Sunday, July 5, 2009

ငယ်ဘဝအစိတ်အပိုင်းများ (၄)

" ဒီနေ့  စောစောအိပ်ကြမယ်ဟေ့ .. နက်ဖန် အော်ကြရမှာနော် "
" ဟေ့ ရောင်... ငွေ ထုတ်ပြီးပြီလား "
"အပြန်ဝင်ထုတ်မယ်၊ ပေါက်ကြီး.. ကြေးစည်ထုတ်ဖို့  ငါနဲ့ လိုက်ခဲ့ ကွာ.."
"ထုစရာ ပုတ်တစ်ချောင်း ပျောက်နေတယ်ကွ "
"ဆိုင်ကခွေးခြေ တစ်လုံး ကျိုးနေတာတွေ့ တယ်၊အဲဒီက ခြေထောက်တစ်ချောင်းယူခဲ့ ကွာ၊ဒါနဲ့ ပဲ ထုတော့ မယ် "
"ယူနီဖောင်းလေးတွေတော့  တူအောင် ဝတ်ကြကွာ၊ သုံးရပ်ကွက်ကဒို့ ထက်ညီတယ်နော် "

မနက်ဖန် ဗွန်တော(နိဗ္ဗာန်ဆော်)ထွက်ကြဘို့  စုစည်းတိုင်ပင်နေကြခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ ရန်ကင်း (၂) ရပ်ကွက်တွင်၊ ရပ်ကျော်၊ရွာကျော် ကျွန်တော်များ ငပွေး အဖွဲ့ ကို ကောင်စီရုံးမှ
တစ်ရပ်ကွက်လုံးကျွတ် နိဗ္ဗာန်ရောက်သွားနိုင်ရန်အတွက် နိဗ္ဗာန်ဆော်အလုပ်ကို တာဝန်ပေးလာသောအခါ
ကျွန်တော်များအဖွဲ့ ကလည်း ဝမ်းသာစွာ လက္ခံထားမိသည်။

အဖိတ်နေ့ ညတိုင်း ကောင်စီရုံး မပိတ်ခင် ကျွန်တော်က နက်ြဖန်အတွက် လိုအပ်သော ကြေးစည်၊
အင်္ကျီလက်တိုအဖြူ၊ ဖန်ငွေ ငါးရာ တို့ ကို ထုတ်ရပါသည်။လူက ခုနှစ်ယောက်ဆိုတော့  လ္ဘက်ရည်၊နံပြား
ဆေးလိပ်တစ်လိပ်နှင့်  တစ်စုံကို တစ်ရာခုနှစ်ဆယ့် ငါးကျပ်ကျပါသည်။လိုသောငွေ တစ်ရာကျော်စီကို
ရပ်ရွာအကျိုးဆိုတော့လည်း ကိုယ့် ဖာသာကိုယ် အိတ်စိုက်ကြရသည်။သမဝါယမစနစ်ပေါ့ ဗျာ။


မနက် နှစ်နာရီခွဲတွင် လူလိုက်စုကြပြီ၊ တစ်ယောက်နှင့် တစ်ယောက် လေချွန်၍တစ်မျိုး၊ လက်ဖျောက်တီး
၍တစ်မျိုး၊လျှာကို ခံတွင်း အပေါ်နံရံကိုထိုးကပ်ပြီးစောင့် ၍ဟတ်ထုပ် " တောက် " ခေါက်ခြင်းဖြင့် တစ်မျိုး
ကိုယ့် သင်္ကေတနှင့်  ကိုယ် ပတ်ဝန်းကျင်မထိခိုက်အောင် လိုက်နိုးကြပါတော့ သည်။ ဒါပေမဲ့  တစ်ယောက်
နိုးလိုက်တိုင်း နှစ်အိမ်၊သုံးအိမ်လောက်တော့  မီးတွေပွင့် ပွင့် လာတတ်၏။

စုရပ်ဖြစ်သော ကောင်စီရုံးတွင် လူစု တန်းစီကြသည်။ လူခုနှစ်ယောက်၊ ကြေးစည် သုံးလုံး၊ ပုတ်နှစ်ချောင်း
ခွေးခြေချေထောက်တစ်ချောင်း၊ဖန်ငွေငါးရာ..၊တူညီဝတ်ဖြူစင်ကျယ်၊ခမောက်ကိုယ်စီနှင့် တစ်ရပ်ကွက်လုံး
ကယ်တင်တော့ မည့်  နိဗ္ဗာန်ဆော်များပါပေ။

ဝါတွင်းဆိုတော့ လဲ.. မိုးလေးကဖြောက်ဆိပ်၊ဖြောက်ဆိပ်နှင့် ပေါ့ ။
ထိပ်ဆုံးကကျွန်တော်၊နောက်မှ ဖိုးတုတ်၊ ပြီးတော့ ထင်လင်း၊သီဟတင်စိုး၊အာကာ၊ မြတ်မင်း၊နောက်ဆုံးမှ
ပေါက်ကြီး ( ဒီကောင်မွေးရာပါ လျှာခင်အားနည်းလာ၍ အလှည့် ကျအော်တဲ့ အထဲမထည့် ပါ )။
ကျွန်တော်ကပဲ ချောင်းတစ်ချက်ဟန့် ပြီး စ တိုင်လိုက်သည်။

" ဘုရားတည်းဟူသောရတနာ၊ တရားတည်းဟူသောရတနာ၊ သံဃာတည်းဟူသောရတနာ....
ရတနာ.. မြတ်သုံးပါးကို.. ဦးထိပ်ထား၍..." ဟုအသာလေးအရပ်၊ကျန်ခြောက်ယောက်က တညီထဲ
"ဗွန်တော.... သတ်ပူရိသ..အပေါင်း.. သူတော်ကောင်းတို့ ...."ဟုသံပြိုင်ဆိုပြီး၊ ကြီးစဉ်ငယ်လိုက်
ကြေးစည်သုံးလုံးကို တစ်ထပ်ထဲကျအောင် တပြိုင်တည်း ရိုက်တော့ သည်။

ပေါက်ကြီးကိုင်သည့်  ခွေးခြေချေထောက်နှင့် ထုသည့် ကြေးစည်က ထင် ကနဲ ထွက်သွားသည်မှအပ
အိပ်မောကျနေသည့် ရပ်ကွက်ကြီးကို သာယာနာပျော်ဘွယ် လူပ်နိုးလိုက်တော့  ငဖြူတို့ ၊အောင်နက်တို့ 
စသည့်  လမ်းဗိုလ်များက အလန့်  ထညက် အရင်ထအူ၍ ကောင်းချီးပေးပါလေတော့ သည်။

ယနေ့ ည ကျွန်တော်တို့  ဖြတ်သန်းသွားရာ လမ်းကြို၊ လမ်းကြား တလျှောက်ရှိ အိမ်တွေ အားလုံး
မီးတွေတော့  တဖြတ်ဖြတ်လင်းမလာပဲ ဖယောင်းတိုင်မီးတို့ သာ ခပ်လူပ်လူပ်ပွင့် လာကြ၏ ထုံးစံအတိုင်း
မီးကမလာပြန်။ ဖိုးတုတ်ကနောက်မှ ကပ်ပြောလာသည်။ " ဟေ့ ..ရောင်.. အပိုင်ဘဲကွ၊ဒီည..မီးမလာဘူး "
ကျွန်တော်က.." မလုပ်ပါနဲ့ ကွာ.. ပြဿနာတက်တော့ မှာပဲ.." " အညာသားပါ..ကွ၊မပိုင်ယင်၊မလုပ်ပါဘူ "
ဒီကောင်.. ကြက်ခိုးဘို့  ပြောနေတာလေ။ သေသေချာချာကြည့် မှ အင်္ကျီ အဖြူအောက်တွင် အရပ်ဝတ်
အင်္ကျီတစ်ထည် ထပ်ဝတ်လာတာတွေ့ ရတော့ သည်။

လေးလောင်းမြောက် ဆုံးသွားသော ဦးမြင့် ဆွေ၏ အသုဘ အိမ်ရှေ့  ရောက်ခါနီးမှာတော့ ခွေးတွေက
စီ...ကနဲ ထိုးအူတော့ သည်။ ထင်လင်းက " ဖြေးဖြေး ရိုက်ကြရအောင်ဟေ့ ..၊ကြေးစည်တွေကို၊တော်ကြာ
ဦးမြင့် ဆွေ ထ.. လိုက်လာအုံးမယ် " ဟု တိုးတိုးလှန်းပြောသည်။ ဖယောင်းတိုင်မိး တို့ အောက်တွင်
ပါးစပ်ကြီးစေ့ ၍ မဲပြာနေသော ဦးမြင့် ဆွေကြီး မကြားအောင်ပေါ့ ။ မီးပျက်နေတုန်း ဓါတ်တိုင်ပေါ်တက်ပြီး
ဖြု (စ)ကြိုး လဲနေစဉ် ရုတ်တရက် မီးပြန်လာလိုက်သောကြောင့်  ယ္ခုလို ကိုယ်ကျိုးနဲသွားခြင်းပါ။

ဟိုတုန်းကတော့  ရပ်ကွက်ထဲတွင် သုံးလောင်းကျော်ပြီးလေးလောင်းဖြစ်သွားလျှင် ခုနှစ်လောင်း အထိ
ဆက်တတ်သည်ဟု အယူရှိကြသည်။မီးကမှောင်မှောင်၊ မိုးလေးကတဖြောက်ဖြောက်နှင့် ဆိုတော့ 
ခေါင်းဆောင်ပီပီ မျက်နှာလွဲ၍ ပုံမှန်အတိုင်း ချီတက် သွားရန်အချက်ပြ လိုက်တော့ သည်။

" သုံးဆယ့် တစ်ဖြာ ....ဤ..လောကဝယ်..၊ အဝိဇ္ဇာထဲ.... ဤမှောင်ထဲ...၌၊ လွတ်ခဲလှစွာ....လူတို့ မှာမူ..၊
ဇရာဖိစီး...သော..ကကြီး၍၊ အပြီးအပယ်..ကျရောက်လွယ်သည်...၊" ကျွန်တော့ အလှည့် ပြီးတော့  ထင်လင်း
ဖြစ်သွား၍ လှည့် ကြည့် မိတော့  ပေါက်ကြီး မရှိတော့ ပါ။ ဒီကောင် မအေးကြည်တို့ ကြက်ခြံထဲ ကျန်ခဲ့ ပြီ။

ထင်လင်းက သူ့ ရည်းစားအိမ်ရှေ့ ရောက်တော့ ..ကိုသိန်းတန်၏.." ပန်းနွယ်ရေ..နတ်သမီးလေးလိုလှ
ပါတယ်ဆိုတဲ့ ... ပန်းနွယ်လေးကိုမှ၊လိုချင်လျပါတယ်ဆိုတဲ့ .. ကျွန်တော်ငမိုက်သားရဲ့  အဖြစ်က.. ဘာညာ..
စသည်ဖြင့်  မကြားတကြားဆိုလိုက်ရာ၊ သီဟတင်စိုးက နောက်ကနေ သူ့ ကိုစောင့် ကန်လိုက်တော့ မှ
ရပ်သွားတော့ ၏ ( သီဟတင်စီုး ဆိုလို့ ..အခုအချိန်ထိ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသေးသော
မင်းသားမဟုတ်ပါ။)

ဘာပဲဖြစ်ဖြစ်လေ.. ကျွန်တော်တို့ ကုသိုလ်တော့  ရခဲ့ မှာအမှန်ပဲဟု။ တစ်ရပ်ကွက်လုံး ကျွန်တော်တို့ ၏
သာယာနာပျော်ဘွယ် နိုးဆော်သံတို့ ကြောင့် ဘုန်းဘုန်းတွေအတွက် ဆွမ်းတော့  ထချက်ဖြစ်ခဲ့ ကြမှာပါ။

ယ္ခုတော့ .. ဖိုးတုတ်က အိမ်ထောင်ကျပြီး မှ ရာသက်ပန်ဘုန်းကြီးဝတ်သွားပြီး အရေးအခင်းကာလတုံးက
ရဟန်းပျိုသမဂ္ဂတွင် ဒုတ်တစ်ချောင်းကိုင်၍ထွက်လာသည်ကို ရန်ကင်း ( ၂ )သပိတ်စခန်းတွင် ကျွန်တော်နှင့် 
နောက်ဆုံးတွေ့ ခဲ့ ရပါသည်။ထင်လင်းကမလေးရှားမှာ၊ပေါက်ကြီးကအကောက်ခွန်ရုံးမှာ၊သီဟတင်စီုးကတော့ 
မတွေ့ ရတော့ ပါ။ ကျွန်တော်ကတော့  တိုင်ဝမ်မှာ၊မိသားစုအတွက် ဘယ်တော့ မှ မပြည့် နိုင်တဲ့ အိုးတစ်လုံး
အတွက် မပြီးဆုံးနိုင်အောင်ကိုပဲရှာဖွေနေရပြီလေ။

အချိန်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊ ပေါ့ ပါးလွတ်လပ်စွာ နေခဲ့ ကြရသော ငယ်ဘဝကိုတော့  အမြဲ
တန်းတနေမိခဲ့ သည်မှာလဲယနေ့ ထက်တိုင်ပါ။ငယ်ဘဝနှင့် ကြီးဘဝက ခြားနားလွန်းလှပါတကား။

ငယ်ဘဝနှင့်  သူငယ်ချင်း များကိုလည်း လွမ်းပါ၏ ရန်ကင်းကိုလည်း သတိရပါ၏
ကျွန်တော်က ရှေ့ ကို တဖြည်းဖြည်းသွားနေသလောက်... ငယ်ဘဝတို့ ကဖြင့် တရွေ့ ရွေ့  ဝေး၍
ကျန်နေခဲ့ ရပြီ ဖြစ်ပါကြောင်း....။
......................................................................................................................................

4 comments:

ဂျစ်တူးလေး said...

ကိုကြီး...
ဒီလို .."ဗွန်တော.... သတ်ပူရိသ..အပေါင်း.. သူတော်ကောင်းတို့ ...."အသံကြားရင် ဂျစ်တို့လမ်းထိပ်က ဆွမ်းလောင်းအသင်းကို သွားသတိရတယ်....။
လ္ဘက်ရည်နဲ့ နံပြား ဆိုလို့ သွားရည်ကျသွားတယ်...။
ကုသိုလ်ရတဲ့ အလုပ်ကို လုပ်ခဲ့တဲ့အတွက် သာဓုခေါ်ပါတယ်....ဝေးးးးးးးးးး။

ဆက်ရန်မျှော်နေမည်...............။

ညီမလေး
ဂျစ်

မြစ်ကျိုးအင်း said...

ကြက်ခြံထဲရောက်သွားတဲ့သူရောဘာဆက်ဖြစ်သေးတုန်း
ဆန့်တငင့်ငင့်နဲ့ဖြတ်ထားခဲ့တာပဲ..
အဖြူလေးနော် သိပ်မဖြူနဲ့ ရေးလက်စကို ပြီးတဲ့အထိလုပ်လေဗျာ...
ငယ်ဘ၀ (၅)ကို မြန်မြန်ရေးဗျို့
...ခင်မင်သောအားဖြင့်...

Anonymous said...

စာလာဖတ်သွားတယ် ဆက်ရန်မျှော်နေမယ်

မင်းပျို said...

ကိုလေးရေ မန်.သွားတယ်..အခက်အခဲတွေကြားထဲကနေ ကျနော်.အိမ်ကို ရအောင်လာလည်တဲ့အတွက် အများကြီးကျေးဇူးနော်...အိမ်လာတိုင်းတခုခုစားပြီးမှပြန်နော်..