Saturday, July 10, 2010

တစ်ပင်ထဲ ရင်ထဲ က “ နွယ် ” ( ၂ )

စုတ် ချွန်း ကလေး ၏ ဋိကာ တွေ က ဒါတင်လား ဆိုတော့  မဟုတ် သေးပါ လေ ။
ဆယ့်  ငါးနှစ် ဆိုတော့  လဲ ၁၀ တန်း ကျောင်းသူ တစ်ယောက် ဖြစ် လို့ နေ သည် ဆိုပါတော့ ။
တစ်နေ့  သူ့  အမေ ဒေါ်ဝတ်ရည် အိမ်ဘက် ကူး လာပြီး ၊ “ မိရွှန်းလဲ့  တစ်ယောက် တွေ့  မိ ကြ သေးလား
ခလေး တို့  ရေ ..” ဟု အမော တကော ဝင်မေး လာပါသည်။

ကျွန်တော်လည်း စက်ဘီး ကို ဖုံ တိုက်နေရင်း ဆက်လက် နားစွင့်  နေမိ ပါသည်။
“ မနက် က သူ .. သူ့  အဒေါ် ဆိုင် ကို သွား အုံးမယ် ပြော ပြီး ထွက် သွား တာ ၊ အခု ထမင်းစား ချိန် တောင်
ရောက် နေ ပြီ ၊ ပေါ် မလာ သေးဘူး ၊ သူ့  ဖအေ ကြီးက တော့  သူ့  သမီး ကို လုံးလုံး စိတ်ကို မပူ ဘူး ကွယ်”
ဟုတ်လဲ ဟုတ် နိုင်ပါ သည်။ ညီအမ သုံးယောက် တွင် အငယ်မ တွေ က ကုတ် ပြီး ညိမ်သလောက် ၊ အပြင် ကို
အကြောင်း ကြီးငယ် မရှိ သရွေ့  ထွက်ခွင့်  ပါမစ် မရ တတ် ပေမဲ့  စုတ်ချွန်း ကတော့  သူ့  အဖေ ဆီမှ လွတ်
လပ်ရေး ရလို့  နေခဲ့ ပါသည်။

“ အိမ် ဘယ်တော့ မှ မကပ် တတ်ဘူး ကွယ် ၊ မင်းညီမ ကတော့  အိမ်တွင်း နဲ့  မတည့်  ဘူး ထင်ပါ တယ် ..”
စုတ်ချွန်း အမေ ကြီးက ပြောရင်း ကျွန်တော့် ကို ကြည့် လာ ပါသည်။ ကျွန်တော့်  အမ နှင့်  ကျွန်တော့်  ညီမ
နှစ် ယောက် ကတော့  တုတ်တုတ် မျှ မလှုပ် ကြ ။ သူ တို့ လည်း စုတ်ချွန်း ကို ကြည့်  မရ သည့်  အုပ်စု ဝင်တွေ
ဖြစ်နေ ကြ လို့ ပါပဲ။ သူ တို့  နှင့်  မတူ ပဲ ကျားကျား ယားယား ဖြစ်နေ သော ကြောင့်  ...။

ကျွန်တော်လည်း စက်ဘီး လေး “ သ ” နေသည့်  အလုပ်ကို လက်စသတ် လိုက်ရင်း “ ကဲ .. အဒေါ် ရေ့  ...
ကျွန်တော် ပဲ ဈေးထဲ သွားကြည့်  ပေး ပါ့ မယ် ၊ စိတ် ချ ပါတော့  ဗျာ..၊ ” ဟု ပြောရင်း စက်ဘီး ကို အသာပဲ
တွန်း ထွက် လာ ခဲ့ ပါ တော့ သည်။

“ အေးပါ .. သား ရယ် ၊ မင်း ညီမ က မင်း ပြော မှ ပဲ ရ တော့  မယ် ကွယ် ..”
သူ့  အမေ က ပဲ လှန်း ပြော လိုက် တာ ဖြစ်ပါသည်။

တာလမ်း မ ကြီး ပေါ် ရောက်တော့  နေ မင်းကြီးက ခေါင်း တည့် တည့်  ပေါ် မှာ ရောက်လို့  နေ ကာ
လမ်း ကတ္တရာ သား တို့ က လဲ ပူ လွန်း လို့  အရည်ပျော်ချင် နေပြီး ကပ် စီးစီး ဖြစ်လို့  နေပါ သည်။

..............................................................................................................................................

“ မနက် က ခဏ တော့  လာထိုင် တယ် .. သား ရေ့  .. အခု တော့  ဘယ် သဝေထိုး ပြန်ပလဲ မသိ ”
ကုန်စုံဆိုင် ရောက် တော့  သူ့ အဒေါ် က ကပြာ ပဲ ပြန် ဖြေ ခဲ့ ပါ သည်။ ဈေး အပြင်ဘက် ကို လှန်းကြည့်  မိတော့ 
အုပ် ဆိုင်း နေသော ဗန်ဒါပင် ကြီးများ ကို အစီအရီ မြင် နေရပါသည်။ ဖုတ် လူး နေသော ခလေး တစ်သိုက်
ကိုလည်း လှန်းတွေ့  လိုက် ရပါသည်။

ကျွန်တော်လည်း စက်ဘီးကို ဈေး တစ်ပတ် နင်းပြီး ပတ် လိုက် ပါသည်။
ဈေး နောက်ဖက် မီးသွေး ဆိုင် ဖက် ရောက်တော့  လွတ်နေသည့်  ဆိုင်ခုံ တစ်ခု ပေါ် တွင် ခလေး တစ်သိုက်
နှင့်  ဗန်ဒါသီး ထုခွဲ နေသော “ စုတ်ချွန်း ” ကို တွေ့  လိုက်ရပါ တော့ သည်။

ကျွန်တော့်  ကို ကျောပေး၍ တစောင်း လွှဲ ထိုင် နေသော ကြောင့်  သူက မမြင်ပေမဲ့  သူ့  သူငယ်ချင်း ခလေး
တစ်သိုက် က တော့  ကျွန်တော့်  ကို မြင် သွား ပါသည် ။

“ ဟာ .. ဦးကျော် ကြီး....”
“ ........... ”
သူ ပါ ရုတ်တရက် လှည့်  ကြည့်  လာပါသည်။
“ စုတ်ချွန်း ” မျက်နှာ ပေါ် က ဗွက်ထ နေတတ်သော သနပ်ခါး တို့  ပျယ်လွင့်  စ ပြု ပြီ ။
“ ကို ကျော်... မီးသွေး လာဝယ် တာလား ..”
“ ကဲ .. မိ စုတ်ချွန်း ရေ .. နင့် ကို နင်လဲ ပြန် ကြည့်  ပါအုံး .. ခလေးလဲ မဟုတ် ..”
ဟုတ်ပါသည်။ “ စုတ်ချွန်း ” တစ် ယောက် အပျို ဖားဖား ကြီး တစ်ယောက် ဖြစ် နေ ပါပြီ။
အရွယ် ရောက် လာတော့ လဲ လူငယ်တို့  သဘာဝ အရ စိတ်ကစား တတ်သည့် အရွယ် ၊ ရည်းစား သန တို့ 
ထားချင် ထား တတ်သည့်  အချိန်အခါ တို့  ဖြစ်သော်လည်း ပေးသမျှ ရည်းစား စာ တို့ ကို လွယ်အိပ် ဖွင့် ဟ
လက္ခံ တတ်ပြီး ရသမျှသော စာ အစုံ တို့ ကို ဖအေ ဖြစ်သူ ကို အကုန် ပြန် ပြန် အပ် နေတတ် သော “ သူ့  ”
လို လူ မျိုး ၊ မိန်းခလေး မျိုး ကို ကာလသား တို့ က ကြာ လာ တော့  လက်ရှောင် လာ ကြ တော့ သည်။ သူ့ 
အဖေ စိတ်ချ လျင်လဲ စိတ်ချ စရာ ပါပဲ ။
ကျွန်တော့်  ဖာသာ ကျွန်တော် နေနေ တာ လေ ၊ သူ တို့  ဖာသာ သူ တို့  လာ လာ ကြိုက် နေတာလေ
အဲ့ ဒါ ကျွန်တော်နဲ့  ဘာ ဆိုင်လဲ ... တဲ့ ။ အမြဲ တန်း ပြော တတ်သည့်  သူ့  လက်သုံးစကား ပါ ။

“ အော... ကိုကျော်က အမေ ရှာခိုင်း လို့  လိုက်လာတာ မှုတ်လား..”
“ အင်းလေ.. အချိန် လဲ ကြည့် ပါ အုံး ..၊ ထမင်းစား ချိန် လွန်တော့ မယ် ၊ မိန်းခလေး တစ်ယောက်...... ”
“ လာ ပြန်ပြီ ..ဒီဓါတ်ပြား ဟောင်း ကြီး ၊ အဖေ့ ကို ပြော ခဲ့ ပြီးသား၊ အဒေါ် တို့  ဆိုင်သွားမယ် ဆိုတာ ၊
ခုန လေး တင်မှ အဒေါ် က အသုပ် ကျွေး လို့  စား ပြီးပြီ ၊ မဆာ သေး ဘူး လေ ၊ အခု ပဲ ပြန် တော့ မှာပါ ”
သူ တတွတ်တွတ် ပြန်ပြော ရင်း ဆိုင်ခုံ ပေါ် မှ အသာ လျှော ဆင်း လိုက် ပါသည် ။ ပြီးတော့  နွှာ ပြီးသော
ဗန်ဒါစေ့  တစ်ဝက် ကို သူ့  ခလေး တစ်သိုက် ကို ခွဲ ပေး လိုက်ရင်း ဖုံ အထပ်ထပ် လူး သော သူ့  ဂါဝန်
အပြာ ပွပွ ကြီး ကို အသာ ခါ ထုပ် လိုက်ပါသည်။

ပြီး တော့  သူ့  ဂါဝန် ရှေ့  ဖက် အစ အား လက် နှင့်  အသာ ဆုပ် ၍ မ တင် လိုက် ပြီး ကျန် ဗန်ဒါစေ့  အားလုံး
ကို ဆိုင်ခုံ ပေါ် မှ သူ့  ဂါဝန် ထဲ အကုန် ယက် ထည့်  လိုက် ပါ တော့  သည် ။ အရပ် က ပု ရ သည့်  ကြားထဲ
ရှေ့  ဂါဝန်စ ကို ဗန်ဒါစေ့  များဖြင့်  ဆုပ် ကိုင် မ တင် ပြီး သူ့  ရှေ့  မှ လျှောက် သွား သော ကြောင့် 
“ စုတ်ချွန်း မ ” ၏ ဖြူ စွတ် ချင်သော သလုံးသား လုံးလုံး လေး များ ကို မကြည့်  ပဲ နှင့်  မြင် နေ ရ ပါတော့ 
သည် လေ ။

..........................................................................................................................................

“ မဝတ်ရည်ရွှန်းလဲ့ ” ခေါ် စုတ်ချွန်း လေး က ရုတ်တရက် ကြည့်  လျင် ဆွဲဆောင်မှု မရှိ ဟု ထင်ရသော်
လည်း စကား ပြော ကြည့် လျင် ဟန်ပန် အမှု အရာ တို့  လုံးဝ မရှိပဲ ၊ စကား ကို ဒုတ် ထိုး အိုး ပေါက် ပြော
တတ်ပြီး ရယ်စရာ ရှိလျင်လည်း အသံလွင်လွင် ဖြင့်  ကျယ်ကျယ် လောင်လောင် ထ ရီ တတ် ပါသည်။

မိန်းခလေး တို့  စောင့် ထိန်း ရမည့် “ ပဲ ” ပြော မလား ၊ အိနြေ္ဒ ပဲ ပြော ရမလား .. သူ့ မှာ ဒါမျိုး တွေ မရှိ ပဲ
ထူး ခြား နေတော့  ဆန်း တာတွေ ၊ ထူး တာတွေ ကို မှ စိတ်ဝင်စား ချင်သော သူ တွေ က “ စုတ်ချွန်း ” လေး
ကို ချဉ်း ကပ် ဘို့  ကြိုး စား နေ တာ ဟု ကျွန်တော် တွေးမိ နေ ပါသည်။

ဒါဆို ကျွန်တော် ကရော.. တဲ့  ၊
သူငယ်ချင်းများ က မေး တဲ့ မေးခွန်းပါ ပဲ။
သေသေ ချာချာ ဆန်းဆစ် ကြည့်  တော့  သူ့  ကို ခင် နေတာ ... ဟု အဖြေ ထွက် နေပါသည်။
လွင်သော ရယ်သံ ကို အကြိမ်ကြိမ် ကြား ချင်၍ ပဲ မခံ ချင်အောင် အမျိုး မျိုး စ နေသော်လည်း စိတ်မဆိုး
တတ် ပဲ တစ်ခါ တရံ မျက်ဆောင်း တို့  ထိုး တတ်သည် မှ အပ ခွက်ခွက်လံ အောင် ကို ရယ်ရယ် နေတတ်
ပါသည်။

သူ့  ကို ချဉ်းကပ် လို့  မရ သော သူငယ်ချင်းများ က ကျွန်တော့် ကို ပါ အပူ ကပ် တာ များများ လာ လျင်
ကျွန်တော်ပါ သူ့  လိုပဲ စိတ်ကျဉ်းကျပ် လာမိ နေ ပါသည်။

ခင် နေတာ ကို ရပင်း စသတ် နဲ့  ချစ် တဲ့  အဆင့်  တော့  မရောက်ပါ ဟု လည်း ယုံကြည် မိ ပါသည်။

......................................................................................................................................................

“ မောင် ကျော်.... လုပ် ပါ အုံး .. ဦး ကို တွန်းပေးပါအုံး ..”
အိမ်ပေါ် ကျွန်တော် စာ ဖတ် နေ စဉ် အိမ်ရှေ့  ခြံဝ ဖက်ဆီမှ အသံ ကြား ၍ လှန်းကြည့် မိ တော့ 
“ စုတ်ချွန်း ” ၏ အဖေ ဦး ကြည်လင်း ၊ စွပ်ကျယ် ဂျိုင်း ပြတ် ကြီး နှင့်  ခြံတံခါး ဝ တွင် ရပ် လို့  နေ ပါသည်။
သူ့  BSA ဆိုင်ကယ် ကြီး နှိုး မရ လို့  တဲ့  ။ ထုံးစံ အတိုင်း တွန်း ရ ပြန် အုံး တော့  မည်။ စစ် ကျန် ခေတ် ဟောင်း
ဆိုင်ကယ်ကြီး ဖြစ် နေတော့ လည်း ဆီ ပျောက် မီး ပျောက် ကိစ္စ တွေ က ခဏ ခဏ ပြသနာ ပေါ် နေတတ် ပြီး
တွန်း နိုး လို့  ရနေ၍ သာ တော် ပါတော့ သည်။ ဒါပေမဲ့  တွန်း ရ တာတော့  တော်တော် လေး ကို လေး ပါသည်။

ကျွန်တော် တို့  လမ်းသွယ် လေး က တာ လမ်းမ ကြီး က နေ နိမ့်  ဆင်း သွား သော ကြောင့်  ကျွန်တော့် မှာ
တော်တော် လေး ယက် ကန် ကန် ပြီး အပြေး တွန်း လိုက် ရပါသည်။ ကျောနက်ကြီး က လဲ အိမ်ရှေ့  ဖိနပ်စင်
တွင် ရှေ့  လက်နှစ်ဖက် ပေါ် အသာ မေး တင်နေရာမှ ရုတ်တရက် ပြေး ထွက်လာပြီး အနောက်မှ အတင်း
လိုက် ဟောင် နေပါ တော့  သည်။

“တဖုန်းဖုန်း.. တဖွတ်ဖွတ် ” နှင့်  ချောင်း တဟွတ်ဟွတ် ဆိုး ပြီး BSA ကြီး နိုး သွား တော့  မဲမှောင် ညစ်ပုတ်
နေသော မီးခိုး လုံး ထဲ တွင် ကျွန်တော် နှင့်  ကျောနက်ကြီး သာ ကျန်ခဲ့  ပါတော့ သည်။ ဦး ကြည်လင်း ကတော့ 
တာ လမ်း မကြီး ပေါ် မှ ကျွန်တော် တို့  ကို လက်ပြ နှုတ် ဆက် သွား ပါသည်။


“ စုတ်ချွန်း” တို့  အဖေ က တောင်ဒဂုံ စက်မှု ဇုံ ထိပ် တွင် တရုပ်ခေါက်ဆွဲ ကျော် ဆိုင် ဖွင့် ထားပါသည်။
တရုပ် ဆိုင် ဆိုတော့ လည်း အဖျော်၊ရမကာ လေး ပါ တွဲ ဖက် ပါ နေ တော့  မွေးထား သည့်  သမီး သုံးယောက်
ကို သူ့  ဆိုင် သို့  လုံး ဝ လိုက်မလာရန် ၊ မခိုင်း ရန် တစ်ချက်လွှတ် မာရှယ်လော ထုပ်ထား လေ သည်။

ဦးကြည်လင်း ကြီးက လက်ရာ ကလဲ ကောင်း ၊ ဆက်ဆံ ရေး ကလည်း ပြေပြစ် လွန်းတော့  နေ့ စဉ် ပဲ လူတွေ ကျ
နေတတ် ပြီး ဦးကြည်လင်းနှင့်  ဒေါ်ဝတ်ရည် တို့  နှစ်ယောက် ကတော့  တော်တော့်  ကို ပဲ ပင်ပန်း နေရ ရှာလေ သည်။

အဖေ က တစ်ရုပ် ဖြစ်သော ကြောင့်  “ သား ” ကို အထွတ်အမြတ် ထား လွန်းပေမဲ့  မွေးလာ တာ သမီး တွေ ပဲ
ဖြစ်နေသော ကြောင့်  “ စုတ်ချွန်း” တို့  ငယ်စဉ် က ရင်းနှီးရာ မိတ်ဆွေ တစ်ယောက် ဆီမှ သား ယောင်္ကျားလေး
တစ်ယောက် ကို တောင်းယူ မွေးစား ခဲ့ ဘူး လေသည်။

နောက်တော့ လည်း သမီး တွေ ကို ချစ်လွန်း တော့  လဲ သမီး တွေ အတွက် စိတ်မချ သော ကြောင့်  ထိုခလေး
ကို ပြန်ပေး လိုက် သည် ဟု “ စုတ်ချွန်း” ပြော ပြ ၍ သိရပါသည်။

“ ကျွန်တော် တို့ မှာ ... အကို ယောင်္ကျား လေး ရှိ ရင်သိပ်ကောင်း မှာပဲ ၊ အခု တော့  ကျွန်တော် တို့  ညီအမ
တွေ ဟိုမသွား ရ ၊ ဒီ မသွား ရ နဲ့  .... ” တစ်နေ ရာ ကို ငေး နေရင်း သူ ပြော နေ တုံး ကတော့  သူ့  ကို
ကျွန်တော် သနား မိ ခဲ့ ပါသည်။ “ ဒါဆို .. ကျွန်တော့်  ကို မွေးစား ပါလား ဗျာ... ” ဟု နောက်တော့  သူ့ မျက်နှာ
ဝင်း ပ သွား ပြီး “ ဒါဆို.. မားမား .. ကို ပြော လိုက်မယ်လေ.. ” သူ ပြန် ပြော ပါသည်။

ကျွန်တော် တို့  နှစ် ယောက် အိမ်ရှေ့  ဆင်ဝင် အောက်တွင် စကား ကောင်း နေစဉ် ကျွန်တော့်  အမ နှင့် 
ကျွန်တော့်  ညီမ များ က သူ တို့  သူငယ်ချင်း တစ်အုပ် နှင့်  အတူ ခြံ ထဲ ဝင်လာ ပါသည်။ ပါးကွက် ကိုယ်စီ
တူညီ ရင်ဖုံး အင်္ကျီ ကိုယ်စီ နှင့်  ပါ ။ သူတို့ က ကျောင်းသား သမဂ္ဂ အဖွဲ့  ဝင် များ ဖြစ် ကြ သည်။ အား လုံးက
“ စုတ်ချွန်း ” ဆီ ကို အကြည့်  ရောက် လာ တော့ သည်။

သူ က လဲ ပြန်ပြုံး ပြ ရင်း “ ကျွန်တော် သွား တော့  မယ်နော်..” ဟု နှုတ် ဆက် ပြီး ထွက် သွား တော့ သည်။

“ မိန်းခလေး ဖြစ်ပြီး....... ” မသန်းရွှေ က အစ ပျိုး သည်။
“ နင်ကလဲ... သူ့ ဖာသာ သူ ဒီလို ပဲ နေတတ် တဲ့ ဟာ.. ကို ..” အမာအေး က ကျွန်တော့် ကို လှန်း ကြည့် ရင်း
မသန်းရွှေ ကို ဟန့်  လိုက်ပါသည်။ ပြီးတော့  ရှည်လျား စွာ ကျစ်ထားသော သူ့ ကျစ်ဆံမြီး နှစ်ဖက် ကို လက်
နှစ်ဖက် ဖြင့် သူ့  နောက်ကျော ဖက် သို့  အသာ ဖယ်ရှင်း လိုက်ရင်း သူ့  လွယ်အိပ် ထဲ မှ ဖိုင် တွဲ တစ်ခု ကို
ထုပ် လိုက် ပါသည် ။ သူ့  ပါးကွက် များ ကျတော့ လည်း သွားပွတ်တံ နှင့်  အထပ်ထပ် ညှိ ထား ပုံ ရပါသည်။
သနပ်ခါးကြောင်း တစ်ကြောင်း ချင်း ကို ညီ ... လို့  ပါပဲ။ “ စုတ်ချွန်း ” နဲ့  တော့  ကွာ လွန်း ပါသည် ။

.................................................................................................................................................


( ဆက်ရန် )

11 comments:

SHWE ZIN U said...

ကဲ အဖြူလေး ရေ ဖတ်တော့ ပြီးသွားပြီ ဒါပေမဲ့ မပြီးသေး တော့ စောင့်ရအုန်းမှာပေါ့နော် မျှော်နေပါမယ်

ကျေးဇူး
တက်ဂ် ပိုစ် လေးလည်း အားရင်ရေးပေးအုန်းနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ပေါ့ဆိမ့် said...

အယ် ... လုပ်ပြန်ပီ ... လုပ်ထားပြန် စောင့်ဖတ် ရဦးမှာ ပေါ့။
စုတ်ချွန်း လေး က ဆွဲ ခေါ်ထားတာ ကိုး ..
ကိုကျော်လေး က စုတ်ချွန်းလေး ဆီက ဗန်ဒါစေ့ မရမက တောင်း စားတာ လေး ချန်ခဲ့ တယ်နော် ... တိတယ်နော် တိတယ် ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟွန့် လာပြန်ပြီ
ဆက်ရန်......
ကိုးရီးယားကားနဲ့တူနေပြီ..
ဖတ်ချင်တော့လဲ စောင့်ရတော့မှာပေါ့နော်..
စုတ်ချွန်းလေးက ကိုအဖြူလေးမပြောနဲ့
ကျွန်မတောင် စိတ်ဝင်စားလာပြီ..း)

thawzin said...

စုတ်ချွန်း တဲ့ နာမည်ပျက်ကသာ ဘာမှမဟုတ်တာ နာမည်ရင်းကတော့ စိတ်ဝင်စားစရာကောင်းအောင် ပေးတက်ပါ့ဗျာ။ အခုအတိုင်းဆိုရင် စုတ်ချွန်းက ဆွဲဆောင်မှု တော့ရှိပါသေးတယ်။ ပါးကွပ်ကို သွားပွတ်တံနဲ့ ညှိထားတာ ပိုလှသလိုထင်ရပါတယ်။ “သကာ” မလောင်းထားတဲ့ “ထန်းလျှက်”လဲ သူ့သဘာဝတော့ ချိုမြိန်နေဆဲပါ။ နဂိုရှိသူကတော့ နဂိုင်းမထွက်လဲ နဂိုရှိသေးတယ်လေဗျာ။
အားပေးလျှက် အကိုရေ။

ညလင်းအိမ် said...

ဆက်ရေးပါဗျို့ ... မြန်မြန်လေး ..
ဇာတ်ရှိန်တက်လာပြီ ... ဖတ်ရတာ ...

sosegado said...

ဖတ်လို့ကောင်းပါသည်၊ ချစ်စရာ စုတ်ချွန်းလေးပုံ ပေါ်လာပါပြီ၊ စောင့်ရဦးမှာပေါ့၊

မြတ်မွန် said...

ကိုရီးယားကားဇာတ်လမ်းတွဲကြီးပေါ့နော်.။

ခိုင်နုငယ် said...

ကိုအဖြူလေးနှယ်..ကိုရီးယားဇာတ်လမ်းတွဲရေးနေသလိုပါပဲ။
ကောင်းခန်းရောက်မှ..ဆက်ရန်ဆိုတော့..
စောင့်ဖတ်ပါအုံးမည်။

ခင်မင်စွါဖြင့်
ခိုင်နုငယ်

နန်းလေပြေနု said...

တစ်ပင်တည်း ရင်ထဲက လဲ့ ဖြစ်မယ် ထင်ပါရဲ့ :)
ချစ်ခင်စွာဖြင့်
နန်းလေပြေနု

Anonymous said...

ွကျွန်တော် စာအုပ်တစ် အုပ်ထဲမှာ ဖတ်ဖူး တယ် တဏှာ အကြောင်း များများ စဉ်းစား ရင် အသက်တို တယ်တဲ့


Anonymous said...

တုံးတိကြီးဗျာ