Thursday, October 28, 2010

ကျွန်တော်သိလိုက်ရသော“ အကိုကြီးကျောက် ”

“ စာတွေများများရေးပါဦး..”
( ကိုယ်တိုင်မရေးနိုင်တော့ လို့  သူများပြောနေတာ .. အဟဲ ) တဲ့ ။
ပြောလာခဲ့ သူက အဘကျောက်ပါပဲ ။ ကျွန်တော့်  စီ ဘောက်(စ) ထဲမှာ ဖြစ်ပါသည်။
သည်စာတန်းလေးတွေကို ကျွန်တော်မြင်လိုက်လျင်မြင်လိုက်ချင်းပဲ မရင်းနှီးခဲ့ ပေမဲ့  ရင်းနှီး သွားသလို ခံစားရပြီး
စိတ်ထဲမှာလဲ အတော်လေးမကောင်းသလို ဖြစ်သွားခဲ့ ရပါသည်။

ကျွန်တော်က ကိုဇော်၏ အဘကျောက်အတွက် ရေးထားသော ပို့ (စ)လေးကို ကွန်မန့် ပေးခဲ့ တုံးက ဘလော့ ရွာ
ကြီးထဲတွင် မြုံစိစိနေတတ်သောကြောင့်  မိတ်ဆွေ သိပ်နဲ နေသည့် အတွက် ဝင်လိုက်မိသော ဘလော့ လေးတွေ
ထဲမှာပင် ကျန်းမာရေး မကောင်းနေသော အဘကျောက်အတွက် အားပေးဆုတောင်းကြသည့်  စာတွေကို
အကြိမ်ကြိမ်ဖတ်မိနေခဲ့ ပြီး အများက ချစ်စနိုး ခေါ် ခေါ် နေကြသည့်  အဘကျောက်ကို မခင်သေးဘူးပေမဲ့ 
စာနာစိတ်နှင့် ပင် စိတ်မကောင်းဖြစ်မိပါကြောင်း ... စသည်ဖြင့် ၊ ရေးပေးခဲ့ မိပါသည်။ သွားရောက်ဆက်သွယ်
အားပေးနိုင်ရန် အဘကျောက်၏ လိပ်စာ လေးကို သူ့ ပို့ (စ)လေး၏ အောက်နားတွင် ဖေါ်ပြပေးထားသော်လည်း
ကျွန်တော်ဆက်မလိုက်ခဲ့ မိပါလေ။

အကြောင်းကတော့  ကိုဇော်ရေးခဲ့ သလိုပင် အားပေးဘို့ ခက်၊သတင်းမေးဘို့ ခက်နေသည်ကတစ်ကြောင်း ၊
စောစောက ပြောသလို မခင်ဘူးသေးသည်က တစ်ကြောင်း စသည့်  လူမှုရေး ညံ့ ဖျင်းအားနည်းလွန်းသော
အကြောင်းပြချက်တို့ နှင့် ပဲ မြုံစိစိ လုပ်နေခဲ့ မိနေပေမဲ့  စာတွေရေးနေတာကို ဝါသနာပါတတ်သည့်  သူ အချင်း
ချင်းမို့  ရင်ထဲမကောင်းခဲ့ တာတော့ အမှန်ပါ ။

အဲ့ ဒီတုံးကများ ကိုဇော်ရေးသော အဘကျောက်ပို့ (စ)လေးကိုဖတ်ပြီး ကိုယ့် ကိုယ်ကို တကယ်ပဲ သံဝေဂ တရား
တို့ ၊ အသိတရားတို့  ရနေပြီး ၊တော်တော့ ကို တည်ငြိမ်ရင့် ကြက်လွန်းသည့်  လေသံ အရေးအသားတို့ ဖြင့် 
ကွန်မန့် ပေးခဲ့ မိပါသည်။ ကျွန်တော်တို့ လည်း တနေ့ ရင်ဆိုင်ရတော့ မှာ.. ဘာညာ ပေါ့ ဗျာ ။ မရွှေစင် ဆီမှာ
လည်း အဲ့ ဒီလေသံ အတိုင်းပါပဲ ။ “ ငါ ” ကလေး ၊ “ ထင်ကလေး ” ကိုယ့် ကိုယ်ကို အထင်ကလေး ပေါ့ နော် ၊
ဖြစ်နေပုံများကိုပြောတာပါ။

ဒါပေမဲ့ .... အဘကျောက် ( ကျွန်တော်ကတော့  အကိုကြီး လို့ ပဲ ချစ်ခင်စွာ ခေါ်ဝေါ်သုံးစွဲမိခဲ့ ပါပြီ ) ရဲ့  ၊မမျှော်လင့် 
ပဲ သူကိုယ်တိုင် ကျွန်တော့် အိမ်ကလေးကို “ ဗြုန်း ” ကနဲ ရောက်လာပြီး ၊ အာလုပ်စကား၊ နှုတ်ဆက်အားပေး
စကားပြောလာလိုက်တော့  အရမ်းပဲ အံ့ သြ ဝမ်းနဲခြင်းတို့  ဖြစ်ခဲ့ ရပါတော့ သည်။

အလုပ်ထဲမှာလဲ တစ်နေကုန် ဒီအကြောင်းတွေပဲ တွေးနေမိပါသည်။

အကိုကြီး၏ လေသံကတော့  တကယ်အပြင်မှာဆိုလဲ ဘယ်လောက်ဝေးဝေး ၊ အိမ်တိုင်ရာရောက် လိုက်လာ
နှုတ်ဆက်တော့ မည့်  လေသံ မျိုး လို့  ကျွန်တော်ခံစား လိုက်မိလို့ ပါ ပဲ ။ စကားပြေနဲ့ မရေးတော့ ပဲ ၊ စကားပြော
နဲ့ ပဲ ရေးတော့ မယ်နော်၊ ဒါမှ ပိုရင်းနှီးတော့ မှာ..။

အော... ကျွန်တော်တို့  POSITION လွဲကုန်ကြပြီ အကိုကြီးရေ့  ...။
ကျွန်တော်က လာရမှာလေ၊ ရေးဘက်ခြင်းဖြစ်နေသလို ကိုယ့် ထက် စီနီယာလဲ ဖြစ်နေတယ်မဟုတ်လား။
စာပေအပေါ် ၊ ရေးဖော်ရေးဖက် ဝါသနာတူများအပေါ် ၊ ဘလော့ ရွာ ကြီးအပေါ် ကျောသား၊ရင်သားမခွဲခြားပဲ
တွယ်တာ သံယောဇဉ် ကြီးနေတတ်သူတစ်ယောက် ဆိုတာကို အကိုကြီး ကျွန်တော့် ကို ကောင်းကောင်းနေ
မကောင်းသည့် ကြားက လာရောက်နှုတ်ဆက်သွားသည့်  စာတန်းလေးတွေကို မြင်ပြီးပြီးခြင်းပဲ ကျွန်တော်
သိခဲ့ ပြီးပါပြီ လို့ ။ ပြီးတော့  ကျွန်တော့် လို “ ငါ ” ရှိမနေသူ ၊ ပွင့် ပွင့် လင်းလင်း ပျော်ပျော်ရွှင်ရွှင် နေတတ်သူ
တစ်ယောက်လဲ ဖြစ်မှာအသေချာပါပဲ။

ဟိုးတောင်ထိပ်ပေါ်ကနေပြီးတော့  လယ်ကွင်းထဲက ကောက်ရိုးပုံကလေးထဲမှာ ပျော်နေတတ်တဲ့  နွားတစ်ကောင်
နဲ့ တူတဲ့ ကျွန်တော့် ကို အကိုကြီးက ငုံ့  ကြည့် လိုက်တာကိုး ..လို့ ။


အကိုကြီးရေးခဲ့ တဲ့  ကနီ ရွာကိုမြစ်ကမ်းပါးအတိုင်း ပရိတ်တွေရွတ်ပြီး ခြေကျင်လျှောက်သွားတုံး သူယောင်မယ်
တွေ အသံပေးတဲ့ ပို့ (စ) လေးကိုလည်း ကျွန်တော်လာဖတ်သွားပြီးကတဲက၊ ခြေသလုံးအိမ်တိုင်ဘဝနဲ့  ရွာရိုး
ကိုးပေါက် လျှောက်သွားခဲ့ ရတဲ့  ကျွန်တော့် ရဲ့  ဟိုတုံးက ရေနံ အလုပ်သမားဘဝ ကို ကွက်ခနဲပဲ ပြန်ပြောင်း
သတိတရ ဖြစ်မိသွားတယ်အကိုကြီးရေ့  ။ဒါကြောင့် လဲ အကိုကြီးလဲ ကျွန်တော့် လိုပဲ လောကကြီးကို ကြုံသလို
ကျသလို ရင်ဆိုင်၊ယှဉ်ပြိုင် အနိုင်ယူတတ်တဲ့  သူ တစ်ယောက်ဆိုတာ ပြောရဲတာပါနော်။ ကျွန်တော်တို့  ရေပါး
သွား ၊ ရေစူးတိမ်တဲ့  သင်္ဘောတွေလဲ ခဏ၊ ခဏ သောင်တင်တာပဲလေ အဲ့ ဒိဘက်မှာပဲ ၊ ဝါးတွေနဲ့  ထောက်စမ်း
ပြီး တက်ရတာ ၊ ပန်ကာတောင်သိပ်လည်အောင် မလှည့် ရဲဘူး၊ SLOW ပဲ ဆိုပါတော့ ၊ စက်များ တင်လိုက်ရင်
အောက်က ဗွက်တွေ ထ ထ လာပြီး သင်္ဘော ဖင်ထိုင်သွားတော့ တာပဲ ။


“ အဟဲ ” အကိုကြီးရဲ့  လေသံ ကို ကူးချတာမဟုတ်ဘူးနော်..။
အဲ့ ဒီတုံးက ကလေးဝ ဘက်ကို ဆန်တက်နေတဲ့  ကျွန်တော်တို့  ရေနံဇက် ပိုက်လိုင်နာ ( 4 ) ကို အကိုကြီးသတိ
မထားမိဘူးလား၊ ညနေ နေဝင်နေပြီလေ ၊ ကျွန်တော်ကတော့ အဲ့ ဒီကတဲက တွေ့ ခဲ့ တာလေ ၊ အကိုကြီးကို..။
ပုဆိုးကို လက်နှစ်ဖက်နဲ့ ဒူးတွေ ပေါ်အောင် မ ပြီး ငိုက်စိုက်၊ ငိုက်စိုက်နဲ့  လျှောက်နေလိုက်တာများ ၊ ဘယ်သူ့ မှ
လူမထင်တဲ့  ပုံစံမျိုးလေ၊ ဒါကြောင့်  သူယောင်မယ်တွေ ရယ်ကြတာ ၊ ( နောက်တာပါနော် )
ကလေးဝ ၊ ချင်းတွင်း ရေကြောင်းက ရေပါးလွန်းတယ်လေ၊ ဘာတဲ့  စကားပုံတောင်ရှိသေး.. အထက်မှာရွှေ ၊
အောက်မှာ ပေ ၊ အလယ်ဝက်သိုက် မျက်ဖြူဆိုက် တဲ့ ၊ သဘောင်္သားလောက က စကားပုံလေ၊ မုံရွာကလေးဝ
တကြောမှာတော့  ရွှေတစ်ချောင်းဝဲ ကတော့  နာမည် အကြီးဆုံးပဲ ၊ အဲ့ ဒီနားမှာ သူ ဆွဲနှစ်ထားတဲ့  လှေ၊
သင်္ဘောတွေ မနည်းဘူးပဲ။

ကျွန်တော်အကိုကြီးအကြောင်း ဘေးကိုရေးနေသည့် စာများကို ဘလော့ စာမျက်နှာပေါ် အမြဲရှိနေသောအကိုကြီး
က ဖတ်မိသွားတာကိုး..။

ကျွန်တော် အကိုကြီးရဲ့  အကြောင်းတွေ ဘလော့ စာမျက်နှာတွေပေါ်မှာ ပလူပျံနေချိန်မှာ ၊ ကိုကျော်သူ့  ကို
အားကျ ဂုဏ်ပြုချင်လွန်းလို့  သူ ( သို့  ) ကိုကျော်သူ ဆိုတဲ့  ပို့ (စ)လေးကို ရေးနေ၊ တင်နေတဲ့  အချိန်တွေ ပါပဲ။

တစ်နေ့  ကျွန်တော် လောကကြီးရဲ့  EXPIRE များ ဖြစ်သွားရင် ၊ ကိုကျော်သူရဲ့  မောင်းပို့ တဲ့ ကားပဲစီးသွားချင်နေ
သလိုလို၊ အရာရာကို တွယ်တာမနေသင့် ပဲ တစ်ယောက်ထဲသေ ဘို့  နေနည်းပေါင်းစုံ တွေ သင်တန်းဘာသာရပ်
တွေ ရှိနေသလို၊ သေနည်းသင်တန်း များလည်း ရှိနေပါသည် ဘာဘာညာညာ ပေါ့ ဗျာ..။

အခုလို စိတ်မကောင်းဖြစ်နေတော့ မှ ပဲ အဲ့ ဒိတုံးက ရေးလိုက်မိတဲ့  ကျွန်တော့် အရေးအသားတွေ ဘယ်လောက်
အောက်ခြေလွတ်ကြီးကျယ်နေပါသလဲ ဆို တာတွေ ပြန်စဉ်းစား လာမိတယ်ဗျာ..။

ကိုကျော်သူ့  လို အပြောနဲ့  အလုပ် မညီ နိုင်ခဲ့ လို့ ပါပဲ။
ကျွန်တော်က တကယ်တော့  သိ သလိုလိုနဲ့  တကယ်ပဲ မသိခဲ့ တာ၊ မသိသေးတာပါပဲ ၊
သံဝေဂ တွေ ရသလိုလိုနဲ့  တကယ်တော့  ဘာမှ မရသေးတာပါပဲ အကိုကြီးရေ့ ..၊

အကိုကြီးက ကျန်းမာရေးအရ အပြင်းအထန် အနိုင်ယူဘို့  ကြိုးစားနေရတဲ့  ကြားထဲက အရာရာကို တည်တည်
ငြိမ်ငြိမ်နဲ့ ပဲ ၊ အရင်အတိုင်းပဲ ခင်ခင်မင်မင် ပျော်ရွှင်ရွှင် နေ နေ နိုင်တာ ကိုပါပဲ ။ စာ ကိုလည်းမရေးနိုင်သေးပေမဲ့  ရအောင်တော့  ဖတ်နေသေးတယ်မဟုတ်လား ။

အဲ့ ဒါ ကျွန်တော်လေးစားသွားတဲ့ အချက်လေ အကိုကြီးရဲ့  ။
အရှုံးမပေးတာလေ ၊ ကျွန်တော်ဆို လုပ်နိုင်ဘို့  မလွယ်ပါ ။
တကယ်တော့  လူဘဝ ဆိုတာ “ တိုက်ပွဲ ” တစ်ခုပဲ မဟုတ်လား အကိုကြီး ရာ...။
ဒီတိုက်ပွဲကြီးထဲမှာ ကိုယ် က ဘယ်လောက်အထိ မှတ်ကျောက် အတင်ခံနိုင်ခဲ့  မလဲ ဆိုတာသာ အရေးကြီးမှာပါ။

ဘဝတစ်လျှောက်လုံးမှာ အောင်ပွဲတွေ အလီလီ ရဘို့  ကျားကုတ်ကျားခဲ ၊ တိုက်ပွဲအလီလီ ဆင်နွှဲခဲ့ ရသလိုပဲ...
ကျွန်တော်တို့ ဆကလက်ကျင်လည်ရအုံးမဲ့  သံသယာအတွက်လဲ အနိုင်မခံ အရှုံးမပေးစတန်း တိုက်ပွဲတွေထပ်ပြီး
ဆင်နွှဲရအုံးမှာမဟုတ်လား ...လို့ ။

ဘဝတိုက်ပွဲအတွက် ဘဝ ရဲ့  အချိန်တွေ သုံးစွဲခဲ့ ရသလို၊ သံသယာတိုက်ပွဲ အတွက်လဲ ကျန်တဲ့ အချိန်တွေကို
သုံးစွဲရမယ်လို့  ကျွန်တော်တော့  မြင်တယ်အကိုကြီး ။ ( အင်း.. ပြောရင်းနဲ့  ကျွန်တော်တော့  စာသိတွေ ၊
စာစကားတွေ ပါလာပြန်ပြီဗျာ၊ နားလည်ပေးပါနော်၊ ဖြစ်အောင်တော့ လုပ်မှာပါ )

ပြီးတော့ လေ ကျွန်တော့်  အလှည့် ကျရင်လဲ အကိုကြီးကို အတုယူပြီး ရင်ဆိုင်တိုက်ပွဲဝင်ဘို့  အခုကတဲက
ပြင်ဆင်ထားတော့ မယ် .. လို့ ။

ကျွန်တော်တစ်ခုထပ်တောင်းဆိုချင်ပါတယ်အကိုကြီးရာ..။
မြုံစိစိနေခဲ့ မိလို့  အကိုကြီးနဲ့ တွေ့ ရတာ နောက်ကျခဲ့ ပြီး ၊ အကိုကြီးရေးခဲ့ တဲ့  စာတွေကို သူများနောက်မှ
ဖတ်ရတော့ တာကြောင့်  နောက်များဆိုရင်လေ.... ကျွန်တော် အရင်ဆုံးလာဖတ်တော့ မယ်ဗျာ..။
အကိုကြီးရဲ့  ရွှေရတုမှတ်တမ်း ဆိုတဲ့  ဘလော့ လေးကို စိန်ရတုမှတ်တမ်း ရောက်တဲ့ အထိ ၊ အို .. ပတ္တမြားရတု
အထိဗျာ...။

ဒီတော့  အကိုကြီး စာပြန်ရေးနိုင်အောင်ကြိုးစားထား ၊ အားတင်းထား ။
ကျွန်တော် မေတ္တာပို့ ပေးမယ်လေ..၊ မရယ်နဲ့ နော်၊ မေတ္တာပို့ တာပြောသလောက်မလွယ်ဘူးတဲ့ ။
ကိုယ့် မှာ အအေးဓါတ်ကလေးရအောင် အရင်ကြိုးစားရတာလေ၊ ကိုယ့် ရင်ဂျိုင့် ကလေးထဲမှာ... တကယ်ပဲ
အေးလာပြီဆိုမှ သူများတွေဆီ ပို့ လွှတ်ရတာပါတဲ့ ။ တကယ်အေးရင် တကယ်စွမ်းပါတယ်နော်...။
မုန်းတဲ့ သူတောင်ပို့  လို့ ရပါတယ်တဲ့ ။ အကိုကြီးကတော့  မုန်းတဲ့ သူ ရှိမယ်မဟုတ်ပါ ။

...........................................................................................................................................



( နောက်ဆုံးမှ ခင်ရတဲ့  အဖြူလေး )





13 comments:

SHWE ZIN U said...

အဖြူလေး ရေ

ကိုကြီးကျောက် သာ ဖတ်ရရင်တော့ သဘောကျ သွားမှာပါ

အဖြူလေး ရဲ့ မေတ္တာပို့တာကို ကိုကြီးကျောက် နဲ့ အားလုံး ခံယူနိုင်ဘို့ ဆုတောင်းပါတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မိုးယံ said...

ကို အဖြူလေးရေ နောက်ဆုံးမှ ခင်ရတယ်ဆိုပြီးလဲ စိတ်မကောင်းမဖြစ်ပါနဲ့။ ခင်မင်မှု က အချိန်တိုင်းတာ နဲ့ မဆိုင်ပါဘူးဂျာ။ အနော်နဲ့ ဘကျောက်လဲ ခင်တာ မကြာသေးဘူး ဒါပေမယ့် ဘကျောက်နဲ့ ချက်ဖြစ်တဲ့ တော့ ဖြစ်တဲ့ အချိန်တွေမှာ ဆို သူစိမ်းမဆန်တာ သေချာတယ် ဘကြောက်က အသံတိုးတိုး မှန်မှန်နဲ့ ရယ်ရွှင်ဖွယ် ရင်မောဖွယ်တွေ ပြောတတ်တဲ့ ချစ်စရာ အစ်ကိုကြီးတစ်ယောက်ပါဗျာ။

sosegado said...

ကိုကြီးကျောက်အတွက် အားတစ်ခုတော့ ဖြစ်သွားပါပြီ
လေးစားလျှက်၊

ကိုဇော် said...

ကိုအဖြူလေး ရေးထားတာ ပြည့်စုံပါတယ်ဗျာ။
ရှေ့တွေ ၊ နောက်တွေ ၊ အရင်တွေက အဓိက မကျပါဘူး ခင်မင်မှု ဆိုတာ အတိုင်းအဆမှ မရှိတာ။
ကိုအဖြူလေး ရေးထားတဲ့ အထဲက ကျနော် နှစ်သက်တာကို ကျနော် ကြားဖူးတဲ့ စကားလေးနဲ့ ကိုကြီးကျောက် အတွက် ထပ်ပြောကြည့်မယ်ဗျာ။

“ လူဆိုတာ ငါ ဘာဖြစ်ချင်တယ် ဆိုတာထက် ငါ ဘယ်လို ဖြတ်သန်းခဲ့တယ် ဆိုတာက အဓိကပါ။ ဒါ . . ကိုယ့် သမိုင်းမှတ်တိုင်တွေပဲ မဟုတ်လား။ ”

တဲ့ဗျာ။

မိုးခါး said...

ရွှေရတု စိန်ရတု ပတ္တမြားရတုတွေ တူတူဆင်နွှဲဖို့ မောင်နှမတွေအကုန်လုံးစောင့်နေကြတာလို့ပါ ပြောလိုက်ပါဗျာ ..း)

မေတ္တာတရားက အစွမ်းထက်ပါတယ် ..း)

khin oo may said...

သက်တော်ရာကျော်ရှည်ပါစေ ကိုကိုကျောက်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခင်မင်လေးစားရတဲ့ အာဂသတ္တိရှင်ကိုကြီးကျောက်
အရာရာကို အောင်မြင်စွာ ကျော်လွှားနိုင်ပါစေရှင်။

မြတ်မွန် said...

အကိုရေးထားတာ တကယ့် အားဆေး တစ်ခွက်ပါပဲ။
ဖတ်ရင်းနဲ့ ကိုရီးကျောက်ကိုလဲ မြင်မိတယ်။
သံဝေဂလေးတွေနဲ့ သတိထားစရာလေးတွေ
ဖြစ်မိပါတယ်။
နေမကောင်းဖြစ်တဲ့အခါ ဖြစ်ပေါ်ရတဲ့ လူ့စိတ်အခြေအနေကို ကောင်းကောင်းနားလည်ပါတယ်။
အဲတာကြောင့် ကိုရီး ကျောက်ကို တကယ်လေးစားတယ်။
ရောဂါဖြစ်နေတဲ့အခါ နေရ ထိုင်ရ တော်တော်လေးမကောင်းဘူး။ အိပ်မရ စားမရ။ ရောဂါကို မေ့ထားလို့ မရတာ ခက်တယ်။အနာရောဂါ ဖြစ်တဲ့အခါ တော်တော်လေး စိတ်ပင်ပန်းဆင်းရဲရတယ်။
ကိုရီးကျောက်ကို ကိုယ်ခြင်းစာတယ်။
မြန်မြန်ပျောက်ကင်းသွားပါစေ။
ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ သတ္တဝါတွေ အားလုံး အနာရောဂါ ကင်းဝေးကြပါစေ။

ဧပရယ်လ်ပူး@ပူးတေ said...

ကိုအဖြူလေးရေ

တခါမှမရောက်ဖူးလို့ အစ်ကိုခေါ်ရမလား အစ်မခေါ်ရမလားမသိဖြစ်နေတာ။ ကွန်မန့်တွေမှာ ကြည့်လိုက်တော့ သူများတွေက ကိုအဖြူလေးဆိုလို့ ကိုအဖြူလေးလို့ပဲ လိုက်ခေါ်ပါရစေ...
ကိုကြီးကျောက် နာမည်တွေ့လိုက်လို့ လိုက်လာတာ... ပူးတေတို့လဲ ကိုအဖြူလေး ရေးထားတဲ့ အတိုင်းပါပဲ။ (ပူးတေတို့လို့ပြောတာက ပူးတေနဲ့ အမျိုးသားနဲ့ ၂ ယောက်ပါ။ ပူးတေက ဘလော့ပေါ်က လူတွေ အကြောင်းကို အမျိုးသားကို ဖတ်ပြ၊ ပြောပြလေ့ရှိတယ်။ ကိုကြီးကျောက်အကြောင်းတွေကိုလည်း အမျိုးသားကိုပြောပြဖူးလို့ သူလဲ သိနေတယ်လေ။) ကိုကြီးကျောက်ဆီ အမြဲသွားလည်ဖြစ်ပေမယ့် တခါမှ မမန့်ခဲ့ဖူးဘူး... ခုနောက်ပိုင်း ကိုကြီးကျောက်ရဲ့ ရောဂါအခြေအနေတွေကို သိရတော့မှ နှုတ်ဆက်စကားသွားပြောချင်ပေမယ့်လဲ အားနာတဲ့ စိတ်ကြောင့်ရယ်၊ ဘာပြောရမှန်း မသိတာတွေကြောင့်ပဲ သွားမနှုတ်ဆက်ဖြစ်ခဲ့ပါဘူး...ကိုကြီးကျောက်လို့သာ သူများတွေခေါ်လို့ လိုက်ခေါ်နေတာ။ တကယ်က ကိုကြီးကျောက်က ပူးတေအဖေထက် ၁ နှစ်လား ၂ နှစ်လားတောင် မသိဘူး ကြီးသေးတယ်။ တကယ်ဆို ဦးလေးကျောက်တို့ လေးလေးကျောက်တို့ ခေါ်ရမှာ။ တကယ်ကို လေးလေးနက်နက် ပြောတာပါ။

ခုလဲ သူ့ဘလော့မှာ ပို့စ်အသစ်မတက်လို့ စိတ်ပူနေတုန်း ကိုအဖြူလေးရေးထားတာတွေ့လို့ စိတ်ပူပြီး ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း အစ်ကို့စာကို လာဖတ်ဖြစ်တာပါ.... အိမ်က အမျိုးသားကတော့ နှုတ်ဆက်စကားလေးဘာလေး သွားပြောပါလား... မြန်မာပြည်က ဘယ်လို မြန်မာ့ရိုးရာဆေးဝါးတွေ ဓါတ်စာမျိုးတွေလိုအပ်လဲ။ ပို့ပေးရမလား သွားမေးလိုက်ပေါ့။ သူ့နေရာမှာက မြန်မာက သိပ်ရှိတာ မဟုတ်ဘူး...လိုအပ်တာ ကူညီလို့ရတာ ကူညီလိုက်ပေါ့လို့ ပြောဖူးပါတယ်...နောက်ပြီး သူက ကိုကြီးကျောက်ရဲ့ ရုံးမင်းတထိုင်ပို့စ်တို့ ဘဓရ က အလုပ်အတွေ့အကြုံပို့စ်တွေ ဖတ်ပြီး ကိုကြီးကျောက်ကို စိတ်ထဲကနေကို ခင်နေတာလေ...ပြီးတော့ ရှေ့မှီ နောက်မှီ လူကြီးတယောက်ရဲ့ ခေတ်အကြောင်းတွေ အတွေ့အကြုံတွေ ဖတ်ရတာ ဗဟုသုတရကြောင်းနဲ့ သူ့လိုမျိုး အတွေ့အကြုံများပေမယ့် ဘလော့ရေးပြီး ဒါမျိုး share ပေးဖို့ ဝါသနာပါတဲ့လူ နဲကြောင်း၊ ဒီလိုဘလော့ဂါမျိုး မရှိသေးကြောင်းတွေ ချီးကျူးခန်းတွေ ဖွင့်လေ့ရှိကြတယ်။ ဒီလိုမျိုး ဆရာဝန်ပြောသလိုသာ တကယ်ဖြစ်ရမယ်ဆိုရင် နှမြောကြောင်းနဲ့ မဖြစ်စေချင်ကြောင်း နှစ်ယောက်သား အတိုင်အဖောက်ညီညီ စကားလက်ဆုံကျလေ့ရှိကြသေးတယ်...

နောက်ဆုံးကျရင်တော့ နှစ်ယောက်သား နိဂုံးချုပ်လိုက်တာကတော့ ကိုကြီးကျောက်ကမှ ဒီလိုမျိုး ဆရာဝန်က မှန်မှန် မှားမှား ၆ လလို့ ပြောလိုက်တဲ့အတွက် သူ့နောက်ပါမယ့် တရားဓမ္မများ၊ ကုသိုလ်ကောင်းမှုတွေကို ကြိုတင်ပြင်ဆင်နိုင်သေးတယ်.... ကိုယ်တွေကမှ ခုနေ ငေါက်ကနဲ သေသွားရင်တောင် ဘာမှ မပြင်ဆင်လိုက်ရလို့ ဘာမှကိုယ့်နောက်ပါမှာ မဟုတ်ဘူးလို့ ကိုကြီးကျောက်အတွက် ဖြေတွေးလေးတွေးရင်းနဲ့ ကဲ မိန်းမရေ ကိုယ့်နောက်ပါမယ့် အလုပ်လုပ်ကြအောင်ဆိုပြီး ဘုရားရှိခိုး တရားထိုင်၊ မေတ္တာပို့နဲ့အဆုံးသတ်လေ့ရှိကြပါတယ်။ အဲလိုညမျိုးဆိုရင်တော့ ကိုကြီးကျောက်အတွက် သီးခြား နာမည်ပါတပ်ပြီး မေတ္တာပို့ဖြစ်တယ်။ ဒီအတိုင်းဆိုရင်တော့ အားလုံးကို ပို့တဲ့ မေတ္တာထဲပဲ ပါတယ်လို့ပဲ ဆိုရတော့မှာပေါ့။

သူ့ဘလော့ သွားဖတ်တိုင်းလဲ ကိုယ်တွေ မသိသေး၊ မမှီလိုက်တဲ့ ဗဟုသုတ ၊အသိတခုခုတော့ တိုးတာ သေချာပါတယ်။

ကိုကြီးကျောက် ကျန်းမာချမ်းသာ အသက်ရှည်၍ တရားဘာဝနာကို လုပ်သလောက် ထိရောက်နိုင်ပါစေလို့ ဘလော့ မောင်နှမတွေနဲ့ အတူတူ ဆုတောင်းပေးလိုက်ပါတယ်.....

ကို အဖြူလေးရေ ကျေးဇူးလဲတင်တယ်... ကွန်မန့်ရှည်သွားလို့ အားလဲ နာတယ်။

ခင်မင်စွာဖြင့်
ပူတေ

အဖြူရောင်နတ်သမီး said...

ဘကျောက်ရဲ့နာမည်တွေ့လို့ စာလာဖတ်ပါတယ်...
ဘကျောက်အတွက် အားဆေးတခွက်ပါပဲ...
ဘကျောက် နေကောင်းပါစေ...

သင်း said...

ကိုကြီးကျောက်ဆိုလို့စာလာဖတ်ပါတယ်
ကိုကြီးကျောက် အမြန်နေကောင်းပါစေလို့
ဆုတောင်းနေပါတယ်

ပေါ့ဆိမ့် said...

ကျွန်တော်လည်း ဘကျောက်ကို လူချင်း မရင်းနှီးပေမယ့် သူ့ဘလော့လေးဆီတော့ သွားလေ့ရှိပါတယ်။ ကိုယ်တိုင်ပျော်အောင်နေပြီးတော့ သူများကိုလည်း စိတ်ချမ်းသာအောင် ပြောတတ်သူလို့ မြင်ပါတယ်။ မြန်မာပြည်ပြန်နေတဲ့ရက်က လိုင်းပေါ်တတ်တုန်း (အဲဒီနေ့က ကိုကျော်နဲ့ လည်းဆုံဖြစ်သေးတယ်လေ) သူငယ်ချင်း တစ်ယောက်နဲ့ ဆုံပါတယ်။ သူဆီက သတင်းစကားက ဘကျောက် ကျန်းမာရေးမကောင်းဘူးတဲ့။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် စိတ်မကောင်းတဲ့ အကြောင်းတွေ ပြောဖြစ်ကြပါတယ်..
ဘကျောက် နေကောင်းပါစေ ...

ရွှေရတုမှတ်တမ်း said...

အဖြူလေးရေ...
ကိုကြီးကျောက် ပြီးခဲ့တဲ့အပတ်က ရုံးကိစ္စ (အစိုးရဆီက ထောက်ပံ့ကြေးရဖို့ Congress က ဆီးနိတ်တာ ဘင်ဂျမင်ကို အကူအညီတောင်းထားတဲ့ ကိစ္စမှာ အလုပ်တွေရှုတ်နေလို့ အင်တာနက်တောင်မတက်နိုင်ဘူး၊ တက်လဲ mail လောက်ပဲ စစ်ဖြစ်တာ၊ ကိုကြီးကျောက်အတွက်ခုလိုလေး ရေးပေးတာ အားလဲရှိတယ်..၊ဝမ်းလဲသာတယ်..၊ကျေးဇူးလဲတင်တယ် နော်........

ကိုကြီးကျောက်