Saturday, July 2, 2011

ဖြစ်၍ မပျက်ခြင်းများ ( ၂ )

တရားရှာသည်ဆိုသည့် နေရာတွင် ကျွန်တော့် အထင်တော့  ဆရာတော်ကြီးများ မိန့် ဖူးနေသည့်  “ သံဝေဂ ”
ဥာဏ်တော့ ရှိဘို့  လိုသည်ဆိုတာကို ပြန်သတိရမိပါသည်။ သံဝေဂ ဥာဏ် အခြေခံပါမှ ယ္ခုလို သမထ၊ ဝိပဿနာ
ဘာဝနာ အလုပ်များကို ပို၍ လုပ်ဖြစ်ကြမည်ဟု ဆိုသည်။ စွဲစွဲမြဲမြဲ လုပ်မိသွားခြင်းဟုလည်း ဆိုနိုင်ပါ၏။

လောက လူ့ ဘဝကို စိတ်ပျက်ခြင်း၊ ငြီးငွေ့ သွားခြင်းကို “ သံဝေဂ” ရသည်ဟု ကျွန်တော်တော့ ထင်ပါသည်။
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အချစ်ရေး အိမ်ထောင်ရေးတို့ မှသည် ရ,ထားသည့်  ကိုယ့် ဘဝ၏ မဆုံးနိုင်
မကုန်နိုင်တော့ သော နေ့ စဉ်ကြုံ့ တွေ့  ဖြေရှင်းနေရမည့်  “ .... ရအုံးမယ် ” ဆိုသည့်  ထူးမခြားနားတော့ သော
ကိစ္စတွေအားလုံးကို ငြီးငွေ့  စိတ်ပျက်လာခြင်းလည်း ဖြစ်နိုင်သလို နေ့ တိုင်း မပျိုပဲ အို, အို လာသည့်  ဇရာမီးကို
လည်း သတိ စ,ပြုမိ၍ တုန်လှုပ်ချောက်ချားသွားခြင်းလည်း ဖြစ်နိုင်ပါသည်။

တစ်ချို့ က လူမှုစီးပွားအရေး အားလုံး အဆင်ပြေ ချောမွေ့ သည့် ကြားမှ “ဘာဝနာတော” ကို တိုးဝင်လာနေတာ
ကျွန်တော်တွေ့ ရသလို၊ တစ်ချို့ ကျတော့ လည်း လောကီလူ့ ဘောင်မှာ မနေနိုင်တော့ လောက်အောင် ကျရှုံး
လာကြသောကြောင့်  ရိပ်သာကို ကိုယ့်ရဲ့  ထာဝရ အိပ်ယာလို မှီခိုလာခဲ့ ကြသည်။ တရား၏ အရိပ်ကို ခိုလှုံလာ
ကြခြင်း၊ နောက်ဆုံးလဲလျောင်းရာကို ရှာလာကြခြင်း၊ ဘဝနေဝင်ချိန်အတွက် အားကိုး အားထားရာ အစစ်အမှန်
ကို ရှာလာကြခြင်းပဲ ဖြစ်ပါ၏။

သံသယာကြီးကို စိတ်ပျက်ငြီးငွေ့  သွားခြင်း .. လို့ တော့  ကျွန်တော်မသုံးလိုပါ။ စိတ်ကူးနှင့်တောင် ညောင်းနေ
အောင် ကြည့်ရမည့် ရှည်ကြာလွန်းခဲ့ သည့်  “ သံသယာခရီး ” ဆိုသည်ကကတော့ ကျွန်တော် သုံးစွဲဖို့  မတန်
လွန်းသောကြောင့်  ဖြစ်ပါသည်။

လုပ်ချင်တာအကုန်လုပ်လာခဲ့ ပြီး ဆံပင်တို့  ဖြူချိန်၊ အသားအရေ တို့  တွန့် လာချိန် ရောက်မှ ဘာဝနာအလုပ်
နှင့်  ချမ်းသာရာအမှန်ကို ရှာပါတော့ မည်ဆိုလျှင် ပို၍ ခရီးမရောက်နိုင်ပါကြောင်းလည်း ကျွန်တော် မှတ်သား
ထားမိပါသည်။ ဆံပင်တို့ နက်နေသေးချိန်၊ ဥာဏ်တို့  ထက်မြက်နေသေးချိန်၊ ကိုယ့် ခန္ဓာတို့  သွက်လက်နေချိန်
တို့ တွင် လက်ဦးအောင် စ,ထားမိပါမှ ဆံပင်တို့ ဖြူ၍ ကိုယ့် ကို အပစ်ခံ ရတော့ မည့် အချိန်တွင် ချမ်းသာရာ
အစစ်နှင့်  နှလုံးသွင်းနေတတ်မည်ဟု ဆိုလိုရင်းဖြစ်ပါမည်။

“ ဝိပဿနာ ဘာဝနာ” အလုပ်သည် ဥာဏ်အလုပ်၊ ပညာအလုပ် ဖြစ်သောကြောင့်  ဥာဏ်တို့  ထက်မြက်နေချိန်
တွင် လုပ်ပါမှ၊ စ, ထားကြပါမှ ပို၍ အကျိုးများပါမည်ဟု ဆရာတော်ကြီးများက အကြိမ်ကြိမ် မိန့် ဆိုနေကြသည်။

နုငယ်စဉ် ဖြတ်လတ်သော အတွေးအမြင်တို့ ဖြင့်  လတ်ဆတ်သော ချမ်းသာခြင်း အစစ် တို့ ကို ဘယ်တော့ မှ
မမေ့ မလျော့ နိုင်တော့ အောင်၊ နောက်ဆုံးထွက်ရတော့ မည့် အချိန်တွင် နောက်ဆုံးပိတ်အဖြစ် ကျန်နေအုံးမည့် 
“ဘဝင်စိတ်ကလေးအထိ ” စွဲနေ မြဲနေအောင်၊ လေ့ ကျင့် ပျိုးထောင်ထားဘို့ ပဲ ဖြစ်ပါသည်။

အဲ .. တစ်ချို့ ကျတော့  သိချင်၊ စူးစမ်းချင်၊ စမ်းသပ်ချင် သည့်  ဆန္ဒ များဖြင့်  တစ်စိုက်မတ်မတ် လေ့ လာအား
ထုပ်နေကြတော့ သည်။ သည်အုပ်စုတွင်တော့  လူငယ်၊လူရွယ်တွေ အတော်များသည်ကို ကျွန်တော်ဝင်ခဲ့ သော
ရိပ်သာ သုံးခုတွင် တွေ့ ခဲ့ ရပါသည်။ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်၊ စီးပွားတစ်ဖက်နှင့်  အားသည့်  ရ,သည့် 
အချိန်တိုင်း ရိပ်သာကို ပြေးခိုနေကြသည်။

မည်သည့် အကြောင်းများကြောင့် ပဲ ဖြစ်ဖြစ်၊ အထက်ပါ ပုဂ္ဂိုလ်များအားလုံးသည် ကိုယ်ကျင်လည်နေရသော
ကိုယ့် ဘဝ၊ ရ,ထားသော လူ့ ဘဝကို အတိုင်းအတာတစ်ခုအထိ သတိပြုလိုက်မိသူများဖြစ်သည်။ တစ်ယောက်
နှင့်  တစ်ယောက် တွေးခေါ်မျှော်မြင်သည့်  အတိမ်အနက်သာ ကွာမည်။ ရည်ရွယ်ချက်ကတော့ မကွာနိုင်ပါပေ။
အေးချမ်းမှု အစစ်ကို ရှာသည့် နေရာမှာပဲ ဖြစ်ပါသည်။ သို့ သော် တကယ့် စစ်မှန်ပြီး ငြိမ်ပြီးအေးနေသည့် 
အေးချမ်းမှု ဆိုတာကိုတော့  ဤလောကဝယ် “ သိ ” သူ နည်းလွန်းသလို တစ်ချို့ ကျတော့ လည်း သိသလိုရှိနေ
ပေမယ့်  လုပ်ရမည့်  ဖြည့်ကျင့် ရမည့်  ကိစ္စတွေအတွက် လက်တွန့် နေကြသေးသူတွေကလည်း အလွန်များ
နေပါသေး၏။ စောပါသေးတယ်၊ အချိန်မတန်သေး၊ “ .... လုပ်ရအုံးမယ့် ကိစ္စတွေ ” က ရှိသေး၊ ပျင်းတယ်၊
နောက်မှ နောက်မှ ... များစွာနှင့် ပဲ ပြက္ခဒိန်အုပ်တို့  အကြိမ်ကြိမ်မြေခ, နေခဲ့ ရသည်မှာလည်း ယနေ့ တိုင်ပဲ
ဆိုပါတော့  ။

အဲ တစ်ချို့  ...၊ တကယ့် တစ်ချို့ ပဲ ဆိုကြပါစို့ ...။
တွေ့ နေ၊ မြင်နေလို့ ပါပဲ ၊ ကိုယ့်ဘာသာ၏ အဓိက အဆီအနှစ်ဖြစ်နေသော သည်ဘာဝနာအလုပ်ကို ကိုယ်က
ကိုယ့် မှတ်ပုံတင်၏ လူမျိုးကိုး၊ ကွယ်သည့် ဘာသာနေရာမှာ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဟု ဖြည့်ထားခဲ့ ပေမယ့် 
ကိုယ့် ဘာသာ မဟုတ်သလိုပါပဲ။ “သောက်တော်ရည်” လေးတောင်မတင်မကပ်မိကြပဲ ဖာသိဖာသာ နေ,နေကြ
ခြင်းပင် ။ အဲ့ လိုလူမျိုးကျတော့ လည်း တတ်ရောင်ကားပဲဖြစ်ဖြစ်၊ မတတ်တစ်တတ်ပဲဖြစ်ဖြစ်၊ ကြုံလို့ ပဲ ဖြစ်ဖြစ်၊
မကြုံလို့ ပဲဖြစ်ဖြစ် နဲနဲလေး ယောင်လို့ များ ဘာသာရေးအကြောင်း၊ ဘာဝနာတို့ အကြောင်းများ စ,မိရင် အမတန်
ထူးဆန်းအံသြဖွယ်အကြည့် နှင့်  အကြည့် ခံရသလို၊ ကွယ်ရာတွင်လည်း လက်ကလေးကွယ်ပြီး မေးငေါ့ ပြတတ်
ကြပြန်ပါသည်။ အား များသည့်  သူတို့ ကြားတွင် ကိုယ်က အကောင်းကနေ အရူးဖြစ်ရတော့ သည်။ အော်...ကိုယ်
ကိုယ်တိုင်ကလည်း တတ်ရောင်ကားပေပဲကိုး ...။

..................................................................................................................

“ အင်း လေ ... နဲတောင်နဲသေးတယ်၊ ကိုကျော်ကလည်း ...၊ သူ့ ဖာသာသူ ဘာပဲဖြစ်ဖြစ်ပေါ့ ၊ ကိုယ့် အလုပ်
ကိုယ်လုပ်လေ၊ နို့  ... နေပါအုံး ကိုကျော်က ဘယ်လောက်တောင် လုပ်ဖြစ်နေလို့ လဲ၊ ဖြစ်ပျက် ( ၁ ) ကတည်းက
ဖတ်ပြီး ပြောချင်နေတာ .. လျှာကို ရှည်လွန်းတယ်၊ ဆြာကြီးပေါ့ လေ ... ”
“ ဒေါ်ကြယ် ” ခေါ် “ ကြယ်ကလေး ” က ကျွန်တော်နှင့် တွေ့  စဉ် ပြောလိုက်ခြင်း ဖြစ်သည်။
( အဆိုပါ ကြယ်ကလေး သည် ဟိုးအရင် ကျွန်တော်ရေးခဲ့ ဘူးသည့်  “ ကြယ်ကလေး ” ပို့ (စ) အဟောင်းထဲမှ
ကျွန်တော့်  ဇာတ်ကောင် တစ်ဦးပဲဖြစ်ပါသည်။ )
“ ဟ ... ဒေါ်ကြယ်ရယ်၊ တွေ့ မယ်တောင်မကြံသေးဘူး၊ ရန်ဖြစ်ချင်နေပြီ.. သောက်ပါအုံး..၊ အေးတော့ မယ် ”
ကျွန်တော်က သူ့ ကို ကော်ဖီသောက်ရန် ပြောဖြစ်သည်။
“ အမယ် မှာကတဲက ရေခဲနဲ့  မှာပြီးတော့ များ...”
ကျွန်တော် ပြုံးလိုက်သည်။ အမတန် တည့် ခဲသော မိတ်ဆွေကို ကျွန်တော် ကော်ဖီတငုံလောက် ငုံ ရင်း ကြည့် 
ဖြစ်သည်။ ပုလင်းဖင်လောက်ရှိသည့်  မျက်မှန်ထူထူကြီးတွင် ဒီဂရီ အနည်းငယ် တိုးလာသည်မှအပ အရင်
ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓါတ်လှေကားမောင်းစဉ်ကအတိုင်း “ စွာ ” နေတုံးပင်။ ယခုတော့ ဆဲဗင်း
အလဲဗင်း ညလုံးပေါက်စတိုးဆိုင်တွင် သူဝင်လုပ်နေပြီး သူ့ ညဂျူတီ အထွက်တွင် ဆုံမိကြခြင်း ဖြစ်၏။

“ ဘယ်လောက် နားလည်နေလို့ လဲ .. ဝေါ်တို့ တော့  သိပ်မသိဘူး၊ ကိုကျော်ပြောသလိုတော့  အသက်ရှုဖြစ်
ပါတယ်၊ ဒါပေမယ့်  အမြဲတန်းလည်း မလုပ်နိုင်ပါဘူး၊ မေ့ နေတာများတယ်လေ ..၊ ကိုယ်အသက်ရှုနေတာကို..”
“ ကျွန်တော်လည်း ဒီလိုပါပဲ၊ အဲ .. သတိရရင်တော့ လုပ်မိတယ်၊ အခုဟာက ဟိုတုန်းကလိုပဲ အဲ့ ဒီ အာနာပါန
အလုပ်ကနေ တဆင့် ဒီဘက်ကို တွဲကြည့် မိတာ ..”
“ ဒါနဲ့  ... မီးလောင်ရော .. ဆိုပါတော့  ...”
ဒေါ်ကြယ်က ကော်ဖီ ငုံရင်း ကျွန်တော့် ကို နောက်၏။
“ အင်းလေ .. လုပ်တိုင်း လောင်တော့ တာ..”
“ ဒီတော့  .. ”
“ ကျွန်တော် ဘာသာရေးလင့် တွေကို ဝင်နားထောင်တယ်၊ နဲနဲတော့  သိလာသလိုလို ရှိလာတယ်၊ သီအိုရီ
ကို ပြောတာနော်...”
“ အင်း .. ”
“ ဝေဒနာကတော့  အချိန်ကြာလာရင် ပေါ်လာမှာပဲ၊ ကျွန်တော်က အဲ့ ဒီဝေဒနာပေါ်မှာ “ ငါ ” ထပ်မိနေတာကိုး”
သူ လှည့် ကြည့်လာသည်။
“ အမှန်က ခွာရှု့  ရမှာပါတဲ့ ၊ ဝေဒနာကို သိလိုက်တဲ့ စိတ် က သတ်သတ်၊ နာကျင်ကိုက်ခဲပါတယ်လို့  ခံစားပစ်
လိုက်တဲ့  စေတသိတ်က သတ်သတ်ပါ ”
“ ဟင် .. ဘာလဲ၊ စိတ် နဲ့  စေတသိတ် မတူဘူးလား .. ”
“ မတူဘူး ... ဒေါ်ကြယ်ရ၊ စိတ် ကတော့ မျက်စေ့ နှစ်လုံးပွင့် ကတည်းက ကိုယ့် ဝန်းကျင်က အာရုံအားလုံးကို
သိ နေလိုက်တာပဲလေ၊ အဲ ... နောက်စိတ် ၊ စေတသိတ်က ကြိုက်မှု၊ မကြိုက်မှု၊ နှစ်သက်မှု၊ မနှစ်သက်မှုတို့ ကို
ခွဲခြားပစ်လိုက်တာပါ ..၊ ကဲ ... အခုသောက်နေတဲ့  ကော်ဖီဗျာ..၊ အမှန်က ကော်ဖီလို့  ခေါ်စေလို့  အမည်တွင်လို့ 
ခေါ်နေရတဲ့  ကော်ဖီကို မြင်တာနဲ့  ကော်ဖီလို့  သိလိုက်ချိန်မှာ ခဏလေးရပ်..၊ အဲ ... အဲ့ ဒီ အမြုပ်ကလေးတွေ
ဖောင်းတက်နေတဲ့  ကော်ဖီကိုပဲ ကြိုက်ချင်၊ သောက်ချင်လိုက်တာ၊ မွှေး လိုက်တာ ... စ တဲ့  ချင်ခြင်း၊ ဖြစ်ချင်ခြင်း
တွေ ဖြစ်လာတဲ့  နောက်စိတ် စေတသိတ်က သတ်သတ်လေ၊ ရှေ့ က သိစိတ်တွေကို နောက်စိတ်ဖြစ်တဲ့ 
စေတသိပ်က အရောင်ဆိုးလိုက်တာ ပြောတာပါ။ ဒီလိုပဲ ကြိုက်မှု၊ မကြိုက်မှုတွေ၊ ဒေါသတွေ၊ လောဘတွေ၊
ပျင်းတာ၊ ပျော်တာ၊ လွမ်းတာ၊ ဆွေးတာ၊ လေတာ၊ ချစ်တာ ၊ မချစ်တာ .... ”
“ အမယ်လေး ... ကိုကျော်... တော်တော်..၊ အခု ကော်ဖီကို ကျမပဲ တိုက်ပါ့ မယ်၊ တတ်ပဲ တတ်နိုင်လွန်း ...”
“ ကဲပါ .. ဆက်ပြောပရစေ၊ အရှိန်တက်လာလို့ ၊ အဲ့ ဒီ စိတ်စေတသိတ်ကိစ္စကို ခဏထားပြီး၊ အလုပ်စခန်းဖြစ်
တဲ့  ဖြစ်ပျက် ကိစ္စကို ပြန်သွားမယ်၊ ဘာကြောင့်  ကျွန်တော့် မှာ ဝေဒနာတွေ ဖြစ်လာသမျှ မပျက်ပဲ တက်တက်
လာနေရတယ်ဆိုတာက ..... ”
“ အင်း ....ဆြာကြီး ...ဆိုပါအုံး ”
“ ခန္ဓာ ငါးပါးအကြောင်းကို လုံးဝ နားမလည်သေးလို့ ပဲ၊ ရိပ်သာတွေသာ ရောက်ခဲ့ ပြောင်းခဲ့ ပေမယ့်  ဥာဏ်အား
နည်းလွန်းတော့  လိုက်မမှီ၊ လိုက်မမှီတော့  မသိပဲ ရမ်းလုပ်၊ရမ်းလုပ်တော့ မရ၊ မရတော့  မရကောင်းလားဆိုပြီး
ခါးတောင်းကျိုက် .. ”
“ ဟင် .. ကိုကျော်က ရိပ်သာထဲမှာ ခါးတောင်းကျိုက်တယ် .. ”
“ ဟာ.. နေစမ်းပါအုံး၊ တင်စား ပြောတာပါဗျ၊ ချမ်းသာကို တိုက်ပွဲဆင်ပြီး ရှာခဲ့ မိတာ၊ ဖြစ်ပျက်ကို ဒေါသနဲ့  ရှာခဲ့ 
မိတာ ပြောတာပါ .. ”
“ ဆက်ပါအုံး .. ”
“ အမှန်က အဲ့ ဒီ ခန္ဓာငါးပါးဆိုတာ ဟောဒီ့  ကော်ဖီသောက်နေတဲ့  အမေက မွေးပေးထားတဲ့  ခန္ဓာကိုယ်ကြီးကို
ပြောတာမဟုတ်ပဲ၊ ကော်ဖီကို ကော်ဖီ ...လို့  သိ ၊ အဲ့ လို သိ ပြီးတော့  ကြိုက်သွားတဲ့  အထိ ဖြစ်ပေါ်ခဲ့ ရတဲ့ 
တစက္ကန့်  အတွင်း၊ မျက်စေ့ တစ်မှိတ် လျှပ်တစ်ပြက် အတွင်း ဖြစ်ပေါ် ပြောင်းလဲ သွားတဲ့ စိတ်စေတစ်သိတ်၊
ရုပ်နာမ်တို့  ဖွဲ့ စည်းထားတဲ့  ခန္ဓာငါးပါး ပါပဲတဲ့ ဗျား... ”
“ ကော်ဖီ သောက်လိုက်ဦး .. အေးတော့ မယ် ”
သူက ကျွန်တော့် ကို ပြန်နောက်သည်။ သူ့ ခေါင်းကို လက်နှင့်  ထု မည်ရွယ်တော့  သူ ခေါင်းကလေး ပု သွား၏။
“ အဲ့ ဒီ ခန္ဓာငါးပါးထဲမှာ ရူပက္ခေန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ တို့  ပေါင်းစပ်
ဖွဲ့ စည်းထားပါတယ်တဲ့ ။ အမှန်ကတော့  စိတ်၊ စေတစ်သိတ် ၊ နာမ်၊ ရုပ် လို့  ပြောရင်လည်း ရပါတယ်။ တစ်ချို့ က
ခန္ဓာငါးပါးဖွဲ့ ပြီးရှင်းမှ ရမှာမို့  ခန္ဓာငါးပါးလို့  သီးသန့် ထပ်ခွဲရတာပါတဲ့ ။ အမှန်ကတော့  တစက္ကန့် မျှလောက်သော
အချိန်ကလေးအတွင်းမှာပဲ ဖြစ်ပြီးပျက်သွား၊ ပြောင်းလဲသွားနေတဲ့  ရုပ်၊ နာမ် တွေရဲ့  သဘောကို ရှု့ နေ၊ သိနေ၊
မှတ်နေရင်လည်း အတူတူပါပဲ တဲ့ .. ”

“ ........ ”

“ ပါဠိလိုတွေ သိပ်မပြောချင်တော့ ဘူး၊ ကျွန်တော်ကလည်း ပါဠိလို မရ၊ နားမလည်တော့  ရိုးရိုးပဲ ပြောကြပါစို့ ”
“ ရုပ်ဓါတ်ကတော့  တစ်စက္ကန့် အတွင်းမှာ ကုဋေ ငါးထောင့် ရှစ်ရာရှစ်ဆယ်ကျော် ဖြစ်ပျက်နေပြီး၊ နာမ်က
တော့  တစ်စက္ကန့် အတွင်းမှာ ကုဋေ တစ်သိန်းကျော်အောင် ဖြစ်ပြီးပျက်နေပါတယ်တဲ့ ဗျာ၊ သိပ်မြန်လွန်းတော့ 
မပျက်ပဲ တည်နေသလို၊ မြဲနေ၊ ရှိနေသလို ဖြစ်ရ၊ ထင်နေရတာပါပဲ။ ခုန ပြောတဲ့  ရုပ်၊ နာမ် အရေအတွက်က
ကျွန်တော်တို့  ဥာဏ်မျက်စေ့ တွေနဲ့  လိုက်ရေ လို့ မရပေမယ့်  ဘုရားရှင်ကိုယ်တိုင် မြင်ခဲ့ တွေ့  ခဲ့ တဲ့ အရာတွေ
ဖြစ်နေလို့  အကြွင်းမဲ့  လက်ခံ ကြရပါမယ်နော်၊ ကမ္ဘာ့ မြေပုံပေါ်မှာထောက်ပြီး ဒီနေရာကနေ၊ ဟိုကို ဒီလိုသွား
ရင် ရောက်ပါတယ်ဆိုရင် အကြွင်းမဲ့  လက်ခံရတဲ့  အရှိတရား၊ အမှန်တရား တွေလိုပါပဲ ..”
“ အဲ့ ဒီ တစ်စက္ကန့် အတွင်းမှာ ဖြစ်ပျက် ပြောင်းလဲနေတဲ့  ဖြစ်ပြီး ပျက်နေတတ်တဲ့  ရုပ်ဓါတ်၊ နာမ်ဓါတ်၊သဘော
တွေကို နီးစပ်ရာ လောက ဥပမာများနဲ့  ထပ်ရှင်းထားပါတယ်၊ မြဲနေတယ်လို့  ထင်နေမြင်ရသလောက် မမြဲတတ်
တဲ့  သဘောတွေကိုပေါ့ နော်... ”
“ အင်း ... အခုမှ၊ ကောင်းခန်းရောက်ပြီ .. ” သူ က ထောက်ပေး၏။
“ ဥပမာ ... တီဗွီဗျာ...၊ ခလုတ်ဖွင့် ဖွင့်  လိုက်ချင်းပဲ ဖန်သားပြင်ပေါ်မှာ ဒြဗ်အမှုန်လေးတွေက အစက်အပြောက် လေးတွေအဖြစ် သူတို့ အားလုံးအချင်းချင်း ကြိမ်ဖန်များစွာ ရိုက်ခတ်လာရပြီးမှ ဖန်သားပြင်ပေါ်မှာ ရောင်စုံ ရုပ်သံ
တို့ ဖြစ်ပေါ်လာရသလို .... ”
“ အမယ်.. ဝေါ်တို့  အိမ်က လိုင်းကောင်းပါတယ်...”
“ ဟာ.. မနောက်နဲ့ ဗျာ..”
“ ကဲပါ ..၊ ဆက်ပါအုံး ”
“ မီးသီး၊ မီးချောင်းတွေကို ကြည့် အုံးလေ..၊ မတူညီတဲ့  ဒြဗ်ဝတ္ထုအမှန်တွေက တန်စတင်နန်းကြိုးပေါ်မှာ လျင်
မြန်လွန်းသော အဟုန်တွေနဲ့  ကြိမ်ဖန်များစွာရိုက်ခတ် ဖြစ်ပျက်နေပြီးမှ တဆက်ထည်း “လင်း” နေသလိုမျိုး ဖြစ်
နေတာလေ..၊ အမှန်က အဲ့ ဒီထဲမှာ ဖြစ်လိုက်ပျက်လိုက် စ,တဲ့ အဟောင်းအဟောင်းတွေကို အစားထိုးနေတဲ့ 
အသစ်သစ်တွေ အများကြီး... ကို ဖြစ်ပျက်နေတာ၊ သာမန်မျက်စေ့ နဲ့  မမြင်နိုင်ပဲ ဥာဏ်မျက်စေ့ နဲ့ မှ မြင်နိုင်သိ
နိုင်တဲ့  ဝိပဿနာ အလုပ် ၊ ဖြစ်ပျက်အလုပ်ကို ... အဲ့ လို ဥပမာတွေနဲ့  အနီးစပ်ဆုံး ခိုင်းနှိုင်း ရှင်းပြခဲ့ တာ ... ”
“ ဒါဆို .. အသက်ရှုတာကရော .. ”
“ အဲ့ ဒီ အာနာပါနက တကယ်တော့  သမထ အုပ်စုဝင်အလုပ်တစ်ခုပါပဲ၊ ဒါန၊သီလ၊ အာနာပါနဘာဝနာအလုပ်
တွေက ကောင်းတဲ့  သမထအလုပ်တွေ ဆိုပေမယ့်  သံသယာအတွက်၊ အနီးစပ်ဆုံး မကြာခင်ကျွန်တော်တို့ 
ရင်ဆိုင်ရတော့ မယ့်  သေလွန်ပြီး ဒုတိယဘဝ ရောက်ရ၊ လားရမဲ့  လားရာဂတိတွေအတွက် လုံးလုံး စိတ်ချလို့ 
မရ သေးတဲ့  အလုပ်တွေမို့ လို့ ပါ ... ”
“ ဒီအလုပ်တွေရဲ့  အကျိုးပေးကတော့  လုပ်သလောက်၊ ထက်သန်သလောက် အကျိုးပေးမယ့်  အဖို့ ရှိပေမယ့် 
နောက်ဘဝ လူ၊ နတ်ပြန်ဖြစ်ပါမှ အကျိုးပေးခွင့်  ကြုံမှာပါ ... ”
“ တကယ်လို့  .. လူမဖြစ်ဖူးဆိုရင်ရော ... ”
“ ဒေါ်ကြယ်.. တကယ်မလို့ နဲ့ ၊ ဖြစ်ကိုမဖြစ်နိုင်ဘူး၊ လက်သည်းခွံပေါ်က မြေမှုန့် လေးနဲ့  ဒီပထဝီမြေကြီးပမာဏ
ကို နှိုင်းပြခဲ့ တဲ့  ဘုရားရှင်ရဲ့  လူ့ ဘဝ ရခဲတဲ့  ဥပမာကို မမေ့ နဲ့ လေ ”
“ ဟင် ... ဒါဆို ၊ ဝေါ်တို့  အခု အသက်ရှုနေတဲ့  ... ”
“ နေ .. နေပါအုံး ....၊ ဒေါ်ကြယ်ရယ်..၊ ဆက်ပြောပရစေ၊ အာနာပါန အလုပ်က စက္ကန့် လောက်တောင်မငြိမ်လွန်း
တဲ့  စိတ်ကလေးကို ချဉ်တိုင်မှာ ငြိမ်အောင်ချဉ်တဲ့ သမထအလုပ်လေ၊ သိပ်လုပ်သင့် တာပေါ့ ၊ စိတ်ငြိမ်သွားပြီး
ကြည်လင်နေမှ ပထမဆင့်  အေးချမ်းနေမှာလေ၊ အဲ့ လို ငြိမ်ပြီးအေးချမ်းနေပါမှ ခုန ဥာဏ်စခန်း ဖြစ်တဲ့  ဖြစ်ပျက်
ဝိပဿနာရှု့ တဲ့ ဖက်ကို ကြည့်ရ၊ သိရ မှာ ၊ သမထ အားကောင်းမှ ရှု့ လို့ ပိုကောင်းတဲ့  သဘောဆိုပါတော့  ၊
ဒါပေမယ့်  များသောအားဖြင့်  လူဆယ်ယောက်မှာ ကိုးယောက်လောက်က အဲ့ ဒီသမထအလုပ်ဖက်မှာပဲ အား
သန်နေကြပြီး၊ ဝိပဿနာဘက်ကို မကူးဖြစ်ခဲ့ ကြတာ များပါတယ်တဲ့  ”
“ ဟုတ်လား ... ဘာဖြစ်လို့ လဲ .. ”
“ ဝိပဿနာက ဥာဏ်စခန်း၊ ပညာစခန်း ဖြစ်နေလို့ ပဲတဲ့ ၊ ခက်တယ်လို့  ဆိုချင်တာနေမှာ..၊ သမထအလုပ်တွေနဲ့ 
ဟိုး... ဗြဟ္မပြည်ထဲထိ ရောက်နိုင်ပေမယ့် ၊ သမထလမ်းနဲ့ တော့  မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန် ကို မရနိုင်၊ မရောက်နိုင်ဘူးလို့  ဆိုတယ်..၊ ဝိပဿနာအလုပ် ဘုရားတို့  လျှောက်ခဲ့  လုပ်ခဲ့  လုပ်စေချင်တဲ့  အလုပ်မှသာလျှင်
မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်တယ်လို့ လည်း ဆိုထားတယ် ဒေါ်ကြယ်ရ ... ”
“ နောက်တစ်ခုရှိသေးတယ်လေ .. သမထ အလုပ်ကိုမလုပ်ပဲ ဝိပဿနာကို တိုက်ရိုက်ရှု့ လို့ လည်း ရတယ်တဲ့ ၊
မိုးကုတ်ဆရာတော်ဘုရားကြီးက အဲ့ ဒီနည်းနဲ့  ဝိပဿနာအလုပ်လုပ်တာကို ပိုပြီး အားပေးတော်မူခဲ့ တယ်ဆိုပဲ ”
“ ဘယ်လိုနည်းမို့ လို့ လဲ ... ”
“ တရားနာရင်း သစ္စာလေးချက် ပြီးအောင် တစ်ပါးသောအာရုံတွေကို မပျံ့ လွင့် စေပဲ နာနေတဲ့ တရားမှာပဲ စူးစူး
စိုက်စိုက် နာယူနေတတ်တဲ့ နည်းပါပဲ .. ”
“ ဟင် ... လွယ်ပါ့ မလား၊ ဒီလောက် ...”
“ ဖြစ်နိုင်လို့  ဖြစ်ခဲ့ လို့  ဆရာတော်ကြီးတွေက တိုက်တွန်းတော် မူနေတာပေါ့ ၊ ဘုရားဇာတ်တော်တွေမှာ
တရားတစ်ပွဲပြီးသွားတိုင်း လူပေါင်းသိန်းနဲ့ ချီပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်တွေ ရ ရင်း သောတပန်တည်သွားကြတယ်
လို့  အခိုင်အမာ ပြဆိုထားကြတာပဲ .. ”
“ ပါရမီ ပါကြလို့ နေမှာပါ .. ”
“ မဆိုင်ပါဘူးဗျာ .. တကယ်တော့  ပါရမီဆိုတာလည်း အလေ့အကျင့် တစ်ခုပါပဲ၊ ဟောတဲ့ ပုဂ္ဂိုလ်ဘက်ကလည်း
ရုပ်၊နာမ်တွေပေါ်မှာ စွဲကပ်နေတဲ့  “ ငါ ” ဆိုတဲ့  ဒိတ္ထိ အယူကို ခွာနိုင်အောင် ဟောသလို၊ နာသူဖက်ကလည်း
အဲ့ ဒီ သစ္စာတရားတွေကို စူးစူးစိုက်စိုက်ပဲ နာကြားနေရင် ပြီးတာပဲ ...၊ ကဲ .. ဒါဆို၊ ဒေါ်ကြယ့်  တစ်သက်မှာ စိတ်
ရှင်းရှင်း ဖြောင့် ဖြောင့်  နာခဲ့ ဘူးတဲ့  တရားတစ်ပွဲလောက်ရှိခဲ့ ဘူးလို့ လား ”
“ ကိုကျော်နော် ... ” ဟု သူပြောပြီး စားပွဲပေါ်ရှိ ဆလင်းဘတ်အိပ်ကြီး၏ ဇစ်ကို ဆွဲဖွင့် နေသည်။
ပြီး ... မျက်မှန်ကို ဖြုတ်၍ ဆလင်းဘတ်အိပ်ကြီးထဲမှ တတစ်ရှုးစ ကိုထုပ်ရင်း သုတ်နေသည်။
“ ဟား.... ဒေါ်ကြယ်လည်းပြန်ရအုံးမယ် ၊ ကျွန်တော်လည်း ပြန်ရအုံးမှာပါလား ... ”
“ အင်းလေ.. ဝေါ်တို့ အားလုံး အချိန်တန် အိမ်ပြန်ရမှာပဲ မဟုတ်လား ... ”
သူ ကပင်ဆက်ပြီး ...
“ တွေးရင်း ..၊ ကြံ ရင်း ..၊ ပြောရင်း ..၊ ဆိုရင်း ... နဲ့ ပဲ အချိန်တွေ ကုန်ဆုံးသွားပြန်ပြီလေ ကိုကျော်ရဲ့  .. ”
“ အမယ် ... သံဝေဂ ရ, လာပြီ ဆိုပါတော့  .. ”
“ လျှာရှည်ပြန်ပြီ နော် ...”

ကျွန်တော် ဆိုင်အပြင်ပလက်ဖောင်းပေါ်မှ သူ့ ဆိုင်ကယ်လေးကို အသာတွန်း၍ ပလက်ဖောင်းပေါ်မှ ချ ပေးလိုက်
သည်။ သူ ဆိုင်ထဲမှ ထွက်လိုက်လာရင်း ကျွန်တော့် ကို ကြည့် ၍ ပြောသည်။
“ အင်း .. ကိုကျော်လည်း စာတွေ တော်တော်ဖတ်၊ တရားတွေ တော်တော် နာ ဖြစ်ပုံရတယ် ၊ အသိနဲ့  အကျင့် 
ရော တစ်ထပ်ထည်း ကျ နေပြီလား ”
“ မကျသေးဘူးလေ ..”
“ ဟင် .. ဒါဆို ဘာလို့  ဘလော့ ပေါ်မှာ လျှောက်ရေးနေလဲ ၊ ဒါမျိုးတွေ .. ”
“ ကျွန်တော် သိ သလောက်လေးတွေကို ပြန်မျှတဲ့  သဘော ဆွေးနွေးတဲ့ သဘောပါ၊ သူများကို ပြောနေဖြစ်
တော့  ကိုယ့်ဟာကိုယ်လည်း မမေ့ တော့ ဘူးပေါ့ နော်... ”
“ အင်း... ဝေါ် တို့ လည်း တစ်ခါတစ်ခါ တွေ့ ဘို့ မလွယ်ဘူးလေ၊ နောက်ဆုံးတစ်ခုမေးချင်တာက ... ဒါန၊ သီလ၊
ဘာဝနာ အလုပ်၊ သမထ အလုပ်တွေရဲ့  ကုသိုလ်အကျိုးပေးတွေက နောက်ဘဝ ခံစားစံစားရဖို့  မသေချာဘူး
ဆိုရင် ....”
“ အနည်း ဆုံး လူပြန်ဖြစ်မှ ပေါ့  ... ”
“ သိပ်မရှင်းဘူး ... ကိုကျော် ... ”
“ အဟဲ ... ကျွန်တော် ဆက်ရေးမယ်လေ၊ ကိုယ်တိုင် လည်း နားလည်အောင် ဖတ်ရ၊ နာရအုံးမယ်လေ ..”
“ ကဲ ကဲ ... ပြီးရော၊ ဝေါ် ... သွားတော့ မယ်နော် ... ”
“ အင်းအင်း ... ဘိုင် ... ”

သူ ဆိုင်ကယ်ဦးထုပ်လေကာမှန်ကို ဆွဲ ချ လိုက်သည်။
ကျွန်တော်လည်း ကျွန်တော့်ဆိုင်ကယ်ရှိရာသို့  ထွက်လာခဲ့ တော့ သည်။
ဖားအော်သံ တို့  ကြားနေရပြန်သည်။ တိုင်ဖုန်း ထွက်သွားပေမယ့်  မိုးက မကုန်ချင်သေးပါ ။

အော် ... ကျွန်တော် သူ့ ကို ပြောဖို့  တစ်ခု မေ့ သွားပြန်သည်။
နောက်ဘဝ လူ ပြန်ဖြစ်ဖို့  ....။


.......................................................................................................

( ဆက်ရန် )



9 comments:

  1. ဝေဒနာတက်တဲ့နေရာလေးကိုဘဲမှတ်နေရင် သူ့ဘာသာသူပျောက်သွားမှာပေါ့မဟုတ်ဘူးလားဟင်။

    ReplyDelete
  2. ပြောတတ်တော့ပါဘူးဗျာ...။

    ReplyDelete
  3. အင်း ဆရာမ ပုလင်းဖင်ဒေါ်ကြယ်တော့..
    ဆြာကြီး ကျော် နဲ့ တွေ့ မှ ပဲ ကျွတ်တော့မယ်...
    ဒီမှာတော့ ဝိပဿနာ မပြောနဲ့ သမာဓိအားတောင် မကောင်းနိုင်သေးဘုး..
    ဟုတ်ပါ့.. ငယ်စဉ် ဥာဏ်ထက်စဉ်ကတည်းက လေ့ကျင့်ရမဲ့ တရားတွေ ပါ.. ခုတော့ ဝေဒနာတွေ နဲ့တင် ချာလပတ်လည် နေလို့.. ရှေ့ မတက်နိုင်ဘူး ဖြစ်နေတယ်.
    ကျေးဇူးပါပဲ..ပညာ နဲ့ ဥာဏ် စခန်း ထိရောက်အောင်သွားဖို့ အသိပေးထားတာလေး မှတ်ထားပါတယ်..
    လူကတော့ ဖြေးဖြေးပေါ့ နဲ့ ..ကီးမကိုက်သေးဘူး..း)))

    မကိ..

    ReplyDelete
  4. ကိုယ်တိုင် သိပ်ပြိး အဖြစ်မြောက်အောင် မလုပ်နိုင်သေးတော့ ဖတ်ရုံပဲ ဖတ်သွားတယ်အကို....:):)
    ကောင်းသောနေ့လေး ဖြစ်ပါစေလို့..

    ReplyDelete
  5. ဖြစ်-ပျက် အစဉ် ရှုမြင်ခြင်းဖြင့် တရားထူးတရားမြတ်များ ရှာဖွေတွေ့ရှိနိုင်ပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ဒီကို မလာဖြစ်ခင်က သင်္ကြန်တွင်းဆို အမေက တရားစခန်းပို့တယ်... တရားထိုင်စဉ်အချိန်တွေတုန်းကတော့ စိတ်အေးချမ်းတယ်.. စိတ်ငြိမ်တယ်ပေါ့.. ဒါပေမဲ့ လက်တွေ့ဘဝထဲကို ပြန်ဆင်းလာရတဲ့အချိန်ကျတော့ လှုပ်ရင်း မြှုပ်ရင်းနဲ့ပဲ စိတ်တွေက ပြန်ပီး ပျံ့လွင့်နေတော့တာပါပဲ.. အခုတော့ ဘာတွေ ဘယ်လိုပဲဖြစ်နေပါစေ ဖြစ်ပြီးရင် ပျက်မှာပဲ ဆိုတဲ့ ဖြစ်ပျက်တရားကိုသာ အာရုံရနေမိတော့တယ်... ကိုအဖြူလေး ပြောသလို ဆံပင်မဖြူခင် အသိဥာဏ်တွေ မလွတ်ခင် စိတ်အေးချမ်းမှုကို ရှာနိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါပဲ.. ဆုတောင်းတိုင်းတော့ မပြည့်ဘူးပေါ့.. လက်တွေ့လေးလဲ ဖက်ရဦးမယ်လေ..

    ReplyDelete
  7. ချော(အစိမ်းရောင်လွင်ပြင်)04 July, 2011

    ဘုရားတရားအလုပ်က လူတွေရဲ့ စိတ်ကို တကယ်အေးချမ်းစေပါတယ်။ ပူလောင်မှုတွေကင်းတဲ့ ငြိမ်းအေးရာကို အေးချမ်းစွာ ခိုလှုံခွင့်ရတာ ကံထူးတယ်ပြောရမယ်နော်။ ကျွန်မလည်း အချိန်ရတိုင်း တရားထိုင်နိုင်ဖို့ ကြိုးစားနေပါတယ်။

    ReplyDelete
  8. ပြည်မကြီးထဲရောက်နေလို့ မဖတ်ဖြစ်ဘူး၊ ခုမှအားလုံးဖတ်သွားတယ်
    သမထပဲဖြစ်ဖြစ် ဝိပသာနာပဲဖြစ်ဖြစ်လုပ်ကြည့်တော့ လုပ်နိုင်ဘို့ လုပ်နိုင်ခွင့်တွေကမလွယ်ပါဘူး၊ ပြည်မကြီးထဲက တရုတ်တွေကိုကြည့်ပြီး တရားပိုနားလညိလာသလိုပဲ။

    ReplyDelete
  9. အဖြူလေး ရေ

    မကိ ကတော့ ကီးမကိုက်သေးဘူးတဲ့ ဘယ်တော့မှ ကိုက်မယ် မသိဘူး

    အောက်တိုဘာထဲမှာ တခါ သွားအုန်းမယ် သေချာပြန်လုပ်အုန်းမယ်

    ReplyDelete