အမတန်ကြီးကျယ်သော စကားလုံးများဖြစ်သည့်  “ နိဗ္ဗာန် ” တို့ ၊ ရုပ်၊ နာမ်၊ စူဠသောတပန် ... စ,သည့် ဝေါဟာရ
များကို မနိုင့် တစ်နိုင် ကျွန်တော် ထည့် သွင်းရေးဖွဲ့ ခဲ့ မိပါ၏။
အသွားချင်ဆုံးနေရာက “ နိဗ္ဗာန်” ဖြစ်သည်ဆိုသော အကြောင်းအရာပေါ် မူတည်၍ ကျွန်တော်လည်း ကြားဖူး
နာဖူးသလောက်ကို အတတ်နိုင်ဆုံးဖြင့်  အတိုချုံ့  ပြီး ဆွေးနွေးခဲ့ သောကြောင့် ထိုပို့ (စ)အတွက် ဆက်ရန်
စာ အတို အစ တွေ ကျန်နေခဲ့ ရပါသည်။
အမတန် ရောက်ခဲ၊ ရခဲ လှသော “ နိဗ္ဗာန် ” ကို မပြောခင်၊ ကျွန်တော်တို့  အားလုံး ရှောင်လွှဲလို့ မရပဲ ကြိမ်းသေ
ပေါက်ရင်ဆိုင်ရတော့ မည့်  သေခြင်းတရားကြီးကို လွန်သော် ... ဘယ်ရောက်လို့ ၊ ဘာဖြစ်တော့ မည် ဆိုသည့် 
မေးခွန်းအတွက် အရင်ဦးဆုံး စဉ်းစားတွေးခေါ်သင့် သည်ဟု ကျွန်တော် ထင်ပါသည်။
သည်လိုအတွေးတွေ ကျွန်တော် တွေးနေမိခဲ့ သည်မှာ ဘလော့ ရွာတို့ ၏ အလယ်ဗဟို၊ ဘလော့ ဂါတို့ ၏ အချစ်
ရဆုံး၊ အခင်ရဆုံး “ အစ်ကိုကြီးကျောက် ” ကွယ်လွန် သွားခဲ့ သည်မှ အစ, ပြုခဲ့ ပါသည်။
“ မင်းကလည်းကွာ .. တစ်တီတူးငှက်လို မိုးပြိုမှာ ကြောက်ပြီး ခြေထောက်နှစ်ချောင်း မိုးပေါ်ထောင်ထားသလို”
ဟု ပြောစရာ ဖြစ်နိုင်သလို၊ “ အဖြူလေးတော့  ကြောင်စ ပြုပြီ ” ဟုလည်း မေးငေါ့ နိုင်၊ ပြုံးနိုင်၊ ရယ်နိုင်ပါလိမ့် 
မည်။ သို့ သော် ...... အချိန်မကျသေးပါဘူး၊ လုပ်စရာတွေ ရှိသေးတယ်၊ မအားသေးပါဘူး၊ ပျင်းစရာကြီး၊ အချိန်
တွေ အများကြီးရှိပါသေးတယ်၊ နောက်မှ .... စ,သည် စသည်ဖြင့် “ ရ ... အုံးမယ် ” ဆိုသော ဘယ်တော့ မှ မပြီး
ဆုံးနိုင်တော့ သော အကြောင်းပြချက်တွေ၊ ဆင်ခြေ၊ ဆင်လက်တွေ အမျိုးမျိုး ပြပြီး “ ဝေးပါသေးတယ် ” ဆို
သည့် ဆိုင်းဘုတ်ကြီးကိုင်ရင်း ငယ်ဘဝတွေကို ဖြတ်သန်း ကျော်လွန်ခဲ့ သည့် အချိန်တွေအတွင်းမှာပင် ကိုယ့် 
ဘေးမှ ကိုယ့် ကိုယ် ခွဲခဲ့ ၊ ထားခဲ့ သွားသူတွေ ဘယ်လောက်များခဲ့ ပြီလဲ ...။ မှတ်ရော မှတ်မိကြပါသေးရဲ့  လားဟု
မေးကြည့် ချင်ပါသည်။ ငယ်တဲ့ သူတွေ ကြားထဲမှာ ကိုယ်ပါ ရောငယ်နေမိကြပါသည်။ တစ်သက်လုံးပဲ ငယ်နေ
သလို အမြဲတန်းပဲ ရှင်သန်နေလိမ့် ဟုလည်း အထင်တွေ ရှိနေကြပြန်ပါသည်။
ခွဲရတုံးခဏ တွယ်တာရသည့်  အတိုင်းအတာအရ ပူဆွေး ကြေကွဲမိကြရသော်လည်း ကြာလာတော့ လည်း
ကြွေကျ မြေခ, ခဲ့ ရသည့်  ပြက္ခဒိန် စာရွက်များလိုပဲ ဟောင်းနွမ်းသွားကြတာ၊ မေ့ ပျောက်သွားကြတာပဲ ဖြစ်ပါ၏။
တစ်နေ့  ... ကိုယ်လည်း သူတို့ လိုပဲ ထွက်ရလိမ့် အုံးမည်။ သူတို့ လည်း ကိုယ့် ကို ဆွေးမြေ့ ကြေမွသွားသော
ရော်ရွက်တစ်ရွက်လိုပဲ မေ့ ပျောက်ကြပေလိမ့် အုံးမည်။ ကိုယ်က လောကကြီးကို အလှဆင်ခဲ့ ပါသည်ဟု အထင်
ရှိခဲ့ သော်လည်း ကိုယ်မရှိလည်း လောကကြီးက သူ့ သဘာဝအတိုင်း အရောင်အသွေးတို့  စုံလင်စဲ ပဲ ဖြစ်ပါမည်။
ကျွန်တော်တို့ က သည်လောကကြီးထဲက ဘာတွေ ရ ယူနိုင်ခဲ့ ပါသလဲ ၊ တစ်ယောက်ထဲ ပြန်ထွက်ရတော့ မယ့် 
သံသရာ ခရီးအတွက် ကျွန်တော်တို့  ဘာတွေ ပြင်ဆင်နိုင်ခဲ့ ပါသလဲ ၊ စဉ်းစားစရာတွေ ဆင်ခြင်စရာတွေ ဖြစ်
ပါသည်။ ကျွန်တော်တို့ က သံသရာမှာ လည်ကြရအုံးမည့်  သံသရာခရီးသည်တွေပဲ မဟုတ်ပါလား လို့  ။
တစ်ဘဝစံများ၊ ဘာသာမဲ့ များ မဟုတ်သည့်အပြင် အလေးနက်ဆုံးသော ဗုဒ္ဓဘာသာဝင်များ ဖြစ်နေသော
ကြောင့် လည်း နောက်ဘဝ ဆိုတာလေးတော့  ထည့် သွင်းစဉ်းစားသင့် သည်ဟု ထင်ပါသည်။ အလေးနက်ဆုံး
ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး၊ အပေါ့ ရွှတ်ဆုံး သူများအဖြစ်တော့  မဖြစ်စေလိုပါပေ။
“ အလေးနက်ဆုံး ဘာသာဝင် ” ဟု ဆိုရသည်မှာ ကျွန်တော်တို့  ကိုးကွယ်နေကြသော ဗုဒ္ဓ၏ ဘာသာက
တစ်ခြားခြားသော ဘာသာတွေလို ၊ “ ဒါပဲ ရွတ်၊ ဒါပဲလုပ်၊ ဒါပဲ အမှန်၊ မမေးနဲ့ ၊ စောဒကမတက်နဲ့ ” ဟု ချုပ်ကိုင်
မထားသလို၊ “ ဆုတောင်းခြင်း၊ အာပတ်ဖြေ၍ ရခြင်း၊ ကယ်တင်နိုင်ခြင်း၊ ရှင်သန် ထ,မြောက်နိုင်ခြင်း၊ ဖန်ဆင်း
ခြင်း ” တို့ လည်း လုံးဝမရှိပဲ မိမိကိုယ်တိုင်ပင် အမှန်တရားကို လွတ်လပ်စွာ ရှာဖွေ နိုင်ခြင်းပဲ ဖြစ်ပါ၏။ လက်
တွေ့ လည်း ကျလွန်းပါ၏။ အစမ်းသပ်လည်း ခံပါ၏။ သိပ္ပံနည်းတွေနှင့် တောင် စမ်းသပ်ကြသည်ဟု ကြားဖူးပါ၏။
လူမျိုးခြား လက်တွေ့ သမားတို့  လာရောက်လေ့ လာ စမ်းသပ်၍ မှန်နေသော တရားတွေကို တွေ့ ရှိခဲ့ ပြီး ထိုရိပ်
သာကြီးတွေမှာပဲ အသက်ထက်ဆုံး နေထိုင်မွေ့ ပျော်နေခဲ့ ကြသည်ကိုလည်း ကျွန်တော် ဆုံတွေ့ ခဲ့ ဖူးပါ၏။
ဗုဒ္ဓဘာသာ၏ ပင်ကိုယ်သဘောကိုက လွတ်လပ်မှုကို အခြေခံ၍ ကိုယ်တိုင်ပဲ ရှာဖွေ ပြီးမှ သိ ရတာ ဆိုတော့ 
လည်း ကျွန်တော်တို့  အားလုံးတို့ က လွတ်ချင်တိုင်း၊ လွတ် ပြီး လပ်ချင်တိုင်း လပ်နေကြပါ၏။ တစ်ခါတစ်ရံ
ဘုရားကျောင်းကန် တို့  ကြုံကြိုက်၍ ရောက်သွားသော်လည်း ကြည်ညိုဖွယ် ထုဆစ် ထားသော ဗုဒ္ဓရုပ်ပွားတော်
ကို မော်ဖူးမိပြီး ဆီမီးပန်းရေချမ်းတို့ ကပ်လှု ခြင်းဖြင့်သာ ပြီးဆုံးခဲ့ ရတာလည်း အကြိမ်ကြိမ် ဖြစ်ပါ၏။ သည်မျှ
လေး လုပ်မိတာတောင်မှ သည်လောက် စိတ်ဘဝင်ကြည်နူးမိရလျှင် သည့် ထက် လုပ်မိ၊ ကြိုးစားမိလျှင် ဘယ်
လောက် ကြည်နူးပြည့်စုံနိုင်မည်နည်းဆိုတာကိုတော့  ဘယ်တော့ မှလည်း မစဉ်းစားမိခဲ့ ကြပါပေ။
“ ဗုဒ္ဓဘုရားရှင်” က ၊ သူများပြောတိုင်းလည်း မယုံနဲ့ ၊ ဆရာပြောတိုင်းလည်း မယုံနဲ့ ၊ မြင်တိုင်း ကြားတိုင်းလည်း
မယုံနဲ့  မိမိကိုယ်တိုင် လေ့ လာစမ်းသတ်ပြီး မှန်ပြီ၊ ကျေနပ်ပြီဆိုမှ ယုံကြည်လက်ခံပါ .. ဟု မိန့် မှာခဲ့ သည်ဟု
ကျွန်တော်တော့  ကြားဖူးခဲ့ ပါသည်။ ပြီးတော့  တစ်ခြားသော ဘာသာတွေကဲ့ သို့ လည်း အပတ်စဉ် အချိန်
ကန့် သတ်၊ သတ်မှတ်ချက်များဖြင့်  ဘုရားကျောင်းကန်များသို့ မသွားမနေရသော သံမဏိစည်းကမ်းများလည်း
မရှိလေတော့  ကျွန်တော်တို့ အားလုံးကလည်း လွတ်ချင်တိုင်း လွတ်နေခဲ့ ရပြီး ကိုယ့်ဘာသာအကြောင်းကို
တောင် ဂဂနန မသိနိုင်ခဲ့ ကြရလောက်အောင် ဖြစ်နေခဲ့ ရပါသည်။ ထို့ ကြောင့်  ဘာသာခြားတို့ က သည်နေ
ရာတွင် ကျွန်တော်တို့ ထက် သာလွန်နေပါသည်။ သူတို့ ဘာသာအကြောင်းများ စ, မေးမိလျှင် စုံလင်စွာပင်
အကျယ်တဝင့်  ရှင်းပြနိုင်ကြပါပေသည်။
အကျယ်တဝင့်  ရှင်းပြနိုင်ကြပါပေသည်။
အထက်က ဆိုခဲ့ သလို ၊ လေ့ လာဖို့ လည်းမအား၊ စမ်းသပ်ဖို့ လည်းမအားနိုင်တော့ ပဲ “ ရ .. အုံးမယ် ” ဆိုသော
ကိစ္စကြီးတွေနဲ့ ပင် လူ့ ဘဝရဲ့  အချိန်တွေကို ကုန်လွန်နေမိခဲ့ ကြပါသည်။ အလေးအနက်ဆုံး ဘာသာဝင်တွေက
အပေါ့ ရွှတ်ဆုံးဘာသာဝင်တွေ ဖြစ်ခဲ့ ကြရပါသည်။ တစ်ခြားသူမပြောနှင့် ။ ကျွန်တော့် ကို ကျွန်တော် ပြောပါ
တော့ မည်။ ကျွန်တော်သည် ကျွန်တော့်  တစ်သက်နှင့် တစ်ကိုယ် ဥပုတ်တစ်ရက်သာ စောင့်ဖူး၍ ရှစ်ပါးသီလကို
ရာခိုင်နှုန်းပြည့် တစ်ရက်သာ စောင့် ခဲ့ ဘူးခြင်းဖြစ်ပါသည်။ ရာခိုင်နှုန်းပြည့်ဆိုသည်မှာ ရှစ်ပါးမှာ တစ်ပါးတစ်လေ
မှ ကိုယ်ရော၊ စိတ်ရော မကျိုး၊ မပေါက်ခဲ့  ခြင်းဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့  အိမ်တွင် အားရက်တိုင်း
သူငယ်ချင်းတွေ စုပြီး ပိုကာ ကစားလေ့ ရှိပါသည်။ ကျွန်တော်တို့ ရှေ့ တွင်လည်း ဂျီတီအိုင် ကဲ့ သို့ သော ကျောင်း
တစ်ကျောင်းရှိပါသည်။ ကျောင်းဆိုတော့ လည်း မိန်းမလှ၊ မိန်းမချော အလွန်ပေါများသည်ပေါ့ ဗျာ..။ထိုနေ့ က မြန်မာဥပုတ်နေ့ ဖြစ်ခဲ့ သည်။( နေရာက ထိုင်ဝမ်ပါ )။
အဲ့ ဒီ ထိုနေ့ မှပင် ကျွန်တော်လည်း ထူးထူးခြားခြား စိတ်ကူးစိတ်သန်းပေါ်မိတော့ သည်။
“ ငါ့ တစ်သက်တာမှာ၊ ဥပုတ် တစ်ခါမှ မစောင့်ဘူးခဲ့ ပါလား ” ဟူသော အတွေးစိတ်ကူး ဖြစ်သည်။
စိတ်ကူးမိမိခြင်းပဲ ဘုရားအာရုံပြု၍ ရှစ်ပါးသီလခံပြီး ဥပုတ်ပါ စောင့် လိုက်ပါတော့ သည်။ ကျွန်တော့် အခန်းထဲက
ဘုရားရုပ်ပုံကို မော်ဖူးပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီး တကယ်ပင် စံ,ပယ်တော်မူနေသကဲ့ သို့  အာရုံညွှတ်ကာ
ကျွန်တော့်အသက်နှင့်ခန္ဓာကို ဗုဒ္ဓဆီမှာအပ်ရင်း ရှစ်ပါးသီလတောင်း၍ ဥပုတ်စောင့်တည်လိုက်မိခြင်း ဖြစ်ပါ၏။
သူငယ်ချင်းများက ပုံမှန်မဟုတ်တော့ ပဲ ထူးခြားတီထွင်လိုက်သော ကျွန်တော့် ကို နားမလည်သလို ကြည့်ကြ
သော်လည်း အားနာသဖြင့်  ဘာမှ မပြောခဲ့ ကြပါ။
ထိုနေ့ က ကျွန်တော်အလွန်ချစ်သော မိတ်ဆွေ၊ ကျွန်တော်အလွန်ခင်သော သူငယ်ချင်းများနှင့်  တစ်နေ့ တာ
ကျောခိုင်းရလေတော့ သည်။ အမှန်တော့  တစ်ပတ် ဖြစ်ပါသည်။ ကျွန်တော်တို့ က တစ်ပတ်မှာ တစ်ခါ တွေ့ ကြ
ရတာကိုး ..။ ဖဲဝိုင်းကလည်း ကျွန်တော်ပါမှ ပို၍ အသံကျယ်ပါ၏။ ဆူ ပါ၏။ ကျွန်တော်က ခပ်တည်တည်နှင့် 
စ,တတ် နောက်တတ်၍ ဖြစ်သည်။ ခပ်ပေါပေါနေသော ကျွန်တော်က ခပ်တည်တည်နှင့်ပင် အခန်းတံခါးပိတ်၍
နေကုန်အောင်နေခဲ့ မိတော့ သည်။ ရှေ့ က ဝါးရံတာကိုတောင်ထွက်မကြည့်ခဲ့ ပါ။ မြန်လွန်းသော စိတ်တို့  ကျိုး
ပေါက်မည် စိုးသောကြောင့်  ဖြစ်သည်။ ဘုရားရှင်ကို ကတိပြုခဲ့ မိသည်ကတစ်ကြောင်း၊ တစ်သက်မှာ ဒီတစ်ခါ
သာ စောင့်ဖူးသည့်  ဥပုတ် ဖြစ်သည်ကတစ်ကြောင်း တို့ ကြောင့် ကျိုးပေါက်မှာ စိုး သောကြောင့် ဟု ရိုးသားစွာ
ဝန်ခံပါသည်။ ဘာပဲပြောပြော ထိုနေ့ က ရာနှုန်းပြည့်  အောင်ခဲ့ သော ရှစ်ပါးသီလနှင့် ထိုဥပုတ်ကို ကျွန်တော်
ယနေ့ အချိန်ထိ မမေ့ နိုင်တော့ ပါပေ ။ ထို နေ့ ဖဲဝိုင်းလည်း အသံ “ ဆိပ် ” ခဲ့ ပါ၏။
နောက်ဘဝ အကြောင်း ပြန်ဆက်ပါမည်။ ကျွန်တော်တို့  ဘာသာက နောက်ဘဝ ရှိသည်။ ၃၁ဘုံရှိသည်။
ကံ ၊ ကံ ၏ အကျိုးရှိသည်။ ကံ က အလုပ် ဆိုတော့  အလုပ်၏ အကျိုးအတိုင်း ခံ ရ စံ ရသည်။ တန်ပြန်သက်
ရောက်မှုတွေက ဆ,တူပါ ။ သည်တစ်ချက်နှင့်ပင် ရူပ သဘောနှင့်  ညီနေပြီ။ လှည်းဘီး လို လှည်း နောက်ကို
လှည်းဘီးရာက ထပ်ချပ်မကွာ လိုက်နေသည်။ ကွယ်လို့ မရ၊ ဖျောက်လို့ မရ၊ ချေလို့ မရ၊ ဖြေလို့ လည်းမရပါ ။
ထို့ ကြောင့်  ယခု ရ တုံးလူ့ ဘဝတလျှောက် ကိုယ်ပြုခဲ့ ၊ လုပ်ခဲ့ သမျှ “ ကံ ” တို့  အားလုံးတို့ သည် နောက်ဘဝ
ဒုတိယဘဝအတွက် အရောင်ချယ်တော့ မည့်  ဆေးချက်၊ စုတ်ချက်များပဲ ဖြစ်ပါတော့ သည်။
ကျွန်တော်တို့ အားလုံးက ယခုဘဝအတွက်ပင် ကောင်းမွန်ပြည့် စုံစွာ နေနိုင်ရေးအတွက် ယုံကြည်ချက်အပြည့် 
ဖြင့်  ရည်မှန်းချက် အသီးသီးထားပြီး အချိန်နှင့် အမျှ ကြိုးစားတည်ဆောက်နေရင်း ထို အမျှမျှသောအချိန်တို့ 
သည်လည်း တဖြည်းဖြည်း ကုန်ဆုံးသွားနေသည်ကို သတိမပြုနိုင်အောင်ပဲ ရှိခဲ့ ပါသည်။ စွန့် လွှတ်မှုတွေ၊ စွန့် စား
မှုတွေအပြည့်ဖြင့်  နည်းနည်းလေးပဲ ကျန်နေတော့ သော ဘဝအချိန်လေးခံစား၊ စံစားဖို့ အတွက် ကြိုးစား ရုန်း
ကန် နေကြပါ၏။
ဥပမာ ဆိုရသော် .. အပျော်ခရီးတစ်ခုအတွက် အစစအရာရာ ပြေလည် ပြည့် စုံအောင် ကျိုတင် အချိန်ယူပြီး
အကြိမ်ကြိမ် ပြင်ဆင်ခဲ့ ရပါသော်လည်း ၊ တကယ်ပဲ အချိန်ရောက်၍ ပျော်မယ်ကြံခါရှိသေး၊ ထိုအပျော်အချိန်တို့ 
သည် ပြင်ဆင်ခဲ့ ချိန်တို့ ထက် အဆပေါင်းများစွာ လျင်မြန်သော အဟုန်ဖြင့်  ကုန်ဆုံးသွားတတ်သည့် သဘော
ဖြစ်ပါသည်။ ပြင်ရတာ ကြာသလောက်၊ ပျော်လိုက်ရတာ ခဏ ပါ ဟု ဆိုလိုရင်းဖြစ်ပါသည်။ ပျော်ဖို့ ပြင်ရင်း
ပျော်နေရင်းပဲ နေလုံးကြီးက ဝင်စ ပြုခဲ့ ရပြန်ပါပြီ။
ယခုဘဝ လုပ်နေသမျှ၊ လုပ်ခဲ့ သမျှက ယခုဘဝ အတွက်တင်ပဲဆိုတော့  နောက်ဘဝ အတွက်က လုံးဝ မပါသေး
တာတော့ သေချာလွန်းပါ၏။ သံသရာ ခရီးသည်များဖြစ်နေ၍လည်း သံသရာအတွက်တော့  စဉ်းစားကြည့် စေ
ချင်ပါသည်။ ယခုဘဝ ကိုယ့်အတွက် ကျန်သည့်  အချိန်က တကယ်ပဲ နည်းနည်းလေးပါ။ နေနိုင်မည့်  သက်တန်း
ကို မှန်းဆ, ပြီး ၊ နာရီ၊ မိနစ် ၊ စက္ကန့် ( သို့  ) ခုနှစ်၊ လ ၊ ရက် တို့  ဖွဲ့  ၍ တွက်ကြည့် နိုင်ပါသည်။ အဖြေထွက်သွား
သည့်  အချိန်က စ, ပြီး ထိုအချိန်တွေက တစပ်စပ် နှုတ်နေတာကို တွေ့  မြင်နိုင်ပါသည်။ နေ့ စဉ် မြင်နေ၊ နှိုးနေကျ
နာရီလေးကို အမြဲတန်း ကြည့် မိနေသော်လည်း ၊ တစပ်စပ်နှုတ်နေ ကုန်နေသော ကိုယ့်ရဲ့  သက်တန်းအချိန်များ
ကိုတော့  အမြဲတန်းပဲ မေ့ လျော့ နေမိကြပါ၏။ နာရီများက ပြောနေသော အချိန်များပဲ ဖြစ်ပါ၏။
တဂ်ပို့ ( စ )လေးမှာ နောက်ဘဝ၊ ဒုတိယ ဘဝ လူဖြစ်ပါတော့ မလား .. ဟု ကျွန်တော် ဆွေးနွေးမိခဲ့ ပါသည်။
နောက်ဘဝကို မစဉ်းစားချင် ယခုဘဝပင် ပျော်ပျော်နေချင် ဆိုလျှင်တော့  မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ပင် မဖြစ်
နိုင်တော့ သလို၊ တစ်ဘဝစံ သမားပဲ ဖြစ်မှာသေချာသွားပါမည်။ တစ်ဘဝစံ ဆိုလျှင်တော့  နောက်ဘဝတွေ
“ ခံ ” ရပေတော့ မည်။
နောက်ဘဝ မခံ ရအောင် ဘာတွေ လုပ်ရပါ့ မလဲ ဆိုသော် ... စူဠသောတပန်အဆင့် လေး ရောက်အောင်တော့ 
လုပ်ရပါမည်တဲ့  ..။ စူဠသောတပန်၊ မဟာသောတပန်၊ သကဓါဂမ်၊ အနာဂမ်၊ ရဟန္တာ စ သည်ဖြင့် အဆင့်ဆင့် 
ရှိကြရာဝယ် အနိမ့် ဆုံး စူဠသောတပန်တော့  ကျွန်တော်တို့  မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အားလုံး လုပ်နိုင်ကြပါ
လိမ့် မည်။
စူဠသောတပန်က နောက်ဘဝ၊ ဒုတိယ ဘဝ ကျိန်းသေ လူ၊နတ် ဖြစ်မည့် ကံ အလုပ်ပဲ ဖြစ်ပါသည်။
ယခု လုပ်မိနေသော ဒါန၊ သီလ၊ ဘာဝနာ အလုပ်များကို မဆိုလိုပါကြောင်း ဘုန်းဘုန်းက မိန့် မှာပါသည်။
ထို ကောင်းမှု အလုပ်များသည် သမထ ဆန်သော အလုပ်များဖြစ်ပြီး အကျိုးပေးမှာလည်း ဘဝနှင့်  အချိန်ရွေး
သည်ဟု သိရပါသည်။ အဘယ့် ကြောင့်  ဆိုသော် တကယ်ပဲ နာလွန်းမက နာလွန်းလာသောကြောင့် သေကြ
ရသောအခါ မှတ်စရာ ရှု့ စရာ ကိုယ့် မှာမရှိတော့ ၍ ဖြစ်ပါသည်။ ထိုအချိန်တွင် ရေနစ်နေသူက ကြောက်လန့် 
တကြားဖြင့်  သတိလက်လွတ် စွဲမိစွဲရာ ဆွဲ နေရချိန်လည်း ဖြစ်တော့  ကိုယ်လုပ်ခဲ့ မိသည့် ဒါန၊ သီလ၊ ဘာဝနာ
အလုပ်တို့ ကို အမှတ်ရဖို့  လုံးဝ မလွယ်ကူနိုင်တော့ သောကြောင့်ဤသို့ မိန့် မှာခဲ့ သည်ဟု ထင်ပါသည်။
ထိုအဆိုအမိန့်  မှန်မမှန်ကို ကိုယ့်နှာခေါင်းအား သူများကို ပိတ်စေပြီး ခဏလေးလောက်ဖြစ်ဖြစ် သေချင်ရောင်
ဆောင်ကြည့်စေချင်ပါသည်။ တကယ်ကိုယ်သေရတော့ မည်ဆိုလျှင် သည့်ထက်အဆပေါင်းများစွာ ဆိုးပါလိမ့် 
မည်။ အမြင်တွေ၊ အကြားတွေ၊ အနံ့ တွေ ၊ အရသာတွေ စသည့် အာရုံတို့  အားလုံးပါ အဆင့်ဆင့် ချုပ်လာ
ပျောက်လာပြီး အမှောင်ထုကြီးကပါ တဖြည်းဖြည်း ကြီးစိုး လာမည်ဖြစ်ပါ၏။ မှတ်သည့်  အကျင့်ကလေးမရှိခဲ့ 
သောကြောင့်လည်း မကျေမနပ်နှင့် သေပွဲ ဝင်ရမည် ဖြစ်ပါသည်။ ကောင်းမည့်နေရာ မရောက်နိုင်၍လည်း
ဒါန၊ သီလ၊ဘာဝနာ စသော သမထ ကုသိုလ်တို့  အကျိုးပေးခွင့် မရှိနိုင်ခြင်း ဖြစ်ပါ၏။ မကောင်းသည့် နေရာ
ရောက်ပြီး တပ်တိယဘဝ ပြန်ရောက်မှသာ ယခုဘဝ၏ သမထကုသိုလ်က အကျိုးပေးမည်ဟု သတိပြုဖွယ်
နာယူရပါသည်။ ရခဲလှသည့်  လူ့ ဘဝကို ရှင်တော်ဗုဒ္ဓက လက်သဲခွံပေါ်က မြေမှုန့် ပမဏနှင့် ကမ္ဘာမြေကြီးထု
ပမာဏအား သိသာထင်ရှားအောင် ခိုင်းနှိုင်း ဟောကြားခဲ့ တာကိုလည်း ကြားဖူးနေလျှင် မမေ့ လိုက်သင့်ကြ
ပါဟု ထင်ပါသည်။
ဒါန၊ သီလ၊ ဘာဝနာ စ သည့်  သမထ အလုပ်တို့ က ဘုရားမပွင့် မှီကပင် ရှိနေခဲ့ ပြီး၊ ၃၁ဘုံသားတွေကို ကယ်
တင်ရန် ကျိန်းသေ လူပြန်ဖြစ်နိုင်ရန်“ ဝိပဿနာ ” အလုပ်အတွက် ဘုရားပွင့် ခဲ့ ရပါသည်ဟု ဗဟုသုတဖြစ်ဖွယ်
မှတ်သားရပါ၏။ “ ဝိပဿနာ ” ၏ အမြင့် ဆုံး ပန်းတိုင်က “ နိဗ္ဗာန် ” ဖြစ်နေ၍ လိုက်မမှီတော့ သောကြောင့် 
လည်း ကျွန်တော်တို့ နှင့်  အနီးဆုံး၊ အနိမ့် ဆုံး ဖြစ်သော “ စူဠသောတပန် ” အလုပ်ကလေးကို ဆွေးနွေးမိခြင်း
ဖြစ်ပါသည်။
စာလည်း ရှည်လာပြီဖြစ်၍ အတိုချုံ့  အဆုံးသတ်ပါတော့ မည်။
စူဠသောတပန် ဖြစ်ဖို့  အချက်လေးချက်ကတော့  ...
(၁) တရားနာရပါမည်။
တရားမနာပဲ မဂ်ဖိုလ်နိဗ္ဗာန် စံ ဝင်သွားနိုင်သူ နှစ်ဦးသာ လောကဝယ်ရှိသည်ဟု သိရပါ၏။
ထိုသူနှစ်ဦးမှာ သမ္မာသဗုဒ္ဓဘုရားရှင် နှင့်  ပစ္စေကဗုဒ္ဓာ တို့  နှစ်ဦးတည်း ဖြစ်ပါသည်။ ထိုအရှင်သူမြတ်ကြီး
များက တရားကို ကိုယ်တိုင် ရှာခဲ့ ကြသူများ ဖြစ်ပါ၏။
(၂) သူတော်ကောင်းကို ဆည်းကပ်ရပါမည်။
“သူတော်ကောင်း ” ဆိုသည်မှာ ငါးပါးသီလ လုံရုံ၊ မေတ္တာပွားတတ်ရုံ၊ အမြင်အကြားရသည့်  ဘိုးတော်
များ၊ မြေရှိုး မိုးပျံနေသည့်  ဝိဇ္ဇာများကို မဆိုလိုပဲ၊ ရုပ်၊နာမ်နှစ်ပါးမှ “ ငါ ” ကွာအောင်၊ ရုပ်နာမ်နှစ်ပါးကို
နားလည်ရှင်းလင်းသွားအောင် သင်ကြားပြသပေးနိုင်သော ပုဂ္ဂိုလ် ကို ဆိုလိုပါသည်။ မှန်၍ ရှင်းသောတရား
ဖြစ်နေလျှင် သီလရှင်နှင့် သာမာန် လူပုဂ္ဂိုလ် ဖြစ်နေစေကာမူ နာယူရပါမည်ဟု ဆိုပါသည်။
လူကို နာ တာမဟုတ်ပဲ၊ တရားကို နာ တာ ဖြစ်ကြောင်း မိန့် ပါသည်။
(၃) နာမိခဲ့ သော တရားများကို ထပ်ပြန်တလဲလဲ ပြန်လည်ဆင်ခြင်နေရပါမည်။
ကိုယ်ပိုင်ဥာဏ်ဖြင့်  ဟုတ်ရဲ့ လား၊ တကယ်ရော သဘောပေါက်ရဲ့ လား၊ တကယ်ရော လွတ်မြောက်ပါရဲ့ လား
စသည်ဖြင့်  ဆင်ခြင်နေရပါမည်။
(၄) ဆင်ခြင်မိသော တရားများအတိုင်းလည်း အခါအားလျော်စွာ ကျင့် ကြံ ပွားများနေရပါမည်။
ကိုယ်က နားလည် ရှင်းလင်းလာပြီဆိုလျှင်တော့  အချိန်ရလျှင်ရသလို၊ အချိန်မရပါကလည်း ရအောင် အချိန်
တစ်ခု သတ်မှတ်ပြီး ကြိုးစားနေဖို့  ဖြစ်ပါသည်။ ကုန်းထ, ရုန်းထ, ဖို့  လိုနေပါပြီ။ သည်အဆင့်လေးကိုပဲ အာဇာနီ
တစ်ယောက်၏ စိတ်ဓါတ်ဖြင့် ဖြတ်ကျော် ကြည့် စေချင်ပါသည်။
အထက်ပါ အချက်များကတော့  ကျွန်တော်တို့ အားလုံးတို့  စီးပွားရှာရင်း၊ မိသားစုအလုပ်ကို လုပ်ရင်း တောထဲ
ပြေးမဝင်ပဲ လုပ်နိုင်သည့်အလုပ်များပဲ ဖြစ်ပါသည်။ ဗီဒီယို တစ်ခွေကို နှစ်နာရီလောက် အချိန်ကုန်ခံပြီး ကြည့်နိုင်
သလိုပဲ တရားတစ်ပုဒ်၊ တရားတစ်ပွဲကို တစ်ခြားဘာအလုပ်မျှ မလုပ်ပဲ စိတ်ရှင်းရှင်းနှင့်  ပြီးဆုံးသွားအောင် နာ
သင့်လှပါပြီ။ ယခုခေတ်တွင် ကျွန်တော်တို့ လို လူများနားလည်လွယ်အောင် ရိုးရိုးစကားပြေများဖြင့်  ရှင်းပြ
ဟောကြားနေသော ဆရာတော်၊သံဃာတော်များ အများအပြား ပေါ်ပေါက်နေကြပြီ။ ငယ်စဉ်က ကြာနီကန်
ဆရာတော်ဆိုလျှင် အခုခေတ်လူရွယ်တိုင်းသိကြပါလိမ့် မည်။ အခုတော့  ကြာနီကန်လို အရွှန်းမဖောက်ပေမယ့် 
တည်တည်ခန့် ခန့် ဖြင့်  နားထောင်ကောင်းအောင် ဟောနိုင်ရှင်းနိုင်သော ဘုန်းဘုန်းတွေ များလှပါပြီ။
အမှန်ကတော့  ကျွန်တော်လည်း ယခုမှသာ ကိုယ့်ဘာသာအကြောင်း စ,တင်လေ့ လာမိ၍ ရင်သတ်ရှု့ မော
အံ့ သြခြင်းများဖြစ်ရပါကြောင်း ရိုးသားစွာ ဝန်ခံရပါသည်။ ကျွန်တော်ကလည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်
တစ်ယောက်ပဲ မဟုတ်လား ...။
အင်း အဖြူလေး ရေ
ReplyDeleteပြီးမှ တခါထပ်ဖတ်ပြီး ပြန်ဆွေးနွေးအုန်းမယ် အခု အလုပ်ရှိနေသေးလို့
အဖြူလေးရေ အဖြူလေးရေးတဲ့ထဲမှာ ကာလာမသုတ်အကြောင်းလဲပါတယ် အဖြူလေး ကာလာမသုတ်ကိုအပြည့်အစုံလေးထည့်ရေးစေချင်တယ်
ReplyDeleteရောက်တဲ့အရပ်မှာ ရတဲ့အချိန်လေးမှာ တရားဓမ္မကို နှလုံးသွင်းနိုင်တဲ့ ကိုအဖြူလေးကို လေးစားပါတယ်.
ReplyDeleteမိတ်ဆွေတွေအတွက် ကောင်းနိုးရာရာလေးတွေ မျှဝေ ခံစားစေတဲ့ ကိုကျော် ကို လေးစားပါတယ် ..
ReplyDeleteကိုယ့်ဟာ ကိုယ် နှာခေါင်းပိတ်ပြီး သေချင်ယောင်ဆောင်ဖို့  လုပ်ကြည့်မိတာ သိပ်မလွယ် ပါလား...
သမထ အလုပ်ဆိုရင် ပိုများခက်နေမလား ....ဒယ်အိုး မရောက်ဖို့  အတော်ကြီးကို ကြိုးစားရပါအုံးမယ်...
အချိန်တွေကတော့ တတ်နိုင်သလောက် ဟိုရွှေ့ဒီရွှေ့.. တကယ်တမ်း အိုနာသေဘေးနဲ့ တွေ့တဲ့အခါကျရင် ဘုရားတရားကို ပြေးသတိရတယ်.. အဲ့ဒီအခါကျရင်တော့ ဘွာ ခတ်လို့ရမှာ မဟုတ်တော့ဘူးနော်.. အဲ့လိုအတွေးမျိုးတွေ ခန ခန ဝင်လာလဲ အခုထိ ဟိုရွှေ့ဒီရွှေ့ လုပ်နေတုန်း.. ဘုရားကို ဦးသုံးကြိမ်ပဲ ချမိနေတုန်းပါပဲ အကိုအဖြူလေးရေ...
ReplyDeleteဒါန၊ သီလ၊ ဘာဝနာ သမထ ဆို သည့်အတိုင်း အခြေခံကစရမှာပါ၊ မှုကြိုအဆင့်တိုတော့ ဒီလိုပေါ့၊
ReplyDeleteကုလိုယ်ကောင်းမှုတွေအတွက်သာဓုခေါ်ပါတယ်၊
ဘာသာရေးဆိုတာ လူနဲ့လောကအတွက် ကောင်းကျိုးဖြစ်ထွန်းအောင် ပေါ်ပေါက်လာတဲ့ အရာလို့ ရိုးရိုးလေးပဲ တွေးပါတယ်...ဒါ့အပြင် ဘာသာတရားဆိုတာ တိုင်းတာရမယ့် ပေတံ၊စံမဟုတ်ဘဲ သက်ဝင်ယုံကြည်ရမယ့် အရာသက်သက်သာဖြစ်တယ်လို့လဲ ခံယူပါတယ်...
ReplyDeleteကောင်းတယ်ဗျို့ . .
ReplyDeleteဆက်ပါဦး။
သေခြင်းတရားကတော့ အရင်ကြုံရမှာ မုချပဲဗျို့။ ကြိုက်တယ်ဗျာ။ ဒီပိုစ်လေးကို။ အရမ်းကောင်းတာပဲ
ReplyDeleteတန်ဖိုးရှိသောပို့စ်လေးအတွက် ကျေးဇူးပါအကို...
ReplyDeleteကောင်းသောနေ့လေး ဖြစ်ပါစေ။
တရားနာသွားတယ်
ReplyDeleteတရား နာသွားပါတယ် ...
ReplyDelete