Sunday, July 4, 2010

တစ်ပင်ထဲ ရင်ထဲက “ နွယ် ”

( ဆရာကြီး နွမ်ဂျာသိုင်း၏ ကျော်ကြား ခဲ့ သော “ တစ်ပင်ထဲ ရင်ထဲက နွယ်” ဝတ္ထု ခေါင်းစဉ် လေး ကိုပဲ
မြတ်မြတ် နိုးနိုး ယူသုံးခဲ့  မိပါသည်၊ ဆရာ ကြီး ၏ ခေါင်းစဉ် အတိုင်း နက်နဲ ၍ ဖွဲ့  မကုန်သော အဖွဲ့  လေး
ကို ဆင်တူ အောင် ထပ် မဖွဲ့  နိုင်တော့  သောကြောင့် လည်း ကိုးကွယ် ခဲ့ မိ သော ချစ်သော ဆရာ ရဲ့ 
ခေါင်းစဉ် လေး ကို ပဲ အငှား ယူ သုံး ခဲ့ မိ ပါကြောင်း ... ဖြင့်  ။ )


မိုး တို့  ရပ် သွား ပြီး နောက်ပိုင်း တညိမ့်  ညိမ့်  ဆော်သွေး နေ သော လေရှုး တို့ ပါ ရုတ်ခြင်း ပျောက်ကွယ်
သွားကုန်ကြ သောကြောင့်  အောင်း နေရသည့်  အပူခိုး တို့ လဲ တထောင်းထောင်း ထိုးထွက် လာကြ ၍ အလွန်
အိုက်ပြီး စပ် နေ ရသည့်  ရာသီ သို့  ပြန်ရောက် လာ ရ ပါတော့  သည်။

အိုက် သည် ဆိုရာ တွင် လေ ညိမ် ပြီး နေ တို့  ချစ်ချစ် တောက် အောင် မျက်စေ့  တို့  တောင်ကျိန်း နေ အောင်
ကို ပူ နေသောကြောင့်  အိုက် နေရ ခြင်း ဖြစ်ပြီး စပ် သည် ဆိုရာ တွင်လည်း အထော မသတ် အဆုံးမရှိ
အောင် ကို ထွက် ထွက် နေသော ချွေး တို့  ကြောင့်  အရေ ပြား ပေါ် ဝယ် အဝတ် တို့်  နှင့် တောင် မထိ ရဲ လောက်အောင် ကို စပ် ဖျင်းဖျင်း ဖြစ် နေရခြင်း ဖြစ်ပါသည်။


ဟိုး အရင် တစ်လော တုံးက မိုး ကလေး ခပ်သောသော ရွာ ခဲ့  သော ကြောင့်  ဝါးရံ တာလေး ရှိ ၊ ပန်းအိုးထဲ မှ
ခပ် ချောက်ချောက် စံပါယ်ရုံကလေး ၏ စိမ်းစိုလာသော ရွက်နု လေး များ ထိပ်တွင် အဖြူ ရောင် ပွင့် ဖတ်
အနု ကလေး များ ဖြင့် ဖူး ငုံ လာ ပြီး တဖြည်းဖြည်း ပွင့် အာ မွှေးကြိုင် လာသော စံပါယ် ပန်းပွင့်  ကလေးများ
ကို တစိမ့် စိမ့်  ကြည့်  မိနေရင်း နမ်း ချင် ပေမဲ့  မနမ်း ရက် တော့  ပဲ ဘုရား ကို ဦးဦး ဖျားဖျား ပဲ တင် တော့ 
မည် ဟု ပိုင်း ဖြတ် လျက် အသာ ပဲ တစ်ပွင့်  ချင်း ခြွေ နေရင်း မှ ၊ နုဖတ် လွန်း ၍ အခြွေ မခံ နိုင်ပဲ ကြွေ ကျ
သွား သော စံပါယ်ပွင့်  လေး များ ကို သာ တရှိုက် မက်မက် ကောက်ယူ နမ်း ရှုံ့  လိုက်မိ ပါ တော့ သည်။

အား ပါး .... အကြော ထဲ နှလုံးသည်း ပွတ် ထဲ ထိ စိမ့်  ဝင် သွားအောင် ကို မွှေး လွန်း နေ ပါ ရော လား လို့ ။
မွှေး ချက် က လဲ လတ် ဆတ် လန်း ဆန်း လွန်း နေ သော ကြောင့်  စံပါယ်လေးများ ၏ သင်းပျံ့  နေသော ရနံ့ 
ကလေး ကို ဆက်လက် ရှု ရှိုက် နေ ရင်း က ဟိုး ... တစ်ချိန် က“ စုတ်ချွန်း ” ကို သတိ ရ မိ သွား ပါ သည်။

ကမ္ဘာ တွင် ကျော်ကြား ခဲ့ သည့်  သမိုင်း ဝင်လွန်ခဲ့ သော ရှစ်လေးလုံး အရေးအခင်း မဖြစ် ခင် က ပဲ ဖြစ်ပါသည်။
အချိန် က မနက် သုံးနာရီ ခွဲ ကျော် ကျော် လေး ပါ ပဲ။ မြူ နှင်း မြူ ခိုး တို့  မကွဲ သေး ပဲ ပိတ်ပိတ် ပိန်း နေသေး
တော့  လမ်း ဓါတ်တိုင် တစ်တိုင် ချင်း ကို တောင် အမြင် တို့  မသဲ ကွဲ ချင် သေး ပါ။ ဓါတ်မီးတိုင် ဆိုရာ တွင်
မျော တိုင် ၊ သစ်တိုင် တို့  ထိပ်တွင် တစ်ရာဝပ် မီးသီး ၊ မီးချောင်း များ ဖြင့်  သာ ချိတ်ဆွဲ ထွန်းညှိ ထား သည့် 
ရန်ကုန်မြို့  ကြီးရဲ့  အစွန် အမှတ်(၃) လမ်းမကြီး ဘေး ရှိ တောင်ဒဂုံ ရပ်ကွက် ကလေး တစ်ခု ၏ မညီညာပဲ
ဂျိုင့် ကွက် အလွန် ပေါများပြီး အုတ်ကျိုး လေးတွေ သာ မစို့ မပို့  ခင်းထား ရ သော ကျွန်တော်တို့  အိမ်ရှေ့  ရှိ
လမ်း ကလေးပဲ ဖြစ်ပါ သည်။

ကျွန်တော် တို့  လမ်းကလေး ထဲရှိ အိမ်ခြံစည်းရိုး တို့ သည် များသော အားဖြင့်  စင်္ကြာပန်း ရုံ တို့  ဖြင့် သာ
ခပ်ညပ်ညပ် ခပ်စိပ်စိပ် စိုက် ကာ ထားလေ့  ရှိ သောကြောင့်  ဝါတွင်း ကာလ မိုးဦး ကျ အချိန် ရောက်လျင် ဖြင့် 
အခု လို မြူတွေ ပိတ်ဆိုင်း နေသည့်  နံနက်ခင်း တိုင်းမှာ ထို စင်္ကြာ ပန်းရနံ့  သင်းသင်း လေး တွေ ကို မြေသင်း
ရနံ့ တို့ နှင့် အတူ ပဲ တစ်လမ်း လုံး မွှေးကြိုင် နေအောင် ရှိနေတတ် ပါ တော့ သည်။

ကျွန်တော်လည်း ည တုံးက ပေး ထား သည့်  မနက် သုံးနာရီ ခွဲ နာရီ သံပတ် သံ ကြောင့်  တစ်အိမ် လုံး
တရုန်းရုန်း နိုး မလာ ခင်ပဲ ကပြာ ထ ၊ မျက်နှာ ထွက်သစ် ၊ ဓါတ်မီး ကို ဆွဲ ၍ အိမ်ရှေ့  လှေ ကား မှ ခြေသံ မမြည်
အောင် အသာ ပဲ ဖိနပ် ကို စီး ပြီး ဆင်း တော့  ဆင်ဝင် အောက်တွင် ဝမ်းလျား ထိုး မှေးစင်း နေ သော ကျောနက်
ကြီး က “တအိ အိ ” နှင့်  သူ့ တစ်ကိုယ်လုံး အကြောတွေ တန်းသွား အောင် အပျင်း ကြော တွေ ဆန့်  ထုပ်
လိုက်ရင်း လည်ဆံ ၊ လည်ဇလုပ် မွှေး တွေ ကို တဇပ်ဇပ် နှင့်  ခါ ထုပ် လိုက် ပါတော့  သည်။

ကျွန်တော့်  ခြေဖမိုး ကို တလှုပ် လှုပ် ၊ တရှုံ့ ရှုံ့  ဖြင့်  နမ်း ရှုံ့  နေသော “ ကျေနက်” ကြီး ရဲ့  ဂုတ်ပိုး ကို သာသာ
လေး ပြန် ပွတ် သတ် ပေးလိုက်ရင်း ခြံစည်း ရိုး တန်း ဘက် အသာ ထွက်ခဲ့  မိ ပါသည်။

စင်္ကြာပန်းရုံတန်းများ ကြား မှ ဓါတ်မီး ရောင် တစ်ချက်ချက် ဖောက် ထွက် လာနေသည်ကို မြင်လိုက် ရ၍ ခြံ တံခါး
ဂျိတ် ကို အသာမ ပြီး ဓါတ်မီး ရှင် ကို လှန်း ကြည့်  လိုက် တော့  သူ “ စုတ် ချွန်း ” ပါ ပဲ။

“ ဟယ်..ကိုကျော်... အခု မှ နိုး တယ်..”
“ ဟဲ့  .. မစုတ်ချွန်း ရဲ့  ... နင်က ၊ နယ်ကျော် လှ ချဉ်လား ...၊ ကိုယ့်  ခြံ မှာ ကိုယ်မခူး ပဲ သူများ ခြံ မှာ လာခူး
နေတယ် ပေါ့  ”
“ ကျွန်တော့် ခြံ မှာ လည်း ဒီလိုပါပဲ နော် ၊ သူများ တွေ တရုန်းရုန်း နဲ့  ပဲ လေ၊ ဒါကြောင့်  အီဖေ ကိုယ် ဒီဘက်
ရောက် လာ တာ ပေါ့  ၊ ဘာ လဲ မကျေနပ်ဖူး လား ..”
ကျွန်တော့်  မျက်နှာ ကို ဓါတ်မီး နှင့်  ပြန် ဝင့်  ၍ သူ ပြန်ပြောပါ သည်။

တကယ်တော့  သူ့  နာမည် အစစ်က “ ဝတ်ရည်ရွှန်းလဲ့ ” ပါ ပဲ။
ကျွန်တော်က အလွန် စ လို့  ကောင်းသော သူ့  ကို ချစ်စနိုး နှင့်  “စုတ်ချွန်း ” လို့  မှဲ့  ခေါ် ထား တာ ဖြစ်ပါသည်။
ကျွန်တော့်  ထက် ခြောက် နှစ် ခန့်  ငယ်ပါသည်။ ကျွန်တော်က ၂၁ နှစ်၊ သူ က ၁၅ နှစ် ဖြစ်ပါသည်။
သူ့  ညီအမ သုံး ယောက် ထဲ မှာ သူ က အကြီး ဆုံး ဖြစ်ပါ သည်။

အရပ် ကတော့  ကျွန်တော့်  ရင်ခေါင်း လောက်ပဲ ရှိ နေတော့  တစ်ခါတစ်လေ “ဂျပု” လို့  ပဲ ခေါ် ဖြစ် နေတတ်
ပါသည်။ သူက “ ဂျပု ” ဆို တော့  ကျွန်တော့် ကို သူ က “ လံဘား ” လို့  ပြန်ပြန် တွယ်တတ် ပါသည်။

လမ်းထဲ ဝယ် သူ က စွာလွန်း လို့  သူနဲ့  မတည့်  တဲ့ သူ တွေ ကြား ထဲ မှာပဲ တည့် နေ တဲ့ သူ နဲနဲ လေး က တော့ 
ကျွန်တော် နှင့်  ကျွန်တော့်  ခွေး ကြီး “ ကျောနက် ” ပဲ ဖြစ်ပါသည်။ ဒါကြောင့်  မို့ ပဲ မနက် အစော ကြီး
ကျွန်တော် တို့  ခြံ ရှေ့  စင်္ကြာ ရုံ၊ သူ လာ တိုး နေသည် ကို “ကို ကျောနက်” က ထိုး မဟောင်ခဲ့ ခြင်း ဖြစ်ပါသည်။

ကျွန်တော် တို့  ရပ်ကွက် ကလေး ၏ ချစ်စရာ ဓလေ့  ကလေး ကတော့  ဝါတွင်းကာလ ရောက်တိုင်း မနက် စော
စော သုံးနာရီ ၊ လေးနာရီ တွင် လမ်းထဲ ရှိ ၊ ခလေး သူငယ်၊ ပျိုပျို အိုအို ၊ ကာလသား လူငယ် လူရွယ် တွေ ပါ
မကျန် စောစောထပြီး စင်္ကြာ ပန်း လေးတွေ ကို လတ်လတ်ဆတ်ဆတ် ခူးဆွတ် သီကုန်း ၍ လမ်းထဲ ရှိ သက်ကြီး
ရွယ်အို၊ သူကြီး သူမ များ ကို လိုက်လံ ကန်တော့  ဝေငှ ပေး လေ့  ရှိ သည့်  အလေ့ အကျင့်  ကလေး ပဲ ဖြစ်
ပါသည်။

သည် လို မနက်ခင်း တွေ ဆိုလျင် မြူ မှောင်မှောင် ထဲ မှာ ပဲ ဓါတ်မီးရောင်လေးတွေ တလဲ့ လဲ့  နှင့်  လူငယ်၊
လူရွယ် တို့  စင်္ကြာ ရုံ တန်းတွေ မှာ တရုံးရုံး ဖြစ်နေတတ် ပါသည်။ ရပ်မိ၊ ရပ်ဖ တို့ ကို သည် စင်္ကြာပန်းကုံးလေး
တွေ လိုက်လံ ဝေငှ ခြင်း ဖြင့်  ၊ ဥပုတ် သီတင်း သီလ စောင့် ယူ ရန်၊ ဘုရား ကပ်ရန် ၊ ဆွမ်း ထ ချက် ရန် စသည့် 
ကုသိုလ် ရေး တို့ ကို လဲ တစ်ဖက် က နှိုး ဆော် ပေး သည့်  ဓလေ့  လေး လဲ ဖြစ် ပါသည်။
မနက် မနက် ကျေးစည် ရိုက်၍ လိုက်လံ နှိုးဆော် လေ့  ရှိသည့်  နိဗ္ဗန် ဆော် အလုပ် ကလေး နှင့်  လည်း
ဆင်တူ နေသည် ဟု ထင်ပါသည်။

“ ရော့  .. နဲနဲ ယူ လေ ကို ကျော်... ”
သူက သူ့  ဇကာ လေး ကို လှန်း ကမ်း လာ ရင်း ပြော လာ ပါသည်။
အားပါးပါး... မွှေး လို့ ပါ လား ၊ သတိ လက်လွတ် မွှေး လိုက်မည် လုပ်မိ တော့  သူက သူ့ ဇကာ လေး ကို အသာ
ရုတ် သွားရင်း “ ဟိုး..ဟိုး.. ဒါတော့  မရ ဘူး ဆရာ လန်ဖား ရေ၊ ဘုရား တင်ရမှာ ၊ နန်းချင် ရင် ဒီမှာ ယူ ” ဟု
ဆိုပြီး သူ့  လက်ထဲ ကျန်နေသေး သည့်  စင်္ကြာ ပန်း တစ်ချို့  ကို လှန်း ပေး လာ ပါသည်။

ကျွန်တော်လည်း သူပေး လာ သော ပန်း လေး တွေ ကို လက်ဖဝါး နှစ်ဖက် ထဲ အသာ ထည့် အုပ်ပြီး ခပ်ရွရွ
လေး နန်းရှုံ့  ပစ် လိုက်မိ ရင်း သူ့  ကို လှန်းကြည့်  လိုက် မိ ပါသည်။


အိမ်ရှေ့  ဓါတ်မီးတိုင် မှ ထူ ထဲနေ သော မြူ မှုန် အေးအေး ကြီး ကို မထိုး ဖောက် နိုင် သေးသည့်  လေးပေ
မီးချောင်း လေး ၏ ခပ်ဖျော့ ဖျော့  အလင်း ရောင် လေး အောက်မှာ ပဲ “ စုတ်ချွန်း ” လေး ရဲ့  မျက်နှာ ကို
သနပ်ခါး ဘဲ ကြား နှင့်  ပဲ တွေ့  လိုက် ရ ပါ သည်။

“ စုတ်ချွန်း ” ကတော့  သနပ် ခါး ကို ဘယ်အချိန် လိမ်းလိမ်း ဘယ်တော့  မှ မညီ ညာ တတ် ခဲ့ ပါ။
အိမ် က ကျွန်တော့်  အမ တွေ ၊ ညီမတွေ လိမ်း သလို သွား ပွတ် တံ ဖြင့်  အထပ်ထပ် အခါခါ ညှိ ချစ် ခြင်း ကို
သူ ဘယ်တော့  မှ စိတ်ရှည် လက်ရှည် လုပ် ခဲ့  ခြင်း အလျင်း မရှိခဲ့ ပါ။

သူ့ ကို “ နင်ကလဲ .. မိန်းခလေး ဖြစ်ပြီး တော့  ... ကြည့် ကောင်း အောင် ညီညီ ညာညာ လေး တော့  လိမ်း
ပါ လား ဟာ ..” လို့  တစ်ခါ ခါ ပြော ခဲ့  မိတိုင်း “ အမယ်..... လေး ၊ သနပ်ခါး ပဲ ကိုယ် က လိမ်းချင်လို့  လိမ်း
တာပဲ ၊ လှချင်လှ ၊ မလှ ချင်နေ ၊ ကြည့် ချင် ကြည့်  ၊ မကြည့် ချင် နေ ၊ ဒါပဲ..” တဲ့  ဗျာ ။ “ စုတ်ချွန်း ” က အဲ့ လို
မိန်း ခလေး တစ်ယောက် ပါ။

အသားအရည် ကလဲ တရုပ် သွေး စပ် သူ မို့  ဘုရား စူး ဖြူ ပါ သည် လို့  ကျမ်း ကျိန် ထွက်ဆို ရ လောက် အောင်
ကို ပဲ ကျွန်တော့်  လို “ ညို ” နေ ပါ သည်။ အရပ် က သာမန် မိန်းခလေး တွေ ထက် နဲနဲ ပု ချင် ရ သည့်  ကြားထဲ
ခြေဖမိုး အုပ်ချင်နေသည့်  ဂါဝန် ကြီး တကားကား နှင့်  ၊ တစ်ခါ တစ်ရံ တို သော ဆံပင် ကို ပဲ နောက်မှ လှန်၍
ကလစ် နှင့်  ညှပ် ညှပ် တင် ထား တတ် ပြန်တော့  သနပ်ခါး ဘွက် ပေါက် အောင် ပေလူး နေသော သူ့  ကို
ကြည့်  ပြီး သင် နေ ခဲ့ ရ သည့်  “ မရေသည်ပြဇာတ် ” ထဲက ၊ စိတ်ပျက် အောင် လှ ပါသော မရေသည် ဆိုသည့် 
အဖွဲ့  လေး ကို ပဲ သတိ ရ မိ နေ ပါတော့ သည် လို့ ။

အဲ့  ဒီ လို အမတန် မှ ပဲ ကျားကျားယားယား နေ တတ်သည့်  စုပ်ပြီး ချွန်း နေတတ်သည့် “ ဂျပု” လို မိန်းခလေး
မျိုး ကို မှ ချစ်လှ ကြိုက် လှ ပါသည် ဆိုသည့်  ကိုရွှေ ကာလ သား များ ကလဲ ဘုရားစူး ရှိ လို့  နေ ပြန်ပါသည်။
ဂါဝန်တဖားဖားနှင့်  ကျောင်းသွား ကျောင်း ပြန် သူ့  လွယ်အိပ် ထဲ လိုက်ထည့် သမျှသော မေတ္တာ စာ မှန်သမျှ
ကို အကုန်ဖွင့် ဟ လက်ခံ လာ တတ်ပြီး သူ့  အိမ် ရောက်သည်နှင့်  သူ့  အဖေ ကို ပေး ဖတ် လေ တော့ သည်။

တစ်ခါ ကလဲ သူ့  ရဲ့  အဖြေ မှ မရ လျင် စာမေးပွဲ မဖြေ တော့  ပါ ဘူး ဆိုသည့်  သူ့ ကို ကြိုက်နေသည့်  ကျောင်း
ရှေ့  ကုက္ကုလ် ပင် ကြီး အောက်ဝယ် တစ်ယောက်ထဲ ဝေဒနာ ပြပွဲ ဝင် နေ သည့်  ငတိ တစ်ကောင် ကို သူ က
ခပ်အေးအေး ပင် အနား သွား ကြည့်  ၍ သူ့  ဖာသာ သူ ပဲ စာမေးပွဲ ခန်း ထဲ ဝင် ဖြေ ခဲ့ လေ သည်။

“ ကျွန်တော် က အဲ့  လို အူကြောင်ကြောင် ပျော့ တော့ တော့  ကောင်တွေ ကို သိပ်မုန်း တာ ..” တဲ့  ။
အခင်း ဖြစ်ပွား ပြီး သည့် နောက် သတင်းကြား ၍ သူ့  ကို မေးကြည့်  တော့  သူ ဒီတိုင်းပဲ ပြန်ဖြေ ခဲ့ ပါသည်။
ထိုနှစ်က တကယ်ပဲ စာမေးပွဲ ကျ သွား ရှာပါသည် ၊ ခုနက ငတိ လေး ပါပဲ။

......................................................................................................................................................


( ဆက်ရန် )

14 comments:

အနော် said...

အင်တာနက်က သုံးရတာ အဆင်မပြေသေးလို့ အလည်မရောက်ဖြစ်ဘူး အကိုအဖြူလေးရေ.
အပြင်အဆင်ရော သီချင်းတွေရော ကောင်းလိုက်တာ.. စိတ်ထဲ သဘောကျသွားတယ်..
ဆက်ရန်ပို့စ်လေးကို မျှော်နေမယ်..
တစ်ပင်တည်း ရင်ထဲက နွယ် :)

နန်းလေပြေနု said...

အဲ့ရပ်ကွက်လေးထဲ နေချင်လိုက်တာ မွှေးနေမှာပဲ :))

sosegado said...

ရင်ထဲဘယ်လို နွယ်မလဲ စောင့်ဖတ်ရမှာပေါ့ မိန်းခလေးတစ်ယောက်ကို “ စုတ်ချွန်း ”လို့ခေါ်တာစိတ်ဝင်စားမိတယ်

ညလင်းအိမ် said...

ကိုဖြူလေးရေ ခေါင်းစဉ်ကို မြင်ထဲက စိတ်ဝင်စားသွားတာ ... ဇာတ်လမ်းလေးက သဘ၀အလေ့အထလေးတွေ ပါတော့ မိုက်တယ်ဗျ ... ဖတ်လို့ကောင်းတယ် ..
မြန်မြန် ဆက်ပါဗျို့ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

စုတ်ချွန်းအကြောင်းက ရိုးရိုးလေးနဲ့စိတ်ဝင်စားစရာ။။။
ကြည့်ရတာ စုတ်ချွန်းကများ ကိုယ့်ဆရာရင်ထဲက နွယ်တစ်ပင် ဖြစ်သွားလေရော့သလားး)
ဆက်ရန်ကိုမျှော်နေပါတယ်..

Anonymous said...

အဖြူလေး ရေ

စိတ်ဝင်စားစရာ ကောင်းတယ် ဘယ်သူ့ရဲ့ နွယ်လေး လည်း သိချင်တယ် မြန်မြန်ရေးပါ ဒါဘဲ


ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခိုင်နုငယ် said...

စုတ်ချွန်းအကြောင်း.ရိုးရိုးလေးရေးဖွဲ့ထားတော့
စိတ်ဝင်စားစရာ။
စုတ်ချွန်းလေးကဘယ်သူ့ရင်ထဲ့နွယ်ပင်လေးဖြစ်မလဲ
ဆက်ရန်ကိုစောင့်မျှော်ဖတ်ချင်ပါသဖြင့်။
လင့်ချိတ်သွားပါပြီ။

kiki said...

စုတ်ချွန်းရော ကျော နက်ကြီး ရော .. ဘယ်နွယ် တွေ ဘယ်လောက် ရှည် မလည်း မသိ .. ဒီ က အုတ်လိုင်းမြက်ပေါက် နေတာကြီးကတော့ မီးသာ ရှို့ ပလိုက်ချင်ပြီ ကိုကြီးကျော် ရေ ...

ဆက်သာ နွယ် ပေ ရော့  ..
အဆင်ပြေ တဲ့ အခါ ဝင် ကြည့်ပါ့မယ် ။
ဆင်တုံးမနွယ် ဆိုရင်တော့ ကောင်းမှာ နော် .. ..း))

ခါးချိနေတဲ့
ဖွားကိ ..

thawzin said...

စုတ်ချွန်း တို့ပြောစရာကျန်တာပေါ့ သူ့ကြောင့် စားမေးပွဲကျသွား လူတယောက်ရှိတယ်ဆိုပြီး။

ရောက်ပါတယ်

ခြေလှမ်းသစ် said...

စုတ်ချွန်းနဲ့ ပန်းလိုက်ကောက် နေရတဲ့ အရသာ အတော် ကောင်းမှာပဲနော် ကိုအဖြူလေး ... တကယ်ပဲ မြန်မာပြည်ကို သတိရသွားတော့တယ် ...

ပေါ့ဆိမ့် said...

သနပ်ခါး ဘဲကြား နဲ့ စုတ်ချွန်း တို့ ဇာတ်လမ်း လေးဘဲ။
စုတ်ချွန်း တော့ နောက် တစ်ပိုင်းမှာ သနပ်ခါး ဘလပစ် ဖြစ်မလား သနပ်ခါး ညီညီညာညာ နဲ့ ချစ်စရာလေး ဖြစ်လာ မလား စောင့် ဖတ်ရတော့ မှာပဲ ...

သဒ္ဓါလှိုင်း said...

မင်္ဂလာပါ..။ ပထမဆုံးလာလည်သွားပါတယ်.။
စာလာဖတ်ပါအုံးမယ်..။
အဆင်ပြေပျော်ရွှင်ပါစေ.။
ခင်မင်စွာ
သဒ္ဓါ

မြတ်မွန် said...

ဟဲဟဲ မဟုတ်မှ လွဲရော..
ကိုကျော့် တစ်ပင်ထဲ ရင်ထဲက နွယ်က
စုတ်ချွန်း ပဲ ဖြစ်ရမယ်..ဟိဟိ

Unknown said...

တစ်ပင် ထဲရင် ထဲကနွယ်ဆိုတာ ဖိုချိုသီချင်းလေ