Monday, June 8, 2009

ကျွန်တော်တို့ ရဲ့ ဝိုင်းကလေး(၁)

တနေ့ က မြေပဲမဆိုင်တွင် ကျွန်တော်က ယိုးဒယားကုလားပဲထုပ်နှင့် မြန်မာကုလားပဲထုပ် ၂ထုပ်ကို ကိုင်ပြီးသူ့ ကို
"နာအိကော့ ဘိကျောက်ဖြန်ယိ "( ဘယ်ဟာကပိုပြီးဈေးပေါလဲ)လို့ မေးလိုက်သည်။
' စွိုက်ကော(လူချော)....ကုလားပဲကတော့ အ......တူတူဘဲ...အဲဒီမြန်တရန့် (မြန်မာ) က..ငါးဆယ်
ယိုဒယားနော်...နှစ်ဆယ့် ငါးပေးရတယ် 'ဟုအံကိုတင်း၍လျှာပေါ်မှလေကိုအပေါ်ရှေ့သွားအောက်ထဲမှ
တွန်းထုတ်လိုက်သောအသံနှင့်ပြန်ဖြေ၏။
လေးစားဖွယ်ကောင်းပါ၏။(မြေပဲမဆိုတာ ထိုင်ဝမ်သူများကို ကျွန်တော်တို့က မြေပဲမ လို့ခေါ်ကြသည်..
ဘာကြောင့်ဆိုတော့ ထိုင်ဝမ်းကျွန်းက မြေပဲစေ့ကလေး နဲ့ တူလို့လေ)

တရက်ကလဲကျွန်တော်အလုပ်ကအပြန်ကိုမြစ်ကျိုးအင်း ဖုန်းဆက်မှာ၍ အရောင်တင်မူန့် ဝယ်ရန်
သူ့ ဆိုင်သို့ လှည့်ဝင်ဖြစ်သည်။ 'အဖြူလေးရေ ဟင်းထဲ ထည့်တဲ့ အကျက်မူန့် ဗျာ...အစိမ်းမူန့် မဟုတ်ဘူး'
'ဟေ့ ရောင် အရောင်တင်မူန့် ကိုပြောတာလား '
'ဟာဗျာ.....အဖြူလေး ဝယ်နေကျ ဟင်းထဲ ထည့်ချက်တာလေဗျာ'
'ဟ..ကောင်ရ အကျက်မူန့် ကအသုပ်ထဲထည့်တာ ဟင်းချက်ဘို့ ဆိုအရောင်တင်မှုန့်လို့ ခေါ်တယ်
ဒါပေမဲ့ ငါဘယ်လိုပြောရမလဲ'ဟုကိုမြစ်ကျိုးကိုပြန်မေးတော့ 
'ကျွန်တော်ဆရာမကိုလှမ်းမေးလိုက်မယ်'လို့ သူပြန်ပြောတုန်း
ကျွန်တော်ကမြေပဲမကို 'အရောင်တင်မူန့် ရှိလားလို့ ' မြန်မာလို ယောင်ပြီးမေးလိုက်မိသည်။

စိတ်ကဘာရယ် မဟုတ်ဘူး မြန်မာလိုပဲပေါ့ ပေါ့ ပါးပါးလေးပြောဖြစ်နေတာ အကျင့်ဖြစ်နေတာလေ..။
သူက'ရှိတယ်....နဲနဲစပ်တာနဲ့ ..များများစပ်တာရှိတယ်လေ' ဆိုပြီး မြန်မာလို ပီပီသသ ပြောလိုက်သဖြင့် အံ့သြသွားမိသည်..။
ကျွန်တော်ဖြစ်နေသော ဘာသာစကား အခက်အခဲကို ဆိုင်ရှင်မြေပဲမ လေးက မြန်မာလိုပြောပြီး
အဆင်ပြေ အောင် ကူညီပေးလိုက်သည်...။ကျွန်တော်သူ့ ကိုလေးစားသွားရတယ်...။

ကျွန်တော်တို့ မြန်မာပြန် ရပ်ကွက်ကလေးတွင် ထိုမြေပဲမဆိုင်ကလေးရှိနေသဖြင့် ကျွန်တော်တို့ အတွက် အစစ
အရာရာ အဆင်ပြေနေပါသည်။ကျွန်တော်တို့ လို သူ့ ကိုလေးစားသည့်သူများနေ့ စဉ်အားပေးနေခြင်းကြောင့် သူ့ 
ဆိုင်ကဈေး၏အတွင်းဒေါင့် ကွယ်တွင်ရှိနေပေမဲ့ အမြဲအုံခဲနေသောလူအုပ်ကြီးကြောင့် ဈေးအဝင်ဝရောက်လျင်
ပင်သူ့ ဆိုင်ကိုအလွယ်တကူတွေ့ မြင်နိုင်ပါသည်။

ကျွန်တော်က ဆီကိုနစ်နေအောင် စိမ်ထားသော အာပြဲချောက်ကို အလွန်ကြိုက်တယ်..။
စီးပွါးရေးနဲ့ ကြည့်ရင် တွက်ခြေလဲကိုက်တာကြောင့်လည်း ပါတယ်လေ..။
ဒီလိုနဲ့ အာပြဲခြောက်ဖုတ် ကို အမြဲတန်းလုပ်ဖြစ်နေတော့ အိမ်ရှိကျန်လူတွေပါလိုက်ကြိုက်ကုန်ကြတယ်..။
အလုပ်က ပြန်လာတိုင်း အာပြဲခြောက် ကို ဈေးထဲမှာ အမြဲလှည့် လည်စုံစမ်းလေ့ ရှိတယ်..။

နတ်သမီးမြေ( က နေသောနတ်သမီးလေးနှင့် တူသောမြန်မာပြည်) မှအထပ်ထပ်
ထုပ်ပြီးဝင်လာလေ့ ရှိသည့်  အနံ့ ပြင်းလွန်းသောအစားအသောက်ထုပ်များကို လေဆိပ်အ၀င်တွင် ခွေးများ
နှင့် ရှာလေသောအခါ အဖြူလေးတို့ ကြိုက်တတ်သည့် အာပြဲခြောက်ကလေးပါ မြင်ကွင်းက ရုတ်တရက်ပျောက်
ကွယ်သွားခဲ့ ရပါသည်။

ကျွန်တော်တို့ အဖွဲ့လေးကို ကျွန်တော်က ၀ိုင်းကလေးလို့ တိတ်တိတ်ကြိတ်ပြီး နာမည်ပေးထားတယ်..။
အားလုံးစားချင်တဲ့ ငါးခြောက်ဖုတ် ဆီစိမ်လေးကို ကျွန်တော် မဖန်တီးပေးနိင်တော့ ဝိုင်းကလေးအတွက်
စိတ်မကောင်းစွာဖြင့် ကျွန်တော်တို့ နေသော ကျုံးဟော်ရပ်ကွက်၏ သိပ်သည်းထူထပ်စွာကျနေသော
မြူနှင်းမူန်များကြား စက်ဘီးတစ်စီးဖင်ကြားညှပ်၍ မြန်မာပြန်ဆိုင်အားလုံးတွင် လှည့် လည်စုံစမ်းပါသော်လည်း
ကိုအာပြဲချောက် သတင်းက အစရှာမရတော့ ။

ဖြစ်ချင်တော့  သူများချက်တာဘယ်တော့ မှ မစားတတ်သော အသုပ်ဆိုင်တို့ ကပင် သူလာရင် နယ်ပေးလို့ မရပဲ
ပုံပေးရလေ့ ရှိသော ကျွန်တောတို့ ဆရာမကပင် ကျွန်တော်၏ အာပြဲချောက် ကျွတ်ကျွတ်ကလေးကို
လက်မြောက်အရူံးပေး၍ စတင်သုံးစွဲသည့် အချိန်မှာမှ ' ကိုအာပြဲချောက် က ကျောခိုင်းသွား
လေပြီဟူသောအတွေးတို့ ဖြင့် မြေပဲမဆိုင် ဘက်သို့ လှည့် ဝင်ဖြစ်ခဲ့ တော့ သည်။

' နောက်၃ရက်ညနေ...ရမယ်..အများကြီးရမယ် ' ဆိုတဲ့ မြန်မာသံပီပီသသကြီးကို ကြားလိုက်တော့
ကျွန်တော် ပျော်သွားရပြီပေါ့ ဗျာ။အငွေ့ တထောင်းတထောင်းထနေသောယိုးဒယားဆန်ဖွေးဖွေးလေးထဲမှာ
နစ်မြုပ်နေတဲ့ ကိုအာပြဲခြောက် သင်းသင်းကလေးကို ကျွန်တော်ချက်ခြင်းပဲမြင်လိုက်မိတော့ တယ်။
ဆရာမနှင့် ကျွန်တော့် ဝိုင်းတော်သားများကိုကျွေးနိုင်တော့ မည် ဆိုပြီး ၀မ်းသာသွားမိသည်..။

..........................................................................................................................................

ဆရာမလေးက အသားဖြူဖြူ အရပ်ရှည်ရှည် မျက်မှန်ပုလင်းဖင်နှင့် ။ သူမ,မအားသည့် ကြားထဲမှ ၁ပတ်ကို
၂ရက်လောက်တော့  ကြိုးစားသင်ပေးရှာသည်။ကျွန်တော်တို့ ကလဲဘယ်လောက် ဇွဲရှိရှိသင်နေသလဲဆိုတော့ 
ကိုမြစ်ကျိုးအခန်းထဲကစွတ်စွတ်ဖြူသောနံရံကလေးတောင် ကျွန်တော်တို့ ရဲ့ကျောကုန်းရာကွက်ကွက်ကြီးတွေ
တရိပ်ရိပ်ထင်ချင်နေပြီ။

အဲဒီလို နံရံကြီး ညစ်ပတ်လာအောင် မှီထိုင်နေယင်းနဲ့ ဆရာမက ရှေ့က ပီသစွာတိုင် ပေးနေသော တရုတ်စာများကို
ကျွန်တော်တို့ ကသူ့ နောက်မှ ဟာမီုနီမကျစွာ မပီသစွာ မညီညာစွာလေးကန်သောအသံအနိမ့် အမြင့် မျိုးစုံတို့ ဖြင့် 
သီဆိုဖြတ်ကျော်နေချိန်မှာပဲ အနှီမြေပဲမကလေးက ကျွန်တော်တို့ ကို မြန်မာလို ကြိုးစား ပြော၍
မြန်မာပြန်များကို ကူညီနေပါတော့ သည်။


............................................................................................................................................

(ဆက်ရန်)

7 comments:

မင်းပျို said...

ကိုလေးရေ
ကျနော်လာဖတ်သွားတယ်..ကိုလေးရေးတိုင်း ကျနော်.ဘလောဂ်ကို တက်လာအောင်လည်းလုပ်ထားတယ်..Follow ထားတယ်..

မေလေး said...

ကို အဖြူလေးရေ
အားပေးနေမယ်နော်.... တရုတ်လို တကယ်တတ်ချင်ရင် စာသင်နေယုံနဲ့မရဘူးနော်..တရုတ်လိုမှမဟုတ်ဘူး ဘယ်ဘာသာစကား ဖြစ်ဖြစ်ပါ..မေလေးဆရာ လာလုပ်တာ မဟုတ်ပါဘူးနော်..အကြံပေးတာပါ..မေလေးကိုယ်တွေ့မို့ ပါ..တကယ်တတ်ချင်ရင် ကိုပိုင် နဲ့ မြန်မာလို မပြောနဲ့တော့ ပြောစရာ ရှိရင် တရုတ်လိုဘဲပြောပါ..မြန်မာလို ပြောမိတဲ့ သူကို ဒဏ်ငွေ ဆောင်ခိုင်းလေ နော်..
မေလေး ရန်ကုန်မှာ စပီကင် စတက်ကာစ က တကယ် အတွေ့အကြုံလေးမို့ မျှဝေတာပါ..
ရွှင်လန်းပါစေနော်
ခင်တဲ့
မေလေး

ဇော် said...

အဟမ်းဟမ်း
ကဲကဲ ဦးအဖြူလေး။
ဒီပိုစ့်ကနေ ဆက်ရန်က ဘယ်တော့လာမှာလဲ။ ဘယ်နှစ်ရက်ရှိနေပြီလဲ။ စာဖတ်တဲ့သူတွေကို ဆန့်ငင်ဆန့်ငင် လုပ်ထားတဲ့လူကြီး မိန်းမမရဘဲနေမယ်နော။ ဟွင်းဟွင်း။ အဟီး။
ဘာပဲပြောပြော ကိုကျိုးသယ်ရင်းက ကိုကျိုးလိုပဲ စာရေးကောင်းတယ်ဗျ။ တစ်ခါတည်း လင့်ထားတယ် ကျနော့်အိမ်မှာ။ အားရင် အိမ်လည်ထွက်ဦးဗျ။ ခများမှာ အော်တို ရထားတဲ့ ညီတွေ ညီမတွေ ရှိနေတယ်နော။ ဟဲဟဲ။ အဟိ။

ညီမငယ်..ဂျစ် said...

ကိုကြီး...
မေ့နေလိုက်တာကြည့်... ဒီအပတ်တော့ အာပြဲခြောက် လုပ်ပေးရမယ်....ဒါပဲ...
ညီမလေး သူများနယ်တဲ့ အသုတ်မစားတာလည်း ဖောက်သည်ချ လိုက်တယ်ပေါ့..
ကိုကြီး ဒီလာမဲ့ အပတ်ဘာလုပ်စားရင်
ကောင်းမလဲ အားကြီးချစ်မောင်“ပိုင် ကတော့
အုန်းနို့ခေါက်ဆွဲကို ပုဇွန်အကြီးကြီးနဲ့ စားချင်တယ်လို့ ဟိုနေ့က ညီမလေးကို တိုးတိုးပြောပြီးပြီ....ဘယ်လိုလဲ ?

ကိုကြီးအောင်မြင်ပါစေ.....
ချစ်ညီမငယ်....ဂျစ်ဂျစ်...ဂျစ်

Ko Boyz said...

ကိုအဖြူလေး။
ယရစ်ကို လုံးကြီးတင် မပါရင် ခေါင်းပြတ်တာနဲ့ “ြ-” မရိုက်နဲ့ ...။ ကြည့်လို့ မလှဘူး။ j ကို နှိပ်လိုက်ပါ။ ပုံမှန် ယရစ် “ြ-” ကို ရပါမယ်။

အခုပို့စ်ကို ဆက်မယ်ဆို ဆက်ပါ။ တုံးတိတိ မလုပ်ပါနဲ့။ စောင့်ဖတ်နေပါတယ်...။

kaungkinpyar said...

ဆက်ပါ ဆက်ပ မျှော်နေတယ်

Beauty Studio USA Branded Store said...

ကျွန်တော်တို့ဆီမှာတော့ အာပြဲခြောက်ငါးအစိုရတော့ တခါတလေ ဒီငါးအစိုတွေဝယ်ပြီး နေလှန်းထားလိုက်တယ်။ကန္တာရဆိုတော့ ပူလိန်းလို့ ငါးတောင် မီးကျွမ်းလောက်အောင် ခြောက်တယ်။ငါးခြောက်လုပ်နည်းက အဖွားကိုမေးပြီး ဇနီးကလုပ်တာဗျာ့။ အတော်တော့လက်ဝင်တယ်။ကျွန်တော်က မွန်ဆိုတော့ အာပြဲခြောက်တို့၊ငကွန်းရှပ်တို့ကြိုက်တယ်။ ရေချိုငါးရံခြောက်လဲ အသည်းစွဲပဲ။ပြောရင်းတောင် သရေယိုလာပြီ။:)''''
ပျော်ရွှင်ပါစေဗျာ။