Tuesday, April 20, 2010

စက် ရုပ် ပဲ ဖြစ်ချင် သည် ။

ယ္ခုတလော ရာသီ က တဖြည်းဖြည်း ပြောင်းလဲ လာနေပါသည်။
မနှစ်က ဒီလို အချိန်တွင် ဒီလောက် မအေး ခဲ့ ပေမဲ့  ဒီ ဘက်နှစ် တွင်တော့  အတော်လေး အေးနေပြီး
အအေး တို့ က ညှိုး ဖွဲ့  တာရှည် နေခဲ့ ပါသည်။

ကမ္ဘာ့  နေရာ တော်တော် များများ တွင်လည်း ဖြစ်ပြီး ပျက်ခဲ့  ရသော သဘာဝ ဘေးအန္တရယ် အားလုံး တို့ 
သည်လည်း ကြားမိသမျှ အမြဲ တန်း ပဲ အလွန် အကျွံ ဖြစ်နေခဲ့  ရ ပါသည်။ ကမ္ဘာ ကြီး ပျက်တော့  မယ်
ဆိုသည့်  အဆို ကို တော့  အမြဲ တန်းပဲ ဆန့် ကျင် လက်မခံ ခဲ့  သူ တစ်ယောက် အနေနှင့်  တော့  နီးစပ်လာ
နေသည့်  ဘာပဲဖြစ်ဖြစ် အလွန်အကျွံ ဖြစ်ဖြစ် နေသည့်  အချက်အလက် များကို ကိုယ့် ဖာကိုယ် အမြဲတန်းပဲ
ခဏခဏ တွန်းလှန်နေမိပါသည်။

ဘာကြောင့်  ဆို ကျွန်တော်တို့  ဖြစ်တည် နေထိုင်နေရာ ကမ္ဘာ ကြီးက လူ့ ဘောင် အဖွဲ့  အစည်း အမျိုးမျိုး
ဖြင့်  အချင်းချင်း ပဲ ရင်ချင်း ၊ ကျော ခြင်း အပ်၍ ဖွဲ့  စည်း တည်ဆောက် ထားသော ကြောင့်  ပဲ ဖြစ်ပါသည်။
ဒါကြောင့် လည်း ဘယ်အရာ မဆို အရမ်းမဲ့  ဖြစ်ခွင့်  မရှိ ပါဟု ကျွန်တော် က မမှိတ်မသုံ ယုံ ကြည် နေမိ
တာ ဖြစ်ပါသည်။

ကမ္ဘာ့  အဖွဲ့ အစည်း၏ စည်းဝိုင်း အပြင်ဘက်သို့  ရောက်လု ရောက်ခင် ဖြစ်နေသော အမိမြေ ရဲ့  အချေ အနေ
ကတော့  “ ချွင်း ချက် ” အနေ နှင့်  ထား ကြည့်  ချင်ပါသည်။ ( ချွင်းချက် ဖြစ် နေလို့ ပါပဲ။ )

ပူ ရင်လည်း ၊ ပက်ကြား အက်၍ အလျှံ တညီးညီး ထ တောက် လောက် အောင် ပူ နေတာ ၊ အေး လာပြန်ရင်
လည်း အရိုး တို့  အရည် တို့  ကြွေကျ သွားလောက် အောင်ကို အေးနေတာတွေ၊တစ်ခါဘူးမှ မဖြစ်ဘူး ခဲ့ 
သည့် “ Accident ” တွေ အို စုံ လို့  ပါပဲ။

ညစဉ်ပဲ အွန်လိုင်းပေါ် တက်မိနေရင်း မြင်သမျှ ၊ ဝင် လာသမျှ သတင်း တွေ အား လုံးကတော့  မမြင်ရက်
မကြားရက် ၊ မနာ ရက် စရာ တွေ ပါ ။ သိပြီးကြ သည့်  အတိုင်း မြန်မာ့  သင်္ကြန် ဗုံး ပေါက် ကွဲ ခဲ့ သည့် 
သတင်း ကလဲ သမရိုးကျ မဟုတ်ခဲ့ သည့်  အဆိုး ထဲက အဆိုး တစ်ခုပါ လို့  ။

ဖြစ်နေသည့်  အဖြစ် များ တွင် ဆိုး နေသည့်  အဖြစ် များက ပိုပို များလာနေပြီး ကောင်း တာလေး တွေ ကျ
ပြန်တော့  လဲ ပျက်ပျက် ပြီး ပျောက်ပျောက် သွား တတ်လိုက် တာ အလွန် ကို မြန် နေ တတ် ပြန်ပါသည်။

လူ့  သဘောကလည်း ဆိုး တာတွေ ကျတော့  ခါးခါး သီးသီး မုန်းတတ် ရှောင် တတ်သလောက် ၊ ကောင်း
တာ လေးနှင့်  ကြုံ လိုက်ရသည့်  ခဏ တာ လေး တွေ ကိုပဲ အမိ အရ ဆုပ်ဖမ်း နေတတ် ကြပါသည်။
ခဏ လေး တွေ ပါ ဆို သည့် “ သဘော ” လေး ကို မမြင်မိ ကြ တော့  လည်း ၊ ကြာ နေ အုံး မှာပါ .. ဆိုသည့် 
မသိစိတ် ကလေး များ ဖြင့်  အတင်း ကို ကုတ်ကပ် တွယ် တာ နေပစ် ကြ ပါ တော့ သည်။

သဘာဝ လောက ကြီး ထဲ အဆိုး တွေ အဖြစ် များ နေသလို ၊ လူ တစ်ဦး ချင်းစီ တို့  တွင်လည်း အဆိုး တွေ
သာ တန်စီ ဖြစ် ပျက် နေရ ပါသည်။ သတ္တာ လောက ကြီးက ဘယ်သော အခါ မှ အလို ပြည့်  လာ ဘွယ်
မမြင်မိ ပါတော့ ။

ကျေနပ် လျင် နေတတ် စရာ ပါ .. တဲ့ ။
အမြဲ တန်း လိုအပ် နေတတ် သော ကျွန်တော်တို့  လူသား တွေ အတွက်တော့  ဘယ်သော အခါ မှ ကျေနပ်
နိုင် လာဘွယ် မမြင် တော့  ပါ။

ဘဝ ရထား ကြီး ကို စီး လာ မိ ခဲ့  ကြ ရသူ များ ပီ ပီ ခရီး ဆုံး မှတ် တိုင် လေးတွေ အသီးသီး ရောက် ခဲ့ ကြ လို့ 
လမ်းခွဲ ဆင်းကျန် နေခဲ့  ကြ ရသူ များ ကို မဆုံး သေး သော လက်ကျန် ခရီး လေး ကို ဆက်သွား နေ ရသူ တို့ 
က အပြန်အလှန် ဂေါင်း ငဲ့  လက်ပြ နှုတ်ဆက် နေ မိ ကြ ရင်း ၊ တွယ်တာ မိခဲ့ ကြ ရ သလောက် ကျခဲ့  ၊ ပူ ခဲ့ 
ဆွေး ခဲ့  ကြ ရသည့်  ပူနွေး သော မျက်ရည် ထု ကြီး ကြောင့်  ဘဝ ရထား ကြီး က စေးကပ်ကပ် ကြီး ဖြစ်
နေခဲ့  ပါသည်။

ဆင်းကျန်နေခဲ့  ရမည့်  ဘူတာ တွေ မရောက် ခင်အထိ တော့  ရှု့  ခင်းလေးတွေ ကြည့်  ၊ တစ်ယောက်
မျက်နှာ တစ်ယောက် ကြည့်  ပီတိ ဂွမ်း ကလေး ကို ဆီ ထိ ထား သလို ၊ နူးနူး အိအိ ကလေး ၊ စွန့် စွန့် 
ပြန့် ပြန့်  ကလေး ကြည် နူး နေမိ ကြ သလောက် ရထား ကြီး အရှိန် လျှော့  လာပြီး ဆင်း ရမည့်  ဘူတာ လေး
လဲ ရောက်ရော မဖြုတ် ချင်တော့  သည့်  တွဲ လက် များ ကို ကြေ ကြေ ကွဲကွဲ စို့ စို့  နင့် နင့်  ပဲ ဖြုတ် ရ
နှုတ်ဆက် ရ ပါတော့ သည်။

ဝေး ၍ ကျန်ခဲ့  သူ ကို နှုတ် ဆက် လို့  မဝ တော့ သလို ၊ ကျန် ခဲ့  တော့  သည့်  သူ့  ထိုင်ခုံက သူ့  အငွေ့  နှင့် 
သူ့  အရိပ် လေးကိုလည်း အဆုံး တစ်သက် တိုင် ပဲ သတိ ရ နေ မိ ပြန်ပါသည်။ ပြော ရလျင် ဝင်သက်၊ ထွက်
သက် တို့  ကြွေ နေ သည့်  အခါ တိုင်း ပေါ့  ဗျာ..။

ကျွန်တော်လည်း တစ်နေ့  က အရေး ကြီး ကိစ္စ တစ်ခု ဖြင့်  ရုတ်တရက် ပြန် သွား ခဲ့  သော မိတ်ဆွေ
တစ်ယောက် ရဲ့  အခန်း လေး ကို ဝင်ရှင်း နေ ရင်း တွေး မိ တွေး ရာ တွေး နေမိတာ ဖြစ်ပါ သည်။ သူ နှင့် က
ချက် ပြုတ်သည့်  နေရာ တွင် ဝါသနာ ခြင်း တူ သလို သူ ချက်တာ ကျွန်တော် ကောင်းသလောက် ၊ ကျွန်တော်
ချက်တာ လဲ သူ က အမြဲ ကောင်း နေတတ် တာပါ။

ဗမာ ပြည် ပြန် ကြ လျင်လည်း အမြဲ ပဲ မျက်စေ့  အေး ပြီး၊ သမာ အာဇီဝ အလွန် ကျ သည့်  “ ကွမ်း ” ခြံလုပ်ငန်း
လေး တစ်ခု ထူထောင် ကြ ဘို့  တိုင်ပင် နေ တုံး လဲ ဖြစ် ပါသည်။ ညစဉ် လဲ စိတ်ကူး ကိုယ်စီ ဖြင့်  “ ကွမ်း ” တွေ
ကို တစ်ယောက် တစ်လဲ စီ ခူး နေ လိုက် ကြ တာ လေ ၊ မော လွန်းလို့  တောင် ရေ နွေး ကြမ်း ကိုယ်စီ သောက်
နေ ခဲ့  ရသည့်  အဖြစ် ပါ လို့  ။ ကွမ်း ရွက် တွေ ကို ခြင်း ထဲ ရေ စွတ် ပြီး ဝိုင်း ဝိုင်း ကလေး စီ နေ လိုက်ရတာ လေ
ခါး များ တောင် ညောင်း ကိုက် လာ အောင်ပါပဲ ။

နောက် နေ့  ဘာချက် ကြ မည် ဆိုတာ ကို ရော အမြဲ တိုင်ပင် နေဖြစ်ကြ ပါသည်။
စား ဘို့  က မြန် ပြီး လွယ်သလောက် ဘာဝယ် ချက် ရမည် ကို နှစ်ယောက်သား စဉ်းစား ကြ ရသည်မှာလည်း
မမြင် ရသေးသည့်  “ ကွမ်းခြံ ” လုပ် ငန်း ကို လုပ် ရ တာ ထက်ကို ပင် ပန်း နေတတ် ပြန်ပါသည်။

မနက် ဖြန် က စပြီး “ သူ ” က မရှိ တော့  ပါ။
မနက်ဖြန် က စ ပြီး ကျွန်တော် က တစ်ယောက်ထဲပါ၊ မီး ဖို ချောင်ထဲ မှာ လေ ။
မပြီး ဆုံး သေး သော ကွမ်း ကိုလဲ ကျွန်တော် ပဲ ဆက် ဆိုက် ရ တော့ မှာ ပါ။
သူ့  ဆီက ရ လိုက် သည့်  နည်း လေး ဖြစ်သည့်  “ ဆီ ထမင်း ” ထိုး သည့်  နည်း လေး ဖြင့်  ကျွန်တော်
တစ်ယောက် ထဲ ထိုး ရ အုံးမည်လေ ။

ခင်ရ သည့်  မိတ်ဆွေ နှင့်  ရုတ်တရက် ခွဲ ခွာ ရ တာက သမ ရိုး ကျ ခွဲ ခွာ ရ တာ ဖြစ်ပေမဲ့  မမျှော်လင့် ပဲ ခွဲခွာ
လိုက် ရ၍ အရှိုက် ကို ထိ သလို တော့  ဖြစ်မိ ပါသည် ။

မိတ်ဆွေ အဆင့်  ထက် လွန်ပြီး ပို၍ ခင် ရ ၊ ချစ်ရ တွယ် တာ ရ ခဲ့  သူ များ နှင့် များ မျှော်လင့်  ပြီးပဲ ဖြစ်ဖြစ်၊
မမျှော် လင့်  ပဲ ဖြစ်ဖြစ် အခု လို ခွဲ ခဲ့  ထားခဲ့  ရမည် များ ဆိုပါ လျင် ... လို့  တွေး ကြည့်  မိ တာ နှင့်  မွန်းကျပ်
ကျပ် ဖြစ် လာ ပြန် သော ကြောင့်  ကော်ဖီ တစ်ခွက် ကို ကပြာ ပဲ ဖျော် ပြီး မြန်မြန် ပဲ မျိုချ လိုက် ရ ပါသည်။

မီးဖို လေး ထဲမှ ဝါးရံ တာ လေး ဖက် ထွက် လိုက်မိတော့  မှောင်ရီ ပျိုး စ ဖြစ်နေပြီ။
အောက်ဖက် လမ်းမ ပေါ် တွင် ရှေ့  က ရေးခဲ့  မိသော “ ပိုး နှင့်  ကြိုး ” ထဲက မြည်း အဖိုး နှစ်ယောက် ကို
တွေ့  ရ ပြန် ပါသည်။

မျက်နှာခြင်း ဆိုင် တောင်ထွတ် တို့  ကို တိမ်ညို တိမ်မဲ တို့  အုံ့ မိုး ထား သော ကြောင့်  ကောင်းစွာ မမြင်
ရ ပေ မဲ့  အအေး ဓါတ် တို့  က တော့  တစစ ပဲ လွှမ်း မိုး လာ နေ ပါ သည်။

ကော်ဖီ ပူပူ လေး ကြောင့်  နွေး သော ရင် က ချက်ခြင်း ပဲ ကွယ် ပျောက် ခဲ့ ရ ပါ တော့ သည်။

အကြိုက် ကလေး တွေ နှင့် တွေ့ နေသည့်  အကောင်း လေး တွေ ကို်ု့ု့ လက်ခံ တတ်လျင် မကြိုက် တာ လေး
တွေ နှင့်  တွေ့  လာ တတ်သည့်  အဆိုး လေး တွေ ကို လည်း ကျေကျေ နပ် နပ် နှင့်  လက်ခံ တတ်အောင်
အမြဲ လေ့ ကျင့်  နုလုံး သွင်း နေပါမှ အခု လို အဆိုး တို့  သာ ကြီး စိုး လာနေ သော လောကကြီး တွင် ကျေကျေ
နပ်နပ် နှင့်  နေတတ် လာမည်ဟု လည်း ထင်မိ ပြန် ပါသည်။

ကျွန်တော်ကတော့  ဘာ တစ်ခု မှ မတင် ကျန် နိုင် တော့ သည့်  “ စက် ရုပ် လူသား ” ပဲ ဖြစ် ချင် ပါတော့ 
သည် လို့ ။

( တွယ် တာ ပြီး မှ ချစ် ခင် လာပြီးမှ ချစ်ရာ ရှ ရာ တို့  ရ လာ တတ်သည့်  ချစ် ရ သည့်  ဒဏ် ရာ တို့  ပါ
ဝေး အောင် ပါပဲ ။ )

....................................................................................................................................

Monday, April 5, 2010

“ ကြိုး ” ကလေး ဖြစ်ခဲ့  ရသော “ ပိုး” ကလေး

“ ပိုး ” ဖြစ်ခဲ့ သော “ ကြိုး ” ကို ရေး တင် ပြီး နောက်ပိုင်း ရာသီ ရုတ်တရက် ပြောင်းသွား ခဲ့ ပါသည်။
ကောင်းကင်တစ်ခွင် ရှင်းလင်း၍ နေရောင်စပ်စပ်နှင့်  ပူလောင်လောင် အိုက်စပ်စပ် မှ ရုတ်ချဉ်း မိုးတိမ်တို့ 
အုံ့ မှိုင်း၍ ဝန်းကျင် တစ်ခုလုံး စိုထိုင်းပြီး အေးစပ်စပ် ဖြစ်လာပါတော့ သည်။

ရာသီက မပွင့် လင်းလာသောကြောင့်  ပွင့် လင်းပြီး နွေးထွေး လာစေရန် နှစ်ခြိုက် သော ကော်ဖီ ပူပူ လေး
တစ်ခွက်ကို ဖျော်သောက်မိရင်းက ရေးလက်စ ပို့ (စ) လေးကိုပဲ ဆက်ရေးနိုင်ရန် အားပြု မိပါတော့ သည်။


ကျွန်တော်လည်း ဝါးရံတာလေးပေါ်မှ အောက်ဖက်ရှိ အဖိုးကြီး ကြည့် နေသည့် အတိုင်း မီးပွိုင့်  ဘက် ကို
လိုက်မျှော် ကြည့် လိုက်မိ ပါသည်။ ကားတွေ လူတွေ ရုတ်ရုတ် သဲသဲ ဖြစ်နေသောကြာင့်  ရုတ်တရက်တော့ 
“သူ” ဘာကို ကြည့်  နေသည်ကို မသဲကွဲ နိုင်ပါ။ လမ်းဓါတ်တိုင် သုံးတိုင် လောက် လှန်းနေ၍ စေ့ စေ့  လေး နှင့် 
သေသေချာချာ ကြည့် လိုက်တော့ မှ အဲ့ ဒီ လူကြားထဲ က ထူးခြား တာလေး တစ်ခု ကို တွေ့ လိုက်မိ
ပါတော့ သည်။

စွပ်ကျယ် ဂျိုင်းပြတ် ကလေး ဝတ်ထားသည့်  တလူးလူး တလိမ့် လိမ့်  သွားနေသည့်  “ ခွေးဖြူ ” ကလေး တစ်ကောင်ပါပေ။

အရောင်က ဖြူညစ်ညစ် ၊ အရပ်က ပုတုတု နှင့်  ဝ တာကလဲ တိုနေတော့ သူ့ ကိုယ် လေး ကို တလိမ့် လိမ့် 
သယ်ပြီး လူတွေ ကြားထဲ ခြေ ကျို ခြေကြား အတင်းလိုက်တိုး သွားနေရင်းက မျဉ်းကြားရောက်တော့  သူများ
တွေလို လိုက်ဖြတ်ကူးမသွားပဲ ကျွန်တော် တို့  တိုက်ရှေ့ ဖက်ရှိ သူ့ သခင် အဖိုးကြီး ဘက် ကို ငဲ့  ငဲ့  ကြည့် 
နေတာ ကို တွေ့ ရပါသည်။ အမြီး လေးကလဲ ခြင်တို့ တောင် မနားနိုင်အောင်ကို တလှစ်လှစ် နှင့်  ရမ်းနေ
ပါတော့ သည်။့

အဖိုးကြီးက သူ့ ခွေး လေး သူ့ ကို လှန်းကြည့်  လိုက်တိုင်း အသံ ဝါကြီးနှင့်  လှန်း အော်ခေါ် နေပေမဲ့  ဆူညံ နေ
သော ကားသံ ၊ ဆိုင်ကယ်သံ ၊ လူသံ တို့ ကို သူ့  အသံ က မလွှမ်း မိုး နိုင်ရှာပါ။

ခွေးဖြူလေး က တော့  လျှာ တစ်လစ် လေးနှင့်  အမြီးလေးထောင်ပြီး သူ့  ဖက် ကို တဖြတ် ဖြတ် ပြေးလာလိုက်
လမ်းတစ်ဝက် အရောက် ရပ်လိုက် ပြီး အဖိုးကြီး အသံကို မကြားချင်ရောင် ဆောင်လိုက်၊ အဖိုးကြီးကို မမြင်
သလို လုပ်ပြီး မီးပွိုင့်  ဖက် ကို ပြန်လှည့်  ပြေးသွားလိုက် နှင့်  တစ်လမ်းလုံး သူ့  တစ်ကောင်ထဲ အလုပ်ရှုပ်
နေတော့ သည်လေ ။

အဖိုးကြီးကလည်း သူ့  ခွေး လေး သူ့  ဆီ ရောက်မလာမခြင်း ၊ သည်လမ်း ကို ကူး မည့် ပုံ မပေါ် သလို ခွေး
ကလေး ကလည်း သူ့ သခင် ကို သူ အမျိုး မျိုး အားရအောင် “ စ ” နေ အုံးမည် ဖြစ်ပါသည်။ ကျွန်တော် သူ တို့ 
နှစ်ဦးကို ကြည့် ရင်း က တကယ့်  မြည်း အဖိုး တွေ လိုပဲ သူ တို့ ကို မြင်လာမိပြီး သူ တို့ ၏ ကြည်နူး မှု တွေ
က ဝါးရံတာလေး ပေါ် ဦးတည်ရာမဲ့  ထွက်ရပ်နေမိသော ကျွန်တော့်  ဆီ ကို တဖြည်းဖြည်း ချင်းပဲ ကူးစက်
လာမိပါတော့ သည်။

နဲနဲ ကြာလာတော့ မှ အဖိုးကြီးလဲ စိတ်မရှည် တော့ ဟန် ဖြင့်  ကားလမ်းကို ဖြတ်ကူး ဘို့  သူ့  တောင်ဝှေး လေး
ကို တုန်တုန် ချိချိ နှင့်  အားပြု ဟန်ပြင်လိုက် တော့ မှ ကိုယ်တော် ချော ကလေး က မီးပွိုင့်  ဘက်ဆီ မှ အသား
ကုန် သုတ်၍ အမှီးကုတ်ပြီး သူ့  အဖိုးဆီ တအား ပြေးချ လာပါတော့ သည်။

ကျွန်တော်စိတ်ထင် သူ့  သခင် ကို သူ ကူးသလို အများ ကူး နေသလို မီးပွိုင့်  မှ ဖြတ်ကူး စေချင်တာလဲ ဖြစ်
နိုင် ပါသည် လို့ ။ ဖြစ်နိုင်လျှင် အဖိုး ကြီးကို သူ မီးပွိုင့်  ဘက် ကို အတင်း ကိုက် ဆွဲ သွား လိမ့် မည် ဟု လည်း
ထင် မိပါသည်။

ကိုယ်တော်ချောလေးက အနား လဲ ရောက် ရော ဗျာ.. ဟောင်လိုက် မဲလိုက်တာ သူ့  အဖိုး ကြီးကို ပါ။
အမှီး တနှံ့ နှံ့  နှင့်  အတင်း ကုတ် ကပ် တက် နေသော သူ့ မြည်း ခွေး ကလေး ကို အဖိုး ကြီးက ဂေါင်းကလေး အသာပွတ်၍ တတွတ်တွတ် နှင့်  ဘာ ပြော လိုက် သည်မသိပေမဲ့  ခွေး ဖြူ လေးက တော့  တအီအီ နှင့် ပဲ
ညိမ် သွား ရှာပါတော့ သည်။

သူ တို့ နှစ်ဦး ကို ဖြတ်ကျော် သွားလာနေသည့်  ပျားပန်းခတ်မျှ များပြား နေသည့်  လူ အုပ်ကြီးက သူတို့  နှစ်ဦး
ကို သတိ မထား မိပဲ ကိုယ့် အာရုံ နှင့်  ကိုယ့် ခရီး ကိုယ်ဆက် နေကြ ပေမဲ့  ခရီး မဆက် နိုင်သေးပဲ တွေဝေ
ရပ် နေမိသည့်  အပေါ် ဆုံးထပ် ဝါးရံတာ ထဲမှ ကျွန်တော်က တော့  အသိ တစ်ခု ဖြင့် ပဲ ကြည့် ထား နေမိ
တော့ သည်။

အဲ့ ဒီ “ အသိ ” ကတော့  “ သံယောဇဉ် ” ပါ ပဲ လို့  ။
ကျွန်တော်တို့  အားလုံးက ကျွတ် တွေ ၊ မျှော့  တွေ ၊ တီကောင် တွေလို ထိစပ်မိသမျှ ဝန်းကျင် အားလုံး ကို
အတင်း ဖမ်းဆုပ် ကုတ်ကပ် တွယ်တာ နေလေ့ ရှိကြ ပါသည်။ ( ကျွန်တော် ဟိုး .. မဆွေခင် တုံးက သံယောဇဉ်
အကြောင်း လေးကိုပဲ ခေါင်းစဉ် လေး တစ်မျိုး ဖြင့်  ရေးဖွဲ့ ခဲ့ ဘူး ပါသည်။ )
လူ တွေ ဆိုတော့ လည်း ကျွန်တော်လည်း ပါ နေတာပေါ့ နော်..။

“ အတွယ် အတာ ” တဲ့  ။
တွယ် တွယ် လာမိ တော့ လည်း အမျိုးမျိုး ကို “ တာ တာ ” လာမိ နေကြ ပြီး စိမ့် အေး ၍ ဖြတ်ရ အလွန်ခက်
တတ်သော သံယောဇဉ် တို့ ကို ထူထောင် နေကြ မိ တာဖြစ်ပါသည်။

သည်နေရာမှာ ပြောကြည့်  ချင်တာကတော့  “ အချစ် ” နှင့်  “ သံ ယောဇဉ် ” က မတူ နိုင် ဘူး ဆိုတာ ကိုပါပဲ။
“ အချစ် ” က ပူလောင်လွန်းပြီး “အငွေ့ ” တွေ လို ပျောက်ကွယ် ပြောင်းလဲ တတ်ပေမဲ့  “ သံယောဇဉ် ” က
တော့  စိမ့် ... အေး... ပြီး ဖြတ် ရ အလွန် ခက် တတ်တာ ဖြစ်ပါသည် လို့ ။

အခု သူ တို့  နှစ်ဦးက ဘဝ ခြင်း မတူ ညီ ပေမဲ့  တူညီ နေသော သံယောဇဉ် ကို ထူ ထောင် နေမိ ကြပါသည်။
တနေ့ နေ့  တော့  အားလုံးက ကိုယ့် ခရီး ကို ကိုယ် သွား ကြရတော့ မှာ ဖြစ်ပါသည်။ ကိုယ် တစ်ယောက်ထဲပဲ
သွား ရတော့ မှာ ဖြစ်လို့  ထားခဲ့ ခွဲ ခဲ့ ရမဲ့ အထဲ ထဲ မှာ ဖြတ် ရ အလွန်ခက် နေသည့်  “ သံယောဇဉ် ” ကတော့ 
သိသိ သာသာ အထင်ရှား ဆုံး ဖြစ် နေသည်မဟုတ်လား ။ ကြိုး တွေလို အထပ်ထပ် ရစ်ပတ် နှောင်ဖွဲ့  မိနေတုံး
က ကြည်နူး နေခဲ့ ရသလောက် ဖြတ်ရ ထားခဲ့ ရ တော့ မည် ဆိုကြလျှင်တော့  အတိုင်း အဆ မဲ့ ကြေကွဲ ရ တတ်
ကြ ပြန်ပါသည်။

ဒါဆိုရင် “ သံယောဇဉ် ” ကို ဖြတ်လို့ ရအောင် ဘယ်လို ထားကြမလဲ ... ။
ရအောင် ရော ဖြတ်ဘို့  ကြိုးစား ရပါမလား ....။ ရ ရော ရ နိုင်ပါမည်လား ... ။
စာရေး နေချင်သည့်  “ ပိုး ” အကြောင်း စဉ်းစား နေရင်းက ဖြတ်လို့  မရ နိုင် တော့ သည့်  “ ပိုး ” အကြောင်း
ကို တွေး မိနေရင်း ပဲ အဖိုး ကြီး နှင့်  ခွေးကလေး၏ သံယောဇဉ် အကြောင်းကိုပါ တွင်တွင်ကျယ်ကျယ် ပဲ ရေး
နေမိပါသည်။

သူတို့ နှစ်ဦး ကို နေ့ စဉ်ပဲ အမှတ်မဲ့  တွေ့ နေမိပေမဲ့  ယနေ့  မှပဲ မှတ်မှတ်ရရ သတိ ထားမိတော့ တာဖြစ်
ပါသည်။

အဖိုးကြီး ညနေ လမ်းလျှောက် ထွက်တိုင်း သူ့  ခွေးဖြူ လေးကို အဖော် ပြု ရရှာသလို ခွေးဖြူ လေးကလဲ
သူ့  အဖိုး နှင့်  အပြင်ထွက် ရတိုင်း အစွမ်း ကုန် အူမြူး နေရှာ မှာဖြစ်ပါသည်။ နေ့ တိုင်း သွားနေကျ လမ်းဖြစ်
နေသောကြောင့်  လည်း ခွေးကလေးက ဝန်းကျင် အားလုံးကို အလွတ်ရ မှတ်မိ နေပြီး သူ့ သခင် ကို တစ်လမ်း
လုံး ဘေး မဖြစ်စေ အောင် ပျော်ရွှင်စွာ ဆော့ ကစားရင်း စောင့် ရှောက် နေမှာလည်း ဖြစ်ပါသည်။

သည်နိုင်ငံ ရှိ ခွေး တွေက ကျွန်တော်တို့  ရွှေပြည်တော်ရှိ ခွေး များနှင့်  ခြားနား လျက် ကားလမ်း ဖြတ်ကူး တိုင်း
အန္တရယ် မဖြစ်စေပဲ မီးပွိုင့်  မှ ဖြတ်ကူး တတ်သလို အဲ့ ဒီ မီးပွိုင့်  အနီ၊ အဝါ ၊ အစိမ်း အရောင် ပြောင်းလဲမှုများ
ကိုလည်း ကြွမ်းကျင် စွာ ခွဲခြား ရွေးချယ် နေတတ် ပြန်ပါသည်။ လူ နဲ့  နီးသော ခွေး များ ဖြစ်သောကြောင့် 
လည်း လူ တွေနှင့်  သံယောဇဉ် ပိုဖြစ်လွယ်တာ ဖြစ်နိုင်ပါသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ စာနှင့်  တူအောင် ရေးဘို့  မဖြစ်နိုင်သေးသော ကျွန်တော်က စာနှင့်  တူ အောင်ကို အမျိုးမျိုး ကြံ ဖန် ရေးသား နေမိရင်း စာ ကို ရေးပဲ ရေးချင်နေမိသော “ ပိုး ” အဖြစ် ကနေ အလွန်ပဲ
ဖြတ်ရ ခက် ခက် နေတတ် သည့်  “ သံ ယောဇဉ် ” ကြိုး ကလေး တမျှင် နှင့်  ပတ်သက် သည့်  မလောက်လေး
မလောက်စား ပို့ (စ) လေး တစ်ပုဒ် ကို ရေး တင် ခဲ့ မိ ပြန်ပါကြောင်း ... ဖြင့်  ... ။

(“ ကြိုး ” ကလေး ဖြစ်ခဲ့  ရသော “ ပိုး ကလေး ” လို့ ပဲ ခေါင်းစဉ် ပေး ကြည့် ချင်ပါတယ် ။ )

........................................................................................................................................