Sunday, April 10, 2011

မျက်ရည်မကျခင် သိစေချင်...( ဆောင်းပါး )

ဒီဘက်နှစ် ထိုင်ဝမ်ကျွန်းမကြီး၏ ရာသီဥတုက နွေဦးနားသို့  ချဉ်းနင်းဝင်ရောက်လာနေသည့် တိုင် အအေးတို့ က
အထောမသတ်အဆုံးမရှိချင်သေးပါ။ လင်းလာတုံးလေးခဏသာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပြည်မကြီးမှ နောက်
ထပ်သော အအေးလှိုင်းတို့  မိုးငွေ့ တို့ နှင့်အတူ ထပ်မံ ဝင်ရောက်လာပါတော့ သည်။ တသောသော ဝင်လာနေ
သော အအေးလှိုင်းတို့ ကြောင့် ပင် ဝန်းကျင်တစ်ခုလုံးက အမြဲတန်းစိုစွတ် ထိုင်းမှိုင်းနေပါသည်။

သည်နေ့ တော့  တရုပ်လူမျိုးတို့ ရိုးရာအတိုင်း သင်္ဂျင်္ီုင်းကန်တော့ ကြမည့်နေ့ ဖြစ်၍ အလုပ်ပိတ်သောကြောင့် 
ကျွန်တော့်ကွန်ပြူတာလေးရှေ့ တွင် အချိန်ပြည့်ထိုင်ဖြစ်တော့ မည်ဟု တွေးမိပြီး၊ စောစောလေးကမှ မနက်ဈေး
ဆင်းပြီးဝယ်လာသော ကျွန်တော့ အကြိုက် မုန့် လက်ကောက်ကျွတ်ကျွတ်ကလေးနှင့်  ထညက်ရည်ကို အသာ
တို့ ရင်း ပါးစောင်ထဲ ကောက်ထည့် လိုက်မိတော့  အဝကျဉ်းသောပလတ်စတစ်အိပ် နှုတ်ခမ်းအဝနှင့် မုန့် လက်
ကောက် တို့  ချိတ်သွားမိပြီး ထညက်ရည်စက်တို့  ကီးဘုတ်ခလုတ်တွေပေါ် စီးကျကုန်တော့ ၏။

သည်တော့ မှ ကိုယ့် ကီးဘုတ်လေးကို သေသေချာချာ ငုံ့  ကြည့် မိတော့ သည်။ အမဲရောင် ခလုတ်လေးတွေ
ကြားထဲမှာ ဖုံတွေ၊ မှိုတွေ ကပ်လို့ ...။ လက်မ ၊ လက်ညှိုး၊ လက်ခလယ်တို့  ထိချက်များနေသည့်  လေးဒေါင့် 
ခလုပ်အတုံးလေးများ၏ ခလယ်ဂျိုင့် ကလေးများတွင်သာ ခပ်ပြောင်ပြောင် ဖြစ်နေရှာသည်။ အော် .. ကြာခဲ့ ပြီပဲ။
မလဲမိခဲ့ သလို မသုတ်မိ၊ သန့် ရှင်းရေးမလုပ်မိတာလဲ ဖြစ်ပါသည်။ ကျွန်တော်လည်း ကာလတစ်ခုကို ဖြတ်သန်း
ခဲ့ ပြီးပြီပဲ..။

ကာလတစ်ခု ဆိုတော့  အချိန်အပိုင်းအခြားတစ်ခုကို ပြောဆိုခြင်းဖြစ်ပါသည်။
ကုန်လွန်သွားခဲ့ ပြီးသောအချိန်ဟု ဆိုနိုင်သလို မရှိတော့ သော ကွယ်ပျောက်သွားခဲ့ သော ကိုယ့် ဘဝရဲ့  အချိန်
များပဲ ဖြစ်ပါသည်။ ကုန်သွားပြီဟု ဆိုလျှင် ဘယ်လောက်ကျန်ပါသေးသလဲဟု နောက်က ကပ်နေသေးသော
မေးခွန်းလေးကိုလည်း ဆက်လက် ဖြေဆိုရမှာပဲ ဖြစ်ပါသည်။ အော် ... အမှန်တော့  ကျွန်တော်တို့ အားလုံးက
ကိုယ့်ဝေစုကလေးတွေနှင့်  ကိုယ်လာခဲ့ ကြတာပါပဲ..ဟု တွေးမိရင်း ကိုယ့် စက်ကလေးရှေ့ ကို ဝင်ထိုင်လိုက်
မိပါတော့ သည်။

ကော်ဖီလေးမှုတ်၍ တစ်ကြိုက်ခန့် မြုံ့  နေမိရင်း ကိုယ့် ဘလော့ ကို ကျော်ပြီး YouTube ထဲ အရင်ဝင်လိုက်မိ၏။
ကိုယ်တိုင်ရေးများကို တောက်ရှောက်ရေးလာခဲ့ မိတော့  တစ်ခါရေးတိုင်း ဖြစ်ညှစ်ခံစားရေးရသလို၊ အဖွဲ့  အနွဲ့ 
များလည်း ရှာရှာကြံကြံ စဉ်းစားနေရတော့ ကာလတစ်ခု ကြာလာသည်နှင့် အမျှ၊ တဖြည်းဖြည်း အမော ဖောက်
လာသလို ခံစားမိလာတော့ သည်။ စာတွေ ခံစားရေးရမှာ ပျင်း လာသလိုဖြစ်ခဲ့ ရပါသည်။ မရေးနိုင်ပဲ ဘလော့ 
ထဲ ဝင်ဘို့  ဝန်လေးနေမိခဲ့ ပါသည်။

ဖန်တီးနိုင်သည့် အနုပညာ ဗီဇကလည်း နည်းလွန်းသူဖြစ်တာကတစ်ကြောင်း၊ နဂိုကမှ ပျင်းပြီး ဖျင်း နေတာက
တစ်ကြောင်းတို့ ကြောင့်  သူများက အစဉ်သင့်  ရှာပေးလာသော ဆရာမာန့်  ဝတ္ထုကို တဆင့် ပြန်ရေးချလိုက်
မိပါတော့ သည်။

ရှေ့ က အပိုဒ်များတွင် ပြောခဲ့ ဘူးသလို တော်ရုံ ဝတ္ထုများဆိုလျှင် ဖတ်ဖို့ ကိုင်ဖို့  ပျင်းတတ်သလောက် သည်ဝတ္ထု
လေးကျတော့  တစ်ထိုင်တည်းအပြီး ဖတ်မိသွားရပြီး တွယ်တာမိနေသော ကိုယ့် ဘလော့ လေး အသက်ဆက်
ရန်နှင့်  ကိုယ့်ကို နေရာလေးတူတူတန်တန်ထားပြီး ခင်မင်နေမိသော ညီအကို မောင်နှမများအတွက် ကိုယ်ရ
လိုက်သည့်  ရဿလေးကို ထပ်တူပဲ ရ စေချင်တာကြောင့် တစ်ပုဒ်ပြီး တစ်ပုဒ် ရေးခဲ့ သည်မှာ ကာလတစ်ခုနှင့်
အတူ ဝတ္ထု၏ တစ်ဝက်ကျော် အတိုင်းအတာအထိ ပြီးမြောက်ခဲ့ ရပါတော့ သည်။

သည်နေ့ လည်း တစ်ခုခုရေးချင်စိတ်ပေါ်လာတာကြောင့် အာရုံတို့ သွေး သည့်သဘောဖြင့် YouTube ပေါ် ဟို
မွှေသည်မွှေလျှောက်လုပ်နေမိရင်း ဘာသာရေး “ လင့် ” တစ်ခုထဲ ရောက်သွားမိတော့ သည်။ ခေါင်းစဉ်ကလေး
ကတော့  နုနုလေးပါပဲ...။

“ မျက်ရည်မကျခင် ... သိစေချင် ” ပါတဲ့ ။

ကျွန်တော် နားကြပ် ကောက်တတ်လိုက်မိသည်။
ဘုန်းဘုန်းဆရာတော် အရှင်ဇဝန မေတ္တာရှင် ( ရွှေပြည်သာ ) ၏ တည်ငြိမ် အေးချမ်းပြီး ရှင်းလင်းပြတ်သားသော
အသံတို့ က လုံနေသော နားကြပ်နှစ်ဖက်မှတဆင့် နားစည်တို့ ကို ဖြတ်သန်းပြီး ကျွန်တော့်  နှလုံးအိမ်ထဲ ထိုး
ဖောက်ဝင်ရောက်ခဲ့ ရပါတော့ သည်။

နာ ခဲ့ ရသလောက်ကို စာဖတ်သူ တစ်ယောက်အနေနှင့် အနည်းငယ်မျှလောက်ပဲ တန်ဆာဆင် ရေးခဲ့ မိပါသည်။

..................................................................................

လွန်ခဲ့ သော ၁၉ နှစ်ကျော် အနှစ်၂၀ ဝန်းကျင်ခန့် က ဖြစ်ပါသည်။
နေရာကား မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ နယ် သာသနာ့ မုဓိတာဓမ္မကျောင်းသစ်ကျောင်းတိုက်
တွင်ဖြစ်ပါသည်။ ထိုစဉ်က ကျောင်းသစ်ကျောင်း စာချဆရာတော်ကြီးက သွေးလှုခြင်း အကျိုးများကို ဟောကြား
ပို့ ချလျှက် သူကိုယ်တိုင် ဦးဆောင်ပြီး သွေးလှုနေလေ့ရှိခဲ့ ပါသည်။

တစ်နေ့ တော့  ဆရာတော်ကြီးမှာ ရောဂါတစ်ခုကြောင့် သွေးမလှုနိုင်ရှာခဲ့ တော့ ပေမယ့် “ ငါမလှုနိုင်ပေမယ့် 
ငါ့ တပည့် တွေ လှုရမယ် ” ဟု ဆိုကာ ဆက်လက် ဦးဆောင်စည်းရုံး နေခဲ့ ပါသည်။ ထိုစဉ်က သွေးလှုရာတွင်
နယ်မြို့ လေးတစ်ခုသာ ဖြစ်သည့် အတွက် ရန်ကုန်၊ မန္တလေး မြို့ ကြီးများလို ဒေါ်လာသိန်းသန်း တန်သည့် 
ဒါတုဗေဒဆေးများဖြင့် စီမံထားသော သွေးပုလင်းထားသည့်  အအေးခန်းများ မရှိသောကြောင့် လူနာ ရောက်
လာတော့ မှသာ သွေးဖောက်၍ လှု ကြရပါသည်။

ဘုန်းဘုန်းတို့ လည်း လေးလတစ်ကြိမ် အလှည့်ကျလှုလာခဲ့ ရာ နှစ်ကြိမ်မြောက် လှုသည့် အကြိမ်တွင် ဤဖြစ်ရပ်
ကလေး ပေါ်ပေါက်ခဲ့ ပါတော့ သည်။

တောင်သာမြို့ ကလေးတွင် ကျောင်းသစ်ကျောင်းစာသင်တိုက်နှင့် မီးသတ်ဌာန တို့ တွင်သာ သွေးလှုကြရ၏။
တစ်နေ့  ည ၁၁ နာရီ ခန့် တွင် တိတ်ဆိတ်ငြိမ်သက်နေသော ဘုန်းဘုန်းတို့  ကျောင်းသစ်ကျောင်းထဲသို့ 
မြင်းလှည်းတစ်စီး အပြင်းမောင်းနှင် ဝင်ရောက်လာသံကို တစ်ကျောင်းလုံးရှိ စာသင်သား သံဃာအားလုံး ကြား
လိုက်ရပါသည်။

ဘုန်းဘုန်းလည်း အခန်းထဲတွင် တစ်ပါးတည်း လှည်းလျောင်းနေရင်းက “ အင်း .. ကြိမ်းသေတာတော့  သွေး
အလှုခံ လူနာပဲ ဖြစ်မှာပဲ ” ဟု တွေးလိုက်မိပါသည်။ သည်တကြိမ်တော့  ဘုန်းဘုန်းလှုဖို့ မလွယ်ပါ။ သည်နေ့ 
မှ ပထမတစ်ကြိမ်လှုပြီးခဲ့ တာ လေးလပြည့် ရုံလေးပဲ ရှိသေးတော့  ဆရာတော်ကြီးက ကျန်းမာရေးအရ လေးလ
ပြည့်ပြီး အနည်းဆုံး တစ်ပတ်၊ နှစ်ပတ်ပြည့်မှ နောက်တစ်ကြိမ် ထပ်လှုဖို့ ညွှန်ကြားထားတာလည်း ရှိနေတာ
ကြောင့် အခန်းထဲမှ အသာပဲ နားစွင့်နေမိပါတော့ သည်။

အပြင်ဘက်မှာတော့  သံဃာသုံးလေးပါးအသံကို ကြားနေရသည်။ ထုံးစံအတိုင်း သူလှု၊ ငါလှု ငြင်းခုံနေတာပဲ
ဖြစ်မှာပါဟု တွေးမိနေရင်း အချိန်တစ်နာရီ ကြာအထိ ကျောင်းဝိုင်းထဲမှ မြင်းလှည်း ပြန်မောင်းထွက်သွားသံ
မကြားရသေးတော့ မှ ဘုန်းဘုန်းလည်း သိချင်စိတ်နှင့် ကျောင်းပြင်ဘက် ထွက်လာခဲ့ မိပါသည်။

အပြင်ဘက်ရောက်တော့  စုရုံးစုရုံးဖြစ်နေသော သံဃာများကို တွေ့ ရလို့  “ သွေး မရဘူးလား ” ဟု မေးလိုက်မိ
ပါသည်။ “ ရှိတယ်.. မလှုချင်ကြလို့  ” ပါတဲ့ ။
“ ဘာဖြစ်လို့ လဲ ”
“ လူနာက .. ကိုယ့်ကိုယ်ကို သေကြောင်းကြံ တဲ့  လူနာမို့ လို့ ပါ ” လို့  ဖြေကြပါတယ်။
ဦးပ္ဇင်းက အဲ့ ဒိ အချက်ကိုတော့  လက်မခံချင်။
သေကြောင်းကြံပြီ ဆိုကတဲက လူငယ်ဖြစ်လို့  သေကြောင်းကြံတာပါ။ ဘဝရဲ့ တန်ဘိုး၊ ရခဲတဲ့  လူ့ ဘဝ အကြောင်း
မသိလို့ သေကြောင်းကြံတာဖြစ်ကြောင်း၊ တောင်သာမြို့ ပေါ်က ရွှေပန်းတိမ်အိမ်မှာ ရွှေက ဂျီး ကိုစားတဲ့  ငရဲမီး
ပန်းကန်ကို လူကြီးလုပ်တဲ့ သူက အောက်ကြမ်းပြင်မှာ ခဏ ချထားတုံး နှစ်နှစ်သား ခလေးငယ်လေးက ကောက်
ပြီးသောက်လိုက်မိလို့  အူတွေပြတ်ပြီး သေရတဲ့  အမှုမှာ ဘယ်သူက အပစ်ရှိပါသလဲ၊ မိဘတွေရဲ့  အပစ်လား၊
ခလေးရဲ့  အပစ်လား လို့ မေးတော့  မိဘတွေရဲ့  အပစ်ပါလို့  ဖြေကြပါတယ်။

ဒါဆို အခု သေကြောင်းကြံလိုက်တဲ့  လူငယ်လည်းအပစ်မရှိဘူး၊ လူ့ ဘဝကို လွယ်လွယ်နဲ့  ပြန်ရမယ်လို့  သူထင်
နေတာကိုး ... ဟု မိန့် ရင်း ၊ သွေးလာအလှုခံတဲ့  ဒကာကြီးကို ဘာသွေးလဲ လို့ မေးတော့  “ ဘီ” သွေးပါလို့ ဖြေ
တာကြောင့် ဘုန်းဘုန်းနဲ့  သွေးတူနေတဲ့ အတွက် မြင်းလှည်းပေါ် တက်လိုက်ခဲ့ မိပါတော့ သည်။

ည သန်းခေါင်ရံ ၁၂ နာရီကျော်ကျော် ဖြစ်နေပြီး မသဲကွဲသော လရောင်မှိန်မှိန် အောက်မှာ သွေးအလှုလာခံ
သော ဒကာကြီးရဲ့  ညှိုးနွမ်းနေတဲ့  မျက်နှာကို ဘုန်းဘုန်း လှန်းကြည့် လိုက်ရင်း “ ဘာရောဂါလဲ ” လို့  မေးလိုက်
ကာမှ သူလည်း “ ဟီး ” ကနဲ ဝမ်းနည်းပက်လက် ငိုချလိုက်ပါတော့ သည်။

သူက လူနာရှင် မိန်းခလေးရဲ့  ဖခင် ဖြစ်ကြောင်း၊ သူ့ သမီးက ၁၀တန်းကျောင်းသူ မတင်ဝင်း ဖြစ်ကြောင်း၊ ဒီနှစ်
၁၀တန်း စာမေးပွဲ ကျရှုံးခဲ့ တဲ့ အတွက် သူ့ သမီးကို သေသေချာချာ မမေးတော့ ပဲ “ ငါတို့  ဒီလောက် ပင်ပင်ပန်း
ပန်း ဆင်းဆင်းရဲရဲ လယ်လုပ်ပြီးမှ နင့် ကို ကျောင်းထားခဲ့ ရတာတောင် အောင် အောင်မဖြေနိုင်ဘူး ” ဟု ဆိုကာ
လူအများအလယ်တွင်ပဲ ဆဲဆိုပြီး ရိုက်နှက်ခဲ့ မိပါကြောင်း၊ ညဘက်လဲကျရော တစ်ခါသောက်ရင် တစ်ဝက်ပဲ
သောက်ရသည့်  အင်္ဂလိပ်ဆေးပြင်း တစ်ပုလင်းလုံးကို အကုန်သောက်လိုက်သည့် အတွက် အခုအိမ်မှာ အမြှုပ်
တွေ တစီစီ ထွက်ပြီး ဆေးရုံကို ပို့ လိုက်ရပါကြောင်း၊ ဆေးရုံက သွေးသွင်းကုသရမည်ဟု ပြောသဖြင့်  အခုလို
သွေးအလှု လာခံရခြင်းဖြစ်ပါကြောင်း ဘုန်းဘုန်းကို လျှောက်တင်ပါတော့ သည်။

ဘုန်းဘုန်းက လူငယ်တွေကို ဆုံးမသည့် နေရာမှာ လူရှေ့  သူရှေ့ မှာ မဆုံးမရကြောင်း၊ လူအများရှေ့ မှာ သူတို့ 
ရဲ့  ကောင်းကွက်လေးတွေပဲ ထုပ်ဖေါ် ချီးကြူး ပေးမယ်ဆိုရင် သူတို့ တွေဟာ အနာဂတ်ကာလ တလျှောက်
အညွန့် တလူလူ တက်နေတော့ မှာဖြစ်ကြောင်း သူ့ ကို ဆုံးမမိပါသည်။ သိပ်မကြာခင်မှာပဲ ဆေးရုံသို့  ရောက်လာ
ပါတော့ သည်။ သေကြောင်း ကြံစည်သည့်  လူနာဆိုတော့ လည်း ဆေးရုံတစ်ခုလုံး လာကြည့် သူတွေ များပြား
နေပါသည်။

လူနာ ကုတင်နားရောက်တော့ လူနာမိန်းခလေးကို အသေအချာ လေ့လာမိပါသည်။ သတိမရတစ်ချက်၊ ရတစ်ချက် ဖြစ်နေပေမယ့်  ဖြူလျော် ဖြူဖတ် ဖြစ်နေတဲ့ သူ့ မျက်နှာလေးက သူ့ ဒေါသကြောင့်  တင်း နေသေး
တာကို ဘုန်းဘုန်း တွေ့ ရပါသည်။ ဘုန်းဘုန်းလည်း ပညာအရာမှာ ၁၀တန်းဖြစ်ပေမယ့်  လောကုတ္တရာဘာသာ
ရေးမှာတော့  သူငယ်တန်းလောက်ပဲ ရှိသည့်  မတင်ဝင်းကို သနားသွားမိသည်။ သည်အတိုင်း သူသေဆုံးသွား
လျှင် ဒေါသကြောင့် ငရဲကျနိုင်ပြီး ဖခင်ကို ပစ်မှားမိသည့် အပစ်ကြောင့် လည်း အပါယ်ကျနိုင်သည့် ဘေးကို မြင်
မိ သဖြင့် အရင်ဆုံး မေတ္တာဖြန့် ၊ မေတ္တာပို့ ပြီးမှ သွေး စ ဖောက်တော့  ၅ မိနစ်နဲ့ တင် သွေးပုလင်း ပြည့် ပါတော့ 
သည်။

သွေးလှုလို့ လည်း ပြီးရော လူနာရှင်တွေနဲ့ ဒကာ၊ ဒကာမတွေက သွေးလှုပြီးရင် တရားလည်း လှုပေးခဲ့ ပါလို့ 
လျှောက်ထား တောင်းဆိုကြတာနဲ့  ၁၀တန်းကျောင်းသူ မတင်ဝင်းကို အမှုထားပြီး တရားတစ်ပုဒ် ချီးမြှင့် ဟော
ကြားတော်မှုရပါသည်။ တစ်ချို့ က တရားတစ်ပုဒ်၊ စာတစ်ပုဒ် အောင်မြင်မှု ရသည်၊ မရသည်ကို ပရိတ်သတ်အင်
အားဖြင့်  တိုင်းတာကြပေမယ့်  ဘုန်းဘုန်းကတော့  ကိုယ်ဟောသည့် တရား မည်မျှ အောင်မြင်သည်ကို နာကြား
သည့်  ဒကာ၊ ဒကာမတွေ မည်မျှ လိုက်နာသည်၊ မလိုက်နာ နိုင်သည်နှင့် ပဲ ဆုံးဖြတ်ချင်ပါသည်။

ယခု တရားလည်း ဆုံးရော ဒေါသရောင်လွှမ်းနေတဲ့  မတင်ဝင်းရဲ့  ဖြူလျော့ လျော့  မျက်နှာလေးပြေလျော့ သွား
တာ မြင်မိတော့  ဘုန်းဘုန်းလည်း ဝမ်းသာကြည်နူး မိရပါသည်။ လူနာက သွေးပိုက်တွေ တန်းလန်းနှင့် ပင်
ဘုန်းဘုန်းကို ဦးခိုက်ချင်ပါသည်ဟု အမှုအရာနှင့်  ပြောဆိုလာသည့် အတွက် သူ့ မိဘနှစ်ပါးက သူ့ ကို လက်အုပ်
ချီနိုင်အောင် ဘေးနှစ်ဖက်မှ အသာထိန်းပေးရရှာတော့  ဘုန်းဘုန်းလည်း စိတ်မကောင်းဖြစ်သွားပြီး ရင်ထဲလည်း
“ ဆို့  ” သွားရပါသည်။ မတင်ဝင်းရဲ့  မျက်လုံးနှစ်စုံလုံးမှာလည်း မျက်ရည်လုံးကြီးတွေ အပြည့် ပဲလေ...။

ထိုညက ကျောင်းပြန်ရောက်ခဲ့ ပြီး ဘုန်းဘုန်း တညလုံး အိပ်မပျော်တော့ ပါ။

၃ ရက်မြောက်တဲ့ နေ့ ကျတော့  မတင်ဝင်းရဲ့  ဖခင်ဒကာကြီး ကျောင်းကို ရောက်လာပါသည်။
ဘုန်းဘုန်း လှုခဲ့ တဲ့  သွေးက သမီးလေးကို သုံးရက်ပဲ အသက်ဆက်ရှင်ခွင့်  ရခဲ့ ပါကြောင်း။ အခု မတင်ဝင်း ဆုံး
သွားပြီ ဖြစ်ကြောင်း၊ ထိုနေ့ က မတင်ဝင်း တရားပွဲ အဆုံးမှာ မျက်ရည် ကျခဲ့ ရတာဟာ ဘုန်းဘုန်းရဲ့  တရားတွေ
အခုမှ သိလိုက်ရပြီး ထုပ်ယူတော့ မယ်လို့  ဆုံးဖြတ်မိတဲ့ အချိန်မှာ သူသေရတော့ မဲ့  အချိန်ကို ရောက်နေရတဲ့ 
အတွက် ဝမ်းနည်းမိလို့  ငိုခဲ့ ရပါကြောင်း ဘုန်းဘုန်းကို လာလျှောက်ခိုင်းခဲ့ ပါတယ်လို့  ဒကာကြီး လျှောက်တင်
နေပါတော့ သည်။

ဘုန်းဘုန်းလည်း ကျောင်းအပြင်ကိုငေးနေမိရင်း ....
သြော်.... အသေမဦးခင်မှာ သိကြစေချင်ပါသည်..လို့ ။
နေဖို့ ကိုပဲ တောက်လျှောက် စဉ်းစားလာနေရင်းက တဖြည်းဖြည်းပဲ ..။

ကျွန်တော်တို့  ယခု ကျင်လည်နေခဲ့ ရသော လောကဇာတ်ခုံ၊ လူ့ ဘဝဇာတ်ခုံ ကြီးပေါ်မှာ နောက်တစ်ကြိမ်
ကျင်လည်ခွင့်  ရပါအုံးတော့ မလား ......။


.............................................................................................................................

( ဆက်ရန် )

5 comments:

Angelhlaing(May everybody be happy and healthy! said...

နာဖူးပြိးသား တရားတော်ဆိုပေမယ့် နောက်တစ်ကြိမ် ပြန်လည် နာယူခွင့်ရလို့ ကျေးဇူးပါအကို။ ကောင်းသောနေ့လေးဖြစ်ပါစေ။

မြတ်မွန် said...

ခေါင်းစဉ်လေးနဲ့တင် သိပ်ကို တန်ဖိုးရှိလှပါပြီ..။
နာဖူးပီးသွားပြီ အကိုရေ..

IDIOT-Ki said...

နောက်ဆုံးထွက်သက်အမှီ အမှန်ကိုမြင်ပြီး တရားသိသွားရသူတယောက်အတွက်တော့ ဘဝကူးကောင်းပါလိမ့်မယ် ....

ကံ၊ ကံ၏အကျိုးတွေကို ခုဘဝမှာခံစားကြရသလို ၊ နောင်ဘဝ အတွက်ကို လည်း ခုဘဝမှာ အားထုတ်ကြရမှာပါပဲ ။

ဖတ်သွားပြီး မှတ်သွားပါတယ် ကိုကြီးကျော်ရေ ..

( ပြောတော့ မှ ပဲ မုန့်လက်ကောက်တောင် စားချင်လာ ပြီ..း)) )

လရိပ်အိမ် said...

တရားကိုဘယ်မှာနာရမလဲ ။

မိုးခါး said...

ညီမ အရမ်းကြိုက်တဲ့ တရားတပုဒ်ပါပဲ ..
အရှင်ဇ၀န တရားတွေက လွယ်လွယ်ကူကူနားလည်နိုင်လို့ တော်တော်လေး နာဖြစ် ဖတ်ဖြစ်ပါတယ် ..း))

ခုလို ပြန်နွေးသလိုဖြစ်လို့ ကျေးဇူးတင်ပါတယ်ရှင် ..း)