Sunday, November 14, 2010

မဗေဒါ ( သို့ )....

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီတဲ့  ။

သတင်းက တော်လည်းမည်သံ လိုပြန့် နှံ့  တှုန်ဟီးသွားပါသည်။ ကမ္ဘာအနှံ့  ၊နေရာအနှံ့  ၊ ပြည်မြန်မာတွင်တော့ 
အတိုင်းထက်အလွန်ပဲ ဆိုပါတော့ ။ ဖေ့ (စ)ဘုတ်ပေါ်တွင်ရောက်နေတုံး မိတ်ဆွေတစ်ယောက် တင်လိုက်သော
လင့် ကလေးကို ဝင်ကြည့် မိရာမှ ၊ တဆင့် ပြီးတဆင့် လင့် ချင်းချိတ်၍ နာရီနှင့်အမျှ တက်တက် လာနေသော
သတင်းများကို ဝင်ဝင်ကြည့် မိနေရင်း မျက်တောင်ခတ်ဖို့ ကိုတောင် မေ့ လျော့ နေမိပါတော့ သည်။

သတင်းဝက်ဆိုက်တစ်ခုထဲတွင် ရေနံချောင်းမြို့ သား လူရွယ်ယောင်္ကျားတစ်ယောက်က အမေစု လွတ်လာပြီ
ဆိုသော သတင်း ကြား၍ ချုံးပွဲချ ငိုရပါသည်ဟု ဖတ်လိုက်ရသောအခါတွင်တော့  ကျွန်တော်ပါ ဖတ်နေရင်း
စာလုံးတို့ တောင် မပီပြင်၊ ဝိုးတဝါး ဖြစ်ခဲ့ ရပါသည်။ ကျွန်တော့ ရင်ဝယ် နွေး လာသလို ပါပဲ။ ဆို့  လာသော
ရင် ဖြင့် ပဲ ဆက်ဖတ်နေဖြစ်ပါတော့ သည်။

တက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ်တွင် လုံခြုံရေး တပ်သားများက အတားအဆီးအကွယ်အကာများကို တစ်ထပ်
ချင်းဖြုတ်သွားပြီး လမ်းပိတ်ထားသော သံပိုက်လုံးမောင်းတံကြီးကို မ ဖွင့် ပေးလိုက်လျင်ပဲ အချိန်ကြာမြင့် စွာ
စောင့်ဆိုင်းနေရသော လူထုကြီးလည်း ဝမ်းသာကြည်နူးစွာဖြင့် အမေစုအိမ်ရှိရာဖက်သို့  အတင်းတိုးခွေ့  ပြေး
ဝင်သွားသည့်  ဗီဒီယို ခွေကို ကြည့် နေမိရင်း ကျွန်တော်ပါ သူတို့ နှင့်  အတူ ရောပါ သွားရပါတော့ သည်။
အော်... ၁၆ နှစ်ကြာအောင် အမေနှင့်  ခွဲ ခဲ့ ကြရတာကိုး... လို့  ။

၁၉၈၉ခုနှစ် ဂျူလိုင်လ ၄ ရက်နေ့ မှာ သူ့ ကို နောက်ဆုံးတွေ့  လိုက်ရပြီးကတဲက အကြိမ်ကြိမ် အကျယ်ချုပ်ဖြင့် 
နေခဲ့ ရသည်မှာ ယနေ့  ၂၀၁၀ ပြည့်၊ နိုဝင်ဘာလ ၁၃ ရက် အထိ ရေတွက်ကြည့်လျင် နှစ်ပေါင်း ၁၆ နှစ် ကျော်
ကြာမြင့်ခဲ့ ရပါသည်။ လူထုကြားမှ သူ ပျောက်ကွယ်နေခဲ့ ရသလို၊ ပြည်သူ လူထုကြီးလဲ သူမရှိပဲ မျက်နှာငယ်ငယ်
အားငယ်စိတ်များ နှင့်ပင် သည် ၁၆ နှစ်ခရီးကို ဆက်ခဲ့ ရပါသည်။်

လှောင်ဂျိုင့် ထဲက ငှက်ကလေးတစ်ကောင်လိုပဲ ၁၆ နှစ်ကျော်ကြာသွားလောက်အောင် သူချစ်ခင်တွယ်တာ
သံယောဇဉ်ကြီးခဲ့ ရသည့်  သူ့ မိသားစုလေးကို စွန့် ခွာပြီး ၊ သူ့ အိမ်အိုလေးထဲမှာပဲ နေခဲရသည့် အကျယ်ချုပ် အချ ခံရသော အကြိမ်များကို ကျွန်တော်ဖတ်မိသလောက်ပြန်တင်ပြချင်ပါသည်။

ပထမအကြိမ် ----- ၁၉၈၉ခု၊ ဇူလိုင်လ ၂၀ ရက်မှ ၊ ၁၉၉၅ခု၊ ဇူလိုင်လ ၁၀ ရက် ။
ဒုတိယအကြိမ် ----- ၂၀၀၀ခု၊ စက်တင်ဘာ ၂ ရက်မှ ၊ ၂၀၀၀ ခု ၊ စက်တင်ဘာ ၁၄ ရက် ။
တပ်တိယအကြိမ်--- ၂၀၀၀ခု၊ စက်တင်ဘာ ၂၂ ရက်မှ ၊ ၂၀၀၂ ခု၊ မေလ ၆ ရက် ။
စတ္ထုထအကြိမ် ---- ၂၀၀၃ ခု၊ မေလ ၃၀ ရက်မှ ၊ ၂၀၁၀ ခု ၊နိုဝင်ဘာလ ၁၃ရက် ။

အထက်ဖေါ်ပြပါရက်စွဲများကတော့  ကျွန်တော်တို့  မြန်မာပြည်ကြီး မိုးမှောင်ကျနေသော ရက်စွဲများပဲဖြစ်ပါသည်။

ကျွန်တော်တို့  အမိမြေကြီးကတော့  အမှန်တရားတို့  ဆိပ်သုန်းနေခဲ့ သည်မှာ ကြာမြင့် ခဲ့ ပါပြီ။ ဆယ်စုနှစ်ပေါင်း
များစွာပါပဲ။ မှန်တဲ့ တရားတို့  ဆိပ်သုန်းရာနေရာမှာ ၊ မှန်တာကိုပြောတဲ့  လုပ်တဲ့  သူ တို့  ကျဆုံး၊ ပျောက်ဆုံး နေ
ခဲ့ သည်မှာလည်း ကြာမြင့် ခဲ့ ပါပြီ လို့ ။

အခုတော့  ပြည်သူတွေ ကြားထဲမှာ အမေစု ပြန်ပေါ်လာပြီ ဖြစ်ပါသည်။
ဆိတ်သုန်းနေသောအမှန်တရားတို့ လည်း တိမ်ဖုံးနေရာမှ ပြန်ပေါ်လာသလို လင်းလက်လာတော့ မည်ဖြစ်ပါ၏
ပြည်သူတွေရဲ့  မျှော်လင့် ချက် ကလေး ၊ ပြည်သူတွေ ရဲ့  နှလုံးသည်းပွတ်ကလေး ဟုဆိုလျင်လဲ မှားအံ့  မထင်ပါ။

သည်နေရာမှာ မေတ္တာတရား ဆိုတာကို ပြောရမလိုဖြစ်ပါသည်။ ရောင်ပြန်ဟပ်တတ်သည့်  သဘော ဟုဆိုချင်
ပါသည်။ “ သူ ” က ပြည်သူတစ်ရပ်လုံးကို သူ့ ဖေဖေ ဗိုလ်ချုပ်အောင်ဆန်းလို ၊ တကယ်ပဲ အေးမြ စစ်မှန်သည့် 
မေတ္တာထားတတ်သူမို့  ပြည်သူတစ်ရပ်လုံးကလည်း “ သူ့  ” ကို ပြန်ပြီး မေတ္တာ ထားမိနေတာပဲ ဖြစ်ပါသည်။
သူ ဘာပဲလုပ်လုပ် ၊ ဘာပဲပြောပြော ပြည်သူတွေ မျက်စေ့  ထဲမှာတော့  သူ မှ သူ ဖြစ်လို့ နေတာပဲ ဖြစ်ပါသည်။

“ သူ ” အကျယ်ချုပ်မှ ၊ စတင်လွတ်မြောက်သည့်  နေ့  ညနေတွင် ဗေဒါရောင် ဝမ်းဆက်ကလေးကို မြန်မာ
ဆန်ဆန်ကလေးပဲ ရွေးချယ်ဝတ်ဆင်ခဲ့ တာကို သတိပြုမိခဲ့ ပါသည်။ ( အမေစုကတော့  အမြဲတန်းဗမာဆန်နေ
တော့ တာပဲ ဖြစ်ပါသည်။) “ သူ့  ” ဆံထုံးလေးဘေးတွင်လည်း လူထုထဲမှ ကမ်းလိုက်သော အဖြူရောင်နှင့် အနီ
ရောင်ပန်းနှစ်ပွင့် ကို ဖူးဖူးလေး ပန်ထားသည်ကိုပါ မြင်မိခဲ့ ပါသည်။

မျက်စေ့ တဆုံးသော လူပင်လယ်ကြီးကို သူ့ ခြံတံခါးနောက်မှ မျှော်ကြည့် မိနေရင်း၊ ရုတ်တရက် သူ စကားမပြော
နိုင်သလို ဖြစ်နေခဲ့ ပါသည်။ ဘယ်လောက်ပဲ ကြာကြာ ၊ လူထုကြီးကတော့  ဘယ်တော့ မှ စိမ်းသွားမှာ
မဟုတ်သလို ၊ ၁၆ နှစ်လုံးလုံးလဲ မမေ့ နိုင်သော အိမ်မက်များဖြင့်  “ သူ့  ” ကို မျှော်လင့် နေခဲ့ ကြတာပဲဖြစ်သည်။

ဗမာတစ်ပြည်လုံးတွင်တော့  ပြည်သူတစ်ရပ်လုံးက အိမ်မှာ စားစရာမရှိရင်နေပါစေတော့  ၊ နေ့ စဉ်ပဲ အမေစု
ဘယ်သွားမလဲ ၊ ဘာပြောမလဲ ၊ ဘာလုပ်မလဲ ဆိုတာပဲ စောင့် မျှော်နေကြတော့ မှာ ဖြစ်ပါသည်။ ထူးမခြားနားပဲ
ပြီးဆုံးသွားသည့် ရွေးကောက်ပွဲ နှင့်ဆန့် ကျင်ဘက်ကြီးလဲ ဖြစ်လို့ နေပါပြီ လို့  ။

ကျွန်တော့ အထင်တော့  ယနေ့  မြန်မာပြည်ကြီးတွင် မုန်တိုင်းတစ်ခု အစပြုနေပြီဟုထင်ပါသည်။
ကြားကြသည့် အတိုင်းပဲ နယ်စပ်တိုက်ပွဲ များ ပြန် စ နေ ကြပြီ ဖြစ်ပါသည်။
ဗမာ ဗမာချင်း ၊ မြန်မာပြည်သားချင်း ပြန်လည် တိုက်ခိုက်ကြမည့်  တိုက်ပွဲတွေပဲ ဖြစ်ပါသည်။
ပြည်သူများလဲ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးနေရပါသည်။
ထိုတိုက်ပွဲ များက လွတ်လပ်ရေး ကြေညာပြီးကတဲက သေနပ်သံ တို့  စ ခဲ့  သည်မှာ ယနေ့  အချိန်အထိ
ဆိုတော့  အဖြေ တစ်ခုတော့  ရှိနေ၊ ရှာနေရတော့ မှာ ဖြစ်ပါသည်။ တိုင်းပြည်ကြီးလဲ အခွံ ပဲ ကျန်သွားပါတော့ 
သည်။ ထိုအဖြေက အမေစု ဆီမှာ ရှိမည်ဖြစ်ပါသည်။

ဆရာမြတ်ထန်၏ နုသောတိုင်းပြည် ဝယ် မုန်တိုင်းက ထန်ချင်နေပါပြီလို့ ။
အမေစုက ဗေဒါရောင်လေးဝတ်ပြီးထွက်လာတော့  “ မဗေဒါ ” သီချင်းကလေးကို ပဲ သွားသတိရမိပါသည်။
ထိုသီချင်းကလေးဖြင့် ကျွန်တော်တို့  ပုခက်ထဲတွင် အိပ်ခဲ့ ကြဘူးမည်ဖြစ်ပါသည်။
သီချင်းရဲ့  နောက်ဆုံးအပိုဒ်ကလေးထဲကအတိုင်း ...
“ ဗေဒါပြန် အံ ကိုခဲ .. ပန်း ပန်လျက် ပဲ..... ”
ရေဆန်ကို ဆန်တက်နေသော ကျွန်တော်တို့  ချစ်သော အမေစု ကို သူ ရွေးချယ်ခဲ့ သော အရောင်ဖြစ်သည့် 
ဗေဒါပန်းကလေးနှင့်ပဲ သည်ပို့ (စ) လေးတွင် ခဏလောက်တော့  ခိုင်းနှိုင်း ကြည့် ချင်ပါသည်။
ဘာဖြစ်လို့ ဆို အမေစု လုပ်နိုင်လိမ့် မည်ဟု ထင်လို့ ပါပဲ ။
အမေစုမှ တပါး ....... ။
မဗေဒါ မှ လွဲ၍ ......။

( သည်စာစုလေးကို မိတ်ဆွေ ဘလော့ကာတစ်ယောက်နှင့်  တိုင်ပင်ပြီး ရေးခဲ့ မိပါသည်၊ လောလောဆယ်
ဝမ်းသာလွန်းနေတော့ လဲ ဘာရေးရမှန်းမသိ၊ အမေစုကို ပြည်သူတစ်ရပ်လုံးကို ဂုဏ်ပြုချင်နေတာလဲ ပါနေ
တာကြောင့်  ခပ်လောလောလေးပဲ ရေးလိုက်မိလို့  မှားတာရှိခဲ့ ရင်လဲ ဝန်တာမိ ပါပဲ လို့  ။ )

..................................................................................................................................


( အချေအနေပေးလျင် ဆက်ကြည့် ပါအုံးမည် )

6 comments:

  1. ဘယ်သူကမှ မတင်းတိုက်တွန်းတာ မဟုတ်ပါဘူး။
    အားလုံးရဲ့ ရင်ထဲကကို အလိုလို အဲဒီလို ဖြစ်လာတာ..
    မျှော်လင့်နေပါတယ်ဗျာ လို့ မပြောချင်ဘူး....
    အတူတူ ပူပေါင်း လုပ်ကြတာပေါ့ဗျာ လို့ပဲ ပြောချင်မိတယ်။

    ReplyDelete
  2. မြန်မာပြည်မှာ သူလိုလူမျိုးတစ်ယောက်ရှိတာ ဂုဏ်ယူဖို့ကောင်းလိုက်တာ
    မြန်မာတွေ မညံ့ဘူးဆိုတာ ကောင်းကောင်းသက်သေပြနိုင်ခဲ့တယ်..
    ပညာတတ်သူနဲ့မတတ်သူ
    လူဝင်ဆန့်သူနဲ့မဆန့်သူ
    ကျိုးကြောင်းဆင်ခြင်တတ်သူနဲ့ မတတ်သူ
    အများက ချစ်ခင်သူနဲ့ မုန်းတီးသူ
    ဘယ်လိုကွာခြားတယ်ဆိုတာ သူက ခွဲခြားပြနိုင်ခဲ့တယ်..
    ကိုယ့်ကိုယ်ကို ထင်တစ်လုံးနဲ့ ဘ၀င်ကြီး မြှင့်နေတဲ့သူတွေအတွက်တော့ သူဟာ ကြောက်စရာ ဖြစ်နေရတာတော့တာပါဘဲ...

    ReplyDelete
  3. ဓမ္မ နဲ့  အဓမ္မ တိုက်ပွဲ အကြား ၊ နောက်ဆုံး အောင်ပွဲ ခံရမဲ့ သူ က ဘယ်သူလည်း ဆိုတာ ဦးနှောက်ရှိတဲ့လူသားတိုင်း သိကြမှာပါပဲ ...
    လွတ်ချိန်တန်လို့  လွှတ်ပေးလိုက်ရတဲ့ မဗေဒါ.. အဓမ္မဘက်တော်သားတို့ ရဲ့  ရန် အသွယ်သွယ် မှ ကင်းဝေးနေနိုင်ပါစေ ...

    ReplyDelete
  4. ဘိုဂျုပ်သန်းရွှေ မြင်းခြံကို၂၀၀၂ လောက်ကထင်ပါရဲ့လာတော့..ကြံ့ဖွတ်အတွင်းရေးမှုးအခုအမတ်ဖြစ်နေတဲ့ အောင်ဇံက ဘိုဂျုပ်မှုးကြီးသန်းရွှေ လို့ တိုင်ပေးတော့ ဘယ်သူကမှ ဘာမှမအော်တော့...ရှိကြီးခိုးပါရဲ့ဗျာ..ကျန်းမာပါစေလို့အော်ပေးကြပါ လို့ ငိုကြီးချက်မ အော်ပြောနေတာကို လူတွေတဝါးဝါး ရီကြတာသတိရမိတယ်...လူတွေရဲ့ရင်ထဲမှာ ဘယ်သူရှိတယ်ဆိုတာ သူတို့ သိပြီးသားပဲ..

    ReplyDelete
  5. အဖြူလေး ရေ

    ထပ်တူ ပျော်ရွှင်ရတယ် ဆိုတာ ယုံလိုက်စမ်းပါ

    ပျော်တယ် ပျော်တယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  6. ဗိုလ်ချုပ်ရဲ့သမီးကိုလေးစားစွာ အလေးပြုပါတယ်
    ကြိုဆိုပါတယ်..
    လွတ်မြောက်မှုအတွက် ကျေနပ်ဝမ်းသာပါတယ်ရှင်

    ReplyDelete