Friday, July 30, 2010

တစ်ပင် ထဲ ရင်ထဲက “ နွယ် ” ( ၄ )

ရန်ကုန်မြို့  ကြီး၏ အခြေအနေ က ဘယ်နေရာ ကိုပဲ ကြည့် ကြည့်  ရုတ်ရုတ် ရုတ်ရုတ် ဖြစ်လို့  နေပါသည်။
တရိပ်ရိပ် ကြီး မြင့်  လာနေသော ကုန်ဈေးနူန်း တို့ ကြောင့် လည်း ဘယ်လို စီးပွား ရေး ပဲ လုပ်လုပ် လုပ် တိုင်း
ပဲ မြုပ်မြုပ် နေခဲ့  ရပြီး ၊ ငွေ စက္ကူ တို့  ကို အကြိမ်ကြိမ် ရုတ်သိမ်း ထားခဲ့  သောကြောင့်  ပြည်သူ တို့ မှာတော့ 
ရေနစ်သူ ကို ဝါး နှင့်  ကူ ပြီး ထိုး လိုက် သလို ဖြစ်ခဲ့ ရ ပါသည်။ အစိုးရ ၏ အဓိက မဏ္ဏိုင် ဖြစ်နေ သော ဝန်ထမ်း
ထု တစ်ရပ် လုံး၏ လစာ ငွေ နှင့်  သုံးလို့  ကို မလောက် နိုင်တော့ သော ကျပ်တည်းမှု ကြီး ကို ဖြေရှင်းရန် မကြာ
ခဏ တိုး တိုး ပေးခဲ့  သည့်  ယာယီ ရှားပါးစရိတ် ( C L A ) တို့  သည်လည်း အနာ ရောဂါ မတိုး တော့  သည့် 
ဆေးခါး ကြီး သဖွယ် ဖြစ်လို့  လာနေပါသည်။ တိုး တော့ မယ် ကြားလိုက် အထွေထွေ သော ကုန်ဈေးနှုန်း တွေ
က “ ဝုန်း ” ကနဲ ထိုး တက် လာ လိုက် နှင့်  ရေမြင့်  လေ ကြာ တင့် လေ ဆိုသလို ပင်၊ ကြာ သဖွယ် ဖြစ်နေသော
ကုန်ဈေးနှုန်း ကို မ.ဆ.လ အစိုး ရ က ဘယ်တော့ မှ အနိုင်မယူ နိုင် ခဲ့ ပါ ။

တံခါးပိတ် ဝါဒ ကျင့်သုံးနေသော ဆိုရှယ်လစ် တစ်ပါတီ စနစ် ဖြစ်နေခဲ့ ၍လည်း ပြင်ပကမ္ဘာ နှင့်  အဆက်ပြတ်
နေပြီး အပြင်မှာ ဘာတွေ ပြောင်းလဲ နေတယ် ဆိုတာကို အတွင်းက မသိ နိုင် သလို ၊ အတွင်းမှာ ဘယ်လို
ကမောက် ကမ ဖြစ်နေတယ် ဆို တာကို အပြင်က လည်း မသိ နိုင် ၊ မမြင်နိုင် ဖြစ် နေ ရပါတော့ သည်။

အဖေ က ဂျိုးသိန်းဆေးပေါ့ လိပ် ကို ပါးစောင်တွင် ကိုက်ခဲ ထားပြီး မျက်မှောင်ကြီးကို ကျုံ့  လျက် နေရှင်နယ်
ပနယ်လ်ဆိုးနစ် ဓါတ်ခဲ ရေဒီယို လေးနှင့်  ဖမ်းနေရသော ဘီဘီစီ ည ပိုင်းအစီအစဉ် ကို ပို၍ ကြည်လင် ပြတ်သား
အောင် ကြိုးစား ပန်းစား ဖမ်းနေရှာပါသည်။

အဖေ့  ပက်လက်ကုလားထိုင်လေး ဘေး မှာ တော့  ကျွန်တော် တို့  မောင်နှမ သုံး ယောက် ရယ်၊ အမာအေးရယ်
စောစံသင်ကဲ ၊ သန်းနိုင် နှင့်  အမေ တို့  ဝိုင်းထိုင်နေကြ ပါသည်။

မျက်နှာ တစ်ခုလုံး တွင် လေးထောင့် မျက်မှန် အမဲ ကြီးသာ နေရာ အပြည့်  ယူ နေရလောက် အောင် ပိန်ချုံး
ကျ နေသော ပါးရည် တွန့်  နေ သည့်  အဖေ့  မျက်နှာ ကို မှိုင်း တို့  အလိပ် လိုက် ထိုး တက် နေသော ရေနံဆီ
မီး အိမ် အလင်းရောင် အောက်တွင် ကျွန်တော် မော့ ကြည့်  နေမိပါသည်။

ဆေးလိပ်ဖိုး ကလေး နှင့်  ဘတ်(စ)ကား လက်မှတ်ဖိုးလေးသာ ချန်ပြီး ၊ ကျန်လစာ အကုန်လုံး ကို အမေ့  လက်
ထဲ လစဉ် ထိုး အပ်ကာ ကျွန်တော် တို့ ကို ချစ်ချစ် ချုပ်ချုပ် ရှာဖွေ ကြွေးမွေး ခဲ့  သော အဖေ့  ကို ကျွန်တော်
အမြဲ ပဲ စာနာ သနား မိ ခဲ့ တာ အကြိမ်ကြိမ် ပါပဲ။

ခေတ်ကြီး တော့  သားတို့  လက် ထက်မှာ ပြောင်း တော့ မယ် အဖေရေ .. ဟု ကျွန်တော့်  ရင်ထဲ ရေရွတ် နေမိ
ပါသည်။ အမေ က ကျွန်တော် တို့  ကို ခြင် မကိုက်စေရန် ပက်လက် လှန်ထားသော မြေအိုး ဖုန်း လေးထဲ နနွင်း
တက် ကလေး ထည့် ပြီး မီးသွေး ခဲ လေး အုပ် ၍ မီးပြောင်း ဖြင့်  တဖူးဖူး မှုတ် နေ ပါတော့ သည်။

“ ကဲပါ .. အမေ ရယ် ၊ သမီး ကို ပေး သမီး တလှည့်  မှုတ် မယ်၊ မီးသွေး က ရေ စိမ် တာ လား ရေစို တာလား
မသိ ” ဟု ကျွန်တော့် အမ က ပြော ပြီး အမေ့  လက်ထဲ မှ မီး ပြောင်း ကို လှန်း ယူ လိုက်ပါသည်။ သေချာ တာက
တော့  တွက်ချေ ကိုက်အောင် ရေပက်ထား သည့်  မီးသွေး ပါဟု။ တစ်တိုင်း ပြည်လုံး နေရာ တိုင်းမှာ တွက်ချေ
မကိုက်၍ တွက်ချေ ကိုက်အောင် နေရာ တိုင်း လုပ်နေကြ တော့ သည် လေ ။

“ သားတို့ ၊ သမီး တို့ ရေ.. ဒီည ရှစ်နာရီ သတင်း မှာ ဦးနေဝင်း ပါတီ ညီလာခံ အပိတ် မိန့် ခွန်း ပြောမယ် ကြား
တယ်ကွ ” အဖေ က လှန်းပြော ပါသည်။

အပြင်မှာ တော့  မိုး မှောင် နေပြီး လေက တဖြည်းဖြည်း ဆော် သွေး စ ပြု နေ ပါသည်။
အိမ်ရှေ့  ပိတောက်ပင် ကြီးမှ သစ်ရွက်၊သစ်ခက်တို့  အချင်းချင်း ပွတ်တိုက် နေသံ ကို ပါ ကြားလာရ ပါသည်။

“ ကဲ. ကဲ .. ဦး တို့  အဒေါ် တို့ လည်း စား ကြ ပါအုံး ၊ ကိုကရင် ၊ သန်းနိုင်၊ ကိုကျော် .. လုပ်လေ..” အမာအေး က
သူ့  အိမ် မှ ယူလာသည့်  လက်ဖက်သုပ် ကို ထပ်နယ် ရင်း ပြောလာပါသည်။

ထိုစဉ် ... “ ဝေး .... ” ဟု ရပ်ကွက် တစ်ခု လုံး၏ ခလေး များ ထ အော် လိုက်သံ ကို ရုတ်တရက် ကြား လိုက် ရ
ပါသည်။

“ မီး ” ပြန် လာ တာပါပဲ။
ခလေး များ အော်သံ ကြောင့်  ကျောနက် ကြီး ပါ အလန့်  တကြား ထ ဟောင် တော့ သည်။

ကျွန်တော် တစ်စုံတယောက် ကို မသိစိတ်က မျှော်နေမိ သလို ဖြစ်လာပါသည်။ ဟုတ်ပါသည်။
“ စုတ်ချွန်း” လေး ပါပဲ ။

“ သူ .. ခလေး တွေ စာသင် နေတယ် ကြားတယ် ...” အမာအေး က ပြော ပါသည်။
မူလတန်း ခလေး များ ကို သူတို့  အိမ် ခေါ် ၍ စာသင် ပေး နေတာ ဟု သိရသည်။ ကျွန်တော် စာသင်တာ သိပ်
ဝါသနာ ပါတယ် ကိုကျော် .. ဟု “ စုတ်ချွန်း” တစ်ခါ က ပြော ခဲ့ ဘူး တာ အမှတ် ရ လာ မိပါ သည်။

ကျွန်တော်လည်း ရေနွေး အိုး သွား ယူ ရန် နောက်ဖေး ဘက် ထ ထွက် ခဲ့  ပါ သည်။

...............................................................................................................................

“တအု..အု.. တအိ..အိ .. ” နှင့်  ကျောနက် ကြီး အသံ ကို ကျွန်တော် နောက်ဖေး မှ လှန်း ကြား လိုက်မိပါသည်။
ကျွန်တော့်  ရင်ထဲ နွေး သွား သလို ခံစား လိုက်ရပါသည်။ သူ “ စုတ်ချွန်း ” လာ ပြီ မဟုတ်ပါလော..။

သည် တစ်ခါ သူ ထမီ ဝတ်လာပါသည်။
အောက် အနားအစ နှစ်ဖက်မညီပါ။
အမဲရောင် ပေါ် မှာ အဖြူ လုံး ကလေး များနှင့်  ထမီ ဆင် ဖြစ်ပါသည်။
အပေါ် ကတော့  ယောက်ျား ရှပ် အဖြူ နှင့်  ပါ ။
တို သော ဆံပင်ကို နောက်မှ လှန် ပြီး ဆံညှပ် နှင့်  ပင့် တင် ထား ပါသည်။
ထူးခြား သည်က ညို သော သူ့  မျက်နှာ ပေါ် က ညီ ... နေ အောင် လိမ်း လာ ခဲ့  သော ပါးကွက် ကြီး နှစ်ဖက် ကို
ခပ်သုတ်သုတ် ဖျက် လာ ပုံ ရ သည့်  ဟိုကျန် သည်ကျန် သနပ်ခါး စ များ ပင် ဖြစ် ပါသည်။

အား လုံး က မီးရောင် အောက်တွင် ထူးခြားနေသော သူ့  ဆီ အကြည့်  တို့  ရောက် သွား တော့  ရုတ်တရက်
“ သူ ” ရှက်ဟန် ပြ သွား ပြီး ၊ ချက်ခြင်း ပဲ ကျောနက်ကြီး ကို အစာ ချ ကြွေး နေ တော့ သည်။

“ ကျွန်တော် ခလေး တွေ ကို ဒီနေ့  စာ စ သင် တယ် ဗျို့  ..” ဟု သူ ဟန်မပြက် လှန်း ပြော လိုက်ပါသည်။
“ စုတ်ချွန်း ” က သည်လို မိန်းခလေး မျိုး ပါ လေ ..။

“ ဘာ ထူး သေးလဲ ကိုကျော်.. ” သူ က တွယ်တက် ချင်နေသော ကျောနက်ကြီး ကို အသာ နှစ်သိမ့်  နေရင်း က
ကျွန်တော့် ကို လှန်းမေး လာပါသည်။

“ အဖိုး ကြီး မိန့် ခွန်း ပြောတော့ မယ် သမီးရေ ... ” ဟု အဖေ က လှန်းပြော လိုက်ပါသည်။
“ ဟုတ် .. ဦး ... ” ဆို ပြီး ကျွန်တော် တို့  ဝိုင်းထဲ အသာ ငုံ့  ဝင် လာပြီး ကျုံ့ ကျုံ့  လေး ဝင်ထိုင်လိုက်ပါသည်။

သည် ညီလာခံ ကြီး က မြန်မာ့  ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၏ နောက်ဆုံး ပိတ်သွားသော ညီလာခံ ကြီးလဲ ဖြစ်
ခဲ့ ရပါသည်။ အမြဲတန်းပဲ စီမံကိန်း ယာထားချက်များ စာရွက်ပေါ် တွင်သာ ပြည့်  မှီ ကျော်လွန် ပိုလျှံ နေခဲ့ သော
စတ္ထုထ လေးနှစ် စီမံကိန်း ကြီးလဲ ပြီးရော တတိုင်းပြည် လုံးပဲ အခွံ ကြီး ဖြစ်ခဲ့ ရ သည့်  တစ်ပါတီ ဆိုရှယ်လစ်
အာဏာရှင်စနစ်၏ နောက်ဆုံး အစည်းအဝေး လဲ ဖြစ်ပါသည်။

ကိုဇာဂနာ ပြော ခဲ့ သလိုပဲ ဂေါင်းပေါင်းစ ၊ ဘယ်ချ ၊ ညာ ချ နဲ့  ပင် အချိန်တွေ ကုန် လွန် သွား ခဲ့  သည့်  စနစ်
ကြီးလဲ ဖြစ်ပါသည်။

ကိုဇာဂနာ ဆို၍ ကိုဇာဂနာ တို့  အဲ့ ဒီ ပြက်လုံး ကို ရန်ကင်းမြို့  တွင် စ တင် ပြက် ခဲ့ စဉ် က ကျွန်တော် နှင့် 
စုတ်ချွန်း တောင်ဒဂုံ မှ တကူး တက သွား ကြည့် ခဲ့  ကြ ပါသည်။ သူက အိမ်မှ လစ်ထွက်၍ ၊ ကျွန်တော်က
ရန်ကင်း သမဂ္ဂ မှ ခေါ် ၍ ၊ “ စုတ်ချွန်း” က ကိုဇာဂနာ့  ပရိတ်သတ် လေ ။ ရယ်စရာ ရှိ ဘာမှ မချန်ပဲ အသကုန်
အော်ရီ တတ် တာလဲ သူ့  အကျင့်  ..။

...............................................................................................................................................................
်

( ဆက် ပါအုံးမည် )

6 comments:

ကိုဇော် said...

ဆက်ပါဦး။

လို့ ခေါင်းပေါင်းစ အလယ်မှာ ချပြီး တောင်းဆိုသွားပါတယ်။

Anonymous said...

အဖြူလေး ရေ

တော်တော် မှတ်မိတာဘဲ ရွှေစင်ဦးလည်း ကိုဇော်လိုဘဲ ခေါင်းပေါင်းစ အလယ်ချ ပြီး မျှော်နေပါတယ် ဆက်ရန်ဆက်ရန် ကိုပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ရတဲ့အချိန်လေးမှာ ရေးတင်သွားပေးတာ ကျေးဇူးပါ...
စိတ်ဝင်စားစရာပါဘဲ.. အတိတ်ကအရိပ်တွေက ပျံသန်းလာနေတယ်နော်...

နန်းလေပြေနု said...

ကိအဖြူလေးရေ...

မျှော်စရာရှိတာကတော့ မျှော်ရဦးမှာပေါ့ :)

ခိုင်နုငယ် said...

စိတ်ဝင်စားစရာ..ကိုရီးယာဇာတ်လမ်းတွဲကို
စောင့်မျှော်လျှက်ပါ။



ခင်မင်စွာဖြင့်
ခိုင်နုငယ်

thawzin said...

စိတ်ပျက်စရာခေတ်ကြီးမှာ လူမှန်းမသိတော့ ဘာမှန်းမသိလိုက်မိပါဘူးဗျာ။ အခုတော့ လူလိုလဲ သိတက်မြင်တက်တော့ ဆိုးတာတော့ ဆိုးပါ့ဗျာ။ အခုလို နိုင်ငံခြားရောက်နေတော့ ကိုယ့်ပြည်နဲ့သူပြည့်ယှဉ်မကြည့်ရဲအောင်ပါပဲ။ အတော်လေး နှံခြာစုတ်ပျက်လွန်းပါတယ်။ အခုလဲ မျှော်လင့်ခြင်းဟာ မနက်ဖြန်အသက်ရှင်ဖို့ဆိုသလိုပေါ့ဗျာ။ မျှော်လင့်ကြအုံးပေါ့ဗျာ။
ခင်မင်လေးစားလျှက်ပါ။