Thursday, August 12, 2010

တစ်ပင်ထဲ ရင်ထဲက “ နွယ် ” ( ၅ )

“ ဟေ့  .... မလိုက် ချင် တဲ့ သူ မခေါ် ခဲ့ နဲ့ ကွာ... မြန်မြန် လုပ် ကြ ၊ ”
“ မိန်းခလေး တွေ ... ကိုယ့်  အိမ် ကိုယ် ပိုင်အောင် လုပ် ခဲ့ ကြ နော်....”
သန်းနိုင် က ဒေါ့ ဂျစ် ကား အမိုး ပေါ်မှ သမဂ္ဂ အလံ ကို ဖြန့်  နေရင်း အောက်ဖက် ရှိ လူအုပ် ကို လှန်း ပြောနေ
ခြင်း ဖြစ်ပါသည်။ လမ်းမကြီး ပေါ် ရပ်ထားသော ကျွန်တော်တို့  ကားကို လမ်းထဲ ရှိ အိမ်တိုင်း မှ အိမ်သား တွေ
ကြည့်  နေ ကြ ပါသည်။

အဖေ ကတော့  ရုံး မှ ပြန်မရောက်သေးပါ။
အမေ က တော့  “ ဖိုးကျော် ရယ် ... ငါတော့  နင့်  အတွက် သိပ် စိတ်ညစ် နေရ ပြီ ၊ နင့်  အဖေ ပြန် လာရင်
ငါ ဘယ်လို ပြော ရပါ့  မလဲ ...၊ နင် က ရှေ့  က ဦးဆောင်နေတော့  နင့်  ညီမ တွေ ငါ ဘယ်လိုမှ တားမရ တော့ 
ဘူး ..” အမေ က ကား ခေါင်း နား အထိ လိုက် လာပြီး ကျွန်တော့်  ကို တတွတ်တွတ် ပြောနေ ပါသည်။
လောလော ဆယ် ကျွန်တော် အမေ့  ကို ပြန်ဖြေ ဘို့  ရေ ရာ သည့်  စကား စ တို့  ရှာ မရ သေးပါ၊ အမေ့  လက်
ကို သာ အသာ ဖျစ်ညှစ် နေ မိပါတော့ သည်။

မျက်နှာချင်းဆိုင်ဘက်မှ စက်ဘီး ကို တက်သုပ်ရိုက် နင်း လာနေ သော အမာ အေး ကို ကျွန်တော် လှန်း မြင်
လိုက်ပါသည်။ သူ က ရောက်ရောက်ခြင်းပဲ စက်ဘီးကို လမ်းဘေး ကပြာ ထိုးရပ် ဒေါက် ထောက် လိုက်ပြီး
လွယ်အိပ် ထဲမှ အထုပ် ကြီး ကို ဆွဲ ထုပ် လိုက် ပါ သည်။

ကျွန်တော်တို့  သမဂ္ဂ ခေါင်းစည်း နှင့်  လက်ပတ် များ ဖြစ်ပါသည်။
ကား တစ်စီး လုံး ရှိ ကျောင်းသား အုပ်ကြီး က လက်ခုပ် ဝိုင်းတီး အော်ဟစ် ကြို ဆို ကြ ပါတော့  သည်။
ကျွန်တော့်  ရင်တွေ ဆူ လာ သလို ပါ ။

ထိုစဉ် ပါတီ ယူနစ်ဥက္ကဌ “ ဦးမြင့် ဆွေ” နှင့်  အဖွဲ့  လမ်း ထဲ မှ ထွက် လာသည် ကို တွေ့  လိုက် ရပါသည်။
တောင်းကြီး တောင်းငယ် များ ကိုယ်စီ ထမ်း လာကြ သည် ကို မြင်နေရပါသည်။ သတင်းစာ စက္ကူ ၊ ငှက်ပျောရွက်
တို့  ဖြင့်  ကျကျ နန ထုပ် ထား သည့်  ထမင်း ထုပ် များ ဖြစ်ပါတော့  သည်။

ကျွန်တော် တို့  ကား ပေါ် ရှိ ကျောင်းသား တွေ ရော၊ လမ်းထဲ ရှိ ထွက် ကြည့်  နေ သော ပရိတ်သတ် ကြီးပါ
လက်ခုတ် ဝိုင်း တီး သြဘာ ပေး လိုက် သံ တို့  က ဘဝဂ် သို့  တိုင် ညံ သွားပါတော့ သည်။

“ ငါ တို့  မနက် ကတဲက အိမ် တိုင်း လိုက်ကောက် ထား ကြ တာကွ၊ မင်း တို့  ဒီနေ့  ထွက် ကြ မယ် ဆို တာ
ငါ တို့  မနေ့  ထဲက သိပြီးသား ပါကွာ ၊ အမှန် အတွက်၊ အမှန်တရား အတွက် တိုက်ပွဲ ဝင် ကြ ရမှာပဲ..၊ ဒို့ တစ်တွေ
ရုန်းထွက်မှ ရ တော့ မယ် ၊ သား တို့ .. ဂရု တော့  စိုက်ကြ ကွာ၊ သတိ လဲ ထား ကြ ပါ ” ဦးမြင့်ဆွေ က ကျွန်တော့် ကို လှန်း၍ လက်ဆွဲ နှုတ် လာရင်း သူ မှာ ချင်တာ တွေ ကို ပြော လာ ပါသည်။

အင်း.. သူ လဲ လူ တော် ကနေ လူ ကောင်း ဖြစ် လာပြီ ပဲ .. ဟု ကျွန်တော် တွေး လိုက်မိ ပါသည်။

သည် နေ့  တော့  မိုး တိမ် တို့  ကင်းစင် နေ ပါသည်။
နေ့ လည်ခင်း နေ က ပူ တော့  မည့် ဟန် ဖြစ်ပါသည်။
ကျွန်တော်တို့  မြေ ၊ ကျွန်တော် တို့  နိုင်ငံ ကို အခု လို ပဲ တိမ် ရိပ် တိမ်သား တို့ ကင်းစင် ၍ အမြဲ တောက်ပ စွာ၊
အရိပ် မဲ ကြီး တို့ ကင်းရှင်းစွာ ဖြင့် လွတ်လပ် သော ၊ တိုးတက် သာယာ ဝ ပြော နေ သော ရွှေ ပြည် တော် ကြီး
တစ်ခု ဖြစ်စေချင် လှ ပါပြီ။

“ ဦးနေဝင်း” ၏ စတ္ထုထ အကြိမ် ပါတီ ညီလာခံ အပိတ် မိန့် ခွန်း အပြီး သိပ် မကြာခင် မှာပဲ ရန်ကုန် စက်မှု
တက္ကသိုလ် ကျောင်းသား “ ကိုဖုန်းမော် ” အရေး ဖြစ်ခဲ့  ရပါတော့ သည်။ ခေတ် အဆက်ဆက် အမြဲပဲ
ဓမ္မာ သောက ဆိုသလို အမြဲ ဆန့်ကျင် ၊ ထိပ်တိုက် ဖြစ်နေ ခဲ့ ရ သော မြန်မာ နိုင်ငံရေး သမိုင်း ၏ အဓိက
ဒေါက်တိုင် နှစ်ခု ဖြစ်သည့် ကျောင်းသား နှင့် စစ်တပ် ၏ ထိပ် တိုက် တွေ့  ခဲ့  ရသော ပွဲ လည်း ဖြစ် ခဲ့ ပါသည်။

“ လုံထိန်း ” တို့ ကျဉ်ဆံ ကြောင့်  ကျဆုံး ခဲ့ ရသော “ ကိုဖုန်းမော် ” ၏ ဈာပန ကို ရပ်ကွက် ထဲ တွင် ကနားဖျဉ်း
မထိုးရ ၊ လူစု လူဝေး မလုပ်ရ ... စသည့် အမိန့် အာဏာ တို့ ကြောင့် ကျွန်တော် တို့ ရင်ထဲ ပိုမို နာကျင် မိခဲ့ ရ
သလို အမာအေး တို့ မသန်း ရွှေ တို့ ဆို လူးလှိမ့် နေ အောင် ငို နေ ခဲ့ ရှာပါသည်။ ကျွန်တော် တို့ တော့ သူတို့
မိန်းခလေး တစ်သိုက် ကို မချော့ ဖြစ်တော့ ပါ၊ တော်လှန်ရေး တို့ မည်သည် မျက်ရည် တို့ ၊ သွေးစက် တို့
နာကြည်း အံကြိတ် မှု တို့ ဖြင့် သာ အမြဲ လိမ်းကျံ နေ တတ်သည် မဟုတ် ပါလား လို့ ။

ထိုည တုံး က အဖေ ၊ သူ့ ရေဒီယို ဧရိယာ တိုင်လေးကို အသာ ဆွဲထုပ် နေရင်း က အစိုးရ ကြေညာ နေသော
အမိန့် များ ကို မျက်မှောင် ကုတ် နား ထောင် နေပြီး “ အင်း .. ဖြစ် လိုက်တိုင်း ကျောင်းသား တွေ က တော့ 
ခံဘက် က ကြီး ပါပဲကွာ..၊ မင်း တို့  လဲ ထိမ်းထိမ်း သိမ်းသိမ်း ဖြစ်စေချင်ပါ တယ်ကွာ၊ အချေအနေ ကို အလော
သုံးဆယ် မဆုံး ဖြတ် စေချင်ပါဘူး၊ ကျော်ကျော် တို့ မင်း တို့ က အကြီး တွေ ဖြစ်ပြီး တော့ အငယ် တွေ ကို
ထိန်း ပါ... ကြားလား ....”
“ ဟုတ်ကဲ့ ပါ ..” ဟု ထို ည က အဖေ့ ကို တော့ ဖြေခဲ့ မိပါသည်။

..........................................................................................................................................

ကိုဥာဏ်ဝင်း က သူ့  ဒေါ့ဂျစ် ကား ကို စ နှိုး ပါတော့ သည်။
ကား တစ်စီးလုံး သိမ့် သိမ့် တုန် သွား တော့ သည်။ ကား ခေါင်း ပေါ် တွင် ထောင် ချဉ် ထား သည့် သမဂ္ဂ အလံ
က ပြာ လဲ့ နေသော ကောင်းကင် ထဲ သို့ တလူလူ ၊ တဖြတ်ဖြတ် လွင့် နေ ပါတော့ သည်။ ကျွန်တော် တို့ အားလုံး
လဲ ကျောင်းသား သမဂ္ဂ နဖူးစည်း၊ လက်ပတ် စည်း ကိုယ်စီ နှင့် ရှေ့ တည့်တည့် ကိုယ်စီ ကြည့် နေမိကြ ပါသည်။
နာသောရင် ၊ နွေး သော ရင် ကိုယ်စီ နှင့် ပါ။

ဦးတည်ချက် က ရန်ကုန် တက္ကသိုလ် ကိုပါပဲ။ ထိုမှ တဆင့် စက်မှု တက္ကသိုလ် ဖက် လှည့် ကြမည် ဖြစ်ပါသည်။
အချေ အနေ တွေက ရှုပ်ထွေး နေ၍ ဟို ရောက်မှ ကြည့် လုပ်ရမည့် သဘော ဖြစ်ပါသည်။ သမဂ္ဂ ခေါင်းဆောင်
တို့ နှင့် အဖွဲ့  ဝင် တို့  သည်လည်း နေ့  မြင် ည ပျောက် ဆိုသလို ဖြစ် နေကြ ၍ တစ်ယောက်ဆင်း တစ်ယောက်
တက် ကျောင်းသား တို့ လက်ချင်းဆက် သွေး ချင်း ဆက် ပြီး သမိုင်း ကို ရေး နေကြချိန် ၊ အမှန်တရား ကို “ရင်”
နှင့် ရင်း ၍ တင်ပြ နေချိန် လဲ ဖြစ်ပါသည်။

ကျွန်တော်တို့ ၏ အဓိက ဦးတည်ချက် က ရဟန်းရှင်လူ ပြည်သူ တစ်ရပ်လုံး ပါဝင်လာ ရေး ပင် ဖြစ်ပါသည်။
“ အာဏာ ဟာ သေနတ် ပြောင်းဝ မှာ ပဲ ရှိ ပါတယ် ” ဆို သည့် အဆို ကို လှန် ပစ် ရ မည့် အရေး လဲ ဖြစ် ပါသည်။

အမေ့ လက် အစုံ ကို ကျွန်တော် အသာ ဖြေလျှော့ လိုက်ပြီး ကျွန်တော့် လမ်းထဲ သို့ နောက် ဆုံး အကြိမ် အဖြစ်
တစ်ချက် လှန်း ကြည့် မိရင်း နွေး လာ သော ရင် ဖြင့် ပင် တစ်စုံ တရာ ကို မျှော် လင့် လိုက်မိ ပြန်ပါသည်။

အမအေး က ကျွန်တော့် ဘက် လှည့် ကြည့် နေ ပါသည်။
ကား ဘီး စ လှိမ့် ပါပြီ ။

ကျောနက် ကြီး ၏ တဝုတ်.. ဝုတ် ဟောင် လာသံ ကို ရပ်ကြည့် နေသော လူ အုပ် ကြီး နောက်ဖက် မှ ကြား လိုက်
ရ ပါတော့သည်။

“ စုတ်ချွန်း ” ပါ ပဲ ။
သူ က ရှေ့  က အပြေး ကျောနက်ကြီး က ဘေး က အလိုက် ပါပဲ ။
အော်... သိ လိုက်ပြီ လေ..၊ ကျွန်တော့် ဘဝ ဆို တာပါပဲ။
သူ့ ကို လက် ပြ နှုတ် ဆက် လိုက်ပေမဲ့ “ သူ ” က မရပ် သေး ပါ ၊ ခပ်လှန်းလှန်း မှ အပြေး လေး လိုက် နေသေး
သော ကြောင့် ကိုဥာဏ်ဝင်း ကို ကား ခဏ ရပ် ခိုင်း လိုက် ရ ပါသည်။

“ ကို ကျော် .... ကျွန်တော်လည်း လိုက်မယ် ..”
“ ဟင်.....”
ဒီတစ်ခါ တော့ ကျွန်တော်တို့ အား လုံး အံ့သြ သွား ရ ပါတော့ သည်။
သန်းနိုင် က ကား အမိုး ပေါ် မှ .. “ ဟဲ့ ... မိလဲ့ .. နင့် အိမ် က သိရဲ့  လား ၊ ငါ တို့  ခေါ် တာ မဟုတ် ဘူး နော် ” ဟု
သူ့ ကို လှန်း အော် လိုက် ပါ သည်။

သူ က ကျွန်တော့် ကို ပဲ တည့် တည့် ကြည့် ၍ “ အချိန် သိပ်မရဘူး ကိုကျော် ၊ ဝေါ့် အိမ် အကြောင်း လဲ ကိုကျော်
သိ တယ် ..၊ မြန်မြန်...” ဟု တည် သော မျက် နှာ နှင့် ပြန် ပြော လာ ပါသည်။ သိ လိုက် ပါသည်လေ၊ “စုတ်ချွန်း”
နောက်မဆုတ် တော့ ဘူး ဆိုတာကို ပါ ... ။

ကျွန်တော် “ သူ့  ” ကို လှန်း ၍ လက် ကမ်း လိုက်မိ ပါသည် ။
ကျွန်တော့် ကမ်း သော လက် ကို သူ ဆွဲ ပြီး ကား ပေါ် တက် လိုက်ပါသည်။
အမာအေး က သမဂ္ဂ နဖူးစည်း ကို “ သူ့  ” ကို ကမ်း လိုက် ပါသည်။
အား လုံး က လက် ခုတ် ဝိုင်း တီး လိုက် သော ကြောင့် ကြက် သီး တို့ တောင် ထ သွား သလို ဖြစ် ရ ပါသည်။
ကျောနက် ကြီး က လျှာ တစ်လစ်၊ အမြီး တရမ်းရမ်း နှင့် တဝုတ်ဝုတ် ဟောင် နေတုံး ....။
ကျွန်တော် တို့ အား လုံး ၏ အကြည့် တို့ က တော့ တံလျှပ် တို့ တရိပ်ရိပ် ထ နေ သော ကတ္တရာ လမ်းမကြီး
ဆီ ကို ပါပဲ ...။

..........................................................................................................................................


( ဆက် ပါအုံးမည် )

6 comments:

ကိုဇော် said...

စောင့်ဖတ်နေလျက်.....

Anonymous said...

အဖြူလေး ရေ

လာဖတ်တာနောက်ကြ သွားတယ် .. သိပ်ကောင်းတယ် ဒါပေမဲ့ ဖတ်ရတာ တိုလိုက်တာ.. ၆ ကို ဒီနေ့ ဆက်တင် မျှော်နေမယ်နော်

ခင်မင်တဲ့
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကို အဖြူလေး တင်တင်ချင်း လာဖတ်ပြီး ကော်မန့်ရေးသွားတာ ဘယ်ရောက်သွားလဲဟင်..
မတက်တာလား မရှိတော့တာလား.
မျက်စိတောင် လည်သွားပြီ။
ဘာဘဲဖြစ်ဖြစ် ဆက်ရန်ဆိုတော့လည်း စောင့်ရန်ဘဲပေါ့။
စိတ်ဝင်စားစရာအကြောင်းတွေမို့ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပါ့မယ်..
ရေးသာရေးပါ။

ရေနွေး said...

ကိုအဖြူလေးရေ...ရေးထားတဲ့ အေ ကြာင်းအရာတွေက အရမ်းစိတ်ဝင်းစားဖို့ကောင်းပါတယ်...။စောင့်ဖတ်နေပါတယ်နော်...။

ပေါ့ဆိမ့် said...

အားနာမိတယ် ...
ခုမှ ရောက်လို့ ၃ ၄ တင်တုန်းက လည်း ပျောက်နေလို့ ၅ မှာ ပဲ ပေါင်းမန့် သွားတော့တယ်။ ခုလည်း ၆ ကို ရေးနေတာ ပြီးလောက်ပြီး ထင်ပါတယ်...
စောင့်မျှော်လျက်

ခိုင်နုငယ် said...

ကိုအဖြူလေးရေ နောက်ကျမှရောက်တယ်။
ဆက်လက်စောင့်မျှော်ဖတ်ရူ့လျှက်ပါ။
စိတ်ဝင်စားစရာ သမိုင်းကြောင်းလေးကို
စုတ်ချွန်းနဲ့ပုံဖော်နေသလိုပဲ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်