Tuesday, September 15, 2009

ကာရံ မဲ့ နေသော ဝိုင်းကလေး

ယ္ခုတလော ရာသီဥတု စပြောင်းစ ပြုလာပါသည်။ ပူပြင်းသောနွေမှ မိုးဦးရာသီသို့ ပါ။ ကျွတ်ကျွတ်ပူနေသော
မြေပြင်ပေါ်သို့  တစ်ဖြိုက်၊နှစ်ဖြိုက် ကျဆင်းလာသော မိုးစက်တို့ ကြောင့်  အောင်းနေသော အပူငွေ့ တို့ က
အခိုးအငွေ့ တို့ အဖြစ်တစ်ထောင်းထောင်းနေအောင် ပြန်တက်နေပြီး၊ မိုးစက်ပွင့် တို့  ထိမှန်စိုစွတ်နေသော်လည်း
တမြိုက်မြိုက်ဖြင့် ပူလောင်အိုက်စပ်ခြင်းကိုတော့ ခံစားနေရ ပါသည်။ သို့ ပါသော်လည်း မိုးငွေ့ ပါလာသောရနံ့ 
တို့ ကို ရှုရှိုက်မိသဖြင့်  မိုးဦး ကိုတော့  လှိုက်လှိုက်လှဲလှဲကြိုဆိုမိတာအမှန်ပါ။လဲလျောင်းနေသော တောင်တန်း
တောင်ကြောကြီးတွေကို ကြည့် မိပြန်တော့  တောင်ခိုးတွေက အမြဲတန်းဝေနေပြန်ပါသည်။

ကျွန်တော်၏ ကွဲအက်အက်၊ ရှတတနိုင်လွန်းသော ငယ်ဘဝအစိတ်အပိုင်းများ(၆)ကို ရေးဖွဲ့ ပြီး၊တိုက်ဆိုင်စွာပဲ
ဖြစ်ပေါ်လာခဲ့ သော ကိုမြစ်ကျိုးရဲ့  "တစပြင်" အရေးကြောင့် ၊တကယ်ပဲ သူ့ အတွက် ဖြေလို့ မရအောင်ကို
စိတ်မကောင်းခြင်းကြီးစွာဖြစ်မိပြန်ပါသည်။ သူ့ ရဲ့  တိုတိုနဲ့ လိုရင်းလေးပဲ ကပြာရေးတင်လိုက်သော တစပြင်
ကို ခပ်သုတ်သုတ်ဖတ်မိပြီး သတိကြီးစွာ၊ခက်ခဲစွာပဲ ကောမန့် (စ)လေးရေး၍ သူ့ ကိုအားပေးခဲ့ ရပါသည်။

လူဆိုတာတစ်ယောက်နဲ့ တစ်ယောက် တွေ့ ဆုံမိကြပြီဆိုရင် ရင်းနှီးလာကြပြီး ကာလလေးတစ်ခုရှည်ကြာလာခဲ့ 
ပြီဆိုရင်တော့  တစ်ယောက်မျက်ဝန်းထဲတစ်ယောက် တဖြည်းဖြည်းပဲ အလွတ်ကျက်မိလာကြပါသည်။တွယ်
တာလာမိခဲ့ ကြပါမည်။တနည်းဆိုရသော် သံယောဇဉ် ကြိုးတို့ တွယ်နှောင်မိကြပါတော့ သည်လေ။အရောင်
ဆိုးမိသူရော၊ အရောင်မဆိုးမိသူရော တွေ့ နေ၊ဆုံနေချိန်ရောက်တိုင်း တစ်ယောက်နှင့် တစ်ယောက် မျှော်
နေမိ၊စောင့် နေမိကြမှာသေချာလွန်းပါသည်။ ပတ်သက်ခဲ့ မိသော ဝန်းကျင်၊အလေ့ အကျင့် လေးတွေ၊အတူ
တူပဲ စားကြ၊သောက်ကြခဲ့ တာလေးတွေ ပတ်သက်ခဲ့ တဲ့ အငွေ့ အသက်တွေအားလုံးကို အဲဒီအချိန်ရောက်
တိုင်း ပုံမှန်ပဲ ပြင်းပြင်းပြပြ ခံစားမိ၊သတိရမိကြမှာပါ။ သံယောဇဉ်ရောင်စုံတို့ နှင့်  နှောင်ဖွဲ့ မိခဲ့ ကြတာကိုးလို့ ။


နေ့ တိုင်းပဲ မနက်မျက်စေ့ နှစ်လုံးပွင့် ပြီးကတဲက နေရာမျိုးစုံ၊လုပ်ငန်းမျိုးစုံ၊ဝန်းကျင်မျိုးစုံတွေမှာ စိတ်ပါသည်
ဖြစ်စေ၊မပါသည်ဖြစ်စေ၊ကိုယ့် ကိုနဲ့ သူများစိတ်ကြီးပဲ တာဝန်တွေ၊ဖိအားတွေနဲ့  နေကုန်သွား အောင်ကိုအမော
တွေနဲ့ ပဲ လုံးထွေးနေခဲ့ ရင်းက တာဝန်ချိန် လေးတွေပြီးဆုံးသွားပြီး ကိုယ့် နေရာလေးတွေကို ပြန်လာနေရပြီ
ဆိုတာနဲ့ ပဲ ဆုံနေကြ၊တွေ့ နေကြ၊ခင်နေခဲ့ ကြရတဲ့  ဘော်ဘော်တွေကို သတိရကြတော့ တာပါ။ ဒီအချိန်လေး
မှာပဲ အားလုံးက စိတ်တူ၊ကိုယ်တူတွေဖြစ်ကုန်ကြပြီလေ။ ဈေးဝယ်တဲ့ သူကဝယ်၊ ချက်တဲ့ သူကချက်၊မီးဖိုချောင်
ရှင်းတဲ့ သူကရှင်း၊ရောင်နေတဲ့ သူကရောင်နေပေါ့ ဗျာ။ ဗိုက်ကလေးတွေ တင်းကြပြီဆိုရင်တော့  ဆုံနေကြ
ပိုကာဝိုင်းကလေး မျက်စောင်းထိုးမိကြပြန်ရော။ တစ်ခါဒေါင်းသွားတိုင်း သံယောဇဉ် ဆုဗူးလေးထဲကို
အကောက်အကြွေလေးတွေ တစ်ဗျောင်းဗျောင်းပစ်ထည့် ကြပေါ့ ။ အဲဒီအထဲကပဲ ဈေးဝယ်ကြတာလေ။
ကျူရှင်ရှိတဲ့ နေ့ တွေကျပြန်တော့  ဆရာမ ပုလင်းဖင် မလာခင်ပဲ ပျောက်နေတဲ့ အဆိုင်းမန့် လေးတွေ ကပျာ
ပြန်စုရင်း အမြဲတန်းမန်နေတတ်တဲ့  ဆရာမကို စောင့် နေကြတတ်တာပါ။( ဖဲ ဝိုင်းမှာ လိုက်ဖဲပဲ သူ့ ကိုရွေး
ပစ်နေ တတ်ပေမဲ့ စာသင်ချိန်မှာတော့  လေးစားရတဲ့ ဆရာမပါလို့ )။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ လေ...၊ကျွန်တော်
တို့ ရဲ့ ဝိုင်းကလေးကတော့  နွေးနွေးထွေးထွေးနဲ့  ပျော်စရာကောင်းနေခဲ့ တာတော့ အမှန်ပါ။
( ကျွန်တော်တို့ ရဲ့  ဝိုင်းကလေးကို နံပါတ်စဉ်တပ်ပြီးရေးထားခဲ့ ပါတယ်၊ပြီးခဲ့ တဲ့ လတွေထဲမှာ အောက်ထဲမှာ
ရှိပါတယ်ခင်ဗျာ၊စာရှည်မှာစိုး၍ ဝိုင်းကလေး အကြောင်း အကျယ်မရေးတော့ ပါလို့ )

တစပြင် အကြောင်းရေးနေရင်းနဲ့  ဝိုင်းကလေးအကြောင်းရောက်သွားလို့  ကျွန်တော် မူလရေးချင်တဲ့ အကြောင်း
ရောက်အောင်ပြန်ဆွဲတင်ချင်ပေမဲ့  ဝိုင်းကလေးကလဲ ကိုမြစ်ကျိုးတို့  အပေါ်မှာပဲ မူတည်ပြီးမှ ဖြစ်တည်နေခဲ့ 
ရတာကြောင့် ခွဲရေးဘို့ တော့ မလွယ်ပါ။

အထက်က ဆိုခဲ့ သလို အချိန်အတိုင်းအတာလေးတစ်ခုအတွင်းမှာ တွယ်တာနေခဲ့ ရသူတွေတောင် ဒီလောက်
ရှာကြံ ဖြေဆည်နေရရင် သူတို့ လိုကျောင်းသားဘဝကတဲက နှစ်ချီဖြစ်တည်ဖွဲ့ နှောင်ခဲ့ ရတဲ့ သံယောဇဉ်တွေနဲ့ 
ဖွဲ့ စည်းခဲ့ ကြတဲ့ ချစ်သူတွေ ဆိုရင်တော့ ဘယ်လိုဖြေ ကြရပါ့ မလဲဆိုတာ ကျွန်တော်တွေးမိနေတာပါ။

တစ်လိပ်လိပ်ပွင့် ထွက်သွားမတတ်၊ထိုးတက်လာနေသော အချစ်စိတ်။သံယောဇဉ်စိတ်တို့ ကို အတင်းမျိုချ
ဖျောက်ဖျက်ပစ်ရန်မှာ .... ထွက်တော့ မည့်  ဝမ်းကို၊အတင်းညှစ်ချုပ်ထားရသလို၊ သွားတော့ မည့် စည်း ကို
အတင်းညှစ်ပြီးအောင့် ထားရသလို၊ သည်းညီး လုံးဝ မခံနိုင်အောင် ကိုဖြစ်နေပါမည်ဟု ကျွန်တော်ပြောလျှင်
ရယ်စရာဖြစ်အောင်၊ညစ်ညစ်ပတ်ပတ်ဖြစ်အောင်ပဲ ပြောနေသည်ဟု ထင်စရာရှိသော်လည်း ဘယ်လောက်
ခံစားရခက်သည်၊ဖြေရခက်လွန်းသည်ကို သိသာထင်ရှားဥပမာတို့ ရေးဖွဲ့ ရန်ကျွန်တော်ရှာမရပါတော့ ပြီ။

အချစ်က ပူလောင်ပြီး အငွေ့ လို ပျောက်ကွယ်လွယ်ပေမဲ့ ၊ သံယောဇဉ်ကတော့  စိမ့် အေးလွန်းပြီး ဖြတ်ရ
အလွန်ခက်ပါတယ်တဲ့ ။ ဘယ်သူကမှ မပြောပါ။ကျွန်တော်ပဲပြောနေတာပါ။သူတို့ ကတော့  ချစ်တဲ့ အဆင့် 
ကို ကျော်လွန်ပြီး သံယောဇဉ် အဆင့် ကို ရောက်ရှိခဲ့ ကြပြီးမှ...။

ဒီပို့ (စ)လေး ကို ကျွန်တော်အဆုံးသတ်ရေးဘို့  ကြိုးစားရင်း မျက်လုံးတို့  ညောင်းလာသလိုဖြစ်လာ၍
ဝရံတာဖက် ခဏထွက်ကြည့် မိတော့  မျက်နှာချင်းဆိုင်ရှိ တောင်ခိုးမြုခိုးတို့  ပိတ်မှောင်နေအောင် ဝေနေသော
တောင်ထိပ်ဆီမှ အုန့် မှိုင်းပြိုဆင်းလာဟန်ပြင်နေသော မဲမှောင်သည့် တိမ်ထုကြီးကို မြင်လိုက်မိတော့ သည်။
အပူခိုးတို့  သေအောင် မိုးကြီးတို့  ရွာတော့ မည်ဟု။ဘာပဲဖြစ်ဖြစ်.... အိုက်တာတော့ အိုက်နေတာပါပဲလေ..။

ကိုမြစ်ကျိုး ကတော့ မနိုးသေးပါ။သူ နေ့ နှင့် ည မှားယွင်းနေပြန်ပြီ။ မြန်မာပြည်ရောက် သူ့ သံယောဇဉ်လေး
နှင့်  ဂျီတော့  တစ်ညလုံးပြောဖြစ်တာနေမှာပါ။ ကျွန်တော့် ကိုတော့  ကျွန်တော့် ညီမက တစ်ခုတ်တရ နူတ်
ဆက်လာပါသည်။ ကိုကြီး နေကောင်းလားတဲ့ ..။ ကျွန်တော်ကတော့  အရေးကြီး မေးခွန်းပဲမေးလိုက်ဖြစ်
တော့ သည်။ ဟေ့  ညီး..တို့ ဆီမှာ မီးလာသလား...လို့ .ပါ။ တစ်ခြားလဲ မပြောချင်တော့ လို့ ပါ။

ရှေ့ ဘက် တောင်ကြောကြီးဆီမှ ပြိုဆင်းလာတော့ မည့်  မိုးလုံးကြီးက ကျွန်တော်တို့  ဝိုင်းကလေး အတွင်းမှာ
ဖြစ်တည်နေသော ချောက်သွေ့ နေသည့်  တစပြင်ကို စိုစွတ် စိမ်းလန်း သွားအောင်အမြန်ရွာသွန်း ဆေးကြောပေး
ပါတော့ ဟု.......။ ကာရံ မဲ့ နေသော ကျွန်တော်တို့  ဝိုင်းကလေးအတွက်......။

.........................................................................................................................................
( ပြီးပါပြီ)

8 comments:

kiki said...

သံယောဇဉ်တွေက အရောင်ဆိုးတာရော အရောင်မဆိုးတာတွေရော အတူတူလိုချည်းပါဘဲ...

မသိမသာတွယ်လာခဲ့ ရပေမဲ့  ကြာလေလေ ခိုင်မြဲလေလေ မို့ လား ..

ရုတ်တရက် ဖြတ်ထွက်တာ ..ပြတ်ထွက်တာ အတွက် နှစ်ဖက်စလုံးက ခံစားနေကြရမှာပေါ့ ....

အချိန်က ကုစားပေးပါလိမ့်မယ် ။ မိုးသက်မုန်တိုင်းပြီးရင်တောင် လေပြေလေး ပြန်လာတဲ့အချိန် ရှိမှာပေါ့ ...

အားလုံး အဆင်ပြေ ပြန်လည်ပျော်ရွှင်ကြမဲ့  အချိန်လေးတွေ အမြန်ဆုံး ရောက်နိုင်ပါစေ လို့  ဆန္ဒပြုပါတယ် ...

အနော် said...

ကိုအဖြူလေးရေ အလွမ်းချင်း လာဖလှယ်တယ်နော်
အချစ်ပဲဖြစ်ဖြစ် သံယောဇဉ်ပဲဖြစ်ဖြစ် ခင်မင်မှုပဲဖြစ်ဖြစ် ဆုံးရှုံးရပီဆိုရင်တော့ အရမ်းကြေကွဲရပါတယ်.. ဖြေမဆည်နိုင်အောင်ပေါ့
အရင်တုန်းကဆို အသည်းကွဲနေတယ်တို့ လွမ်းနေတယ်တို့ဆို သိပ်လှောင်ပြောင်ခဲ့တာပဲ
အပိုအလုပ်တွေ အလကားဆိုပီးတော့ပေါ့
ကိုယ်တွေ့ကြုံရတော့မှပဲ အသည်းကွဲတယ် နာကျင်ရတယ်ဆိုတာဟာ ဒီလိုပါလားဆိုတာ သိရတော့တယ်
အကိုမြစ်ကျိုးအင်းကိုလဲ ခံစားရတာတွေ လျော့ပါးစေချင်ပါတယ်
လူမှာ အဓိက က စိတ်ဆိုတော့ စိတ်ထိခိုက်နာကျင်ရပီဆိုရင် ပြန်လည်နာလန်ထူနိုင်ဖို့ ခဲယဉ်းပါတယ် ဒါပေမဲ့ ပြေပျောက်ပါစေလို့ပဲ ဆုတောင်းပေးခဲ့ပါ့မယ်
အကိုအဖြူလေးရေ အလွမ်းကလဲ ခံစားတတ်ရင် အရသာတစ်ခုပေးတယ်ဗျ :)

chitpalone said...

အင်း ဒီစာလေးကို ဖတ်တော့ တမျိုးဖြစ်သွားတယ်။ ဟုတ်တယ် သံယောဇဉ်ဆိုတာ တကယ်ပဲနော် ဖြတ်၇ခက်တယ်။ အသေအချာပဲ။ ဆိုးလည်းဆိုးတယ်။ အခုလိုဆိုတော့ စိတ်မကောင်းပါဘူး ပိုကာဝိုင်းလေး မြန်မြန်ပြန်စိုပြေပါစေဗျာ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ကြယ်ကလေးချစ်သူ said...

ခြောက်သွေ့ နေသော ဝိုင်းကလေးပေါ့လေ။ ကိုမြစ်ကျိုးအင်းရဲ့ တစပြင် မဖတ်လိုက်ရဘူး။ ဘာမှမသိဘူးဗျ။

jr.lwinoo said...

သူငယ်ချင်း မြစ်ကျိုးအင်း အတွက်လဲ စိတ်မကောင်းပါဘူး..
သံယောဇဉ်က ပိုကြောက်ဖို့ကောင်းတာကိုး..
အဆင်ပြေပါစေ.. အကုန်လုံး .. ဆုတောင်းပေးပါတယ်။

ခြေလှမ်းသစ် said...

သံယောစဉ် ပြောတော့သာ လွယ်တာ ထိန်းချုပ်ရ အခက်သားဗျာ ... ဒါပေမယ့် အချိန်တန်ရင်တော့ အားလုံးဟာ တယောက်တလမ်း သွားရမယ့် သူချည်းပါပဲ ...

လင်းကြယ်ဖြူ said...

မိုး...မိုး
ခန့်မှန်းရခက်တဲ့ မိုးမင်းရယ်မိုး...
မိုးကလေးဖွဲတုန်း သတိရတယ်
မြင်နေတတဲ့ ပြတင်းတံခါးဆီပဲ..

မိုးတွေညို့လာရင် ..ဘာတွေကို လွမ်းဆွတ် တတ်လာမှန်း
မသိဘူးနော..

ပျော်ပါစေ ဘော်ဒါရေ

ရွှေ ယွန်း ဝါ said...

စာဖတ်သွားတယ်။