Thursday, October 28, 2010

ကျွန်တော်သိလိုက်ရသော“ အကိုကြီးကျောက် ”

“ စာတွေများများရေးပါဦး..”
( ကိုယ်တိုင်မရေးနိုင်တော့ လို့  သူများပြောနေတာ .. အဟဲ ) တဲ့ ။
ပြောလာခဲ့ သူက အဘကျောက်ပါပဲ ။ ကျွန်တော့်  စီ ဘောက်(စ) ထဲမှာ ဖြစ်ပါသည်။
သည်စာတန်းလေးတွေကို ကျွန်တော်မြင်လိုက်လျင်မြင်လိုက်ချင်းပဲ မရင်းနှီးခဲ့ ပေမဲ့  ရင်းနှီး သွားသလို ခံစားရပြီး
စိတ်ထဲမှာလဲ အတော်လေးမကောင်းသလို ဖြစ်သွားခဲ့ ရပါသည်။

ကျွန်တော်က ကိုဇော်၏ အဘကျောက်အတွက် ရေးထားသော ပို့ (စ)လေးကို ကွန်မန့် ပေးခဲ့ တုံးက ဘလော့ ရွာ
ကြီးထဲတွင် မြုံစိစိနေတတ်သောကြောင့်  မိတ်ဆွေ သိပ်နဲ နေသည့် အတွက် ဝင်လိုက်မိသော ဘလော့ လေးတွေ
ထဲမှာပင် ကျန်းမာရေး မကောင်းနေသော အဘကျောက်အတွက် အားပေးဆုတောင်းကြသည့်  စာတွေကို
အကြိမ်ကြိမ်ဖတ်မိနေခဲ့ ပြီး အများက ချစ်စနိုး ခေါ် ခေါ် နေကြသည့်  အဘကျောက်ကို မခင်သေးဘူးပေမဲ့ 
စာနာစိတ်နှင့် ပင် စိတ်မကောင်းဖြစ်မိပါကြောင်း ... စသည်ဖြင့် ၊ ရေးပေးခဲ့ မိပါသည်။ သွားရောက်ဆက်သွယ်
အားပေးနိုင်ရန် အဘကျောက်၏ လိပ်စာ လေးကို သူ့ ပို့ (စ)လေး၏ အောက်နားတွင် ဖေါ်ပြပေးထားသော်လည်း
ကျွန်တော်ဆက်မလိုက်ခဲ့ မိပါလေ။

အကြောင်းကတော့  ကိုဇော်ရေးခဲ့ သလိုပင် အားပေးဘို့ ခက်၊သတင်းမေးဘို့ ခက်နေသည်ကတစ်ကြောင်း ၊
စောစောက ပြောသလို မခင်ဘူးသေးသည်က တစ်ကြောင်း စသည့်  လူမှုရေး ညံ့ ဖျင်းအားနည်းလွန်းသော
အကြောင်းပြချက်တို့ နှင့် ပဲ မြုံစိစိ လုပ်နေခဲ့ မိနေပေမဲ့  စာတွေရေးနေတာကို ဝါသနာပါတတ်သည့်  သူ အချင်း
ချင်းမို့  ရင်ထဲမကောင်းခဲ့ တာတော့ အမှန်ပါ ။

အဲ့ ဒီတုံးကများ ကိုဇော်ရေးသော အဘကျောက်ပို့ (စ)လေးကိုဖတ်ပြီး ကိုယ့် ကိုယ်ကို တကယ်ပဲ သံဝေဂ တရား
တို့ ၊ အသိတရားတို့  ရနေပြီး ၊တော်တော့ ကို တည်ငြိမ်ရင့် ကြက်လွန်းသည့်  လေသံ အရေးအသားတို့ ဖြင့် 
ကွန်မန့် ပေးခဲ့ မိပါသည်။ ကျွန်တော်တို့ လည်း တနေ့ ရင်ဆိုင်ရတော့ မှာ.. ဘာညာ ပေါ့ ဗျာ ။ မရွှေစင် ဆီမှာ
လည်း အဲ့ ဒီလေသံ အတိုင်းပါပဲ ။ “ ငါ ” ကလေး ၊ “ ထင်ကလေး ” ကိုယ့် ကိုယ်ကို အထင်ကလေး ပေါ့ နော် ၊
ဖြစ်နေပုံများကိုပြောတာပါ။

ဒါပေမဲ့ .... အဘကျောက် ( ကျွန်တော်ကတော့  အကိုကြီး လို့ ပဲ ချစ်ခင်စွာ ခေါ်ဝေါ်သုံးစွဲမိခဲ့ ပါပြီ ) ရဲ့  ၊မမျှော်လင့် 
ပဲ သူကိုယ်တိုင် ကျွန်တော့် အိမ်ကလေးကို “ ဗြုန်း ” ကနဲ ရောက်လာပြီး ၊ အာလုပ်စကား၊ နှုတ်ဆက်အားပေး
စကားပြောလာလိုက်တော့  အရမ်းပဲ အံ့ သြ ဝမ်းနဲခြင်းတို့  ဖြစ်ခဲ့ ရပါတော့ သည်။

အလုပ်ထဲမှာလဲ တစ်နေကုန် ဒီအကြောင်းတွေပဲ တွေးနေမိပါသည်။

အကိုကြီး၏ လေသံကတော့  တကယ်အပြင်မှာဆိုလဲ ဘယ်လောက်ဝေးဝေး ၊ အိမ်တိုင်ရာရောက် လိုက်လာ
နှုတ်ဆက်တော့ မည့်  လေသံ မျိုး လို့  ကျွန်တော်ခံစား လိုက်မိလို့ ပါ ပဲ ။ စကားပြေနဲ့ မရေးတော့ ပဲ ၊ စကားပြော
နဲ့ ပဲ ရေးတော့ မယ်နော်၊ ဒါမှ ပိုရင်းနှီးတော့ မှာ..။

အော... ကျွန်တော်တို့  POSITION လွဲကုန်ကြပြီ အကိုကြီးရေ့  ...။
ကျွန်တော်က လာရမှာလေ၊ ရေးဘက်ခြင်းဖြစ်နေသလို ကိုယ့် ထက် စီနီယာလဲ ဖြစ်နေတယ်မဟုတ်လား။
စာပေအပေါ် ၊ ရေးဖော်ရေးဖက် ဝါသနာတူများအပေါ် ၊ ဘလော့ ရွာ ကြီးအပေါ် ကျောသား၊ရင်သားမခွဲခြားပဲ
တွယ်တာ သံယောဇဉ် ကြီးနေတတ်သူတစ်ယောက် ဆိုတာကို အကိုကြီး ကျွန်တော့် ကို ကောင်းကောင်းနေ
မကောင်းသည့် ကြားက လာရောက်နှုတ်ဆက်သွားသည့်  စာတန်းလေးတွေကို မြင်ပြီးပြီးခြင်းပဲ ကျွန်တော်
သိခဲ့ ပြီးပါပြီ လို့ ။ ပြီးတော့  ကျွန်တော့် လို “ ငါ ” ရှိမနေသူ ၊ ပွင့် ပွင့် လင်းလင်း ပျော်ပျော်ရွှင်ရွှင် နေတတ်သူ
တစ်ယောက်လဲ ဖြစ်မှာအသေချာပါပဲ။

ဟိုးတောင်ထိပ်ပေါ်ကနေပြီးတော့  လယ်ကွင်းထဲက ကောက်ရိုးပုံကလေးထဲမှာ ပျော်နေတတ်တဲ့  နွားတစ်ကောင်
နဲ့ တူတဲ့ ကျွန်တော့် ကို အကိုကြီးက ငုံ့  ကြည့် လိုက်တာကိုး ..လို့ ။


အကိုကြီးရေးခဲ့ တဲ့  ကနီ ရွာကိုမြစ်ကမ်းပါးအတိုင်း ပရိတ်တွေရွတ်ပြီး ခြေကျင်လျှောက်သွားတုံး သူယောင်မယ်
တွေ အသံပေးတဲ့ ပို့ (စ) လေးကိုလည်း ကျွန်တော်လာဖတ်သွားပြီးကတဲက၊ ခြေသလုံးအိမ်တိုင်ဘဝနဲ့  ရွာရိုး
ကိုးပေါက် လျှောက်သွားခဲ့ ရတဲ့  ကျွန်တော့် ရဲ့  ဟိုတုံးက ရေနံ အလုပ်သမားဘဝ ကို ကွက်ခနဲပဲ ပြန်ပြောင်း
သတိတရ ဖြစ်မိသွားတယ်အကိုကြီးရေ့  ။ဒါကြောင့် လဲ အကိုကြီးလဲ ကျွန်တော့် လိုပဲ လောကကြီးကို ကြုံသလို
ကျသလို ရင်ဆိုင်၊ယှဉ်ပြိုင် အနိုင်ယူတတ်တဲ့  သူ တစ်ယောက်ဆိုတာ ပြောရဲတာပါနော်။ ကျွန်တော်တို့  ရေပါး
သွား ၊ ရေစူးတိမ်တဲ့  သင်္ဘောတွေလဲ ခဏ၊ ခဏ သောင်တင်တာပဲလေ အဲ့ ဒိဘက်မှာပဲ ၊ ဝါးတွေနဲ့  ထောက်စမ်း
ပြီး တက်ရတာ ၊ ပန်ကာတောင်သိပ်လည်အောင် မလှည့် ရဲဘူး၊ SLOW ပဲ ဆိုပါတော့ ၊ စက်များ တင်လိုက်ရင်
အောက်က ဗွက်တွေ ထ ထ လာပြီး သင်္ဘော ဖင်ထိုင်သွားတော့ တာပဲ ။


“ အဟဲ ” အကိုကြီးရဲ့  လေသံ ကို ကူးချတာမဟုတ်ဘူးနော်..။
အဲ့ ဒီတုံးက ကလေးဝ ဘက်ကို ဆန်တက်နေတဲ့  ကျွန်တော်တို့  ရေနံဇက် ပိုက်လိုင်နာ ( 4 ) ကို အကိုကြီးသတိ
မထားမိဘူးလား၊ ညနေ နေဝင်နေပြီလေ ၊ ကျွန်တော်ကတော့ အဲ့ ဒီကတဲက တွေ့ ခဲ့ တာလေ ၊ အကိုကြီးကို..။
ပုဆိုးကို လက်နှစ်ဖက်နဲ့ ဒူးတွေ ပေါ်အောင် မ ပြီး ငိုက်စိုက်၊ ငိုက်စိုက်နဲ့  လျှောက်နေလိုက်တာများ ၊ ဘယ်သူ့ မှ
လူမထင်တဲ့  ပုံစံမျိုးလေ၊ ဒါကြောင့်  သူယောင်မယ်တွေ ရယ်ကြတာ ၊ ( နောက်တာပါနော် )
ကလေးဝ ၊ ချင်းတွင်း ရေကြောင်းက ရေပါးလွန်းတယ်လေ၊ ဘာတဲ့  စကားပုံတောင်ရှိသေး.. အထက်မှာရွှေ ၊
အောက်မှာ ပေ ၊ အလယ်ဝက်သိုက် မျက်ဖြူဆိုက် တဲ့ ၊ သဘောင်္သားလောက က စကားပုံလေ၊ မုံရွာကလေးဝ
တကြောမှာတော့  ရွှေတစ်ချောင်းဝဲ ကတော့  နာမည် အကြီးဆုံးပဲ ၊ အဲ့ ဒီနားမှာ သူ ဆွဲနှစ်ထားတဲ့  လှေ၊
သင်္ဘောတွေ မနည်းဘူးပဲ။

ကျွန်တော်အကိုကြီးအကြောင်း ဘေးကိုရေးနေသည့် စာများကို ဘလော့ စာမျက်နှာပေါ် အမြဲရှိနေသောအကိုကြီး
က ဖတ်မိသွားတာကိုး..။

ကျွန်တော် အကိုကြီးရဲ့  အကြောင်းတွေ ဘလော့ စာမျက်နှာတွေပေါ်မှာ ပလူပျံနေချိန်မှာ ၊ ကိုကျော်သူ့  ကို
အားကျ ဂုဏ်ပြုချင်လွန်းလို့  သူ ( သို့  ) ကိုကျော်သူ ဆိုတဲ့  ပို့ (စ)လေးကို ရေးနေ၊ တင်နေတဲ့  အချိန်တွေ ပါပဲ။

တစ်နေ့  ကျွန်တော် လောကကြီးရဲ့  EXPIRE များ ဖြစ်သွားရင် ၊ ကိုကျော်သူရဲ့  မောင်းပို့ တဲ့ ကားပဲစီးသွားချင်နေ
သလိုလို၊ အရာရာကို တွယ်တာမနေသင့် ပဲ တစ်ယောက်ထဲသေ ဘို့  နေနည်းပေါင်းစုံ တွေ သင်တန်းဘာသာရပ်
တွေ ရှိနေသလို၊ သေနည်းသင်တန်း များလည်း ရှိနေပါသည် ဘာဘာညာညာ ပေါ့ ဗျာ..။

အခုလို စိတ်မကောင်းဖြစ်နေတော့ မှ ပဲ အဲ့ ဒိတုံးက ရေးလိုက်မိတဲ့  ကျွန်တော့် အရေးအသားတွေ ဘယ်လောက်
အောက်ခြေလွတ်ကြီးကျယ်နေပါသလဲ ဆို တာတွေ ပြန်စဉ်းစား လာမိတယ်ဗျာ..။

ကိုကျော်သူ့  လို အပြောနဲ့  အလုပ် မညီ နိုင်ခဲ့ လို့ ပါပဲ။
ကျွန်တော်က တကယ်တော့  သိ သလိုလိုနဲ့  တကယ်ပဲ မသိခဲ့ တာ၊ မသိသေးတာပါပဲ ၊
သံဝေဂ တွေ ရသလိုလိုနဲ့  တကယ်တော့  ဘာမှ မရသေးတာပါပဲ အကိုကြီးရေ့ ..၊

အကိုကြီးက ကျန်းမာရေးအရ အပြင်းအထန် အနိုင်ယူဘို့  ကြိုးစားနေရတဲ့  ကြားထဲက အရာရာကို တည်တည်
ငြိမ်ငြိမ်နဲ့ ပဲ ၊ အရင်အတိုင်းပဲ ခင်ခင်မင်မင် ပျော်ရွှင်ရွှင် နေ နေ နိုင်တာ ကိုပါပဲ ။ စာ ကိုလည်းမရေးနိုင်သေးပေမဲ့  ရအောင်တော့  ဖတ်နေသေးတယ်မဟုတ်လား ။

အဲ့ ဒါ ကျွန်တော်လေးစားသွားတဲ့ အချက်လေ အကိုကြီးရဲ့  ။
အရှုံးမပေးတာလေ ၊ ကျွန်တော်ဆို လုပ်နိုင်ဘို့  မလွယ်ပါ ။
တကယ်တော့  လူဘဝ ဆိုတာ “ တိုက်ပွဲ ” တစ်ခုပဲ မဟုတ်လား အကိုကြီး ရာ...။
ဒီတိုက်ပွဲကြီးထဲမှာ ကိုယ် က ဘယ်လောက်အထိ မှတ်ကျောက် အတင်ခံနိုင်ခဲ့  မလဲ ဆိုတာသာ အရေးကြီးမှာပါ။

ဘဝတစ်လျှောက်လုံးမှာ အောင်ပွဲတွေ အလီလီ ရဘို့  ကျားကုတ်ကျားခဲ ၊ တိုက်ပွဲအလီလီ ဆင်နွှဲခဲ့ ရသလိုပဲ...
ကျွန်တော်တို့ ဆကလက်ကျင်လည်ရအုံးမဲ့  သံသယာအတွက်လဲ အနိုင်မခံ အရှုံးမပေးစတန်း တိုက်ပွဲတွေထပ်ပြီး
ဆင်နွှဲရအုံးမှာမဟုတ်လား ...လို့ ။

ဘဝတိုက်ပွဲအတွက် ဘဝ ရဲ့  အချိန်တွေ သုံးစွဲခဲ့ ရသလို၊ သံသယာတိုက်ပွဲ အတွက်လဲ ကျန်တဲ့ အချိန်တွေကို
သုံးစွဲရမယ်လို့  ကျွန်တော်တော့  မြင်တယ်အကိုကြီး ။ ( အင်း.. ပြောရင်းနဲ့  ကျွန်တော်တော့  စာသိတွေ ၊
စာစကားတွေ ပါလာပြန်ပြီဗျာ၊ နားလည်ပေးပါနော်၊ ဖြစ်အောင်တော့ လုပ်မှာပါ )

ပြီးတော့ လေ ကျွန်တော့်  အလှည့် ကျရင်လဲ အကိုကြီးကို အတုယူပြီး ရင်ဆိုင်တိုက်ပွဲဝင်ဘို့  အခုကတဲက
ပြင်ဆင်ထားတော့ မယ် .. လို့ ။

ကျွန်တော်တစ်ခုထပ်တောင်းဆိုချင်ပါတယ်အကိုကြီးရာ..။
မြုံစိစိနေခဲ့ မိလို့  အကိုကြီးနဲ့ တွေ့ ရတာ နောက်ကျခဲ့ ပြီး ၊ အကိုကြီးရေးခဲ့ တဲ့  စာတွေကို သူများနောက်မှ
ဖတ်ရတော့ တာကြောင့်  နောက်များဆိုရင်လေ.... ကျွန်တော် အရင်ဆုံးလာဖတ်တော့ မယ်ဗျာ..။
အကိုကြီးရဲ့  ရွှေရတုမှတ်တမ်း ဆိုတဲ့  ဘလော့ လေးကို စိန်ရတုမှတ်တမ်း ရောက်တဲ့ အထိ ၊ အို .. ပတ္တမြားရတု
အထိဗျာ...။

ဒီတော့  အကိုကြီး စာပြန်ရေးနိုင်အောင်ကြိုးစားထား ၊ အားတင်းထား ။
ကျွန်တော် မေတ္တာပို့ ပေးမယ်လေ..၊ မရယ်နဲ့ နော်၊ မေတ္တာပို့ တာပြောသလောက်မလွယ်ဘူးတဲ့ ။
ကိုယ့် မှာ အအေးဓါတ်ကလေးရအောင် အရင်ကြိုးစားရတာလေ၊ ကိုယ့် ရင်ဂျိုင့် ကလေးထဲမှာ... တကယ်ပဲ
အေးလာပြီဆိုမှ သူများတွေဆီ ပို့ လွှတ်ရတာပါတဲ့ ။ တကယ်အေးရင် တကယ်စွမ်းပါတယ်နော်...။
မုန်းတဲ့ သူတောင်ပို့  လို့ ရပါတယ်တဲ့ ။ အကိုကြီးကတော့  မုန်းတဲ့ သူ ရှိမယ်မဟုတ်ပါ ။

...........................................................................................................................................



( နောက်ဆုံးမှ ခင်ရတဲ့  အဖြူလေး )





Friday, October 22, 2010

သူ ( သို့  ) ကိုကျော်သူ




ကျွန်တော်တို့ ကတော့  အမှုမဲ့ ၊ အမှတ်မဲ့  နေ နေခဲ့ ကြသလောက် ကိုကျော်သူတစ်ယောက်က
ကျန်ရှိနေသေးသော သူ့ ဘဝ ရဲ့  တိုတောင်းလာနေသောအချိန်ကလေးအတွင်းမှာပဲ ၊ လူတကာတို့  လုပ်နိုင်
ခဲ လွန်းသော ၊ အလုပ် ကြီးတစ်ခုကို ဇွဲနဘဲ ကြီးစွာ နောက်မဆုတ်တန်း ဆက်လုပ်နေ လုပ်ပြနေတုံးပါပဲ။

“ ကိုကျော်သူ ” ဆို သည့်  သူ ကတော့  ကျွန်တော်တို့ လို ၊ သာမန် လူတန်းစား မှ မဟုတ်ပဲ၊ လျှန်းလျှန်းတောက်
ကျော်ကြား နေသော နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး တစ်ယောက်မှန်း ခုခေတ်၊ လူငယ်လူရွယ်တိုင်း က သိပြီး
သားဖြစ်မှာပါ။

သည်လိုအနုပညာနယ်မှ ရုပ်ရှင်မင်းသားတစ်ယောက်က ပြီးခဲ့ သော “ ရွှေဝါရောင်တော်လှန်ရေး ” ဟု ၊
တစ်ကမ္ဘာလုံးကျော်ကြားခဲ့ ရသော သံဃာများဦးဆောင်ပြီး တိုင်းပြည်အတွက်၊ အမှန်တရားအတွက် လှုပ်ရှားခဲ့ ကြသောအရေးအခင်းကြီးတွင် အာဏာပိုင်တို့ ၏ အကြိမ်ကြိမ်သတိပေးတားမြစ်နေသည့် ကြားမှဂုတ်ပေါ်စီးမိုး
ထားသည့်  ဒါး တို့ ကိုမျှ မကြောက်ပဲ ၊ ဘုန်းဘုန်း တို့ နှင့် လက်တွဲ၍ ရဲရဲရင့် ရင့် ဖြင့် အများရှေ့  ကို ထွက်ခဲ့ သည်
ကိုလည်း အားလုံးအသိ ပင်ဖြစ်ပါသည်။

သံဃာကို ကြည်ညို သည့်  စိတ်ဓါတ်ကတော့  ကျွန်တော်တို့ ထက် သာလွန်နေပါသည် ဟု ပြောချင်ပါသည်။
ဘုရားသား သံဃာကို ကြည်ညို လွန်းသူ ဆိုတော့ လဲ ဘုရား၊တရား၊သာသနာ အတွက် ဆို သူ့ အသက်ကိုပါ
ပေးစွန့် တော့ မည့်  “ သူ ” ဆိုတာတော့  ယုံမှားဘွယ် မရှိတာသေချာသွားပြီ ဖြစ်ပါသည်။

အဲ့ သည်နောက်ပိုင်းမှ စ ၍ ကိုကျော်သူတစ်ယောက် သူချစ်သော၊တွယ်တာရပါသော၊ သူ့ ဝါသနာ နှင့် သူ့ ဘဝ
လို့ ပင် ပြောလို့ ရသည့်  ရုပ်ရှင်အနုပညာနယ်ပယ်မှ အပြီးအပိုင် ကြောခိုင်း ထွက်ခွာ ခဲ့ ရ ရှာတော့ သည်။

အဲ့ ဒီနောက် သူ ဘာဆက်လုပ်ခဲ့ ပါသနည်း ဆိုတာကိုတော့  အများသိကြသည့် အတိုင်းပါပဲ။
သူကျွမ်းကျင်သော၊ ဝါသနာပါလွန်းသော အနုပညာဖြင့်  ပြည်သူကို ဆက်လက် အလုပ်အကြွေး မပြုနိုင်ပါတော့ 
လည်း သူ သိထား၊ မြင်ထား ၊ ရထားသည့်  သံဝေဂဥာဏ် နှင့် ပင် “ နာရေးကူညီမှု အသင်းကြီး ” ကို ရဲရဲရင့် ရင့် 
ဖြင့်  ဦးဆောင်ဖွဲ့ စည်းတည်ထောင်ခဲ့ ပါတော့ သည်။ ကျွန်တော် သတင်းတစ်ချို့  တွင် ဖတ်ခဲ့ ဘူးသည်မှာ
ရုပ်ရှင်အနုပညာနယ်မှ အစားမထိုးနိုင်သည့်  ကြယ်တစ်ပွင့် ဖြစ်သော ဆရာကြီးဦးသုခ၏ တပည့်  ဖြစ်ခဲ့ ပြီး
သူချစ်သောဆရာ့  ဆန္ဒ အတိုင်းလည်း ဤအသင်းကြီးကို တည်ထောင်ခဲ့ ပါသည် ဟူ၍ ဖြစ်ပါသည်။

စိတ်ထဲ မကောင်းစရာ တစ်ခုကတော့  သည်အသင်းကြီးကိုတည်ထောင်ပြီး မကြာမှီမှာပဲ သူချစ်သောဆရာကြီး
ဦးသုခ၏ နောက်ဆုံးခရီးကို သူကိုယ်တိုင်ပဲ ပို့ ဆောင်ခဲ့ ရတာပါပဲ ဖြစ်ပါသည်။
အင်တာဗျူးတစ်ခုတွင်လည်း “ ကျွန်တော်အရင်တုံးကတော့ ၊ ရုပ်ရှင်မင်းသားပေါ့ ဗျာ၊ အခုတော့ မသာမင်းသား
ဖြစ်နေပါပြီ ... ” ဟုလည်း ၊ ခပ်ပြောင်ပြောင်ပြောခဲ့ တာကိုလည်း ကျွန်တော်အမှတ်ထင်ထင် ရှိနေတုံးပါ ။


လူ တစ်ယောက်အတွက် လုပ်ရန်ခဲရင်းသည့် ၊ လုပ်နိုင်ခဲလွန်းသည့်  အလုပ်ကို “ သူ ” လုပ်ခဲ့ ခြင်းပဲ ဖြစ်ပါသည်။

အမှန်တရားကိုမြတ်နိုးသည့် ၊ မတရားမှု ကို ဆန့် ကျင်ရဲသည့်  ယောင်္ကျား အာဇာနီ စိတ်ဓါတ် ရှိသူ တစ်ယောက်
ဖြစ်ခဲ့ ပါသည်။

ကျန်ရှိနေသော ရုပ်ရှင်နယ်မှ လူများအတွက်လဲ စံပြအဖြစ်၊ မီးမောင်းထိုးပြခဲ့ သလို ဖြစ်ယုံမျှမက ၊ ကျွန်တော်
တို့ အတွက်လဲ ဂုဏ်ယူထိုက်သော ယောင်္ကျားကောင်းတစ်ယောက် ဖြစ်ခဲ့ ရပြန်ပါသည်။ တစ်ချို့  က များများသာ
ပြောနေတတ်ကြပေမဲ့ ပြောသလောက် လုပ်ရပ်၊ လုပ်ကွက် တို့ က ပေါ် မလာ နိုင်ခဲ့ ပါ။

ကိုကျော်သူ ကတော့  ပြောသလောက်လုပ်နေတဲ့ သူ ၊ အပြောနဲ့ အလုပ်နဲ့  တစ်ထပ်ထဲကျနေသူ တစ်ယောက်
ဖြစ်နေပါသည်။

ကျွန်တော်က “ သူ့  ” လို မလုပ်နိုင်ပေမဲ့  ၊ “ သူ့  ” ကို ပင် အားကျနေမိတာတော့  အမှန်ပဲ ဖြစ်ပါသည်။

ဒါတွင်ပဲလား ဆိုတော့ လဲ မဟုတ်သေးပါလေ။
အများသိနေ၊ မြင်နေကြသည့် အတိုင်း “ ကိုကျော်သူ ” ဦးဆောင်တည်ထောင်ထာသည့်  “ နာရေးကူညီမှုအသင်း
ကြီး ”၏ အောင်မြင်နေသော ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်ကယ်တင်ရေး စသော လူမှုရေးလုပ်ငန်း များ
ကို မီဒီယာစာမျက်နှာများပေါ်တွင် ဟိုနေရာ တစ်ကွက်၊ ဒီနေရာတစ်ကွက်ဖြင့်  အကြိမ်ပေါင်းများစွာပဲ တဖြည်း
ဖြည်းတွေ့  မြင်နေလာကြရပါပြီ။

နိုင်ငံတော်အစိုးရ၏ အကြိမ်ကြိမ်တက်နင်းနေသည့်  ကြားမှပဲ ကိုကျော်သူတို့  အကျိုးပြုအဖွဲ့ ကြီးက ပြည်သူတွေ
ကြားထဲမှာ တစစ ပဲ ကြီးထွားလာခဲ့ ရပါသည်။

အမှုမဲ့ ၊ အမှတ်မဲ့  ကြည့် လိုက်လျင် ရုပ်ရှင်မင်းသား “ ကိုကျော်သူ ” တစ်ယောက် ၊ ခေါင်းတွေ ထမ်းပြနေပါသည်
ဟုသာ မြင်နိုင်သော်လည်း ၊ အနုပညာရှင်တစ်ယောက်အနေနှင့်  ပြည်သူကို MESSAGE တစ်ခု တော့ ပေးနေ
တာပါဟု ကျွန်တော် ပြောကြည့် ချင်ပါသည်။

ကိုကျော်သူ၏ MESSAGE က ကျွန်တော်တို့  ဗုဒ္ဓဘာသာ တစ်ရပ်လုံးရဲ့  အနှစ်ပါ ဟု ကျွန်တော်ယူဆမိပါသည်။

အရွယ်သုံးပါးစလုံးသော သူတွေ အားလုံးက “မသာ ” အကြောင်း၊ “ အသုဘ ” အကြောင်း ၊ “ သေ ” အကြောင်း
များ ပြောဘို့  စ မိ ပြီ ဆိုလျင်ဖြင့်  ၊ အိမ်သာနံ့  ရသွားသလို၊ တီကောင် ကို ဆားဖြင့် တို့ လိုက်သလို ရှုံ့  တွ သွား
ကြပြီး ၊ သည်အကောင် ကြောင် သွားပြီ၊ ပေါက် သွားပြီ ဟု သမုတ်၍ ပြောလာသည့်  သူကိုတောင် တွန်းဖယ်
ပစ်လိုက်လိုက်ကြ မှာ အသေအချာဖြစ်ပါသည်။ကိုယ်နှင့်  လုံးဝ မသက်ဆိုင်သလိုပါပဲ။ စိတ်ဝင်စားဘွယ်လဲမရှိ၊
ပျင်းစရာလဲကောင်း ၊ ထူးလဲ မထူးဆန်း ဆိုပါတော့ ။

၁၀၀ မှာ ၉၉ ယောက်သောသူတို့ က သေ မှာကို သိတော့ သိနေကြပေမဲ့  အဲ့ ဒီသေတဲ့ အလုပ်က အသက်ကြီး
မှ အိုမှ လုပ်ရမဲ့ အလုပ် ၊ မကျန်းမာပါမှ ရောဂါကြီးတွေ ဖြစ်ပါမှ ရင်ဆိုင်ရမည့် အလုပ် ဟုသာယူဆနေကြပြီး
ကုန်လွန်နေသော နေ့ စဉ်အချိန်လေးတွေကို မေ့ မေ့ လျော့ လျော့  နှင့် ဖြတ်ကျော်နေရင်း ပဲ နီးလာနေပြီ
ဆိုတာကို သတိမထားမိပဲ ရှိနေကြပါသည်။

“ ရ ... အုံးမယ် .၊” ဆိုသည့်  သည့် ထက်အရေးကြီးနေသည်ဟု အထင်ရှိနေသော များမြောင်လှသည့်  လူမှု
ကိစ္စ တွေ ကြားထဲမှာပဲ နစ်မြုပ်နေ၊ပျော်နေ၊ အချိန်တွေ ကုန်နေကြပြန်ပါသည်။ သည်လိုကိစ္စတွေကတော့ 
ကိုယ်မရှိတော့ လည်း သူကတော့ ရှိနေမှာပါပဲ။ ဘယ်တော့ မှလည်းပြီးဆုံးသွားမှာမဟုတ်ပါလေ။

တစ်ချို့  ကျတော့လည်း ရှားရှားပါးပါး သိ နေသလို ရှိသော်လည်း မီးခဲ ကိုများ ကိုင်ရမှာ စိုးသလို ဖြစ်ပြီး ဇွတ်
အတင်း လျှောင်ဖယ်ပစ်နေလိုက်ကြပါသည်။ ငါ့  အလှည့် မရောက်သေး ဟုလည်း မှတ်ယူကြမှာအသေချာပါပဲ။
အရာရာမသေချာသော၊ မမြဲ လွန်းသော လောကကြီးမှာ “ ဗြုန်း ” ကနဲ များ သေသွားခဲ့ သော်... ဆိုသည့် 
စောဒက တက်ရမည့်  မေးခွန်းကိုတော့  မသိချင်ရောင်ဆောင်နေတတ်ကြပြန်ပါသည်။ ဘာကြောင့် ဆိုတော့ 
ကျွန်တော်တို့ က အမှောင်မှာပဲ ပျော်နေတတ်သည့်  မောဟသားများ ဖြစ်နေကြလို့ ပါပဲ ။


သည်လိုဆိုလျင်တော့  ကျွန်တော်တို့  တစ်သက်လုံးပဲ ကြိမ်ဖန်များစွာ ဖြည့်ခဲ့ မိသော ၊ ကိုးကွယ်သည့် ဘာသာ
ဗုဒ္ဓဘာသာ ဆိုတာကို ပယ်ဖျက်ရတော့ မလို ဖြစ်နေပါပြီလို့ ။ သုံးလူ့ ထွတ်တား မြတ်စွာဘုရား ဖြစ်စေချင်ခဲ့ 
သော ဆန္ဒ တစ်ခုကတော့  ကျွန်တော်တို့  အားလုံး တစ်နေ့ သေရမှာပါ ဆိုသည့်  မမြဲသောသဘောကို အချိန်
နဲ့ အမျှ အမြဲပဲ နှလုံးသွင်းနေဘို့ ပဲ မဟုတ်ပါလားလို့ ။ သံသယာမှာ ကျင်လည်နေရသမျှသောကာလပတ်လုံး
သည်လိုပဲ ကြိမ်ဖန်များစွာ သေနေရမှာဖြစ်သောကြောင့် လည်း ဆင်းရဲဒုက္ခ တို့ နှင့်  အမြဲ ပြည့် နှက်နေသော
ကြာညောင်းလှသည့်  ဒီသံသယာကြီးထဲမှ ကျွန်တော်တို့  ၃၁ဘုံသားအားလုံးကို ကယ်တင်ရန် အလို့ ငှာ ၊
ဘုရားရှင်သည် သုမေဓါရှင်ရသေ့ ဘဝမှာပင် အသေလွတ်သည့်  နိဗ္ဗာန် ကို စံဝင်သွားနိုင်ပေမဲ့  မစံဝင်ခဲ့ 
ပဲ လေးအင်္သချေနှင့် ကမ္ဘာတစ်သိန်းလုံးလုံး ပါရမီ( ၁၀ )ပါးကို ဖြည့် ကျင့် ဘုရားဆု ပန်ခဲ့ တာကိုရော ကျွန်တော်
တို့  ကြားဘူး နေခဲ့ ကြသည်မဟုတ်ပါလော..။

ဘုရားရှင်က ကျွန်တော်တို့  ရရှိလိုက်သည့်  အမတန်မှ တိုတောင်းလွန်းလှပါသော သည်လူ့ ဘဝလေးကိုလည်း
အခုလိုပဲ မေ့ မေ့ လျော့ လျော့ ပေါ့ ပေါ့ ဆဆဖြင့် အချဉ်းနှီး၊ အကျိုးမဲ့ စွာဖြင့်  ဖြတ်သန်းလိုက်မိ၍ နောက်ထပ်
ရင်ဆိုင်ရအုံးမည့်  သံသယာဘေးကြီးကို ကြိုမြင်ထားပါသောကြောင့် ကျွန်တော်တို့  အားလုံးကို မမြဲပဲ အချိန်
အခါမရွေး သေ နိုင်ပါသည် ဆိုသည့်  သံဝေဂအသိ၊သံဝေဂ တရားတို့  ကို အမြဲ နှလုံးသွင်း နေရစ်ကြဘို့  မှာခဲ့ 
တာလည်း အထင်အရှားရှိနေပါလျက်နှင့်  ။

ကျွန်တော်တို့  အားလုံး ငယ်စဉ်ဘဝတွေကို ပြန်ပြောင်းစဉ်းစားကြည့် လိုက်လျင် ပုံရိပ်တွေအားလုံးက မနေ့ 
တစ်နေ့  တုံးကလိုပဲ အမြဲ၊လတ်ဆတ် လန်းဆန်းလျက်ရှိနေတုံး ပဲ ဖြစ်ပါသည်။ သို့ ဆိုလျင် ကျွန်တော်တို့ 
အမှုမဲ့ အမှတ်မဲ့  ဖြတ်သန်းနေခဲ့ ပြီးသော လွန်ခဲ့ သည့် ဆယ်စုနှစ်များက သိပ်မကြာခဲ့ သလို ဖြစ်နေမှာအသေချာ
ဖြစ်သလိုပဲ၊ နောက် ကိုယ်နေရအုံးမည်လို့  ယူဆရမည့်  ကျန်ဆယ်စုနှစ်လေးများကရော..တဲ့ ၊ သည်လိုပဲ မြန်နေအုံးမည် မဟုတ်ပါလားလို့  ။

ထိုသဘောထားလေးများကိုသာ လောကသားတို့  အမြဲနှလုံးသွင်းနေနိုင်ခဲ့ လျင် ၊ လောကကြီးတစ်ခုလုံး ဗြဟ္မဆို
တရားထွန်းကားပြီး ညိမ်းချမ်းလာမှာအသေအချာ ဖြစ်ပါသည်။ နေ ဘို့ ကို အမျိုးမျိုးပဲ စီမံကိန်းတို့ ချပြီး ကြိုးစား
နေကြသလို ၊ သေဘို့ ကိုလည်း ကျေကျေနပ်နပ်နှင့်  စီမံကိန်းများချပြီး နည်းလမ်းတွေ ရှာကြံ လေ့ ကျင့် နေကြ
တော့ မှာ ဖြစ်ပါသည်။

လူ့ လောကမှာတော့  ဘဝမြင့် မားဘို့  အောင်ပွဲတွေ အလီလီ ရဘို့  သင်တန်းတွေ ၊ ကျူရှင်တွေ ၊ ကျောင်းတော်
တွေ ဘာသာရပ်တွေ နည်းလမ်းတွေ မြောက်များစွာ ရှိနေသလို ကိုယ့် ဘဝ နောက်ဆုံးနေဝင်ချိန်ကို ရင်ဆိုင်ဘို့ 
တစ်ယောက်ထဲ သေဘို့  နေ့ စဉ်၊နေစဉ် လေ့ ကျင့် နိုင်မည့် သေနည်း သင်တန်းများလည်း ရှိနေပါပြီလို့  ။

ကျွန်တော်ကတော့  “ ကိုကျော်သူ ” ပေးနေသော MESSAGE လေးကို ချဲ့ ချဲ့  ထွင်ထွင် ပဲ စဉ်းစားမိနေတာပါ။

သည်လောက်မြင့် မြတ်လွန်းသည့်  ရည်ရွယ်ချက်တို့ ဖြင့်  လူထုတစ်ရပ်လုံးအတွက် ပေးဆပ်နေတာတောင်မှ
ဟိုး တစ်လောက “ သူ့  ” ကို ပေါ်ပင်ဖြစ်ချင်လို့  လုပ်နေတာပါ ဟု ဝမ်းနဲဘွယ် သမုတ်ခဲ့ သည်ကိုလည်း ကြားသိ
ခဲ့ ရ ပါသည်။

“ ကိုကျော်သူ ” ကတော့  မှန်တာကို လုပ်နေတဲ့ သူ မို့ လို့  မမူ့  ခဲ့ ပေမဲ့  ကျွန်တော်ကတော့  အဲ့ဒီ ပြောတဲ့ သူများ
ကို “ သူ့ ” လို ၊ နေ့ စဉ် ခေါင်းတွေ အများကြီးထမ်းချ မပြပဲ၊ တစ်ရက်တစ်ခေါင်းသာ ပုံမှန်လေး သွားထမ်းပြပါဟု
ပြောလိုက်ချင်ပါသည်။

ဘာပဲပြောပြော ကျွန်တော်ကတော့  “ သူ့  ” လို မလုပ်နိုင်တော့ ပေမဲ့ ၊ “ သူ့  ” ကိုပဲ လေးစား ကြည်ညို လွန်း
ခဲ့ တာကြောင့် တစ်နေ့ နေ့ တော့  ကျွန်တော့် အလှည့် ၊ ကျွန်တော်လည်း လူ့ လောကကြီးရဲ့  EXPIRE ဖြစ်သွား
တဲ့ အလှည့် ကျ ရင် ကိုကျော်သူ နဲ့ ပဲ ထွက်ခွာ သွားခဲ့ ချင်ပါတယ်လို့  ပြောမိရင်းနဲ့ ပဲ “ သူ ” (သို့ ) “ကိုကျော်သူ”
ရဲ့  ပြည့် ခဲ့ သော နှစ်၅၀မြောက်မွေးနေ့  ကို သည်ဆောင်းပါးဖြင့်  ဂုဏ်ပြု ကန်တော့ လိုက်မိပါတော့ တယ်ဗျာ။

( ကျွန်တော်က ဘာကောင်မှ မဟုတ်ပေမဲ့  “ကိုကျော်သူ” ကို ကြည်ညို အားကျ ရှိရင်းစွဲ စိတ်ကလေးနဲ့ ပဲ
ရေးခဲ့ မိတာကြောင့် ၊ အပစ်တို့  အစွန်း တို့  လွတ်လိမ့် မယ်လို့  ယုံကြည်မိပါသည်။ )


...................................................................................................................................


သည်တစ်ခါတော့  အလိုလိုနာနေမည့်  စာ များအစား၊ အလိုလို ပါ နေမည့်  စာ များကိုသာ ကြိုးစားရေးကြည့် 
မိခဲ့ ပါသည်။


( ပြီးပါပြီ )















Saturday, October 16, 2010

အို့  ဟိုး ... ဒါကြောင့်ကိုး......

“ယူ့  ..ကို ၊ မင်္ဂလာသတင်းပြောရအုံးမယ် ..”
“ အင်း ..”
ကျွန်တော် ရင် ထိတ် သွားရပါသည်။
မဟေသီ ကတော့  မကြာခဏ သည်လိုပဲ ပြောတတ်ပါသည်။
ကောင်းတဲ့  သတင်း ရော ၊ မကောင်းတဲ့  သတင်းရော ပါ။
“မနေ့ က ဘုန်းကြီးကျောင်းသွားနေလို့  ၊ ဒီနေ့ မှ သိရ တာလေ...” ဟု ၊ ပြောပြီး ငုံ့  ၍ စာတွေ ဆက်ရိုက်
နေပြန်ပါသည်။ Typing ဆိုသည့်  စာတန်း လေး ပေါ်နေပေမဲ့  ကျွန်တော့်  ဆီ တော်တော် နှင့် ရောက်မလာ
တော့  ကျွန်တော် တဖြည်းဖြည်း ဒေါကန် လာပြီး သည်ဘက်က ထ အော် လိုက်မိတော့ သည်။
“ ဟေ့  .. မင်းကို ၊ လိုင်းကောင်းနေရင် စာမရိုက်ပါနဲ့  လို့  ပြောနေတာ မရ ဘူးလား..”
“ ....... ”
ဘာမှ ပြန်မပြော လာပါ။ မကြားရပြန်ဘူး ထင် ပါသည်။
သူ ငုံ့  နေ ရာမှ ပြန်မော့  မလာပဲ ဆက်ရိုက် နေပါတော့ သည်။
ဘာပဲ ပြောပြော ၊ ရုပ် မြင်သံ ကြား နိုင်သည့်  VZO လိုင်းကလေး ရှိနေ တော့ လဲ သိပ်ပြီးတော့  မကြီးကျယ်
ရဲ ပါ လေ။ မကောင်းနှစ်ချက်၊ ကောင်းတစ်ချက် ၊ ပေါ်တစ်ချက်၊ ပြောက် နှစ်ချက် ဖြစ်ဖြစ်နေသော ၊
မမကီ ခဏခဏ ပြောနေတတ်သည့်  ဗမာပြည်က “ ကိုးနတ်ရှင် ” ကလေးကိုတော့  ကြံဖန် ပြီး၊ ရိုရိုသေသေ
ကျေးဇူးတင်နေရ ပါသည်။

ခဏကြာတော့  မှ ၊ သူ လှန်းရိုက်နေသည့်  စာတန်းလေး ပေါ် လာပါတော့ သည်။
“ ယူ့  သား ဘီတက်ရှ် မပါလာဘူးလေ၊ ပြန်ဖြေရမယ်ပြောတယ် ၊ သူ တို့  “ ဝိုင်း ” တစ်ဝိုင်း လုံးပါတယ်၊
သင်တဲ့  ဆရာမ ရဲ့  သားနဲ့  ၊ သူနဲ့  နှစ်ယောက်ပဲ ကျန်ခဲ့ တာ ...”
“ ဟင် .. ” ကျွန်တော် ထိတ် နေသည့်  အဆင့် မှ အံ့ သြ သည့်  အဆင့်  သို့  ထိုးတက်သွားပါတော့ သည်။
အဲ့ ဒီ အံ့ သြ သွားသည့် “ ဟင် ” ဆိုသည့်  စာလုံးကိုလည်း ၊ မဟေသီ ကို မျှဝေ ခံစား လို့ ရအောင် ရိုက်ပို့ 
လိုက်မိပါသည်။ မအံ့  သြ သင့် ဘူးလား အရပ်ကရို့  ရေ ၊ သားတော်မောင် ချွတ်ချော်၍ မပါ ခဲ့ ဘူးပဲထားတော့ 
ဝိုင်း လုံးကျွတ် ပါ သွားအောင် သင်ပေးလိုက်နိုင်သော ကျူရှင်ဆရာမ“ ဒေါ်ဝိုင်း ” ၏ သား က ပါ ၊ အဖော်
အဖြစ် ကျန်ခဲ့ တာကိုပါပဲ။ အင်း.. ခေတ် ကို ကျွန်တော်တို့ က အဆက်တော့  ပြတ်နေတာ သေချာသွားပါပြီ။
အခုခေတ်လူငယ်တွေ က လူကြီးတွေ လိုက်မမှီ နိုင်အောင်ကို အမျိုးမျိုး တီ ထွင် နေတတ် ကြသည်မဟုတ်လား။

အရင်တုံးကတော့  လ စဉ် သိန်းချီ အကုန်ကျခံ တက်နေရသော သူ့ ကျောင်းစရိတ် အတွက် ကြားမကောင်း
အောင် တစာစာ အော်နေခဲ့ သော်လည်း ၊ ဘီတက်ရှ် မပါတော့ ပဲ ဂျီတီစီ နှင့်ပင် ပြီး၍သုံး နှစ်စာခန့်  ကျောင်း
စရိတ်သက်သာ သွားသည်ကို ဝမ်းမသာ နိုင်ပဲ ရှိနေခဲ့ ပါသည်။

မျက်နှာမကောင်းသော မဟေသီကို ဘယ်လို နှစ်သိမ့် ရမည် မသိ တော့ လည်း ..
“ အင်း . . ပြီးတော့ လည်း ပြီးတာပဲ ပေါ့ ကွာ ၊ ဘာတတ်နိုင်မလဲ ” ဟု ပြန်ရိုက်လိုက်မိပါသည်။
“အော်.. ကိုယ့် သား မဟုတ်တဲ့  အတိုင်းပဲ ၊ သူ က မွေးရတာမှ မဟုတ်တာ ..” တဲ့ ဗျား ။ သည်တစ်ခါ ရိုက်ချက်
ကတော့  မြန်ပြီး ပြင်းလိုက်တာ လေ။ အနားသာ ရှိလျင် အနည်းဆုံးတော့  ဗိုက်ကြော အလိမ်ခံ ရ မှာသေချာ
ပါသည်။

“ ဟေ့  .. ဒို့ ဘက်က တာဝန်ကျေပြီ ပဲ ကွာ... ပြီးသွားတော့ လဲ ဘာဆက်လုပ် မယ်ဆိုတာ စဉ်းစား.. ”
“ သူ့  ကို အစိုးရ အလုပ်ထဲ ထည့် မလားလို့ ။ သူ့ အမရှိနေတဲ့  ပေါင်းလောင်းဆည် စီမံကိန်းထဲကို လေ..”
“အင်း ... ကောင်းသားပဲ ” ဟု မြန်မြန်သဘောတူ လိုက်ရပါသည်။ နောက်ထပ် ကွန်ပလိန်းတွေ တက်မလာခင်။
“ကောင်းတယ်လုပ်မနေနဲ့  ယူ့ သားက ဘာမှ မတတ်သေးဘူး ၊ ဂျီတီစီ သာတက်နေတာ အိမ်ရှေ့ က မြောင်းဖုံး
ကလေးလုပ်ခိုင်းတာတောင် ဖြောင့် အောင်မလုပ်တတ်ဘူး ၊ ယူ့ သား လို့  မပြောရဘူး ၊ ယူ့ လိုပဲ.. သံတစ်ချောင်း
တောင်ဖြောင့်အောင်ရိုက်တတ်တာမဟုတ်ဘူး...” ဟု မကျေမနပ် နှင့် ကျွန်တော့်  ငယ်ကျိုးငယ်နာတွေ ပါ ဖေါ်
ပါလေတော့ သည်။ တော်သေးတာပေါ့  လေ ၊ ဝေး နေလို့  ဟု ။

“ ဒို့ လည်းသူ့ ကို လူတွေ နဲ့  ပေါင်းစေချင်ပါတယ်၊ လူတွေ ကြားထဲမှာ ကိုယ့်ပိုက်ဆံ ကိုယ်ရှာသုံးရမှ ၊ ငွေတွင်း
ဘယ်လောက်နက်တယ်ဆိုတာသူ သိမယ် ”
“ဒါနဲ့  .. လစာ ဘယ်လောက်ရမလဲ..”
“ ခြောက်သောင်း ပလပ်(စ) တစ်ထောင် ခုနှစ်သောင်းလောက်တော့  ရမယ်လို့  ပြောတာပဲ”
“ အိမ်မှာတော့  တစ်ရက်မုန့် ဘိုး ထောင့်ငါးရာ နဲ့  တောင်မလောက်ချင်တဲ့ အကောင် ၊ တွေ့ ကြပြီပေါ့ ကွာ ”
“ဟုတ်တယ် .. ၊ ဖိနပ်ဖိုးတောင် ရ မှာမဟုတ် ၊ ဘာပဲပြောပြော သူ့ စရိတ်တော့  သူရှာ သွားတတ်မှာပါ..”
အကြီးကောင်ကတော့  ပြောလဲ ပြောစရာပါပဲ။ ကျွန်တော်နှင့်အတော်တူတာပါ။
စကားကို လေးလုံးကွဲအောင်မပြောတတ်။
တစ်ခါတစ်လေ ကျွန်တော်နှင့် လိုင်းပေါ် တွေ့  ၍ “ ဟေ့  အကောင်.. ” ဟု သုံးလေးခါ လှန်း ခေါ် နေသော်လည်း
သူ့  အကွက်ကလေးက အမြဲ နီ နေတတ်ပြီး ၊ အတန် ကြာမှ အင်္ဂလိပ်စာလုံးများဖြင့် ဂိန်းဆော့ နေလို့ ပါ .. တဲ့ ။
သည်ဘက်က ဒေါသ တွေ လည်မျို သီး လာသောကြောင့် မိုက် တပ် လိုက်စမ်း ဟု အမိန့်  ပေး လိုက်တော့ 
“ I have no mike ” တဲ့  ဗျာ..။ အဲ့  လို သားမျိုး ပါပဲ။

သူ့ အမေ နှင့် တွေ့ တိုင်း ၊ ဝမ်းသာ အားရ မေး မေး လာတတ်သည့်  မေးခွန်းက “ သားအဖတွေ၊ လိုင်းပေါ်မှာ
ဘာတွေ ပြောကြသလဲ ဟင်... ” ဆိုသည့်  မေးခွန်းပါ။ အဲ့ ဒီလိုအခါတိုင်းလည်း ကျွန်တော်က ရှေးဟောင်းနှောင်း
ဖြစ် များ ပြောဖြစ်ကြောင်း လှီးလွှဲ ပြော ရသည် ကြီး ဖြစ်ပါသည်။

သားအမိ နှစ်ယောက် ကတောက်ကဆ ဖြစ်ပြီ ဆိုလာလျင် သူ့ လက်ထဲက ဟန်းဖုန်း ကို ဆက်ခိုင်းပြန်တော့ 
လည်း ဆက်ရ ပြန်ပါသည်။ သည်ဖက်က အာပေါ် အာရင်းသန်သန် ဖြင့်  လျှာ ထွက်ကျလာအောင်ပြောနေ
ပေမဲ့  “ အဖေ ... မကြားရဘူး ၊ လိုင်းမကောင်းဘူး .. ” ဟု ပြောလေ၊ ကျွန်တော်က အော်လေ.. ၊ နောက်တော့ 
ကိုယ်ပဲ လျှော့  ရ ပြန်ပါသည်။

“အော်.... တစ်ခု ပြောရအုံးမယ် ၊ သိလား ”
“အင်း...”
“ ဟိုနေ့ က .. သူ့ ညီ ကို ကျောင်းသွားကြိုခိုင်းတယ်..”
အငယ်ကောင် ပေါက်စီ က ငါးတန်း ရောက်နေပါပြီ။
“ ဒီတော့  ”
“ အဲ့ ဒါ ... အငယ်ကောင်က ၊ အကြီးကောင်ကို မေးနေတယ် သိလား..”
“ အင်း ”
“ ကိုကို အလုပ်လုပ်တော့ မယ်ဆို ၊ သားကို မုန့် ဘိုး ဘယ်လောက်ပေးမှာလဲ တဲ့  ”
အကြီးကောင်က “ ဒါဆို ဂိန်းစက်အသစ်ကို ကိုကိုယူသွားမယ်လေ...” လို့  ပြောတယ်တဲ့ ။

မဟေသီ ရိုက်နေသော စာတန်းကလေးတွေ ကိုဖတ်ပြီး ကျွန်တော် စိတ်မကောင်း ဖြစ်လာမိပါသည်။
ညီအကိုနှစ်ယောက် ခွဲ ရအုံးမည် လေ ။
မဟေသီ့  မျက်နှာကတော့  ခါတိုင်းလို ပြုံးပြုံးရွှင်ရွှင် မဟုတ်ပဲ သိသိ သာသာ တည်၍ ညှိုး နေပါသည်။

“ ကို.... ”
“ ဟင် ”
“ ဒီနေ့  ဘာနေ့  လဲ ”
“ သိဘူးလေ...”
သူ့  မျက်နှာ ပိုပြီး မဲ လာသလိုဖြစ်သွားပါသည်။
“၁၂ ရက်၊၁၀ လ ပိုင်းလေ..”
သည်တစ်ခါလဲ ကျွန်တော် ထိပ် သွားရပြန်ပါသည်။
သူ့  မွေးနေ့  ပါပဲ လား .. လို့  ။
အိုး .... ဟိုး ၊ ဒါကြောင့် ကိုး ....။
ကျွန်တော် ချက်ခြင်းပဲ ထ ၍ ဖုန် အလိမ်းလိမ်း တက်နေသော ကွန်ပြူတာ ဖန်သား ပြင်ကို အာဘွား ပေး
လိုက်မိပါတော့ သည်။

( အမှန်ကတော့  ကျွန်တော့်  အယူ၊အဆ အရ တော့  လူ က မွေးတဲ့ နေ့  တစ်နေ့  ထဲ ရှိတာပါ၊ နောက်တစ်နေ့ 
ကတော့  သေ ရမည့်  နေ့  ပါ ပဲ ၊ ဒါကြောင့်  ကျွန်တော့်  မွေးနေ့  တောင်ကျွန်တော်အမှတ်မထားမိ တာအမှန်ပါ
သူပြောနေ..... သတိပေးနေမှ အော်.. ရောက်ပြန်ပေါ့  ဟု )



................................................................................................................................................


( ပြီးပါပြီ )

Saturday, October 9, 2010

တမ်း တ တောင်တန်း( သို့  ) ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ




သည်တောင်တန်း ကြီးတွေ က နေ့ တိုင်းပဲ မြင်တွေ့  နေရပေမဲ့  ကျွန်တော့် အဖို့  တော့  ရိုး သွားတယ် မရှိပဲ
တစ်နေ့  ထက်တစ်နေ့  မရိုး နိုင်သော ခံစား မှု တွေ သာ ဖြစ်ပေါ် နေလေ့  ရှိပါသည်။

စိမ့်  ပြီး အေးနေသော လေ တို့ က ဆိုင်ကယ်ဦးထုပ်၏ ရှေ့  လေကာမှန်ကို မျှား တွေကဲ့ သို့  အဟုန်ပြင်းစွာပဲ
ဝင်တိုး ရိုက်ခတ်နေပြီး ကျွန်တော့်  နားနှစ်ဖက်ကို ကြမ်းတန်းလွန်းသော အရှိန် တို့ ဖြင့်  တဝေါဝေါ .. နှင့် ပဲ့တလစပ် ပွတ်တိုက် ဖြတ်ကျော် သွား နေသောကြောင့်  နား တို့  တောင် ထုံ ကျင် လာနေပါသည်။

ရင်ဘတ် တစ်ခု လုံး လေစိမ်းတို့ ကြောင့်  အေးစက် လာနေသော်လည်း တွေးမိနေသော အရာ တစ်ခုကြောင့် 
နွေးထွေး နေသော ခံစား မှု တစ်ခု တော့  ဖြစ်ပေါ် နေသလိုပါ ။

နုပျို မှု တို့  တဖြည်းဖြည်း ပျောက်ဆုံး လာပြီး အရွယ်တစ်ခု သို့  ချဉ်းနင်း ဝင်ရောက်လာ နေပြီးသော ကျွန်တော်
တို့  ကတော့  ဟိုး ငယ်စဉ် ကလေး ဘဝ လေးတွေ တုံးက လိုပဲ လတ်ဆတ် ၊ လန်းဆန်း နေသော ခံစားမှု တွေ
ဖြူစင်သော သံယောဇဉ်တွေ ၊ အပစ် ကင်းစင်လွန်း သော ပျော်ရွှင်မှု တွေ တဖြည်းဖြည်း ဆိတ်သုန်း လာ ခဲ့ 
ရပြီး ၊ တစ်ချိန်က ဂရုမစိုက်မိပဲ တိုးတိုး ခွေ့  ခွေ့  ထဲထဲ ဝင်ဝင် နေ ခဲ့  မိသော ပတ်ဝန်းကျင် ကို ယ္ခု တော့ 
ဂရုစိုက်နေရပြီ လေ ။

ကျွန်တော်တို့  ရဲ့  မခံစား တတ်သေးသော အရောင်မဲ့  လွန်းသော နှလုံးသားတို့  က ၊ ရင့် ထော် ကြမ်းတန်း
လာသည်နှင့် အမျှ ပဲ အရာရာ ကို ဖမ်းယူ ဆုပ်ကိုင် ခံစားလွန်းနေတတ် ပါ သည် လို့  ။

ကိုယ်နှင့်  ထိစပ်မိသော အရာရာ အားလုံးကိုပဲ တကောက်ကောက် လိုက်လံ ဖမ်းဆုပ် တွယ်တာ နေသော
ကြောင့်လည်း ဖြတ်သန်းခဲ့ ရသော ဘဝ စာမျက်နှာ တစ်လျှောက် ၊ အမော တို့  မပြေ ခဲ့  နိုင်ခဲ့ သည်မှာလည်း
ယနေ့  ထက်တိုင်ပဲ ဖြစ်ပါသည်။

နုငယ်စဉ်က ကိုယ့်ဝန်းကျင် ၏ စုံလင်သော အရောင်အသွေး တို့  ကို မခုံ မင် မိပဲ ၊ ဖြူစင် နေခဲ့ သည့်အလျောက်
ယ္ခု တော့  အစုံပင် ခုံမင် တတ်လွန်း နေပြန်တော့ လည်း ၊ ကိုယ့် တကိုယ်လုံး အရောင်တွေ အမျိုးမျိုး နှင့် ညစ်
ထပ်ထပ် ကြီး ဖြစ်လို့  နေပါ ပြီ။

ကန့် သတ်ချက်တွေ ၊ ဘောင်တွေ ကြားထဲ မှာပဲ မလူးသာ မလွန့် သာ ကြပ်ကြပ်တည်းတည်း လှုပ်လျှားနေရရင်း
အထိန်း အကွတ်တို့  မဲ့  ပြီး ငှက် ကလေးတစ်ကောင်လိုပဲ လွတ်လပ် နေ သော ငယ်စဉ် ဘဝ ကို ပြန်လည်
မက်မော နေမိ ပါသည်။

သည်တောင်တန်း ကြီးတွေ ကို ငေး ကြည့် ပြီး မရ နိုင်တော့ သည့်  ငယ်စဉ် ဘဝ တွေ ကို မကြာခဏ ပြန်ပြန်
တမ်းတ မိ နေတတ်ပေမဲ့ ၊ မဖြစ်နိုင်မှန်း သိနေ တော့ လည်း နေ့  စဉ် စက်ရုပ်လို လှုပ်ရှား နေ ရသည့် အတူတူ
အဲ့ ဒီ စက်ရုပ်ပဲ ဖြစ်လာလျင်အကောင်းသား ဟု တစ်ခါခါ တွေး လိုက်မိ တတ်ပါသည်။

စက် တွေ နှင့်  တပ်ဆင်ဖန်တီးထားသည် ဆို တော့  လည်း လုပ်သမျှ အပစ်တို့  ကင်းစင် နေလိမ့် မည် .. ဟု။
ခံစားတတ်သည့်  နှလုံးသား က မပါ ခဲ့  သောကြောင့် မဟုတ်ပါလော ။

ဒါဆိုရင် ခံစား တတ်သည့်  နှလုံးသား က အပစ် ဖြစ်နေ ပြီလား ..။
အပစ် မဖြစ်အောင် ဘယ်လိုခံစား ရပါမည်နည်း .... လို့  ။
ပြောင်းလဲနေတတ်သော အရောင်အသွေး စုံလင်လွန်းသည့်  ဝန်းကျင်အတိုင်း ကိုယ်ကပါ အမောတကော
အလျင်မှီအောင် အပြေးလိုက် ပြောင်းလဲ နေမိသောကြောင့် လဲ ဘဝတစ်ခုလုံး ထောင်းထောင်းကျေနေခဲ့ 
ရပါပြီ ။

သည်တောင်တန်းကြီးတွေ ကို ကြည့် ၍ ပဲ ကျွန်တော်တို့  အမျိုးမျိုး ၊ ရေးဖွဲ့  တန်ဆာဆင် ခံစားနေကြသော်လည်း
မျှော်မဆုံးနိုင်တော့ သည့်  သည်တောင်တန်းတွေ ကတော့  သူ့  အရောင် သူ့  သဘာဝ အလှတို ဖြင့့်မည်သည့် 
အရောင်တို့ မျှ၊ မရောစပ်ပဲ လောက ကိုဖြူဖြူ စင်စင်လေး အလှ ဆင် နေပါသည်။

အော်.. အရောင်ဆိုးနေမိတာက ကျွန်တော် ပါပဲလား .. လို့  ။
သူ့  အရောင် ၊ သူ့  သဘာဝ သူ့  အလှ လေး တွေ ကို ကိုယ်က ဖြူဖြူစင်စင်ကလေးပဲ ခံစား လိုက်ရုံ ပဲ မဟုတ်
ပါလား ။

လောက ကြီးက တော့  အရောင်အသွေး တို့  စုံလင်နေပေမဲ့  ၊ ကိုယ်ပိုင် အရောင်ကိုယ်စီနဲ့ ပါ ပဲ။
ကျွန်တော့် မှာတာ့  သူတို့  လို ကိုယ်ပိုင် အရောင်လေးတောင် မရှိခဲ့  ပါ လား .. ဟု တဖြည်းဖြည်း ဆင်ခြင် လာခဲ့ 
မိပါသည်။

ဘယ်လိုပင် အသိုင်းအဝိုင်းတွေ ၊ ချစ်ခင် တွယ်တာ ခဲ့ ရသူတွေ ဘယ်လောက်ပင်များများ ၊ ဟိုး .. ငယ်စဉ်
ကလေးလေး ဘဝ လောက ကြီးထဲ တစ်ယောက်ထဲ မျက်စိ နားသူငယ် လေး နှင့်  ဝင်လာ ခဲ့ ရတုံးကလိုပဲ
မကြာသော အချိန်တစ်ခုမှာလည်း တစ်ယောက်ထဲပဲ ပြန်ထွက် ရ အုံး တော့  မှာ ပါ လား ... ဟု စဉ်းစား လာ
မိ ပြန်ပါသည်။

မကြာသော အချိန် ... တဲ့  ။
တကယ် ကို မကြာခဲ့  တာ အမှန်ပါပဲ ။
ငယ်စဉ် ဘဝ လေးတွေ ကို ပြန်တွေး ကြည့်  မိ တိုင်း မနေ့ တစ်နေ့  ကလို ပဲ လတ်ဆတ် ၊လန်းဆန်း နေတုံးပဲ
မဟုတ်ပါလား ။

ဒါဆိုရင် ... ကျန် နေအုံး မည့်  ကိုယ့် ရဲ့  အချိန် ၊ ကိုယ့်  အချိန် ကရော .... ။

တွယ်တာ ဆုပ်ကိုင်ထား ခဲ့ သမျှ သော အတွယ်အတာ အား လုံးနှင့်  ခွဲ ရ တော့  မည် ၊ ထား ခဲ့ ရ တော့  မည်
ဟု တွေးမိတိုင်း ရင်ဝယ် လေးလံ လာ ခဲ့  ရပါ တော့ သည်။

...................................................................................................................................


တဖြည်းဖြည်း နှင့်  ခဲ သားရောင် တိမ်တိုက် တို့ က နိမ့်  ဆင်း လာပြီး ၊ ညို့  မှိုင်းမှိုင်း တောင်ထွတ် တို့ ကို
ပွတ်တိုက် လာတော့  ဝန်းကျင်တစ်ခုလုံး အုန့် မှိုင်း သွားပြီး ၊ မိုး ငွေ့  တို့  ပါလာသော ရနံ့  တို့ ကို လေအေး
တို့  နှင့်  အတူ ၊ တပြိုင် နက် ကျွန်တော် ရှု ရှိုက် လာ ရ ပါတော့ သည် ။

မိုး တို့  ရွာ တော့ မည်။
ဆိုင်ကယ် လေး ကတော့  နေ့ တစ်နေ့  ၊ ဘဝ တစ်ခု ကို အစ ပြု ဘို့ 
လမ်းမကြီးပေါ် ဝယ် ပြေး လို့  ကောင်းနေတုံး ...။
ကျွန်တော့်  ရင် ဝယ် လဲ နွေး လို့  ကောင်းနေတုံး ပါ ပဲ လား ....။

..................................................................................................................................


( နှုတ်ဆက်ပါသည် )







Saturday, October 2, 2010

တမ်း တ တောင်တန်း

ကျွန်တော် နှစ်ဆယ့် သုံးထပ် တိုက် ပေါ် မှ ဟိုး မိုးကုတ်စက်ဝန်း အဆုံး ထိ လှန်းမျှော် ငေး ကြည့်  နေမိပါသည်။
တိုက်နှုတ်ခမ်းစပ် နား ရှိ ဆောက်လုပ်ရေးသုံး ပိုက်ငြမ်း အပေါ် ဆုံး တွင် ရပ် နေသော ကျွန်တော့်  ကိုယ် က
တစ်ချက် ချက် အပြင်း ဆောင့်ဆောင့် တိုက်လာ နေသော လေ အဟုန် တိုင်း မှာ ထိန်း ထား လို့  မရ အောင်
ကိုပဲ ယိုင် ယိုင် သွား နေ ခဲ့ ပါသည်။


မနေ့  ကတဲက ကောင်းကင် တစ်ခွင်လုံး ကြည်လင် ပြာလဲ့  နေပြီး လေ တို့  ရုတ်တရက် ညိမ် ကျ သွား ပြီ
ဆို ကတဲ က ကျွန်တော် ထင်လိုက် ပါပြီ ၊ “ တိုင်ဖုန်း ” နီး လာပြီ ဟု ။

သည် ကျွန်းကြီး ပေါ် မိုး ရာသီ ဝင်ကတဲက တိုင်ဖုန်း ဝင်မလာ သည်မှာ ကြာနေပြီ ဖြစ်ပါသည်။
မိုးလေဝသ က ခန့် မှန်း လိုက် ၊ တရုပ်ပြည်မ ကြီးဘက် ကို လှည့် သွား လိုက် ၊ ဂျပန် ဘက်ကို ထောင် တက်
သွား လိုက် ၊ ဖိလစ်ပိုင် ကျွန်း တွေ ဆီ ဆင်း သွား လိုက် နှင့်  အကြိမ်ကြိမ် လွဲ ချော် နေခဲ့ ပေမဲ့  ယနေ့  တော့ 
တည့် တည့်  ဝင် ပြီ ဟု ကျွန်တော် ထင်ပါသည်။

ဒါပေသည့်  လွဲ ခဲ့ ပြန်ပါသည်။
သည်လိုနှင့်  တစ်နေ့  တော့  ပြီးဆုံး သွားခဲ့  ပြန်သည်။

တိုင်ဖုန်း ဝင်တော့ မည် ဟု ကြိုတင် ခန့် မှန်းသတင်း ထွက်လာချိန်တွင်ပဲ အစ လုပ် ရေးထား မိသော
တစ်ပင်ထဲ ရင်ထဲက “ နွယ် ” အခန်းဆက် တို့ ၏ အဆုံး ကို ကျွန်တော် အပြီးသတ် ပဲ ကြိုးစား ရေးလိုက်
ဖြစ်ခဲ့ ပါသည်။

ဘာပဲ ပြောပြော ပေါ့ လေ ၊
“ နွယ် ” က ဇာတ်လမ်းအရ ဆုံး ခဲ့ ပေမဲ့  တွယ် ခဲ့ ရသည့်  အတွယ်အတာ အရ တော့  ရင်ထဲ ဝယ် ဘယ်သော
အခါမှ ပြီးဆုံး လိမ့်  မည် မထင်ပါလေ။

ပို့ (စ) တစ်ပုဒ်တင် ပြီး တိုင်း အိပ်ရေး မဝ ဖြစ်တတ်သည့် အလျောက် သည်နေ့  မနက်လဲ မျက်တွင်း ဟောက်
ပက် နှင့်  ပဲ အိပ်ယာ ထဲ မှ ထ ဘို့  ကြိုး စား နေရ ပြန်ပါသည် ။


မကောင်းသည့်  အကျင့် တစ်ခုက တော့  အလုပ်သွားချိန်မနက် ၆ နာရီခွဲ ကျမှ ပြန်အိပ်ချင် လာနေခြင်း ပဲ
ဖြစ်ပါသည်။ ခေါင်းရင်းနဘေး ရှိ စားပွဲ လေး ပေါ် မှ တစ်ချက်ချက် ခုန်နေသော စားပွဲတင် နာရီလေးကို အိပ်
မှုန်စုတ်ဖွား စေးကပ် ပြီး မှေးစင်း နေသော မျက်လုံး တို့ ဖြင့်  တုန်တုန် ရီရီ ချောင်း ကြည့်  နေမိရင်း မသိစိတ်
တို့ က တော့  အဲ့ ဒီ တာဝန်ကျေ နာရီ လေးကို ပြောင်းပြန် ပြန်ခုန် နေစေချင် ပါသည်။

အိပ်ယာ တို့ လဲ ပူလောင် တွန့် ကျေ လာပြီ မို့  နေ့  တစ်နေ့  ၊ ဘဝ တစ်ခု ကို အစ ပြု ဘို့  အတွက် ကျွန်တော်
ထ ရ ပြန်ပါတော့  သည်။

ကပြာကယာ ကိုယ်လက် သန့် စင် ပြီး တွန့် ကျေ လုံးထွေး နေသော ယူနီဖောင်း အပုံ ထဲမှ တစ်စုံ ကို အလှည့် 
မမှား အောင် သေချာစွာ ကြည့်  ဝတ်၍ ရှည်လျား သော လှေကား အတိုင်း တဝုန်းဝုန်း ပြေးဆင်း လာခဲ့  မိ
ပါသည်။

အောက်ရောက်တော့  အမြဲ မပျက် တတ်သည့်  နိစ္စဓူဝ အလုပ် တစ်ခု ဖြစ်သော သံဗုဒ္ဓေ ဂါထာ အရှည် ကို
ဆိုင်ကယ် လေးပေါ် ခွ ထိုင်ရင်း စက်မနှိုး မီ မျက်စေ့  စုံ မှိတ် ၍ အာရုံ ပြု ရွတ် ဆိုခြင်း အလုပ် ကို လုပ် ရပြန်
ပါသည်။

ဂါထာ တို့  ဆုံးကာမှ ဆိုင်ကယ် သော့ ပေါက်ထဲ သော့ တံ ထည့်  ၍ စက် စ နှိုး ဖြစ်ပါတော့ သည်။

မနက် တိုင်း ရင်ဆိုင် ရ လေ့  ရှိသည့်  နောက် ပြသနာ တစ်ခု က တော့  ဒီနေ့  မနက် လဲ ငါ ဘာစား ရမှာ
ပါလိမ့်  ... ဆိုသည့်  ပြသနာ ပါပဲ ။

ကျွန်တော် နေထိုင်ရာ ဗမာ ရပ်ကွက် လေး ထဲ မှာတော့  မုန့် ဟင်းခါး ၊ အသုပ် ၊ ထမင်းကြော် ... စ သော မြန်မာ့ 
ရိုးရာ မနက်စာ ပေါင်းစုံ တို့  ရှိ နေသော် လည်း ၊တစ်ရက် ကနေ နှစ်ရက် ဆက်မစား ချင် တော့  သလို ၊ မြန်မာ
စာ စား မိသည့်  မနက် တိုင်းလဲ ၊ ဗိုက်ကြီး ကယ် နေပြီး အလုပ် က လုပ် လို့  သိပ်မကောင်း ချင် သည့်  အကျင့် 
က ဖြစ် နေ တတ်တော့  တော်တော် နှင့်  ဗမာ ဆိုင်တန်း တွေ ဘက် ပြန်မရောက် တတ်တော့  ။

ဗမာဈေးသည် အားလုံး နီးပါးက တကယ့်  ဈေးသည် မျိုးရိုး တို့  မဟုတ် ကြ ပဲ ၊ ခါတော်မှီ သင် လာပြီး မှ လာ
ရောက် ရောင်းချကြ သူများ ဖြစ်နေ ကြ သောကြောင့်  သူတို့  ကိုယ်တိုင် စားမြိန် သော ဗမာ စာ တို့  ကို
စား တတ်သော်လည်း ၊ ထို ဗမာပြည် က စားကောင်းသော ဗမာ စာ တို့  ကို သည်မှာ လာပြီး စား မကောင်း
အောင် ချက်နေ ကြ သည် မှာ လဲ ယနေ့  အထိ အံ့ ဘွယ် သုတ ပါ ပဲ လို့  ။

ညာ လက် က လီဘာ လေး ကို ပျင်းပျင်း ရိရိ သာသာ လေး ဆွဲ ထား မိ သလို ဖြစ်နေ၍ ဆိုင်ကယ် လေးက
လမ်းမပေါ် ဝယ် ခပ်သော့ သော့  ပြေး နေပေမဲ့  ကျွန်တော့်  စိတ် ကတော့  ဦးတည်ရာ မဲ့  နေသလို ဖြစ်နေပါ
သည်။

နေ့ တိုင်း သွားနေသော ဝန်းကျင် ပဲ ဖြစ်နေသမို့  မသိစိတ် တို့ က ဆိုင်ကယ် ဇက် ကလေး ကို အလိုလို
ဘယ်ညာ ယိမ်း နွဲ့  ကာ မောင်း နှင် ခေါ် ဆောင် လာ နေပေမဲ့  အသိ စိတ် ကင်း မဲ့  ချင်နေသော ကျွန်တော်
က တော့  ဆိုင်ကယ်လေး ခေါ် ဆောင် ရာ ထိုင်လိုက် နေရင်း က မီးပွိုင့်  တစ်ခု ရောက် တော့  “ ဝါး ” ကနဲ
သန်း လိုက် မိ ပြီး ပုံနှိပ်တိုက် တွင် ည ဆင်း အမြဲ ဆင်း နေရသည့်  အကိုတော် တစ်ယောက် ပြော ခဲ့  သော
တစ်ခါ တစ်လေ ဆိုင်ကယ် မောင်းလာရင်း “ ငိုက် ” ကနဲ အိပ် ပျော် သွား တတ် တာ ခဏ ခဏ ပဲ .. ဆို တာ
ကို သွား သတိ ရ လိုက် မိ ပါသည်။

သူ တင်ပဲ လား ဆို တော့  လဲ မဟုတ် ပါ ။
ကျွန်တော့်  သူဌေး ဘောစိ လဲ အမြန် လမ်းမ ကြီး ပေါ် ကား မောင်း နေရင်း က ရှေ့  တူရှု့  ကို အပြူး သား
ကြည့်  နေသော သူမျက်လုံး တို့  တဖြည်းဖြည်း မှေး ဆင်း ကျ လာ သော ကြောင့်  ကျွန်တော်က ပဲ စတီယာရင်
ကို လှန်း ကိုင် ပေး ခဲ့ ရဘူး တာ လဲ အကြိမ်ကြိမ် ပါ ပဲ။ လေး ငါး ဆယ်စက္ကန့်  လေး သော အချိန် လေးတွေ ပါ။

သည် နိုင်ငံ မှာတော့  များ သောအားဖြင့်  လူ တိုင်း အလုပ်ဒဏ် ပိ နေ ကြ သည်ဟု ထင်ပါသည်။

အလုပ် မရှိ တော့  လဲ လုပ်ချင် ၊ ရှိ လာ ပြန်တော့  လဲ ပျင်းချင်ချင် ...
ဘာ ပဲ ပြောပြော လေ.. မရှိ တာ ထက် စာ ရင် တော့  ရှိနေတာ လေး ကတော့  ပို ကောင်း... ဟု ဆင်ခြင် မိ
ပြန်ပါသည်။ ကျွန်တော်တို့  ဌာနေ တွင် ဒဏ် ပိ ချင် လို့  တောင် အလုပ် က မရှိ လေ ၊ ရှိ လေ သည့်  အလုပ်
ကလေး ကျ တော့ လဲ မစား လောက် မသုံး လောက် .. ၊မဝေ လောက်..။

ဒါပေမဲ့  ရုပ်ပိုင်း ဆိုင်ရာ တို့  အတင်း တိုးတက်နေခဲ့ ပေမဲ့  ၊ စိတ်ပိုင်း ဆိုင်ရာ တို့  တွင် ကျဆုံး နေ ၊ ဆုံး ရှုံး နေ
သူ တွေ အများ ကြီး ဆို တာ ကို လဲ ကျွန်တော် မြင်နေ တွေ့  နေ ကြား နေ ရ ပြန် ပါ သည်။

အင်း ... ဒါဆို ဘာ တစ်ခု မှ မကောင်း ဆိုတော့  လောကကြီး ရဲ့  အဓိပ္ပါယ် ၊ ဘဝ ရဲ့  အဓိပ္ပါယ် က ဘာပါလဲ...
ဆို တာ ကို တွေတွေ ငေးငေး နှင့်  ပဲ စဉ်းစား လာ ခဲ့  မိ ရင်း ပဲ လမ်း ဆုံ တစ်ခု ဘေး တွင် ဖွင့်  ထား သော
မနက် စာ အရောင်း ဆိုင် ကလေး ကို ရောက်ခဲ့  တော့  ကျွန်တော့်  သိစိတ် တို့ က ဆိုင်ကယ် လေး ကို
အလိုလို ရပ်မိ ရက်သား ဖြစ်သွား ပါ တော့ သည်။

စောစော က ကျွန်တော် ပြောခဲ့  မိ သော ဒီနေ့  မနက်လဲ ငါ ဘာစား ရ မလဲ ဆို သည့်  ပြသနာ ကို သည်
ဆိုင် လေး တွင်ပဲ ကျွန်တော် အလွယ် ရှင်းပါတော့ မည် လို့  ။

ပလပ်စတစ် အကြည် အပါး လေး များဖြင့်  သပ်သပ်ရပ်ရပ် ချပ်ချပ်ရပ်ရပ် ထုပ်ပြီး ညီညီညာညာ စီထားသော
သုံးမြှောင့်  အသား ညှပ် ပါမုန့်  ထုပ်လေးများ ၊ အမြန်ကြော်ပေး နိုင်သော ခေါက်ဆွဲ ကြော် လေးများ ၊ ချက်ခြင်း
ပဲ စီစဉ် ပေး နိုင်သော ဟန်ဘာဂါ အမျိုးမျိုး တို့  တွေ ကြား ထဲ မှ ပဲ အမြဲ မရိုး နိုင်သည့်  ဘဝ နှင့်  ထပ်တူ ထပ်မျှ
ပဲ တွယ်တာ မြတ်နိုး နေမိ သည့်  “ ကော်ဖီ ခါး ” လေး တစ်ခွက် ကိုပဲ ပါဆယ် အရင် မှာ လိုက် မိ ပြီး မှ
“ စန်းမီကျီး (ဇ်) ” ဟု ခေါ် သည့်  သုံး မြှောင့်  ပါ မုန့်  လေး တစ်ထုပ် ကို လက် က အလိုလို ဆွဲ ထုပ် မိ ရက်
သား ဖြစ် သွား တော့ သည် ။

မနက်စာ ထုပ် ကလေးကို ဆိုင်ကယ် ဂျိတ် ကလေး မှာ လှန်းချိတ် လိုက် ပြီး ပြန်လည် အသက်ဝင်လာ နေ
သော အသိ စိတ် တို့  ဖြင့်  ပဲ ကျွန်တော့်  ဆိုင်ကယ်လေး ကို လမ်း မကြီး ဘက် ကို စ တင် ဦးတည် လိုက်
မိ ပါ တော့ သည်။

လမ်းမကြီး ဘယ်ညာ တလျှောက် ပေါ် တွင်တော့  ကျွန်တော့် လိုပဲ နေ့ တစ်နေ့  ၊ ဘဝ တစ်ခု ကို စ တင်ဘို့ 
အစ ပြု ဘို့  ၊ ဖြတ်သန်း ဘို့  ဆိုင်ကယ်တွေ ၊ ကားကြီးငယ်မျိုးစုံ ၊ လူတန်းစား ပေါင်းစုံ တို့  တစ်စ စ နှင့်  များ
များ လာ နေပါပြီ။

သည်လမ်းခရီးတွေက အချိန်လေး ငါးမိနစ် ကွာ လျင်ပင် ကွာ သလောက် ယဉ်ကျော တွေ အထပ်ထပ် ပိတ်
ဆို့  လာ တတ် လွန်းသောကြောင့်  ကျွန်တော် ကပြာပဲ ဆိုင်ကယ်လေးကို ခပ်သွက်သွက် ဖြင့်  တရွေ့  ရွေ့  သွား
နေ သော ယဉ် ကျော ကြီးထဲ သို့  မောင်းသွင်း လိုက်မိ ပါ တော့ သည်။

လမ်းမကြီး ၏ ဟိုး ရှေ့  တည့်  တည့်  မှာ တော့  ငြိမ်သက်စွာပဲ အမြဲ လဲလျောင်း နေ သည့်  ညို့  မှိုင်း နေသော
တောင်တန်း ကြီးများ ပါ ပေ ။

...............................................................................................................................


( ဆက် ပါ အုံး မည် )