Saturday, October 2, 2010

တမ်း တ တောင်တန်း

ကျွန်တော် နှစ်ဆယ့် သုံးထပ် တိုက် ပေါ် မှ ဟိုး မိုးကုတ်စက်ဝန်း အဆုံး ထိ လှန်းမျှော် ငေး ကြည့်  နေမိပါသည်။
တိုက်နှုတ်ခမ်းစပ် နား ရှိ ဆောက်လုပ်ရေးသုံး ပိုက်ငြမ်း အပေါ် ဆုံး တွင် ရပ် နေသော ကျွန်တော့်  ကိုယ် က
တစ်ချက် ချက် အပြင်း ဆောင့်ဆောင့် တိုက်လာ နေသော လေ အဟုန် တိုင်း မှာ ထိန်း ထား လို့  မရ အောင်
ကိုပဲ ယိုင် ယိုင် သွား နေ ခဲ့ ပါသည်။


မနေ့  ကတဲက ကောင်းကင် တစ်ခွင်လုံး ကြည်လင် ပြာလဲ့  နေပြီး လေ တို့  ရုတ်တရက် ညိမ် ကျ သွား ပြီ
ဆို ကတဲ က ကျွန်တော် ထင်လိုက် ပါပြီ ၊ “ တိုင်ဖုန်း ” နီး လာပြီ ဟု ။

သည် ကျွန်းကြီး ပေါ် မိုး ရာသီ ဝင်ကတဲက တိုင်ဖုန်း ဝင်မလာ သည်မှာ ကြာနေပြီ ဖြစ်ပါသည်။
မိုးလေဝသ က ခန့် မှန်း လိုက် ၊ တရုပ်ပြည်မ ကြီးဘက် ကို လှည့် သွား လိုက် ၊ ဂျပန် ဘက်ကို ထောင် တက်
သွား လိုက် ၊ ဖိလစ်ပိုင် ကျွန်း တွေ ဆီ ဆင်း သွား လိုက် နှင့်  အကြိမ်ကြိမ် လွဲ ချော် နေခဲ့ ပေမဲ့  ယနေ့  တော့ 
တည့် တည့်  ဝင် ပြီ ဟု ကျွန်တော် ထင်ပါသည်။

ဒါပေသည့်  လွဲ ခဲ့ ပြန်ပါသည်။
သည်လိုနှင့်  တစ်နေ့  တော့  ပြီးဆုံး သွားခဲ့  ပြန်သည်။

တိုင်ဖုန်း ဝင်တော့ မည် ဟု ကြိုတင် ခန့် မှန်းသတင်း ထွက်လာချိန်တွင်ပဲ အစ လုပ် ရေးထား မိသော
တစ်ပင်ထဲ ရင်ထဲက “ နွယ် ” အခန်းဆက် တို့ ၏ အဆုံး ကို ကျွန်တော် အပြီးသတ် ပဲ ကြိုးစား ရေးလိုက်
ဖြစ်ခဲ့ ပါသည်။

ဘာပဲ ပြောပြော ပေါ့ လေ ၊
“ နွယ် ” က ဇာတ်လမ်းအရ ဆုံး ခဲ့ ပေမဲ့  တွယ် ခဲ့ ရသည့်  အတွယ်အတာ အရ တော့  ရင်ထဲ ဝယ် ဘယ်သော
အခါမှ ပြီးဆုံး လိမ့်  မည် မထင်ပါလေ။

ပို့ (စ) တစ်ပုဒ်တင် ပြီး တိုင်း အိပ်ရေး မဝ ဖြစ်တတ်သည့် အလျောက် သည်နေ့  မနက်လဲ မျက်တွင်း ဟောက်
ပက် နှင့်  ပဲ အိပ်ယာ ထဲ မှ ထ ဘို့  ကြိုး စား နေရ ပြန်ပါသည် ။


မကောင်းသည့်  အကျင့် တစ်ခုက တော့  အလုပ်သွားချိန်မနက် ၆ နာရီခွဲ ကျမှ ပြန်အိပ်ချင် လာနေခြင်း ပဲ
ဖြစ်ပါသည်။ ခေါင်းရင်းနဘေး ရှိ စားပွဲ လေး ပေါ် မှ တစ်ချက်ချက် ခုန်နေသော စားပွဲတင် နာရီလေးကို အိပ်
မှုန်စုတ်ဖွား စေးကပ် ပြီး မှေးစင်း နေသော မျက်လုံး တို့ ဖြင့်  တုန်တုန် ရီရီ ချောင်း ကြည့်  နေမိရင်း မသိစိတ်
တို့ က တော့  အဲ့ ဒီ တာဝန်ကျေ နာရီ လေးကို ပြောင်းပြန် ပြန်ခုန် နေစေချင် ပါသည်။

အိပ်ယာ တို့ လဲ ပူလောင် တွန့် ကျေ လာပြီ မို့  နေ့  တစ်နေ့  ၊ ဘဝ တစ်ခု ကို အစ ပြု ဘို့  အတွက် ကျွန်တော်
ထ ရ ပြန်ပါတော့  သည်။

ကပြာကယာ ကိုယ်လက် သန့် စင် ပြီး တွန့် ကျေ လုံးထွေး နေသော ယူနီဖောင်း အပုံ ထဲမှ တစ်စုံ ကို အလှည့် 
မမှား အောင် သေချာစွာ ကြည့်  ဝတ်၍ ရှည်လျား သော လှေကား အတိုင်း တဝုန်းဝုန်း ပြေးဆင်း လာခဲ့  မိ
ပါသည်။

အောက်ရောက်တော့  အမြဲ မပျက် တတ်သည့်  နိစ္စဓူဝ အလုပ် တစ်ခု ဖြစ်သော သံဗုဒ္ဓေ ဂါထာ အရှည် ကို
ဆိုင်ကယ် လေးပေါ် ခွ ထိုင်ရင်း စက်မနှိုး မီ မျက်စေ့  စုံ မှိတ် ၍ အာရုံ ပြု ရွတ် ဆိုခြင်း အလုပ် ကို လုပ် ရပြန်
ပါသည်။

ဂါထာ တို့  ဆုံးကာမှ ဆိုင်ကယ် သော့ ပေါက်ထဲ သော့ တံ ထည့်  ၍ စက် စ နှိုး ဖြစ်ပါတော့ သည်။

မနက် တိုင်း ရင်ဆိုင် ရ လေ့  ရှိသည့်  နောက် ပြသနာ တစ်ခု က တော့  ဒီနေ့  မနက် လဲ ငါ ဘာစား ရမှာ
ပါလိမ့်  ... ဆိုသည့်  ပြသနာ ပါပဲ ။

ကျွန်တော် နေထိုင်ရာ ဗမာ ရပ်ကွက် လေး ထဲ မှာတော့  မုန့် ဟင်းခါး ၊ အသုပ် ၊ ထမင်းကြော် ... စ သော မြန်မာ့ 
ရိုးရာ မနက်စာ ပေါင်းစုံ တို့  ရှိ နေသော် လည်း ၊တစ်ရက် ကနေ နှစ်ရက် ဆက်မစား ချင် တော့  သလို ၊ မြန်မာ
စာ စား မိသည့်  မနက် တိုင်းလဲ ၊ ဗိုက်ကြီး ကယ် နေပြီး အလုပ် က လုပ် လို့  သိပ်မကောင်း ချင် သည့်  အကျင့် 
က ဖြစ် နေ တတ်တော့  တော်တော် နှင့်  ဗမာ ဆိုင်တန်း တွေ ဘက် ပြန်မရောက် တတ်တော့  ။

ဗမာဈေးသည် အားလုံး နီးပါးက တကယ့်  ဈေးသည် မျိုးရိုး တို့  မဟုတ် ကြ ပဲ ၊ ခါတော်မှီ သင် လာပြီး မှ လာ
ရောက် ရောင်းချကြ သူများ ဖြစ်နေ ကြ သောကြောင့်  သူတို့  ကိုယ်တိုင် စားမြိန် သော ဗမာ စာ တို့  ကို
စား တတ်သော်လည်း ၊ ထို ဗမာပြည် က စားကောင်းသော ဗမာ စာ တို့  ကို သည်မှာ လာပြီး စား မကောင်း
အောင် ချက်နေ ကြ သည် မှာ လဲ ယနေ့  အထိ အံ့ ဘွယ် သုတ ပါ ပဲ လို့  ။

ညာ လက် က လီဘာ လေး ကို ပျင်းပျင်း ရိရိ သာသာ လေး ဆွဲ ထား မိ သလို ဖြစ်နေ၍ ဆိုင်ကယ် လေးက
လမ်းမပေါ် ဝယ် ခပ်သော့ သော့  ပြေး နေပေမဲ့  ကျွန်တော့်  စိတ် ကတော့  ဦးတည်ရာ မဲ့  နေသလို ဖြစ်နေပါ
သည်။

နေ့ တိုင်း သွားနေသော ဝန်းကျင် ပဲ ဖြစ်နေသမို့  မသိစိတ် တို့ က ဆိုင်ကယ် ဇက် ကလေး ကို အလိုလို
ဘယ်ညာ ယိမ်း နွဲ့  ကာ မောင်း နှင် ခေါ် ဆောင် လာ နေပေမဲ့  အသိ စိတ် ကင်း မဲ့  ချင်နေသော ကျွန်တော်
က တော့  ဆိုင်ကယ်လေး ခေါ် ဆောင် ရာ ထိုင်လိုက် နေရင်း က မီးပွိုင့်  တစ်ခု ရောက် တော့  “ ဝါး ” ကနဲ
သန်း လိုက် မိ ပြီး ပုံနှိပ်တိုက် တွင် ည ဆင်း အမြဲ ဆင်း နေရသည့်  အကိုတော် တစ်ယောက် ပြော ခဲ့  သော
တစ်ခါ တစ်လေ ဆိုင်ကယ် မောင်းလာရင်း “ ငိုက် ” ကနဲ အိပ် ပျော် သွား တတ် တာ ခဏ ခဏ ပဲ .. ဆို တာ
ကို သွား သတိ ရ လိုက် မိ ပါသည်။

သူ တင်ပဲ လား ဆို တော့  လဲ မဟုတ် ပါ ။
ကျွန်တော့်  သူဌေး ဘောစိ လဲ အမြန် လမ်းမ ကြီး ပေါ် ကား မောင်း နေရင်း က ရှေ့  တူရှု့  ကို အပြူး သား
ကြည့်  နေသော သူမျက်လုံး တို့  တဖြည်းဖြည်း မှေး ဆင်း ကျ လာ သော ကြောင့်  ကျွန်တော်က ပဲ စတီယာရင်
ကို လှန်း ကိုင် ပေး ခဲ့ ရဘူး တာ လဲ အကြိမ်ကြိမ် ပါ ပဲ။ လေး ငါး ဆယ်စက္ကန့်  လေး သော အချိန် လေးတွေ ပါ။

သည် နိုင်ငံ မှာတော့  များ သောအားဖြင့်  လူ တိုင်း အလုပ်ဒဏ် ပိ နေ ကြ သည်ဟု ထင်ပါသည်။

အလုပ် မရှိ တော့  လဲ လုပ်ချင် ၊ ရှိ လာ ပြန်တော့  လဲ ပျင်းချင်ချင် ...
ဘာ ပဲ ပြောပြော လေ.. မရှိ တာ ထက် စာ ရင် တော့  ရှိနေတာ လေး ကတော့  ပို ကောင်း... ဟု ဆင်ခြင် မိ
ပြန်ပါသည်။ ကျွန်တော်တို့  ဌာနေ တွင် ဒဏ် ပိ ချင် လို့  တောင် အလုပ် က မရှိ လေ ၊ ရှိ လေ သည့်  အလုပ်
ကလေး ကျ တော့ လဲ မစား လောက် မသုံး လောက် .. ၊မဝေ လောက်..။

ဒါပေမဲ့  ရုပ်ပိုင်း ဆိုင်ရာ တို့  အတင်း တိုးတက်နေခဲ့ ပေမဲ့  ၊ စိတ်ပိုင်း ဆိုင်ရာ တို့  တွင် ကျဆုံး နေ ၊ ဆုံး ရှုံး နေ
သူ တွေ အများ ကြီး ဆို တာ ကို လဲ ကျွန်တော် မြင်နေ တွေ့  နေ ကြား နေ ရ ပြန် ပါ သည်။

အင်း ... ဒါဆို ဘာ တစ်ခု မှ မကောင်း ဆိုတော့  လောကကြီး ရဲ့  အဓိပ္ပါယ် ၊ ဘဝ ရဲ့  အဓိပ္ပါယ် က ဘာပါလဲ...
ဆို တာ ကို တွေတွေ ငေးငေး နှင့်  ပဲ စဉ်းစား လာ ခဲ့  မိ ရင်း ပဲ လမ်း ဆုံ တစ်ခု ဘေး တွင် ဖွင့်  ထား သော
မနက် စာ အရောင်း ဆိုင် ကလေး ကို ရောက်ခဲ့  တော့  ကျွန်တော့်  သိစိတ် တို့ က ဆိုင်ကယ် လေး ကို
အလိုလို ရပ်မိ ရက်သား ဖြစ်သွား ပါ တော့ သည်။

စောစော က ကျွန်တော် ပြောခဲ့  မိ သော ဒီနေ့  မနက်လဲ ငါ ဘာစား ရ မလဲ ဆို သည့်  ပြသနာ ကို သည်
ဆိုင် လေး တွင်ပဲ ကျွန်တော် အလွယ် ရှင်းပါတော့ မည် လို့  ။

ပလပ်စတစ် အကြည် အပါး လေး များဖြင့်  သပ်သပ်ရပ်ရပ် ချပ်ချပ်ရပ်ရပ် ထုပ်ပြီး ညီညီညာညာ စီထားသော
သုံးမြှောင့်  အသား ညှပ် ပါမုန့်  ထုပ်လေးများ ၊ အမြန်ကြော်ပေး နိုင်သော ခေါက်ဆွဲ ကြော် လေးများ ၊ ချက်ခြင်း
ပဲ စီစဉ် ပေး နိုင်သော ဟန်ဘာဂါ အမျိုးမျိုး တို့  တွေ ကြား ထဲ မှ ပဲ အမြဲ မရိုး နိုင်သည့်  ဘဝ နှင့်  ထပ်တူ ထပ်မျှ
ပဲ တွယ်တာ မြတ်နိုး နေမိ သည့်  “ ကော်ဖီ ခါး ” လေး တစ်ခွက် ကိုပဲ ပါဆယ် အရင် မှာ လိုက် မိ ပြီး မှ
“ စန်းမီကျီး (ဇ်) ” ဟု ခေါ် သည့်  သုံး မြှောင့်  ပါ မုန့်  လေး တစ်ထုပ် ကို လက် က အလိုလို ဆွဲ ထုပ် မိ ရက်
သား ဖြစ် သွား တော့ သည် ။

မနက်စာ ထုပ် ကလေးကို ဆိုင်ကယ် ဂျိတ် ကလေး မှာ လှန်းချိတ် လိုက် ပြီး ပြန်လည် အသက်ဝင်လာ နေ
သော အသိ စိတ် တို့  ဖြင့်  ပဲ ကျွန်တော့်  ဆိုင်ကယ်လေး ကို လမ်း မကြီး ဘက် ကို စ တင် ဦးတည် လိုက်
မိ ပါ တော့ သည်။

လမ်းမကြီး ဘယ်ညာ တလျှောက် ပေါ် တွင်တော့  ကျွန်တော့် လိုပဲ နေ့ တစ်နေ့  ၊ ဘဝ တစ်ခု ကို စ တင်ဘို့ 
အစ ပြု ဘို့  ၊ ဖြတ်သန်း ဘို့  ဆိုင်ကယ်တွေ ၊ ကားကြီးငယ်မျိုးစုံ ၊ လူတန်းစား ပေါင်းစုံ တို့  တစ်စ စ နှင့်  များ
များ လာ နေပါပြီ။

သည်လမ်းခရီးတွေက အချိန်လေး ငါးမိနစ် ကွာ လျင်ပင် ကွာ သလောက် ယဉ်ကျော တွေ အထပ်ထပ် ပိတ်
ဆို့  လာ တတ် လွန်းသောကြောင့်  ကျွန်တော် ကပြာပဲ ဆိုင်ကယ်လေးကို ခပ်သွက်သွက် ဖြင့်  တရွေ့  ရွေ့  သွား
နေ သော ယဉ် ကျော ကြီးထဲ သို့  မောင်းသွင်း လိုက်မိ ပါ တော့ သည်။

လမ်းမကြီး ၏ ဟိုး ရှေ့  တည့်  တည့်  မှာ တော့  ငြိမ်သက်စွာပဲ အမြဲ လဲလျောင်း နေ သည့်  ညို့  မှိုင်း နေသော
တောင်တန်း ကြီးများ ပါ ပေ ။

...............................................................................................................................


( ဆက် ပါ အုံး မည် )

8 comments:

သဒ္ဓါလှိုင်း said...

မင်္ဂလာပါ..။ အချိန်ပေးပြီးလာလည်တဲ့အတွက်
ကျေးဇူးအရမ်းတင်ပါတယ်..။
ကျန်းမာရွှင်လန်းပါစေရှင်..။
ခင်မင်စွာ
သဒ္ဓါ

ကိုဇော် said...

ဝါး...အခန်းဆက်ကို အတော် အားသန်ပုံ ရတယ်။
ကျနော်ကတော့ တစ်ခါတည်း အဆုံးသတ်လိုက်ရမှ ကျေနပ်တယ်။ အခန်းဆက်ရေးဖို့ဟာတွေကတော့ တင်အား မရှိသေးဘူးဗျာ။

ဆက်ပါဦး...

ချော(အစိမ်းရောင်လွင်ပြင်) said...

**ထို ဗမာပြည် က စားကောင်းသော ဗမာ စာ တို့  ကို သည်မှာ လာပြီး စား မကောင်း
အောင် ချက်နေ ကြ သည် မှာ လဲ ယနေ့  အထိ အံ့ ဘွယ် သုတ ပါ ပဲ လို့  ။**
ဒီစာသားလေးဖတ်ပြီးး ပြုံးလိုက်မိတယ်..
တော်တော်ရေးတတ်တဲ့ ကိုအဖြူလေးပါလား..
အဲဒီကိုလာပြီး စားသောက်ဆိုင် ဖွင့်ရမလား စိတ်ကူးသွားမိတယ်.. တောင်တွေပတ်လည်ဝိုင်းနေတဲ့မြို့က အတော်လှမယ်နော်
ဆက်ရန်ကိုစောင့်နေပါတယ်..
ဆက်ရန်ကိုစောင့်ဖတ်ပါမယ်..

thawzin said...

ဟုတ်ပါ့ဗျာ။ တနေ့တနေ့ ဘာချက်စားရမလဲတွေးရတာ အလုပ်တခုဗျာ။ တကိုယ်ရေသမားတွေအတွက်တော့ ဖြစ်သလို ရယ်ရီမိတ်တွေသာစားဖြစ်ကြပါတယ်။
ဆက်ပါအုံး အစ်ကိုရေ
ခင်မင်စွာဖြင့်

sosegado said...

တိုင်ဖုန်း လာပြီးရင် ငလျှင်ရော် လူပ်သေးသလား၊ မနက်စာဆန်ပြုတ်သောက်၊ ပေါက်စီစားပေါ့

~ဏီလင်းညို~ said...

တူတူပါပဲလေဗျာ.......ကိုဖြူ.......။

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

Anonymous said...

အဖြူလေး ရေ ကိုယ်တိုင် ချက်စား မသိရင် ရွှေစင်ဦး ကိုမေး ဟားးးးးးးးးးးး

ကိုယ်တိုင် သေချာ ချက်စားရင် စားမြိန်မှာပါ အင်း အချိန်ကရအုန်းမှ

ဆိုင်ကယ် လည်း သေချာစီးအုန်း မန်းလေး လာရင် အတိုးချ ကျွေးမယ်

အခုလည်း အဆက်လေး မျှော်နေမယ်


ခင်မင်တဲ့
ရွှေစင်ဦး

အနော် said...

ဒီနေ့ မနက်လဲ ငါဘာစားရမှာပါလိမ့် ဆိုတာ တူလိုက်တာ.. ဒီမှာတော့ မားမားနဲ့ပဲ နှစ်ပါးသွားနေရတယ်.. တခါတလေတော့လဲ အမေကြော်ပေးတဲ့ ထမင်းကြော်ဝါဝါလေးတွေ သတိရသား.. ဆိုင်ကယ်စီးတာ သတိထား အကိုရ.. အနော်တော့ ဆိုင်ကယ်စီးသင်နေတာ တတ်သေးဘူး.. ဟီး :)