Wednesday, November 3, 2010

ချစ်တတ်ကြသေးရဲ့ လား ..

“ ကိုထွန်းထွန်း... ဒီအသုဘ က တော်တော်ကြာပြီဗျ ၊ ပိုက်ဆံ တော်တော်ချမ်းသာပုံရတယ်၊ ဘယ်နှစ်ရက်
ထားမလဲ မသိဘူး ၊ ကျွန်တော် သတိထားမိတာ တစ်ပတ်ကျော်သွားပြီ...” ဟု မီးပွိုင့် တွင် မီးနီ မိ နေစဉ်မှာပဲ ဆိုင်ကယ်ဘေးချင်း ယှဉ်ရပ်လိုက်ရင်း မီးပွိုင့်  မျက်စောင်းထိုးရှိ တိုက်အောက်ဆုံး၊ မြေညီထပ်တွင် ခင်းကျင်း
ထားသော မဏ္ဏပ်ကို ကြည့် ၍ ကျွန်တော်ပြောလိုက်မိပါသည်။

တရုပ်စာကိုမဖတ်တတ်တော့ လည်း ဘယ်နေ့  ဘယ်ရက် ချမယ် ဆိုတာ ကျွန်တော်မသိနိုင်ပါ။
မြန်မာပြည်တွင်တော့  အသုဘ ဆိုလျင် ကိုယ်သိ သိ ၊ မသိသိ ရှေ့ ဆုံးက ကြွတက်ပြီး ပို့ နေကြ မို့  ဖြစ်ပါသည်။

တရုပ်စာတန်းကြီးတွေနှင့် ဒေါင်လိုက်ရေးထိုးထားသော အလံ ရှည်ရှည်ကြီးများကိုလည်း မဏ္ဏပ်ပတ်ပတ်လည်
တွင်စိုက်ထူထားပါသည်။ အိမ်ထဲ လှန်းကြည့် လိုက်တော့ လည်း ဧည့် ခန်းအလယ်တည့် တည့်  စားပွဲကြီးတစ်လုံး
ပေါ်တွင် အလှပန်းအိုးများ ရံ ပြီး ထောင်ထားသော ရင်ခေါင်းလောက်မြင့် သည့်  ဓါတ်ပုံကားချပ်ကြီးတစ်ချပ် ကို
တွေ့ နေရပြီး ၊ ထိုဓါတ်ပုံကြီးထဲတွင်တော့ အသက် ငါးဆယ်ခန့်  လူကြီးတစ်ယောက်က အလှဆုံး၊အချိုဆုံး ပြုံးပြနေရှာပါသည်။

ဘယ်ကကြည့် ကြည့်  အလွယ်တကူ မြင်နိုင်သည့်  ပုံ ပါပဲ။
ကျန်းကျန်းမာမာနဲ့  အရွယ်ကောင်းတုံး ဆုံးသွားရှာတာပဲ .. ဟု ကိုထွန်းထွန်းကို ထပ်ပြောမိပါသည်။

“ ဟာ.......... ကိုကျော် ကလဲ ..၊ အသုဘ မဟုတ်ပါဘူးဗျ ၊ အမတ် ရွေးပွဲအတွက် လုပ်ထားတာပါဗျ၊ ဟိုက
ကြားသွားရင်တော့ ..”
“ ဟင် ”
အံ့ သြ သွားမိပါသည်။
အပြင်အဆင်က လဲ သွားတူနေတာကိုးလို့ ၊ လူတွေကလဲ ဝင်လိုက်ထွက်လိုက်နဲ့ ဆိုတော့  အင်း တရုပ်စာ
မဖတ်တတ်တော့  ဦးရှံစားပြောသလို၊ မှားတဲ့ အခါလဲ မှားပေမပေါ့  လို့ ။

တဆက်ထဲ တွေးမိတာကတော့  ကျွန်တော်တို့ ဗမာပြည်တွင်လည်း ရွေးကောက်ပွဲ တွေ လုပ်တော့ မည်။
အခုလာမဲ့  နိုဝင်ဘာ ( ၇ ) ရက်နေ့  တွင်တဲ့ ။

ဒါဆိုလျင် ကျွန်တော်တို့  ရွှေပြည်ကြီးတွင်လည်း အခုလို ဓါတ်ပုံကြီးတွေနှင့် ၊ စာတန်းတွေ အလံတွေ နှင့်  ပြောကြ
ဟောကြ မစားရ ဝခမန်း ပေါ့ လေ။ ကြားနေရသည်ကတော့  အများသိတဲ့ အတိုင်း ဘဏ္ဏာငွေ၊ အတောင့် ဆုံးနှင့် 
လက်ရှိ အာဏာရအစိုးရ၏ ဘောင်းဘီချွတ်များဦးဆောင်သည့်  ပါတီ ကသာလျင် အခုလို ကျွန်တော်မှားလိုက်
သည့်  အသုဘ လို လုပ်နိုင်ပါသည် ဟူ၍..။

ဂျာနယ်တစ်ခုတွင်ဖတ်လိုက်ရသည်မှာ မိုးညှင်းမြို့  တွင် ကျောင်းဆရာတစ်ဦးက တက်တက်ကြွကြွ ဖြင့် ပဲ
သူ့ ကချင်ပြည်နယ်အတွက် လုပ်ပေးချင်တာလေးတွေကို သူ့ ဓါတ်ပုံလေးဖြင့်  ပိုစတာလေးများကို ဖျာကြမ်း
လေးများဖြင့်  ဆိုင်းဘုတ်ပြားလေးများလုပ်ပြီး လမ်းစုံလမ်းဂွ တွေ မှာ လိုက်ထောင်ထားနေပါသော်လည်း
ရှေ့ က ထောင် ၊ နောက်က ပျောက် ဖြစ်နေပါသည်ဟု စိတ်မကောင်းစရာပဲ ဖတ်လိုက်ရပါသည်။
အဲ့ ဒီဖက်မှာ ခြေစွာနေကြသူများကလည်း အများသိနေတဲ့  “ ကြံ့ ဖွံ့ ” ပါပဲ တဲ့ ။

အံ့  သြ စရာကောင်းသည်မှာ တစ်ချို့ သောတပ်နယ်များကပင် အဆိုပါ ခြေစွာလွန်းနေသော အဖွဲ့ ကြီးကို
လက်မခံ သည့် သတင်းပါပဲ။ စားဝတ်နေရေး ကြပ်တည်းနေရသည့် ကြားထဲ တပ်မိသားစုကို စည်းရုံးရေးလာ
ဆင်းတော့  အဝင်မခံ ရာကနေ ရိုက်ကြ ၊ နှက်ကြ ဆိုသည့် သတင်းတွေ ပဲ ဖြစ်ပါသည်။

ကျောင်းဆရာ ဆိုတော့ လဲ သူ့ ချွေးနှဲစာလေး၊ သူ့ စားစရိတ် လေးထဲက ချစ်ချုပ်ပြီး လုပ်ရတာဖြစ်ပါသည်။
အခုဖြစ်နေတဲ့ ပုံကတော့  လည်မျိုကိုလည်း တက်နင်းထားသေး ၊ အနင်းခံရသူက အောက်ကနေ မချိတင်ကဲ
ခံရလွန်းလို့  သွား စိ နေတာကို ဒါတောင် ငါ့ ကို ထပ်ပြီးပြောင်ပြနေသေးတယ် ဆိုပြီး ဖိနပ်နှင့်  ထပ်ရိုက် နေသလို
ဖြစ်နေသည်ဟု ထင်မိပါသည်။

သိရသလောက်တော့  နှစ်ပေါင်းနှစ်ဆယ်ကြာပါမှ ပထမဆုံးလုပ်ခဲ့ သည့် ရွေးကောက်ပွဲ ဖြစ်ခဲ့ ပေမဲ့  လူထုရဲ့ 
စိတ်ဝင်စားမှု အနည်းဆုံး ဖြစ်နေသည် ဆိုတာပါပဲ။
သွေးချောင်းစီးခဲ့ သည့်  ရှစ်ဆယ့် ရှစ် လူထုအုံကြွမှုကြီးကြောင့်  ဖြစ်ပေါ် လာရသည့်  ရွေးကောက်ပွဲ ဖြစ်ပေမဲ့ 
လူထုခေါင်းဆောင်မပါတော့ သည့် ပွဲ မို့ လဲ လူထုကို ရင်မခုန်စေခဲ့ တာ အမှန်ပဲဖြစ်ပါသည် ။

ရင်မခုန်စေခဲ့ တာ လို့  ဆိုပေမဲ့  ငြိမ်တော့ နေကြပါသည်။
ငြိမ်နေသည်ဆိုရာတွင် စိုးရိမ်ပြီးညိမ်နေကြသည်ဟု ဆိုချင်ပါသည်။
ကမ္ဘာအနှံ့ အပြား ကစင့် ကလျား ရောက်ရှိနေသော ကျွန်တော်တို့  ရွှေညီအကိုမောင်နှမများ အားလုံး စိုးရိမ်ပြီး
ငြိမ်နေကြပါသည် လို့  ။

မကေ ပြောသလို ဘလော့  ကြီးလဲ ညိမ်နေပါသည်။
ဘလော့ ကာများက နိုင်ငံရေးသမားများ မဟုတ်ကြသလို၊ နိုင်ငံရေးသမားတိုင်းလဲ .. ဘလော့ ကာများ မဟုတ်
ကြပါလေ ။ သို့ ပါသော်လည်း ကိုယ့် နိုင်ငံရဲ့  အရေးမို့  စိတ်ဝင်စားနေတာ ၊ စိုးရိမ် နေကြတာတွေ ကတော့  အမှန်
ပဲ ဖြစ်ပါသည်။ ဗမာနိုင်ငံသားအားလုံးရဲ့  အရေးပါ လို့ ။

အမေစု မှာနေသလို၊ မသိတဲ့ သူ ကိုမပေးပါနဲ့  တဲ့ ။
နေရာတကာမှာ ပြိုင်ဘက်ကင်းပြီး ခြေစွာနေသော အဖွဲ့  ကြီးကတော့  သိနေပေမဲ့  မပေးထိုက်၊ မရွေးထိုက်
သည့်  သူများဖြစ်လို့  ခြွင်းချက်ကလေး တစ်ခုတော့  ထားစေချင်ပါသည်။

မသိပဲ ပေးလိုက်တာထက်စာလျင်တော့  မပေးပဲ နေလိုက်တာကတော့  ပိုကောင်းမည်ထင်ပါသည်။
ဥပဒေအရ လွတ်လပ်စွာမဲပေးပိုင်ခွင့် ရှိသည်။ မပေးပဲနဲ့ လဲ နေလို့ ရပါသည် လို့  ပြောဆိုလှုပ်ရှားသူများ
ကျတော့ လည်း ဟန့် တား ချိန်းခြောက်ခံနေရပြန်ပါသည်။ဂျောင်ပိတ်ပြီး ကျင်းပလိုက်သောရွေးကောက်ပွဲမျိုး
ဖြစ်နေပါသည်။

ကိုယ်တိုင်လုပ်တဲ့  ရွေးကောက်ပွဲမို့  ကိုယ်တိုင်ပဲ အနိုင်ယူနိုင်အောင် တစ်ချမ်းစောင်းစောင်း နှင့် ပင်
PLAN( A ) , PLAN ( B ) , စ သည်ဖြင့်  အထပ်ထပ်ရေးဆွဲ ထားပြီး ဖြစ်သည်မို့ လည်း ရင်နာနာနှင့် ပဲ
စောင့် ကြည့် ကြရပါတော့ မည်။

လူမှန်၊နေရာမှန်၊စနစ်အမှန်မဟုတ်နိုင်တော့ ပဲ ထူးမခြားနားဇာတ်ကိုပဲ ဆက်ကကြရတော့ မှာ ဖြစ်ပေမဲ့ 
မထူးတဲ့ ဇာတ်ထဲက နဲနဲလေးထူးတာတစ်ခုတော့  ကျွန်တော်ဖြစ်စေချင်တာအမှန်ပါ ။ အဲ့ ဒါကတော့  မှန်တာ
လေးတွေတော့  လွတ်လွတ်လပ်လပ်ပြောဆိုရေးသားခွင့် လေး ဖြစ်ပါသည်။ အဖြစ်မှန်၊ သတင်းမှန်တို့ ကို
အဆင့် ဆင့် တည်းဖြတ်၊ထိန်ချန်၊ နှောင့် နှေးမနေပဲ အချိန်နဲ့ တပြေးညီ ထုပ်ပြန် ရေးသား နိုင်ခွင့် လေးပဲ
ဖြစ်ပါသည်။

နိုင်ငံရဲ့  အရေးက လူတိုင်းရဲ့ အရေး ဖြစ်နေသောကြောင့် လည်း ၊ နိုင်ငံသားတိုင်းက လွတ်လပ်စွာ တွေးခေါ်
ပြောဆို လုပ်ကိုင်နိုင်ခွင့် လေးတွေပဲဖြစ်ပါသည်။ ယ္ခု အချိန်ထိတော့  မှန်တာကိုပြောလို့  အကျဉ်းချခံထားရ
သော အများသိသော ကိုဇာဂနာ လိုလုမျိုးတွေ ထောင်တွေထဲမှာ အများကြီးရှိနေတုံးဖြစ်ပါသည်။
သူတို့ တွေအကြောင်းကတော့  စာနာမိတိုင်း မွန်းကျပ်ကျပ်ကြီးပဲဖြစ်နေရပါသည်။ မိတ်ဆွေတစ်ယောက်၏
“ မှန်တဲ့ လူတွေ ကြီးပဲ အဖမ်းခံနေရတော့ ၊ ဖမ်းတဲ့  လူတွေက မမှန်လို့ ပေါ့ နော်.. ” ဆိုသည့်  စကားကလည်း
စဉ်းစားစရာဖြစ်နေပါသည်။

အာဏာရှင်စနစ်တစ်ခု၏ ပြယုဂ် များ ဟု မြင်မိပါသည်။
ဘယ်သူတွေ၊ ဘယ်လိုပဲ အုပ်ချုပ်သွားပါစေ..၊ သွားမည့် စနစ်ကတော့  ပြည်သူတွေ သွေးနဲ့ ရေး လို့ ရခဲ့ သည့် 
အာဏာရှင်စနစ်၏ဆန့် ကျင်ဖက် ဒီမိုကရေစီ စနစ် ဖြစ်နေသောကြောင့် လည်း ဖြစ်နိုင်သည့်  ဖြစ်သင့် သည့် 
မျှော်လင့် ချက်ကလေးများ ထားကြည့် ခြင်းပဲ ဖြစ်ပါသည်။

ဆရာမြတ်ထန်၏ “ တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန် ” ဆိုသည့်  စာအုပ်ခေါင်းစဉ်လေးကို သွားသတိရ
မိပါသည်။ အဲ့ ဒီ ခေါင်းစဉ်လေးအတိုင်းပဲ ကျွန်တော်တို့  တိုင်းပြည်က မပြီးဆုံးသေးသော မုန်တိုင်းကြီးက ထန် နေ
အုံးမှာလား လို့ ။

အသဲကြားက မဲတစ်ပြား တဲ့  ။
ပြီးခဲ့ ပြီပဲ ဖြစ်ပါသည်။ ကိုးဆယ်ခုနှစ်တုံးကလေ ..။
ဖြူပါသည် ဆိုတာကိုမှ အတင်းမဲ ခိုင်းနေသလိုမျိုး ဖြစ်နေပါသည်။

တိုင်းပြည်ကြီးလဲ နာ လှ ပါပြီ။
ကျွန်တော်တို့ လဲ ရောက်လေရာမျက်နှာငယ်ခဲ့ ရသလို ၊ နောက်မျိုးဆက်သစ်တို့ လည်း လူညွန့် တုံးခဲ့ ရပြီ ဖြစ်
ပါသည်။

မျက်လုံးကလေးမှိတ်လိုက်ပြီး “ ဘာ တွင်းထွက်ကွာ..၊ ဘာသယံဇာတ ကွာ ” ဟု ပြောလိုက်တိုင်း ၊ တစ်နေရာရာ
မှာ အမြဲ ထွက်နေ ရှိနေနေ တတ်သော ကျွန်တော်တို့  တိုင်းပြည်က တော့  အာရှ တွင်သာမက ၊ ကမ္ဘာမှာပင်
အဆင်းရဲ ဆုံးတိုင်းပြည် ဖြစ်သွားခဲ့ တာကိုတော့  သမိုင်းက သက်သေထူ ပါပြီ လို့  သက်ဆိုင်သူများကို ပြော
လိုက်ချင်ပါသည်။

တစ်ဘဝစံ သမားတွေလို၊ ကိုယ့် တစ်သက်တာလေးပဲ ကွက် ပြီး မကြည့် စေချင်တော့ ပါ။
နောင်လာနောက်သားတွေအတွက်၊ သွေးချင်းညီအကို များအတွက် အနာဂတ် ရွှေပြည်ကြီးအတွက် ၊ အမျိုး၊
ဘာသာ၊ သာသနာ တို့ အတွက် လည်းဖြစ်ပါသည်။

လွန်ခဲ့ သော ဆယ်နှစ်ခန့် က စင်္ကာပူ မှ တရုပ်သူဌေးတစ်ယောက်က “ တို့ တိုင်းပြည်ထူထောင်ကာစက ၊ မင်း
တို့ ရန်ကုန်မြို့  ကို လာပြီးလေ့ လာရတယ်ကွ ၊ မင်းတို့  ရန်ကုန်မြို့ ကွက် ဖွဲ့ စည်းပုံအတိုင်း ငါတို့ မြို့  ကို တည်ခဲ့ 
ကြတယ် ၊ အခုမင်းမြင်နေရတဲ့  ဗမာနာမည်နဲ့ လမ်းတွေ အခုထိ ရှိနေတာလေ၊ ဒါပေမဲ့  အခုတော့  မင်းတို့ က
ဒို့ ထက် နှစ်ပေါင်း သုံးဆယ်လောက် နောက်ကျသွားပြီကွ၊ ” ဟု ပြောခဲ့ ဘူးပါသည်။

လွန်ခဲ့ တဲ့  ဆယ်နှစ်ကလေ သူပြောခဲ့ တာ ၊
အခု ဆို ဘယ်လောက်နောက်ကျသွားပြီလဲ ၊
တွက်ကြည့် ကြစေချင်ပါသည် ၊ ဗမာပြည်က သက်ဆိုင်သူများ ကိုပါ။

သမီးဖြစ်သူက “ ဖေဖေ လွတ်လပ်ရေးယူပေးခဲ့ တာ မှားပြီ ” ဟု ပြောသည့်  အသံ ကို အရိုးဆွေးနေသော
အုတ်ဂူ ထဲက ဖခင်ကြီး ကြားလျင်ရော စိတ်ခု ဘွယ်မမြင် ဟု ထင်မိပါသည်။ သူ့ ရဲ့  နေ့ တောင် မှုန်ဝါးဝါးဖြစ်ချင်
နေတာကိုး လို့ ။

ကျွန်တော်တို့ ကတော့  နိုင်ငံရေးသမားမဟုတ်ပေမဲ့ ၊ နိုင်ငံသားတစ်ယောက်ဖြစ်နေလို့  ကိုယ့် တိုင်းပြည်ကို
ကိုယ်ချစ်နေလျင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ ဆိုလျင်တော့  ကျွန်တော်တို့  ထက် ပိုချစ်ရမည် ၊ ချစ်လိမ့် 
ဟုလည်း ထင်မိပါသည်။

ဒါကြောင့် မို့ ....၊
ကျွန်တော်လေ သက်ဆိုင်သူများကို မရဲတရဲ မေးလိုက်ချင်ပါတော့ သည်၊
ကိုယ့် တိုင်းပြည်ကို “ ချစ်တတ်ကြသေး ရဲ့ လား..... လို့ ” ပါ ပဲ ။

( သည်ဆောင်းပါးလေးဖြင့် လာမဲ့ ရွေးကောက်ပွဲကို ဂုဏ်ပြု ကြည့် မိပါသည်။ )

..........................................................................................................................................

( ပြီးပါပြီ )






11 comments:

အင်္ဂါဟူး said...

နိုင်ငံရေး သမား မဟုတ်တဲ့ နိုင်ငံသား တစ်ယောက် ဖတ်သွားပါဒယ်။

ရွှေရတုမှတ်တမ်း said...

မှာလို့လာတာ..ကောင်းကောင်းမထိုင်နိုင်ဘူး..
တအားနှုံးခွေနေတာပဲ..

ချော(အစိမ်းရောင်လွင်ပြင်) said...

စကားလုံးတွေ တအားထိတယ်..
ကိုအဖြူလေးရဲ့ ရင်ထဲက ပွင့်ထွက်လာတဲ့ ခံစားချက်အစစ်အမှန်တွေမို့ တကယ်ကို လေးနက်လှတယ်..
ဒီလိုဘဲ ထပ်တူထပ်မျှ ခံစားရပါတယ်..
ဘာမှ မပြောနိုင်၊ မလုပ်နိုင်တဲ့ အခြေအနေနဲ့ပါဘဲ..

Anonymous said...

ကြားနေရသည်ကတော့  အများသိတဲ့ အတိုင်း ဘဏ္ဏာငွေ၊ အတောင့် ဆုံးနှင့် 
လက်ရှိ အာဏာရအစိုးရ၏ ဘောင်းဘီချွတ်များဦးဆောင်သည့်  ပါတီ ကသာလျင် အခုလို ကျွန်တော်မှားလိုက်
သည့်  အသုဘ လို လုပ်နိုင်ပါသည် ဟူ၍..။.
.
.
.
ရိုးရိုးရေးတာပေမယ့် ပြုံးမိသွားတယ်...
အသုဘ လိုလုပ်ရင် အသုဘ ဖြစ်သွားကြရင်... ဟိဟိ

ကိုဇော် said...

ချစ်တတ်လွန်းလို့ ခက်နေပါရောလား ကိုအဖြူလေးရယ်။
မပြောပြတတ်ဘူး လုပ်ပြဆိုရင် လုပ်ပြချင်တယ်။
အခုတော့ စာလေးရေးတာက လွဲလို့ ဘာမှ မတတ်ဘူးဗျာ။

မြတ်မွန် said...

အကိုရေးတာ ဝမ်းနည်းစရာကြီး ။
သက်ပြင်းအကြိမ်ကြိမ် ချမိပါတယ် ။

မိုးခါး said...

နှိုင်းယှဉ်ပြစရာ စကားလုံး မရှိပါ .. စဉ်းစားမိရင် စိတ်ပျက်ရတာနဲ့ ဒေါသထွက်ရတာနဲ့ နေစရာမရှိပါ .. အမြဲတမ်း စဉ်းစားနေမိတာက သူတို့တွေ ည ည အိပ်ပျော်ပါရဲ့လားလို့ ပါပဲ ..

SHWE ZIN U said...

အဖြူလေး ရေ

တော်တော်ဆိုး ရေးပြီးတာ မပြောဘူး ရွှေစင်ဦး လည်း လိုင်းမကောင်းလို့ ဘလော့ဂ် မလည်နိုင်ဘူး အခုမှ

ကဲ အသုဘ နဲ့ အမတ်လောင်း နဲ့ မှားရတယ် လို့ လုပ်ချလိုက်ပြန်ပြီ

ကဲ... ဟိုဟာကတော့ သိတဲ့ အတိုင်းပါဘဲ ထူးမခြားနား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

AMK said...

ကျွန်တော်ဖတ်ဘူးတဲ့  “ တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန် ” က ဆရာမြတ်ထန် ရေးတာ အကိုကြီးရ ဆရာကြီး မြသန်းတင့် ရေးတဲ့ ဟာတော့ မဖတ်ဘူးသေးဘူး သူလဲ ပြည်တွင်းစစ် အကြောင်းရေးတာပဲလား

Anonymous said...

တော်တော်ရေးနိုင်သားပဲ မညောင်းဘူးလား :)




ILO

kiki said...

မေးမှ မေးတတ်ပလေ အဖြူလေး ရယ်..
ဒါတို့ ပြည် ဒါဒို့ မြေ ဒို့ ပိုင်တဲ့မြေ ..တဲ့...
အရာအားလုံးက သူတို့ ပိုင်တာ ပဲလေ.. သိပ်ချစ်တတ်တာပေါ့ ကွယ်။။
ခုဆို ပိုတောင် ချစ်ပြနေကြတာ...အရှက် မရှိ..ဗြောင်လိမ် ပေါ့ ..