Thursday, October 22, 2009

ရေတွင်းကလေး

ဟင်္သာတမြို့  ကမ်းနဖူးရှိ င်္ဟသာဦး တည်းခိုခန်းပေါ်မှ သောင်ပြင်ကြီးပေါ်သို့  လှန်းမျှော်ကြည့် နေရင်းက
ဟိုးအဝေးကမ်းနားတန်းဖက်တွင် တထောင်းထောင်းထနေသော ဖုန်ခိုးတို့ အောက် ရုတ်ရုတ်၊ရုတ်ရုတ်နှင့် 
ဟိုမှသည် ပျားပန်းခတ်မျှ ရောက်ရက်ခတ်နေသော လူတွေ၊ကုန်ကားတွေ၊ဆိုက္ကားတွေကို လှန်းမြင်လာရ
ပါတော့ သည်။ ရန်ကုန်ရထားကြီးဆိုက်လေပြီ။

နေကြာတောထဲရှိ စွတ်ကြောင်းအတိုင်း တလိမ့် လိမ့် လွင့် ပျံနေသော ဖုန်လုံးကြီးက၊ ဟင်္သာတဖက်ကမ်းဆီသို့ 
တရွေ့ ရွေ့  ချဉ်းကပ်လာနေပါသည်။ ခရီးသည်များနှင့် ဆိုက္ကားတန်းကြီးပါ။

နွေဦး ကာလ ဖြစ်သောကြောင့် လည်း လေရှုးလေပွေတို့ က သောင်ပြင်ကြီးတလျှောက် ဟိုနေရာတစ်ကွက်၊
ဒီနေရာတစ်ကွက် အကွင်းလိုက်၊အလိပ်လိုက်ဖြစ်ပေါ်နေပြန်ပါသည်။

ဆိုက္ကားဆရာတို့ က အကွယ်၊အကာမဲ့ နေသော သောင်ပြင်ကြယ်ကြီးထဲရှိ လေရှုးတို့ ကို ထိုးခွင်းခရီးနှင်သွား
နိုင်ရန်အတွက်၊ ရှေ့တစ်စီးနှင့် နောက်တစ်စီး ထိကပ်ချိတ်ဆက်ပြီး၊အတန်းလိုက်၊အဖွဲ့ လိုက်၊အတင်း ပူးကပ်ပြီး
အားကုန်သုတ်နင်းတက်လာကြသည်မှာ ရှေ့ တစ်စီး၏နောက်ထိုင်ခုံခြေနင်းနှင့်  နောက်တစ်စီး၏ရှေ့ ထိုင်ခုံ
ခြေနင်းတို့ တောင် မထိ၊တထိ ဖြစ်ဖြစ်နေကြ၍ မရောက်ဖူး၊မလာဖူးသေးသောခရီးသည်တို့ က ရှေ့ နောက်
ကြည့် မိပြီး ပြုံးမိနေကြပြန်ပါသည်။
ကုန်ဝိတ်အပြည့် နှင့်  ချီတက်လာသော ဆိုက္ကားတို့ ကို မြို့ ပေါ်မှ နောက်ကျပြီး၊ အူရားဖားရား ပြေးဆင်းလာနေ
သော ဆိုက္ကားဆရာတို့ က ရောင်းရင်းအခြင်းခြင်း ကမ်းနားတွင် ခရီးသည် ကျန်မကျန် သတင်းလက်ဆင့် ကမ်း
ကမ်းသွားနေကြပါသည်။

ဆိုက္ကားနာမည်လေးတွေကလည်း သတ္တိ တဲ့ ၊ သူရ ၊ ဗလ ၊ ချစ်သူ၊ ချစ်ရအောင်... တဲ့ ။ စုံလို့ ပါပဲဗျာလို့ ။
ရန်ကုန်က ချက်ကြီး ကားများလိုပါပဲ။ ကုန်ချိန် ခွင်သလောက် အဲ.. နိုင်သလောက်၊ ခရီးသည် ဆန့် သလောက်
သတိ.. ကုန်းဆင်း အလွန်မြန်သည်၊ ဆိုသလိုပါပဲ။ ခရီးသည် ရှေ့ ၊နောက်၊ဘေး သုံးယောက်၊ ခါးထစ်ခွင် ချီနိုင်
သည့်  ခလေးများနှင့် ပါဆို ငါးယောက်၊ အဝတ်အိပ်တွေ ဝန်စည်စလယ်တွေက ထိုင်ခုံအောက် ရှေ့ နောက်
ခြေနင်းနှစ်ခုကို တန်းထိုး၍ ပါလာသမျှ ခရီးသည်တွေရဲ့  ပစ္စည်း တစ်ခုမှမကျန်ရအောင် တင်တော့ သည်။
ပြီးလျှင် နိုင်လွန်ကြိုးနှင့်  ခြေကန်၍ အတင်းတုပ်ချီတော့ သည်။ လူတွေကတော့  အင်း..မကောင်းတတ်လို့ ထင်။
ပစ္စည်းတွေနှင့် ရောပြီး ထည့် ပြီးမချီတော့ ပါ။

သောင်ပြင်တစ်လျှောက် ဖုံတစ်ထောင်းထောင်းနှင့်  အတွဲလိုက် သုတ်လာသော ဆိုက္ကားတန်းကြီးက သောင်ကျ
ချောင်းကလေးကိုဖြတ်၍ တစ်နွေစာ ဝါး၊ဓနိ၊ဖျာ တို့ ဖြင့် ဆောက်ထားသော ဆယ်ပြား တံတားလေးရောက်တော့ 
အသီးသီးထိုးရပ်သွားတော့ သည်။
မြို့ အဝင် တံတားဖြတ်ခ တစ်ယောက် ဆယ်ပြား ပေးဆောင်ရမည်လေ။ သည်တံတားလေးဖြတ်ပြီး ကုန်းပေါ်
ဆိုက္ကားကို တွန်းတက်လိုက်သည်နှင့်  ဟင်္သာတ မြို့ ကြီး ပေါ်ရောက်ပါပြီ။ လော်စပီကာ ပေါင်းစုံတို့ မှ အလှုခံသံ၊
ဟင်္သတ ထွန်းရင်၊ တွံတေး သိန်းတန် စတဲ့  သီချင်းများကို နားနှင့် မဆံ့ လောက်အောင်ကို ကြားရတော့ မှ
ရန်ကုန်မှ စီးလာသည့်  ဆင်ခြောက်ကောင် ကတ္တီပါ ဖိနပ်ကို ငတိုး တစ်ယောက် စိတ်ပျက်စွာပဲငုံ့ကြည့် ဖြစ်တော့ 
သည်။ စွတ်စွတ်ဖြူအောင်ကို ဖွေးနေပါရောလား..လို့ ။ သူ.. အင်မတန်မှ ကြိုက်တတ်သည့် ရှားရောင်လေး။
ဖမ်းမရပါတော့ ပြီ။ ( အရောင်ကိုပြောတာပါ )

လည်ချောင်းထဲ၊ နှာခေါင်းပေါက်တွေထဲမှာလည်း ဖုံတွေ အတောင့် လိုက် ခဲနေပြီ။
သာရဝေါဘက်ကမ်းထဲက တစွတ်စွတ်၊တဂွပ်ဂွပ် သောက်လာခဲ့ သည့် ရေကုသိုလ်လို့ .. တစာစာအော်ပြီး မြေအိုး
လေးများဖြင့်  ခေါင်းရွက်ရောင်းရောင်းနေသည့်  မြစ်ရည်အေးအေးလေးတွေလဲ ဘယ်ပျောက်ကုန်သည်မသိတော့ ။

အဖွားအိမ်ရောက်မှ တွင်းရေ အေးအေးလေးကို လက်ကိုင် ရှည်ရှည် အုန်းမှုတ်ခွက်လေးနှင့်  ခပ်ပြီးသောက်
တော့ မည်လို့  ငတိုး တစ်ယောက် အားခဲ လိုက်မိသည်။ မြေအိုးဖုန်းလေးဂေါင်းပေါ်တင်၊ ရေအိုး ပတ်ချာလည်
ရှိ သဲနုနု၊ မျက်နုနု လေးတွေကို ကြည့် ရင်း လေးလေး၊ဖန်ဖန်လေးနှင့်  ချိုအေးသော တွင်းရေကလေးကိုပါ
မြင်ရောင်လာပါတော့ သည်။ နောက်.. ငယ်သူငယ်ချင်းများ..။ အရောင်မဆိုးခဲ့ သော၊ လတ်ဆတ်ခဲ့ သော ငယ်
ဘဝက သူငယ်ချင်းများ...။

ဟင်္သာတမြို့ ၏ ထူးခြားသည့် လက္ခဏာများကတော့  ကျွန်တော့် အထင်ပြောရရင်၊ မိုးတွင်း ကာလတိုင်း တက်
လာလေ့ ရှိသည့်  မြစ်ရေတို့ ကို ဟန့် တားနိုင်ရန်အတွက်၊ မြို့ တွင်းဝယ် မြစ်နှင့်  အပြိုင် အလျှားလိုက် ဆည်ဖို့ 
ထားသည့်  တာဘောင်၊တာရိုးကြီးများပါလေ။

......................................................................................................................................................................

( ဆက်ရန် )

9 comments:

မိုးခါး said...

ဆက်ရန်ကို ဆက်ဖတ်ဖို့ စောင့်နေပါ့မယ် ..း))

မြစ်ကျိုးအင်း said...

ဖတ်ပြီးသွားပြီ

ဆိုက်ကားဆက်စီးရမှာလား ရေထိုင်သောက်ရမှာလား

thawzin said...

ဟားဟား ကိုမြစ်ကျိုးအင်းကြီး မန့်သွားတာ ကြည့်ပြီးရယ်တာပါ။
ဟင်္သာတသားလားဗျာ...။ လုံးဝ မြန်မာရှေးရိုးတွေကို ပေါ်အောင်ရေးထားသလိုပါပဲ။ ရေခွက်တောင် ဟိုနာမည်တောင်မေ့နေပြီး မှုတ်ခွက်လား မသိတော့ဘူး။ ရှားရောင်လေး ကတ္တီပါလေးလဲ ဖုန်းပေလေ အရောင်တောင် ဖမ်းပြီးပြောမရဖြစ်နေလောက်အောင် ဖုန်ထူသည်လို့ ပြောချင်တာလေးလဲ မှတ်သားမိပါပြီး။ ဆက်ရန်ဆိုတဲ့အတွက် စောင့်နေအုံးတော့မည်။
သဗ္ဗေသတ္တာကမ္မသကာ

ခြေလှမ်းသစ် said...

ဆိုက္ကားတို့ အုန်းမုတ်ခွက်တို့က တကယ့်ကို အရသာရှိတဲ့ မြန်မာ့လက်ရာတွေပါပဲဗျာ .. ဆင်းရဲတဲ့ ယဉ်ကျေးမှုတွေပဲပေါ့ဗျာ .. ဒါတွေကလည်း အုပ်ချုပ်သူတွေရဲ့  ဖန်တီးမှုတွေပါပဲ ...

MoeThwayNge said...

ဟသာင်္တဆို တာလေးတွေလို့ စိတ်ဝင်စားသွားတယ်ဗျ။ အရောက်ပြေးလာဖတ် ကြည့် လိုက်မိတယ်။ ဟိုးအရင်က အတိတ်ကို သတိတယရှိစေတာ အမှန်ပဲဗျာ။ ကျွန်တော်အမှတ်ရလိုက်ပါတယ်။ ခုမြင်ကွင်းနဲ့ တော့ မတူတော့ပါဘူး။ တော်တော် ကြာသွားပါပြီး ။ နောက်လူငယ် တွေ သိမယ်တောင် မထင်တော့ဘူး။
ဘာကြောင်းလည်းဆို ကျွန်တော်ကလည်း ဟင်္သာတသားဖြစ်နေလို့ပါ။

ခင်မင်မှုဖြင့် -
အားလုံးကိုပျော်စေချင်တဲ့...

kiki said...

ပင်လယ်ရေ ထက်စာရင် ရေတွင်းထဲက ရေလေးပဲ ကောင်းပါတယ် ။။
ချိုတယ် ။ အေးတယ် ။ အပန်းပြေစေတယ်လေ ....
ကိုကြီးကျော် က ..ဟသာင်္တ သားလား ???

အနော် said...

ဆိုက်ကားအတွဲလိုက်ကို လာစီးသွားတယ် အကိုအဖြူလေးရေ
ချိုချိုအေးအေး တွင်းရေကလေးကို အုန်းမှုတ်ခွက်နဲ့ ခပ်သောက်ချင်တယ် :)
ဆက်ရန် ဆက်ရန်ကို မျှော်နေမယ် အကိုအဖြူလေးရေ
ရင်ထဲမှာ ဒီပို့စ်လေး ဖတ်ပီး လွမ်းသလိုလိုဖြစ်သွားမိတယ် :(

ဖြူတုတ်လေး said...

ဆက်ရန်ကို စောင့်နေပါသည်။

လင်းကြယ်ဖြူ said...

ရောက်ဖူးချင်လိုက်တာနော်..
အဆက်ကို မျှော်နေပါတယ်..
ပျော်ပါစေ