Sunday, August 2, 2009

အမောဘယ်လိုဖြေရမယ်(စတုထ္ထပိုင်း)

ဒီနေ့ တော့ မှိန်းလို့ ကောင်းလာသည်ဟုထင်သည်။ဘောစိမောင်းလာ၍ဖြစ်သည်။
ကျွန်တော့် သူဌေးပြန်ရောက်လာပြီလေ။ကျွန်တော်တို့  ရှိနေသော တိုင်ဝမ်ကျွန်းနိုင်ငံကြီးက ရှထရန်းဟုခေါ်သော
နွေရာသီရောက်နေပြီး ခြောက်လပိုင်းမှ ကိုးလပိုင်းအထိ ရှည်လျားတတ်ပါသည်။ လေပြင်းတို့ သည် ရံဖန်ရံခါအရပ်
မျက်နှာမဲ့ ဆီမှ ရုတ်ခြင်း ထိုးဝင်လာသကဲ့ သို့  တစ်ခါတရံ သူမဟုတ်လိုက်သလို ရုတ်တရက် ညိမ်ဝတ်ပျောက်ကွယ်
သွားပြန်ပါသည်။ ကောင်းကင်တစ်ခုလုံး ပြာလဲ့ တောက်ပလွန်းနေပြီး နက်ပြာရောင်တောင်ထွတ်တို့ ထိပ်တွင်
တိမ်ခိုးတိမ်ငွေ့ တို့ က ဝါဂွမ်းလိပ်များဖြင့်  ဖြန့် ကြက်လွှမ်းခြုံထားသလို အဖွေးလိုက်၊အထွေးလိုက်နှင့် ...
ကြည့် လို့ တော့  တစ်မျိုးကောင်းနေသလိုပါ။
ကျွန်တော်တို့ ကား၏ မျက်နှာချင်းဆိုင် ရှေ့ တူရှု့ ဆီမှ ကားအောက်ပိုင်းထဲ ကို့ မျှားများကဲ့ သို့ လေအဟုန်အတိုင်း
တစွတ်စွတ်တိုးဝင်ပျောက်ကွယ်နေကြသည့် လမ်းလမ်မျဉ်းဖြူတုံးလေးများကို ငေးကြည့် နေမိယင်းက ဘောစိပြော
ပြနေသည့်  လတ်ဆတ်သော မြန်မာပြန် အတွေ့ အကြုံများကို နားထောင်နေမိပါသည်။


" ငါ တွံတေးဖက်ကို ငါးမွေးကန်လေးလုပ်မလားလို့  သွားကြည့် တယ်လေ၊မိုးလေးဖွဲဖွဲကျနေလို့  ပဲ့ ထောင်ကိုကမ်း
နားအတိုင်းကပ်မောင်းခိုင်းလာတော့  ရှေ့ နားမှာလှေလေးတစ်စီးကို ခပ်လှုပ်လှုပ်တွေ့ ရလို့ လှန်းကြည့် မိတော့ 
အဆောင်းမပါ၊ထီးမပါကျောင်းစိမ်းလေးတွေနဲ့ ကျောင်းသားသုံးယောက်ကိုတွေ့ ရတယ်၊ အကိုနဲ့ မောင်ကဦးနဲ့ ပဲ့ 
မှာထိုင်လှော်နေတယ်၊ညီမလေးက စိမ့် ဝင်နေတဲ့ လှေဝမ်းထဲက ရေတွေကို အတင်းခပ်ထုပ်နေတယ်ကွာ၊ ငါလဲ
ဒို့ ပဲ့ ထောင်ကြောင့်  သူတို့ လှေလေးလူးသွားမှာစိုးလို့  အရှိန်ကိုလျှော့ ခိုင်းလိုက်ရတယ်။ သူတို့ ကျောင်းက ကမ်း
နား တင်ဆိုတော့ မြစ်ရေတက်လာရင် ကျောင်းအောက် ရေဝင်အုံးမှာ၊" နေရာနှစ်ခု၏ အပြောင်းအလဲနှစ်ခုခြားနား
ခြင်းကို ကျွန်တော့် ဘောစိ ရုတ်တရက်မြင်လိုက်ရပြီဟု ကျွန်တော်တွေးမိသည်။ သူကပင်ဆက်၍ " ကန်ထဲရောက်
တော့ အရင်းကနှစ်ထောင်လောက်ပဲရှိပါတယ်တဲ့ ၊ အဲဒါနဲ့ အရက်ချက်စက်ရုံ လေးလုပ်မလားလို့  ကျောင်းကုန်း
ကသူငယ်ချင်းတွေဆီလှည့် ဖြစ်တယ် ထွက်တဲ့  ပီပါအရေအတွက်အလိုက် နှစ်ထောင်ကနေ၊လေးထောင်လောက်
ပါပဲတဲ့ ၊ ငါ့ ကို နိုင်ငံခြားပြန်ဆိုပြီး အထင်လွှတ်ကြီးနေတာလေ၊ပွဲစားတွေ.. လူကြည့် တော့ နှစ်ပြားမတန်၊သိန်း
ထောင်ဂဏန်းတွေကို ပေါ့ ပေါ့ လေးပြောနေလိုက်ကြတာ..၊ဒီလုပ်ငန်းတွေပဲ စူလွယ်နပ်လွယ် ငွေပေါ်ငွေရမှာလေ
ကျန်တာတွေက ကြွက်တွင်းတွေလိုပဲ ရေထည့် မလောက်၊ရှိသလောက်ထည့် ၊ထည့် သလောက်မြုပ်တွေကွ၊ပြော
ချင်တာက မဟုတ်တာ၊မမှန်တာ၊မကောင်းမှုတွေလုပ်မှ အဆင်ပြေတာကိုပြောတာ၊ ဒါနဲ့ ငါငွေမမှီလို့ ငါစီးလာတဲ့ 
ကား မင်းဘယ်လောက်ပေးမလဲလို့ .. မေးတော့ ၊ ဂန်းမသား နှစ်ကျပ်ပဲရမယ်တဲ့ ၊ နှစ်ရာလေကွာ၊သိန်းနှစ်ရာပါ။ "

" တနေ့ .. ဆိုက္ကားစီးဖြစ်သေးတယ်၊ ကျေးဇူးရှင်.. ဝတ်ထားတော့  ကျောကွဲအကျီင်္၊ စီးထားတာက ခုံဖိနပ်အပြတ်
ပြောနေလိုက်တာက ငါတောင်မစဉ်းစားမိတဲ့  လုပ်ငန်းပေါင်းစုံ၊ သိန်းရာဂဏန်းအောက် မဆင်းတော့ ဘူး၊ငါတောင်
သူ့ ကိုလေးစားလာပြီး၊ သူ့ ကိုပြန်တင်နင်းပေးချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတယ် ငကျော်ရေ့ .... ၊"
ရန်ကုန်တစ်မြို့ လုံး ကိန်းဂဏန်းများဖြင့်  ပိပြားနေပြီဟု ကျွန်တော် တွေးမိသည်။ ကိန်းဂဏန်းများကို ကွမ်းဖြင့် 
ပလုပ်ပလောင်းဝါးပြီး မျိုချလိုက် ထွေးထုပ်လိုက် လုပ်နေမည့်  ဆိုက္ကားဆရာ၏ ပုံရိပ် များကိုလည်း မြင်ရောင်
လာမိနေပြန်သည်။
" နေပူထဲမှာကွာ.. ဘတ်(စ)ကားတွေ၊ကွဲထွက်သွားအောင်၊ပွင့် ထွက်သွားအောင် ကုတ်ကပ်တိုးတွယ်ပြီး စီးနေရသူ
တွေ၊ ပလက်ဖောင်းတွေပေါ်မှာ လျှောက်နေသူတွေ၊ ဈေးတွေ၊ရုံးတွေ.. အို..နေရာတိုင်းကလူတွေကို မြင်ရ၊ကြည့် ရ
တာသူတို့ မျက်လုံးတွေအသက်မပါသလိုသလိုပါပဲ၊ မလန်းဘူးဆိုပါတော့ " ကျွန်တော့် သူဌေးတော့  ဒီနိုင်ငံရှုခင်း
တွေနှင့် ယှဉ်နေပြီဟု တွေးမိပြန်သည်။ " ပြီးတော့  ဘယ်နေရာရောက်ရောက် ကြားနေရတာက ငါကတော့  ဘယ်
ဂွင်မှာဘယ်လို ရိတ်ပစ်လိုက်တာ၊ဟိုကောင်တွေကတော့  ဟိုဂွင်တွေမှာ ဘာကောင်ကြီးနဲ့ ပေါင်းပြီး ဘယ်လို
ဝိုက်ပစ်လိုက်တာ.. ဒါတွေပဲကြားကြားနေရတယ်ကွ၊" အင်းဒါကတော့ ..ဂွင် ပေါ်နေတာ ဆယ်စုနှစ်ဘယ်နှစ်စုရှိပြီပဲ
ဒီဘက်ခေတ်ရောက်မှ လူကြားထဲချသုံး တဲ့ ယဉ်ကျေးမှုဖြစ်နေတာပါဟု ကျွန်တော် စဉ်းစားမိပါသည်။

ဘောစိ စကားစတို့  ပြတ်သွားရင်း ကားကိုအရှိန်လျှော့ ချလိုက်သည်။အဝေးပြေးလမ်းမကြီးမှ မြို့ ထဲဆင်းတော့ 
မည့်  လမ်းခွဲသို့ ရောက်လာ၍ ဆင်းမည့် ကားတွေအားလုံးတန်းစီလာသောကြောင့်  ဖြစ်သည်။

ကားတန်းစောင့် ရင်း သူစကားဆက်ပြန်သည်။ " ငါတို့ တောင်မြောက်လမ်းဆုံနားမှာကွာ၊ အရင်တုံးက စားသောက်
ဆိုင်ကလေးတွေရှိပါတယ်၊ ကာရာအိုကေလေးချောက်တိချောက်ချက်နဲ့ ပေါ့ ၊ အခုမရှိတော့ ဘူး " " ဘာဖြစ်လို့ လဲ "
" အစကတော့  မသိပါဘူး၊ နောက်မှ သိသွားရတာက အဖိုးကြီးရဲ့ သားမက်ဆိုလား အဲဒီအကွက်ကြီးမှာပဲ သုံးထပ်
တိုက်ကြီးဆောက်ပြီး စားသောက်ဆိုင် အကြီးကြီး ဖွင့် လိုက်တာ၊ တစ်ရပ်ကွက်လုံးမှောင်ပြီး အဲဒီနေရာပဲ နေ့ တိုင်း
လင်းထိန်နေတော့ တာ၊ မီးစက်မဟုတ်ဘူးနော..၊ အီး.ပီ.စီ . ဒါရိုက်ချိတ်ထားတာကိုပြောတာ၊ကျေးဇူးတော့ တင်
ပါတယ် သူတို့ ကို၊ ငါည ည ပြန်တိုင်း လမ်းပေါ် ဂျိုင့် တွေ ရှောင်လို့ ရသွားလို့ ပါ၊စိတ်မကောင်းတာက..."
သူ စကားရပ်သွား၍ ကျွန်တော်ထောက်ပေးရသည်။ " ဘာဖြစ်လို့ လဲ အကို " " အိမ်ကို ဆွမ်းခံကြွ နေတဲ့ ဘုန်းဘုန်း
ကို ပဌာန်းပွဲတွေ ဒီနှစ် မလုပ်ဖြစ်တော့ ဘူးလား လို့ လျှောက်တော့  မလုပ်ဖြစ်ဘူးဒကာရေ၊ လျှောက်လွှာတင်ရမယ်
စီစစ်ရအုံးမယ်တဲ့ ။ ဒါဆို ဟိုဆိုင်ကြီးက ညတိုင်း မိုးလင်းပေါက် အော်ဟစ်ဆူညံနေတာကြတော့ ရောဘုန်းဘုန်းရာ
လို့ မေးတော့ ... ရှုးတိုးတိုးအိမ်ထဲမှာပဲ ပြောကြတာပေါ့ ဒကာရာ၊ အပြင်မှာ မပြောကြနဲ့ တဲ့ ၊"
ဘောစိ ကားရှင်းသွားတော့  လီဗာကို အတင်းဆောင့် နင်း၍ ထွက်လိုက်တော့ သည်။

" ဒါဆိုယင် ဒီတခေါက်လည်း အကိုအားလုံးကို အလေးပြုခဲ့ ရပြန်ပြီပေါ့ နော် " ဟု ကျွန်တော် သူ့ ကိုလှန်းပြောရာ
"အေးပေါ့ .. ငကျော်ရာ၊ ဟိုမှာရှိတဲ့ ကောင်တွေက ဒို့ တွေထက်အမြဲရှေ့ ကိုရောက်ရောက်နေတာကိုပြောချင်တာ "
"မဟုတ်ဘူး.. အကို၊ ဟိုကငွေ ပွနေတဲ့ နူန်းက ဒီမှာ ကျွန်တော်တို့  ပြူးပြဲရှာနေရတဲ့ ဝင်ငွေထက် အမြဲတန်းပိုမြင့်
နေတာပါ " သူစကားစတို့ ခဏတိတ်သွားသည်။ " ပြီးတော့ .. ဘယ်နေရာမှာစားစား သုံးလေးယောက်လောက်
စားလိုက်ယင်ပဲ သောင်းဂဏန်းလောက် ရှင်းနေရပြီ၊ ငွေစက္ကူတွေကလဲ ညစ်ပတ်နံစော်နေတာပဲ။ အစိုပြန်ပြီး
လက်ထဲတင်စုပ်သွားမှာစိုးနေ၇တယ်ကွာ။အစွန်းထွက် ရှင်းစရာ၊ အမ်းစရာ အကြွေမရှိဘူးနော်.. ရတယ်
လာမယ်လေ၊ သကြားလုံးလေးတွေ " ကျွန်တော် အသက်ရှုကြပ်လာသလိုဖြစ်လာ၍ ဘေးမှန်ကို ချလိုက်ရသည်။

" ငါ.. တနေကုန် မောလွန်းအားကြီးလို့ ပါးစပ်ကြီးဟပြီး အိမ်ပြန်ရောက်လာတော့ ... " " မောဟပေါ့ နော် " ဟု
နောက်ရာ၊ " နေစမ်းပါကွာ.. ဆုံးအောင်နားထောင်စမ်းပါ။ ပေါင်ပေါင်းလေးကွာ.. ပြေးထွက်လာတယ် " ကျွန်တော်
တို့ ရဲ့ ခြေကြိုခြေကြားမှာကြီးလာသည့်  ဘောစိ၏ အသည်းကျော် သမီးလေးဖြစ်သည်။ ခြေကြိုခြေကြားဟု
ဘာကြောင့် ပြောရသနည်းဆိုတော့  ကားတစ်စီးနှင့် ကျွန်တော်တို့ သွားလေရာ ရှောက်ပါတတ်ပြီး သူ့ အဖေလိုပင်
ကြုံသလိုစား၍ ကြုံသလိုပဲအိပ်တတ်လွန်းသော ဘိုလ်မလေးနှင့် တူပြီးကျားကျားယားယားနေတတ်သည့် ခလေး
မလေးဖြစ်သောကြောင့် ပါ။

" ပါ..ပါး..ရေ၊ပါ..ပါး... သမီးတို့ ကျောင်းမှာလေ ဒီနေ့ ကန်တော့ တာသင်ရတယ်သိလား " အင်း..မြန်မာဆန်ပြီဆို
တော့  ဝမ်းသာစရာပဲပေါ့ .. ဆိုပြီးသူမောနေတာလေး ခဏစောင့် ပြီး ဆက်နားထောင်မိတော့  " လူကြီးတွေလာ
ရင် လက်အုပ်ချီပြီး ဒီလို..ဒီလို ကန်တော့ ရတယ် သိလား " တဲ့ ကွာ..။ ဒီတစ်ခါ အလေးပြုလိုက်ရသူက ကျွန်တော်
ပါပဲဗျာ။ကျွန်တော်တို့ ခလေးများကို လူကြီးမိဘများကိုတောင် အချိုးကျကျကန်တော့ တတ်ဖို့  တော်တော်သင်ယူရ
မှာမဟုတ်လားဗျာ။ ဒီမှာတုံးကတော့  သွက်လက်ချက်ချာတီတီတာတာနှင့်  ပလာဇာတွေပေါ်က ဘယ်တော့ မှ
မဆင်းတတ်သော ခလေးတောင် ဟိုရောက်သွားတော့  အချိုးကျနေပါရောလားလို့ ။
အင်း... ကျွန်တော်တို့ မွေးချင်းတွေ၊မိသားစုတွေ ( မကီ ) တစ်ခါရေးခဲ့ ဘူးတဲ့  ကြယ်လေးတွေလေ.. အခုတော့ 
ယူနီဖောင်းကာလာဖြစ်နေပါပေါ့ လားလို့ ၊ ( ဖြစ်မှာပေါ့ လေ မွေးရပ်မြေက ယူနီဖောင်းစနစ်နဲ့ သွားနေရတာကိုးလို့ )

အိမ်ရှေ့ နားရောက်တော့  ဘောစိက ကားကိုအဆင်ပြေသည့် နေရာတွင် ရပ်ပေးလိုက်၍ ကျွန်တော်လည်း သူ့ ကို
နှုတ်ဆက်ပြီး ဆင်းလိုက်သည်။ တနေ့ တာမောလာသော အမောတို့ ကို လေပူနှင့် ရော၍မှုတ်ထုပ်လိုက်ပြီး လေး
လံသော ခြေလှမ်းများဖြင့်  အိမ်ဖက်လျှောက်လာရင်း စဉ်းစားမိသည်က... ဘောစိတို့ တောင် ဒီလောက်စဉ်းစား
နေရရင်.. ငါတို့ တော့  ရွှေပြည်တော် ဘယ်လိုမျှော်ရမလဲဟူ၍၊ရွှေပြည်တော်ကို လှမ်းမမျှော်မိအောင်ပဲကြိုးစားရပါ
တော့ မည်လို့ ၊ ဘာ့ ကြောင့် ဆိုတော့  ရွှေပြည်တော်က မျှော်တိုင်း ဝေး..ဝေး၍ သွားနေလို့ ပါပဲခင်ဗျား.... ။

........................................................................................................................................................

( ဒီတစ်ခါတော့  အမောတို့ ကိုအဆုံးသတ်တော့ မည်ဟု စဉ်းစားမိပါသည်။ စာဖတ်သူတို့ ကိုလည်း အားမနာစွာ
ကိုယ်မောသလို မောအောင် လုပ်ခဲ့ မိပြန်သည်၊ ထို့ ကြောင့်  နောက်ရေးလျှင် အမောဖြေဘို့ နည်းလေးရှာပြီး
ကြိုးစားရေးပါမည့် အကြောင်း ... လာဖတ်နေသူများကိုကျေးဇူးတင်စွာနဲ့ ပဲတောင်းပန်လိုက်ပါသည်ခင်ဗျား )

6 comments:

နဒီမိုးညို said...

မမောပါဖူး..ဘေးမှာ..ရေဗူးချထားတယ်..ဟီးး
ရွှေပြည်တော်က.မျှော်တိုင်းမဝေးတော့ပါဖူး..ရှင်
(မိုးညို..နဲ့ သာ.ဆို.မုန်တိုင်းလဲ..ကြောက်ဖူး...း))

သုဒြေ္န said...

မိုးညိုပြောသလို...ဖြစ်ပါစေဘဲ..ဆုတောင်းနေတော့မယ်.ဘ၀အမောတွေ....အဆုံးသပ်...မိသားစုနဲ့ စု့စည်းနီးစပ်.နီးတကျက်ကျက်..ဝေးတသက်သက်.အဖြစ်အပျက်တွေ.ရပ်တန်းကရပ်စေဘို့ ...ရွှေပြည်တော်နီး..ခရီးရယ်မလှမ်းရအောင်...ကဲ..ဆွေတော်မျိုးတော်တို့ ရေ.သံဗုဒ္ဒေရွတ်ရအောင်လား...ခင်တဲ့ ..သုဒြေ္န

အနော် said...

အကိုရေ ဒီအမောတွေကတော့ အမြဲတမ်းမောနေရတာမို့ မောတယ်လို့တောင် သိပ်မထင်ချင်တော့ပါဘူး
အမောတွေကို မျှဝေ ခံစားကြမယ်လေ
အကိုရေ မရပ်ပစ်ပါနဲ့ဦး အားပေးနေပါတယ်နော်

သီဟသစ် said...

ကိုဖြူလေးရေ
ရွှေနိုင်ငံက အမောတွေကတော့ ဖြေလို့လည်းပြေမယ်မထင်

မရပ်ပါနဲ့အုံး
အရှိန်ရသလောက်ဆက်ရေးပါဗျို့


ခင်မင်စွာဖြင့်
သီဟသစ်

kiki said...

မောဒယ် .... မောဒယ် ကွယ်..
နား နား ပြီး ပြောကြမယ် ။
ဖြေး ဖြေး ပဲ ပြောကြမယ် ။
ပြော မဆုံးပေါင် ။။ တော တွေလည်း အကုန်ပြောင် ။
ဒို့  အဘအစစ် ဗိုလ်တေဇ က ဒို့ ပြည်ကို ကယ်တင်ခဲ့တယ် ။
ခု မျိုးမစစ် ငတေဇ က ဒို့ ပြည်ကို ရောင်းစားနေတယ် ။

သူ့ ခေတ် နဲ့ တော့ သူတွင်ကျယ် ပေါ့ ။
ပြောရင်း ရေးရင်း နဲ့ တောင် အမောဖေါက်လာ သလို ပါဘဲလေ ... တော်ပြီ . အကုသိုလ် များလွန်းလို့  ...

ခင်တဲ့
မကိ ။

Unknown said...

တို့ခေတ်ကို ရောက်ရမည်မှာ မလွယ်ပါလေ ...

မျှော်လင့်ပါဗျာ မျှော်လင့်ခြင်းသည် လူကို အားအင်တွေ တိုးစေတယ်လေ.....

အဖြူလေးရေ... စိတ်ကူးနဲ့အိပ်မက်တွေ
လက်တွေ ဖြစ်ပေါ်လာပါစေလို့....

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)