Sunday, May 30, 2010

တစ်စိတ် ကလေးပဲ ဖြစ်ချင် တော့ သည်။ ( အသိမ်း ပိုင်း )

မရေးတာ ၊ မဝင် တာ ကြာ နေသော ကျွန်တော့်  ဘလော့  လေး ထဲကို ကပြာ ပဲ ပြန်ဝင် ရင်း “ တစ်စိတ် ကလေး
ပဲ ဖြစ်ချင် တယ် ” ဆို သည့်  ပို့ (စ) လေး တစ်ပုဒ် ကို ပထမ ပိုင်း အနေနှင့်  ရေး တင်ဖြစ် ခဲ့  ပါသည်။

သူ့  ရှေ့  မှာက “ စက် ရုပ် ကလေး ပဲ ဖြစ်ချင် သည် ” ကို ကျွန်တော် ရေး ထား ခဲ့  သောကြောင့်  ကာရံ လေး
တူ နေ အောင် ကို ပဲ နာမည် ကို ရွေး ချယ် မိ ခဲ့  ပေမဲ့  အကြောင်း အရာ တော့  မတူ နိုင် ဟု ထင်မိ ပါသည်။

သံယောဇဉ် တို့  အောက်မှာ ပဲ မဖြူ နိုင်သေးသော“ အဖြူလေး” အဖြစ် မွေးဖွား ခဲ့ ရ သူ တစ်ယောက် အနေနှင့် 
ထိစပ်မိ သမျှ တို့ ကို ပဲ အမြဲတန်း ပဲ အမိအရ ဆုပ်ကိုင် တွယ်တာ နေမိခဲ့  သောကြောင့်  အရောင်စုံ နေခဲ့ သော
သံယောဇဉ် တို့ နှင့်  လုံးထွေး ရစ်ပတ် ချာချာ လည် နေ ခဲ့ ရသလို အမျိုး မျိုး သော စိတ် ရောင်စုံ ၊ ဇော ရောင်
စုံ တို့  အောက်မှာပဲ အိပ်မပျော်ခဲ့ ရသော “ည” ပေါင်း များစွာ၊ ဆောက်တည် ရာ မဲ့ ခဲ့  ရသော “ နေ့ ” ပေါင်း
မျာစွာ တို့ ကို တရွေ့ ရွေ့ ဖြတ် ကျော် လာခဲ့  မိသည်မှာ ပြက္ခဒိန် အရွက်တို့  တစ်ရွက် ပြီး တစ်ရွက် အကြိမ်
ကြိမ် ကြွေ ကျ မြေခ ခဲ့ ရသည့်  တိုင်အောင်ပါ လို့  ။


နေ့  တစ်နေ့  ကို ဘဝ တစ်ခု လို့  ဆို ခဲ့ ပါက ကိုယ် ဖြတ် သန်းလာခဲ့  မိသော ဘဝ ရဲ့  အချိန် စာမျက်နှာ တို့ 
ကို ပြန်ပြောင်း ကြည့်  မိပါက လည်း လေ ဝှေ့  လိုက် တိုင်း တစ်လိမ့် လိမ့်  လွင့်  ပျံ သွား နေတတ်သော
ရော်ရွက် တို့ လို ပဲ “ ကာရံ ” မဲ့  နေတတ် ပါသည်။

“ စိတ် ရောင်စုံ ” တဲ့  ။ အရောင် စုံ လွန်း နေ သော “ စိတ်” ဟု ဆို ခဲ့  သောကြောင့်  တစ်ထပ် ထဲ မကျ နိုင်လွန်း
သော “ စိတ် ” တို့  ဖြင့်  အမြဲ ရှင်သန် နေမိ သူ တစ်ယောက် အနေ နှင့်  အမော တို့ ၊ ဇော တို့  နှင့်  သာ ကျင်
လည် နေခဲ့  ရ ပြီး ပင့် သက် တို့  တောင် အရှိုက် ခက် ခဲ့  ၍ ၊ အမြဲ ပဲ မွန်း ကျပ် နေ ခဲ့  ရပါသည်။

ပြော ခဲ့  မိခဲ့ သလို .. စုံ လင် သော အရောင် အသွေး တို့  ဖြင့်  ဖွဲ့  စည်း ထား သော “ စိတ်” တို့  ဘယ်လောက်
ပဲ များ နေ ခဲ့  ပေ မဲ့  တကယ် ရှိ နေ တာကတော့  ကိုယ့် မှာ “ သိစိတ် ” နှင့်  “ မသိစိတ် ” နှစ်ခု သာ ပါပဲ ဟု
ကျွန်တော် ဆိုချင် ပါသည်။

တကယ်တော့ ... ကျွန်တော် ဆို ချင်သည် ဆိုတာထက် ထို အဆို က ဟိုး .. မဆွေ ခင် က ပင် အထင်အရှား
ရှိ နေခဲ့  သည့်  မထင်မရှား ရှိနေသော လောက ရဲ့  အဆို တစ်ခု ဖြစ်ပါသည်။ သတိ မထား မိခဲ့  သောကြောင့် 
အသိ အကြား ပါ ကျွန်တော် နှင့်  ဝေး နေခဲ့  သည့်  “ အဆို ” တစ်ခု ပါ ပဲ။

တကယ် ပဲ ထဲထဲ ဝင်ဝင် ခံစား ကြည့်  ပါက သိ သာ လာ မှာ အသေ အချာ ဖြစ် နေသည့်  ထို “နှစ်စိတ်” ပါ ။
လုပ် သင့်  လွန်း လို့  ကိုယ်က လုပ် နေရ ပေမဲ့  မဆင်ခြင် နိုင်သော နောက် က ကျန်နေသည့်  စိတ်က အဲ့ ဒီ
အလုပ် ကို မလုပ် ချင်စွာ နဲ့ ပဲ ဆန့်  ကျင် မိ နေ သည့်  ခံစား မှု ပါ ။

ကိုယ် ဘာ ပဲ လုပ် နေနေ အမြဲ နှစ်စိတ် ဖြစ် နေ တာ ကို သတိ ပြု ခံစား ကြည့်  ပါလေ။
စား နေ တုံး ပေမဲ့ လည်း စားတဲ့  ဆီ မှာ ပဲ စိတ်က ရောက် နေသလို နှင့်  ကိုယ်တစ်ကယ် တွေး မိ နေတာက
နောက်ထပ်သော နောက် တစ်ခု သော အာရုံ တွေ မှာ ဖြစ် ဖြစ် နေတတ် ပါသည်။

သွား နေတုံး ဆို ပေမဲ့ လည်း သွားနေတဲ့  အဆင့်  လေး တိုင်းမှာ စိတ်က မရှိတတ်ပဲ တစ်ခြားခြား သော
အတွေး တွေ ထဲ ရောက် ရောက် နေတတ် ပါသည်။ ပြီး ခဲ့  သော အာရုံ တွေ ၊ ဒါမှ မဟုတ် နောက် လာတော့ 
မည့်  ကိစ္စ တွေ ..၊

တစ်ထပ် ထဲ မကျ နေတတ် တာ ကိုပါ။
နဲနဲ လေး ပဲ “ သိ ” ပေး လိုက် လျင် ပဲ နဲနဲ လေး ခံစား သိ လာ မှာ အသေ အချာ ဖြစ်ပါသည်။

သိစိတ် က တကယ်ပဲ လှုပ်ရှား နေ ပေမဲ့  ကျန် မသိစိတ် က ဆက် တွေး နေတုံး ၊ တွေ ဝေ နေတုံး ၊ဝမ်းနဲ
နေတုံး ၊ ခက်ထန် နေတုံး ၊ တက်ကြွ နေတုံး ၊ လေး လံ နေတုံး ..... အို . . အရောင် စုံ ပါ ပဲ လို့ ။

နေ ကုန် သွား ပြီး ၊ နေ့  တစ်နေ့  ၊ ဘဝ တစ်ဘဝ ကုန် ဆုံး တော့  မည့် “ ည” တစ်ခု ကို အိပ်စက် ဖြတ်သန်း
ရတော့  မည့်  အချိန် လဲ ရောက်ရော .... ကိုယ့် ဘဝင်မှာ တစ်နေ့  တာ စု ဆောင်း လာ ခဲ့ မိသည်က
စိတ် ရောင်စုံ တို့ ဖြင့်  အတောင်ကုန် အောင်ပျံ သန်း လာခဲ့ မိသော အမော တွေ သာ ဖြစ် နေ ခဲ့ ရပါ တော့ 
သည် ။ တစ်နေ ကုန် မော လာခဲ့  သည်မှာ အိပ်ရာ ထဲ ရောက် သည်အထိ မော ကောင်း နေတုံး။
ကိုယ့်  ရင် ဂျိုင့် ကလေး ထဲ မှာ ဖြစ်တည် နေတတ် သော “ဘဝင် စိတ် ” ကလေး က တငွေ့  ငွေ့  ပူ နေတုံး ။


ဘယ်တော့ မှ တစ်ထပ် ထဲ မကျ တတ်သည့်  ထို နှစ်စိတ် က တစ်ထပ် ထဲ ကျ သွား သည့်  အချိန် တွေတော့ 
ရှိ နေ ပါသည် ။ ကျွန်တော် “ ချဲ့  ချဲ့  ထွင်ထွင် ” ပဲ စဉ်း စား မိ လိုက် တာ ဖြစ်ပါသည်။

တစ်ယောက် က တစ်ယောက် ကို “ ချစ် ” သွား သည့်  အချိန် နှင့်  ၊ တစ်ယောက် က တစ်ယောက် ကို “ မုန်း”
သွား သည့်  အချိန် တို့  တွင် ထို နှစ်စိတ်က တစ်ထပ် ထဲ ကျ သွား တတ် သည် ဟု ပါ ။ စဉ်းစား ကြည့်  ပါလေ။

ဝင် သက် ထွက်သက် တို့  ကြွေ နေသည့်  အကြိမ် တိုင်း မှာ “ ချစ် ” နေ တတ် သလို ၊ “ မုန်း ” နေတတ် လျင်လဲ
ထို အတိုင်း ပါလို့  ။ သည် လို အချိန် တွေ မှာ ဆိုလျင်တော့  အာရုံ တွေ ၊ ကျန် စိတ် တွေ က ဘယ် ကို မှ
မရောက် တတ်တော့  ။ တစ်သ မှတ် ထဲ..၊ တစ်သား ထဲ ဖြစ် နေတတ် သည် ဟု ထင်ပါသည်။

တည်ငြိမ် စွာ ချစ် နေတတ် သလို ပဲ တည်ငြိမ် စွာ ပဲ မုန်း နေတတ်ပါသည်။
စိတ် တို့  ဆုံ မှတ် တစ်ခု မှာ တစ်ထပ် ထဲ ကျ ၍ ငြိမ် သွားခြင်း ဖြစ်ပါသည်။
အသက် ရှု မှား နေ အောင် ချစ် နေတတ် သလို ပဲ အသက် ရှု မှား နေ အောင် ကို မုန်း နေတတ်ပြန် ပါသည်။

ထို ပြင်းပျ သော ကိစ္စ နှစ် ခု မှာ “ စိတ် နှစ်ခု” တို့  တစ်ထပ် ထဲ ကျ သွား သလို .......
ကျန်သော ကိစ္စ တိုင်း ၊ အာ ရုံ တိုင်း မှာ ပါ တစ်စိတ် ထဲ တစ်ထပ် ထဲ ကျ များ နေလျင် ၊ ကျ အောင် လုပ် နိုင်
ခဲ့ လျင် ဘယ်လောက် ကောင်း မည် လဲ .... လို့  ။

စိတ် တို့  အရောင် မဆုံ တော့ သလို ၊ အတွေး ယာဉ်ကြော တို့  တွင်လည်း အတောင် ကုန် သွားအောင် ပျံသန်း
တွေး တော နေ စရာ မလို တော့  ဟု ထင်မိပါသည်။

ကိုယ့်  ရဲ့  “ စိတ် ဂရပ် မျဉ်း ” က ဖြောင့် တန်း တည်ငြိမ် ၍ ရှင်း ရှင်း ကလေး ပဲ ဖြစ် နေ မှာ ဖြစ်ပါသည်။
အမော တို့  ၊ ဇော တို့  လည်း ကင်းဝေး လာ နေမှာ ဖြစ်ပါသည်။

အရာရာ တိုင်း မှာပဲ လုပ်နေ ထိစပ် နေသမျှ တို့ ကို တစ်စိပ် ထဲ ဖြင့်  သိ သိ ပေး နေနိုင် လျင်ပဲ“ တစ်သိ ” ထဲ
“ တစ်စိတ် ” ထဲ ဖြင့်  တစ်နေ့  တာ ပေါင်း များစွာ ၊ တစ်ဘဝ တာ ပေါင်း များစွာ ကို ငြိမ်းငြိမ်း အေးအေး လေး
ဖြင့်  ကိုယ့်  ဘဝ ရဲ့  နောက် ဆုံး ဖြစ် လာ တော့  မည့်  အချိန် နာရီ များ ကို ဆက်လက် ဖြတ်ကျော် နေနိုင်
တော့  မည် ဖြစ်ပါသည်။

ကိုယ့်  ဖာ ကိုယ်ပဲ အထွေ ထွေ အပြားပြား သော စိတ် တို့ ကို “ တစ်စိတ် ကလေး ပဲ ဖြစ် ချင် သည်။” ဆို ပေမဲ့ 
တကယ် ရော လုပ် နိုင် ပါမည် လား လို့  ဖာသာ ပဲ မေးခွန်း ထုပ် နေမိပါသည်။

လုပ် နေ နိုင် ၊ လုပ် သွား နိုင် ရင် တော့  အလွန့်  အလွန် ပဲ ကောင်း ပါ တော့  မည် ..... ဟု လဲ ဆင်ခြင်
မိ ပါ တော့  သည်။

.........................................................................................................................................................


ရေး ထား လက်စ စာကြမ်း လေး ကို ပြန်ဖတ်ရင်း လက်စ သတ် ပြီးတော့  အချိန် ကြည့် လိုက် မိရာ မနက်
လေးနာရီ ထိုးလု ပြီ။

အပြင်ဘက် ဝါးရံတာ လေး ဘက် ကတော့  မှောင်အတိ ကျ နေပြီး ပုဇင်း ရင်ကွဲ အော်သံ တို့  မရပ်မနား
ထွက်ပေါ် နေ ပါသည်။ နွေ ဦးရာသီ ဆိုပေမဲ့  အခါ မဟုတ် မိုး တို့  ရွာ သွန်း နေ ပါတော့ သည်။

တွန့် ကျေ နေသော အိပ်ယာ ထဲ ဂေါင်း ထိုးပြီး အိပ် မယ်အလုပ် လမ်းဘေး ရေအိုင်ကို ဖြတ်နင်းသွားသော
ကားတစ်စီး၏ ကတ္တရာ လမ်းမကြီး နှင့်  ပွတ်တိုက်သံ တရှဲ ရှဲ ကို ပုဇင်းရင်ကွဲ အော်သံ တွေ ကြားမှ
ကြား လိုက် ရ ပြန် ပါသည်။

အော်... အခု ချိန် ထိ ငါ “ တစ် စိတ် ထဲ မဖြစ် သေး ပါ လား ....... ” လို့  ။


..........................................................................................................................................................

( ပြီး သွား ပြန် ပါပြီ )

Tuesday, May 25, 2010

“ တစ်စိတ်” ကလေးပဲ ဖြစ်ချင်သည်။

တိမ်ခိုး တို့ က မြူ ခိုး ၊ တောင်ခိုး တို့ နှင့်  ရော ထွေး လွှမ်း ခြုံ ထား သော ကြောင့်  တောင်ထိပ် ၊ တောင်ထွတ်
တို့ ကို ဘယ်လို မှ မမြင် နိုင် တော့  ပေမဲ့ လည်း တောင် ခါးပန်း ၊ တောင်ခြေ တို့ ကို တော့  ခပ်စိမ်းစိမ်း ၊
ခပ် ညို့  ညို့  တော့  မြင် နေ ရ ပါ သေး သည်။ အမြဲ စိမ်း ရာသီ ဥတု သာ ရှိနေသော သည် ကျွန်းမ ကြီး ပေါ်
နွေ ဦး ရာသီ တဖြည်းဖြည်း ချင်းနင်း ဝင် ရောက် နေ သော်လည်း အအေး ဓါတ် တို့ က ကောင်းကောင်း
မပြယ် ချင် ၊ မဖယ် ချင် သေး ပါ ပေ ။

ကား စီး လျင် ဘယ် လောက် ပဲ အေး နေနေ ၊ ထို အေး သည့်  လေ ကလေး ကို တော့  အမြဲ ထိ တွေ့  နေချင်
သူ မို့  ဘေး မှန် တံခါး ကို ဘယ်သော အခါမှ အပြည့်  မပိတ် တတ်ပဲ နဲနဲ လေး တော့  ချန် ချန် ထား တတ်
သောကြောင့်  အပြင် ဘက် က လေအေး တို့ က ဟ နေ သေး သည့်  မှန်ကြား ထဲမှ တသောသော အတင်း
ထိုး ဝင် နေပြီး ကျွန်တော့်  ဆံ စ တွေ ကို ထိုး ဖွ မွှေ နှောက် နေ ပါတော့ သည် ။

နေ့ စဉ် တစ်နေ့ ပြီး တစ်နေ့  ပဲ ည မိုးချုပ် သန်းခေါင် သန်းလွဲ အထိ ကွန်ပြူ တာ ရှေ့  ထိုင်၊ ဖေ့ (စ)ဘုတ်
ပေါ် တက် ကော်ဖီဆိုင်ဝင်လိုက်၊ လယ် ထဲ ဆင်းလိုက် ၊ သီချင်း အတို အစ လေးတွေ ရှာ တင်လိုက် နှင့် 
ဟို ရောင်ရောင် သည်ရောင်ရောင် လုပ်မိနေခဲ့  သည်မှာ ကိုယ့်  ဘလော့  လေး တောင် ကိုယ် မဝင် ဖြစ်
ခဲ့  သည် အထိ အတော် ကို ကြာမြင့် သွားခဲ့  ပါသည်။

လိုင်း ပေါ် တွင် မိတ်ဆွေ အချို့  နှင့်  တွေ့  မိ တော့ မှ အသစ် တင် ခဲ့  သည့်  ဘလော့  တွေ ကို အူရား
ဖားယား အပြေး သွား ဖတ် ခဲ့ ရပါသည်။

ဆိုလိုသည်မှာ ဘလော့  ကို စိမ်း နေခြင်း ၊ သံ ယောဇဉ် ကို “ စိမ်း” နေ မိခြင်း ပါလို့ ။

သိ စိတ် တို့ က ဘလော့  လေး ကို မသိချင်ရောင် ဆောင် နေမိ သော်လည်း မသိ စိတ် တို့ က တော့  စာ တို
ပေစ လေးများ ကို ပြန်ရေး နေ စေရန် အမြဲ တိုက်တွန်း နေ သလို ဖြစ်ဖြစ် နေ တာ ကိုတော့  ကျွန်တော်
ခံ စား ရနေမိပါသည်။

“ စိတ် လေနေခြင်း ” ဟု ကျွန်တော့်  ကိုယ် ကျွန်တော် ပြတ်ပြတ် ထင်ထင် ပဲ ဝေဖန် မိပါသည်။

စိတ် လေ သည် ဆိုရာဝယ် လူမှာ သိစိတ်နှင့်  မသိ စိတ် နှစ်မျိုး ရှိသည့်  အနက် ၊ အဲ့  ဒီ စိတ်နှစ်စိတ် လုံး
တပြိုင် ထဲ တစ်ထပ် ထဲ ကျ ၍ ဆောက်တည်၊ ထောက်တည် ရာ တို့  မဲ့  လောက်အောင် “လေ” နေခြင်း ဟု
ဆိုလို ချင်တာ ဖြစ်ပါသည်။

“သိစိတ်” “ မသိစိတ်” ဆိုသည့်  နှစ်မျိုး က တစ်ထပ် ထဲ ကျ ဘို့  တော်တော် ခဲ ရင်း လွန်း သည် ဟု ထင်ပါသည်။

ဆိုလိုသည်မှာ... သိ သော စိတ် ဖြင့်  စဉ်းစား ဆင်ခြင် တတ်သော စိတ် ဖြင့်  လုပ်သင့်  သော အလုပ် တစ်ခု ကို
ကိုယ် က လုပ် နေရပါသော်လည်း မသိ သော စိတ် ၊ မဆင်ခြင် နိုင် သော စိတ် က တော့  ထို အလုပ် ကို
မလုပ် ချင်တော့ ပဲ အမျိုး မျိုး အကြောက် အကန် ညင်း ဆို ၊ ဘက် ပြန် ချင်နေသော သဘော လေး ကို ပြဆို
လိုက်ချင်တာပါ။

ဥပမာ.. တစ်ခု ပြ ရလျင် မလိုက် ချင် တော့ သော ခလေး တစ်ယောက် ကို အတင်း ပဲ ဒရွတ်တိုက် ခြေကန် ဆွဲခေါ် လာရသလိုပါ ပဲ။

အမြဲ တန်း ဒွန် တွဲ နေတတ်ပေမဲ့  အလွန်ပဲ လွန်ဆွဲ နေတတ် လွန်းသည့်  ထို စိတ်နှစ်စိတ် ပါ ပေ။

တစ် ထပ် ထဲ ဘယ်အချိန် ကျ ပါသနည်း .. ဆို သည့်  မေးခွန်း တစ်ခု တော့  ရှိ လာရမည် မှာ ဧကန် ဖြစ် တော့ 
တာကြောင့်  အဖြေ မှန် တစ်ခု ကို တော့  ကျွန်တော် စဉ်းစား လာ ရပါတော့ သည်။

ရုတ်တရက် ပဲ ကား ထိုး ရပ် သွား သောကြောင့်  ကြည့် လိုက်တော့  အဝေး ပြေး လမ်းမကြီး ၏ “ တိုးဂိတ်”
တစ်ခု ကို ဖြတ် ဝင်ရန် အတွက် လိုင်း တစ်ခု ထဲ သို့  ဝင်ရပ် ၍ တန်း စီ လိုက်ခြင်း ဖြစ်တာ ကို သိလိုက်
ရပါသည်။ သည်လောက် ခြောက် လမ်းသွား လမ်းမကြီး ရှိနေတာ တောင်မှ ကားတွေ က ပြေးလမ်း တိုင်းမှာ
အပြည့်  ရှိနေပါသည်။ သည်မှာ ခရီး တစ်ခု ထွက်လျင် ကား ပိတ်တတ်သည့်  အချိန် ကို ထည့် တွက်ပြီးမှ
စောစော ထွက် ရ တတ်ပါသည်။

ကျွန်တော်တို့  ရွှေပြည်တော် တွင်တော့  ကားပြတ်တတ်၍ လူကြပ် တတ်၍ လမ်းမကောင်း တတ်၍ စောစော
ထွက် နေရ ပါသည်။မတူ ပဲ နှင့်  တူ နေတတ် သည့်  ဖြစ်ရပ် နှစ်ခု ပါပဲ။

ခုနက မတူ ညီ ပဲ အတူ လွန်ဆွဲ နေတတ်သော “စိတ်” နှစ် စိတ် အကြောင်း ပြန်ရောက် သွားရပြန်ပါသည်။

သူတို့  နှစ်စိတ်က ဘယ်နေရာမှာ.. တစ်ထပ် ထဲ ကျ နေပါသနည်း.. ဆိုသည့်  မေးခွန်း လေးပါပဲ..။

.................................................................................................................................................

( ဆက်ရန်)