နောက်ထပ်ပြောင်းရသည့် အလုပ်ကတော့  အထူးသီးသန့်  လူစစ်၍ ခိုင်းသော အလုပ် ဖြစ်သည်။
အလုပ် လုပ်ရမည့် သူသည် နှစ်ရှည်လများထောင်ကျမည့်သူ မဖြစ်ရ။ ဘာသာစကား တီးမိ ခေါက်မိရမည်။ ခန္ဓာကိုယ် ကြံ့ ခိုင်ရမည်။ ပြေပြစ်ရမည်။ ပါးနပ်ရမည် စ,သည့်  သတ်မှတ်ချက်များဖြင့်  ပြည့်စုံသူကို ရွေး၍
ခေါ်သည်။
သူတို့  ဘာကြောင့်  ရွေးခေါ်ရသနည်း။
သေဒဏ် လျားထားခံရသည့် အနီဝတ် ထောင်သားများကို လက်ဖက်ရည်၊ ထမင်း တစ်နေ့ နှစ်ကြိမ် လိုက်လံပို့ 
ဆောင်ရသော အလုပ်ဖြစ်၍ လူရွေးပြီး ခေါ်ရခြင်း ဖြစ်သည်။ ကျွန်တော်က ထောင်ကျရက်နည်းသဖြင့် ထိုအနီ
ဝတ်များနှင့် သံယောဇဉ်တွယ်စရာ မရှိ၊ ရင်းနှီး ကျွမ်းဝင်ဖွယ် မရှိ၊ ဘာစကားမှ မပြောရဟု မိန့် မှာ ထားသဖြင့်
ပို၍ပင် သတိထား၍ လုပ်ရသောကြောင့် ဘာပြဿနာမှ မရှိတော့ ။ သို့ သော် ကျွန်တော် တုန်လှုပ်သည်ကို
တော့  ဝန်ခံပါသည်။
သူတို့ ခမျာ သေချာပေါက် သေဒဏ်ကျတော့ မည့် သူများ ဖြစ်သည်။ အနီဝတ်စုံကြီးများ ဝတ်ထားကြသည်။
ကျွန်တော်က လက်ဖက်ရည်၊ ထမင်း တစ်နေ့ လျှင် နှစ်ကြိမ် လိုက်လံ ပို့ ဆောင်ပေးရသဖြင့်  တံခါးချပ် ပွင့် လာ
ချိန်တွင် မရဲတရဲ ကြည့် မိသည်။ သူတို့ က ချိုသာပါသည်။ ဘာပြဿနာမှ မရှာ။ တစ်ချို့ ဆို ငယ်ရွယ် နုငယ်သော
ချာတိတ်သာသာ အရွယ်လေးများပင် တွေ့ ရသည်။ တံခါးဝတွင် ကပ်ထားသည့် စာရွက်ပေါ်ရှိ “ သေဒဏ် ” ဆို
သည့်  စာတန်းကြီးကြောင့်  ကျွန်တော့် မှာ အလိုလို လန့် နေရပါသည်။
ကျွန်တော့် အခန်းဝမှာ ကျွန်တော့် ထောင်ကျနံပါတ်ကို ရေးပြီး ကပ်ထားသည်။ ကျသည့် နေ့ ၊ လွတ်မည့် နေ့ ကို
ကပ်ထားသည်။ ကျွန်တော့် လက်မှာလည်း ကော်ပတ်လက်ကြိုးနှင့် တကွ ထောင်ကျနံပါတ်ကို ကပ်ထားသည်။
ကျွန်တော်က အပြင်ရောက်ဦးမည့် သူ။ လောလောဆယ်လည်း သေမင်းနှင့်  ပြဿနာ မရှိသေး။ သူတို့ ကား
သေဒဏ် ချမှတ်ခံရပြီးသူတွေ၊ အယူခံ ဝင်ထားကြသူတွေ ဖြစ်သည်။ မူးရစ်ဆေးဝါးအမှုက အများစုဟု သိရသည်။
သြော် ... ကျွန်တော် ကြိမ်ရိုက်ခံရသည်ကို ဖောက်သည် ချရဦးမည်။
ကြိမ်ဒဏ်ပေးမည့် နေ့ က ကျွန်တော် အလုပ်နားခွင့် ရသည်။ အောက်ထပ်ရှိ ရုံးခန်းမှ လာခေါ်သည်ကို စောင့် ပြီး
ကြိမ်ယစ်ပလ္လင်၌ အပူဇော်ခံရန် ဘုရားတ,ရင်း စောင့် နေရပါသည်။
ထိုနေ့ က ကျွန်တော်နှင့် အတူ ကြိမ်ဒဏ် ပေးခံရမည့် သူများ သုံးဆယ်ခန့် ရှိသည်။ လူမျိုးစုံ ပါသည်။ ကြိမ်ဒဏ်
မပေးခံရမီ အတော့် ကို ထိတ်လန့် စရာကောင်းသော ကိစ္စမှာ ရုပ်မြင်သံကြား၌ အရင် ပြသခြင်းနှင့် ကြိမ်ဒဏ်ပေး
ခံနေရသူများကို မလှမ်းမကမ်းမှ ကျောပေး၍ ကြည့် နေရခြင်း ဖြစ်သည်။ ဝှီးကနဲ လေပေါ် မြောက်တက်သွားသံ၊
အသားကို ထိသံ၊ အမလေး အော်သံ၊ ကြိမ်ကို လေထဲမှာ တဝှီးဝှီး အားယူနေသံများက တကယ့် ကို ငရဲခန်း
အသေးစားထဲ ရောက်နေသလို ဖြစ်နေခြင်း ဖြစ်သည်။
ကိုယ့် အလှည့် မရောက်မီ နှစ်ယောက်အလိုတွင် အနီးကပ် သွားထိုင်၍ မျက်နှာချင်းဆိုင် ကြည့် နေရပြန်သည်။
ကြိမ်ဒဏ် ခံရမည့် သူအား မှောက်ခုံ အိပ်စေပုံ၊ လက်နှစ်ဖက်အား ချုပ်နှောင် တုပ်ဆွဲထားပုံ၊ တင်ပါး ဖေါ်ရပုံ၊
ခြေနှစ်ဖက်အား ကွင်းခတ်၍ တုပ်နှောင်ထားပုံများမှာ အတော့် ကို မသတီစရာ ကောင်းလှပါသည်။ တနည်း
ပြောရလျှင် အရှက်တကွဲ အကျိုးနည်းခံစားစေရခြင်းဖြစ်သည်။
ကျွန်တော့်ကို ရိုက်ချိန်၌ နာကြည်းစိတ်၊ ခံပြင်းစိတ်၊ အရှက်ရစေသည့်  စိတ်တို့ ကြောင့် ကျွန်တော် အရိုက်ခံရပြီး
ချိန်တွင် မူးခနဲ၊ မိုက်ခနဲ ဖြစ်သွားရ၏။ အသားများ ဆတ်ဆတ် တုန်နေသည်။ အစော်ကား ခံရလေခြင်းဟု တွေး
ကာ အတော်နှင့်  စိတ်၌ ကျေမည်မထင်တော့ ။ ကျွန်တော် မည်မျှ ခံပြင်းမိသည် ဆိုလျှင် စင်္ကာပူမှ အကြီးအကဲ
များကို ကျွန်တော်က ထိုကြိမ်ဒဏ်ဖြင့်ပင် ကောင်းကောင်း ဆုံးမပစ်လိုက်သည်ဟု စိတ်ထဲမှာ သရုပ်ဖေါ်မိသည်
အထိပင်။ အမလေး၊ အဘလေး တ,နေကြသော သူတို့  ပုံရိပ်များကို တွေ့ မိတော့ မှ ကျွန်တော့်စိတ်အနာ ကျက်
တော့ သည်။ တကယ်သာ ရိုက်ခွင့် ရလျှင် ယခုပင် ကျွန်တော် ပြန်ရိုက်ချင်သည်။ လူလူချင်း အရှက်ခွဲသည်ဟု
ခံစားရ၍ပါပင်။ စင်္ကာပူအစိုးရသည် တစ်နေ့ တွင် အာရှ၌ ကောင်းကောင်းကြီး ဒုက္ခ လှလှကြီး တွေ့ ဦးမည်ဟု
ကျွန်တော် မဆီမဆိုင် ကောက်ချက် ချထားဖြစ်ပါသည်။
ထောင်တွင်း အလုပ်အကိုင်နှင့် စားသောက်နေထိုင်မှု အပိုင်းကို ပြောပြပါဦးမည်။
ပထမအလုပ်က မိန်းမဆောင်တွင် လုပ်ရခြင်းဖြစ်ပြီး အတော့် ကို ပင်ပန်းတကြီး နိုင်လှသည်။ မနက်ပိုင်းမှာ
လက်ဖက်ရည် ဝေငှနိုင်ရန်အတွက် သတ္တုချိုင့် အကြီးစားကြီးများကို မိန်းမဆောင် ရုံးခန်းတွင် နှစ်ယောက်
တစ်ချိုင့် သယ်ကြရသည်။
အခန်းဆောင်များပုံစံမှာ စတုရန်းပုံ ပတ်ပတ်လည်ဆောက်ထားသော အဆောင်ကြီးတိုင်းရှိ အခန်းများအားလုံး
အခန်းတိုင်း မျက်နှာစာ ပြုထားကြသည်။ အခန်းတံခါး ဖွင့် သည်နှင့် လူသွားစင်္ကြန် ရှိမည်။ ထိုရှေ့ တွင် ကွက်လပ်
ဟောင်းလောင်းကြီး လုပ်ထားပြီး လှေကား အတက်အဆင်း နှစ်ခု ရှိသည်။ လေးထပ်အထိ ရှိပြီး အောက်ဆုံးထပ်
တွင် အလုပ်သမားများ စုဝေးရာ ခန်းမနှင့်  ထောင်သားများ တီဗွီ ကြည့် ရာ ခန်းမဟူ၍ ခွဲထားသည်။
မနက်ပိုင်း လက်ဖက်ရည် ဆွဲရသည်က ဘာမှမကြာ။ ကိုယ်တာဝန်ကျသော အထပ်၌ အခန်းမည်မျှ ရှိသည်။
အခန်းစေ့ လူမည်မျှ ရှိသည်ကို အုပ်စု ခေါင်းဆောင်က မှတ်ပြီး စားဖိုဆောင်သို့ စာရင်းသွင်းထားသည့် အတိုင်း
လက်ဖက်ရည် သတ္တုချိုင့် ကြီးများနှင့် နှစ်ချိုင့် သုံးချိုင့် အထိ ဆွဲရသည်။ တစ်ခါတစ်ရံ လေးလွှာသို့  ပို့ ရသည့် အခါ အသက် ထွက်မတတ် ပင်ပန်းပါသည်။
လက်ဖက်ရည် ချိုင့် ကြီးများ ဆွဲသည့် အခါ ကိုယ်နှင့် ယှဉ်ပြိုင် ဆွဲမည့် သူအား ရွေးထားရသည်။ အရပ်ညီညီ
ဖြစ်ဖို့ က အရေးကြီးလှ၏။ မဟုတ်လျှင် ခြေလှမ်းပြီ ဆိုသည်နှင့် လက်ဖက်ရည်များ ဘောင်ဘင်ခတ်ကာ လက်ကို
စင်လျှင် ပူလွန်း၍ ဖြစ်သည်။ လှေကား အတက်တွင် အထူးသတိထားရသည်။ ထောင်ကျ အလုပ်သမားများ
တီဗွီ ကြည့် ခွင့် ပေးသည့် အဆောင်၌ သတင်းစာ အဟောင်းများ ပေးထားသည်။ ထိုသတင်းစာများဖြင့် သတ္တု
ချိုင့် များကို ကိုင်ဆွဲရသည်။ လက်နှီးပိုင်းများလည်း ပေးပါသည်။
လက်ဖက်ရည် လိုက်ပို့ ချိန်၌ ပေါင်မုန့် ကြမ်းများကို ထောပတ်သုတ်ထားသည့် ပလပ်စတစ်ပက်လက်ခြင်းအား
တစ်ယောက်က ကိုင်ရသည်။ သော့ ဖွင့် သူက ထောင်ဝန်ထမ်း ဖြစ်သည်။ သူက အဆောင်အလိုက် အခန်းအား
လုံးကို သော့ ဖွင့် ပေးသည်။ ထောင်ကျများထဲမှ တစ်ဦးစီ လက်ဖက်ရည် ထွက်ယူကြသည်။ ပေါင်မုန့် ထွက်ယူ
ကြသည်။ ပြီးလျှင် ထောင်ဝန်ထမ်းက တံခါး ပြန်ပိတ်၏။
ထမင်းပို့ ချိန်တွင် ဦးစွာ ရေနွေးပူ လိုက်ပို့ ရသည်။ သတ္တုရေနွေးချိုင့် ကြီးများကို အဆောင်အလိုက် နေရာချပေး
ရသည်။ အောက်ထပ်၌ ထမင်းအစဉ်သင့် ပြင်၍ သယ်ယူချိန်တွင် အတော်လေး သတိထားရသည်။ ထမင်းထည့် 
ထားသည့်  ပလပ်စတစ်ပုံစံခွက်များက လေးထောင့် ကျကျ ဖြစ်ပြီး ဆင့် ကာဆင့် ကာ ထပ်ထားသည်များကို
လက်မြဲမြဲ ကိုင်၍ သယ်ကြရသည်။ လေးလွှာ အထပ်များကိုတော့ လက်ဆင့် ကမ်းပြီး သယ်ကြရသည်။ အောက်
ထပ်မှ သယ်လာသူများက လှေကားထိပ်တွင် ထားခဲ့ ရုံသာ။ အပေါ်၌ သယ်သူများက အခန်းရှေ့ သို့ လူစေ့ လိုက်
၍ ချပေးရသည်။
ထမင်းပန်းကန်ကို အရောင်နှစ်မျိုးခွဲထားသည်။ မူစလင်များအတွက် တစ်ရောင်၊ ဗုဒ္ဓဘာသာနှင့် တစ်ခြားဘာသာ
များအတွက် တစ်ရောင် ဖြစ်သည်။ ထမင်းပုံစံခွက်များ စေ့ ငှပြီ ဆိုတော့ မှ ထောင်ဝန်ထမ်းက သော့ လိုက်ဖွင့် 
တော့ ၏။ ရေနွေးသမားများက ရေနွေး လိုက်ရသည်။ ဟင်းချိုသမားများက ဟင်းချို လိုက်ရသည်။ အခန်းတွင်းမှ
ထောင်ကျများ ကိုယ့် ပန်းကန် ကိုယ်ယူပြီးလျှင် ထောင်ဝန်ထမ်းက တံခါးသော့ ပြန်ပိတ်သည်။ ထိုပုံစံမှာ နေ့ စဉ်
အထပ်လိုက်၊ အဆောင်လိုက် လုပ်နေကျပုံစံ ဖြစ်သည်။
ထိုအချိန်တွင် အောက်ဆုံးထပ်၌ စ,၍ ထမင်းပို့ သည်မို့ ၊ စားပြီးသား ပန်းကန်များ အခန်းတွင်းမှ ပြန်ထုတ်ရန်
ထောင်ဝန်ထမ်းက တံခါးများ ပြန်ဖွင့် ပေးသည်။ ဤသို့ ဖြင့် အလွှာအလိုက် ပန်းကန်များ ပြန်သိမ်းကြရသည်။
သယ်ယူချိန်က တစ်ခေါက်လျှင် လေးငါးချပ် သယ်ယူခဲ့ ပေမယ့်  ပြန်သိမ်းချိန်မှာတော့  ကျွမ်းကျင်သူများက
အချပ်နှစ်ဆယ်မက ဆင့် ကာ ထပ်၍ ပြန်သယ်လာကြသည်။ တစ်ခါတစ်ရံတော့  ခြေချော်၊လက်ချော်ဖြင့် 
လှေကား အတက်အဆင်းတွင် ပုံစံခွက်များ ပြုတ်ကျရင်း ဆူညံသွားတတ်၏။ ထိုအဆောင်ကို တာဝန်ယူရသူ
များအဖို့ လှေကားသန့် ရှင်းရေး လုပ်ရပြန်တော့ သည်။
သန့် ရှင်းရေးကတော့  အဆောင်လိုက် တစ်နေ့ လျှင် သုံးကြိမ်မက လုပ်ရသည်။ အဝတ်ကို ရေဆွတ်ပြီး ဆပ်ပြာ
ရည် နှူးထားသော သမံတလင်း စကြံတစ်လျှောက် လိုက်တိုက်ရသည်။ တံမြက်စည်း လှည်းရသည်။ ထိုတာဝန်
ပြီးမှ ထောင်ကျအလုပ်သမားများ ကိုယ့် အခန်းကိုယ်ပြန်၍ ကိုယ့်အတွက် ချထားသော လက်ဖက်ရည်၊ ပေါင်မုန့် 
ထမင်းဟင်း၊ ရေနွေး စသည်ဖြင့် အချိန်အလိုက် ယူပြီး ကိုယ့် အခန်းတွင်းမှာ စားရသည်။ ထိုအချိန်တွင် ထောင်
ဝန်ထမ်းက တံခါးလာပိတ်သည်။
ထမင်းဟင်းများကတော့ အသီးအနှံအကြော်နှင့် အသား၊ ပဲပင်ပေါက်နှင့် ငါးကြော်၊ ကြက်သားကြော်ချက်၊ ငါးပိ
ဖျော် တို့ စရာ စသည်ဖြင့် ပတ်လည် ကျွေးပါသည်။ ခေါက်ဆွဲကြော်၊ ကြာဇံကြော်မျိုးလည်း ကျွေးသည်။
ကျွန်တော်တို့ လို ထောင်ကျဝန်ထမ်းများမှာ ပေါင်မုန့် နှင့် ထမင်းဟင်းများ အမြဲပင် ပိုပိုလျှံလျှံ စားရပါသည်။
ပေါင်မုန့် ဆိုလျှင် မကုန်သဖြင့် ညနေဘက်တွင် ကျားကစားရင်း ထပ်စားရသည်။ အခန်းထဲမှာတော့ ကြာကြာ
ထားခွင့် မရှိ။ ကျွန်တော် သဘောကျသည်က မနက်ပိုင်း မျက်နှာသစ်၊ သွားတိုက်ချိန်တွင် အခန်းဆောင်များ
ထိပ်၌ သွားပွတ်တံများကို နံပါတ်စဉ်နှင့် ထုတ်ပေးခြင်း၊ ပြန်သိမ်းခြင်း ဖြစ်သည်။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွေး
ရိတ်လိုလျှင်လည်း ထိုအခန်းမှ ထောင်ကျအလုပ်သမားထံ ခွင့် တောင်းရသည်။ ထိုအခန်းနှင့် မလှမ်းမကမ်းတွင်
အိမ်သာခန်း ရှိသည်။ ထိုအခန်းကိုလည်း ကျွန်တော်တို့ သန့် ရှင်းရေး လုပ်ပေးရသည်။
အဆောင်၏ စကြံလမ်းများ၊ လှေကားများ၊ အခန်းများကို သန့် ရှင်းရေး လုပ်ရာတွင်လည်း ထိုအိမ်သာခန်းမှပင်
ရေယူရသည်။ အခန်းများအား နေ့ စဉ် သန့် ရှင်းရေး ဝင်လုပ်ပေးရသည်။ ထောင်သားများ အခန်းတွင်းမှ ထွက်ပြီး
အားကစားကွက်လပ်သို့  ထွက်ခွာချိန်များတွင် ကျွန်တော်တို့ က သန့် ရှင်းရေး ဝင်လုပ်ပေးရသည်။
ပြောရလျှင် တစ်နေ့ တာလုံး အလုပ်နှင့် ပြတ်သည်ဟူ၍ မရှိ။
ထောင်ကျအလုပ်သမားအဖို့  အနေအစား ချောင်ခြင်း၊ တီဗွီကြည့် ရခြင်း၊ အားကစားချိန်တွင် စိတ်တိုင်းကျ
ကစားခွင့် ရခြင်းများကြောင့် သာ စိတ်ဖြေသာခြင်း ဖြစ်၏။ နှစ်ကြီးသမား အလုပ်သမားများကိုတော့ လစာ
သဘောမျိုးဖြင့် အာလူးကြော်၊ ချိုချဉ် စသည်ဖြင့် လစဉ် ပေးပါသည်။
ကျွန်တော်တို့ လို လနည်းသူများအဖို့ တော့ အခန်းကျဉ်းလေးထဲတွင် အိပ်နေရသည်ထက်စာလျှင် တီဗွီကြည့် 
ခွင့် ရခြင်း၊ စာအုပ်ဖတ်ခွင့် ၊ သတင်းစာကြည့် ခွင့် ရခြင်း၊ ပိုက်ကျော်ခြင်းကို မောလဲသည်အထိ ခတ်ခွင့် ရခြင်း
များကြောင့် အလုပ်လုပ်ရတာ တန်ပါသည်။ ပြီးတော့ စာရေးခွင့် ရ၏။ မြန်မာပြည်သို့ စာပို့ လိုလျှင် ထောင်မှပေး
သော စာရွက်၌ ရေး၍ စာရွက်အတိုင်း ပေးနိုင်သည်။
ကျွန်တော်ပင် နှစ်စောင်မျှ ထည့် ဖြစ်သေးသည်။
စာရွက်ပေါ်၌ ထောင်ကျနံပါတ်နှင့် တကွ အင်္ဂလိပ်စာဖြင့် ရေးသွင်းပို့ ရသဖြင့် အမှတ်တရသဘောမျိုးရေး၍
ပို့ လိုက်ခြင်းပင်။ အပြင်မှ စာပို့ လိုလျှင်လည်း ထောင်ကျနံပါတ်၊ လိပ်စာနှင့် တကွ အင်္ဂလိပ်လို ရေး၍ ပို့ လာလျှင်
ရောက်ပါသည်။ ဤအခွင့် အရေးမှာ အတော့် ကို စိတ်ဖြေသာ ကျေနပ်စေ၏။ တစ်လလျှင် နှစ်ကြိမ်မျှ စာရေးခွင့် 
ရသည်။ ကိုယ်ယူသွားသည့် စာပို့ လွှာကိုတော့ မဖြစ်မနေ ပြန်အပ်ရသည်။ ရေးဖြစ်သည်ဖြစ်စေ၊ မရေးဖြစ်သည်
ဖြစ်စေ သိမ်းထားခွင့် မရှိ။
( ဆက်ရန် )
................................................................................................
မှတ်ချက် ။ ။ ဆရာမာန်( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။
ကြိမ်ရိုက်တဲ့ ပုံတွေကို ကြည့်ဘူးပါတယ်၊
ReplyDeleteဘာမှာပြောလို့ မရတဲ့ လူသားချင်းစာနာမှုမရှိသော အရာတစ်ခုဖြစ်ပါတယ်။
ဒီဘဝမှာ ကြေပါစေတော့လို့တာ မှတ်လိုက်ကြပါ၊ ဘဝဘဝတွေကိုယူမသွားရင် အကောင်းဆုံးပါပဲ။
ကြိမ်ဒါဏ်ပေးတာ ကြည့်ဖူးတယ် အစ်ကို။ တော်တော်ဆိုးတာ ပါလား အသားကို အမြှောင်းလိုက် ကွဲထွက်တာ။ တကယ်တော့ ကြိမ်ဆိုတာ မရှိသင့်တဲ့ အရာပါလေ။ လူလူချင်း စာနာသင့်ပါတယ်လေ...
ReplyDeleteစလုံးကြိမ်ဒါဏ်ကတော့ နာမည်ကြီးပါပဲ .အသားနီလန်ပြီး.သွေးစိမ်းရှင်ရှင်ကို ထွက်တာ..
ReplyDeleteဆုပေး ဒါဏ်ပေး ဆိုတာတော့ ရှိရမှာပေါ့လေ..ဒါပေမဲ့ လူ့သိက္ခာကို ထိခိုက်လောက်တဲ့ ပြစ်ဒါဏ်မျိုးကတော့ ခုခေတ်ကြီးထဲ မရှိသင့်တော့ပါဘူး ။
ဆရာမာန်လည်း ဘဝပေါင်းစုံကို အသေးစိတ်ရေးနိုင်တယ် နော်.....အရေးအသားတွေ ကြိုက်ပါတယ်..
ခင်တဲ့
မကိ
ကြိမ်ဒါဏ်ဆိုတာ မကောင်းပါဘူး
ReplyDeleteဒါပေမယ့် သူ့တိုင်းပြည် သူ့ဥပဒေပါပဲ။
အဖြူလေးရေ...ဒီထက်စာတွေရေးနိုင်ပါစေ
ခင်မင်တဲ့ jasmine
ဗဟုသုတတွေနဲ့အတူ စောင့်မျှော်အားပေးလျှက်ပါအကို..
ReplyDeleteကျွန်မ ဒီကိစ္စနဲ့ ပတ်သက်ပြီး စလုံးတွေကို စပ်စုဖူးပါတယ်။ ကြိမ်ဒဏ်ကျသူတွေအတွက် စိတ်မကောင်းလို့ပါ။ ဒီကြိမ်ဒဏ်ကို ဘာလို့ ယခုအချိန်ထိကျင့်သုံးနေတာလဲလို့ မေးတော့ တော်တော်များများက ဖြေတယ်။ "နင်တို့ ၊ ငါတို့ ပြည်သူတွေအတွက်ပေါ့ဟ" တဲ့။ ဘာဖြစ်လို့ ငါတို့အတွက်ဖြစ်ရတာလဲ လို့ ဆက်မေးတော့။ "နင်တို့ မိန်းကလေးတွေ ည ၁၂ နာရီ ၁ နာရီ အပြင်ကို ထွက်ရင် နင်တို့ကို ဘယ်သူ စော်ကားရဲလဲတဲ့ ၊ နောက်ပြီး မူးယစ်ဆေးဝါးကြောင့် ပျက်စီးတဲ့လူတွေ သူများနိုင်ငံထက် နည်းတယ်။ ဒီတော့ ငါတို့ သားသမီးတွေအတွက် စိတ်ပူရတာ နည်းနည်းလျော့တာပေါ့" တဲ့။ သူတို့ အဲလိုပြောတယ်။ ကဲ ကြိမ်ဒဏ်ကို ကျင့်သုံးနေတော့ကော ရာဇဝတ်မှုက မရှိတော့လို့လားလို့ မေးတော့ ကြိမ်ဒဏ်သာမရှိရင် အကုန်စည်းကမ်းပျက်ကုန်မှာတဲ့။ ငါတို့ နိုင်ငံက သေးသေးလေးလေ ပျက်စီးသွားမှာပေါ့တဲ့။ သူတို့နိုင်ငံသားတွေကိုယ်တိုင်က ဒီကြိမ်ဒဏ်ကို လက်ခံနေတာကိုးးးးလို့ပဲ စိတ်ထဲက တွေးလိုက်တော့တယ်။
ReplyDeleteခင်တဲ့
မေသိမ့်
သြော်.. ကျွန်တော်ကအခုမှ ဒီဆိုဒ်ကိုရောက်ဖူးတော့.. စစဖတ်ချင်းချင်း အတော်ကို စိတ်ဝင်စားသွားတယ်... ပြီးတော့ အစ်ကိုအဖြူလေးက ဘာလို့ထောင်ထဲရောက်နေတာလဲဆိုပြီးတော့လည်း အတော်ကို စိတ်ဝင်စားမိတယ်... ဒါနဲ့ ဆုံးအောင်ဖတ်တော့မှာ ၀တ္ထုဖြစ်နေသကိုး... :D.. ဒီလို အထင်မှားမိတာ ခွင့်လွှတ်ပါပေရော့ဗျား... :D....
ReplyDeleteခင်မင်လျက်
နေ၀သန်
ကြမ်ဒဏ်ဆိုတဲ့နေရာမှာ စိတ်ဝင်စားမိတာက အခြားသော ဥရောပသားတွေကိုလည်း ဒီလိုဘဲ ကြိမ်ဒဏ်ပေးသလား
ReplyDeleteဒါမှမဟုတ် အာရှသားတွေကိုသာ ကြိမ်ဒဏ်ပေးတာလား မသိဘူးနော်
ဘာလဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားတွေကို မျက်စိရှေ့မှာ ကြိမ်ဒဏ်ပေးရင် ဘယ်လိုမှ ခံစားလို့ရမှာမဟုတ်ဘူး
တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း၊ သူ့စည်းကမ်းတွေကို ဗဟုသုတယူသွားပါရဲ့။။။
ReplyDeleteမုဒိန်းမှုတို့၊ ဓားပြမှုတို့၊ သူများကို ရန်စရိုက်နှက်မှုတို့မှာ ကြိမ်ဒဏ်ပေးတာတော့ မပေးသင့်ဘူးလဲ ပြောရခက်တယ်။ သူတစ်ပါး ထိခိုက်နာကျင်အောင်လုပ်ရင် ကိုယ်ပြန်ခံရမယ်ဆိုတဲ့ သဘောပေါ့။ သူများကားတွေ ဆေးမှုတ်ဖျက်ဆီးပစ်တဲ့ အမေရိကန်ကောင်လေးကို ကြိမ်ဒဏ်ပေးတုန်းကလဲ အမေရိကန်မှာတောင် ဒီလို ဂိုဏ်းဖွဲ့ရမ်းတဲ့ လူငယ်တွေကို စိတ်ကုန်နေကြလို့ အမေရိကန်တွေကလဲ ဒီလိုလူငယ်မျိုး စင်ကာပူမှာ ကြိမ်ရိုက်ခံလိုက်ရတာကို ထောက်ခံတယ်တဲ့။
ReplyDeleteအိုဗာစတေးသမားတွေပါ ကြိမ်ဒဏ်ခံရတာကတော့ စိတ်မကောင်းစရာပေါ့လေ။ မိသားစုကို ရှာကျွေးနေကြသူတွေ တော်တော်များများ ပါနေတာ။ ဒါပေမယ့် မလေးရှားမှာဆို ကြိမ်ဒဏ်ခံရလဲ လွတ်ရင် နယ်စပ်က ပြန်လှည့်လာ၊ ဆက်နေနေကြတာပဲ။ ထပ်မိလို့ ထပ်ရိုက်လဲခံပဲ။ ဝမ်းရေးကိုး။ သူများပစ္စည်းခိုးလို့၊ သူ့အသတ်သတ်လို့ မဟုတ်ဘူးဆိုတဲ့စိတ်နဲ့ အရိုက်ခံရတဲ့အချိန်မှာ စိတ်ကို တင်းထားရုံပေါ့။
လူဆိုးလူမိုက်တွေကျတော့လဲ တချို့က ထောင်ချရင် မကြောက်ဘူး၊ ကြိမ်ဒဏ်မှ ကြောက်တာ။ မုဒိန်းသမား တစ်ယောက်ကို ကြိမ်ဒဏ် အချက် ၂၀ ပေးတာ ကြည့်ရတုန်းကတော့ မသနားမိဘူး။
ReplyDeleteကြိမ်မရိုက်ခင် အဝတ်အစားချွတ်တာ၊ စင်မှာ ကြိုးတုပ်တာကတော့ ကြိမ်ဒဏ်ရှိတဲ့ နိုင်ငံတိုင်းမှာ ထုံးစံပဲ။ အရှက်ရအောင် တမင်လုပ်တာတော့ ဟုတ်ဟန်မတူဘူး။ ကြိုးမတုပ်ရင် ဒီလောက်နာတာ ဘယ်သူမှ မခံနိုင်ဘဲ ထွက်ပြေးမှာပဲ။
ကိုယ်လုပ်ခဲ့သမျှ ပြစ်မှုအတွက် ပေးဆပ်ခြင်းပေါ့ အဖြူလေးရေ။ တစ်ခါတလေတော့လည်း အတိတ်ကံဝဋ်ကြွေးကြောင့်ပဲလား မှားယွင်းပေးဆပ် ခံရတာမျိုးရှိတယ်နော်။
ReplyDeleteအစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကြိမ်ဒဏ်ကို ကျင့်သုံးနေတဲ့ တိုင်းပြည်တွေကို လုံးဝ စက်ဆုပ်ရွံရှာမိပါတယ်။ တိရစ္ဆာန်တစ်ပိုင်း ဖြစ်နေတဲ့ ဥပဒေ လိုပဲ စွတ်စွဲလိုက်ချင်ပါတယ်။
ReplyDeleteဇတ်ကောင် ကိုထွေးရဲ့ ဘ၀လည်း စုံလင်နေအောင် ဖော်ပြပေးထားလို့  ဆရာ့ ကို ချီးကျူးမိပါတယ် ကိုအဖြေးလူရေ
ကြိမ်ဒဏ်ကို ကျင့်သုံးနေတဲ့ တိုင်းပြည်တွေကို လုံးဝ စက်ဆုပ်ရွံရှာမိပါတယ်။ တိရစ္ဆာန်တစ်ပိုင်း ဖြစ်နေတဲ့ ဥပဒေ လိုပဲ စွတ်စွဲလိုက်ချင်ပါတယ်။
ReplyDeleteအပေါ်က ပြောသလို ဘဲ အဖြူလေး ရေ စင်ကာပူ ကို အဲဒီ တချက်ထဲနဲ့ အရမ်းအထင်သေးတယ်