Wednesday, September 23, 2009

သံယောဇဉ် တို့ ဖြင့်  စေးကပ်လျက်ရှိသော ဤကမ ၻာ

ၻ.... ခဏ ခဏ လေးတွေနဲ့  တဖြည်းတဖြည်း ဖွဲ့ စည်းလာပြီး ချစ်တတ်လာယင် ချစ်တဲ့ သံယောဇဉ် ဖြစ်တော့ တာပဲ။
အမျှင်တန်းပြီး အမြစ်မပြတ်တဲ့ သဘော;အမြဲတန်းပဲ တွေ့ နေချင်တာ။ နီးနီးလေးနဲ့ တောင် သတိတရဖြစ်နေတတ်တာပါ။
....ချစ်တာတခုထဲမဟုတ်ပဲ မုန်းရင်( စိတ်နာရင်) လဲ မုန်းတဲ့ သံယောဇဉ် ဖြစ်တတ်တယ်လို့ ထင်တာပဲ။ မုန်းလွန်းတော့ 
မုန်းတဲ့ စိတ်၊ အခဲမကျေ၊ နာကျဉ်းစိတ်တို့ နဲ့ ဖြစ်ကြော ရှည်ပြီး မတွေ့ ချင်တော့ ပေမဲ့ ၊ သတိရတိုင်း မုန်းနေတတ်တာကိုပြောတာ။
....လူ့ ဘဝသံသယာကြီးမှာလဲ ထိုခဏ၊ခဏလေးများက အကြိမ်သိန်းသန်းမက ဖြစ်လိုက်၊ပြက်လိုက်နဲ့ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်
အမျှင်တန်း၍ ဘယ်တော့ မှမပြီးဆုံးနိုင်အောင်ဖြစ်နေရတော့တယ်။
အဲဒီလို အကျယ်ပြောပြောနဲ့ အနက်စူးရှတဲ့ သံသယာကြီးကို ဖွဲ့စည်းနေသည့် ...ရေပွက်ကလေးတွေ၊ ရေမြူပ်ကလေးတွေလို
တဖောက်တဖောက်နဲ့ ပလုံစီနေသော၊ ကျွန်တော်ရှိနေသည့် ' ဘဝခဏ' လေးတစ်ခုကို ထုပ်ယူကြည့်မိလိုက်တော့ .......
အဲဒီ' ဘဝခဏ 'လေးထဲမှာကိုပဲ သံယောဇဉ်ရောင်စုံတို့နဲ့ အကြိမ်ကြိမ်ရစ်ပတ်ဖွဲ့နှောင်နေတာကို တွေ့ရပြန်တယ်။
....ကိုယ့်ကို လာမှန်နေတဲ့ ကိုယ့်မှာဖြစ်ပေါ်နေတဲ့ အထိအခိုက် အရှအနာတို့ကိုတောင် သတိမပြုမိပဲ တဆစ်ဆစ်နာကျင်နေတာကိုပဲ
ခုံမင်နေတာကို ရင်မောစွာ တွေ့မြင်နေရပါတယ်။
....အဲဒီ ရပွက်ကလေးထဲမှာ မမောပန်းနိုင်အောင် ကူးခတ်နေတဲ့ ကျွန်တော့်ကို လူပ်နိုးချင်လိုက် တာ။
.........................................................................................................................................................................
.....အမှန်ကတော့ ကျွန်တော်တို့က ဘယ်ကိုသွားရမှန်းမသိတဲ့ ခရီးသယ်တွေနဲ့တူတယ်။
....ခရီးစဉ်အဆုံးက ဘယ်မှာဆိုတာမသိ၊ ဘယ်လိုကြေကွဲရမှန်းမသိ၊ သွားတော့သွားနေကြတာပါပဲ။
....ပြောချင်တဲ့ သံယောဇဉ်ရောင်စုံဆိုတာက.. အရောင်ရောင်အကန်းကန်းသွားနေကြပြီး ကျွတ်တွေ၊ မျှော့တွေလို တွယ်မိတွယ်ရာ
တွယ်ရင်းနဲ့ ကိုယ်ကချစ်ခဲ့ရသူ၊ သူကချစ်လိုက်ရသူ၊ မသိပဲနဲ့ ချစ်ခဲ့ရသူ၊ ချစ်နေတာကို သိရက်နဲ့ မသိချင်ရောင်ဆောင်ခံခဲ့ရသူ၊
ချစ်၍ ဆုံဆည်းကြရပြီးမှ ခွဲခဲ့၊ ထားခဲ့ကြရသူ၊ ချစ်ပြီးမှ စောစီးစွာ သစ္စာဖောက်ခံခဲ့ရသူတွေ၊လူတွေက ကိုယ်ရရှိပိုင်ဆိုင်
ခဲ့ဘူးတဲ့ လက်ကိုင်ပုဝါလေးတစ်ခု၊ ဘောလ်ပန်လေးတစ်ချောင်း၊ ဟန်းဖုန်းကလေးတစ်လုံးကစပြီး၊ကျင်လည်ဘူးခဲ့ရတဲ့ ဝန်းကျင်တွေ
အားလုံးကို မလွတ်တန်း ဆုပ်ကိုင်တော့တာပါပဲ။
....'ဆုပ်ကိုင် ' ပြီဆိုကတဲက လုံလောက်တဲ့ အားထုပ်မူ တစ်ခုကို ပြုရတော့မှာပါ။
....ကိုင်ဆုပ်ထားတာလေးကို လွတ်ထွက်သွားမှာစိုးပြီး၊ ပို၍ညှစ်ထုပ်လေ ဘဝင်မှာအပူဒါတ်က စိမ့်ထွက်လာလေလေပါ၊
...............................................................................................................................................................................အမှန်ကတော့ ကျွန်တော်တို့ ကျင်လည်နေရတဲ့ ဘဝကြီးက ခဏ၊ခဏ လေးတွေအများကြီးနဲ့ ဖွဲ့စည်းထားလို့ အကြာကြီး
ထင်ရပေမဲ့ ၊ သေသေချာချာ စဉ်းစားကြည့်ရင် တွေခဲ့၊ ကြုံခဲ့၊ဖြစ်ခဲ့ပြီးတာတွေ အားလုံးဟာ....မနေ့တနေ့ကလိုပဲ ဖြစ်နေတာ
တွေ့  ရပါမယ်၊တစ်ခုပြီးတစ်ခုဖြစ်လာခဲ့တာ မြန်လိုက်တာလေ၊အဲဒီခဏလေးတွေဟာ၊နောင်လဲထပ်ဖြစ်နေအုံးမှာပါပဲ။ဒီလိုနဲ့ပဲ
ကျွန်တော်တို့ရဲ့ ခဏလေးက မကြာခင်မှာပဲ ပြီးဆုံြး့ပီးခရီးဆုံးတစ်ခုကိုရောက်ရတော့မယ်။
....မျှော်လင့်တွယ်တာမူတွေကြီးသလောက်၊ ဆုံးရူံးမူတွေ၊ ကြေကွဲရမူတွေရ၊ရ ပြန်တော့မယ်။
....ခရီးဆုံးကို အရင်ဝင်ရောက်သွားရသူတွေ၊ ကျန်ခဲ့ရသေးတဲ့သူတွေရဲ့  နူတ်ဆက်ကြေကွဲသံတွေဟာ ဒီခဏလေးတွင်းမှာ
ပဲ့တင်ထက်ရပြန်တော့မယ်၊ချစ်ခဲ့ကြလို့ သတိတရ ဖြစ်ကြရသလို၊ မုန်းခဲ့ကြရင်လဲ သတိရမိတိုင်း မုန်းနေကြအုံးမှာပါ။
ဆုံရတုံးခဏလေးမှာ၊ ကုန်အောင် မချစ်ခဲ့ရသူတွေက ပိုဆိုးမယ်ထင်ပါတယ်။
...............................................................................................................................................................................အဲဒီလို...ဒဏ်ရာရနုလုံးသားတွေ၊ဆုတောင်းကတိတွေနဲ့၊ ဘဝတစ်ခုပြီးလို့၊အစွဲကြီးစွဲခဲ့တဲ့ သံယောဇဉ်ရောင်စုံတို့ကြောင့်
နောက်ထပ်ရေပွက်ကလေးတစ်ခုနဲ့ တူတဲ့ ဘဝခဏလေးတစ်ခု ထပ်မံပေါ်ပေါက်ရအုံးမယ်လေ။
....ဘယ်တော့မှ ပြီးဆုံးမယ် မထင်တော့ပါဘူး၊ မီးပုံထဲ တဝုန်းဝုန်းခုံဆင်းနေတဲ့ ကျွန်တော်တို့ ပိုးဖလံမျိုးတွေပါလို့။
...............................................................................................................................................................................ကျွန်တော်နာခဲ့ဘူးတဲ့၊ သုံးတော့သုံးပါ၊ မစွဲပါနှင့် တဲ့။စွန့်ပစ်ဖို့၊ ကြောခိုင်းပစ်ဖို့ မဟုတ်ပါ၊သုံးစရာကြုံလို့သုံးရတာ၊
ချစ်စရာကြုံလာယင် ချစ်ရမှာပါ၊ သုံးနေရင်းနဲ့ အမြတမ်း ငါ့ ဟာလို့ မစွဲဖို့၊ ချစ်နေယင်းနဲ့လဲ စွဲစွဲ လန်းလန်း မတွယ်တာမိဖို့၊
မုန်းသွားမိယင်လဲ မုန်းတဲ့ နေရာလေးမှာရပ်ထားဖို့၊ ဘဝခဏလေးအတွင်းမှာ အားလုံးဟာ ရေပွက်၊ ရေမြူပ်၊ အငွေ့ တွေ
လိုပါပဲဆိုတာ သိ၊သိ ပေးနိုင်ရင်ပဲ၊ ကြေကွဲမူကြောင့် ကြခဲ့ ရတဲ့ သမုဒ္ဒရာမျက်ရည်တို့ခမ်းချောက်သွားနိုင်ပြီး၊ အဆက်
မပြတ်လည်နေတဲ့ သံသယာချားရဟတ်ကြီးလဲ ရပ်တန့် သွားမှာပါလို့......။
.....................................................................................................................................................................
....( အဟောင်းလေးပဲ ပြန်တင်မိပါသည်။ အဲဒီ အဟောင်းလေးကိုပဲ သတိရမိလို့ ဖြစ်ပါသည်။ ဒီတစ်ခါတော့ တစ်ကိုယ်
ကောင်းဆန်ဆန်ပဲ ကိုယ့် ကိုယ်ကို ပေါ့ သွားစေရန်၊ပြန်တင်မိပါသည်။ ဒီပို့ (စ)လေးက၊Edit posts ထဲမှာတဖြည်းဖြည်း
ထိန်းမနိုင်သိမ်းမရစွာပဲ၊ရုန်းရင်းဆန်ခတ်ဖြစ်လာ၍ လှောင်မထားတော့ ချင်တော့ သောကြောင့် ၊လွတ်လပ်စွာပဲ အစွမ်း
ကုန် ပျံသန်းသွားနိုင်စေရန်ရည်ရွယ်ပြီး ၊ အွန်လိုင်းထဲ လွှင့် ထုပ်ပေးလိုက်မိပါသည်ခင်ဗျာ။)

5 comments:

kiki said...

ရေပွက်ပမာ ခဏတာ ဆိုတဲ့ ဘဝလေးတွေကိုဘဲ
ခုံမင်တွယ်တာ နေကြရတယ်
ချစ်ခြင်း မုန်းခြင်းတွေနဲ့  ချုပ်နှောင်ဖွဲ့ နေကြတယ်
ပုထုဇဉ်လောကီသား ပေမို့  ရုန်းထွက်နိုင်ကြသေးဘူးကွယ်..

(ထိန်းမနိုင်သိမ်းမရစွာပဲ၊ရုန်းရင်းဆန်ခတ်ဖြစ်လာ၍ လှောင်မထားတော့ ချင်တော့ သောကြောင့် ၊လွတ်လပ်စွာပဲ အစွမ်းကုန် ပျံသန်းသွားနိုင်စေရန်ရည်ရွယ်ပြီး ၊ အွန်လိုင်းထဲ လွှင့် ထုပ်ပေးလိုက်မိပါသည်ခင်ဗျာ။)..

ဒီတခါ စည်းအောင့်ထားစရာ မလိုတော့ တာလား ကိုဖြူလေးရ ....

ဟိုလူဂျီးတွေလည်း ဒါကြောင့်များ လွှတ်ပေးလိုက်တာလား လေ .. လူ ၇၀၀၀ ကျော် မှာ တကယ့် လွှတ်ပေးသင့်တဲ့သူ လွတ်လာတာ က ၁၀၀ မပြည့် ဘူးလေ ။ .. ကိုဖြူလေးကတော့ အားရပါးရ ကို လွှင့်ပေးလိုက်ပါရော လားးးးး

လင်းကြယ်ဖြူ said...

ဘဝတစ်ခုပြီးလို့၊အစွဲကြီးစွဲခဲ့တဲ့ သံယောဇဉ်ရောင်စုံတို့ကြောင့်
နောက်ထပ်ရေပွက်ကလေးတစ်ခုနဲ့ တူတဲ့ ဘဝခဏလေးတစ်ခု ထပ်မံပေါ်ပေါက်ရအုံးမယ်လေ။
....ဘယ်တော့မှ ပြီးဆုံးမယ် မထင်တော့ပါဘူး၊ မီးပုံထဲ တဝုန်းဝုန်းခုံဆင်းနေတဲ့ ကျွန်တော်တို့ ပိုးဖလံမျိုးတွေပါလို့

ဟုတ်တယ်နော်....ပူမှန်းသိလည်း တ၀ဲဝဲလည်...
ပျော်ပါစေ

chitpalone said...

ထိန်းမနိုင်ရင် လွှတ်ချလိုက် ကိုဖြူလေး အဟိ။ ဆားချက်တာလား ငံပြာရည်ချက်တာလား။ ချက်ချင်တာချက်။ အဟိ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

jr.lwinoo said...

ကောင်းပါတယ်ရှင်။
လူဆိုတာ တဦးတယောက်တည်း နေလို့မရဘူးမဟုတ်လား။ ဒါကြောင့် လူ့အဖွဲ့အစည်းဆိုတာ ဖြစ်တည်လာခဲ့တယ်။ သံယောဇဉ်တွေနဲ့ စေးကပ်နေတဲ့ ကမ္ဘာဖြစ်လာခဲ့တယ်ပေါ့နော်။း)

အနော် said...

ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်လေးဟာလဲ အသက်ရှင်သန်ရာပါပဲ
ဒါကြောင့် အမောတွေ သုခယောင်ဆောင် ဒုက္ခတွေကြားမှာ စိတ်ချမ်းသာမှုလေးများ ရမလားလို့ အချစ်ဆိုတဲ့ ကောက်ရိုးမျှင်လေးကို လှမ်းဆွဲမိတယ်
ဆွဲလိုက်တဲ့ ကောက်ရိုးလေးကတော့ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ကိုယ့်ကို အားပေးနေသလိုပဲ နောက်တော့ သူက ကောက်ရိုးမျှင်ပါပဲ ကိုယ်အသက်ရှင်ဖို့အထိတော့ လုံလောက်တဲ့ အာမခံချက်မပေးနိုင်ဘူးလေ ဒါတွေကို အသိနောက်ကျတဲ့အခါကျတော့ ဘဝပင်လယ်ထဲ စုန်းစုန်းနစ်မြုပ်သွားတော့တာပဲ စိတ်ဆင်းရဲမှု ပင်လယ်ထဲ မြုပ်သွားတယ်..
တချို့တော့ အလွတ်ရုန်းနိုင်ပါတယ်.. တချို့ကလဲ ရေကူးတတ်ပါရဲ့နဲ့ မကူးခတ်ချင်တော့ဘူး ခြေကုန်လက်ပန်းကျနေပီလေ...
ဒီပို့စ်လေးကို ဖတ်ပီး စိတ်ထဲ မကောင်းဘူးဖြစ်သွားတယ် :(