Tuesday, August 31, 2010

တစ်ပင် ထဲ ရင်ထဲက “ နွယ် ” ( အဆုံး )

အဓိပတိ လမ်းမ ကြီးပေါ် ရောက် တော့  ရှေ့  မှ ရောက် နှင့်  နေသော ကျောင်းသား အုပ် နှင့်  ပေါင်းမိ ပြီး
အင်အား သုံးရာ လောက် ဖြစ် သွားပါသည်။ အဓိပတိ လမ်းမကြီး၏ ဘေး ဝဲ ရာ မြက်ခင်း တို့  ပေါ် တွင်တော့ 
ပြန့် ကျဲ နေ သော ဖိနပ် အရံ ပေါင်း များစွာ နှင့်  လွယ်အိပ် တွေ ကို နေရာ အနှံ့  တွေ့  နေ ရ ပါသည် ။
မနေ့  တုန်း က သည် နေရာမှာ ပဲ ကျောင်းသား နှင့်  လုံထိန်း တို့  အထိကရုဏ်း ဖြစ်ခဲ့  ကြပြီးသည့်  လက္ခဏာ
ဖြစ်ပါသည်။

ကျွန်တော်တို့  အားလုံး ကတော့  ခွပ်ဒေါင်း အလံ ကိုယ်စီ ၊ ခေါင်းစည်း ကိုယ်စီ နှင့်  ရဲ ပတောင်းခတ် လို့  နေပါ
တော့ သည်။

ကိုဖုန်းမော် ဇာပန ကိစ္စ ၊ လုံထိန်း တို့  ရိုက်နှက် ဆွဲ ခေါ် သွားသည့်  ကျောင်းသူ၊ ကျောင်းသား ကိစ္စ တို့ ကို
တစ်ယာက် တစ်ပေါက် ဖြင့်  ထင်မြင် ယူဆ ခံစား ချက်များ ဖလှယ်မိ နေကြ ပါသည်။ လှည်းတန်း အဝိုင်း တွင်
စစ်ကား များ တန်းစီ ရပ် နေ ပြီ ဟု လည်း သိ လာရပါသည်။

အမာအေး ၊ မသန်းရွှေ ၊ စုတ်ချွန်း တို့  မိန်းခလေး အဖွဲ က အဆောင်သူ အဖွဲ့  နှင့်  ရောနှော သွား ပါသည်။
“ ကျွန်တော် တို့  က ဆူ ဘို့  မဟုတ်ပါဘူး ၊ ကျွန်တော် တို့  ရဲ့  ဆန္ဒ သဘော ထား လေး တွေ ၊ အမှန် တရား
တွေ ကို ငြိမ်းငြိမ်း ချမ်းချမ်း နဲ့  ပြည်သူ လူထု ကိုယ်စား တင်ပြ ဘို့ ပါပဲ ... ” တစ်ဖက် အဖွဲ့  မှ ခေါင်းဆောင်
ကိုသူရ က ကျွန်တော့် ကို ပြော လာ ပါသည်။

ကျွန်တော်လည်း ဟိုး အဝေး ရှိ ဘွဲ့  နှင်းသဘင် ခန်းမ ကြီး နှင့်  သစ် ပုတ် ပင်အို ကြီးကို ငေး ကြည့်  နေမိရင်း
သူ ပြော လာ တာ ကို ခေါင်းညိမ့်  ထောက်ခံ လိုက်မိပါသည်။

ကျွန်တော် တို့  အုပ်စု နှင့်  မျက်ဆောင်းထိုး မြေ ကွက်လပ် တွင်တော့  ဟိုတစ်ချိန် တုံး က ကျောင်းသား
တို့  သွေးမြေ ကျ ခဲ့ ရသည့် ဦးသန့်  ၏ အုပ်ဂူ ဟောင်း က ကွင်းလည်ခေါင်တွင် ထီးထီး ကြီး ပါ ။

ထိုစဉ် ပဲ အင်းဝ ဆောင်ဘက်မှ လုံထိန်း ကား တစ်စီး နှင့်  အချုပ်ကား ပြာ ကြီး တစ်စီး ရုတ်တရက် ထိုးထွက်
လာပါတော့ သည်။

ပြန့် ကျဲ နေသော ကျွန်တော်တို့  ကျောင်းသား အုပ်ကြီးက ချက်ခြင်း သမဂ္ဂ အလံ တွေ အောက်မှာ စုစု
စည်းစည်း ပြန်ပေါင်း သွားမိကြ ပါသည်။

လုံထိန်း တို့ က အတန်း လိုက် ပဲ ကျွန်တော်တို့  ကျောင်းသား အုပ်နှင့်  မျက်နှာချင်းဆိုင် ချဉ်းကပ် လာ ကြ ပါပြီ။

ခပ်လှန်းလှန်း ရောက်တော့  သူ တို့ ထဲ မှ ဗိုလ် ဖြစ်သူ က “ ကဲ ... အား လုံးပဲ အေး အေး ဆေးဆေး လူစု ခွဲ ပြီး
ပြန်ကြ မလား ..၊ ဒါမှ မဟုတ် ဥပဒေ အရ အရေးယူ တာကို ပဲ ခံ ကြ မလား ... ” ဟု လှန်းပြော လာပါသည်။

“ ဖမ်းဆီး ထားတဲ့ ကျောင်းသား တွေ ပြန်လွှတ်ပေး ဘို့  နဲ့  ကိုဖုန်းမော် ဈာပန ကို လိုက်ပါ ပို့ ဆောင်ခွင့်  ပေး
ဘို့  ကို အရင်ဆုံး တင်ပြ တောင်း ဆို ပါရစေ ခင်ဗျား... ” ကျွန်တော်က ပြန်လည် ဖြေကြား လိုက်မိပါသည်။

“ မင်း တို့ မှာ ဘာမှ တင်ပြ တောင်းဆိုပိုင်ခွင့် မရှိပါဘူး ၊ ငါ တို့ က တာဝန်အရ ဆောင်ရွက်ဘို့ ပဲ ရှိပါတယ်၊
လူစု လူုဝေး နဲ့  ဆူပူ လှုပ်ရှားခွင့်  မရှိပါဘူး ၊ ထပ်ပြောမယ် နောက်ဆုပ် လူစု ခွဲပါ .” စစ်ဗိုလ် လုပ်သူ က ပြန်
ပြော လာပါသည်။

ထိုစဉ် ဝန်ထမ်း လိုင်း ၊ ရန်ကုန် တက္ကသိုလ် ဆေးရုံ မှ ဝန်ထမ်း တွေ မိသားစု တွေ ၊ ဆရာ ဆောင်တွေ မှ
ကျောင်းဆရာ ဆရာမ တွေ နှင့်  တက္ကသိုလ် ရိပ်သာ လမ်း ပေါ် မှ လူ တွေ ပါ တဖွဲဖွဲ ဝင်ရောက်လာ နေ ကြ ပါ
သည်။

“ ကျွန်မ တို့ က ဆူပူ နေတဲ့ သူတွေ မဟုတ်ပါဘူး ၊ ပြည်သူ တွေ ကျောင်းသား တွေ အတွက် ငြိမ်းငြိမ်းချမ်းချမ်း
တင်ပြ တောင်းဆို နေတာပါ ၊ ရှင် တို့ မှာလဲ သားသမီး တွေ ရှိကြ မှာပါပဲ ..” ကျွန်တော့်  နောက်မှ အသံ ..
“ စုတ်ချွန်း ” ပါ ပဲ ။ သူ့ မျက်နှာ က တည်နေပြီး အသံ က ညိမ် နေပါသည်။

ခပ်လှန်းလှန်း ရှိ လူအုပ်ထဲမှ “ သား တို့  သမီး တို့  ရေ ... ပြန်လှည့်  ကြ ပါ တော့  လား ကွယ် ..” ဟု အမျိုးသမီး
တို့  အသံ ကို ကြား နေ ရ ပါသည် ။

လုံထိန်း တစ်ချို့  က လူထု ကြီးကို စ တင် ခွဲ ထုပ် နေ ပါတော့ သည်။

“ ကဲ ... အား လုံး နားထောင် လူစု ခွဲ မလား ၊ နောက်ပြန်လှည့် မလား ..... ” စစ်ဗိုလ် က ပြောပြော ဆိုဆို
ဝီစီ လေး ကို ပါးစပ် တွင် တေ့  ထား လိုက် ပါ တော့ သည် ။

ကိုသူရ က “ အာဏာ ရှင်စနစ် ကျဆုံးရေး ....” ဟု စ တိုင် ပါတော့ သည်။
အားလုံး က “ ဒို့  အရေး.. ဒို့  အရေး ” သံကုန် ဟစ် ၍ တညီထဲ အော် ကြ တော့ သည်။
ဗိုလ် လုပ်သူ က ဝီစီ တစ်ချက် မှုတ် လိုက်သည်နှင့်  လုံထိန်း နှစ်ယောက် က ပြေးဝင်လာပြီး ကိုသူရ ကို
ဝင်ဆွဲ ပြီး ရိုက်လေတော့ သည်။ ဘေး မှ ကိုသူရ ကို ပြန်ဖက်ပြီး ဆွဲ ထား သူ တွေ ကို လည်း ရိုက် ပါ တော့ သည်။
ကျောင်းသူ ကျောင်းသား တို့  က လက်ကလေး တွေ ကာ နေရုံ မှ တပါး အခြား မရှိ ပြီ ။

လုံထိန်း နှစ်ယောက် က ကိုသူရကို ရိုက်နှက်ပြီး သူ ၏ ပုခုံး နှင့်  ခြေ နှစ်ဖက်တို့  မှ ဒရွတ်တိုက် ဆွဲ ထုတ် သွား
၍ ကား ပြာ ကြီး ပေါ် ပစ် တင် လိုက်ကြ ပါတော့ သည် ။

ဦးခေါင်း ထက်မှ ဖျာ ကျ နေသော သွေး သံ တို့  တရဲရဲ ဖြင့်  ပင် ကိုသူရ က ကားပေါ် မှ ထပ်၍ “ အရေးတော်
ပုံ ..... ” ဟု ထ တိုင် ပြန်ပါတော့ သည်။
အားလုံးက ပြိုင်တူ ပင် “ အောင်ရမည် ..... ” ဟု ပြန် အော် ကြ ပါတော့ သည်။

ထို အခါ ကား ပေါ် ကျန်ရှိနေသေး သော လုံထိန်း တို့ မှ ကိုသူရ ကို ကား ကြမ်းပြင်ပေါ် ဆွဲ မှောက်လိုက်ပြီး
တက် နင်း ထား ကြ ပါတော့ သည်။ ကိုသူရ အသံ မထွက်တော့ ပါ။

ကျွန်တော် သမဂ္ဂ အလံ ကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် လိုက်ပြီး ဒူးထောက် ထိုင်ချ လိုက် ပါတော့ သည်။

ထိုစဉ်ပဲ စစ်ဗိုလ် ၏ ဒုတိယ ဝီစီ မှုတ်သံ ထွက်လာပါတော့ သည် ။

ကျွန်တော်တို့  တစ်ဖွဲ့  လုံး ဒူး ထောက် ထိုင် နေ ချိန် တွင် ပဲ လုံထိန်း တပ်ဖွဲ့  ဝင် တို့  နံပါတ်ဒုတ် တဝင့် ဝင့်  ဖြင့် 
ကျွန်တော် တို့  ဆီ သို့  တိုးဝင် လာ နေတာ ကို မြင် နေရ ပါတော့ သည်။

ကျွန်တော့် အာရုံ ထဲ တွင် ဟိုး နယ်ချဲ့ ခေတ် ဆီ က ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျော်မှ အစ ခေတ်
အဆက်ဆက် အာဏာ ရှင်စနစ် တိုင်း ကို အံတု ယှဉ် ပြိုင်ခဲ့  ကြ သော နောင်တော့် နောင်တော် ကျောင်းသား
ကြီး များ ကို အာရုံ ပြု လိုက်မိပါသည်။

ပထမဆုံး စစ်ဖိနပ် တစ်ဖက် က ကျွန်တော့် ရင်ဝ ကို ဘုန်း ကနဲ ဝင်လာ ပါတော့ သည်။
ရင်ဝ အောင့်  သလို ဖြစ် သွားပြီး နောက် ကို ယိုင် သွား သလို ဖြစ် သွား ပေမဲ့  သမဂ္ဂ အလံ ကို တော့  အလဲ
မခံ မိ ခဲ့ ပါ။ သည် ခွတ်ဒေါင်း အလံက ခေတ်အဆက်ဆက် မတရားမှု ဖိနှိပ် ချုပ်ချယ်မှု မှန်သမျှ ကို ခေါင်းငုံ့ 
မခံ ပဲ အမြဲ တွန်းလှန် ခဲ့ သည့်  အလံ မို့  ကျွန်တော်တို့  လက်တွင် မှ မြေခ လဲ ပြို စရာ အကြောင်းမရှိ ပြီ။

ဘေး မှ သန်းနိုင် က ကုန်းပြီး အလံ ကို လှန်းထူ ပေး ရာ လုံထိန်း တစ်ယောက်က သူ့ ခေါင်း ကို လှန်းရိုက်
လိုက်သည့် အသံ “ ဘုတ် ” ကနဲ ကြား လိုက် ရ ပါသည်။ သန်း နိုင် က လက် ကလေး နှင့်  သူ့ ခေါင်း ပေါ် တင်
ကာ လိုက်ရာ ၊ လုံထိန်း ၏ နောက်ထပ် သော ရိုက်ချက် များ က တဖုန်းဖုန်း ဖြင့်  အဆက်မပြတ် ဝင်ရောက်
လာရင်း ကျွန်တော့်  ပေါင်ခွင် ပေါ် ကို သန်းနိုင် ကိုယ် က ပျော့ ခွေ ကျ လာပါတော့ သည် ။

“ မ ... မ လုပ် ကြ ပါနဲ့ တော့ ရှင်... ” ဟု အမာအေး က ပါ သန်း နိုင် ကို ကာ ပေး မည် လုပ် တော့  အမာအေး
၏ ရှည်လျား သော ကျစ်ဆံမီး ကျစ် ထား သည့်  သူ့  ဆံ စ များ ကို ကျန်လုံ ထိန်း တို့ က အတင်း ဆွဲ ထုပ် ပါ
လေ တော့ သည်။

ကျွန်တော့်  နောက်ဖက် ဝန်းကျင်ရှိ ကျွန်တော့်  ညီအကို မောင်နှမ များ သည်လမ်း လမ်းမ ပေါ် လုံထိန်း တို့ ၏
ဒုတ်ချက် တွေ အောက်မှာ အလူးလူး အလိမ့်  လိမ့်  ဖြစ်နေကြ ပါ တော့ သည်။

စောစော က လူစု အခွဲ ခံ နေ ရ သော လူထု ကြီး လဲ ရုတ်တရက် ပြန် လှည့်  ဝင် လာနေကြ တာ ကို တွေ့ 
လိုက်ရပါသည်။

“ ဟာ.... ဒီ ကောင် တွေ လွန် လွန်း နေပြီ၊ ခွေး ကောင်တွေ ချပစ် ... ဝိုင်း ချကြ ဟေ့  .... ” ဟု ညာ သံ ပေး
လာ သံ ကို လည်း ကြား ရ ပါသည်။

ရပ် ကြည့်  နေသော ပရိတ်သတ် ကြီးပါ လမ်း မ ပေါ် ပြို ဆင်း လာ နေ ပါသည်။
ကျွန်တော် ဆုပ် ကိုင် ထား သော သမဂ္ဂ အလံ ကို လုံထိန်း တစ်ယောက် က လာ လု နေပါသည်။
ကျွန်တော်က ဒူးထောက် ရက် ပြန် လု နေရင်း တဖြည်းဖြည်း ကုန်းလျက် သူ့  ဘက် ပါ သွား ပါတော့ သည်။

ကျွန်တော့်  ဦးခေါင်း တစ်ခု လုံး ပူ ကနဲ ဖြစ် သွား ပြီး နွေး သော သွေး တို့  ဖြာကနဲ ကျွန်တော့်  မျက်နှာ ပေါ်
ကျ လာ သလို ဖြစ်သွားပါသည် ။ နောက် ကျွန်တော့်  ကျောခုန်း တစ်ခု လုံး တဘုန်းဘုန်း ဖြင့်  အောင့်  တက်
လာ ပါ တော့ သည်။ ခြေ လက် တို့  မြဲ မြံ အောင် ကြိုးစား နေရင်းပဲ ... တဖြည်းဖြည်း ကျွန်တော့်  ဒူး တို့  ခွေ
ညွတ် ကျ လာ ချင်သလို ဖြစ် လာပါတော့ သည်။

ကျွန်တော့်  နား ထဲ တွင် ကမ္ဘာ ပျက်မတတ် အော်ဟစ် ငိုယို သံ ၊ ကြိမ်း ဝါး သံ တို့  သာ ကြား နေ ရ ပါသည်။
မျက် လုံး တို့  ဝေ ဝါး လာ ပါ တော့ သည် ။

“ ကို ကျော်...... ”
ကျွန်တော် နှစ်ပေါင်း များစွာ တွယ်တာ ရင်းနှီး နေခဲ့ ရ သော အသံ ပါ ။
မျက်ရည် တို့  ဖြင့်  ကြည့်  နေသော စုတ်ချွန်း ကို ဝါးတားတား တော့  မြင်နေ ရပါသေးသည်။
ဦးခေါင်း ထက် မှ စီးကျနေသော သွေး တို့  ကြောင့်  ဖြစ်မည် ထင်ပါသည်။

သူ က ကျွန်တော့်  လက်ဖမိုး ကို အုပ်မိုး ပြီး ကျွန်တော် ကယောင်ကတန်း ဆုပ်ကိုင်မိ နေ သေး သော သမဂ္ဂ
အလံ ကို လွှဲ ယူ နေ သလို ခံစား ရ ပါ သည်။

ဝန်းကျင် တစ်ခု လုံး တော်လဲ သံ လို ဗြောင်းဆန် နေပေ မဲ့  သတိ တို့  မလွတ် အောင် ကြိုးစား နေ ရ ပါသည်။

“ အား ........ ”
စုတ် ချွန်း ၏ အသံ ပါ ...၊
ကျွန်တော် မျက်လုံး တို့  ပြာ သွား ပါတော့ သည်။
ကျွန်တော့် ကို ဝိုင်းရိုက် နေသော လုံ ထိန်း အုပ်စု က စုတ်ချွန်း ဘက် လှည့်  သွား ပါပြီ။

လုံထိန်း တစ်ယောက်က စုတ်ချွန်း ဆံပင် ကို နောက် မှ ဆောင့် ဆွဲ လိုက်တာ ကို မြင်ရပါသည်။
ရှေ့  က တစ်ယောက် က သူ့  ကို ရိုက် ရန် ဒုတ် ကို လွှဲ မြှောက် လိုက် တာ ကို ပြာ ကနဲ တွေ့  လိုက်
ရ ပါသည်။

ထိုစဉ် ရပ် ကြည့် နေသော လူအုပ်ကြီး နှင့်  လုံထိန်း တွေ ၊ ကျောင်းသား တွေ ပါ ရော သွား ကြ ပါတော့ 
သည်။

ကျွန်တော့်  ပါးပြင် တစ်ခု လုံး ပူနွေး နေသလို ဖြစ် နေပါသည်။
အော်... ကျွန်တော် ကတ္တယာ လမ်း ပေါ် မှောက် လို့  နေပါပေါ့  လား ။
ခပ် လှန်းလှန်း ရှိ ကလစ် အဝါလေး ကို ကျွန်တော် အားကုန် ထုပ်၍ လှန်း ဆုပ် လိုက်မိ ပါတော့ သည်။
ဆုပ်ချွန်း ၏ ကလစ် ကလေး ပါ ။

တစ်လော က လုံး မှောင် အတိ ပါ ပဲ ။

.....................................................................................................................

ကလစ် ကလေး ကို လက်မ နှင့်  လက်ညှိုး ကြား ထဲ ကျွန်တော် ထည့် လှိမ့်  ကစား နေရင်း က ဟိုး အတိတ်
ဆီက အကြောင်း တွေ ကို စဉ်းစား မိ နေ ပါသည်။ သည်ကလစ် ကလေး က ကျွန်တော့် လက်ထဲ မှာ ဆယ်စု
နှစ် နှစ်စု နီးပါး မျှ ရှိနေပါ ပြီ။

ထိုနေ့ က လူအုပ် ကြီးနှင့်  ကျောင်းသား တွေ ၊ လုံထိန်း တွေ လုံးထွေး ပြီး ဝရုန်းသုန်းကား ဖြစ် လာ ခဲ့ ၍ သူတို့ 
ထဲ မှ ဗိုလ် လုပ်သူ က ခါး ကြား မှ သေနတ် ကို ဆွဲ ထုပ်ပြီး မိုး ပေါ် ထောင်ပစ် ခဲ့ ရ ပါသည်။

စုတ်ချွန်း နှင့်  ကျွန်တော့်  ကို လူအုပ် ထဲ မှ ရပ်မိ ရပ်ဖ တစ်ချို့  က အတင်း ဝင်လုပြီး ထမ်း ပြေး ခဲ့  ကြ ပါသည်။
စုတ်ချွန်း ကတော့  သွေး သံ တရဲရဲ ဖြစ် နေ၍ သူ့  လက်ထဲ ဆုပ် ကိုင်ထား သော သမဂ္ဂ အလံ ဖြင့်  ပင် ရစ်
ပတ် ထုပ် ပိုး ပွေ့  ပိုက် ခဲ့  ရသည်ဟု သိ ရ ပါသည်။ ကျွန်တော် တို့  နှစ်ယောက် စလုံး သတိ မလည် ခဲ့  ဟု
လည်း သိ ခဲ့  ရပါသည်။

အမာအေး၊ သန်း နိုင် ၊ မသန်းရွှေ တို့  နှင့်  ကျောင်းသူ ကျောင်းသား သုံးဆယ်ကျော် ခန့်  အဖမ်း ခံ ရ ပြီး ၊
လေးဆယ် ကျော် လောက် အတွင်း လူနာ အဖြစ် ကုသ ခဲ့  ရ ပါသည်။ သူတို့  လည်း ဆေးရုံ မှ ဆင်း လျင်
လောလော ဆယ်ထုပ်ပြန် ထား သော အမိန့် အာဏာ ကဲ့ သို့  တည်မြဲ သော ဥပဒေ တို့ ကို ဆက်လက် ရင်
ဆိုင် ရဖွယ် ရှိနေပါသည်။ ကိုသူရ က တော့  အရေးပေါ် ဆောင် ရောက်မှ ပင် သွေး လွန် ၍ ဆုံးပါး ခဲ့  ရပြန်
ပါသည်။

ကျွန်တော် နှင့်  စုတ်ချွန်း တို့  ကတော့  မှတ်တမ်း ဓါတ်ပုံ များတွင် ပါဝင် နေပြီး ပျောက်ဆုံး နေ သောကြောင့် 
အဖွဲ့  အစည်း တို့ မှ လိုက်လံ ရှာဖွေ နေ သဖြင့်  ကျွန်တော် က အမေ့  အမျိုး တို့ ရှိရာ မြောင်းမြ ဘက် ရှောင်
ထွက် ခဲ့ ရပြီး ၊ ဦးခေါင်း ဒဏ် ရာ ဖြင့်  သတိ ကောင်းကောင်း မလည် နိုင် သေးသော “ စုတ်ချွန်း” လေး ကို
တော့  သူ့ မိဘ များ က သူ့  ဘိုးဘွား များ ရှိရာ အညာ ဘက် သို့  ပို့ ပြီး ဆက်လက် ကုသ ပေး နေသည် ဟု
သိ ခဲ့ ရ ပါသည်။

ကိုဖုန်းမော် အရေးအခင်းပြီး နောက်ပိုင်း တွင် ဆူပူ မှု များ ဆက်တိုက် ဖြစ်ပေါ် လာခဲ့ ပြီး အုံကြွ လာသော
လူထု ကြီးကို အစိုးရ က မထိန်း နိုင်တော့ ပဲ ၊ တစ်ပါ တီ အာဏာရှင် စနစ် ၏ ခေါင်းဆောင်ကြီး ဦးနေဝင်း
ကိုယ်တိုင် တစ်ပါတီ စနစ် ကို ကြိုက်သလား ၊ ပါတီ စုံ ဒီမိုကရေစီ စနစ် ကို ကြိုက်သလား ဟု လမ်း ဖွင့် 
ပေး ခဲ့  ရ သလို နောက်ဆုံး သေနပ်ဆိုတာ တည့် တည့် ပစ်တာ၊ မိုး ပေါ် ထောင်ပစ်တာ မဟုတ်ဘူး .. ဟု
ကရောင်တတန်း ဖြင့် နောက်ဆုံး သမိုင်းဝင်မိန့် ခွန်း ပြောကြား ပြီး ၊ ပလ္လင် ပေါ် မှ ဆင်း ပေး ခဲ့  ရ သည်
အထိ ဖြစ် ခဲ့ ရ ပါတော့ သည်။

သည့်  နောက်ပိုင်း ဆက်လက် ဖြစ်ပွား ခဲ့ ရသော ကမ္ဘာ့ သမိုင်းဝင် အရေးအခင်း တွေ ကတော့  သိ ကြ သည့် 
အတိုင်း ပဲ ဖြစ်ပါသည်။

အဖြစ်အပျက် အားလုံး သမိုင်းဝင်ခဲ့ ရသလို ကျွန်တော်နှင့်  “ စုတ်ချွန်း” လေး တို့ ၏ အဖြစ် က လည်း
ဒီတိုင်းပင် အဆုံးသတ် ခဲ့  ရပါတော့ သည် လေ ။

နောက်ဆုံး တဆင့်  သိ ခဲ့ ရသည် မှာ သူ တို့ က တရုပ် အနွယ် ဖွား တွေ မို့  မကာအို သို့  သူ့  ကို ပို့  လိုက်ပြီ
ဆိုသည့်  သတင်း ပါပဲ ။

...........................................................................................................................................

စင်္ကြာပန်း တို့  ပွင့်  နေပြန်ပြီ လေ ... ။
ကျွန်တော် ထုံးစံ အတိုင်း မနက် စောစော ထ ဖြစ်ပြန်ပါသည်။
အလင်း တို့ က ကောင်းစွာ မကွဲ ချင်သေး ပါ။
မြူမှုန် တို့  ထူပိန်းစွာ ကျဆင်း နေသော ကြောင့်  ကျွန်တော် ဓါတ်မီး ကို ထုပ် ယူ ခဲ့ ပါသည်။
အိမ်ရှေ့  က စင်္ကြာပန်း ရုံ ကို ဓါတ်မီး နှင့် လှန်း ထိုး ကြည့်  မိပါသည်။
မြေသင်းရနံ့  ကို စင်္ကြာပန်း ရနံ့  တို့ နှင့်  ရော ပြီး ရှု ရှိုက် လိုက်ရမိပါသည်။
“ ကျောနက်ကြီး” က တအီအီ နှင့်  လည်ဆံ မွှေးတွေ တဖွားဖွား ကား ထွက် လာအောင် တဇတ်ဇတ် ခါထုပ်
လိုက် ရင်း လျှာ တစ်လစ် ကလေး နှင့်  အမြီး ကို တရမ်းရမ်း လုပ်ပြ နေ တော့ သည်။
ဦးဆုံး ခြွေ လိုက်မိ သော စင်္ကြာ ပန်းလေးကို နမ်းချင်ပေမဲ့  မနမ်းရက် ပဲ ဇကာ လေး ထဲ အသာ ပဲ ထည့်  လိုက်
မိ ပါ သည်။

ကျွန်တော့်  မျက်ဝန်း အစုံ တို့  နွေး ကနဲ ဖြစ် လာ ၍ မျက် လုံး တို့ ကို ကပြာ ပဲ ပုတ်ခတ် ပုတ်ခတ် လုပ် လိုက်
ရ ပါတော့ သည် ။

အခြေအနေ နဲ့  အချိန် အခါ တို့  ဘယ်လို ပဲ ပြောင်းပြောင်း ၊ ဘယ်တော့  မှ မပြောင်းပဲ မဟောင်း ပဲ နေ နေ
သော ကျွန်တော့်  တပင်ထဲ သော ရင်ထဲက “ နွယ် ” ပါပဲ .... လို့  ။


.........................................................................................................................................

( ပြီးသွားပါပြီ )

9 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီးစိတ်မကောင်းလိုက်တာ
မျက်စိထဲတောင် မြင်ယောင်လာမိတယ်..
တကယ်တမ်းတော့ နှစ်ပေါင်း၂၀ကျော်ခဲ့ပြီနော်..
မနေ့တစ်နေ့ကလို ပြန်ဖြစ်နေတယ် ခုလိုအမှတ်ရစရာတွေ ပြန်တွေ့ပြန်ကြားမိတိုင်းပေါ့။
ကိုယ်တိုင်လှုပ်ရှားခဲ့ဖူးသူတွေအဖို့ ပိုဆိုးမှာပေါ့နော်..
တကယ်ကို မေ့မရတဲ့ သမိုင်းရက်စွဲတွေပါဘဲလေ....

Anonymous said...

အဖြူလေး ရေ

မေ့မရတဲ့ သမိုင်းဝင် ဖြစ်ရပ်တွေ ထဲမှာ ဝင်ရောက်ပါဝင် ခဲ့တာကို ဂုဏ်ယူပါတယ်ဗျာ တပင်ထဲ ရင်ထဲ က နွယ်အတွက်လည်း ထိုနည်း၎င်း ပါဘဲ

ကျေးဇူးတင်ပါတယ် ဗျာ

ခင်တဲ့
ရွှေစင်ဦး

sosegado said...

စုတ်ချွန်းရှာပုံတော်ဖွင့်ပြီးပြီလား၊ ရှာရင်တွေ့မှာပါ၊ ပြန်လည်ဆုံဆည်းနိုင်ပါစေ။

ကိုဇော် said...

အင်း........ရင်မောပါတယ်ဗျာ။
ရင်မောနေရတုန်းပါတယ်။

သဒ္ဓါလှိုင်း said...

အခုဖတ်အခုမျက်ရည်ပြန်ကျရပါတယ်..။ ဂုဏ်လည်း
ယူမိပါတယ်။ဖျောက်လို့မရတဲ့သမိုင်းတခု..ခုထိလည်း
ဆက်လက်ချီတက်နေကြဆဲပေါ့..။
ကိုယ့်ရဲ့အမြင်လေးတွေကိုပြောလို့ရပါတယ်ကိုအဖြူလေးရေ
ဆက်ပြီးတော့လည်းပြောပါ..။အဲလိုကြီးခွင့်လွှတ်ဖို့တော့
မပြောပါနဲ့..နားလည်ပါတယ်နော်..။
ကျန်းမာရွှင်လန်းပါစေ..
ခင်မင်စွာ
သဒ္ဓါ

အနော် said...

အကိုရေ သည်နွယ်ပင်လေးကတော့ တွယ်ငြိတာမဟုတ်ဘဲ.... ရင်ကို တုပ်နှောင်ထားသလိုပဲ အကို... ဒီလိုမျိုး ဘဝတွေ ဘဝတွေ သွေးစက်တွေ ကမ်းလင့်လက်တွေ တွဲလက်တွေ... ဝိညာဉ်တွေ.. ကျောင်းနံရံမှာ ကတ္တရာလမ်းမထက်မှာ တံတိုင်းတွေ နောက်မှာ.. ရှိနေတုန်း တုပ်နှောင်ထားတုန်း နှောင်တွယ်ထားတုန်း.. ရင်နာရတုန်းပဲ အကိုရာ...

thawzin said...

စုတ်ချွန်းနဲ့ ကိုကျော်တို့ ဇတ်သိမ်း မကောင်းပါလားဗျာ။ တကယ်အဖြစ်အပျက်ကြီးလားတော့ မသိဘူး။ နိုင်ငံရေးဆို လုံးဝသိလဲမသိ။ နားလည်မလည်ပါဘူး။ ကျွန်တော်သိတာကတော့ နိုင်ငံရေးဆိုတာ အာဏာရူးတွေအတွက် ပြိုင်ပွဲတစ်ခုပါပဲ။ အခုလဲ အာဏာတွေ ရူးကြအုံးမယ်ဗျာ။ ဘယ်သူအာဏာရူးဆုံးလဲ သိရတော့မယ်ထင်ပါတယ်။ မလည်တာကြာပါပေါ့ဗျာ။ ဘလော့လည်ရတာ ပျင်းလို့ဗျာ။ ခုတော့ ရောင်လည်လည်နဲ့ လာလည်ပါတယ် အစ်ကိုရေ။ အဆင်ပြေပါစေဗျာ။

blackcoffee said...

ကျွန်တော် မကြာမကြာ ဖတ်ဖူးပါတယ်။ ဖတ်တိုင်းလဲ စိတ်မကောင်းဖြစ်ရတယ်။

အိမ့်ချမ်းမြေ့ said...

ဖတ်သွားပါတယ်ရှင်..
ရင်နင့်ပါတယ်။