Thursday, July 29, 2010

မျှော် လေ တိုင်း.....

ရင်ထဲက နွယ်( ၃ ) ကို ရေး နေစဉ်မှာပဲ အလုပ်တာဝန် အရ နယ်ခရီးကို ထွက်ခဲ့ ရတော့ သည်။
“ ထိုင်ပေ ” မှ ကောက်စုကုန်းလု ဟု ခေါ်သော ခြောက်လမ်းသွား အမြန်လမ်းမကြီး အတိုင်း ကီလိုမီတာ ၁၂၀
နှုန်း ဖြင့်  အချိန် နှစ်နာရီခွဲ ခန့်  ကားမောင်းချိန်ဖြင့်  ရောက်နိုင်သော “ ထိုင်ကျုန်း” မြို့  သို့  သွားခဲ့ ရခြင်း ဖြစ်
သည်။ ထိုင်ဝမ် နိုင်ငံ ၏ တတိယမြို့  တော် လည်းဖြစ်ပါသည်။ ကျွန်းမ ကြီး၏ သုံးချိုး တစ်ချိုး ခရီး လဲ ဖြစ်သည်။

တိုးတက်ပြီးသော နိုင်ငံ ဆိုတော့ လည်း မြို့ တော် အဆင့်  တွေ ဘယ်လိုပဲ ခွဲခြားနေပေမဲ့  မကွဲပြားနေသော
လမ်းပန်းဆက်သွယ်ရေးနှင့်  မြို့ ပြ ဖွံ့  ဖြိုးမှု တွေ ကို တမေ့ တမော ပဲ ငေးမော ကြည့် ခဲ့ မိ ရပါသည်။ မော့ ကြည့် 
မိ၍ ခေါင်းပေါင်းစ တောင် ပြုတ်ကျ သွားနိုင်လောက်အောင် အထပ်မြင့် အဆောက်အဦများ အလှချင်း ပြိုင်ပြီး
နေရာ အနှံ့  တိုင်းတွင် ထိုးထိုး၊ထောင်ထောင် ဖြင့်  ဆောက်လုပ် နေကြ သည့်  လုပ်ငန်းခွင် များကိုလည်း
ရင်သတ်ရှု့  မော တွေ့  မြင်ခဲ့  ရပြန်ပါသည်။

သည်မြင်ကွင်း များကို မြင်ရတော့  အမိမြန်မာပြည်၏ နောက်မှ ပေါ်လာသော နောက်ပေါ် နေပြည်တော် နှင့် 
မူလ မဟာရန်ကုန်မြို့ ကြီး၏ အကြီးအကျယ် ကွာခြား ချက်တွေကို ပြန်သတိ ရလာမိခဲ့ သည်။ ရှိစုမဲ့ စု အင်အား
လေးတွေ နှင့် ပဲ ဖွံ့ ဖြိုး လာဘို့  အရှိန်ယူကာစ ရှိသေး ၊ နောက်ထပ် မြို့  တော် ကြီးတစ်ခု ကို ထပ်မံ အခြေချ ဘို့ 
ဒရောသောပါး ဖြင့်  ရုတ်တရက် ထ လုပ်လိုက်တော့  ခါးဆက်တွေ ပြတ်ကုန်ပြီး ၊ ဦး နင်း ပဲ့ ထောင် ၊ ပဲ့  နင်း
ဦးထောင် ဖြစ်နေရသော ၊ “ ဖင် မနိုင် ပဲ ၊ ပဲ ကြီးဟင်း သောက် လိုက်မိသော ” သူ လို ဖြစ်နေရသည့်  ကမောက်
ကမ မြင်ကွင်း တွေ က ထင်ထင်ရှားရှား ပဲ ပေါ်လွင် နေပါတော့ သည်။

မှောင် ထဲ မှာပဲ ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေရပြီး ၊ နေ့ စဉ်ပဲ “ ရေ ” စောင့်  ခံ နေ ရသေး သော မဟာ
ရန်ကုန်မြို့  ကြီးက ကျွန်တော်တို့  လူထု ကြီးကို မြင်ယောင် နေမိပြန်ပါသည်။ သည်မှာ တော့  ဘယ်မြို့  ဘယ်
နေရာ ရောက်ရောက်၊ ရောက်လေရာ ဘူတာရုံတွေ၊ ကားမှတ်တိုင်တွေမှာ လူတွေ အားလုံးက အေးအေးဆေး
ဆေး လေး ပဲ အလှ မပျက်ပဲ ၊ တန်း စီ လို့ ၊ ရွှေပြည်တော်တွင်တော့  မနက် လေးနာရီ ထဲက ဘူတာရုံ ကို
လက်မှတ် သွားတန်းစီ ရပေမဲ့  ရောင်းချိန် မနက် ကိုးနာရီ လဲ ရောက်ရော လက်မှတ် က ဆယ့် လေးငါးစောင်
ပဲ ရောင်းရသေး တယ် ကုန်ပြီ တဲ့ ။ အိပ် ချင်ပြေ လေးတောင် ဖြောင့် အောင် မသန်း နိုင်ခဲ့ ရတဲ့  ဘဝ တွေ ပါ။

ဘတ်(စ) ကားတွေ ကိုလည်း ကြည့် ပါလေ။
မှတ်တိုင်မှာ “ မဲ ” နေ သော လူ အုပ်ကြီး ၊ မျှော်တလင့် လင့် နှင့်  ချစ်သူ ရည်းစား ကို လှန်းမျှော်နေရသလို မျိုး
ပလက်ဖောင်း ပေါ် ကနေ လမ်းမတွေ ပေါ်ကိုတောင် လျှံ ကြ လာ နေတာ နောက်လူတွေ တိုးလို့ ၊ ရပ်စရာ ကို
မရှိတော့ လို့  ၊ တစ်ချို့  ဈေးသည် တွေက လည်း မနက် ကျီးမနိုးခင် ကတဲက သည် ပလက်ဖောင်း တွေပေါ်မှာ
ခန်းခန်းနားနား တည်ခင်း နေ ကြ တော့  ကာ ... ၊
ဘတ်(စ)ကား တို့  လာ ပြန်တော့ လည်း အဲ့ ဒီ လူအုပ်ကြီးရှေ့  မရပ်ရဲတော့ ပဲ ဟိုး ဝါး နှစ်ပြန်သုံးပြန် ကျော်လဲ
ရပ် ရော ပရိတ်သတ်ကြီးခင်မျာ အလှ ပျက်စွာ ပဲ ပြေးလိုက်ရပြန် သည်ပေါ့  ဗျာ ။ မိန်းခလေး များကလည်း
သည် တိုင်းပြည်တွေ မှာ လို ယောက်ျား တွေ နှင့်  ရင်ပေါင်း တန်း လျက် ၊ မနွဲ့  နိုင် မရှက် နိုင် ကျားကျား
ယားယား ပြေးလိုက်ရရှာ ပြန်ပါသည်။
အမွှေးနံ့ သာ သနပ်ခါး တို့  ၊ ခေါက်ရိုး မကျိုး ခဲ့ သည့်  မီးပူ ရာ တို့ က သည် ဘတ်(စ)ကား တွေ ပေါ်မှာ၊ ကား
မှတ်တိုင် တွေ မှာ ပဲ ချွေးစေး တို့  ဖြင့်  အဆုံးသတ် နိဂုန်း ချုပ် ခဲ့  ရပါ တော့ သည်။

“ ထိုင်ကျုံး ”မှာ ရှိနေစဉ် ည တိုင်းပဲ သတင်းကို တခုတ်တရ စောင့်  ကြည့်  နေဖြစ်ခဲ့ ပါသည်။
နွေရာသီ ဆိုပေမဲ့  မိုးက မကုန်ချင်၊ အရှိန် မသေ ချင်သေး ပဲ ဆက်တိုက် ရွာ နေ ခဲ့ တော့  မိုးလေ ဝသ သတင်း
တွေ ပဲ စောင့်  ကြည့်  နေခဲ့ မိသည်။

မိုး တွေသာ ရွာနေ ပေမဲ့  ပူ နေလွန်းတော့ လည်း သူ တို့  လိုပဲ ကျွန်း ကြီး နား ဝဲ ဝဲ နေသည့်  “ ထိုင်ဖုန်း ” ကို
မသိ စိတ် က မျှော်နေမိ ပေမဲ့  မုန်တိုင်း ဝင် သွားတိုင်းလည်း အပျက်အစီး တို့  ရှိ စမြဲ မို့  နဲနဲ တော့  စိုးရိမ် မိ ပါ
သည်။

နဲနဲ ပဲ စိုးရိမ် မိ ပါသည် လို့  ပြောမိ တာက လည်း အများကြီး စိုးရိမ် စရာ မလို သည့်  လူထု အစိုးရရှိနေ လို့ သာ
ပါပဲ။ သည်မှာ အရေးပေါ် ဘေးဒုက္ခ တွေ ပေါ်လာတိုင်း လူထုက အသဲကြားက မဲ တစ်ပြား ဖြင့်  ရွေးချယ် ထား
သော လူထု ခေါင်းဆောင် တွေမို့  ဒုက္ခ သည် တိုင်း ကို အချိန်နှင့်  တပြေးညီ ပဲ နွေးနွေးထွေးထွေး စောင့် ရှောက်
မှု တွေ ပေး နေတာကို တွေ့  ရသောကြောင့်  ဖြစ်ပါသည်။

နေစရာ အိုးအိမ်တွေ ကို ပြင်ဆင်ပေးရုံမျှမက စားဝတ်နေရေး လောလော ဆယ်ဖြေရှင်းလို့  ရအောင် လုံလောက်
သည့်  ငွေ ရေး ကြေးရေး အကူ အညီ တွေ ကိုပါ မိသားစု တိုင်း ကို ထုပ်ပေး နေခဲ့ ပါသည်။

သည်တိုင်းပြည်မှာတော့  ရာသီဥတု ဆိုးရွားချိန်၊ ဘေးအန္တရာယ်တွေ ကျရောက်နေချိန် တိုင်းမှာ နိုင်ငံတော်
သမ္မတ က အစ ခေါင်းဆောင်တွေ အားလုံး လူထု နဲ့ အတူ မိုးရေ ထဲမှာပဲ ကျောချင်းကပ် ရင်ဘောင်တန်း၍
အခက်အခဲ တွေ ကို ဖြေရှင်းနေကြတာ တွေ တွေ့ မြင်နေရပါသည်။

အမိမြန်မာပြည်တွင် ဖြစ်ပွားခဲ့ ရသော ကမ္ဘာကျော် နာဂစ် မုန်တိုင်း ကြီး ၏ ခါးသီး ဖွယ် မြင်ကွင်း တို့ နှင့်  လည်း
ပြန်နိုင်းယှဉ် လိုက်မိ ခဲ့ ပါသည်။

မိုးလေဝသ ဌာန က လည်း တိကျသော သတင်းများကို အမြဲပဲ ထုတ်ပြန်ပေး နေပါသည်။
နဲနဲ လေး လွဲမှား ရုံ မျှဖြင့်  ကိုယ့် ကိုယ် ကို တာဝန်ယူ ပြီး နှုတ် ထွက်သွားခဲ့  သည့်  သာဓက များလည်း ရှိခဲ့ ပါ
သည်။ သည်လို အဆင့်  တွေ တင်လား ဆိုတော့  မဟုတ်ပါလေ၊ ဝန်ကြီး ဌာန တိုင်းနှင့်  နိုင်ငံတော် သမ္မတ
အထိ ပင် ဖြစ်ပါသည်။

သည်မှာက အာဏာ က လူတစ်ဦးချင်းစီ ရဲ့  လက်ထဲမှာ၊ လူထု ရဲ့  လက်ထဲမှာ လို့  ကျွန်တော်ထင်ပါသည်။
နိုင်ငံတော် သမ္မတ သည် ပင်လျင် လူထု ရဲ့  ပြည်သူ ရဲ့  ဝန်ထမ်း ဖြစ်နေသည် ဟု ကျွန်တော် မြင်မိပါသည်။

ကား ကြော်ညာ လေး တစ်ခု ကိုလည်း တွေ့  လိုက်ရပြန်ပါသည်။
ဂျာမဏီ မှ တီထွင် ထုပ်လုပ်လိုက်သော နောက်ဆုံးပေါ် ကား တဲ့  ။
ထိုင်ဝမ် မှာ တင်ရောင်းနေတာ ဖြစ်ပါသည်။ ထိုင်ပိ ငွေ သိန်းပေါင်း ထောင့် ငါးရာ ဟု သိရသည်။
လေးစက္ကန့်  အတွင်းမှာပဲ ကီလိုမီတာ တစ်ရာ့ နှစ်ဆယ် ကို ဆွဲတင် လိုက်နိုင်သော ဘက်တ္ထရီ ဖြင့်  မောင်း
သည့်  ကား ပါ ။

ခေတ်ကြီး ကို ပြောင်းနိုင် ပါတော့ မည်။
တစ်ချိန် က ပုံပြင်များ က ဒီ အချိန်မှာ အကြိမ်ကြိမ် ပေါ် လာ နေ ခဲ့ ပါပြီ။

ရွှေပြည်ကြီး၏ တစ်ချိန်က သူတို့  အာဏာစက်ဖြင့်  စိုက်ခဲ့ ရသော ကြက်ဆူဆီ စီမံကိန်းများ ကိုလည်း မှုံဝါးဝါး
မြင်ယောင်လာမိ ပါသည်။

ရွှေပြည်တော် ကြီးကို ကျွန်တော် မျှော် ကြည့် မိ ခဲ့  တာ လဲ အကြိမ်ကြိမ် ရှိခဲ့ ပါပြီ။
ဆယ်စုနှစ်များကိုလည်း အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့ ပြီးပါပြီ။
မျှော်လေ တိုင်းလည်း ........... ။

မိုး တို့ က တော့  ရွာ ကောင်း တုံးပါ ၊ လျှပ် စီး လက် လိုက်သည်ကို မှန်ပြူတင်း မှ လှန်းမြင်လိုက်ရပါသည်။

.............................................................................................................................

နွယ်( လေး ) ကို ဆက်မရေး နိုင်သေးမှီ ပြန်နားရတုံး တစ်ရက်မှာပဲ သည်ဆောင်းပါး လေး ကို အရင် ရေးခဲ့ 
မိ ပါသည်။

...............................................................................................................................

( ပြီးပါပြီ )

13 comments:

SHWE ZIN U said...

အဖြူလေးရေ

ဒီဆောင်းပါးလေး လည်း ကောင်းပါတယ် စာလုံးပေါင်း အမှား လည်း သိပ်မတွေ့ပါဘူး ဖြစ်စေချင်တဲ့ စေတနာ ကို မြင်လိုက်ပါတယ် အဖြူလေးရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နွယ်လည်း စိတ်ဝင်စားတယ်

sosegado said...

ဒီလိုပဲ တစ်နေရာကို ရောက်တိုင်း ကျင်လည်ခဲ့တဲ့နေရာတွေကို ပြန်တွေးမိတယ် တစ်ခါတစ်လေ ပြန်မြင်ယောင်မိတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအဖြူလေး
နောက်ကို ခရီးသွားရင်ဓာတ်ပုံလေးတွေ ရိုက်နိုင်ရင်ကောင်းမယ်သိလား
ခုရေးထားတာတွေလည်း စိတ်ဝင်စားစရာ ကောင်းတယ်..
ပြီးတော့ အမှန်တရားတွေဘဲ...
ကျွန်မလဲ သူများနိုင်ငံ ၊ သူများအစိုးရတွေနဲ့ နှိုင်းယှဉ်မိတိုင်း ကိုယ့်ရွှေပြည်ကြီးအတွက် အားမလို အားမရတွေ ဖြစ်ဖြစ်မိတယ်.. ကြက်ဆူ စီမံကိန်းကိုကြည့်ပြီးတော့လဲ တိုင်းပြည်ရဲ့ ငွေကြေးတွေ အလဟဿဖြစ်သွားတာကို နှမြာလို့မဆုံးဘူး...
တကယ်ဖြစ်နိုင် မဖြစ်နိုင် သေချာသုံးသပ်ပြီးမှသာ စီမံကိန်းတွေကို ချသင့်တယ်..
မဟုတ်ရင်.. ဆုံးရှုံးသွားတဲ့ ဘဏ္ဍာငွေတွေ နှမြောစရာ ကောင်းလှတယ်.. တကယ်ကို သက်ပြင်းချမိတယ်..

နန်းလေပြေနု said...

ကိုအဖြူလေးရေ....

ရွှေပြည်တော်ကတော့ မျှော်လေတိုင်း ဝေးဦးမှာပါပဲ။ တစ်ခုရှိတာက change ဆိုတဲ့ ပြောင်းလဲမှုက တစ်ဦးတစ်ယောက်တည်းနဲ့ ရယူလို့ မရနိုင်တာပါ။ တစ်ဦးတစ်ယောက်ချင်းစီက အမူအကျင့်တွေ စနစ်တွေ change မှသာ အားလုံးအတွက် change ဆိုတာက ရောက်လာမှာပါ။ ကိုယ်တစ်ယောက်တည်းနဲ့ ဘာမှမတက်နိုင်ဘူးဆိုပြီး ထိုင်ကြည့်နေရုံကတော့... မျှော်လေတိုင်း... ဝေးဦးမှာပါပဲ အစ်ကိုရေ။

ခြေလှမ်းသစ် said...

သူတို့က လုပ်ချင်ရာလုပ် ဆိုးကျိုးကို ခံလိုက်ရ တာက ပြည်သူ .... ဒီလိုပဲ ဆက်ပီး သီးခံ နေရင်တော့ ဒီတသက် စစ်ကျွန်ဘ၀ နဲ့သာ နှစ်ပါး သွားရမှာကို ရင်လေး မိပါတယ်ဗျာ ..

ကိုဇော် said...

မျှော်မိတိုင်းလည်း ဝေး. . .
မမျှော်မိတိုင်းလည်း ဆွေး. . .
အော်မိတိုင်းလည်း ဂျေး. . .
မအော်မိတိုင်းလည်း ပေး...
ဒီလိုနဲ့ပဲ ဘဝတွေက လေးတယ်ဗျာ။

ကိုဇော် said...

မျှော်မိတိုင်းလည်း ဝေး. . .
မမျှော်မိတိုင်းလည်း ဆွေး. . .
အော်မိတိုင်းလည်း ဂျေး. . .
မအော်မိတိုင်းလည်း ပေး...
ဒီလိုနဲ့ပဲ ဘဝတွေက လေးတယ်ဗျာ။

~ဏီလင်းညို~ said...

အဖြူလေးရေ့.......

စာလည်းဖတ်ပြီးရော.......
သက်လတ်ရော....၊ သက်မရော.....၊ သက်ပြင်းရော စုပြုံချမိသွားတယ်.........။
ဒီလိုနဲ့ပါပဲဗျာ............

ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို

သဒ္ဓါလှိုင်း said...

တချိန်မှာတော့မျှော်နေတဲ့အနာဂတ်ကြီးထွန်းပေါ်
လာမှာပါ..။ခုထိတော့...
နှမ်းစေ့လေးအစေ့တိုင်းက သတ္တိရှိရှိနဲ့ကြိုးစားရင်ပေါ့..

ခင်မင်စွာ
သဒ္ဓါ

အနော် said...

မျှော်လင့်သလို ဖြစ်မလာသေးပေမဲ့ မျှော်လင့်ချက်တွေကတော့ အခုအချိန်အထိ ရှင်သန်နေကြတုန်းပါပဲ အကိုရေ..

ခိုင်နုငယ် said...

ဒီရေ..ဒီလေ...ဒီမိုးအောက်
ရောက်နေသရွေ့..
လေးဖြူသီချင်းပဲဆိုသွားတော့မယ်။
မချောပြောသလိုပဲဓါတ်ပုံလေးတွေပါတင်လိုက်ရင်
ဆောင်ပါးလေးရဲ့အနှစ်သာရလေးပိုပြီးပေါ်လွင်မယ်
ထင်တယ်။
နွယ်ကိုမျှော်လျှက်ပါ။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

thawzin said...

အရေးသားလေးကတော့ ပို၍ကောင်းလာသည်ဟု အရင်ချီးမွှမ်းချင်ပါသည်။ မျှော်လေအုံးဗျာ။ မြန်မာပြည်ကြီး တိုးတက်ဖို့ ဆိုရင်တော့ မျှော်နေအုံးပေါ့ မိစာဥပေါ့ဗျာ။

ပေါ့ဆိမ့် said...

မျှော်လင့်တိုင်း ဖြစ်မလာ ဖြစ်မလာ သေးတော့လည်း ဆက်၍ မျှော် မျှော် မျှော်ပါသှ် ...