Sunday, July 18, 2010

တစ်ပင်ထဲ ရင်ထဲက “ နွယ် “ ( ၃ )

အချိန်က ၁၉၈၈ ၊ ၆ လ ပိုင်း အတွင်း ၊ ဝင်ရောက် လာ ခဲ့ သောအချိန် အခါ ဖြစ် ပါသည်။
မိုးတို့  လဲ တဖြိုင်ဖြိုင် ရွာသွန်းနေသော ကာလ လဲ ဖြစ်ပါသည်။
မိုးကြီးကြီးရွာ ပြီးတိုင်း လမ်းဘေး ရေမြောင်း တွေ ထဲမှ နှစ်ချို့  ပိတ်ဆို့  နေသော အမှိုက်၊အနယ် အနှစ်တို့ 
မိုးရေတို့ နှင့် အတူ လမ်းပေါ် လျှံ တက် ၍ ပေါလော မျောပါ လာတတ်ကြပြီး ၊ ကျွန်တော် တို့  လမ်းတွေထဲရှိ
အိမ်ခြံ တို့ ကို လာ လာ ဦးတိုက် ပြီး အိမ်ဝိုင်း ထဲ အထိ ပါ ဝင် ရောက်လာ နေပါသည်။

ဗမာပြည်ကြီး၏ အချေအနေ သည်လဲ ပေါက်ကွဲ တော့ မည့်  မိုင်းဗုံး ကြီး တစ်လုံး လို ဖြစ်နေသော အချိန်အခါ
လဲ ဖြစ်ပါသည်။ ကျွန်တော်တို့  လို ကျောင်းသား သမဂ္ဂ အဖွဲ့  ဝင် တို့ သည်လည်း ၊ တစ်ကျောင်း နှင့် 
တစ်ကျောင်း ၊ အထက်အဖွဲ့  နှင့်  အောက်အဖွဲ့  အပြန်ပြန် အလှန်လှန် ချေခြင်း လိမ် နေလောက်အောင်ကို
ကိစ္စ များမြောင် တို့  ဖြင့်  ဗျာ များ၊ ရှုပ် ထွေး နေ နေ ရ ချိန် ဖြစ်ပါသည်။

ဆယ်စုနှစ် ပေါင်းများစွာ၊ ကျွန်တော် တို့ ၏ မိဘ များ လက်ထက်မှ ၊ ယနေ့  အချိန်အထိ စစ်တပ် ကို နောက်ခံ
ထား ဖွဲ့ စည်း ထား ခဲ့  သော အစိုးရ တစ်ရပ် ၏ မှားယွင်း နေသော လုပ်ရပ် များ ကို အမြစ်လှန် ပြောင်းလဲ ပစ်
ရန် အဖွဲ့  အစည်း ၊ လူထု လူတန်းစား ပေါင်းစုံ တို့  စုရုံး ကြိုးစား နေ ကြ ပါပြီ။

တံခါးပိတ်ဝါဒ ကျင့် သုံးပြီး ၊ လူထု ကို မှောင်အတိ ချ ကာ အမှား၊ အမှန် မရှိ ပဒေသရာဇ် စံစံ ကျင့် သုံး နေ
သော တစ်ပါတီ စနစ် ကို ငြီးငွေ့  ရွံ့  မုန်း လာ နေ သော်လည်း ဘယ်လို ၊ ဘယ်ခေါင်းစဉ် ၊ ဘယ်လမ်းစဉ် တို့ 
ဖြင့်  ဦးဆောင် ကျင့် သုံး သွားကြမည်ကို တစ်တိုင်းပြည် လုံး၏ ရှေ့ ဆောင် ပညာတတ် လူတန်းစား ဖြစ်နေ
သော ကျောင်းသား ထု က ရှာဖွေ ဖော်ထုပ် နေရ ချိန်၊ လူထု တရပ်လုံးကို တညီတညွတ် ထဲ ဦးဆောင် သွား
နိုင်မည့်  ခေါင်းဆောင်ကောင်း တစ်ဦး ကိုလည်း ရှာဖွေ နေရချိန် လည်း ဖြစ်ပါသည်။

ချမှတ် ထားခဲ့ သော “ မူ ” တို့  ကောင်းချင် ကောင်းနိုင်ပေမဲ့  ၊ ထို “မူ” တို့ ကို ကိုင်တွယ် ကျင့် သုံး နေခဲ့  သော
“ လူ ” တို့  မကောင်း ခဲ့  သောကြောင့် လည်း၊ တိုင်းပြည်ကြီး ဆိုရှယ်လစ် ၂၆ နှစ်တာခရီး မှာ ဂျောက် ထဲ
ကျ လု ကျခင် ဖြစ်လာရပါတော့ သည်။

လက်ရှိ အစိုးရ သည်လည်း အကျင့် ပျက် ခြ စား နေ သော ယန္တယား ကြီးဖြင့်  လည်ပတ် လာခဲ့ သော ကြောင့် 
သာ သူ့ ဇာတ် သူ မနိုင် တော့ ပဲ၊ ကုန်ဈေးနူန်း တို့  အဆမတန် ကြီးမြင့်  လာနေခဲ့ ရပါတော့ သည်။

“ အဲ့  ဒါ ဆို .. ကိုကျော်တို့ က ဘာလုပ် နိုင်လို့  လဲ..၊”
စုတ်ချွန်းက ကျွန်တော် ပြောသမျှ ကို ဘေးမှ နားထောင်နေရင်း မေးလာခြင်းဖြစ်ပါသည်။
“ လူထု အား ကိုယူရမှာ ပေါ့ ကွ ၊ တစ်တိုင်းပြည်လုံး ညီ နေရင် အရာရာ ကို ကျော်လွှား သွား နိုင်မှာ..”
သူ တစ်နေရာ ကိုငေးနေ သည်။ ပြီးမှ .. “ စစ်တပ် ကရော .... ” ဟု အဓိက မေးခွန်းကို မေး ပါတော့ သည်။
သူ့  မေးခွန်းကို ရုတ်တရက် တော့  မဖြေနိုင်ခဲ့ ပါ ။ သေသေ ချာချာ စဉ်းစား ပြီးမှ ... “ အင်း . . စစ်တပ် ကလည်း
ဒို့  လူထု ထဲကပဲ ပေါက်ဖွား လာတာပဲ မဟုတ်လား ၊ သူတို့ လည်း အမှန်ကို အမှန်အတိုင်း မြင် ကြ မှာပါ..”
ဟု သူ့  ကို ပြန်ဖြေ ရ ပါသည်။

“ ကိုကျော် နက်ဖြန် အလုပ် သွား အုံးမှာလား .. ”
“ အင်း ”
“ ဒါဆို .. အိမ်ဖက် လှည့်  ခဲ့ အုံးလေ ၊”
“ ဘာလို့  ..”
“ အိမ်မှာ.. ကျွန်တော်.. မုံညှင်းချဉ်နဲ့  ဝက်သား ချက်မလို့  ၊ ဝင်ယူ ပါလား ..”
“ အမယ်..... ငါ့ ညီမ က ချက်တတ် လို့  လား ”
“ စား ကြည့် လေ ..”
“ အို ကေ..”
ကျွန်တော်က စက်မှု ကျောင်း ပြီးကာစ ၊ အစိုးရ အလုပ် မဝင် ရ ခင်၊ တောင်ဒဂုံ စက်မှုဇုံ ရှိ အလုပ်ရုံ တစ်ခု တွင်
အချိန်ပိုင်း အလုပ်သမား အဖြစ် ဝင်ရောက် လုပ်ကိုင် နေရပါသည်။ ပညာ ရေး ဌာန နှင့်  နိုင်ငံ သမိုင်း ကော်
မရှင် တွင် ဝန်ထမ်း ဘဝ ဖြင့်  လုပ်နေရသော အဖေတို့ အမေတို့  လစာ လေးဖြင့်  ကျွန်တော်တို့  မိသားစု
စား အိုး ကြီးကို မထိန်း နိုင် ခဲ့  သောကြောင့် ဖြစ်ပါသည်။ အမ နှင့်  ကျွန်တော့် ကို ကျောင်းပြီးအောင် အဖေ တို့ 
ချစ်ချစ်ချုပ်ချုပ် ထားခဲ့  ကြပေမဲ့  ၊ ကျန်အငယ်မ နှစ်ယောက် အတွက် တော့  မလွယ်တော့ ပါ လေ။

ကျွန်တော်တို့  လမ်းထဲ တွင်တော့  “ စုတ်ချွန်း” တို့ က တောင်ဒဂုံ စက်မှု ဇုံ ထိပ်တွင် ခေါက်ဆွဲ ကျော် ဆိုင်လေး
ဖွင့်  ထားသောကြောင့်  ဘာပဲ ပြောပြော စားနိုင်၊ သောက်နိုင် ပြေလည် ကြ သည် ဆိုပါတော့  ။

သူက ကျွန်တော်တို့  အုပ်စု လှုပ်ရှား နေသော နိုင်ငံရေး ရာ ကိစ္စများကို နားမလည်သော်လည်း ၊ တစ်ခြမ်း
စောင်းနေသော ၊ တစ်ဖက် စောင်းနင်း ဖြစ်နေသော တိုင်းပြည်အရေးကိုတော့  စိတ်ဝင်စားရှာပါသည်။

ကျွန်တော် သမဂ္ဂ မှ ပြန်လာတိုင်း ကျွန်တော်ပြောပြ နေသော သတင်းအချက်အလက် များကို သူ ပဲ စိတ်ဝင်
တစား နားထောင် လေ့  ရှိသည်။ အဖေတို့ က လက်ရှိ ဝန်ထမ်း များ ဖြစ်သောကြောင့် လည်း ၊ ရပ်ကွက် ထဲရှိ
ပါတီ ကောင်စီ တို့ ကို အထူးဂရုစိုက် ၍ သိုသိုသိပ်သိပ် လှုပ်ရှား နေရ ပါသည်။ အိမ် မှာပဲ လူစု ကြတာ များတော့ 
စာသင်ဝိုင်း ပုံစံ မျိုး လိုပဲ လူစုပြီး အမြင်ချင်းဖလှယ်ကြ၊ အထက် သမဂ္ဂ အဖွဲ့  တို့ မှ အဆင့် ဆင့်  ကျလာသော
ညွှန်ကြားလွှာ တို့ ကို အပြန်အလှန် ဆွေးနွေး ကြ ၊ ဆက်လုပ်ရမည့်  လုပ်ငန်းစဉ် တို့ ကို ချမှတ် ကြ နှင့် ၊ ပြန်
တွေး ကြည့် မိတော့ လည်း ထို အချိန်လေး များကို မြင်ရောင်လာမိပြီး ၊ တစ်ကိုယ်ထဲ ပြုံး မိတာလည်း
အကြိမ်ကြိမ် ပါ ။

ကျွန်တော်တို့  အားလုံး၏ ရင်ထဲမှာတော့  တိုင်းပြည်ကြီး တော့  ပြောင်းလဲ ရမည် လို့ ပဲ မျှော်လင့်  နေမိကြ
ပါသည်။ အပြောင်းအလဲ ကို လိုချင်နေကြသည်။ ဟိုး.. လွတ်လပ်ရေး ခေတ် တုံးက ၊ နောင်တော့်  နောင်တော်
ကျောင်းသား ကြီးများ တိုင်းပြည်အတွက် လှုပ်ရှား ခဲ့ ကြသည် များကို ပြန်လည် သတိရ၊ အားကျ နေခဲ့  မိကြ
ပါသည်။

ပြောင်းလဲ ခဲ့ တာလေး တစ်ခုတော့ လည်းရှိခဲ့ ဘူးပါသည်လေ ။
အမာအေး က သမဂ္ဂအဖွဲ့ တွင် တွဲဖက် အတွင်းရေးမှုး တာဝန် ကို ယူထား တော့ ၊ အတွင်း ရေးမှုး ဖြစ်သော
ကျွန်တော်နှင့်  အများဆုံးပဲ အသွားအလာ အဆက်အဆန် ရှိနေခဲ့ ရပါသည်။ သူက အမြဲတန်း ပါးကွက် ကို
ခပ်ထူထူ နှင့်  ညီညီညာညာ လေးပဲ မပြတ်တန်းလူး နေတတ်သလို၊ ရှည်လျားသော သူ့ ဆံပင် တို့ ကိုလည်း
အမြဲတန်းပဲ ကျစ်ဆံမြီး လေး နှစ်ဖက် စည်း စည်း ပြီး ချချ ထားတော့  အမြင်မှာ ထင်ရှား ၍ ယဉ်ယဉ်ကလေး
လှ နေသလို ဖြစ် နေ သည် ဆိုပါတော့ ။ ကျွန်တော်က “ စုတ်ချွန်း” ကို သူ မလှ ဘူးလား ဟင်... လို့  မေး တော့ 
အမယ်..... ဟု သာ ပြော ပြီး စကား စ တို့  တိတ်သွား ခဲ့ ပါသည်။ “ တစ်ခါတလေ လဲ ညီညီ ညာညာ လေး
လိမ်းခဲ့ ပါလား ဟာ... ” ဟု သူ့  ကို ပြောမိခဲ့  ပါသည်။

မိုးတွေ မဲမှောင် နေအောင် ရွာလွန်း နေသော တစ်နေ့  မှာ ပဲ ဖြစ်ပါသည်။
ရွာလိုက်သည့် မိုး ၊ နေ့ လည် ကတဲက ရွာ နေတာ .. ညနေစောင်း နေတာ တောင် မတိတ်ချင် သေးပါ။
ကျွန်တော်တို့  အဖွဲ့  လည်း အိမ်ပေါ် ထပ် ရှိ ထမင်းစားပွဲ အဝိုင်းကြီး မှာပဲ စု ဖြစ် ကြပါသည်။
သန်းနိုင် က သူ့ အိမ် မှ ဒီဇယ်ဆီ ယူလာ ၍ မီးဇာ ခွက် ကလေး ဖြင့်ပဲ မီးထွန်း ထားရပါသည်။ နဂို ကတဲက
မီးက မမှန် သည့် အထဲ မိုးရွာ တော့  လုံးဝ ကို မလာ တော့ ပါ လေ၊ အမာအေး ယူလာသော နက်ဖြန် ဝေငှ
မည့်  လက်ကမ်း စာစောင် မူရင်းကို စောစံသင်ကဲ က ကရင် သံ ဝဲဝဲ ဖြင့်  ဖတ်ပြ နေသော်လည်း သွပ်မိုး
ပေါ် တဗြုန်းဗြုန်း ကျ နေသော မိုး သံ တို့  ကြောင့်  မကြား တစ်ချက်၊ ကြားတစ်ချက် ဗလုံးဗထွေး ဖြစ် နေ
ပါသည်။ မသန်းရွှေ က အိမ်ပေါ်သို့  တစ်ချက် ချက် ထိုးထိုး ဝင်လာ နေသော လေ တို့ ကြောင့်  မီဇာခွက် ကို
မီး မညိမ်း သွား စေရန် စာအုပ်ဖြင့်  ကာ ပေး နေ ပါသည်။ အဖေ က တော့  ပက်လက် ကုလား ထိုင် ပေါ်
ဝယ် “ ဂျိုးသိန်း” ဆေး ပေါ့ လိပ် ဖြင့်  ပါးစောင်ခဲ ၍ စံသင်ကဲ ဖတ်ပြ နေသော လက်ကမ်းစာ များ ကို
ဖတ်ရင်း အတွေး နယ်ချဲ့  နေဟန် တူပါသည်။ ဆေးလိပ် မီးခိုး တို့  အကွင်းလိုက် တစ်ထပ်ချင်း မှုတ်ထုပ်
နေတော့ သည်။ ဒါက အဖေ့  စတိုင် ပါ ။ အမေ က တော့  နောက်ဖေး မှာ ရေစိုမီးသွေး ကို မီး တက်လာအောင်
မီးပြောင်း ဖြင့်  တဖူးဖူး မှုတ် နေ ရရှာ ပါသည်။

ကျွန်တော်က ဆွေးမြေ့  ပေါက်ပြဲ နေသော သွပ်မိုး ပေါက် တို့  မှ ၊ တစ်စက်စက် ကျ နေသော မိုးစက် တို့ ကို
ရှိသမျှသော ခွက် တို့  နှင့်  လိုက်ခံ နေ ရပါသည်။

ထိုစဉ် ... အိမ်ရှေ့  ဖိနပ်စင် တွင် အသာ မှိန်း နေသော ကျောနက်ကြီးက ရုတ်တရက် ခေါင်းထောင်လာပြီး
တအု..အု ၊ တအိအိ.. ဖြစ်လာ ပါသည်။ သူ့  အမြီး ပါ ထောင်လာ၍ တနှံ့ နှံ့ ဖြစ် လာပါ တော့ သည်။

ကျွန်တော် သိ လိုက်ပါပြီ ။
သူ့  ဘော်ဒါ “ စုတ်ချွန်းလေး” အိမ် အဝ ရောက် နေပြီ လေ။
မှောင်နေ သောကြောင့်  သူ ဓါတ်မီး ယူ လာပါသည်။
ကျွန်တော်လည်း ထီး တစ်ချောင်း ယူ ပြီး ကပျာပဲ ခြံတံခါး သွားဖွင့်  လိုက်မိသည်။
“ ဟင်..” အံ့ သြ သွားမိပါသည်။
“စုတ်ချွန်း” သည် တခါ ညီလို့ ပါလား သနပ်ခါး လိမ်းတာ ၊
“ ဒါကြောင့်  ဒီနေ့ မိုးရွာ တာကိုး..” ဟု သူ့ ကို ပြောဖြစ်ပါသည်။
“ ယူ ပါ ... အမြန်..” ဟု ပြောပြီး သူ့  လက်ထဲ မနိုင်မနင်း ကိုင်ထားသော ခေါက်ဆွဲ ထုပ် များ ကို လှန်းပေး
လေတော့ သည်။ “ အဖေ့ ကို မနက် ထဲက မှာ လိုက်တာလေ .. ကျွန်တော် ဒီနေ့  ဆယ့် ခြောက်နှစ် ပြည့် ပြီ”
ဟု သူ ပြော လာပါသည်။

အော်... အချေအနေတွေ မပြောင်းလဲ သေး ပေမဲ့  လောလော ဆယ်ပြောင်းလဲ လာ သော“ စုတ်ချွန်း ” လေး၏
အချေအနေ ပါလား .. ဟု ကျွန်တော့်  ရင်ထဲ ရေရွတ် လိုက် မိပါတော့ သည်။

.......................................................................................................................................

( ပြန်လာရင် ထပ်ဆက်ပါအုံးမည် )

9 comments:

Anonymous said...

အဖြူလေး ရေ

တဖြေးဖြေး နဲ့ တအား စိတ်ဝင်စားဘို့ ပိုကောင်းလာပြီ ပြန်လာရင် မြန်မြန်လေး ဆက်ရေးနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အနော် said...

ဆက်ရန်ကို စောင့်နေမယ် အကိုရေ
မြန်မြန်ပြန်လာပါ.. :)
တစ်ပင်ထဲ ရင်ထဲက နွယ်.. ရစ်ပတ်နှောင်တွယ် ..

sosegado said...

စိတ်ဝင်စားမိတာက “ စုတ်ချွန်း ကိုပဲ၊ ဆက်စောင့်ရဦးမှာပေါ့၊ ဒါပေမဲ့ ၁၉၈၈၊ ၁၉၉၈၊ တောင်ဒဂုံ စက်မူ့ဇုံသိပ်မရျှင်းဘူး၊

ချော(အစိမ်းရောင်လွင်ပြင်) said...

သိချင်လာပြီ
နွယ်တစ်ပင်က နောက်ဆုံး ဘယ်သူဖြစ်သွားပါလိမ့်..
ကိုကျော့် မဟေသီလေးလား
မြန်မြန်ရေးပါဗျို့
ခရီးက ပြန်လာတယ်ဆို..
ဘယ်တွေများ ထွက်နေတာတုန်း ..ကျွန်ကလေးကျဉ်းကျဉ်းလေးကို ဘယ်တွေ ပတ်နေရတာပါလိမ့်

ခိုင်နုငယ် said...

ကိုရီးယားဇာတ်လမ်းတွဲကြည့်နေရသလိုပါပဲလား။
ခရီးက..ပြန်လာ..ပြန်ထွက်
ဘယ်တွေများထွက်နေရတာတုန်း။
ကဲ...စောင့်မျှော်ဖတ်ပါအုံးမည်။

thawzin said...

ဇတ်အရှိန်တော့ တော်တော် ကောင်းနေပြီး။ ခေတ်နဲ့ညီအောင်ဆိုပြီး နိုင်ငံရေးလေးက ဆိုသေးဗျာ။ ရသ စုံပါအစ်ကိုရေ။
အားပေးလျှက်ဗျာ

ခြေလှမ်းသစ် said...

စိတ်ထဲမှာ ၈၈ မှာ တိုက်ပွဲဝင်နေသလိုပဲ ခံစားနေရတယ် ဇတ်အရှိန်က အရမ်းမြင့်နပြီဗျာ ... အာဇာနည်ကုန်းမှာ အလေးသွားပြုနေတာလား .... အမြန်ဆက်ပါဦး

ကိုအောင် said...

အပိုင်း (၃)ကို ဖတ်သွားပါတယ်၊ အပိုင်း (၄)
ကို မျှော်လျက် ... ။

မြတ်မွန် said...

ကိုကျော်..ပြန်မလာသေးဘူးလား..