Monday, June 22, 2009

တောင်စဉ်မရ ဒဿနများ

...... ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်း စသည့်  သဘာဝလက္ခဏာများကို ခြေရာခံပြီး
ကြိုတင်သတိပေးချက်များ၊ တားဆီး ကာကွယ်ခြင်းများဖြင့် အရင်ဦးအောင် ပြင်ဆင်နိုင်သော်လည်း
မည်သည့် အချိန်၊မည်သည့် နေရာတွင် မည်သည့် ပုံစံဖြင့် မမျှော်လင့် ပဲဖြစ်ပေါ်လာနိုင်မည့် 
"ရင်တွင်းဖြစ် "အချစ်ကိုတော့ ၊ကြိုတင်မသိရှိနိုင်ပါ။
...... ထိုသဘာဝလက္ခဏာများကို ကာကွယ် တားဆီး ဖန်တီး ပြောင်းလဲကောင်း ပြောင်းလဲနိုင်မည်
ဖြစ်သော်လည်း၊ ရင်တွင်းမှာသာဖြစ်တည်တတ်သည့် အချစ်စိတ်ကိုတော့  ဇွတ်အတင်း
ပြုပြင်၊ ဖန်တီး၊ ကာကွယ်၍ မရစကောင်းပါ။
...... ချစ်လာသည့်  ချစ်စိတ် (ချစ်ဆိပ်) ကို၊အတင်းမျိုချ ဖျောက်ဖျက် ရ ပါက သွားတော့ မည့် ဝမ်းကို
ညှစ်ချုပ်ထားရသကဲ့ သို့ ၊ ထွက်ကျကာနီး " ဆီးကို အတင်း အောင့် ထားရသလို ဟုကျွန်တော်
ထင်သည်။
...... တစ်ခါတလေ.. အချစ်က ကင်ဆာနှင့် တူပြီး၊ တစ်ခါတလေ ကူးဆက်မြန်သော " B " ပိုးနှင့် တူ၏
ကင်ဆာက စောစောစီးစီး dead certificate ရသွားသလို၊ တဖြည်းဖြည်းတရွေ့ ရွေ့ လုံးပါး ပါးသွား
ပြီး၊ " B " ပိုးကတော့ လွယ်ကူစွာ ကူးစက်တတ်သလောက်၊ဆင်ခြင်နေထိုင်နိုင်လျင် သက်တန်းစေ့ 
နေသွားနိုင်ပြီး၊ မဆင်ခြင်ပါက ကိုယ့် ကို ချက်ချင်း ဒုက္ခပေးနိုင်ပါသည်။
...... ချစ်လိုက်သည့်  စိတ်ကြောင့် ဖြစ်လာသည့် " အချစ်ဆိပ် "က၊အဆိပ်တကာ့ အဆိပ်တို့ တွင်
ဆေးမရှိသည့်  အပြင်းဆုံးအဆိပ်ဖြစ်၏
...... အချစ်က တခါတလေ အုန်းလက်ကြွေကျတာတောင် သည်းမခံနိုင်သည့်  ယုံကလေးနှင့် တူ
သလို၊ တစ်ခါတလေ...ဂူတစ်လုံးထဲတွင် တစ်ကောင်ထဲ နေတတ်သည့်  ခြင်္သေ့ မင်းကဲ့ သို့ 
လည်း၊ရဲရင့် နေတတ်ပြန်ပါသည်။ တစ်ခါတလေကျပြန်တော့ ..တကျိကျိ ကိုက်ဖြတ်နေသည့် 
ကြွက်ကလေးနှင့် တူ၏
...... အချစ်ဆိပ်သည် အိပ်ရေးပျက်တတ်၏ စား၍မဝင်ဖြစ်တတ်၏
"သူ့ အတွက် ဘယ်လိုဖြည့် ဆည်းရမလဲ " လို့ ၊သူ့ ထက်ဦးအောင် အမြဲတန်းစဉ်းစားနေတတ်ပြီး
နီးနီးလေးနဲ့ တောင် သတိရနေတတ်၍ ဝေးဝေးနေရလျင်လည်း တမြေ့ မြေ့ ဆွေးနေရပြန်သည်။
အချစ်ကမိုးကောင်းကင်ဖြစ်နေသောကြောင့်  ဘယ်လိုမှ ရှောင်ပုန်း၍ မလွတ်နိုင်တော့ ။
...... ချစ်ပြီး ဆုံဆည်းခဲ့ ရပြန်လျင်လည်း၊ အခြေအနေတစ်ခုသို့ ရောက်ပြီး ခွဲခွာကြရသည့် အခါ၊
ငါးရံ့  တစ်ကောင် ပြာထဲမှာလူးရသလို၊အလူးလူး၊ အလိမ့် လိမ့်  ဖြင့် ကြေကွဲခံစားရပေအုံးမည်။
...... ဘယ်လိုပဲရေးဖွဲ့ နေနေ၊ နောက်ဆုံးတော့  အချစ်က ထိလျှင် လောင်မြိုက်ပြီး၊စားသွားတတ်သော
ငရဲမီးနှင့် တူသဖြင့် အဖြေတစ်ခုကိုတော့  စဉ်စားရတော့ မည်။
....................................................................................................................................
..... မတူညီသော မော်လီကျူးများ၊ဒြပ်အမူန်များ၊ စက္ကန့် အတွင်းမှာ...အကြိမ်သိန်းသန်းမက၊အချင်းချင်း
ရိုက်ခတ်ပြီးမှ၊ တီဗီဖန်သားပြင်ပေါ်ဝယ် ရောင်စုံရုပ်သံတို့  စုံလင်စွာဖြစ်ပေါ်လာရသလို၊တွယ်တာ
နှောင်ဖွဲ့ တတ်သည့်  သံယောဇဉ် နှင့်  အချစ်ဆိပ်တို့ သည်လည်း၊ ခဏ၊ခဏ လေးများဖြင့် 
အကြိမ်ပေါင်းများစွာ ဖွဲ့ စည်းတည်ဆောက်လာခဲ့ ရသည်ဟု ကျွန်တော်မြင်သည်။
..... ကျွန်တော်မမြင်ခဲ့ သည်က... ထိုခဏ..တစ်ခုနှင့် တစ်ခုကြား၊ကွာခြားနေခဲ့ ကြသည့်  " Gap " ကလေး
များပင်ဖြစ်တော့ ၏ တွေ့ တုန်း၊ဆုံတုန်း၊ကြုံနေရတုန်းလေးမှာပင်...ထို " Gap " ကလေးများက
တစ်ခုပြီးမှတစ်ခု ဖြစ်လာကြခြင်းဖြစ်ပါသည်။ မြန်လွန်းတော့ လဲ၊ ခလုပ်နှိပ် နှိပ်ခြင်း လင်းသွားသည့် 
မီးလုံးတစ်လုံးကဲ့ သို့  လင်းလိုက်သည့် အရှိန်ကို မှီအောင် မစဉ်းစားလိုက်နိုင်ခြင်း ဖြစ်ပါသည်။
..... အချစ်ကပူလောင်ပြီး၊ အငွေ့  လိုပျောက်ကွယ်လွယ်၍ သံယောဇဉ်က စိမ့်အေးပြီး ဖြတ်ရခက်ပါသည်။
..... ထိုသံယောဇဉ်ခဏ၊အချစ်ခဏတို့ သည်လည်း၊ တစ်ခုနှင့် တစ်ခု အကြိမ်ကြိမ် ချိတ်ဆက်ပြီးမှ
အစဉ်တန်း၍ အမျှင်တန်းကြရခြင်း ဖြစ်သည်ဟု၊ ကြီးမားလာသော အနှောင်အဖွဲ့ ကြီးတွေ အဆိုင်
အခဲကြီးတွေ ဖြစ်လာရသည်ဟု.... ကျွန်တော် ဆိုချင်သည်။
..... ချစ်လိုက်လျှင်.. ချစ်လိုက်သည့် ထိုခဏအစလေးကို သိ ပေးလိုက်၊တွယ်တာလာ၍ စ, ပြီးမျှော်
တတ်လာလျှင် ထိုမျှော်တတ်..စောင့် စားနေတတ်သည့် ၊သံယောဇဉ်အစလေးကို သိ,သိ, ပေးလိုက်
နိုင်လျှင်ပဲ၊ အချစ်စိတ်က.. အချစ်ဆိပ်.. အဖြစ်သို့ ရောက်မလာနိုင်ဟု..ကျွန်တော် ထင်သည်။
..... အားလုံးက ကိုယ့် ခရီးကိုယ်သွားနေကြရပြီး၊ အချိန်တန်လာလျှင်လဲ ခွဲခဲ့ ရ၊ ထားခဲ့ ရမည်မှာ
သေချာလွန်းနေသောကြောင့် ...အထိ၊အခိုက်၊အရှ၊အနာ တို့ မဖြစ်ရလေအောင်......
" အချစ်စိတ် " ကလေး အဖြစ်နှင့် သာ သွားသင့် သည်ဟု..ထင်လာပါသည်။
..... လူတိုင်းတော့ ..ချစ်ခွင့်  ရှိကြသည်မဟုတ်ပါလား။
..... အဖြူရောင်အချစ်များဖြင့်  ခရီးသွားနိုင် ကြပါစေ....။
.............................................................................................................................
( အတွေးအမြင် )

8 comments:

စုဒြေ္န said...

111111

အကြာလေး said...

ကောင်းတယ်ဗျာ...အပြာရောင်အချစ်လေးနဲ့ ..............ထိုင်စောင့် ချင်သူကကျနော်......သူပြောသလိုအဖြူရောင် ....အချစ်များဖြင့် ...ခရီးသွားရင်ဖြင့် မောလွန်းလို့ ပါ..... ဟုတ်ပါတယ်...ကျနော်..အပြာရောင်အချစ်လေးနဲ့ ဘဲ....ထိုင်စောင့် နေချင်ပါတယ်.........တကယ်ချစ်မဲ့ သူကို....မျှော်လင့် နေတဲ့ .........အပြာလေး

ဂျစ်တူးလေး said...

ကိုကြီး..
အချစ်ကို ဖွဲ့နွဲ့ပြီး ပြောထားတာ...
ကောင်းတယ်ဗျာ....။
“အချစ်ကပူလောင်ပြီး၊ အငွေ့  လိုပြောက်ကွယ်လွယ်၍ သံယောဇဉ်က စိမ့်အေးပြီး ဖြတ်ရခက်ပါသည်။”
အဲ့ဒါ ကြိုက်တယ်....ဗျို့။ ဂျစ်တူး အဖြစ်နဲ့တူပါ့....။

ချစ်ခင်တဲ့
ညီမလေးဂျစ်

kaungkinpyar said...

အော် သူလဲ အချစ်အကြောင်းတွေ ရေးတာပါလား၊ ကောင်းတယ်:)

ဇော် said...

အချစ်
အဲလေ ဖြူဖြူ..။ သူလုပ်တာနဲ့ ယောင်ကုန်ပြီ။
အဟီး။

ဇော် said...

အချစ်
အဲလေ .. ဖြူဖြူ။
သူလုပ်တာနဲ့ ယောင်ကုန်ပြီ။ အဟီး။

ourstream said...

ကောင်းပါပေ့ဗျာ...။ရေးသားပုံလေးတွေကော
ခိုင်းနှိုင်းထားတဲ့ စကားလုံးတွေကော....။

သုခုမလေဒီ said...

အတွေးအမြင် ဒဿနတွေကိုပိုနှစ်သက်တယ်။ အချစ်က ပူလောင်ပြီးအငွေ့ လိုပျောက်ကွယ်လွယ်တယ်၊ သံယောဇဉ်က စိမ့်အေးပြီးဖြတ်ရခက်တယ်။း) ကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။