Friday, October 22, 2010

သူ ( သို့  ) ကိုကျော်သူ




ကျွန်တော်တို့ ကတော့  အမှုမဲ့ ၊ အမှတ်မဲ့  နေ နေခဲ့ ကြသလောက် ကိုကျော်သူတစ်ယောက်က
ကျန်ရှိနေသေးသော သူ့ ဘဝ ရဲ့  တိုတောင်းလာနေသောအချိန်ကလေးအတွင်းမှာပဲ ၊ လူတကာတို့  လုပ်နိုင်
ခဲ လွန်းသော ၊ အလုပ် ကြီးတစ်ခုကို ဇွဲနဘဲ ကြီးစွာ နောက်မဆုတ်တန်း ဆက်လုပ်နေ လုပ်ပြနေတုံးပါပဲ။

“ ကိုကျော်သူ ” ဆို သည့်  သူ ကတော့  ကျွန်တော်တို့ လို ၊ သာမန် လူတန်းစား မှ မဟုတ်ပဲ၊ လျှန်းလျှန်းတောက်
ကျော်ကြား နေသော နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး တစ်ယောက်မှန်း ခုခေတ်၊ လူငယ်လူရွယ်တိုင်း က သိပြီး
သားဖြစ်မှာပါ။

သည်လိုအနုပညာနယ်မှ ရုပ်ရှင်မင်းသားတစ်ယောက်က ပြီးခဲ့ သော “ ရွှေဝါရောင်တော်လှန်ရေး ” ဟု ၊
တစ်ကမ္ဘာလုံးကျော်ကြားခဲ့ ရသော သံဃာများဦးဆောင်ပြီး တိုင်းပြည်အတွက်၊ အမှန်တရားအတွက် လှုပ်ရှားခဲ့ ကြသောအရေးအခင်းကြီးတွင် အာဏာပိုင်တို့ ၏ အကြိမ်ကြိမ်သတိပေးတားမြစ်နေသည့် ကြားမှဂုတ်ပေါ်စီးမိုး
ထားသည့်  ဒါး တို့ ကိုမျှ မကြောက်ပဲ ၊ ဘုန်းဘုန်း တို့ နှင့် လက်တွဲ၍ ရဲရဲရင့် ရင့် ဖြင့် အများရှေ့  ကို ထွက်ခဲ့ သည်
ကိုလည်း အားလုံးအသိ ပင်ဖြစ်ပါသည်။

သံဃာကို ကြည်ညို သည့်  စိတ်ဓါတ်ကတော့  ကျွန်တော်တို့ ထက် သာလွန်နေပါသည် ဟု ပြောချင်ပါသည်။
ဘုရားသား သံဃာကို ကြည်ညို လွန်းသူ ဆိုတော့ လဲ ဘုရား၊တရား၊သာသနာ အတွက် ဆို သူ့ အသက်ကိုပါ
ပေးစွန့် တော့ မည့်  “ သူ ” ဆိုတာတော့  ယုံမှားဘွယ် မရှိတာသေချာသွားပြီ ဖြစ်ပါသည်။

အဲ့ သည်နောက်ပိုင်းမှ စ ၍ ကိုကျော်သူတစ်ယောက် သူချစ်သော၊တွယ်တာရပါသော၊ သူ့ ဝါသနာ နှင့် သူ့ ဘဝ
လို့ ပင် ပြောလို့ ရသည့်  ရုပ်ရှင်အနုပညာနယ်ပယ်မှ အပြီးအပိုင် ကြောခိုင်း ထွက်ခွာ ခဲ့ ရ ရှာတော့ သည်။

အဲ့ ဒီနောက် သူ ဘာဆက်လုပ်ခဲ့ ပါသနည်း ဆိုတာကိုတော့  အများသိကြသည့် အတိုင်းပါပဲ။
သူကျွမ်းကျင်သော၊ ဝါသနာပါလွန်းသော အနုပညာဖြင့်  ပြည်သူကို ဆက်လက် အလုပ်အကြွေး မပြုနိုင်ပါတော့ 
လည်း သူ သိထား၊ မြင်ထား ၊ ရထားသည့်  သံဝေဂဥာဏ် နှင့် ပင် “ နာရေးကူညီမှု အသင်းကြီး ” ကို ရဲရဲရင့် ရင့် 
ဖြင့်  ဦးဆောင်ဖွဲ့ စည်းတည်ထောင်ခဲ့ ပါတော့ သည်။ ကျွန်တော် သတင်းတစ်ချို့  တွင် ဖတ်ခဲ့ ဘူးသည်မှာ
ရုပ်ရှင်အနုပညာနယ်မှ အစားမထိုးနိုင်သည့်  ကြယ်တစ်ပွင့် ဖြစ်သော ဆရာကြီးဦးသုခ၏ တပည့်  ဖြစ်ခဲ့ ပြီး
သူချစ်သောဆရာ့  ဆန္ဒ အတိုင်းလည်း ဤအသင်းကြီးကို တည်ထောင်ခဲ့ ပါသည် ဟူ၍ ဖြစ်ပါသည်။

စိတ်ထဲ မကောင်းစရာ တစ်ခုကတော့  သည်အသင်းကြီးကိုတည်ထောင်ပြီး မကြာမှီမှာပဲ သူချစ်သောဆရာကြီး
ဦးသုခ၏ နောက်ဆုံးခရီးကို သူကိုယ်တိုင်ပဲ ပို့ ဆောင်ခဲ့ ရတာပါပဲ ဖြစ်ပါသည်။
အင်တာဗျူးတစ်ခုတွင်လည်း “ ကျွန်တော်အရင်တုံးကတော့ ၊ ရုပ်ရှင်မင်းသားပေါ့ ဗျာ၊ အခုတော့ မသာမင်းသား
ဖြစ်နေပါပြီ ... ” ဟုလည်း ၊ ခပ်ပြောင်ပြောင်ပြောခဲ့ တာကိုလည်း ကျွန်တော်အမှတ်ထင်ထင် ရှိနေတုံးပါ ။


လူ တစ်ယောက်အတွက် လုပ်ရန်ခဲရင်းသည့် ၊ လုပ်နိုင်ခဲလွန်းသည့်  အလုပ်ကို “ သူ ” လုပ်ခဲ့ ခြင်းပဲ ဖြစ်ပါသည်။

အမှန်တရားကိုမြတ်နိုးသည့် ၊ မတရားမှု ကို ဆန့် ကျင်ရဲသည့်  ယောင်္ကျား အာဇာနီ စိတ်ဓါတ် ရှိသူ တစ်ယောက်
ဖြစ်ခဲ့ ပါသည်။

ကျန်ရှိနေသော ရုပ်ရှင်နယ်မှ လူများအတွက်လဲ စံပြအဖြစ်၊ မီးမောင်းထိုးပြခဲ့ သလို ဖြစ်ယုံမျှမက ၊ ကျွန်တော်
တို့ အတွက်လဲ ဂုဏ်ယူထိုက်သော ယောင်္ကျားကောင်းတစ်ယောက် ဖြစ်ခဲ့ ရပြန်ပါသည်။ တစ်ချို့  က များများသာ
ပြောနေတတ်ကြပေမဲ့ ပြောသလောက် လုပ်ရပ်၊ လုပ်ကွက် တို့ က ပေါ် မလာ နိုင်ခဲ့ ပါ။

ကိုကျော်သူ ကတော့  ပြောသလောက်လုပ်နေတဲ့ သူ ၊ အပြောနဲ့ အလုပ်နဲ့  တစ်ထပ်ထဲကျနေသူ တစ်ယောက်
ဖြစ်နေပါသည်။

ကျွန်တော်က “ သူ့  ” လို မလုပ်နိုင်ပေမဲ့  ၊ “ သူ့  ” ကို ပင် အားကျနေမိတာတော့  အမှန်ပဲ ဖြစ်ပါသည်။

ဒါတွင်ပဲလား ဆိုတော့ လဲ မဟုတ်သေးပါလေ။
အများသိနေ၊ မြင်နေကြသည့် အတိုင်း “ ကိုကျော်သူ ” ဦးဆောင်တည်ထောင်ထာသည့်  “ နာရေးကူညီမှုအသင်း
ကြီး ”၏ အောင်မြင်နေသော ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်ကယ်တင်ရေး စသော လူမှုရေးလုပ်ငန်း များ
ကို မီဒီယာစာမျက်နှာများပေါ်တွင် ဟိုနေရာ တစ်ကွက်၊ ဒီနေရာတစ်ကွက်ဖြင့်  အကြိမ်ပေါင်းများစွာပဲ တဖြည်း
ဖြည်းတွေ့  မြင်နေလာကြရပါပြီ။

နိုင်ငံတော်အစိုးရ၏ အကြိမ်ကြိမ်တက်နင်းနေသည့်  ကြားမှပဲ ကိုကျော်သူတို့  အကျိုးပြုအဖွဲ့ ကြီးက ပြည်သူတွေ
ကြားထဲမှာ တစစ ပဲ ကြီးထွားလာခဲ့ ရပါသည်။

အမှုမဲ့ ၊ အမှတ်မဲ့  ကြည့် လိုက်လျင် ရုပ်ရှင်မင်းသား “ ကိုကျော်သူ ” တစ်ယောက် ၊ ခေါင်းတွေ ထမ်းပြနေပါသည်
ဟုသာ မြင်နိုင်သော်လည်း ၊ အနုပညာရှင်တစ်ယောက်အနေနှင့်  ပြည်သူကို MESSAGE တစ်ခု တော့ ပေးနေ
တာပါဟု ကျွန်တော် ပြောကြည့် ချင်ပါသည်။

ကိုကျော်သူ၏ MESSAGE က ကျွန်တော်တို့  ဗုဒ္ဓဘာသာ တစ်ရပ်လုံးရဲ့  အနှစ်ပါ ဟု ကျွန်တော်ယူဆမိပါသည်။

အရွယ်သုံးပါးစလုံးသော သူတွေ အားလုံးက “မသာ ” အကြောင်း၊ “ အသုဘ ” အကြောင်း ၊ “ သေ ” အကြောင်း
များ ပြောဘို့  စ မိ ပြီ ဆိုလျင်ဖြင့်  ၊ အိမ်သာနံ့  ရသွားသလို၊ တီကောင် ကို ဆားဖြင့် တို့ လိုက်သလို ရှုံ့  တွ သွား
ကြပြီး ၊ သည်အကောင် ကြောင် သွားပြီ၊ ပေါက် သွားပြီ ဟု သမုတ်၍ ပြောလာသည့်  သူကိုတောင် တွန်းဖယ်
ပစ်လိုက်လိုက်ကြ မှာ အသေအချာဖြစ်ပါသည်။ကိုယ်နှင့်  လုံးဝ မသက်ဆိုင်သလိုပါပဲ။ စိတ်ဝင်စားဘွယ်လဲမရှိ၊
ပျင်းစရာလဲကောင်း ၊ ထူးလဲ မထူးဆန်း ဆိုပါတော့ ။

၁၀၀ မှာ ၉၉ ယောက်သောသူတို့ က သေ မှာကို သိတော့ သိနေကြပေမဲ့  အဲ့ ဒီသေတဲ့ အလုပ်က အသက်ကြီး
မှ အိုမှ လုပ်ရမဲ့ အလုပ် ၊ မကျန်းမာပါမှ ရောဂါကြီးတွေ ဖြစ်ပါမှ ရင်ဆိုင်ရမည့် အလုပ် ဟုသာယူဆနေကြပြီး
ကုန်လွန်နေသော နေ့ စဉ်အချိန်လေးတွေကို မေ့ မေ့ လျော့ လျော့  နှင့် ဖြတ်ကျော်နေရင်း ပဲ နီးလာနေပြီ
ဆိုတာကို သတိမထားမိပဲ ရှိနေကြပါသည်။

“ ရ ... အုံးမယ် .၊” ဆိုသည့်  သည့် ထက်အရေးကြီးနေသည်ဟု အထင်ရှိနေသော များမြောင်လှသည့်  လူမှု
ကိစ္စ တွေ ကြားထဲမှာပဲ နစ်မြုပ်နေ၊ပျော်နေ၊ အချိန်တွေ ကုန်နေကြပြန်ပါသည်။ သည်လိုကိစ္စတွေကတော့ 
ကိုယ်မရှိတော့ လည်း သူကတော့ ရှိနေမှာပါပဲ။ ဘယ်တော့ မှလည်းပြီးဆုံးသွားမှာမဟုတ်ပါလေ။

တစ်ချို့  ကျတော့လည်း ရှားရှားပါးပါး သိ နေသလို ရှိသော်လည်း မီးခဲ ကိုများ ကိုင်ရမှာ စိုးသလို ဖြစ်ပြီး ဇွတ်
အတင်း လျှောင်ဖယ်ပစ်နေလိုက်ကြပါသည်။ ငါ့  အလှည့် မရောက်သေး ဟုလည်း မှတ်ယူကြမှာအသေချာပါပဲ။
အရာရာမသေချာသော၊ မမြဲ လွန်းသော လောကကြီးမှာ “ ဗြုန်း ” ကနဲ များ သေသွားခဲ့ သော်... ဆိုသည့် 
စောဒက တက်ရမည့်  မေးခွန်းကိုတော့  မသိချင်ရောင်ဆောင်နေတတ်ကြပြန်ပါသည်။ ဘာကြောင့် ဆိုတော့ 
ကျွန်တော်တို့ က အမှောင်မှာပဲ ပျော်နေတတ်သည့်  မောဟသားများ ဖြစ်နေကြလို့ ပါပဲ ။


သည်လိုဆိုလျင်တော့  ကျွန်တော်တို့  တစ်သက်လုံးပဲ ကြိမ်ဖန်များစွာ ဖြည့်ခဲ့ မိသော ၊ ကိုးကွယ်သည့် ဘာသာ
ဗုဒ္ဓဘာသာ ဆိုတာကို ပယ်ဖျက်ရတော့ မလို ဖြစ်နေပါပြီလို့ ။ သုံးလူ့ ထွတ်တား မြတ်စွာဘုရား ဖြစ်စေချင်ခဲ့ 
သော ဆန္ဒ တစ်ခုကတော့  ကျွန်တော်တို့  အားလုံး တစ်နေ့ သေရမှာပါ ဆိုသည့်  မမြဲသောသဘောကို အချိန်
နဲ့ အမျှ အမြဲပဲ နှလုံးသွင်းနေဘို့ ပဲ မဟုတ်ပါလားလို့ ။ သံသယာမှာ ကျင်လည်နေရသမျှသောကာလပတ်လုံး
သည်လိုပဲ ကြိမ်ဖန်များစွာ သေနေရမှာဖြစ်သောကြောင့် လည်း ဆင်းရဲဒုက္ခ တို့ နှင့်  အမြဲ ပြည့် နှက်နေသော
ကြာညောင်းလှသည့်  ဒီသံသယာကြီးထဲမှ ကျွန်တော်တို့  ၃၁ဘုံသားအားလုံးကို ကယ်တင်ရန် အလို့ ငှာ ၊
ဘုရားရှင်သည် သုမေဓါရှင်ရသေ့ ဘဝမှာပင် အသေလွတ်သည့်  နိဗ္ဗာန် ကို စံဝင်သွားနိုင်ပေမဲ့  မစံဝင်ခဲ့ 
ပဲ လေးအင်္သချေနှင့် ကမ္ဘာတစ်သိန်းလုံးလုံး ပါရမီ( ၁၀ )ပါးကို ဖြည့် ကျင့် ဘုရားဆု ပန်ခဲ့ တာကိုရော ကျွန်တော်
တို့  ကြားဘူး နေခဲ့ ကြသည်မဟုတ်ပါလော..။

ဘုရားရှင်က ကျွန်တော်တို့  ရရှိလိုက်သည့်  အမတန်မှ တိုတောင်းလွန်းလှပါသော သည်လူ့ ဘဝလေးကိုလည်း
အခုလိုပဲ မေ့ မေ့ လျော့ လျော့ ပေါ့ ပေါ့ ဆဆဖြင့် အချဉ်းနှီး၊ အကျိုးမဲ့ စွာဖြင့်  ဖြတ်သန်းလိုက်မိ၍ နောက်ထပ်
ရင်ဆိုင်ရအုံးမည့်  သံသယာဘေးကြီးကို ကြိုမြင်ထားပါသောကြောင့် ကျွန်တော်တို့  အားလုံးကို မမြဲပဲ အချိန်
အခါမရွေး သေ နိုင်ပါသည် ဆိုသည့်  သံဝေဂအသိ၊သံဝေဂ တရားတို့  ကို အမြဲ နှလုံးသွင်း နေရစ်ကြဘို့  မှာခဲ့ 
တာလည်း အထင်အရှားရှိနေပါလျက်နှင့်  ။

ကျွန်တော်တို့  အားလုံး ငယ်စဉ်ဘဝတွေကို ပြန်ပြောင်းစဉ်းစားကြည့် လိုက်လျင် ပုံရိပ်တွေအားလုံးက မနေ့ 
တစ်နေ့  တုံးကလိုပဲ အမြဲ၊လတ်ဆတ် လန်းဆန်းလျက်ရှိနေတုံး ပဲ ဖြစ်ပါသည်။ သို့ ဆိုလျင် ကျွန်တော်တို့ 
အမှုမဲ့ အမှတ်မဲ့  ဖြတ်သန်းနေခဲ့ ပြီးသော လွန်ခဲ့ သည့် ဆယ်စုနှစ်များက သိပ်မကြာခဲ့ သလို ဖြစ်နေမှာအသေချာ
ဖြစ်သလိုပဲ၊ နောက် ကိုယ်နေရအုံးမည်လို့  ယူဆရမည့်  ကျန်ဆယ်စုနှစ်လေးများကရော..တဲ့ ၊ သည်လိုပဲ မြန်နေအုံးမည် မဟုတ်ပါလားလို့  ။

ထိုသဘောထားလေးများကိုသာ လောကသားတို့  အမြဲနှလုံးသွင်းနေနိုင်ခဲ့ လျင် ၊ လောကကြီးတစ်ခုလုံး ဗြဟ္မဆို
တရားထွန်းကားပြီး ညိမ်းချမ်းလာမှာအသေအချာ ဖြစ်ပါသည်။ နေ ဘို့ ကို အမျိုးမျိုးပဲ စီမံကိန်းတို့ ချပြီး ကြိုးစား
နေကြသလို ၊ သေဘို့ ကိုလည်း ကျေကျေနပ်နပ်နှင့်  စီမံကိန်းများချပြီး နည်းလမ်းတွေ ရှာကြံ လေ့ ကျင့် နေကြ
တော့ မှာ ဖြစ်ပါသည်။

လူ့ လောကမှာတော့  ဘဝမြင့် မားဘို့  အောင်ပွဲတွေ အလီလီ ရဘို့  သင်တန်းတွေ ၊ ကျူရှင်တွေ ၊ ကျောင်းတော်
တွေ ဘာသာရပ်တွေ နည်းလမ်းတွေ မြောက်များစွာ ရှိနေသလို ကိုယ့် ဘဝ နောက်ဆုံးနေဝင်ချိန်ကို ရင်ဆိုင်ဘို့ 
တစ်ယောက်ထဲ သေဘို့  နေ့ စဉ်၊နေစဉ် လေ့ ကျင့် နိုင်မည့် သေနည်း သင်တန်းများလည်း ရှိနေပါပြီလို့  ။

ကျွန်တော်ကတော့  “ ကိုကျော်သူ ” ပေးနေသော MESSAGE လေးကို ချဲ့ ချဲ့  ထွင်ထွင် ပဲ စဉ်းစားမိနေတာပါ။

သည်လောက်မြင့် မြတ်လွန်းသည့်  ရည်ရွယ်ချက်တို့ ဖြင့်  လူထုတစ်ရပ်လုံးအတွက် ပေးဆပ်နေတာတောင်မှ
ဟိုး တစ်လောက “ သူ့  ” ကို ပေါ်ပင်ဖြစ်ချင်လို့  လုပ်နေတာပါ ဟု ဝမ်းနဲဘွယ် သမုတ်ခဲ့ သည်ကိုလည်း ကြားသိ
ခဲ့ ရ ပါသည်။

“ ကိုကျော်သူ ” ကတော့  မှန်တာကို လုပ်နေတဲ့ သူ မို့ လို့  မမူ့  ခဲ့ ပေမဲ့  ကျွန်တော်ကတော့  အဲ့ဒီ ပြောတဲ့ သူများ
ကို “ သူ့ ” လို ၊ နေ့ စဉ် ခေါင်းတွေ အများကြီးထမ်းချ မပြပဲ၊ တစ်ရက်တစ်ခေါင်းသာ ပုံမှန်လေး သွားထမ်းပြပါဟု
ပြောလိုက်ချင်ပါသည်။

ဘာပဲပြောပြော ကျွန်တော်ကတော့  “ သူ့  ” လို မလုပ်နိုင်တော့ ပေမဲ့ ၊ “ သူ့  ” ကိုပဲ လေးစား ကြည်ညို လွန်း
ခဲ့ တာကြောင့် တစ်နေ့ နေ့ တော့  ကျွန်တော့် အလှည့် ၊ ကျွန်တော်လည်း လူ့ လောကကြီးရဲ့  EXPIRE ဖြစ်သွား
တဲ့ အလှည့် ကျ ရင် ကိုကျော်သူ နဲ့ ပဲ ထွက်ခွာ သွားခဲ့ ချင်ပါတယ်လို့  ပြောမိရင်းနဲ့ ပဲ “ သူ ” (သို့ ) “ကိုကျော်သူ”
ရဲ့  ပြည့် ခဲ့ သော နှစ်၅၀မြောက်မွေးနေ့  ကို သည်ဆောင်းပါးဖြင့်  ဂုဏ်ပြု ကန်တော့ လိုက်မိပါတော့ တယ်ဗျာ။

( ကျွန်တော်က ဘာကောင်မှ မဟုတ်ပေမဲ့  “ကိုကျော်သူ” ကို ကြည်ညို အားကျ ရှိရင်းစွဲ စိတ်ကလေးနဲ့ ပဲ
ရေးခဲ့ မိတာကြောင့် ၊ အပစ်တို့  အစွန်း တို့  လွတ်လိမ့် မယ်လို့  ယုံကြည်မိပါသည်။ )


...................................................................................................................................


သည်တစ်ခါတော့  အလိုလိုနာနေမည့်  စာ များအစား၊ အလိုလို ပါ နေမည့်  စာ များကိုသာ ကြိုးစားရေးကြည့် 
မိခဲ့ ပါသည်။


( ပြီးပါပြီ )















11 comments:

သဒ္ဓါလှိုင်း said...

လူသားအားလုံးအတွက်စံပြတယောက်အဖြစ်
နမူနာယူပြီးကိုကျော်သူ..ကဲ့သို့လုပ်ဆောင်နိုင်ကြရင်..

sosegado said...

လင်မယားနှစ်ယောက်လုပ်နေကြတာ၊ ဂုဏ်ယူစရာကောင်းတဲ့ အလုပ်တွေပါပဲ၊
မွေးနေ့မှာ မုတ်ဆိတ်မွေးရိတ်မယ်ပြောတာ ရိတ်သလားမသိဘူး၊

Anonymous said...

အမယ်လေးဗျာ

အပေါ်က ကိုစိုစိ ကလည်း အရေးထဲ မုတ်ဆိတ်မွေး သတိရနေသေးတယ်

အဖြူလေး ရေ ကျေးဇူးဘဲနော် လူကောင်းတွေ လူတော် တွေ အကြောင်း ကြားရတာကောင်းတယ် ဟိုမျောက်မင်းသား လွင်မိုး အကြောင်းတော့ ကြားချင်ဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မိုးခါး said...

ဟုတ်ပါတယ်
တကယ်အားကျ လေးစားစရာကောင်းပါတယ် ..
သေခြင်းတရားဆိုတာလည်း မေ့မနေသင့်တဲ့အရာပဲလေ .. ကိုယ်က ရက်ချိန်းလည်း ယူထားတာမဟုတ်တော့ .. ဗြုန်းစားကြီး တွေ့လိုက်ရရင်တော့ ..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တိုင်တောင် သူ့လို လုပ်နိုင်ဖို့ သူ့လို စွန့်လွှတ်နိုင်ဖို့ တကယ်ကို မလွယ်ပါဘူး။ ကိုယ်မလုပ်နိုင်တာကို စွမ်းစွမ်းတမံ လုပ်နိုင်သူမို့ လေးစားပါတယ် ချီးကျူးပါတယ်..
အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြတဲ့ ကိုကျော်သူပါ။ ပကာသနမဖက်ဘဲ အားလုံးအတွက် စွန့်လွှတ်နိုင်တဲ့ ကိုကျော်သူပါ။
ယခုမွေးနေ့ကစပြီး သက်တော်ရာကျော်ရှည်ပါစေ
လူသားများအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေရှင်။
ကိုကျော်သူအကြောင်း မျှဝေပေးတဲ့ ကိုအဖြူလေးကိုလည်း ကျေးဇူး အထူးပါ။

သောစေယျံ said...

အင်း ကိုကျော်သူ့အကြောင်းလေးရေးတဲ့အတွက်ကျေးဇူးပါပဲ ဒို့လဲဘဲကိုကျော်သူကိုလေးစားတယ်ဦးဇာဂနာကြီးအကြောင်းလဲရေးအုံးနော် ကိုကျော်သူလုပ်တာတွေကပါရမီမြောက်ပါတယ် အော် ပါရမီ ဆိုတာ မြင့်မြတ်သူတို့လမ်းစဉ်နော် နေ့တိုင်းလဲ ကိုကျော်သူ မရွှေဇီးကွက် ကိုဇာဂနာ တို့ကျန်းမာဘို့ သီးတန့် ထူးရှယ် မေတ္တာပို့နေတယ်ဗျာ အဖြူလေးရေ.......

ဖေ့စဘွတ် ဘော်ဒါ said...

ကိုဖြူလေးရေးတဲ့ကိုကျော်သူ အကြောင်းဖတ်ရတာ ရှင်းလင်းရိုးစင်းပြီး သင်္ဂါရ ရသ စစ်စစ်ကိုရပါတယ်.....

ကိုဇော် said...

မော်ကွန်းထိုးလောက်တဲ့ အာဇာနည် ရဲရဲတောက် ဇနီးမောင်နှံပေါ့ဗျာ။ ဒီဘဝတင် မကဘူး နောင်ဘဝ အဆတ်ဆတ်ထိကို ပါရမီပါဖို့ တိုကင် ယူထား သလိုပါပဲလား။ မွေးနေ့မှ အမြဲတမ်း တတ်ကြွစွာ လူမှုရေးကိစ္စတွေ ဆက်လက်ဆောင်ရွက်နိုင်ပါစေ။

မိုးယံ said...

ဦးသုခကို ကိုကျော်သူက ကားမောင်းပို့ ကိုကျော်သူကို ကျွန်တော် ကားမောင်းပေးခွင့်ရရင် ကောင်းမယ်။

အတပ်တော့ပြောမရဘူးလေ ။ သူမောင်းတဲ့ ကားလဲ ကျွန်တော် စီးရင်စီးနေရမှာ

ကိုဇော် said...

ကိုအဖြူလေးရေ.. နောက်နောက်ပြောင်ပြောင်သော် လည်းကောင်း အတည်သော်လည်း ပြောမိတဲ့ စကားတွေ ထဲမှာ အမှားပါခဲ့ပြီး ကာယကံ ၊ ဝစီကံ နဲ့ ပတ်သတ်သော အပြစ်များကို ခွင့်လွှတ်ပါရန် လေးစားစွာ ဝန်ချကာ ရှိခိုး တောင်းပန်ပါတယ်ဗျာ။

ကိုအဖြူလေးလည်း စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

အနော် said...

လေးစားတဲ့ လေးစားလောက်တဲ့ လူတွေအထဲမှာ ကိုကျော်သူက ထိပ်ဆုံးက ပါတယ်.. ကိုကျော်သူလိုမျိုး မလုပ်နိုင်ပေမဲ့ ကိုကျော်သူရဲ့စိတ်ထားကို ဂုဏ်ပြုတယ် ကြည်ညိုတယ် လေးစားအတုယူမိတယ်.. ဒီပို့စ်လေး ရေးသားဂုဏ်ပြုတဲ့ အကိုအဖြူလေးကိုလဲ ကျေးဇူးတင်ပါတယ် အကိုရေ..
ရွှင်လန်းချမ်းမြေ့ပါစေ