Sunday, May 8, 2011

စင်္ကာပူကို တစ်ဝက်မျိုချင်လို့  ....။


စာလေး၊ ဆောင်းပါးလေးတွေလည်း ရေးချင်ပါသည်။ ရေးရန်လည်းအကြိမ်ကြိမ် ကြိုးစားနေပါသော်လည်း
အလုပ်ချိန်က ပိုများလာနေသည့် အတွက်ကြောင့် စ,ထားမိပေမယ့်  ဆက်မရေးဖြစ်ခဲ့ ပါ။ ကိုထွေး၏ အခန်းဆက်
ပရုဖ်လေးရှိနေသည့် အတွက်ကြောင့် ပဲ အဆင်သင့်လေး တင်လိုက်မိပါသည်။ မရေးနိုင်သေးပေမယ့်  ဘလော့ 
လေး ရှင်သန်နေရန် အတွက်ဖြစ်သလို ရေငတ်နေသော ပန်းတစ်ပင်လို ညှိုး သွားမှာ စိုး၍လည်း ဖြစ်ပါ၏။ ဒီကြား
ထဲ ဘလော့ ရွာတို့ ၏ နှလုံးသည်းပွတ် “ အကိုကြီးကျောက် ”တစ်ယောက် ဘလော့ ရွာကြီးနှင့်  သူချစ်သောညီ
အစ်ကိုမောင်နှမများကို ခွဲထွက်၊ ထားခဲ့  သွား၍လည်း ဖြစ်ပါသည်။ လေပေါ်တွင် ခင်တွယ်မိသော်လည်း ဘယ်
တော့ မှ မပျောက်နိုင်တော့ သည့် “ တံလျှပ် ” တို့ နှင့် တူသော သံယောဇဉ် တစ်ခုကြောင့် တသသနှင့် ခဏခဏ
ဖြစ်နေမိတော့ လည်း ....၊

......................................................................................................

ဘန်ကောက်သို့  ကျွန်တော်ရောက်လာခဲ့ ခြင်း၌ တာဝန်နှစ်ရပ်ရှိသည်။ တာဝန်တစ်ရပ်က “ဖိုင့်” ကို တွေ့ ဖို့ ။
နောက်တာဝန်က ရန်ကုန်မှ လာမည့် အမကို, စင်္ကာပူ ပို့ ပေးဖို့ ဖြစ်သည်။ တာဝန်နှစ်ရပ်လုံး ကျွန်တော် ကျေ
ခဲ့ ၏။ သို့ သော် အမနှင့်ပါလာသော “ သန်းထွန်းဇော်” ကိုတော့  ကျွန်တော် စင်္ကာပူကို နှစ်ကြိမ် ပို့ ရာတွင် (နှစ်ကြိမ်စလုံး ) လေဆိပ်မှ ပြန်ပို့ ခံရသည်။

ထိုစဉ်က စင်္ကာပူသည် ဗီဇာ မလို။
ပတ်(စ)ပို့  စာအုပ်ကိုင်ပြီး ဘုရားတ,ကာ ရှိုးမန်းနီး ကိုင်၍ ဝင်ကြရသည်။ ကံကောင်းလျှင် ဝင်ခွင့်ရသည်။
ကံမကောင်းလျှင် ပြန်နှင်ခံရသည်။ ပထမအကြိမ်မှာပင် အစ်မက ချောချောမွေ့ မွေ့  ရောက်သွားခဲ့ ၏။
သန်းထွန်းဇော်က ဝင်ခွင့် မရ။ သူ ဝင်ခွင့်မရခြင်းကို အစ်ကိုက ဖုန်းဆက်သောကြောင့် ကျွန်တော် လေဆိပ်မှာ
သူ့ ကို သွားကြိုခဲ့ သည်။ နောက် သုံးရက်အကြာတွင် ဒုတိယအကြိမ် ကြိုးစားသည်။ မရ။ သူရော ကျွန်တော်ပါ
စိတ်ဓါတ်ကျပြီ။ သူက မြန်မာပြည် ပြန်ချင်သည် ဆို၍ ပြန်ပို့ ပေးလိုက်ရသည်။

သန်းထွန်းဇော်ပြီးတော့  အစ်ကိုနှင့် ဆက်သွယ်ပြီး ရောက်လာကြသူ သုံး လေးဦးကို လေဆိပ်မှာ သွားကြို၊ ပြီး
လျှင် ဘန်ကောက်မှာ တည်းခိုဖို့  စီစဉ်ပေး၊ ပြီးလျှင်စင်္ကာပူ ဝင်ဖို့  လိုက်ဆောင်ရွက်ပေး ဖြစ်သည်။ အဖိုးအခကို
တော့  အစ်ကိုနှင့် ဆွေးနွေးပြီးသားဖြစ်၏။ ကျွန်တော်က သူတို့ ပါလာသော ငွေဖြင့် လိုက်စီမံပေးရုံသာ ဖြစ်၏။
ဝှိုက်ကဒ် ပုံစံ ဖြည့်နည်း၊ စင်္ကာပူ လ.ဝ.က နှင့် တွေ့ လျှင် နေပုံနေနည်း၊ ဆက်ဆံနည်းများ သင်ပြပေးရသည်။
တဖြည်းဖြည်း ကျွန်တော်တို့  ညီအစ်ကို လူကြို၊ လူပို့  လုပ်ရင်း နာမည်ကြီးလာခဲ့ သည်။ ကျွန်တော်လည်း
ဘန်ကောက်လေဆိပ်ကို အထူး ကျွမ်းကျင်လာခဲ့ ပြီ။ လေယဉ်လက်မှတ်ကိစ္စများလည်း ကျွမ်းကျင်လာခဲ့ ပြီ။
အပျော်အပါး လိုလားသည့် ဧည့် သည်များကိုလည်း ဆွိုင်ဆီသို့  ပို့ ပေးတတ်ခဲ့ ပြီ။

ကျွန်တော် ပြန်ရောက်လာချိန်၌ ဖိုင်တို့ လမ်းထဲမှာပင် အခန်းတစ်ခန်း ငှားလိုက်သည်။ ကျွန်တော့် ရန်သူဟောင်း
များလည်း လာကြပါသည်။ သို့ ရာတွင် သူတို့ အချေအနေသည် ကျွန်တော့်ကို မလှန်နိုင်တော့ ပြီ။ ကျွန်တော့်ကို
ပတ်(စ)ပို့  ဝယ်ခိုင်းသော သူကို တွေ့ ပြီး သူ့ ငွေကိုလည်း ကျွန်တော် ပြန်ဆပ်နိုင်ခဲ့ ပြီ။ စင်္ကာပူ သွားလို၍ပင်
သူတို့  အပူ လာကပ်နေပြန်၏။

ဖိုင်က တွေ့ တွေ့ ချင်း ကျွန်တော့် ကို ပါးတစ်ချက်ရိုက်သည်။
ဤမျှနှင့်ပင် သူ့ အချစ်ကို ပြန်အစပျိုးလိုက်လေသည်။ ကျွန်တော် တွက်ဆသလိုပင် ဖိုင့်ဘဝသည် ဘာမှမပြောင်း
လဲခဲ့ ပါ။ အရင်ကလည်း ဒီအတိုင်း၊ အခုလည်း ဒီအတိုင်း၊ နောင်လည်း ဒီအတိုင်း ဖြစ်နေမည်မှာ ဖိုင် ပင်ဖြစ်သည်။
ပြောင်းလဲခြင်းသည် ဖိုင်နှင့်မဆိုင်။ ဝပ်ကျင်း ကျဉ်းကျဉ်းလေးတွင် အမိအရ ကုတ်တွယ်ရင်း အသက်ရှင်နေခြင်း
သည် ဖိုင်အစစ် ဖြစ်သည်။

ဖိုင့် ကိုယ်ရေးရာဇဝင်မှာ မများလှ။
မနက် ရှစ်နာရီတွင် အထည်ချုပ်စက်ရုံသို့  သွားမည်။ နေ့ လည် ထမင်းစားချိန် ပြန်လာမည်။ ပြီးလျှင် စက်ရုံသို့ 
ပြန်မည်။ ညနေပိုင်းတွင် အချိန်ပိုရှိက ဆင်းမည်။ မရှိလျှင် ပြန်လာကာ တီဗွီဇာတ်လမ်းတွဲများ ကြည့်မည်။
သူ့ တူမများကို ထိန်းမည်။ အဖေ၊ အမေနှင့် စ,ကြ နောက်ကြမည်။ ဘာသာရေးပွဲတော်နေ့ များတွင် ဘုရားသွား
သည်။ သင်္ကြန်ရောက်လျှင် ရွာသို့  အလည်ပြန်သည်။ ဖိုင့်ဘဝမှာ ဘာမှ အကွေ့ အကောက်မရှိ။

ကျွန်တော် သူ့ ကို ၉၇ တွင် ပြန်လာမည်ဟု ပြောခဲ့ ခြင်းနှင့်အတူ ကတိ အတိုင်း ပြန်လာခဲ့ ခြင်းသည် ဖိုင့်အတွက်
ကြီးမားသော တော်လှန်ရေး အင်အားကြီး ဖြစ်သွားရှာသည်။ စစ်သားတစ်ဦး လာရောက် ကမ်းလှမ်းနေသည်ကို
ယတိပြတ် ငြင်းဆန်ခွင့် ရသွားသည်။ သူ့ အသိုင်းအဝိုင်းကြားတွင် ကျွန်တော့်ကို လက်တွဲကာ ရဲရဲကြီး ရင်ကော့ 
ရပ်သည်။ သနားစရာ ဖိုင်ပါလားဟု ကျွန်တော် ဂရုဏာ ဖြစ်မိသည်။ ဖိုင်သည် ကျွန်တော့် အတွက် ခလေးငယ်
လေး ဖြစ်နေသည်။ လောကကို ဘာမှမသိ၊ ဘဝကို ဘာမှမသိ။ ကျွန်တော့် အတ္တကိုလည်း ဘာမှမတွေး။
ကျွန်တော် ပြန်လာခြင်းသည် သူ့ ကို တဒင်္ဂ လာရောက် နှုတ်ဆက်သည်ကိုလည်း မသိရှာ။

သုံးလကြာသည်အထိ မင်္ဂလာစကားကို ကျွန်တော် မပြောသေး။ ဖိုင်ကတော့  ကျွန်တော် ဘယ်လို လုပ်လုပ်
လက်ခံသည်။ တရားဝင်မဟုတ်ပဲ အသိမိတ်ဆွေများကို ဖိတ်ကြား၍ မင်္ဂလာစကားများ ဆိုလျှင်ပင် သူ ကျေနပ်
၏။ သူ့ မိဘများကလည်း ဘာမှ မကန့် ကွက်။ မကန့် ကွက် ဆိုသည်မှာ သူ့ သဘောသာ ဖြစ်၏။ ကျွန်တော်
တိတိကျကျတော့  မသိ။မကန့် ကွက်သည့်တိုင် လူသိရှင်ကြား တရားဝင်လက်ထပ်ဖို့  ဥပဒေက ခွင့်မပြု။ လုပ်ရ
မှာတွေက များလှသည်။ ဥပဒေသတွေက ထူပြောလှသည်။ လိုက်နာရမှာတွေက တမေ့ တမော။ သည်တော့ 
သူရော ကျွန်တော်ပါ လောကဥပဒေတွေကို မေ့ လိုက်ကြသည်။ ဖိုင်သည် နဂိုကပင် စိတ်ရှုပ်ခံတတ်သူမဟုတ်
သဖြင့်  ကျွန်တော်နှင့်သူ နှစ်ဦးသဘောတူ နေခြင်းကို လွယ်လွယ်ပင် လက်သင့်ခံ၏။ ကျွန်တော် အဆင်ပြေလာ
သည်ကိုပင် ဝမ်းသာလုံး ဆို့ နေရှာသည်။ ကျွန်တော် ဘယ်လောက်ပင်ပန်းဆင်းရဲခဲ့ သည်ကို သူသိသည်ကိုး။

မှန်တာပြောရလျှင် ဖိုင်သည် ဘန်ကောက်မြို့ တော်ကို ကျွန်တော့်လို မကျွမ်းကျင်။
တစ်ခါတစ်ရံ လေယဉ်လက်မှတ်ကိစ္စဖြင့် ကျွန်တော် မြို့ ထဲသို့  ရောက်နေခိုက်၊ စာရွက်စာတန်း အိမ်မှာ ကျန်
နေ၍ ဖိုင့်ကို ဖုန်းဆက်ပြီး လာပို့ ခိုင်းလျှင် အဆင်မချော။ လေဆိပ်ကို လူပို့ ၊ လူကြိုကိစ္စ ခိုင်းလျှင် ကျွန်တော်မပါ
ပဲ သူ မသွားရဲ။ လေဆိပ်ရောက်လျှင် ကျွန်တော့်လက်ကို ဆုပ်ပြီး တကောက်ကောက် လိုက်နေတတ်၏။
ဘဏ်မှ ငွေလွှဲခိုင်းလျှင်လည်း မအော်မငေါက်ဘဲ ဘယ်တော့ မှ မပြီး။

ပြီးတော့  ဖိုင်သည် အိမ်မှုကိစ္စများကို အပျင်းထူသည်။ အလှအပ အပြင်အဆင်ပိုင်းမှာလည်း နတ္ထိ။ ရည်းစားဖြစ်
ခါစကတော့  ဖိုင့်ကို ကုမ္ပဏီဝတ်စုံများဖြင့် ခဏခဏ တွေ့ ရသဖြင့် အတော်စိတ်အခြေကြီးသူဟု အထင်မှားခဲ့ 
သေးသည်။ ယခုတော့  ဖိုင်သည် အလှအပလည်းမမက်၊ အဆောင်အယောင်လည်း စိတ်မဝင်စား၊ အစား
အသောက်လည်း အစပ်မှ လွဲ၍ ဘာမှ ကြိုက်လှသည်မရှိ။ သူ စားသည်ကို ကျွန်တော် လိုက်စားသည့်တိုင်
ကျွန်တော် စားသည်ကို သူက ဟန်ပင်မဆောင်ပဲ ငြင်းသည်။ ပြီးလျှင် “ ခွင့် လွှတ်နော် ” ဟု ရယ်ဖြဲဖြဲလေး
တောင်းပန်သေး၏။ သူ ကိုယ်တိုင် ချက်ကျွေးသည်များကို စားရပါစေဟု တောင်းပန်လွန်းသဖြင့် သူ့ အဖေကို
မေးမြန်းပြီး မျှစ်ချဉ်တစ်မျိုးချက်သည်။ မဆိုး။ သည့် ထက်ပို၍တော့  မျှော်လင့်၍ မရတော့ ။ သူ့ အိမ်မှာလည်း
အမြဲပင် ဆိုင်ဟင်း ဝယ်စားနေကျသည်မို့  ကျွန်တော်လည်း ဘာမှ မပြောနိုင်တော့ ။

ထို ကြားကာလတွင် ကျွန်တော် စင်္ကာပူကို ပြန်ဝင်ဖို့  အကြောင်းပေါ်လာသည်။
လူသုံးယောက်ကို ပူးတွဲ၍ ပို့ ပေးရမည်။ အစ်ကို မြန်မာပြည်သို့  ခေတ္တပြန်မည်။ သူ့ အလုပ်များကို ကျွန်တော်
ထိန်းပေးရင်း သူ့ အိမ်များကိုလည်း စောင့်ရှောက်ပေးရန် ဖြစ်သည်။ ပြီးလျှင် ကျွန်တော့်အတွက် အခွင့်အလမ်း
ပေါ်နေသည့် အမေရိကန်ပြည်ဝင်ခွင့် ဗီဇာကို သူ လျှောက်ပေးမည်တဲ့ ။

ကျွန်တော် သူ့ ကို မယုံ။ သို့ သော် အမေကပါ ဖုန်းဆက်လာသဖြင့်  စင်္ကာပူသို့  ပြန်ဝင်လာခဲ့ သည်။ စင်္ကာပူသို့ 
ဝင်သည့်  ပုံစံက ပြောင်းလဲသွားပြီ။ ကျောင်းဗီဇာ လျှောက်ပြီး ထိုအကြောင်းပြချက်ဖြင့် ဘန်ကောက်ရှိ စင်္ကာပူ
သံရုံးတွင် ဗီဇာ ဝင်လျှောက်ရသည်။ ထိုဗီဇာဖြင့် ဝင်ရသည်။ ဘာမှ အခက်အခဲ မရှိ။

ကျွန်တော့်အစ်ကို၏ ဝင်ငွေသည် မှန်းဆ၍ မရအောင် တိုးပွားနေခဲ့ ပြီ။ ဖွင့် သမျှ အိမ်ခန်းများက အောင်မြင်
သည်။ လူအကြို အပို့ က အဆင်ချောနေသည်။ သူ့ ပါးစပ်က ထုပ်ပြော၍ ကြွေးကြော်နေသံကို ကျွန်တော်ပင်
ကြားနေ၏။ စင်္ကာပူကို တစ်ဝက်လောက် မျိုပစ်မယ် ဆိုပဲ။ သူ ကျွန်တော့်ကို ပေးခဲ့ သည့် ကတိများလည်း
ပျက်လေပြီ။ ယခုလည်း ကျွန်တော်သွားလိုသည့်  အမေရိကန်ကို ဗန်းပြ၍ ပြန်ခေါ်နေမှန်း ကျွန်တော်သိသည်။
သူ့ လုပ်ငန်းများအတွက် စိတ်ချရသူ မရှိ။ ထို့ ကြောင့် ဖိုင်နှင့်ခွဲဖို့  ဖြစ်လာပြန်သည်။ ဖိုင်က ခွင့်ပြုပါသည်။

ဖိုင့် ကို ကျွန်တော် အံ့ သြရသည်မှာ သူ ချစ်ပုံချစ်နည်းပင် ဖြစ်သည်။ ကြာတော့  သူ့ ကို ကျွန်တော် မနာလိုစိတ်
ဝင်လာတော့ ၏။ သူ့ လို ကျွန်တော် တစ်ယောက်ယောက်ကို ချစ်ကြည့် ချင်သည်။ ဘာမှ မပါသော အချစ်၊
မပြောင်းလဲသော အချစ်၊ မထင်မရှား မကြီးမကျယ်ပါလျက် သံမဏိမျှင်လို ခိုင်မာသည့်  အချစ်မျိုး ကျွန်တော်
လည်း စမ်းသပ် ချစ်ကြည့် ချင်လာသည်။ သို့ သော် မရ ။

ကျွန်တော်က ပြေးနေသူကိုး။ မတည်ငြိမ်သူ၊ အတ္တကြိးသူ၊ ဘဝရည်မှန်းချက်တွေ အမြောက်အများနှင့်  လုံးလည်
ချာလည် လိုက်နေသူ။ အဘယ်မှာလျှင် ဖိုင့်လို ချစ်နိုင်ပါမည်နည်း။

ကျွန်တော် ဖိုင့်ကို မေးကြည့် သည်။
“ ဖိုင် .... ကျွန်တော့် ကို မမုန်းဘူးလားဟင် ”
“ ဘာဖြစ်လို့ လဲ ... ဘာဖြစ်လို့  မုန်းရမှာလဲ ”
“ ကျွန်တော်မှ တာဝန်မကျေတာ ”
“ မဆိုင်တာပဲရှင်... စိတ်ညစ်စရာတွေ မတွေးနဲ့ ၊ သိပ်မတွေးနဲ့  ဟုတ်လား”
ဒါက ဖိုင့်လက်သုံးစကား ဖြစ်သည်။
ကျွန်တော် နက်နက်နဲနဲ စဉ်းစားလေပြီးတိုင်း ဖိုင်နှင့် စကားပြောကြပြီဆိုလျှင် ...
“ သိပ်မတွေးနဲ့  ... ဟုတ်လား ” ဟူသော စကားကို ဖိုင် သုံးတတ်သည်။
“ ကျွန်တော်တို့  ခွဲရအုံးမယ် ဖိုင် .. ဖိုင်မကြောက်ဖူးလား ”
“ ကျွန်မ မသိဘူးလေ ”
“ ဖိုင် ဘာကတိ လိုချင်လဲ ”
“ တကယ်လား ..”
သူက မေးပြီး ဘာမှ ဆက်မပြောတော့ ။
“ ကျွန်တော် ပြန်လာမယ်.. ဖိုင် ယုံနော် ”
“ ယုံပါတယ်ရှင် ”
“ ဖိုင် ... ကျွန်တော် ဖိုင်နဲ့  တစ်သက်လုံး ခိုင်မြဲသွားချင်တယ်နော်.. ”
“ အတူတူပါပဲ.. ကျွန်မလည်း အဲ့ ဒါပဲ စဉ်းစားနေတာ”
“ သားသမီး ယူရမှာ ဖိုင် ကြောက်လား ”
“ ဟင့် အင်း.. ဘာလို့  ကြောက်ရမှာလဲ ”
“ ဖိုင့် မိဘတွေက ပြောမှာပေါ့  ”
“ မသိဘူးလေ..”
“ ကျွန်တော်နဲ့  ဖိုင် ကလေးယူကြမှာလား ”
“ အင်း.. သဘောပဲလေ၊ ရှင် ပြန်လာမှာလား ”
“ လာမှာပါ.. အချိန်တော့  မမေးနဲ့  ၊ ဖိုင် ကလေးကို ရအောင်မွေးနော်၊ ဖိုင် မွေးပြီးရင် ကလေးကို မြန်မာပြည်
ပို့ ပေး၊ ကျွန်တော် ပြုစုမယ် ဟုတ်ပြီလား၊ ဖိုင်က ကျွန်တော်နဲ့  လာနေပေါ့  ”
“ကျွန်မ သိပါတယ် ”
“ ဖိုင် .. ကျွန်တော့် ကို ခွင့် လွှတ်ပါနော်၊ ဖိုင်နဲ့  ကျွန်တော် ဒီလိုမှ မဟုတ်ရင် ဝေးမှာ၊ ဖိုင့်မှာ ကလေးရခဲ့ ရင်
ကျွန်တော်တို့  မဝေးတော့ ဘူး ဟုတ်လားဟင် ”
“ မသိဘူးလေ ”
“ ကျွန်တော်လေ လုပ်ချင်တာတွေ ဖြစ်လာခဲ့ ရင် ဖိုင်နဲ့  လာနေမယ်၊ ဘဝမှာ ဘာတွေ ဖြစ်အုံးမလဲ ကျွန်တော်
မသိဘူး၊ ဘာတွေပဲဖြစ်ဖြစ် ကျွန်တော် ပြန်လာပါ့ မယ်နော် ”
“ သိပ်မတွေးပါနဲ့ ရှင် ... ဟုတ်လား ”
“ ကျွန်တော် စာထည့်မယ်နော် .. ဖိုင်လည်း စာပြန်နော်”
“ ရှင် ရေးတတ်ပြီလား ”
“ စာအုပ်တွေ ကြည့် ရေးမှာပေါ့  .. အရင်ကလည်း အဲ့ ဒီလိုပဲ ရေးခဲ့ တာပဲ ”
“ တယ်တော်တဲ့  ရှင်ပါပဲ ”

ထိုကဲ့ သို့  သားသမီး ယူမည့် ကိစ္စ မဆွေးနွေးခင်က သူ ကျွန်တော့် ကို သေသေချာချာ ကတိတစ်ခု တောင်းခဲ့ 
ဖူးသည်။
“ ရှင် မိန်းမယူရင် ကျွန်မကို အသိပေးနော် ...ပေးနော် .. တကယ်နော် ”
“ ဘာဖြစ်လို့ လဲ ဖိုင် ”
“ ဖိုင် ကျွန်တော့် ကို မုန်းမလို့ လား ”
“ ဘာဆိုင်လို့ လဲ ... ကျွန်မ သိချင်လို့ ပါဆို ”
“ ကျွန်တော် မိန်းမ ယူမယ်ဆိုတာ ဖိုင်ဘယ်လိုသိလဲ ”
“ ရှင်ယူမှာပါ .. ရှင်က ဖြောင့်တယ်လေ ”
“ ဖိုင်ကော .. ယောက်ကျား ယူမှာလား ”
“ ဘယ်တော့ မှ မယူ၊ တစ်သက်လုံးမယူ၊ တကယ် .. တကယ် ”
“ ကျွန်တော် မိန်းမယူရင် ဖိုင် သတိမရချင်တော့ လို့  မဟုတ်လား ”
“ ဘာပြောတယ် .. ”
“ ဒီလိုပါ .. ကျွန်တော့် ကို ဖိုင်သတိရနေတယ်၊ ကျွန်တော် မိန်းမယူရင် သတိရပေးစရာ မလိုတော့ ဘူး၊
ဟုတ်တယ်မို့ လား ”
“ အင်း ... ရှင်တော်တယ်၊ ဒါပေမဲ့  ရှင် အသိပေးဖြစ်အောင် ပေးပါ ”
“ စိတ်ချပါဖိုင် .. ကျွန်တော် အသိပေးပါ့ မယ် ” ဟု ကျွန်တော် ကတိ ပေးခဲ့ ဖူးသည်။

ကျွန်တော့်ဘဝခရီးက အဆမတန် ရှည်လျားလှသည်။ ဖြတ်သန်းရမည့်  ပန်းတိုင်များက အဆင့်ဆင့် ။
ရည်မှန်းချက်ကြီးက ကြီးမားလှချေ၏။ မသေမချင်း ရောက်အောင်တော့  လှမ်းရပေမည်။ အောင်မြင်ကျော်ကြား
သော ဘဝ၊ ခမ်းနားသော ဘဝ၊အများပြည်သူကို ကောင်းကျိုးချမ်းသာပေးဝေနိုင်သော ဘဝပိုင်ရှင် ဖြစ်ဖို့ 
ကျွန်တော် ဖြတ်သန်းရအုံးမည်။ ဤအရာများကား ကျွန်တော့် နှလုံးဗဟိုတွင် အစဉ် ကိန်းအောင်းနေသော
ဆုံးဖြတ်ချက်ကြီး ဖြစ်သည်။ တစ်နေ့ တွင် ကျွန်တော် မြင့်မြတ်ရမည်။ ထက်မြက်ရမည်။ အသက်ရှုနေသမျှ
ထိုပန်းတိုင်ကို ကျွန်တော် လှမ်းနေမည်။ ထို့ ကြောင့်  ဖိုင်က ကျွန်တော့်ခရီးရှည်ကြီးကို စဉ်းစားပြီး ကတိတောင်း
လာခြင်း ဖြစ်သည်။ ဖိုင်နှင့်  တွေ့ ပြီးနောက် အိမ်ထောင်ပြုဖို့  ကိစ္စကို ကျွန်တော် ပို၍ပင် တွေဝေနေပါသည်။

ကျွန်တော်နှင့်  ဖိုင် သားသမီး ယူကြခြင်းသည် သံသယာကို ရည်မျှော်ခြင်း ဖြစ်သည်။ ကျွန်တော်က ခရီးသည်
ဖြစ်သည်။ တစ်ကွေ့ တွင် ဖိုင့် ဆီ စခန်းလာချမည်။ ထိုအခါ ကျွန်တော်တို့  နှစ်ဦးသဘောတူ ရယူခဲ့ သော သား
သမီးလေးသည် ကျွန်တော်တို့ ၏ ဆုံစည်းခြင်း ဖြစ်မည်။ သို့ မှသာလည်း ကျွန်တော်နှင့်  ဖိုင် ရှေ့ ခရီးအတွက်
ကျေနပ်စရာ ရှိမည်။ သူနှင့် ကျွန်တော်တို့  နှစ်ဥိးကြားတွင် များမြောင်လှသည့်  လောကဥပဒေများ ရှိ၏။ ပြစ်တင်
ဝေဖန်မည့် နှုတ်ဖျားတွေ ရှိနေသည်။

ကျွန်တော် ရိုတီပလာတာရောင်းသမားဘဝက စ,ခဲ့ ကြသော ချစ်ခြင်းမေတ္တာသည် ယနေ့ ထိ မပြောင်းလဲသေး။
ဖိုင်နှင့်  ကျွန်တော့်ကြားတွင် ကြီးမားခက်ခဲသော လောကဓံ မရှိ။ ဖိုင်က ရပ်နေသူ၊ ကျွန်တော်က ပြေးလွှားရုန်း
ကန်နေသူ။ ကျွန်တော်၏ ပန်းတိုင်က စိတ်ကူးတို့ ၏ အဓိပတိနေရာ၌ ရှိသည်။ ဒါကို မဖြစ်နိုင်ဟု ဖိုင်ကလည်း
မငြင်း။ သူ့ လို မနေနိုင်ရကောင်းလားဟုလည်း အပြစ်မတင်။ ပြီးတော့  ကျွန်တော်တို့  နှစ်ဦးထားခဲ့ ကြသည့် 
အချစ် ကိန်းဂဏန်းများကိုလည်း ပြီးလွယ် ပျက်လွယ် မချေဖျက်ချင်။

သူရော ကျွန်တော်ပါ စိတ်ကူးနှင့် ရူးနေကြသူများ မဟုတ်ကြပါ။ နေ့ စဉ် လှုပ်ရှားရုန်းကန်ရင်း ဘဝရပ်တည်လာခဲ့
ကြသူများမို့  အတော်အသင့်  စဉ်းစား ဆင်ခြင်ဥာဏ်ရှိသည်။ လူမျိုး တစ်မျိုးနှင့် တစ်မျိုး၊ တစ်ပြည်သားနှင့်
တစ်ပြည်သား ကွဲပြားခြားနားမှု စည်းကမ်းကလနားတွေကို ချစ်ခြင်းဖြင့် ကျော်ဖြတ်ထားခြင်း ဖြစ်သည်။ ဖိုင်နှင့် 
ကျွန်တော် တရားဝင်လက်ထပ်ဖို့  မလွယ်။ ဘဝတစ်ခု၊ သိုက်မြုံတစ်ခု ဖွဲ့ စည်းထူထောင်သွားဖို့ လည်း ရည်ရွယ်
ချက် မတူညီကြ။ ကျွန်တော် ချီတက်မည့် ဘဝပန်းတိုင်နောက်ကိုလည်း ပါရမီဖြည့်ပြီး ဖိုင်လိုက်လာလို့ မရ။
ဖိုင့်  ဝပ်ကျင်းလေးထဲကိုလည်း ကျွန်တော် ကြာကြာဝင်ခွေ့  မနေနိုင်။

ဤကွဲပြားမှုများကြားမှပင် အချစ်သည် ရှင်သန် ဖြစ်ထွန်းနေပါသည်။
ဖိုင်နှင့်  ကျွန်တော် သားသမီးယူခဲ့ ကြသည်မှာ ဤကမ္ဘာမြေပထဝီပေါ်တွင် “ အဒါ ” ဟူသော ကျွန်တော်
ကျွန်တော်မောင်ထွေးနှင့်  “ လင်းဖိုင်စာသိုက် ” ဟူသော “ ဖိုင် ” တို့  ရဲရဲဝံ့ ဝံ့  သက်သေပြခြင်း ဖြစ်သည်။
ရည်ရွယ်ချက် ကြီးမားစွာဖြင့်  အချစ်ပြယုဂ် လှစ်ဟပြခြင်း ဖြစ်သည်။ တစ်နေ့ နေ့ တစ်ချိန်ချိန်တွင် ထိုအချစ်
ပြယုဂ်သည် ကမ္ဘာမြေကြီးက လက်ခံသင့် သည်ဟု ဆိုပါလိမ့် မည်။ ကမူးကရှူး ချစ်ကျွမ်းဝင်ပြီး မတော်တဆ
သားသမီးရခြင်း မဟုတ်။ နိုင်ငံ၊ ဒေသ၊ လူမှုဥပဒေသတွေကို ဂရုမစိုက်ခြင်းလည်း မဟုတ်။ ကျွန်တော်တို့ 
တတ်နိုင်သည့် နည်းဖြင့်  အချစ်ကို ပုံသွင်းထုဆစ်ခြင်းသာ ဖြစ်သည်။

ကျွန်တော် ခွဲသွားရဦးမည်ကို ဖိုင် သိသည်။ ဘယ်ကိုလည်း ဆိုတာ ဖိုင်မသိ။ ကျွန်တော့်  တိုက်ပွဲအတွက်
ကျွန်တော်ပဲ သိသည်။ အောင်မြင်မှု၊ ခမ်းနားမှု၊ လူအများကို ရိုင်းပင်းကူညီနိုင်မှု၊ အများအတွက် အကျိုးပြုပုဂ္ဂိုလ်
တစ်ယောက် ဖြစ်တည်မှု၊ ဒါတွေအတွက် ကျွန်တော် တိုက်ပွဲ ဝင်ရဦးမည်။ ဦးစွာ ကျွန်တော် ပြုရမည်က
ကျွန်တော့်မိသားစုအရေးကိစ္စ ဖြစ်သည်။

အမေက ကျွန်တော့် ကို စင်္ကာပူ ပြန်စေချင်သည်။ ဘန်ကောက်၌ ကျွန်တော်သည် စီးပွားမဖြစ်ထွန်းဟု ယူဆ၏။
ပြီးတော့  စီးပွားရေးကောင်းတုန်း တိုက်တွေ၊ ကားတွေ၊ ရွှေတွေငွေတွေ စုကြဆောင်းကြဖို့  ဆန္ဒရှိသည်။ အစ်ကို့ 
အလုပ်များကို ကူညီပေးဖို့  တိုက်တွန်းသည်။ ထို့ ကြောင့် စင်္ကာပူသို့  လူသုံးယောက် ပို့ ဆောင်ပေးရင်း
ကျွန်တော် ပြန်လာခဲ့ သည်။

ကျွန်တော်မသွားမီ တစ်ညက ဖိုင်က မေးလာ၏။
“ ရှင် မိန်းမအသစ် ရှိနေလားဟင် ” ဟုပါ။
ကျွန်တော် ကြောင်သွားသည်။ ဖိုင့်ကို ကြည့်တော့  ရှိတယ်မို့ လားဟု ထပ်မေး၏။
ဖိုင့်ကို ကျွန်တော် ရုတ်တရက် ထွေးပွေ့ မိပြီး ခေါင်းကို တွင်တွင်ယမ်းပစ်လိုက်မိသည်။
“ ကျွန်တော် .. မသွားတော့ ဘူး ဖိုင် ”
“ အစ်ကို စိတ်ဆိုးနေမှာပေါ့  ”
“ ဘာဆိုင်လို့ လဲ .. ဖိုင်မခွဲချင်ရင် ကျွန်တော် မသွားတော့ ဘူး ”
“ အစ်ကိုက ဘာလို့  ခေါ်တာလဲဟင် ”
“ စင်္ကာပူကို တစ်ဝက်မျိုချင်လို့  ”
ကျွန်တော် ပြောသော ထိုင်းစကားကို ဖိုင်နားမလည်၍ ဘာလဲ .. ဘာလဲ ဟု ထပ်မေး၏။ သူ နားလည်အောင်
ကျွန်တော်မပြောတတ်မှန်း ကျွန်တော်သိသည်။ အစ်ကို ကြုံးဝါးသည့် စကားကို စိတ်ထဲက သံယောင်လိုက်ပြီး
ပြောမိခြင်းသာဖြစ်သည်။ မျို ဟူသော ဝေါဟာရကို “ စား” ဟုသာ ကျွန်တော် ပြောတတ်သည်။ ထိုင်းစကားက
ကျွန်တော့် အတွက် ခက်နေသည်။

“ မလိမ်ချင်ပါနဲ့ လေ .. ရှင် မယားသစ်လေး ရှိနေပါတယ်၊ ဟုတ်တယ်မို့ လား”
“ ဖိုင် ”
ကျွန်တော် ခပ်ဆတ်ဆတ် အော်လိုက်သဖြင့် ဖိုင် စကားမဆက်တော့  ။
“ ကျွန်တော့်ကို ပုံမှန်လူတစ်ယောက်လို မတွေးပါနဲ့  ဖိုင်။ ကျွန်တော့်ကို ဖိုင်သိပါတယ်။ ကျွန်တော့် မှာ ဖိုင့်ကို
ညာစရာ မရှိဘူး။ ကျွန်တော် တွေးနေတာ လူကြီးလူကောင်း ဖြစ်ဖို့ ပဲ ”
“ ခွင့်လွှတ်နော် .. ကျွန်မ တောင်းပန်ပါတယ် ”
“ ဖိုင် အင်္ဂလိပ်စကား သင်ထားပါလား”
“ ဟုတ်ပြီလေ ”
“ တစ်ခါတစ်လေ ကျွန်တော့်  မိတ်ဆွေ သူငယ်ချင်းတွေ လာရင် ဖိုင် စကားပြောလို့ ရတာပေါ့  ”
ဖိုင့် ဆီမှ စကားသံ ထွက်မလာတော့ ။ ကျွန်တော်တို့ ကို ဖိုင်တို့  ကြောက်နေကြသည်။ လူတွေ လာလိုက် သွား
လိုက်ဖြင့် နေ့ မြင် ည ပျောက် ဖြစ်နေကြသည်ကို ဖိုင်တို့  အံ့ သြနေသည်။ စင်္ကာပူကို ဘာသွားလုပ်ကြတာလဲ
ဟု မေးလာသည်။ ဖိုင်တို့  နိုင်ငံသားများ စင်္ကာပူကို သွားသည်က ကျေးလက် လူများသာ ရှိသည်။ တောသူ
တောင်သားများသာ အများစု ဖြစ်သည်။ အင်္ဂလိပ်စကားများလည်း သိစရာမလို၊ ကုမ္ပဏီကြီးများက အဖွဲ့ လိုက်
အဖွဲ့ လိုက် ပို့ ဆောင်ပေးခြင်းဖြစ်သည်။ ဤသို့  သွားကြသူများကို မြင်နေ တွေ့ နေရသဖြင့် ကျွန်တော်တို့ 
စင်္ကာပူသွားကြသည်မှာ အံ့ သြစရာ ဖြစ်နေသည်။

အလုပ်မတူကြ၊ ကျင်လည်မှု မတူကြကြောင်း၊ ဖိုင့် ကို ကျွန်တော် ရှင်းပြသည်။ ထိုင်းလူမျိုးတို့  အလုပ်အကိုင်နှင့်
မြန်မာလူမျိုးတို့  အလုပ်အကိုင် မတူကြဟု ရှင်းပြသည်။ ဒါလည်း ဖိုင်မယုံသေး။ အင်္ဂလိပ်စကားကိုလည်း အမတန်
လန့် သည်။ ကျွန်တော့် ညီအကိုဝမ်းကွဲ အောင်နိုင်အေး စင်္ကာပူကို သွားတော့  ဘန်ကောက်လေဆိပ်သို့  လိုက်
ပို့ ရင်း နှုတ်ဆက်ကြသည်။ ကျွန်တော် သူ့ ကို တစ်လုံးစ၊ နှစ်လုံးစ အင်္ဂလိပ်လို သင်ပေး၏။ ဘာမှ မခက်သော
စကားဖြစ်သည်။ “ ဘိုင့် ဘိုင် .. စီးယူ ..” ဟူ၍သာ။ အဓိပ္ပာယ်ကတော့  ကံကောင်းပါစေ ဟူ၍ပင်။

တစ်ခါ ကြုံရသည်လည်း ရယ်စရာပင်။
ကျွန်တော် လေယာဉ်လက်မှတ်သွားဝယ်သော ကိုလံဘတ် တိုးကုမ္ပဏီမှ ကိုနာတီးနှင့် ဖိုင့်ကို ကျွန်တော် မိတ်
ဆက်ပေးတော့  ဝမ်းသာအားရ စကားတွေဆိုသည်။ ကျွန်တော့်ခါးပိုက်ထဲတွင် ဖိုင့်လို ယိုးဒယားသူစစ်စစ်
တစ်ယောက် ရှိနေခြင်းကို သူအံ့ သြနေ၏။ သူ့ ခင်မျာ ကျွန်တော်သာ တကယ်လုပ်မည်ဆိုလျှင် “ တိုး ”တစ်ခု
ဘန်ကောက်မှာ ဖွင့်နိုင်ကြောင်း ၊ ဖိုင် ကလည်း ကူညီပေးသင့်ကြောင်း၊ “ တိုး ”လုပ်ငန်းသည် မည်မျှ အမြတ်များ
ကြောင်း၊ ဖိုင့်လို နိုင်ငံသား အစစ်ကသာ “ တိုး ” ကုမ္ပဏီ ဖွင့်လျှင် ကျွန်တော်လည်း ဘန်ကောက်မှာ ကြိုက်သလို
နေနိုင်ကြောင်း စကားများစွာ ပြောပြသည်။ ကိုနားတီးက ယိုးဒယားစကားကို အတော်ပင် လည်လည်ပတ်ပတ်
ပြောတတ်သူ ဖြစ်သည်။ သူ အကြံဥာဏ် ဗရပွ ပေးပြီးသောအခါ စားသောက်ဆိုင်မှ နှုတ်ဆက်ပြန်သွား၏။ သူ
ပြန်သွားပြီး ဖိုင်က တိုးတိုးလေး ညည်းရှာသည်။
“ ဘာတွေ လာပြောနေပါလိမ့်  .. စိတ်ညစ်တယ် ” တဲ့  ဗျား ။
ကျွန်တော် တော်တော်နှင့် ရယ်၍ မဆုံး။ “ တိုး ” ကုမ္ပဏီကို အသာထား၍ မိုက်ခရို မီနီဘတ်(စ)ကိုပင် ဖိုင် စီးရဲ
သူမဟုတ်။ ကိုနားတီး ပြောသည့် “ ခရီးသွား လက်မှတ်ရောင်းကုမ္ပဏီ ” အင်မတန် ဝင်ငွေ ကောင်းမှန်း ဖိုင်
မည်သို့ မျှ နားမလည်နိုင်။ ဖိုင်တို့ နေသော “ LATPHRAO- 122 ” မှ စီးလုံသို့  ကားစီးလိုလျှင် မိုက်ခရိုမီနီဘတ်
( စ) များ စီးနိုင်သည်။ ဘတ်နှစ်ဆယ်ပေးရ၏။ ထိုကားများက ထိုင်ခုံပြည့်လျှင် မတင်။ အဲယားကွန်း ဖွင့်ပြီး မောင်း
သည်။ ရိုးရိုးကားများက သုံးဘတ်ခွဲသာ ပေးရ၏။ ထိုကားဖြင့် စီးလုံ လိုက်ခဲ့ ရန် ကျွန်တော် သူ့ ကို ဖုန်းဆက်ခေါ်
ဖူးသည်။ မိုက်ခရိုဘတ်(စ)များ တစ်စီးပြီး တစ်စီး ဆိုက်လာသည့်တိုင် ဖိုင်မပါခဲ့ ။ သူ့ ဟာသူ လိုင်းကား စီးလာ၏။
ဤမိန်းမရိုး “ ဖိုင်” ကို “ တိုး ” ကုမ္ပဏီ ဖွင့်သင့်ကြောင်း အကြံပေးလေသည့် ကိုနားတီးသည် ဖိုင့်အသွင်အပြင်
အပေါ်ယံကို ကြည့် ပြီး ပြောလိုက်ခြင်းပင်။ ဖိုင်က ကုမ္ပဏီဝတ်စုံများ ဝတ်လျှင် အတော့်ကို ခမ်းနား သားနားသွား
သည်။ တကယ့်  ကုမ္ပဏီဝန်ထမ်းဟု ထင်ရလောက်၏။ စင်စစ် ဖိုင်သည် ကုမ္ပဏီဆိုလျှင် ဖျားချင်နေသူပင်။
အတန်းပညာတွေ၊ ဘွဲ့ ဒီဂရီတွေ၊ ပြီးခဲ့ သည့် တက္ကသိုလ်တွေ မေးလာလျှင် ဖိုင် လန့် သေမလား မသိ။ ဖိုင်က
ဤမျှ ရိုးသားသည်။ ရိုးသားလွန်းသဖြင့် ကျွန်တော့်နောက်ကပင် သူ ကပ်၍ မလိုက်နိုင်။

သူသာ အစ်ကို ကြွေးကြော်နေသော စင်္ကာပူကို တစ်ဝက်မျိုချင်သည့် စားသာ ကြားလျှင် ကားတွေ၊ အိမ်တွေကို
ဘယ်လိုလုပ်မလဲဟု မေးလာလေမလား မသိ။ ဖိုင်သည်ကျွန်တော်တို့  ကျင်လည်သော စီးပွားရေးနှင့် မနီးအောင်
ဝေးသော ဒေသ၌ ငြိမ်းချမ်းစွာ တည်ရှိရင်း ဒုတိယ အကြိမ် ခွဲခွာခြင်းကို ငိုပြုံးတုံ့ တုံ့ ဖြင့် လက်ခံလိုက်ရှာ ပါတော့ 
သည်။


( ဆက်ရန် )

...............................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။














4 comments:

အလင်းသစ် said...

အားပေးခဲ့ပါ၏။။

sosegado said...

အဲဒီလိုပဲ လက်ထပ်လို့မရတဲ့သူတွေ စလုံးမှာ ဝင်လက်ထပ်သွားကြတာတွေ၇ှိတယ်၊ ဖိုင်ကိုခေါ်လာဘို့ကောင်းတယ်၊

IDIOT-Ki said...

ဖိုင်နဲ့ ကိုထွေး တို့  စုံတွဲကိုကြည့်ပြီး၊
မိန်းမတွေအတွက် အချစ်မှာမျက်စိမရှိပါ ဆိုတဲ့စကား မှန်သလို ယောကျာင်္းတွေအတွက် တရွာတကျီဆောက် ဆိုတဲ့စကားလည်း မမှားသလိုပါပဲ....

စကာင်္ပူကိုတောင်တဝက်မျိုချင်နေကြသော မြန်မာပြည်သားများ ဘယ်လောက်များများရှိနေကြပြီလည်း...

စောင့်မျှော်လျှက်....

လရိပ်အိမ် said...

နောက်ဆုံးကော ဖိုင်နဲ့ယူဖြစ်လားမသိ။ ယူဖြစ်ပါစေလို့..။ ကောင်မလေးသနားပါတယ်။