ပူတာမှ ကျွတ်ကျွတ်နေအောင်ကို ပူပါသည်။ တစ်ခါတစ်ရံ လေတို့ ပါ ညိမ်နေတော့  တမြိုက်မြိုက်နှင့် ချွေးသီး
တို့ တောင် ကျလာရပါသည်။ ကျွန်းမကြီးပေါ် ဖြတ်ကျော်ဝင်ရောက်လာမည့်  ဟန်ပြင်နေသော တိုင်ဖုန်းတို့ သည်
လည်း ဟန်ရေးပြ၍သာ ဝေ့ ဝဲ လွင့်ပျယ်သွားမြဲ ဖြစ်နေတော့ သည်။ တိုင်ဖုန်းဝေးတော့  မိုးပါ ပြေးလေသည်။
သည်နေ့ တော့ အခန်းထဲရှိမအေးနိုင်သော အဲယားကွန်း၏ ရှေ့ ဇကာကို ဖြုတ်ပြီး ကြည့် မိသည်။ မဲညစ်ညစ်ဖုံတို့ 
ဖြင့် အထွေးလိုက်၊ အထပ်လိုက် ကပ်နေသောဇကာကို ကြည့်မိပြီး ကျွန်တော့် အဆုပ် သည်လည်း နှစ်ပေါင်းများစွာအငွေ့ တွေ ၊ ဖုံတွေ အထပ်ထပ်နှင့်  ညစ်ပတ်နေတော့ မည်ဟု တွေးမိသည်။ ဒါတောင် ဆေးလိပ်နှင့် အရက်
မသောက်မိသည်မှာ ခုနှစ်နှစ်လောက်ရှိခဲ့ ပြီ။ ဆက်တိုက်သာ သောက်သုံးခဲ့ ပါက ယ္ခုလောက်ဆို ကျွန်တော့်
အဆုပ်သည်လည်း ကျွန်တော်နှင့်အတူ မြေကြီးထဲ ရောက်၍ မြေစာမြေခဲ ဖြစ်လောက်ပြီဟု တွေးမိပါသည်။
လူတစ်ယောက်ကို မြေမြုပ်ပါက ငါးနှစ်ကျော် ခြောက်နှစ်အတွင်း မြေမှုန့် ဘဝ ရောက်သည်ဟု ကြားဖူးသည်။
ဒါဆို ကျွန်တော်တို့  အားလုံးသည် တစ်နေ့ မြေကြီးဖြစ်မည့်  မြေကြီးမျိုးတွေဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အော်..
သည်လိုဆိုတော့ လည်း ကိုယ်ရှင်စဉ် ရှိစဉ်က ကြီးကြီးကျယ်ကျယ်တွေးခေါ်ခဲ့ သော လောကကို အကျိုးပြုဖို့ ၊
ကိုယ့်ဝန်းကျင်မှာ ကိုယ်မရှိတော့ ရင်ပဲ မဖြစ်တော့ သလို “ ... ရ အုံးမယ် ” ဆိုသော ကိစ္စ၊ ဝိစ္စ တွေနှင့် 
ဘယ်တော့ မှ မအားခဲ့ သော ကိုယ်က၊ တကယ် ကိုယ်မရှိတော့ လည်း လောကကြီးက ဒီအတိုင်းပဲ မထူးခြားစွာ
ဆက်လက်လည် ပတ်နေအုံးမှာပါပဲ.. ဟု စဉ်းစားမိရင်း အဲယားကွန်းဇကာကို ရေပန်းအောက်သို့ ထိုးထည့် ပြီး
ဆေးကြောလိုက်မိသည်။
ဇကာကို ဆေးပြီးတော့  နေပူလှန်းရသည်။ အပူချိန်က ၃၂ ဆိုတော့  မိနစ်နှစ်ဆယ်လောက်ဆို ခြောက်လောက်
ပြီ၊ သည်ည တော့  အဲယားကွန်းလေး အေးတော့ မည်ဟု တွေးရင်း မမရွှေစင်၏ နိဗ္ဗာန်သွားတောလား( ၃ ) မှ
ကိုစိန်ရိုး၏ ကွန့် မန့်  ကို ဝင်ဖတ်ဖို့  စက်ရှေ့ ထိုင်ဖြစ်သည်။ တစ်နေ့ ည က“ လာဖတ်အုံး ” ဟု မမရွှေစင်က လှမ်း
ပြော၍ သူ့  ကွန်မန့် ကို ခဏ ပြေးဖတ်မိရင်း ကျွန်တော်လည်း ကိုယ်မြင်ထင်နေမိတာလေး ပြန်ရေးချင်လာသည့် အတွက် စာကြမ်းအဖြစ် သတိကြီးစွာ စ, ရေးမိခဲ့ ပါသည်။
အစ ကတော့  မှားမှာစိုး၍ .. မှ စ, ပါသည်။ မမရွှေစင်က သူရိပ်သာဝင်စဉ်က အကြောင်းအရာလေးတွေကို
ဓါတ်ပုံလေးတွေ ဝေဝေဆာဆာဖြင့်  နိဗ္ဗာန်သွားတောလား ၁, ၂, ၃, ဆိုပြီး ဆက်တိုက်ရေးသားလာခဲ့ တုံးကကျွန်တော်လည်း အစဉ်အတိုင်း ဝင်ဖတ်လာရင်း နောက်ဆုံး ( ၃ ) မှာ ကိုစိန်ရိုး၏ ကွန်မန့် နှင့်  ဆုံဆည်းမိပါ
တော့ သည်။
ကျွန်တော်က မမရွှေစင် ရိပ်သာမဝင်မီကတဲက မထိုင်ခင် သေသေချာချာ သိအောင် အရင်လေ့ လာပါအုံးဟု
မှာလိုက်ပါသည်။ သူက သူ့ ဘဝတွင် ပထမဆုံးဝင်ဘူးခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ ကြောင့်  ကျွန်တော်က
လည်း ကြည်ကြည်နူးနူးနှင့်ပဲ အားပေးမိပါသည်။ ရိပ်သာတစ်ခါဝင်ဖို့ ဆိုသည်မှာ တရားတစ်ပွဲ သွားဖို့ ပြင်ရသလို
အတော်မလွယ်သည့် ကိစ္စကြီးတစ်ခု ဖြစ်နေသည်။ မိုင်ပေါင်းများစွာဝေးသည့်  ခရီးအဆင့် ဆင့် ကို ရုတ်တရက်
ထ,၍ သွားနိုင်ကြပေမယ့်  တရားတစ်ပွဲ၊ ရိပ်သာတစ်ခါ ဝင်ဖို့ ကြတော့  ပြင်ရ၊ ဆင်ရ၊ အချိန်ယူရ နှင့်  ကုန်းထ
ရုန်းထနေရသည်မှာ အတော့် ကို မလွယ်လွန်းသည့် ကိစ္စကြီးဖြစ်နေလို့ ပါပဲ ။
ကိုယ့် ရေးဘက် စီနီယာလည်းဖြစ် လူတကာတို့  လုပ်နိုင်ခဲသည့် အလုပ်ကို လုပ်မည့်သူလည်း ဖြစ်နေတော့  သူ
မသွားမီ ညအထိ ကျွန်တော်လည်း ရှည်ရှည်ဝေးဝေး လျှာရှည်နေမိသည်။ ဘာဖြစ်လို့ ဆို ကျွန်တော်လည်း
တစ်ချိန်က သူ့ လိုပဲ ကုန်းထ, ရုန်းထ ပြီး ရိပ်သာတို့ သို့  ပြေးခဲ့ ဘူး၍ ဖြစ်ပါသည်။ ရိပ်သာတို့ ဟု ဆိုလိုက်ရသည်
မှာ သုံးနေရာ၊ သုံးဌာန သို့  စဉ်တိုက်၊ ဆက်တိုက် လိုက်ခဲ့ ၊ ရောက်ခဲ့ ဖူးသောကြောင့် ပဲ ဖြစ်ပါသည်။
ပထမဆုံးဝင်ခဲ့ သည့် ရိပ်သာက ဥိးဂိုအင်ကာ ဖြစ်သည်။
ဒုတိယ ဝင်ခဲ့ သည်က ရွှေဥမင်တောရ ဖြစ်သည်။
တပ်တိယ ဝင်ခဲ့ သည်က ပိုင်းလော့ ဆရာတော် အရှင်ဇေယျာပဏ္ဏိတ၏ မိုးညှင်းသိင်္ဂီကျောင်းတိုက်ဖြစ်သည်။
ဆရာတော့်ကျောင်းက တောင်မြောက်လမ်းစုံနားတွင်ရှိပါသည်။ ဆရာတော်ကတော့  ထိုင်ဖို့ ကို အရင်
တိုက်တွန်းတော်မမူပဲ သိအောင်၊ နားလည်အောင် ငါးရက်လုံးလုံး ပရိုဂျက်တာကြီးထိုးပြပြီး အဆင့်ဆင့် ရှင်းပြ
ခဲ့ ပါသည်။ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးအကြောင်းနှင့်  ခန္ဓာငါးပါးအကြောင်းတို့ ကို သိအောင် သင်ပေးခဲ့ ပါသည်။
ကိုယ့် ဘာသာအကြောင်း စ,တင် စိတ်ဝင်စားလာသူများနှင့် ၊ ကိုယ့် အတွက် ကိုယ်တကယ်ပင် ပြင်ဆင်တော့ 
မည့်  သူများအတွက် အလွယ်တကူ သိနိုင်ခဲလှသော ဗုဒ္ဓဘာသာတစ်ရပ်လုံး၏ အခြေခံ အကြောင်းအရာများ
ဖြစ်ပါသည်။ မကြာခဏ ကြားဖူးနေသော ခန္ဓာငါးပါးဆိုသည်မှာလည်း အမေက မွေးထုပ်ပေးထားသော အချိန်
နှစ်ဆယ်ဝန်းကျင်ခန့် ရှိ ခန္ဓာအိမ်ကြီးကို မဆိုလိုပဲ မျက်စေ့ တစ်မှိတ်၊ လျှပ်တစ်ပြက် အတွင်းမှာပင် ဖြစ်ပျက်
ပြောင်းလဲနေသော စိတ်၊ စေတသိတ်၊ နမ်၊ ရုပ်တို့ ၏ သဘောတို့ ကိုသာ ဆိုလိုကြောင်း မှတ်သားမိခဲ့ ရပါ၏။
မမရွှေစင်က သူ့ ဘဝမှာ ကြုံရင် ကြုံသလို တရား နာဖူးပါသည်ဟု ပြောသည်။ ဒီနေရာတွင်တော့  ကျွန်တော်
နှင့်  တူပါသည်။ ကြုံမှ နာ ဖူးသည်ဆိုတော့ လည်း တစ်ခါကြုံဖို့ အတွက် တရားပွဲကကြုံပေမယ့်  ကိုယ်က မကြုံနိုင်
သည်က ခပ်များများ ဆိုတော့ ဘဝမှာ တရားနာဖြစ်ခဲ့ သည့်  အချိန်လေးက နှစ်နာရီခန့် ရှိသည့် ရုပ်ရှင် ဗီဒီယို
တစ်ခွေ၏ နောက်ဆုံးပိတ် “ ပြီးပါပြီ ” စာတန်း ထိုးသလောက်တော့  ရှိနိုင်မည်ဟု မရဲတရဲပဲ ပြောချင်ပါသည်။ထိုသို့ နာခဲ့ ဖူးသော အချိန်လေးတွေကို ပြန်လည်ချင့် ချိန်မိပြန်တော့  တစ်ခါဘူးမှ စိတ်ရှင်းရှင်း ၊စိတ်ဖြောင့် 
ဖြောင့် စိတ်အေးအေးဖြင့်  နာခဲ့ ဘူးသေးတာ မရှိသလောက်ဖြစ်နေခဲ့ ပါသည်။ နားက ထောင်မိနေသလောက်
စိတ်က ရောက်ချင်ရာ ရောက်နေခဲ့ ပါသည်။ သည်တော့  တရားပွဲ ပြီးတော့ လည်း သိသလိုလို၊ လိုလို နှင့် ပဲ
ဒုံရင်း ပြန်ရောက်၍ မူလထုံးစံအတိုင်း စိတ်ရောင်စုံ၊ အတွေးရောင်စုံ၊ ဇောရောင်စုံ တို့ ဖြင့် ပဲ ပြန်လည်လုံးပန်းမိ
ရင်း ဘဝရဲ့  အချိန်တွေကို အဖန်ဖန်ကုန်ဆုံးနေစေခဲ့ ပြန်ပါသည်။
တရားထိုင်ရပြီ ဆိုသည်နှင့်  အရင်ဆုံး ထူထောင်ရသည့်  ကမ္မဥာန်းမှာ ထွက်လေ၊ ဝင်လေ တို့ ကို သတိကပ်ပြီး
စောင့် ကြည့် ရှု့ မှတ်နေရသည့်  အာနာပါန ကမ္မဌာန်း ဖြစ်ပါသည်။ တစ်သံသယာလုံး ဘဝတလျှောက်လုံးမှာ
စက္ကန့် လေးတောင် မငြိမ်ခဲ့ သော စိတ်ကလေးကို ချဉ်တိုင်ဖြစ်သော နှာသီးဝ၊ နှာသီးဖျားကလေးတွင် စ, တင်
ချဉ်နှောင်ရန် ကြိုးစားရသည့် အလုပ်ဖြစ်ပါသည်။ ပထမဦးဆုံး လုပ်ကာစက အတော့် ကို မလွယ်ပေမယ့်  ရိပ်သာ
ဝင်လာကတည်းက သိချင် စမ်းချင်စိတ် ပြင်းပြင်းပြပြဖြင့် တက်ကြွနေသော စိတ်ဆန္ဒတို့  ဦးဆောင်နေ၍ မကြာ
သော အချိန်တွင်းမှာပင် ယောက်ယက်ခတ်နေသော စိတ်အာရုံတို့ က ကျွန်တော့် နှာသီးဝ၊ နှာသီးဖျားလေးမှာ
ပင် ချဉ်နှောင်မိလေတော့ သည်။ နားတို့ က ဝန်းကျင်မှ အသံမျိုးစုံတို့ ကို ကြားယောင်နေသေးသော်လည်း
မှိတ်ထားမိသော မျက်လုံးအိမ်ထဲမှာပင် ကျွန်တော့် နှာသီးဖျားရှိ ချွေးပေါက်ကလေးတွေမှာ ချွေးသီးလေးတွေ
သီးနေတာကိုတောင် မြင်ယောင်နေသလို ဖြစ်လာခဲ့ ပါသည်။ တစ်ကိုယ်လုံးရှိ အာရုံတို့  ငြိမ်စ ပြုလာပြီး နှာသီး
ဝ၊ နှာသီးဖျားတို့ ကို တွန်းတိုက်၍ ဝင်ထွက်နေသော ဝင်လေထွက်လေတို့ က ကျွန်တော့်  နားထင်နှစ်ဖက်မှာပါ
လာရောက် ရိုက်ခတ်မည်ဟီးနေသလို ဖြစ်လာခဲ့ ပြီး ငြိမ်သက်သွားသော တစ်ကိုယ်လုံးတွင် အကျယ်ဆုံး ကြား
နေရသည့်  အသံတို့ ဖြစ်လာသည်။မကြာခင် လောင်မြိုက်ပေါက်ကွဲတော့ မည့် ဝေဒနာ “ အဖြစ် ” တို့  မပေါ်လာ
မီ အရင်ဆုံး အေးချမ်းသွားသည့်  အဖြစ်ကလေး ဟုလည်း ဆိုချင်ပါသည်။ ဆက်လက် ပြောပြပါအုံးမည်။
အထက်က ပြောခဲ့ သလို ရိပ်သာ သုံးခါ ပြောင်းခဲ့ ရခြင်းမှာ မကျေနပ်၍ ဖြစ်ပါသည်။
ဘာဖြစ်လို့  မကျေနပ်ရပါသနည်းဆိုသော် ကိုယ်တိုင်ကိုက ဥာဏ်အားအလွန်နဲသောကြောင့် ဝိပဿနာအလုပ်စက္ကန့် လေးတောင် မငြိမ်ခဲ့ သော စိတ်ကလေးကို ချဉ်တိုင်ဖြစ်သော နှာသီးဝ၊ နှာသီးဖျားကလေးတွင် စ, တင်
ချဉ်နှောင်ရန် ကြိုးစားရသည့် အလုပ်ဖြစ်ပါသည်။ ပထမဦးဆုံး လုပ်ကာစက အတော့် ကို မလွယ်ပေမယ့်  ရိပ်သာ
ဝင်လာကတည်းက သိချင် စမ်းချင်စိတ် ပြင်းပြင်းပြပြဖြင့် တက်ကြွနေသော စိတ်ဆန္ဒတို့  ဦးဆောင်နေ၍ မကြာ
သော အချိန်တွင်းမှာပင် ယောက်ယက်ခတ်နေသော စိတ်အာရုံတို့ က ကျွန်တော့် နှာသီးဝ၊ နှာသီးဖျားလေးမှာ
ပင် ချဉ်နှောင်မိလေတော့ သည်။ နားတို့ က ဝန်းကျင်မှ အသံမျိုးစုံတို့ ကို ကြားယောင်နေသေးသော်လည်း
မှိတ်ထားမိသော မျက်လုံးအိမ်ထဲမှာပင် ကျွန်တော့် နှာသီးဖျားရှိ ချွေးပေါက်ကလေးတွေမှာ ချွေးသီးလေးတွေ
သီးနေတာကိုတောင် မြင်ယောင်နေသလို ဖြစ်လာခဲ့ ပါသည်။ တစ်ကိုယ်လုံးရှိ အာရုံတို့  ငြိမ်စ ပြုလာပြီး နှာသီး
ဝ၊ နှာသီးဖျားတို့ ကို တွန်းတိုက်၍ ဝင်ထွက်နေသော ဝင်လေထွက်လေတို့ က ကျွန်တော့်  နားထင်နှစ်ဖက်မှာပါ
လာရောက် ရိုက်ခတ်မည်ဟီးနေသလို ဖြစ်လာခဲ့ ပြီး ငြိမ်သက်သွားသော တစ်ကိုယ်လုံးတွင် အကျယ်ဆုံး ကြား
နေရသည့်  အသံတို့ ဖြစ်လာသည်။မကြာခင် လောင်မြိုက်ပေါက်ကွဲတော့ မည့် ဝေဒနာ “ အဖြစ် ” တို့  မပေါ်လာ
မီ အရင်ဆုံး အေးချမ်းသွားသည့်  အဖြစ်ကလေး ဟုလည်း ဆိုချင်ပါသည်။ ဆက်လက် ပြောပြပါအုံးမည်။
အထက်က ပြောခဲ့ သလို ရိပ်သာ သုံးခါ ပြောင်းခဲ့ ရခြင်းမှာ မကျေနပ်၍ ဖြစ်ပါသည်။
စခန်း၏ ပင်မ မဏ္ဏိုင်ဖြစ်နေသော ဖြစ်ပြီးတိုင်း ဖြစ်သမျှတိုင်း ပျက်ရသည်၊ ပျက်သည်ဆိုသည့်  “ ဖြစ်၊ပျက် ”ကို
နားမလည် နိုင်လွန်းသောကြောင့် ပါပဲ ။ ကျွန်တော်က သာမာန် လူပြိန်းတစ်ယောက်လဲဖြစ်နေသည်ကိုး။
မျက်စေ့ တို့ စုံမှိတ်၊ ခါးကို ခပ်ဖြောင့်ဖြောင့် လေးထားပြီး အသက်ရှုနေတာလေးကို သတိကပ်ပေးနေရင်းက မကြာသောအချိန်အတွင်းမှာပဲ ကျွန်တော့် ခန္ဓာအိမ်တစ်ခုလုံး နေရာအနှံ့  ရွရွမွမွလေးတွေ ဖြစ်လာပြီး
ကျွန်တော့် ခါးရိုးတစ်လျှောက် တဖြည်းဖြည်းနှင့်  နာကျင်ကိုက်ခဲသည့် ဝေဒနာတို့ ထိုးတက်လာပါတော့ သည်။
ဝေဒနာတက်သည်ဟုလည်း သုံးနှုန်းကြပါ၏။ ထိုမှတစ်ဆင့်  တင်ပြင်ခွေထားမိသော ခြေသလုံးအစုံကိုပါ
ကူးစက်လာတော့ သည်။ ဘယ်လောက်အထိ ဆိုးဝါးပါသနည်းဆိုသော် ကျွန်တော့် အရိုးတွေ အကုန်လုံး
မီးလောင်နေသော ထင်းချောင်းကြီးတွေလို ဖြစ်နေတော့ သည်။ အငွေ့ တွေ ထွက်လုမတတ် လောင်မြိုက်
လာသည့်  ဝေဒနာဖြစ်ပါသည်။ ထိုထို အချိန်နှင့်အမျှ ဖြစ်လာသော ဝေဒနာ အဖြစ်များကို ပျက်ပါသည်၊ ပျက်နေ
ပါသည်ဟု “ အပျက် ” ရှု့  ရသည့် အချိန်အခါပဲ ဖြစ်ပါသည်။ တစ်ခြားသူတွေတော့  ကျွန်တော်မသိ၊ ကျွန်တော့် 
အဖို့ တော့ မပျက်သည့် အပြင် တိုး တိုး လာခဲ့ ရသည်။ ကြာလာတော့  နာလာသည့် ခါးက မီးလောင်နေသည့် ကျွန်တော့် ခါးရိုးတစ်လျှောက် တဖြည်းဖြည်းနှင့်  နာကျင်ကိုက်ခဲသည့် ဝေဒနာတို့ ထိုးတက်လာပါတော့ သည်။
ဝေဒနာတက်သည်ဟုလည်း သုံးနှုန်းကြပါ၏။ ထိုမှတစ်ဆင့်  တင်ပြင်ခွေထားမိသော ခြေသလုံးအစုံကိုပါ
ကူးစက်လာတော့ သည်။ ဘယ်လောက်အထိ ဆိုးဝါးပါသနည်းဆိုသော် ကျွန်တော့် အရိုးတွေ အကုန်လုံး
မီးလောင်နေသော ထင်းချောင်းကြီးတွေလို ဖြစ်နေတော့ သည်။ အငွေ့ တွေ ထွက်လုမတတ် လောင်မြိုက်
လာသည့်  ဝေဒနာဖြစ်ပါသည်။ ထိုထို အချိန်နှင့်အမျှ ဖြစ်လာသော ဝေဒနာ အဖြစ်များကို ပျက်ပါသည်၊ ပျက်နေ
ပါသည်ဟု “ အပျက် ” ရှု့  ရသည့် အချိန်အခါပဲ ဖြစ်ပါသည်။ တစ်ခြားသူတွေတော့  ကျွန်တော်မသိ၊ ကျွန်တော့် 
ထင်းချောင်းကြီးလို မီးခိုးတို့ ထွက်မတတ် ပူပြင်း လာရပါတော့ သည်။ မပျက်ပဲ တိုးလာသည့် အဖြစ်များကြောင့် 
ဇောချွေးတို့ တောင် ပြန်လာခဲ့ ရပါသည်။ စ, ထိုင်စဉ်က အာနာပါန အလုပ်ကလေးဖြင့်  ထူထောင်ထားခဲ့ သော
သမာဓိအား ( သမထ ) အားလေးတောင် ပျက်ချင်၊ လွင့်ချင်လာခဲ့ သည်။ မခံစားနိုင်လွန်း၍ စိတ်တို့  လျှော့ လိုက်
ပြီး ချက်ခြင်း ထ, ပစ်လိုက်ချင်စိတ်၊ ဖြုတ်ပစ်လိုက်ချင်စိတ်တို့ ပေါက်လာခဲ့ သည်။ ရှေ့ မှ ကမ္မဌာန်းဆရာ၏ ဖြစ်
လာသမျှ၊ တက်လာသမျှ ဝေဒနာတွေကို အပျက်ပဲ၊ ပျက်သွားပြီပဲ ဟု ရှု့ နေပါ၊ သိ ပေး နေပါ .. ဟူသော သတိပေး
သံကိုတောင် မကြားတစ်ချက်၊ ကြားတစ်ချက် ဖြစ်နေရရင်း၊ ငါယောင်္ကျားပဲ .. သူများရရင် ငါလည်း ရ, ရမယ်ဟု
ဇောစိတ်တို့ ဖြင့်  ပိုင်းဖြတ်ရင်း အချိန်စေ့ အောင် ဆက်လက် ပေထိုင်ပစ်လိုက်ပါသည်။ အသက်ရှုသံတို့ လည်း
ပြင်းသည်ထက် ပြင်းထန်လာပါသည်။ ရင်ခုန်သံတို့  မြန်ခဲ့ ပါသည်။ အေးချမ်းမှုကို တိုက်ပွဲတစ်ပွဲလို ဆင်နွှဲ၍ ရှာခဲ့ 
မိခြင်းပဲဖြစ်ပါ၏။
မည်မျှ ကြာသွားသည်မသိ။
ကမ္မဌာန်းဆရာ ဖြစ်သူ၏ “ ကဲ .. ယောဂီတို့ ..၊ အချိန်စေ့ ပြီ၊ ဖြုတ်လို နားလိုက နားနိုင်ဖြုတ်နိုင်ကြပါပြီ ” ဟူသော
အသံ ကြားမှ သတိတို့ ပြန်လည်ခဲ့ ပါသည်။ အသိစိတ်တို့  ခဏ ကွာသွားသလိုမျိုးပါပဲ။ ပြီးပြီ ဆိုတော့ ဝမ်းသာ
အားရဖြင့် ထ, ဘို့ လုပ်သည်။ ရုတ်တရက် ထ, မရပါ။ တင်ပြင်ခွေ အနေအထားနှင့်ပဲ လှုပ်မရတော့ ခြင်း ဖြစ်၏။
အထူးသတိထားပြီး စိတ်အာရုံတို့ ကို ခြေသလုံးကြောတို့ ထံ သတိဖြင့် ပို့ လွှတ်ရင်း ဖြည်းဖြည်းချင်းပဲ စ,လှုပ်
ကြည့် ရပါသည်။ အေးစိမ့် သွားသလို ဖြစ်ရသည်။ ထုံနာ၊ ကျင်နာ ဖြစ်ပြီး ပျောက်သွားသလိုမျိုး ဖြစ်သည်။
အမှန်က ကျွန်တော့်ခန္ဓာအိမ်ကြီး၊ အမေမွေးပေးထားသည့် အချိန်နှစ်ဆယ်ခန့် စီးသည့် ကိုယ်ကောင်ကြီးပေါ်
တွင် ဖြစ်ပေါ်ခဲ့ သည့်  ဝေဒနာစုံတို့ က တကယ်ပင် ရှု့ မှတ်နေရင်း ပျောက်ကင်း သက်သာ သွားသည်မဟုတ်ပဲ
အချိန်ကြာမြင့် စွာဖြင့်  အာရုံကြောတို့ ကို အတင်းဇွတ်ဖိထိုင်ထားခဲ့ ခြင်းကြောင့်  ထုံကျင်ပြီး ခဏ ပျောက်သွား
သလို ဖြစ်ခဲ့ ရခြင်း ဖြစ်ပါသည်။ အမှန်က ဘယ်ဝေဒနာမှ မပျောက်ခဲ့ ပါ။ ဝေဒနာမှန်သမျှ ရှိမြဲ ရှိနေသည်သာ
ဖြစ်သည်။ ထိုဝေဒနာတို့ က အကြိမ်ကြိမ် ထိုင်လိုက်တိုင်း ကျွန်တော့် မှာ အကြိမ်ကြိမ် တက် နေခဲ့ ရသည်။ ဤသို့ 
လုပ်ပါ ဖြစ်ပါများလျှင် လေဖြတ်တတ်သည်ဟုလည်း သိလာရပါသည်။
ရိပ်သာတို့ မှ အချိန်စေ့ ၍ ထွက်လာခဲ့ တိုင်း ကျွန်တော့် မှာ ပိန်ချုံးကျ သွားခဲ့ သည်။
ကျွန်တော့် ကို ကျွန်တော်လည်း အလွန်ဥာဏ်နည်းနေသည်ဟု သုံးသပ်မိသည်။ အဘယ်ကြောင့် ဆိုသော်
ဝိပဿနာအလုပ်သည် ဥာဏ်အလုပ်၊ ဥာဏ်စခန်း၊ ပညာအလုပ်၊ ပညာစခန်း သာဖြစ်သည်ဟု ဆိုသောကြောင့် 
ဖြစ်သည်။ ဝိပဿနာအလုပ်သည် ချမ်းသာသည်ဟု အခိုင်အမာဆိုသည်။ အားထုပ်ရင်း ဆင်းရဲနေရပြီ ဆိုလျှင်
တစ်ခုခုမှားနေသောကြောင့် ၊ ကိုယ်က အာစရိယ၏ မူကို သဘောမပေါက်သောကြောင့် ၊ လိုက်မမှီသေးသော
ကြောင့် ဟု ဆိုထားသောကြောင့်  ဖြစ်ပြီးမပျက် ဖြစ်ခဲ့ ရသည့်  ကျွန်တော့်အဖို့  ဖြစ်သမျှ ပျက်ရသည်ဆိုသည်ကို
အကြိမ်ကြိမ်လေ့ လာသင်ယူရအုံးမည်ဟုလည်း တွေးတော ဆင်ခြင်မိခဲ့ သည်။
ထို့ ကြောင့်  ကျွန်တော့်မိတ်ဆွေ ရေးဖက်စီနီယာဖြစ်သော မမရွှေစင်တစ်ယောက် ရိပ်သာဝင်တော့ မည် ဆို
သောအခါဝယ် ကျွန်တော်လည်း ကျွန်တော့်အဖြစ်ကိုသတိရပြီး မှားမှာစိုး၍ အလောတကြီး လှမ်းမှာခဲ့ ခြင်းဖြစ်၏။
သဘောမပေါက်ခဲ့ တော့ လည်း ဖြစ်သမျှကိုပျက်ပါသည်ဟု မကျေမနပ်နှင့် ပင် ကျွန်တော်လက်ခံခဲ့ ရရင်း
ရိပ်သာတို့ တောင် သုံးကြိမ်၊ သုံးခါ ပြောင်းရွှေ့ ခဲ့ ရဖူးပါသည်။
ယခုအချိန်ထိလည်း ဖြစ်သမျှတို့  ပျက်သည်ဆိုတာကို ကျေနပ်စွာ လက်ခံနိုင်ရန် ဆက်လက် လေ့ လာနေရဆဲ
ဖြစ်ပါသည်။ ထို့ ကြောင့်  ပညာစခန်း၊ ဥာဏ်စခန်းဖြစ်သော ဝိပဿနာအလုပ်သည် အလွန့် ကို ခက်ခဲနက်နဲလှ
သောကြောင့်  ကျွန်တော်လို ဥာဏ်မမှီသော၊ အထ နှေးသော သူ များ အလွယ်တကူ လက်လှမ်းလို့  မမှီနိုင်
သေးခြင်းဖြစ်ပါသည်။
သည် ဖြစ်ပြီး မပျက်ခြင်းများပထမဆုံးပို့ (စ) ကို အဆုံးသတ်မိချိန်တွင် ထိုင်ဝမ်ကျွန်းကြီးပေါ် ပထမဆုံး ထိုင်ဖုန်း
ဝင်သည့် အချိန်လည်းဖြစ်ခဲ့ ပါသည်။ မိုးတို့ ပါ ပါလာခဲ့ သော်လည်း သုံးလလောက် ဆက်တိုက်ပူနေခဲ့ သဖြင့် 
အပူရှိန်တို့ က ကြွနေဆဲ ဖြစ်သောကြောင့် လည်း အဲယားကွန်းလေးတော့  ဆက်သုံးရအုံးမည်ဟု တွေးမိရင်း
ဆေးထားသော ဇကာလေးကို ပြန်တပ်လိုက်သည်။ စဉ်းစားမိသည်က ကိုယ်လေ့ လာမိသလောက်တော့ 
အချေအနေပေးရင် ပေးသလောက် အချိန်ယူရင်း ဆက်ရေးကြည့် အုံးမည် ၊့ ဖြစ်ပြီး ပျက်သွားနေပါသည်
ဆိုသည့်  အကြောင်းများပါပဲ ...။
( အမှားတို့ လည်း ပါလာနိုင်သလို၊ အမှန်တို့ လည်း ရှိနေနိုင်ပါသည်။ ကျွန်တော်ရှာခဲ့ မိသော ဖြစ်ပျက်၏
ကိုယ်တွေ့  တစ်ခုကိုပဲ ပြန်လည်ဖောက်သည်ချပြီး ဆွေးနွေးသည့် သဘော ဖြစ်ပါသည်။ ဆရာလုပ်ခြင်း၊
တတ်ရောင်ကားလုပ်ခြင်း တို့  မဟုတ်ကြောင်း သိစေလိုပါသည်။ အမှန်ကို တိုက်ရိုက်တွေ့ ခဲ့ သူများ ရှိနေသလို
ကျွန်တော့် လို ဥာဏ်နဲလွန်းသောကြောင့်  တစ်ဝဲလည်လည် ဖြစ်နေရသူများလည်း ရှိနေနိုင်သည်ဟု ထင်မိ
သည့်အတွက်ကြောင့်လည်း သည်လို ပို့ (စ) မျိုးကို မရဲတရဲဖြင့်  စ, ရေးခဲ့ မိခြင်း ဖြစ်ပါကြောင်း ....။ )
...........................................................................................................................................
( ဆက်ရန် )