံစံ မျိုး ဟု လည်း ဆိုချင်ပါသည်။

ယနေ့  ကျွန်တော်တို့  အားလုံး “ သူ့  ” ဆီ မှ သူ မပေးချင်တော့ သည့် အဖြေ ကိုလည်း တစ်ဖက်သတ်ကြီး ပဲ
စောင့် မျှော် နေမိ နေကြ ပြန်ပါပြီ။ “ သူ ” လုပ်ချင်နေတာကို သူ့  သဘော အတိုင်းလေးပဲ သူ့ ဖာသာ သူ လုပ်
မြဲတိုင်း လုပ်နေပေမဲ့  ကျွန်တော် တို့ ကတော့  ဘေးကနေ ငေး မောနေရင်းက တနေ့ တော့  “သူ” စိတ် လည်
လာ၊ နားလည် လာတော့ မှာပါ ဆိုပြီး အတင်း ဇွတ် မှိတ် ယုံကြည် မျှော်လင့်  နေကြ ပါသည်။

ကျွန်တော်တို့  အတွက်၊ ကျွန်တော် တို့ အလှည့်  ဟု ဆယ်စု နှစ်တွေ အလီလီ၊ မျိုး ဆက်တွေလဲ တစ်ဆက်ပြီး
တစ်ဆက် ပျောက်ကွယ်၊ပြောင်း လဲ လာပြီး စိတ်ကူးယာဉ် မျှော်လင့်  ချက် တို့ ဖြင့်  စိတ်ရှည် သီးခံ စွာ စောင့် 
စား လာရတာ ကြာညောင်း လာတော့ ၊ စိတ် ဝယ် နာ ညောင်းလာသည့်  စိတ် ဒဏ်ရာ တို့ တောင် ရလာ
ပါပြီလေ ။

ကျွန်တော် တို့  ဟိုး... ငယ်စဉ် တောင်ကျေး ခလေး ဘဝ တုံးကတော “့ သူ့ ” ကို အသဲ ထဲ စွဲ နေအောင် ကို
ချစ်ခဲ့ ၊ အားကျ ခဲ့ ၊ အားကိုး ခဲ့ မိ ကြပါသည်။
အဲ့ ဒီ တုံးက “ သူ ” က ကျွန်တော် တို့  ပြည်သူ တွေ ကြားထဲမှာပဲ တိုးတိုး ခွေ့ ခွေ့ ၊ နွေးနွေး ထွေးထွေး လေး ပဲ
ကျင်လည် ပျော်မွေ့  ခဲ့ တာပါ။ တစ်သွေးထဲ ၊ တစ်သား ထဲ ပေါ့  လေ။ ကောင်းတူ ဆိုးဖက် ဆိုပါတော့ ..။

ကလေးချင်း ကစား တာတောင်မှ သေနပ်ပစ်တန်း ၊ စစ်တိုက်တန်း ကို သာ ရွေး ကစား နေတတ်ခဲ့ ပါသည်။
ယောင်္ကျား လေး ဆိုတော့  စစ်ဗိုလ်မှ ဗိုလ်ပါ။ပစ်လိုက်ရသည့်  ပါးစပ် သေနပ်က အမြှုပ် တစ်စီစီ ထွက်၍
အာခေါင် တောင် ချောက်သွားအောင်ပါ။

မှတ်မိပါသေးသည်။
ငယ်စဉ်တုံးက နယ်မြို့ လေးတစ်မြို့  ဖြစ်သည့်  ဟင်္သာတ မြီု့  တွင် နေခဲ့ ရစဉ်တုံးက ဖြစ်ပါသည်။
နတ်မှော် ဖက်တွင် မြို့ ခံ တပ်ရင်းလေးတစ်ခု ရှိခဲ့ ပါသည်။ တစ်ည အိမ်ရှေ့  တာလမ်းမကြီး ပေါ်တွင် စစ်ကား
နှစ်စီးနှင့်  နေ့ စဉ် စပါးဆွဲနေသော အိမ်နောက်ဖေး သံပန်တလင်းထဲမှ ကျွန်တော်တို့  တွဲလောင်း လိုက်ခိုစိးနေ
ကျဖြစ်သော ချက်ပလက် လော်လီ ကားကြီး များ စစ်သည် အပြည့် နှင့်  အပြင်းမောင်းနှင်သွားသည်ကို
အိမ်ထဲမှ ခြင်ထောင် ထောင်နေရင်းက လှန်းမြင် လိုက်မိပါသည်။ စစ်သည်တို့ ကလည်း စစ်သီချင်းတွေ
သံပြိုင် သီဆို သွားကြပါသည်။ တပ်မတော်သားတို့  စစ်ထွက် သွားခြင်း ပါ။

သိပ်မကြာလိုက်ပါ။ တစ်လလောက်တော့ ရှိမည် ထင်ပါသည်။
ထိုနေ့  မနက်ပိုင်း ဖြစ်ပါသည်။ အိမ်ရှေ့ တွင် လူတွေ ရုံးစု၊ရုံးစု နှင့်  ဖြစ်နေ၍ ကျွန်တော်လည်း အိမ်ပေါ်မှ
ပြေးဆင်း ထွက်ကြည့် လိုက်မိပါသည်။ တာလမ်းမကြီး မျက်နှာချင်းဆိုင် ဘယ်ညာ တွင် ရပ်မိ ရပ်ဖ တွေ
ကျောင်းသူ ကျောင်းသားတွေ တန်းစီ စုရုံး ရပ်နေကြပြီး ကမ်းနား ဖက် တက်လာမည့်  လမ်းဖက်ကို မျှော်ကြည့် 
နေကြတာ ကို တွေ့ လိုက်ရပါသည်။ သပြေပန်းတွေ၊ စံပါယ် ကုံးတွေ ကိုင်လို့ ၊ ဖျော်ရည် အအေး တို့ တောင်
ပါသေးပါသည်။ ရှေ့ တန်းပြန်တို့ ကြိုရန် ဟုသိရပါသည်။ကျွန်တ်ာလည်း လူအုပ်ကြီး ရှေ့ ဖက်ရောက်အောင်
အတင်းတိုးထွက် လိုက်မိပါသည်။

ဟိုး..အဝေး တာကြီးဂုံးဆီမှ နီရဲသော နိုင်ငံတော်အလံက တလူလူ လွင့် ၍ တဖြည်းဖြည်းချင်း ရွေ့ ဆင်း လာ
နေသည်ကို တွေ့ လိုက်ရပါသည်။ အိုးစည် ဘုံမောင်း သံ တို့ ကလည်း ဘဝဂ် သို့ ညံနေပါတော့ သည်။
ရှေ့ တန်းပြန် စစ်သည်တို့  မှန်မှန် ချီတက် လာလို့ ရရန် လမ်းမပေါ် ဝဲယာနှစ်ဖက်မှ ပြို ဆင်းလာနေသည့် 
လူအုပ်ကြီးကို ကျောင်းသားတွေက လက်ချင်း ချိတ်ဆက်ပြီး ရံတားနေကြရပါသည်။

ကျွန်တော်တို့  ရှေ့ မှ ပုခုံးပေါ် စက်သေနပ်အကြီးစားကြီးနှင့် ကျဉ်ကပ်အတွဲလိုက် လွယ်၍ စံပါယ်ကုံးတွေ ပုခုံး
မြှုပ်နေအောင်လွယ်ပြီး မှန်မှန်ချီတက်သွားသော စစ်သားကြီးများကို မြင်လိုက်ရတော့  ရင်မှာ အားကျစိတ်
ကြွတက်လာသည့် စိတ်တို့  အလိပ်လိပ် ထိုးတက်လာခဲ့ မိပါသည်။ သို့ ပေမည့်  သတိထားမိလိုက် သည်က
စစ်ထွက်သွားတုံးက ပါသွားသည့်  ကျွန်တော်တို့  မြို့ ခံတပ်အင်အား ထက် ယ္ခု ရှေ့ တန်း မှ ပြန်ဝင်လာသည့် 
စစ်ပြန်အင်အားက ထက်ဝက်လောက်ပဲ ပြန်ပါလာသည်ကိုပါ။

တိုက်ပွဲကျခဲ့ ခြင်းဟုပဲ စိတ်မကောင်းစွာ ကြားသိလိုက်ရပါသည်။
ထိုအချိန်က ရိုးမ တစ်ဝိုက်တွင် နာမည် အလွန်ကြီးခဲ့ သော “ နို့  တစ်လုံး စိန် ” သူပုန် တပ်ဖွဲ့  ကို သွားရောက်
နှမ်နင်းခဲ့ ခြင်းဟုလည်း သိခဲ့ ရပါသည်။ တိုင်းပြည် ကာကွယ်ရေးအတွက်ဆိုလျှင် အသက် ကို ပထာန မထား
ရင်ကို မြေကတုပ်၊ ဆူးကို မွေ့ ယာ လိုသဘော ထားခဲ့ သည့်  အစဉ်အလာ အလွန်ကောင်းခဲ့ သည့်  တပ်မတော်
ဖြစ်ခဲ့ ရပါသည်။ ဟို..တုံး က ပေါ့ လေ.....။ ကွန်မြူ နစ် တို့ က ဆိုလျှင်“ မျိုးချစ် မျက်ကန်း” ဟူ၍ တောင် သမုတ်
ခဲ့ ရသည့်  တပ်မတော် ကြီးပါပေ။

တိုင်းပြည်၏ လက်ရုံးသဖွယ်ဖြစ်ခဲ့ ရသော “ သူ ” တို့ ကို အမြဲတန်းပဲ အားကျ ၊ အားကိုး စိတ်တို့ ဖြင့်  တစ်ဖက်
သတ်ကြီးပဲ ချစ်နေခဲ့ ရပါသည်။ အိမ်မက်ထဲ တို့  မှာတောင် ကြီးစိုး မင်းမူ နေခဲ့ ရပါသည်။ “ သူ့ ” ကိုပါ။

ယနေ့  တော့  ခေတ်တွေ အလီလီပြောင်းခဲ့ ရပြီး သွေးစွန်းခဲ့ ရသော အရေးအခင်းတွေ၊ သမိုင်းတွင် ဘယ်တော့ မှ ဖျောက်ဖျက် မရတော့ သည့်  အဖြစ်အပျက်တွေ အကြိမ်ကြိမ် ပဲ ဖြစ်ခဲ့ ရပြီး ဖြစ်လဲ ဖြစ်နေဆဲ ရှိနေတုံးပါပေ။
တစ်စိမ်းရန်၊ တိုင်းတပါးရန် တို့ နှင့် မဟုတ်ပဲ ကျွန်တော်တို့ ပြည်သူတွေကြားထဲက ပေါက်ဖွားလာခဲ့ သော
ကျွန်တော်တို့  တစ်ဖက်သတ် ချစ်ခဲ့ ရသော “ သူ ” နှင့် ပါလေ ။ ရင် မှာ နာကျင်ဖွယ် ကောင်းလေစွ ။

ဆယ်စု နှစ်ပေါင်း များစွာပဲ ပြည်သူ တို့ နှင့်  ထိပ်တိုက် တိုးနေခဲ့  ရတာတောင် ဘာကြောင့် လဲ ၊ ဘာအတွက်လဲ
လို့  သူ တို့ မသိခဲ့ ၍လား ၊ တကယ်ပဲ မသိချင်ရောင် ဆောင်နေခဲ့ တာလား ဆိုတာ စဉ်းစား မ၇ပေမဲ့  ကျောင်း
သား လူငယ် ရဟန်း ရှင်လူ အားလုံး သူတို့ ၏ သေနပ်ပြောင်းဝ တွင် အတုံးအရုံး ပဲ ကျဆုံးကုန်ခဲ့ ရပါပြီ။

ပြည်သူတို့ နှင့်  တစ်သား ထဲရှိခဲ့ သော “သူ ” တို့ က ယ္ခု ပြည်သူ တို့ နှင့်  တဖြည်းဖြည်းပဲ အလှန်းကွာနေလာ
သလို လူမှု ဘဝ တွင်လည်း ဆင်းရဲ ၊ ချမ်းသာ လူတန်း စား နှစ်ရပ်၏ ကွာချားမှု ကလည်း အနှိုင်း အဆ မဲ့  လို့ 
လာပါပြီ။

သို့ မို့ ကြောင့်  ကျွန်တော်တို့  တစ်ဖက်သတ်ပဲ ချစ်ခဲ့ ၊ အားကျ ၊ အားကိုး ခဲ့ ရသော “ သူ့ ” ဆီ ကို အနှစ်နှစ်
အလလ က မျှော်လင့် စောင့် စား နေရသည့်  ရင်ထဲက ဆန္ဒလေး ၊အဖြေ လေးကို တောင်းဆို လိုက်ချင်ပါသည်။
ကြာညောင်း လာလွန်းသောကြောင့်  စိတ်မှာ နာညောင်း လာပြီး စိတ်ဒဏ်ရာတို့  ရ လာရအောင်ကို အကြိမ်
ကြိမ် စိတ်ကူး ယဉ် မက်နေခဲ့ ရသော “ အိမ်မက် ” လှလှ လေးကို အမြန်ပဲ အကောင်အထည် ပေါ်လာစေချင်
ပါသည်။

“ အမှန် ” တစ်ခု ကတော့  လက်တစ်ကမ်း မှာ ရှိနေပါပြီ။
“ အမှား ”တစ်ခု ကို ထပ်ပြီး မဖန် တီး သင့် တော့  ဟု ထင်ပါသည်။
ကျွန်တော်တို့ အားလုံးက ကျွန်တော် တို့  ရင်ကို ဇုန်ကန်ထွက်နေသော “သူ ”့ကို လက်ကန်းလို့ ကောင်းနေတုံးပါ။
တိုင်းပြည်နာနာမှာ ရှင်သန်နေရသော သူတွေမို့ လဲ လူနာတွေလိုပဲ၊ အမဲချောက် တောင်းနေသည့်  ပုံ ဖြစ်နေရပါ
သည်။

စေ စား နေချင် လွန်းသည့်  “ အိမ်မက် ” ၊ “ အိပ်မက် ” တို့  ဝေဝါး နေသည့်  အငွေ့  တို့  အဖြစ်မှ
ပြတ်ပြတ် ထင်ထင် အမြန်ဆုံး ပဲ အကောင် အထည် ပေါ် လာ ပါစေတော့ ရယ်..လို့ ။

..............................................................................................................................................

( မျှော် တိုင်း ဝေး ဝေး နေတတ်သည့်  ရွှေပြည်တော် ကြီးအတွက်ပဲ ရည်ရွယ် ခဲ့ ပါသည်။
မည်သူ့  ကိုမှ နစ်နာ စေလိုသော သဘော တကယ်မရှိခဲ့  ရိုး အမှန်ပါ။ ဘာပဲဖြစ်ဖြစ် ယနေ့  အချိန်
အထိ၊ သည် စာလေး ကို မရဲ တရဲ ရေးလိုက်ပြီးချိန် အထိ “ သူ ” က ရင်ထဲမှာ မြဲ နေတုံးပါပဲဗျာ။ )

10 comments:

သုဒြေ္န said...

တစ်နေရာဦးထားတယ်မလုကြပါနဲ့ 

Anonymous said...

ဟင့် ၁ ယူလိုက်တဲ့လူကလဲရှိသေး။
မရဲတရဲဖတ်ပြီးပြီ။
"သူ" ဆိုတော့ ကိုကြီး သုဒြေ္န ကသူ့ကိုရေးတာလားဆိုပြီးလုပ်လိုက်သေး။

ခင်တဲ့
ရွှေယွန်းဝါ

Anonymous said...

"ယာဉ်" ကစာလုံးပေါင်းမှားနေတယ် ဆရာ ၊ ဖတ်ရတာ တစ်မျိုးဘဲ။ "ယဉ်" ပါ။

ခင်တဲ့
ရွှေယွန်းဝါ

kiki said...

အောင်တပ်မတော်ကြီးလဲ ချီလာပါပြီ...
ဗမာ အာဇာနည် ..
မကြားရတာ ကြာတော့ ဒီသီချင်းလေးတောင် မေ့တေ့ တေ့ ရယ် ....
ခုတော့ ပြောင်းဆိုရတော့မယ် ..
အောင်သတ်မတော်ကြီးလဲ ချီလာပြန်ပြီ ..
ပီ ပီ ပီ ပီ ပီ .... လို့ 

“ အမှန် ” တစ်ခု ကတော့  လက်တစ်ကမ်း မှာ ရှိနေပါပြီ။
“ အမှား ”တစ်ခု ကို ထပ်ပြီး မဖန် တီး သင့် တော့  ဟု ထင်ပါသည်။......

ထင်ပါ ထင်ပါ သူ ကတော့ မကြင်နာတာပေမို့  ရင်နာနာ နဲ့ ပဲ ..... ယဉ်ယဉ်လေးရူးနေပါတော့မယ် ။

စောင့်မျှော်ရကြိုး နပ်ပါစေ ကိုကြီးကျော်ရေ ..

thawzin said...

မျှော်လင့်နေကြသော လူအခွင့်အရေးကြီး ရလာပါတော့မယ်။ တိုင်းပြည်ကြီးဘယ်လိုဘယ်ပုံ ပြောင်းလဲသွားမလဲ ရင်ခုန်စွာနဲ့ သူထဲက သူတယောက်အနေနဲပေါ့ဗျာ

ခြေလှမ်းသစ် said...

မြန်မာပြည်ရဲ့ အခြေအနေနဲ့ အုပ်ချုပ်သူ လူတန်းစား များရဲ့ မျိုးဆက်သစ်ကို ဖမ်းစား တတ်တဲ့ ပညာ၊ မျိုးဆက်သစ်များရဲ့ တိုင်းပြည်ကို ကာကွယ်ချင်တဲ့ အသိ စိတ်တွေကြောင့် ကျနော်တို့ လူငယ်တွေဟာ သူ့ ကို စွဲစွဲမြဲမြဲ ဖြစ်စေခြင်ခဲ့တာလို့ ထင်ပါတယ်ဗျာ

shwezinu said...

သူ ပျောက်သွားတာ နှစ်ပေါင်း ၅၀ လောက်ရှိပြီ

သူ
အစစ်နဲ့ မတွေ့ဘဲ သေသွားတဲ့ လူ တွေလည်း မနဲတော့ဘူး

shwezinu said...

သူ

ဆိုတာ မရှိတာ ကြာပေါ့

မြစ်ကျိုးအင်း said...

အပြုသဘောဆောင်တဲ့ စာကောင်းလေးပါပဲ
ခုထိလည်း လူတိုင်းမျှော်လင့်နေကြတုန်းပါပဲ ။

အပေါ်ဆုံးစာပိုဒ်တွေနဲ့ အောက်ဆုံးက
(မည်သူ့  ကိုမှ နစ်နာ စေလိုသော သဘော တကယ်မရှိခဲ့  ရိုး အမှန်ပါ။ ) အဲဒါကတော့ သိတဲ့သူတယောက်ကို မြင်သွားစေတယ်။
အဲဒီဖြေရှင်းတဲ့စာသာ မပါခဲ့ရင် အစွန်းလွတ်တဲ့ ဆောင်းပါးလေးဖြစ်လာမယ်ထင်မိတယ်။

Flower said...

သူ့ရဲ့ ပုံရိပ်ကို အားကျခဲ့ဖူးသူ... လေးစားခဲ့ဖူးသူတွေထဲမှာ ကိုယ်တိုင်လည်း
အပါအ၀င်ပါ.. ခုတော့.......
အဖြူလေးက စာအရေးအဖွဲ့လေးတွေ သိပ်ကောင်းပါတယ်.. များများရေးစေချင်မိတယ်..
အရင်က မသိလို့ လာမဖတ်ဖြစ်ပေမဲ့ နောက်ကို မကြာခန လာဖတ်ပါမယ်.. တိုက်တွန်းချင်တာကတော့ များများလေး ရေးပါ.. ဖတ်လို့ကောင်းတဲ့သူတွေကို များများရေးစေချင်တဲ့ ဆန္ဒရှိပါတယ်..