Saturday, July 11, 2009

အမောဘယ်လိုဖြေရမယ် (ပထမပိုင်း)

မနေ့ က ကျွန်တော်တို့  ဘောစိ(သူဌေး၊ဘော့ စ်) မြန်မာပြည် ခဏပြန်သွား၍ သည်နေ့ တော့ ကားပေါ်တွင်
ကျွန်တော်နှင့် ဂျိန်း(စ)ဘွန်းသိန်းထွန်း နှစ်ယောက်ထည်းဖြစ်နေသည်။ ဘာကြောင့်  အဲလိုခေါ်ရသလဲဆိုတော့ 
ကားကို ဂျိန်း(စ)ဘွန်းမောင်းသလို မောင်းနေလို့ ဖြစ်ပါသည်။
သူ့ ပုံက နဖူးပြောင်ပြောင်၊ နှာရောင်ကောက်ကောက်၊ နှာခေါင်းပွပွဖြင့်  တစ်ချက်တစ်ချက် ခေါင်းတစ်ချမ်းအပြင်
ထုပ်ပြီး ရှေ့ မှ လေးလမ်းလုံး အပြည့် သွားနေသော ကားတန်းကြီး၏ လွတ်ပေါက်၊ ချောင်ပေါက်ကို ထွက်ထွက်
ချောင်းနေသောကြောင့်  ကျွန်တော်က သူ့ ဂုတ်ကို လှန်းဆွဲလိုက်ယင်း " ဟေ့ လူ.. ဖြေးဖြေးလုပ်ပါဗျာ၊ ရှေ့ မှာ
တိုးဂိတ်ရောက်တော့ မယ်၊ အီး.တီ.စီ အပေါက်ကို လိုင်းကြိုယူထားအုံး " ဟုပြောလိုက်ရာ သူက " လုပ်မနေနဲ့ 
အမိုးပေါ်ကပဲ ကျော်လိုက်တော့ မယ် " ဟုပြန်ပက်တော့ သည်။
ကျွန်တော်တို့ ကားက ဟွန်ဒါအက်ကော့ ကား အဖြူရောင်၊ နောက်ဖင်လုံးလုံးပေါ်တွင် လေခွဲသည့် အတောင်
ကော့ ကော့ ကြီးတပ်ထားသည့် အပြင် ဘီးတွေက စတီးဒလက်များ၊ တာယာအပြားကြီးများဖြင့်  အိပ်ဇောသံ
တဗျင်းဗျင်းနှင့် ပါဆိုတော့  ကောက်စုကုန်းဟုခေါ်သော အမြန်လမ်းမကြီးပေါ်ဝယ် တရိပ်ရိပ်ပြေးနေသော
ကားတန်းအသီးသီးကို လေအဟုန်တွင် ပြန်တက် ကျော်လွှားသွားတော့ မလို ဖြစ်နေတော့ သည်။
သူဌေးက ကားကို အလွန်ဂရုစိုက်သူတစ်ယောက် ဖြစ်ပြီး ကားမောင်းရာတွင်လည်း ဂီယာထိုးမှန်းမသိ၊လီဗာနင်း
မှန်းမသိအောင် ညင်သာစွာမောင်းတတ်သူ ဖြစ်ပါသည်။ အင်း... ဒီအတိုင်းဆို၊ သွားလေသူ ဘောစိတစ်ယောက်
သွားလေရာ ခလုတ်တိုက်မိယင်မိ၊ ဒါမှမဟုတ် လျှာနှင့် သွားတို့ ကိုက်မိနေတော့ မည်ဟု ကျွန်တော်လဲ သက်ပြင်း
တို့ ချမိပြီး မျက်စေ့ တို့ မှိတ်၍ ရသမျှသော ဘုရားစာတို့ ကို ရွတ်ဆိုနေမိပါတော့ သည်။

မှိတ်ထားသော ကျွန်တော့ မျက်ဝန်းထဲတွင်တော့  နေ့ စဉ်ဖြတ်သန်းသွားနေရသော ဤအမြန်လမ်းမကြီး၏
ဘေးဝဲယာရှိ တောတောင်ရှုခင်းတို့ က တရိပ်ရိပ်ပေါ်နေပါတော့ သည်။

အနီးဆုံးအနိမ့် ဆုံးတောင်တို့ က အစိမ်းရောင်ဖြော့ ဖြော့ ၊ သူတို့ နောက်မှ စီးမိုးနေသော တောင်တန်းကြီးတို့ 
ကျပြန်တော့  အပြာရင့် ရောင်၊ခပ်နောက်နောက်၊ခပ်မှိုင်းမှိုင်း၊ ရှေ့ မှ အထပ်ထပ် အစဉ်လိုက်မြင့် တက်သွား
သော တောင်စဉ်တောင်တန်းတို့ ၏အဆုံး အမြင့် ဆုံးတောင်ထွတ်များ ကတော့  အပြာရောင်ဖြော့ လွန်းသွား
ပြီး တောင်ခိုးမြူမှုန်တို့ အုန့် ဆိုင်း၍ တိန်ခိုးတိန်သားတို့ ကြားထဲသို့  တိုးဝင်ပျောက်ကွယ်လုနီးပါး ဖြစ်နေ
တော့ သည်။

ဘောစိက တစ်ခါပြောခဲ့ ဘူးပါသည်။ " ငါကွာ.. မြန်မာပြည်ကို၊ဖုန်းဆက်ရမှာတောင် ကြောက်နေပြီ၊ ရေမလာ
လို့  ညနှစ်နာရီ ထပြီး ရေစောင့် တင်ရတယ်တဲ့ ၊ နာရီဝက်လောက်လာပြီး မီးကပြတ်သွားတယ်၊ အချိန်မဟုတ်
မနက်လေးနာရီခွဲလောက် ထပ်လဲလာရော တစ်အိမ်လုံး အိပ်မောကျသွားတာကြောင့်  ရေတွေလျှံကျကုန်ရော၊
မီးက ခဏခဏပြတ်ပြတ်နေတာကြောင့်  အိမ်က အင်ဗာတာအိုးတွေ မီးမပြည့် လို့ ညညခလေးတွေ ထထ
အော်တယ်တဲ့ ၊ မှောင်လို့ ။ ဒါနဲ့  ဖယောင်းတိုင်လေးထွန်းပေးပါတယ်၊ ခလေးတွေဆော့ လိုက်လို့  စာအုပ်တွေ
မီးလောင်၊ သူတို့ လက်တွေအပူလောင်၊ ဖုန်းနှစ်လုံးတော့ ရှိပါတယ်၊ တစ်လုံးက ဘက်ထရီအားမပြည့် လို့ 
ဆက်မရတာများတယ်၊ လိုင်းဖုန်းကျပြန်တော့ လိုင်းပျက်နေတာနဲ့  လိုင်းကျနေတာနဲ့ ၊ ရှားရှားပါးပါး ဆက်
လို့ ရတဲ့ အချိန်လဲကျရော.. မိန်းမက၊ အမလေး.. ဖုန်းရလို့ ဝမ်းမသာနေနဲ့ အုံး၊ မိုးတွေကောင်းလို့  မီးတော့ 
ပြန်လာပါတယ်၊ မြောင်းပုတ်တွေထဲက အမှိုက်တွေ ရေတွေနဲ့  မျောလာပြီး ခြံထဲမှာပြည့် နေပြီ တော်ရေ့ တဲ့ ၊
ဂျာအေးသူ့ အမေရိုက်ပြီး ရှုပ်နေတာပဲ၊ မိန်းမနဲ့ လွမ်းဆွေးကြောင်း မပြောရသေးဘူး၊ ဖုန်းကဒ်ကပြောင်ပြီ "တဲ့ ။

ဘယ်လောက်ကြာသွားသည်မသိ။ ကားထဲမှာ အဲယားကွန်းဖွင့် လာတာကြာသွားသောကြောင့်  မွန်းကြပ်ကြပ်
ဖြစ်လာ၍ ဘေးမှန်ချလိုက်မိယင်ပဲ အပြင်မှ ပူပြင်းသောလေစိမ်းတို့ နှင့်  ဆူညံသံတို့ က တဝေါဝေါထိုးဝင်
လာတော့ သည်။

ဂျိန်း(စ)ဘွန်းသိန်းထွန်းတစ်ယောက်ကတော့ ကားကို ပိုင်းလော့ ပြုတ်တစ်ယောက်က ထော်လာဂျီလာမောင်း
နေသလို မောင်းကောင်းနေတုံး၊ ဂီယာကို ပြုတ်ထွက်လုမတတ် ဖိဖိထိုးယင်း လီဘာတို့ ကလပ်(ချ)တို့ ကို
စောင့် စောင့် လွှတ်နေသောကြောင့်  ကားကချောင်းတဟွတ်ဟွတ်ဆိုးပြီး သွားနေသလိုဖြစ်နေတော့ ၏
အဝင်အထွက်တို့ တွင်လည်း ခေါင်းမလွတ်ဖင်မလွတ် လုပ်နေပြန်သဖြင့်  သူ့ ကိုထားခဲ့ ပြီး ဆင်းပြေးလိုက်
လာချင်သော်လည်း ကိုယ့် ကိုကားတို့ တက်နင်းမည့် ဘေးနှင့်  ပြည်သူ့ ရဲတို့ ကို ကြောက်ရသောကြောင့် 
စိတ်ကိုလျှော့ လိုက်ပြီး လေပူတို့ ရှိုက်သွင်းလိုက်ယင်း ကျွန်တော့် မျက်စေ့ တို့  မှိတ်လိုက်မိယင်ပဲ
ကိုသိန်းထွန်းက ဇော်ဝင်းထွဋ္ဋ်၏ ရွက်လွှင့် ခြင်း သီချင်းကို အွန် လိုက်ပါတော့ သည်ခင်ဗျား...။
.........................................................................................................................................
( ဆက်ရန် )

6 comments:

မေဒီဇာ said...

ပေါ့ပေါ့ပါးပါးဖတ်လိုက်ရတော့ စိတ်တောင် အတော်ကြည်သွားတယ် ကိုအဖြူလေးရေ...

မေဒီဇာ said...

ပေါ့ပေါ့ပါးပါးဖတ်လိုက်ရတော့ စိတ်တောင် အတော်ကြည်သွားတယ် ကိုအဖြူလေးရေ...

ခြေလှမ်းသစ် said...

ကိုအဖြူလေးရေ ဖတ်ရတာအတော်ကောင်းဗျ ... အထူးသဖြင့် မြန်မာပြည်က မီးပျက်သနာက အတော်ဆိုးဗျ ... ဒီအစိုးရတွေ ရှိနေသ၍ ဒီပြသနာက ဆက်နေအုံးမှာဗျ..
ခင်တဲ့
ကိုဇော်

ဂျစ် said...

ကိုကြီး...
မီးပျက်တာတော့ မပြောပါနဲ့တော့....
အိမ်မှာကွန်ပြူတာရှိလို့ စိတ်ကြိုက်သုံးမယ်ဆို
မားမားက မီးစက်မောင်းသုံးတဲ့ ဘာလို့လဲဆိုတော့
သုံးနေရင်း မီးပျက်သွားမှာ စိုးလို့.....။
မသေချာဘူးလေ မီးကလာမဲ့ရက်လဲ ပျက်ချင်ပျက်တာ....စိတ်လေ၏ ။

ချစ်တဲ့
ညီမလေးဂျစ်

Unknown said...

စာလဲကျက်အုံး Monday စာမေးမယ်

kiki said...

ကို ဖြူလေးရေ .. ဦးသုနြေ္ဒ တော့ .. မျက်ခုန်းလှုပ် နေလောက်ပြီ ထင်တယ် ...ဪ..ဘောစိ လုပ်ရတာ လဲ မလွယ် ပါလား နော် ...ဘောစိ ကြီး ပြန် လာရင် သူ့  ကား လေး တော့ ပြား နေလောက်ပြီ။
တပည့် မကောင်း ဆရာခေါင်း တဲ့ ..
အဟက် ..
အပေါ် က ဆရာ မလေး မွန် ကလည်း စာတွေ မေးအုံး မတဲ့ တော် .. ..
ကျောင်းသား ဘဝ က ကို မလွတ် နိုင်သေး ပါလား နော်။။

မကိ ..