အားလုံးမင်္ဂလာပါခင်မျာ....။
ဘလော့လောကမှ သူငယ်ချင်းများအားလုံး...
စာပေကို ချစ်မြတ်နိုးစွာနဲ့ အားပေးကြတဲ့သူငယ်ချင်း မိတ်ဆွေများ အားလုံး မင်္ဂလာပါဗျာ...။
စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးတွေကို စာလုံးလေးတွေ အဖြစ်ဖန်တီးဘို့ ဒီဘလော့လေးကို
တည်ဆောက်တာပါ..။
စာပေနဲ့ အသက်မွေးဝမ်းကြောင်း ခြင်းမဟုတ်တဲ့ အတွက် ကျွန်တော်ရေးတဲ့စာထဲမှာ
အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်...။
ဒီဘလော့လေးကိုတော့ ညီငယ် မြစ်ကျိုးအင်း က ဖန်တီးမွေးဖွားပေးခဲ့တာပါ..။
ညီငယ်မြစ်ကျိုးအင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်..။
desktop တလုံးဖြစ်မြောက်အောင် စိတ်ရှည်လက်ရှည် ဈေးကွက်ထဲတွင်ရှာဖွေစုဆောင်းဝယ်ယူပေးခဲ့သော
ညီငယ်လေးဖိုးတာ...လိုအပ်သည့် Keyboard,mouse,dvd driver ချစ်စရာကောင်းသည့်
စားပွဲလေးရယ် မျက်လုံးကန်းသဖြင့်ကြည့် လို့ ရအောင်ခေါက်လို့ ရသည့် မီးအိမ်ကလေးပေးပြီးတဲ့အပြင် ဘယ်လိုစတင်သုံးစွဲရမည်ကိုအမြုပ်တစီစီ ထွက်အောင်ဝိုင်းဝန်းသင်ကြားပေးခဲ့ ကြသောကျွန်တော့်
ဆရာမနှင့် သူငယ်ချင်းများ ကိုဦးစွာကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
အဲ ကောမန့်မြင်ရင် လက်က မနေနိုင်လို့ ရေးလိုက်ပြီ ... ပထမဆုံး ပို့စ်ကစလို့ ထာဝရပို့စ်တွေရေးနိုင်ပါစေဗျာ
ReplyDeleteအားပေးနေပါတယ် အကိုကြီးရေ...
ReplyDeleteကိုပိုင့်သူငယ်ချင်းဆိုတော့ ကျနော့်သူငယ်ချင်းပေါ့..
ဟုတ်ဘူးလား
တကယ်ခင်တယ်ဆိုရင် အသံမြည်တဲ့မောက်စ်လေးလက်ဆောင်ပေး
အဟီးး
ချစ်ခင်စွာဖြင့်
ဖိုးစိန်
:D
ReplyDeleteကြိုဆိုပါသည်။
ReplyDeleteကြားဖူးနေတာ တော်တော်ကြာပါပြီ...။
ReplyDeleteအားပေးနေမယ်.. ရေးသာရေးပါ..
စိတ်ထဲ ရင်းနှီးနေတာ ကြာပါပြီ..
ReplyDeleteအားပေးနေမယ်နော်...
ခင်တဲ့
မေလေး
ကိုအဖြူလေးရေ..
ReplyDeleteWelcome ပါဗျာ..
ခင်မင်စွာဖြင့်
သီဟသစ်
ကိုမြစ်ကျိုးရဲ့ အဖြူလေးမျက်လုံးကွယ်သွားခြင်း ပိုစ့်ကတည်းက သိချင်နေတာပါ။ အားပေးပါတယ် အစ်ကို။
ReplyDeleteခင်မင်ခြင်းများနှင့်
တလနွန်
အားပေးနေမယ်ေ၇းတတ်သလိုသာရေး
ReplyDeleteမူးပြီးလိုက်ဖတ်ပေးမယ်
ကိုလေးဖြူရေ ကိုကျိုး ကပေါင်လှန်ထောင်းတတ်တယ်ထင်တယ်
ကိုလေးဖြူပေါင်ချည်းပဲလှန်ထောင်းနေတယ်
ကဲ သူ့ ပေါင်ကိုလှန်ထောင်းဖို့  မြှောက်ပေးလိုက်ပါတယ်
အတုံအလှည့်ဆိုတာရှိကြောင်းလေး သက်သေပြကြပါစို့ လား
( ခပ်တည်တည်နဲ့ ရန်တိုက်ပေးလိုက်မယ် )
ရဲရဲသာရေး အများကြီးရေး ဘယ်သူ့မျက်နှာမှ မကြည့်ပဲသာ ရေးပစ်လိုက် ဟတ်
ReplyDeleteအားပေးနေပါတယ်
ရေးသာရေး လာအားပေးမယ်။
ReplyDeleteကြိုဆိုပါတယ် အကိုရေ.. ပထမဆုံးပိုစ့်လေးမှသည် နောက်နှစ်ပေါင်းများစွာ ဘလော့လောကမှာ ရပ်တည်ပြီး သူငယ်ချင်းများစွာနဲ့ ပျော်ရွှင်ပါစေ
ReplyDeleteလေးစားလျက်
တောင်ပေါ်သား
This comment has been removed by the author.
ReplyDeleteကိုလေး...
ReplyDeleteမဂ်လာပါအကိုရေ ကဲအကိုရေ အောင်မြင်ပါစေလို.
ReplyDeleteဆုတောင်းပေးလိုက်ပါတယ်ဗျာ
အဖြူလေးရေ ရေးပေတော့
ReplyDeleteအဖြူလေးရေ ..ရေးပေတော့
ReplyDeleteအဖြူလေးရေ...ရေးပေတော့
ReplyDeleteရေးချင်သလိုသာရေး ..ရေးချင်တာတွေရေး ။ အားရ ပါးရ ရေး ။ ကြိုက်တာတွေလဲ ရေး ။ မကြိုက်တာတွေလဲ ရေးးး
ReplyDeleteကိုကျိုး ကပြောတယ် Tom & Jerry ဆိုလို့  ၊ ဘယ်သူက tom ၊ ဘယ်သူက Jerry လဲလို့  သိချင်ပါတယ် ကို ဖြူလေးရေ ။
နောက်ကြုံ ရင် ကျုံးဟိုမှာ တွေ့ ကြ တာပေါ့ ..
ဟဲ ဟဲ
ခင်မင်လျှက်
ဖွားကိ
ကျနော်လဲ တူတူပဲ။ အဟီး။
ReplyDeleteကြိုဆိုပါသည်။
ReplyDeleteချမ်းမြေ့ပါစေ
welcome ပါဗျာ
ReplyDeleteရေးသာရေး အသားကုန်ရေး ပိုးစိုးပက်စက် ရေးပါလေ။
ReplyDeleteကြိုဆိုပါ၏။