Sunday, June 20, 2010

မပြီး တော့ လဲ မပြီး သေး ပါ ။

စာ ကို အရေး ကျဲ နေ သလို ရေး လဲ ရေး ချင် စိတ် မရှိ ဖြစ် ဖြစ် နေ ပေမဲ့  “ မိုး ” တို့  ညို ညို လာပြီး
ထစ်ချုန်း ရွာ လာ ပြီ ဆို လျင် တော့  ရေး ချင် သည့်  စိတ် ကလေး တွေ က ထ ထ လာ ပြန် ပါ သည်။ ကီးဘုတ်
ကလေး ပေါ် လက် တင် မိ ပြီး ရေး တော့  မယ် ရိုက် တော့ မယ် ဟန် ပြင် ပြီး မှ ဘာ ကို ရေးရ မှန်း မသိ ပဲ
ဖြစ်ဖြစ် နေ တာ ကလည်း အကြိမ်ကြိမ် ပါ ပဲ ။

စိတ်ညစ်ညစ် နှင့်  အပြင် ဘက် ဝါးရံတာ လေး ဘက် ထွက် လာမိတော့  မိုးစက် မှုန် တို့ က ကျွန်တော့်  မျက်နှာ
ပေါ် ကို လွင့်  ပျံ ထိ မှန် လာ ကုန် ပါ တော့ သည်။ မျက်နှာ ချင်း ဆိုင် တောင်တန်း ကြီး ကို တောင် မမြင် ရ
တော့  လောက် အောင် ကို မြူ ခိုး တောင်ခိုး တို့ က ပိတ်ပိတ် ပိန်း အောင် ဖုံးလွှမ်း နေ ပါတော့ သည်။

တစ်လော လေး က မှ ပြန် သွား သော နာမည် ကျော် ဘလော့ ကာ အမ တစ်ယောက် က သူ မပြန်ခင် သူ့ 
ဂျီ မေးလ် အကွက် ကလေး ထဲတွင် “ ပြီး တော့ လဲ ပြီးသွား တာ ပါ ပဲ ” ဆိုသည့်  သူ့  ရဲ့  လော့ ဂျစ် ကလေး
ရေး တင် ထား ခဲ့ သော်လည်း “ မပြီး တော့ လဲ မပြီး တာ တွေ က အများ ကြီး ရှိ ပါ သေး တယ် ” ဆို တာ ကို
သူ့ ကို ပြန်ပြော ဘို့  ချောင်း နေ လိုက်တာ တစ်ရက် ပြီး တစ်ရက် သာ ကုန် လာ ခဲ့ ပြီး သည်မှာ မိုး တို့  ဆက်
တိုက် ရွာ နေသလို သူ လဲ လိုင်း ပေါ် ဝယ် ဆက် တိုက် ပျောက် နေ ခဲ့  ပြန် ပါသည်။

“ အင်း ... ငါ့  အမ တစ်ယောက် အရင်လို ပဲ တခိခိ တခွိခွိ ရယ်နိုင် ပါသေး ရဲ့  လား လို့  ” တွေး နေ ပြီး စက်
ရှေ့  ထိုင် နေ ရင်း ပဲ “ ဗြုန်း ” ဆို သူ့  နေရာ အကွက် ကလေး ထဲ တွင် အနီ လုံး ကလေး လက် ကနဲ ပေါ် လာ
ပါ တော့  သည် လေ ။

“ မပြီး တာ တွေ က မပြီး သေး ပါဘူး ” ဟု သူ့  ကို မချေ ပ နိုင် မှီ မှာပဲ “ ကူးတို့ ခ ” ပို့ (စ) လေး ကို တင်၍ သူ့ 
ကို ချေ ပ ခဲ့  မိ ပါသည်။ ဘယ်အရာ က မှ ပြီးသွား မည် မဟုတ်ပါ ။ ကိုယ်မရှိ တော့ မှ ကိုယ့်  အတွက် ပြီးသွား
မည် ဖြစ်ပြီး မပြီး နိုင် သေး သည့်  ကိစ္စ တွေ က လောက ကြီးဝယ် ကျန်ခဲ့  တဲ့  သူ တွေ အတွက် ရှိ နေအုံး မည်
သာ ဖြစ်ပါသည်။

အခု လဲ သူ အလုပ် ရှုပ် နေ ပြန် ၍ “ အနီ ” နှင့် ပဲ လိုင်း ပေါ် တက် လာ ပြန် တာ မို့  ခဏ တော့  စောင့်  လိုက်
ရင်း သူ့ ကို နှုတ် ဆက် လိုက် မိ ပါသည်။ လွန်ခဲ့  သော ရက် တွေ က ဘယ် သောင် ဘယ်ကမ်း ဆိုက် နေပါ သနည်း လို့  မေး မိ တော့  “ လိုင်း မကောင်း ၊ လိုင်းတွေ ကျ နေ လို့ ပါ ” တဲ့  ၊ အခု လဲ လိုင်း တွေ ပိတ် ထား
လို့  ကိုယ့်  ဘလော့  ထဲ တောင် ကိုယ် ပြန် ဝင် လို့  မရ ပါ ဘူး တဲ့  ကျော်ရ ခွ ရ ပါ အုံး မည် တဲ့  စ တဲ့  စတဲ့ 
အလွန် စိတ် ပျက် ဖွယ် ကောင်းတဲ့  ... တဲ့  ပေါင်း များစွာ တို့ ကို တသီ ကြီး ကြား လိုက် ရသော ကြောင့် 
သူ့  ကို ဂရုဏာ သက် မိ သော်လည်း ကိုယ်လဲ ဒီ ပုတ် ထဲ က ဒီ ပဲ ဘဲ ဖြစ် တော့  တာ မို့  တစ်နေ့  တော့  သူ့ 
လိုပဲ ဘဝ တူ တွေ ဖြစ် တော့  မှာ ကို မြင် ယောင် မိ လိုက် ပါသည်။

မီး ရော လာ ပါသလား လို့  မေး တော့  လာ လိုက် မလာ လိုက် ပါ ပဲ ဟု စိတ်ပျက် သော သူ့  စကား ကို
ကြား လိုက်ရပါသည်။ လိုင်း ပေါ် တက်ရ တာ အခက် အခဲ ရှိ သလို သူ့  ဘလော့  တောင် သူ မဝင် နိုင် ဖြစ်
နေ ရ ပါ သည်၊ တဲ့  ။ ဒါကြောင့်  လဲ ရှိစု မဲ့  စု ကျွန်တော့်  ပို့ (စ) လေး တွေ တင်လိုက် တိုင်း ထိပ်ဆုံးမှာ
အမ ကို မတွေ့ ရ တော့  သလို အောက် ဆုံး မှာ လဲ သူ့  ကို မမြင် တော့ ပါ။ ကျွန်တော် အရေး ကျဲ လွန်း ပေ မဲ့ 
တင် လိုက် တိုင်း သူ ရောက် ရောက် လာ တတ် နေ တာ ပါ လေ၊ အရင် တုံး က ဖြစ် ပါ သည်။

ကျွန်တော် တို့  ရွှေ ပြည် ကြီးကတော့  နှစ်ပေါင်း ဘယ်လောက် ပဲ ကြာကြာ ကျွန်တော် တို့  သာ မြေကြီး ထဲ
ရောက် ခါ နီး နေ ပေ မဲ့  ဘယ်တော့  မှ မပြီး ဆုံး နိုင် သေး သည့်  ရေ နဲ့  မီး ပြ သနာ ပဲ ဖြစ် ပါသည်။
ဘယ်တော့ မှ ရိုးမသွား သည့် ပြသနာ ၊ ချစ် ရ သူ ကို မရိုး နိုင် အောင် ကို ချစ် နေ ရသလို ရေနဲ့ မီး ကိုလည်း
ဘယ်တော့  မှ မရိုး နိုင် အောင် ကို သတိ ရ နေ ရ တော့  မှာ ဖြစ်ပါသည်။

သွား လေ သူ အဖေ တို့  အဖိုး တို့  ဦးလေး တို့  လဲ ရေမီး အစုံ ကို မမြင် ခဲ့  ရသလို ကျွန်တော် တို့ လဲ ရေမီး
မစုံ ခင် ပဲ လော က ထဲ က ထွက် ရ ပြန် အုံး တော့  မည် လို့  ။ အဖိုး ရှိ တုံးက သီတင်းကျွတ် သွားကန်တော့ စဉ်
“လို တဲ့  ဆု တောင်းကြ မြေး တို့  ....” လို့  လဲ ပြော ရော ၊ ကျွန်တော် က ပဲ ဦးဆောင်ပြီး“ အဖိုး မသွားခင် နဲ့ 
ကျွန်တော် တို့  မသွား ခင် ရေ နဲ့  မီး ပြည့်  စုံ စွာ ပဲ နေရ ပါ လို ၏ ” .. လို့  အော် ဟစ် ဆု တောင်း မိ တော့ 
တစ်မိသား စု လုံး ဖယာင်း တိုင် မီး အောက် မှာ “ ဝုန်း ” ကနဲ ထ ရီ ကြ တာ ကို ကျွန်တော် မှတ်မိ ပါ သေး
သည်။

အဲ့ ဒီတုံးက သွား တို့  တစ်ချောင်း မှ မရှိ တော့  ပဲ သွားဖုံး တို့  နဲ့  သာ ရယ်နေ ရ ရှာ သော အဖိုး ကို ကျွန်တော်
တွေ တွေ ကြီး စိုက် ကြည့် နေတုံး “ ဗြုန်း ” ဆို လင်း ကနဲ ဖြတ် ကနဲ “ မီး”လဲ ပြန် လာ ရော အဖိုး ရဲ့  မြေး တွေ
အား လုံး အသံကုန် ဟစ် ညာ သံ ပေး ၍ အဖိုး ရဲ့  ရှေ့  မှ ကိုရီးယား ကား ကြည့်  ရန် အလု အယက် ထ ပြေး
ထွက် သွား ကြ ပေ မဲ့  ကျွန်တော် က တော့  အဖိုး ရဲ့  ကုတင် နား က မခွာ မိ ခဲ့  ပါ။

အဲ့  ဒီလို သူတို့  ထ ပြေး သွား တော့  မနေ့  က မှ အိမ်ရှိ ထမင်းအိုး ဒယ်အိုး ဒန်အိုး စ သည့်  ရှိသမျှ အိုး ခွက်
ပန်းကန် တို့ နှင့်  အကုန် ချ ခံ ထား ရသော ရေ ခွက် တွေ ကို ကသော ကမြော တက် နင်း ဝင် တိုက် ဖြစ် ကုန်
ကြ တော့ သည်လေ။ အမေ က“ အဲ့ ဒီ ရေ တွေ နင် တို့ ပဲ ချိုး ကြ တော့  ငါ တိုင်ကီ ထဲ က ရေ နဲ့ ပဲ ချက် တော့ 
မယ် ” ဟု သူတို့  ကို အော် ပါ လေ တော့  သည်။ ပြန်တွေး ကြည့်  တော့ လဲ ဘယ်နိုင်ငံမှာ မှ မရှိ နိုင်သည့် 
ချစ် စရာ ကြည်နူး စရာ ကောင်း သည့်  ဓလေ့  စရိုက် ကလေး များ ဟု ထင် နေမိ ပြန် ပါသည်။
( ကိုယ် က နှစ်ဆယ့် လေး နာရီ ရေ မီး မှန် နေ သည့်  တိုင်းပြည် မှာ ရောက် နေ လို့  ပေါ့ နော်.. )

အဖိုး ၏ သံ ချေး တက်စ ပြု နေသော သံ ကုတင် လေး ပေါ် မှာ ကျွန်တော် မေး ကလေး တင် နေရင်းပဲ အဖိုး ရဲ့ 
ကျွန်တော့်  ဦးဂေါင်း ပေါ် ပွတ် သတ် နေမှု ကို ကျွန်တော် ခံ ပေး နေခဲ့ မိပါသည်။ ကိုရီးယား ကား တွဲ တွေ က
တစ်သက် လုံး ပြ သွား မည် ဖြစ်သော် လည်း အဖိုး က တစ်သက် လုံး ရှိ တော့  မှာ မဟုတ် ဆို တာ ကို
ကျွန်တော် သိ နေ ခဲ့  လို့  ပါ ပဲ ။

ရှိ ပါ သေးသည် ၊ အဖိုး က စစ် အတွင်း တုံး က ကမ္ဘာ ကျော် ကြူကုတ် လမ်း မကြီး တလျှောက် မြွေလိမ် မြွေ
ကောက် တောင်ဆင်း တောင်တက် လမ်း အတိုင်း အလံနီ အလံ ဝါ တွေ ထောင်ပြီး ကားတန်း ကြီး နှင့်  တရုပ်
ပြည် ဘက် သို့  သူ လိုက်ပါ မောင်းနှင် ခဲ့  ရ ပုံ ကို ကျွန်တော့်  အား ခဏ ခဏ ပြော ပြ ခဲ့  ဘူးပါသည်။

သူ့  ပုံ ပြင် တွေ ကို နားထောင်ပြီး သူ့  လိုပင် ထိုလမ်း မ ကြီး ကို ပါးစပ် က အမြူပ် တို့  ထွက် အောင် တဖူးဖူး
မှုပ် ၍ သူ့  ကု တင် ဘေး မှာ ကော်ရုပ် ကား ကလေး တွန်း ဆော့  နေတတ် သော ကျွန်တော့်  ကို အဖိုး က
တပြုံး ပြုံး နှင့်  ပဲ ကြည့်  နေတတ် ခဲ့ ပါသည်။

အဖိုး က ည ဖက် မအိပ် ခင် တောင်ဝှေး ထောက် ပြီး လမ်း လျှောက် ထွက် လေ့  ရှိပါသည်။
အပြင် မထွက် မှီ ဖွေးဖွေး ဆွတ် နေ သော သူ့  ဆံ ပင် လေး ကို ဖယောင်း တိုင် မီး အောက် တွင် ပဲ ကြည့် မှန်
လေး ပြူ တင်း ပေါက် တွင် ထောင် ပြီး နောက် လှန် ဖြီးသွား လေ့  ရှိပါ သည်။

ကျွန်တော် တို့  နေ ခဲ့ တာက ရန်ကင်း သုံး ထပ် တိုက် ပေါ် တွင် ဖြစ် သော ကြောင့်  ဖယောင်း တိုင်မီး နှင့် ပဲ
ကျွန်တော် က တောင်ဝှေး တစ်ဖက် ကိုင် အဖိုး ကို တစ်ဖက် က တွဲ ၍ လှေကား သုံး ဆင့်  ကို တွဲတွဲ ဆင်း ပို့ 
ပေးခဲ့  ရပါသည်။

မီး မလာ ၍ မှောင် လွန်း သော ကြောင့်  အဖေ တို့  အမေ တို့ က မသွား ပါ ရန် အမျိုးမျိုး တား ခဲ့  ပါသော်လည်း
တရုပ် ပြည် အထိ ကား မောင်း ခဲ့  ဘူး သော အဖိုး ကတော့  ဂေါင်း မာနေခဲ့  ဆဲ ပါပဲ ။ ကျွန်တော့် မှာလဲ အဖိုး
ကြောင့်  သာ ည ဘက် မှောင်ထဲ တွင် မျောက် တို့  မူး လဲ အောင် ဆော့ ခဲ့ ရ တာပါ၊ အဖိုး လိုက် ပို့  သည့်  ခေါင်း
စဉ် နဲ့  ပဲ ဖြစ် ပါသည်။

အချိန် တန် ၍ ပြန် မရောက် တော့  လဲ ကျွန်တော် ပဲ အဖိုး ကို ရပ် ကွက် ထဲ တွင် ရှာ ခဲ့  ရပါသည်။
ထိုစဉ် က“ ဟန်း ဖုန်း ” တို့  များ ပေါ် ခဲ့  လျင် အဖိုး ကို အလွယ် တကူ လျှာ တွေ့  နိုင်ခဲ့  မည် ဖြစ် သော်လည်း
အဲ့ ဒီ အချိန် တုံး ကတော့  ဘယ်တော့  မှ မီးမလင်း သည့်  ဓါတ် တိုင် တွေ အောက် ဓါတ်မီး ထိုး ပြီး အာဇာနီ
အဖိုး ကို ရှာ ပုံ တော် ဖွင့်  ခဲ့  ရပါသည်။

လူ ငယ်တွေ ဆိုလျင်တော့  အဲ့ ဒီ ဘယ်တော့ မှ မီး မလင်း နိုင်သည့်  ဓါတ်တိုင် တွေ အောက် ည ဘက် ရပ် နေ
စု နေ မိလျင် မှောင်ရိပ် ခို မှု နှင့်  အဆွဲ ခံ ရ မှာ ဖြစ် ပေ မဲ့  အဖိုး ကို တော့  သူ တို့  အလွတ် ပေး ခဲ့  ပါ သည်။

ယ္ခု အချိန် တွင် တော့  အဖိုး မရှိ တော့  ပေမဲ့  ထို ဓါတ်မီး တိုင် တို့  က ယနေ့  ည တွေ အထိ မီး မလင်း နိုင်သေး။
ဟန်း ဖုန်း တို့  လဲ ကမ္ဘာ ပေါ် တွင် အကြီး ဆုံး ဈေး နှင့်  မြန်မာ ပြည် တွင် ပေါ် ပေါက် နေသော်လည်း အမြဲ တန်း
ဆက်သွယ် မှု ဧရိယာ အပြင် ဘက် သို့  ပဲ ရောက် လို့  ကောင်း နေ ဆဲ .. ပါ လို့ ။

ဒါကြောင့်  မို့  လဲ ပြန်သွား သော အမ ကို ပြော လိုက်ချင်တာ ပါ ..၊
ပြီး တော့  လဲ ပြီး သွား တာပဲ ဆို ပေမဲ့  မပြီး တော့ လဲ မပြီး သေး တာ တွေ က အများ ကြီး ပါ လို့  ... ပဲ ။

ပို့ (စ) လေး ကို လက် စ သတ် လိုက် ရင်း ခါး တို့  မျက်စေ့  တို့  ညောင်း လာ ၍ ဝါးရံ တာ လေး ဖက် ပြန်
ထွက် လာ တော့  မိုး တို့  က ဖွဲ လို့  ကောင်း နေတုံး ..။

............................................................................................................................

ယ္ခု သည် စာ လေး ကို ရေးပြီး ချိန် တွင် တော့  တနေ့  ကို ဆယ့်  နှစ်နာရီ နှုန်း ဖြင့်  ကိုရွှေ မီး က ပြန်လာ
နေ ပြီ ဟု ကြား နေရ ပြန်ပါသည်။ တိုးတိုး စုံစမ်း ကြ ပါ ကုန် တော့ ..။

............................................................................................................................

( ပြီး တော့  ပြီး သွား တာ ပေါ့  လေ )

10 comments:

sosegado said...

တစ်ယောက်ကပြောဘူးတယ်၊ ပြီးသွားတယ်ဆိုတာမရှိပါဘူးတဲ့၊ တစ်နေရာမှာ အသစ်ပြန်စနေဦးမှာ၊ အသစ်တစ်ခုဖြစ်ပေါ်နေဦးမှာ….. ပြီးလိုက်..စ ..လိုက်….. ပြီးလိုက်..စ ..လိုက်

SHWE ZIN U said...

အဖြူလေး ရေ

ဘဝတွေ ဟာ ပြီးဆုံးမှာ မဟုတ်ပါဘူး
အဖြူလေး ရဲ့ အဖိုး အကြောင်း က စိတ်ဝင်စားဘို့ ကောင်းတယ် ရေးပေးပါအုန်း အဖိုးက ဓါတ်တိုင်အောက် မှာ ဘာလုပ်နေတာလဲ နောက်ပြီး ကျူကုတ် လမ်းမကြီး ကားမောင်းတဲ့ အတွေ့အကြုံလည်း အဖိုးပြောတာတွေ ရေးပါအုန်း

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လုလင်ပျို said...

ပြီးတော့လည်း ပြီးတာပါပဲ ဒါပေမယ့် အသစ်အသစ်တွေ တော့သံသရာတစ်ကွေ့ပြန်ပြန်လည်လာတတ်တာပဲလေ
အဖိုး ဓါတ်တိုင်အောက် ရောက်နေတဲ့အကြောင်းလေးနဲ့ အဖိုးပြောပြောပြခဲ့တဲ့ ကြူကုတ် လမ်းမကြီး ပေါ်မှာ ကားမောင်းတဲ့ အတွှေ့အကြုံလေးဖတ်ချင်မိရဲ့ စိတ်ဝင်စားဖို့တော့ကောင်းမယ်ထင်တယ် ဖြစ်နိုင်ရင်တော့ လုပ်ပါဦးလို့ တောင်းဆိုပါရစေဗျာ

အနော် said...

ပြီးတော့လဲ ပြီးသွားတာပါပဲဆိုတာကို မြင်မိတာနဲ့ မပြီးတော့လည်း မပြီးသေးပါလို့ စိတ်ထဲ တန်းပြီး တွေးတောမိတယ်..
ဟုတ်တယ် အကိုရေ
ပြီးသွားပေမဲ့ မပြီးသေးတဲ့ ဇာတ်လမ်းတွေ သမိုင်းကြောင်းတွေ ရှိသေးတယ်.... :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအဖြူလေး
ကျွန်မက ခရီးခနထွက်သွားလို့ ပျောက်နေတာပါ... နေကောင်းတယ်ဟုတ်..
ခရီးထွက်တော့ ကိုအဖြူလေးပြောတော့ မပြီးနိုင်တဲ့ ကိစ္စများမြောင်တွေကို ကြုံတွေ့ရတော့တာပါဘဲ..
တစ်ခါတစ်လေမှာတော့ လွယ်လွယ်နဲ့ ပြီးလိုက်ချင်ပေမဲ့
လွယ်လွယ်နဲ့ ပြီးဖို့မလွယ်တဲ့ အမျှင်တွေတန်းနေတတ်တဲ့ ကိစ္စတွေလဲ ရှိနေတတ်သေးတယ်ရှင်..
ဘာဘဲဖြစ်ဖြစ် ပျော်ရွှင်ငြိမ်းချမ်းကြပါစေရှင်..

ဏီလင်းညို said...

အဖြူလေးရေ........

အဲ့သလိုနဲ့ပါပဲဗျာ........။
အချိန်တွေကုန်ခဲ့ရတာလေ........။
တစ်ကယ့်ကို မပြီးပြည့်စုံနိုင်သေးလွန်းတာ.......တစ်ခါတစ်လေတော့လည်း.....စဉ်းစားရင်း.............................................................................................................................................................................................

ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

မီးလာနေလားဆိုတာကိုလည်း ကျယ်ကျယ်သွားမမေးလေနဲ့
သတိရသွားဦးမယ် ..း))

မိုးခါး

kiki said...

သံသရာတွေ မရှည်ရအောင် ၊ ပြီးချင်နေတာတွေ ပြီးသွားအောင် အပြီး သတ် .. ဖို့ ပဲ စဉ်းစား နေ ပါ တော့တယ် လေ ...

ခါးချိနေတဲ့
ဖွားကိ

ပေါ့ဆိမ့် said...

ဘယ်တော့မှ မပြီးဆို ဟိုမှာ မပြောနဲ့ အနော် ခုရောက်နေတဲ့ နေရာလေး မှာတောင် မှောင်နေတုန်း ဘဲဂျာ ...

မြတ်မွန် said...

ဟုတ်တယ် ကိုကျော်ရ..
ပြီးတော့လည်း ပြီးသွားတာပဲ..