Saturday, August 15, 2009

မိုးလင်းသွားသော... တစ်ည

သည်နေ့ ညရဲ့  ဝိုင်းစက်ပြည့် ဝန်းနေသော ဖိုးလမင်းကြီးကို ကျားကိုက်ဟုခေါ်သော ကျွန်တော်နေနေသော
တိုက် အပေါ်အမိုးမျက်နှာကြက်ရှိ ထပ်ဖွဲ့ ထားသော အခန်းလေး၏ ဝရံတာလေးမှ ထွက်ကြည့် နေမိသည်။
တိမ်ခိုး၊တိမ်ရိပ်တို့ ကင်းစင်နေသောကြောင့်  ပြည့် ဝန်းလှသော လမင်းကြီးက ကြည့် နေရင်း ကျွန်တော့် ရင်ထဲ
တိုးဝင်လာနေသလို ခံစားရမိပါသည်။စိမ့် ပြီးအေးလာသလိုပါ။
အရှေ့ ဖက်တည့် တည့် ညိမ်ဆိပ် မဲမှောင်နေသော တောင်ကုန်းကြီးပေါ်မှ လေနုအေးတို့  တသွင်သွင်ထိုး
ဆိုက်ဆင်းလာပြီး ပြားပြားဝတ်နေသော အိမ်အမိုးတို့ ကို ပွတ်တိုက်ဖြတ်သန်း၍ ကျွန်တော်ရပ်နေသော ဝရံတာ
ထဲသို့  အတင်းတိုးဝင်နေကြသည်။
သံယောဇဉ်ကို အခြေခံပြီး ရင်ထဲကကြယ်ကလေး ခေါင်းစဉ်ဖြင့် ဇာတ်လမ်းတစ်ပုဒ် ရေးဖွဲ့ ဖို့ လုပ်ပြီးမှမရေး
ဖြစ်တော့ ပဲ ထိုကြယ်လေးကို အမေစုအတွက် ဂုဏ်ပြုရေးဖွဲ့ မိခဲ့ ပြီးနောက်ပိုင်း သည်ည၏လကြီးကို ငေးမိပြီး
ရင်ထဲကလမင်း ခေါင်းစဉ်ဖြင့်  နောက်တစ်ပုဒ်ရေးကြည့် ဘို့  စဉ်းစားနေမိပြန်ပါသည်။
စာတစ်ပုဒ်၊ဝတ္ထုတစ်ပုဒ်၊ကဗျာတစ်ပုဒ် ရေးဖွဲ့ ရခြင်းသည်.. ခလေးတစ်ယောက်ကိုမွေးဖွားရခြင်းနှင့် တူသည်
ဟူသော ငယ်စဉ်ကဖတ်ခဲ့ ရဘူးသည့်  စာရေးဆရာကြီးတစ်ယောက်၏ အဆိုအမိန့် ကို ပြန်သတိရနေမိပါသည်။
( ကိုယ်တိုင်က မီးမဖွားနိုင်သော ယောင်္ကျားတစ်ယောက်ဖြစ်နေပေမဲ့  ချဲ့ ပြီးတွေးကြည့် တာပေါ့ နော် )
မမွေးခင်ကတဲက ရင်သွေးအတွက်ရည်မှန်းပြီး စောင်ရန်ရှောင်ရန်တို့ ဖြင့် လှပသော၊ကျန်းမာသော၊ချစ်စရာ
ကောင်းသောရင်သွေးလေးတစ်ယောက်ဖြစ်လာဖို့  စောင့် ရှောက်ခဲ့ ရပြီး မီးဖွားနေစဉ် အချိန်တွင်းမှာလဲ ပင်ပန်း
ဆင်းရဲစွာပဲ ဖြစ်ညှစ်ကြိုးစားရုန်းကန်ခဲ့ ရပြန်ပါသည်။ မွေးဖွားပြီးပြန်တော့ လဲကိုယ့် ရင်သွေးလေးကို တစိမ့် စိမ့် 
ပြန်ကြည့် နေမိရင်း ပင်ပန်းမှုတွေ ပြေပြောက်၍ ပီတိတို့ အကြိမ်ကြိမ်ဖြစ်ပေါ်နေလေ့ ရှိသော မိခင်တစ်ယောက်၏
ခံစားရမှုနှင့် နိုင်းယှဉ်ရေးရဲခဲ့ သော ထိုစာရေးဆရာကြီးကိုလွန်အံ့ မထင်ဟု ကျွန်တော်ပြောချင်ပါသည်။
တခြားမကြည့် နဲ့ လေ။ ဟိုမရောက်ဒီမရောက် ကမျောက်ကချောက်ရှောက်ရေးနေတတ်သော ကျွန်တော်ပင်
လျင်တနေ့ ဝိုင်းကလေးအဖွဲ့ နှင့် ထမင်းစားနေရင်း ဝတ်ထားသည့်  စပို့ ရှပ်ကို ငုံ့ ကြည့် မိလိုက်တော့  ဘယ့် နှယ်
ငါ့ ဘယ်ဘက်ရင်ဘတ်က တံဆိပ်က ညာဘက်ကို ရောက်သွားပါလိမ့် ပေါ့ ...လက်စသပ်တော့  အင်္ကျီပြောင်းပြန်
ဝတ်ထားမိတာကိုးလို့ ။ပြောချင်တာ ဘာလုပ်လုပ်ဒီစိတ်၊ရေးချင်နေသည့် စိတ်ပါ..လို့ ။

ပက်လက်အနေအထားအတိုင်း အကြိမ်ကြိမ်လူးလှိမ့် နေရင်းက အိပ်ရာနှင့် ကြောတို့ ပူလာသောကြောင့် ကိုယ်
တစ်ခြမ်းစောင်းလိုက်ရင်း လုံးထွေးနေသော စောင်ထုပ်ကြီးကို စိတ်မရှည်စွာပဲ အတင်းခွလိုက်မိပြန်သည်။ ဒီတခါ
အိပ်မပျော်တာကတော့  ကိုညောင်ရန်း၏ လည်နေသောပန်ကာကို ပြောင်းပြန်ပြန်လည်သွားအောင်၊မျက်နှာကျက်
နှင့် မှန်တံခါးချပ်တို့  တစပ်စပ်ခါနေအောင်ကို စွမ်းစောင်နှိုင်သော ဟောက်သံကြီးကြောင့် ဟု ပြောလို့ မရတော့ ပါ။
ဘာကြောင့် ဆိုတော့ .. အမြဲတုန်ခါနေသော အင်၈ျင်စက်သံကြားမှ အိပ်တတ်သော သင်္ဘောသားများကဲ့ သို့ 
သူ့ ဟောက်သံကို ဟာမီုနီကျစွာ နားထောင်ရင်းအိပ်ပျော်နေတတ်သောကြောင့် ပါပဲ။ဒီနေ့ အိပ်၍မပျော်နိုင်သေး
သည်က ကျွန်တော် နယ်ကို၊( မြောင်လိ ) ဘက်ကို အလုပ်နှင့် ကာလအတော်ကြာ သွားရတော့ မဲ့ သတင်းကြောင့် 
ပါ။

ကျွန်တော်ဤတိုင်ဝမ်ကျွန်းကြီးပေါ်တွင် တွယ်တာနေခဲ့ မိသော ကျားကိုက်ပေါ်က အသိုက်အမြုံဝိုင်းကလေးတစ်ခု
ကိုအချိန်အတိုင်းအတာတစ်ခုအထိ ခွဲခဲ့ ၊ထားခဲ့ ရတော့ မယ်လေ..။ လောကမှာ ဘယ်အရာကိုမှ အစွဲအလန်းမထား
ကြေး လို့ ကြားမကောင်းအောင် အော်နေခဲ့ မိသောကျွန်တော် အခုတော့  မီးခဲဖင်ခုထိုင်နေ၇သလိုဖြစ်ပြီလေ။
လူဆိုတာ .. ကိုယ့် ရင်ကို ထိထိခိုက်ခိုက်ဖြစ်ခဲ့ တဲ့  အရာရာအားလုံးကို ဆုပ်ကိုင်မိ။တွယ်တာမိတတ်ကြတာပါပဲ။
အဲဒီလို အရောင်အသွေးမျိုးစုံသော သံယောဇဉ်တို့ နဲ့  တစ်ယောက်နဲ့ တစ်ယောက် ရစ်ပတ်နှောင်ဖွဲ့ ရင်း မပြီးဆုံး
နိုင်သော အဆုံးတစ်ခုကို တရွ့ ရွေ့ သွားနေရင်း က အချိန်တစ်ခုသို့ ရောက်တိုင်း တွယ်တာခဲ့ မိသောပတ်သက်ခဲ့ မိ
သောဝန်းကျင်တို့ ကို အကြိမ်ကြိမ်၊ စွန့် ခဲ့  ခွာခဲ့ ရတာတွေကလည်း သိပ်များနေခဲ့ ပြီဖြစ်သည်လေ။

ချာချာလည်လွန်းသောအတွေးတို့ ကြောင့်  ဘယ်လိုမှအိပ်ပျော်ခြင်းသို့ မရောက်နိုင်သေး၍ မိတ်ဆွေတစ်ယောက်
နှင့်  မကြာခဏဆွေးနွေးနေခဲ့ ဖြစ်သည့်  အသက်ရှုခြင်းလေ့ ကျင့် ခန်းလေးကိုသွားသတိရမိပြန်သည်။စိတ်ဖိအား
တွေ၊ဖိစီးမှုတွေ သိပ်များလာတဲ့ အခါတိုင်း အတွေးတွေအားလုံးကို ရပ်ပြစ်ပြီး၊ တစ်သက်လုံးကမှ သတိမပြုမိခဲ့ 
သော စက္ကန့် မပြတ်တန်းလုပ်နေခဲ့ မိသည့်  ရှုနေသောအသက်ကလေးကို သတိလေးကပ်ပြီး စောင့် ကြည့် သည့် 
လေ့ ကျင့် ခန်းလေးကိုပါ။
ရှုနေဆဲ၊ထုပ်နေဆဲမှာပဲ.. ခေါင်းတဝိုက်၊မျက်လုံးတဝိုက်၊ပုခုံးတဝိုက် အရိပ်တွေအစီစီပေါ်လာပြန်သည်။တနေကုန်
စွဲလာခဲ့ သည့် အစွဲလေးတွေလေ။ကြိုက်တာရော၊မကြိုက်တာရော၊လုပ်ချင်တာ မလုပ်ချင်တာတွေ အာရုံတွေအား
လုံးနဲ့  အရောင်ဆိုးလာခဲ့ မိလို့ အိမ်လဲရောက်ရော စိတ်တွေညောင်းပြီး စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလို တစ်
ကိုယ်လုံးမလှုပ်ချင်တော့ တာတွေပါပြန်ပေါ်လာပြန်သည်။
အဲဒီ အာရုံတွေနောက်ပြန်ပါသွားနေတဲ့ စိတ်ကလေးကို အသာလေးပြန်ဆွဲလာရင်း မူလချဉ်တိုင်ဖြစ်တဲ့  နှာသီးလေး
ထိပ်ပေါ်ပြန်တင်ကြည့် လိုက်မိပြန်တော့  ခုနအတိုင်း ရှုနေတုံးပါပဲဗျာ။ တွေးနေတာ၊ကြားနေတာ၊လွမ်းနေတာ၊လေ
နေတာ၊ကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ရွရွမွမွလေးတွေ၊ရှိန်းတိန်းတိန်းနွေးတေးတေးဖြစ်ပေါ်ခံစားမှုလေးတွေဟာ နှာသီး
ဝမှာဖြစ်ပေါ်နေတဲ့  ရှုခြင်း၊ထုပ်ခြင်းနဲ့  တခြားစီ ဖြစ်ပေါ်နေတယ်ဆိုတာကို သိလာရတဲ့ ခဏမှာတော့  သက်သာ
သလိုရှိလာပေမဲ့  အိပ်ပျော်ခြင်း အထိတော့  မရောက်နိုင်သေးပါ။

ဆရာမ ပုလင်းဖင်နှင့်  ဆွေးနွေးဖူးသည့်  အကြောင်းအရာတစ်ခုဆီရောက်သွားပြန်ပါသည်။
လူဆိုတာ...အမြဲတန်းတစ်ယောက်ထဲပါ..။ ဆိုတာကို ။ မိသားစုအသိုင်းအဝိုင်းတွေ၊ စည်းစိမ်ဥစ္စာ အောင်မြင်ကျော်
ကြားမှုတွေ ဘယ်လောက်ပဲ ဝိုင်းရံရှိနေပါစေ။ တစ်နေ့  ကိုယ်ထားခဲ့ ရမှာပဲဆိုတာကိုပါ။နောက်ဆုံး ပြန်ထွက်ရတော့ 
မဲ့ အချိန်ရောက်တဲ့ အခါကျတော့  ကိုယ်ဆွဲခဲ့ မိလို့  လုံးဝမခွဲချင်ခဲ့ တဲ့ လောကကြီးထဲက မကျေမနပ်နဲ့ ရုန်းကန်
ထွက်သွားရတဲ့ အချိန်မှာ တစ်သက်လုံးရှာဖွေထူထောင်လာခဲ့ တဲ့  အောင်မြင်မှုတွေ၊ကျော်ကြားမှုတွေ အသိုင်းအဝိုင်း
တွေအားလုံးဟာ အဲ့ ဒီအချိန်ကျ ကိုယ်နဲ့ မဆိုင်ခဲ့ သလိုပါပဲလို့ ။ဝင်လာတုံးကလဲ.. တစ်ယောက်ထဲပဲမဟုတ်လားလို့ ။

နောက်ဆုံးအချိန်ရောက်လို့ ကျေကျေနပ်နပ်နဲ့  ထွက်သွားလို့ ရအောင် အခုကတဲက ရှာရင်း၊ဖွေရင်း၊လုပ်ရင်းကိုင်ရင်း
အချိန်လေးတစ်ချိန်နေ့ စဉ်သတ်မှတ်ပြီး ပုံမှန်လေ့ ကျင့် ထူထောင်သွားဖြစ်အောင်ရောက်နေတဲ့ အသက်နဲ့ လက်ကျန်
ကိုယ်နေနိုင်အုံးမဲ့  ဖြစ်နိုင်ခြေရှိမဲ့ နှစ်အပိုင်းအခြားကို ရက်နဲ့ ဖွဲ့ ပြီး မမေ့ စတန်းနှလုံးသွင်းနေဖို့ ပြောကြည့် တော့ 
ရင်မဆိုင်ရဲသေးပါတဲ့ ။ ဟုပ်ပါတယ်လေ။ သူများဆရာလုပ်နေတာ.. ကျွန်တော်ကရောတဲ့ ။ လုံးဝကို မတွေးချင်သေး
ပါ။

ဘယ်တော့  ငါအိပ်ပျော်ပါ့ မလဲ.. ဆိုတာကို စောင့် နေရင်းက ကျွန်တော်တို့  တိုက်အောက်တည့် တည့်  မနက်စာ
ရောင်းသည့်  (ကြောင်ချမ်း) ဆိုင်ကလေး ဆီမှ ဒယ်အိုးကို ဆီဝတ်နှင့် သုတ်နေသည့်  ဆီဂျီးညှော်နံ့ က ကျွန်တော်
တို့ အိပ်ခန်းတွင်းသို့  တိုးဝင်လာပါတော့ သည်။ နေ့ တစ်နေ့ ကို အစပြုကြအုံးတော့ မည်လေ။ကျွန်တော်ကတော့ 
အိပ်ပျော်ခြင်းကိုစောင့် နေရတုံး။ အိပ်ရာ တစ်ခုလုံးလဲ လှိမ့် စရာ၊လူးစရာ မကျန်တော့ ပါ။

သံယောဇဉ် တို့ ကို ဆစ်ပိုင်းဖြတ်တောက်သုံးဆွဲဖို့  အကြိမ်ကြိမ် ကြိုးစားနေရင်း၊ ထိုသံယောဇဉ်တွေနဲ့ ပဲ လိမ်းကြံ
နေရင်း၊အထိအခိုက်အရှအနာတို့ ဖြင့်  ပြည့် နှက်နေသော ကျွန်တော့  ပုံရိပ်များကို တဖြည်းဖြည်းချင်းမြင်ရောင်
လာနေတော့ တယ်ဗျာ။
သည်နေ့ ည တစ်ညကတော့ .. ဆေးပေါင်း ခ ခဲ့ သည့် ညမဟုတ်ပဲ၊ အတွေးပေါင်းစုံတို့ ခ ခဲ့ ရသည့် ည...
မိုးလင်းသွားသော...... ညတစ်ည.. ဖြစ်ခဲ့ ပါကြောင်းဖြင့် ... ။
.................................................................................................................................................
သည်တစ်ခါလဲ ကိုယ်ရေးချင်သည့် ပုံစံအတိုင်း ရေးခဲ့ မိပြန်ပါသည်။ စာဖတ်သူများကို အမောတကောဖြင့် လိုက်
ဖတ်ခိုင်းမိခဲ့ ပြန်ပါသည်။ အဲဒီအတွက်ကိုပဲ နှုတ်ဆက်ခဲ့ ရင်း တောင်းပန်ခဲ့ ပါသည်။ တောင်းပန်သည့် အထဲတွင်
စာကို အမြဲတန်းချောအောင်ရေးဘို့ ၊ ဆုံးမပေးနေသော ကိုမြစ်ကျိုး၊ စောစောအိပ်ရန် အမြဲတန်းအော်နေခဲ့ သော
ဂျစ်တူးလေး၊စာရိုက်ရာတွင် အခက်အခဲရှိတိုင်း ကူညီဖြေရှင်းပေးလေ့ ရှိသည့် ကိုမျိုးကြီး၊ဗိုလ်သံမဏိဟုတင်စား
ခေါ်ယူရလောက်အောင်ကို မာလွန်းသည့်  ရှည်ရှည်ထောင်ထောင်မောင်းမောင်းနှင့် ဆရာမပုလင်းဖင်၊ကျွန်တော့် 
ပို့ (စ)လေးကို စိတ်မပျက်တန်းစိတ်ရှည်စွာဖြင့်  အားပေးဖတ်ရှု့ ခဲ့ ကြသော ဝါသနာရှင် ညီအကို၊မောင်နှမ များ
အားလုံးကို ပါ ခဏတာနှုတ်ဆက်ခဲ့ ပါသည်ခင်ဗျား...။
...............................................................................................................................................
( ပြီးပါပြီ )

11 comments:

kiki said...

အဖြူလေးရေ ..
အလုပ်သွားလုပ်တာဘဲဟာ ..
ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်းသွားလုပ်တာ ဘာမှ နောက်ဆံတင်း မနေပါနဲ့  .
wireless internet stick လေးတခုသာ ဆောင်ထား ။ ဘယ်နေရာရောက်ရောက် ကိုယ်ရေးချင်တဲ့ ပို့ စ်လေးတွေ ရေးတင်လို့ ရနေတာဘဲဟာ ။
ဘာမှ အားမငယ်ပါနဲ့  .. ဘောစိရော ..အတူတူသွားကြ မှာလား ။
ကျန်းမာရေး တော့ ဂရုစိုက်နော့

အစစ အရာရာ အဆင်ပြေနိုင်ပါစေ

ခင်တဲ့
မကိ..

ရွှေ ယွန်း ဝါ said...

ဒါဆိုစာမရေးဖြစ်တော့ဘူးလား။ မြန်မြန်ပြန်လာနော်။ ဒါမဲ့အလုပ်နဲ့ သွားတာဆိုတော့လဲ သွားရမှာပေါ့လေ။

အနော် said...

ကိုအဖြူလေးရေ
ခရီးသွားနေရင်းနဲ့ ရသမျှ အတွေးစလေးတွေကို စုစည်းခဲ့ဗျ
ပီးတော့ ခရီးက ပြန်ရောက်တာနဲ့ အတွေ့အကြုံတွေကို ပြန်ရှယ်ပေးပါနော်
ပျော်ရာမှာမနေရ တော်ရာမှာ နေရဆိုတဲ့ စာရှိတယ်အကိုရေ
ဒီလိုပါပဲ ကို့ဘဝအတွက် ကိုယ်ရွေးချယ်ထားတဲ့အလုပ် အတွက် ဖြစ်ချင်တာတွေကိုမျိုသိပ်ပီးတော့ လုပ်ရမှာပါပဲ.
သွားမယ့်လမ်းခရီးမှာ အဆင်ပြေပါစေ

လင်းကြယ်ဖြူ said...

တကယ်ပါ..
လူဆိုတာ တစ်ယောက်တည်းရယ်ပါ..ဒါပေမယ့် တစ်စိတ်တည်း ထားပြီးနေနိုင်ဖို့ကတော့ ခက်နေဆဲပဲ..
ခရီးအားလုံးအဆင်ပြေပါစေ ခင်ဗျ..
ပျော်ပါစေ

သုဒြေ္န said...

မသွားချင်ရင်လဲရပါတယ်လေ....သွားမယ်..မသွားဘူး....လုပ်မယ်..မလုပ်ဘူးဆိုတာတွေကတော့ ..ကိုယ့် ဆုံးဖြတ်ချက်ပေါ်မှာ. .လုံးလုံးလျှားလျှားမူတည်တာပေါ့ ..မသွားချင်လဲသွားနေရတာကတော့ ..ဘ၀ဆိုတဲ့ သံသရာ.ခရီး..မပေးချင်ဘဲပေးဆပ်နေရတာက..ဘယ်တော့ မှ.....ပြန်အစားထိုးမရတဲ့ အချိန်တွေပါ...ဒါလေးကို..သဘောပေါက်..လက်ခံထားမယ်ဆိုရင်...အရာရာ..ရင်ဆိုင်၇တာသက်တောင့် သက်သာခံစား..ဖြေသိမ့် နိုင်ပါလိမ့် မယ်.......သုဒြေ္န

Unknown said...

စိတ်ကိုအလိုမလိုက်မိစေနဲ့
လွမ်းလို့သတိရရင် ဖုန်းဆက်
အရေးကြီးတာက ကျန်းမာရေး

Unknown said...

အားလုံးက သတိရနေကြမှာပါ
မောင်အဖြူလေး ပိတ်ရက်ရရင် ပြန်လာပေါ့
ဘဲကောင်လုံးဟင်းချက်စားကြမယ် ဝေ့

အဆင်ပြေနိုင်ပါစေ
ညီမလေး
သံမဏိ

Anonymous said...

အဆင်ပြေပျော်ရွှင်ပါစေနော်
ကဲလွမ်းရင်ဖုန်းဆက်တဲ့
ပြန်လာရင် ဘဲကောင်လုံးဟင်းချက်ကျွေးမယ်တဲ့
ဘယ်လောက်ပျော်စရာကြီးလဲနော့
အိမ်ဖက်လဲလာခဲ့သိလား
စားစရာတွေကျွေးအုံးမှာသိလား
ပျော်ပျော်သွားပျော်ပျော် ပြန်လာ
ဟီဟီ ချရာလုတ်တာဟုတ်ဖူးနော် တ့ာတာာာာ

Unknown said...

ဟိဟိ မှားကုန်ပြီ .......ဘဲကောင်လုံးဟင်းကမောင်အဖြူလေး
ချက်မှာဗျို့

သံမဏိ

ခြေလှမ်းသစ် said...

ကိုအဖြူလေးရဲ့  ခဏတာထွက်ရမယ့် ခရီးကြောင့် ရင်တွေခုန်ပြီး အိပ်မရပဲ ထွက်လာတဲ့ နှုတ်ဆက်ပိုစ့်လေး က ဖတ်လို့အတော်ကောင်းဗျ .... ပြန်လာရင် စာတွေ အများကြီး သယ်လာခဲ့အုံးနော် .. စောင့်နေကြတာပေါ့ ..

thawzin said...

တော်သေးတာပေါ့ အင်္ကျီတံဆိပ်မြင်လို့...
ဝိပဿနာတွေရော...
ဘ၀တွေရော...
ဒေါ်စုနာမည်ကပါသေးနော်
တယ်စုံတဲ့ပိုစ်လေးပါလား