ကျွန်တော်တို့ ကို ခေါ်လာစဉ်က လေဆိပ်သွားသည့်  လမ်းမကြီးဘေးရှိ ရဲသင်တန်းကျောင်းဟု ဆိုင်းဘုတ်တပ်
ထားသော သာမာန်ခြံဝင်းလေးထဲသို့  ခေါ်လာသော်ငြား အချုပ်ဆောင်ကြီးများမှာမူ အထဲ၌ ခိုင်ခိုင်မာမာကြီး
ဆောက်လုပ်ထားလေသည်။ အချုပ်ထဲရောက်တော့  ကျွန်တော်တို့ ပို၍ အံ့ သြရပြန်သည်။ ဤအချုပ်သည်
ဝင်ပြီး ခြောက်လနှင့်  ပြန်မလွတ်နိုင်သော နိုင်ငံရေးသမားတို့ ၏ အချုပ်ဆောင်ဖြစ်ကြောင်း အထဲမှ အချုပ်သား
များက ရှင်းပြကြပါသည်။ ကျွန်တော် မယုံကြည်။ သို့ ရာတွင် သူတို့ က ဂရုဏာသက်သော မျက်လုံးများဖြင့်
ကျွန်တော်တို့ ကို ကြည့်၍ အားပေးကြ၏။ ကိုဆန်နီလည်း ပက်လက်လန်လေပြီ ။
အချုပ်ဆောင်ကြီးက မည်းမှောင်၍ တိတ်ဆိတ်နေ၏။ စားစရာ မှာလိုလျှင်တော့  မကြာခဏ ရောက်လာသော
သန့် ရှင်းရေးသမားက ဝယ်ပေးပါသည်။ ကျွန်တော်တို့ ရောက်ပြီး နာရီဝက်မျှ အကြာတွင် အချုပ်ဆောင်များမှ
နှုတ်ခွန်းဆက်စကားများ၊ အားပေးစကားများ၊ လက်ဆောင်ပစ္စည်းများ ရောက်လာ၏။ သူတို့  စကားများထဲတွင်
တစ်ချို့ က နှစ်ပြည့် တော့ မည်။ တစ်ချို့ က တစ်ခြားနိုင်ငံများသို့  သွားရတော့ မည်။ တစ်ချို့ က လှပူရီ ပြန်ရ
တော့ မည် ဆိုသည်များ ပါလာ၏။ ကျွန်တော်တို့ တော့ ဒုက္ခများလေပြီ။ ကျွန်တော်တို့ နှစ်ဦးမှာ ထောက်လှန်းရေး
သမားများ၏ အလိုရှိနေသူများ မဟုတ်ပါဆိုသည့် တိုင်၊ အချုပ်ထဲ ရောက်ခဲ့ ရလေပြီ။ ရှေ့ ဆက် ဘာဖြစ်ဦးမည်
မသိ ။ ဘယ်ကို တိုင်ရမှန်းလည်း မသိ။ မကြာခင်မှာပင် ခေါက်ဆွဲပြုပ်များ ရောက်လာပြီး နှုတ်ခွန်းဆက်စကား
ပို့ လာပြန်သည်။ ဘယ်မှာ စားနိုင်ပါမည်နည်း ။ ကိုယ်က နိုင်ငံရေးသမားမဟုတ်ပဲ အချောင် အထဲသို့  ရောက်နေ
ရသည့် အထဲ သူတို့ က ဝမ်းသာအားရ လက်ဆောင်စားဖွယ်များ ပို့ သ, လာကြ၏။ ထောက်လှန်းရေးသမားများ
ပို၍ပင် မယုံမကြည် ဖြစ်ကြတော့ မည်။
ညရောက်တော့  အိပ်၍ မပျော်။
သစ္စာတော့  ဆိုရချေတော့ မည်။
ကျွန်တော် ဤသို့  အကျပ်အတည်း တွေ့ လျှင် ဆိုနေကျ သစ္စာစကား ရှိပါသည်။
“ ဗုဒ္ဓသာသနာကြီးအတွက် အလုပ်လုပ်ပါမည် ” ဟု သုံးကြိမ်ဆိုခြင်း ဖြစ်သည်။ ပြီးလျှင် “ ထေရဝါဒ ဗုဒ္ဓသာသနာ
တော် အစစ်အမှန် ကမ္ဘာကျော် ထွန်းလင်းတည်တံ့  ခိုင်မြဲပါစေသတည်း ” ဟု သုံးကြိမ် ရွတ်ဆို၏။ ထို့ နောက်
ဤဆုတောင်းများ၊ အဓိဋ္ဌာန်များကို ကျွန်တော် ကြိမ်ဖန်များစွာ ရွတ်ဆိုခဲ့ ပါကြောင်း၊ ထိုသစ္စာစကား မှန်ကန်ပါက
ဤအချုပ်မှ မကြာခင် လွတ်မြောက်ရပါစေလိုကြောင်း သစ္စာပြုရတော့ သည်။
နောက်တစ်နေ့ မနက်မှာ ကျွန်တော်တို့ ကို ထပ်မံ စစ်ဆေးပြန်သည်။ လူသုံးဦးကို ခေါ်ပြသည်။ သည်အခါမှာ
တော့  သူတို့  ခေါ်ပြသူများမှာ ရုပ်ရည် တော်တော်သန့် သူများ ဖြစ်ကြပြီး ဌာနဆိုင်ရာ အရာရှိများ ဖြစ်ဖို့ များ၏။
ပြီးတော့  ကျွန်တော်တို့ ကို ညက စစ်ဆေးသော အရာရှိထံ ခေါ်သွားကြ၏။ သူတို့ က “ ဆာလဝပ် ” ဟု ခေါ်ကြ
သည်။
ထို ဆလာဝပ်နှင့်  ကျွန်တော်တို့  ညက စကားအနည်းငယ် များခဲ့ ကြသေး၏။ သူက ကျွန်တော်တို့ ကို မှားယွင်း
ဖမ်းဆီးမိကြောင်း သိပြီးသည့် အခါ တာဝန်အရ စစ်ဆေးရသည်ကို ရှင်းပြ၏။ သူ့ တပည့် များ ကားပေါ်တွင်
ရုန်းရင်း ကြမ်းတမ်းခဲ့ သည်များကို တောင်းပန်စကား ဆို၏။ ထိုစဉ်က ကျွန်တော်တို့ ကို လက်ထိပ်နောက်ပြန်
ခတ်ထားသည်ကိုပင် အားမရပဲ လူတစ်ယောက်က ဂုတ်ပိုးအား လက်ဖြင့် ဖိနှိပ်ထားသောကြောင့်  ကျွန်တော်
ထ, ဆဲမိတော့ သည်။ မင်းတို့  တိုင်းပြည်က လူ့ အခွင့် အရေး ဆိုတာ ဘာလဲကွဟု အင်္ဂလိပ်စကားဖြင့် ကျွန်တော်
အော်ကြီးဟစ်ကျယ်လုပ်၏။ ကျွန်တော့် အား မျက်နှာကို ပိတ်ရိုက်မည်ပြုစဉ် တစ်ခြားလူများက ထိုလူ့ ကို ဝိုင်း
ဆွဲ ကြ၏။ ကိုဆန်နီကလည်း အင်္ဂလိပ်လို မိုးမွှန်နေအောင် ဆဲတော့ သည်။
ကျွန်တော်တို့  ဤသို့  ဆဲလိုက်ခြင်းကြောင့်  ကျွန်တော်တို့ ကံကောင်း ခဲ့ ကြခြင်းပင် ။ တရားခံ မဟုတ်၍ ဆဲမှန်း
သိသွားကြသည်။ မဆဲ၍လည်း မဖြစ်တော့ ။ ငြိမ်ခံနေလျှင် နိုင်ငံရေးသမားအဖြစ် ထောင်ကျသွားမည်ကိုး ။
ထောင်ထဲ ရောက်၍ နိုင်ငံရေးသမား မဟုတ်မှန်းသိလျှင် ပို၍ ခံရပေဦးမည်။ ဒါကြောင့်  ကျွန်တော်ရော ကိုဆန်နီ
ပါ သူတို့  မေးသမျှ ခပ်ကြမ်းကြမ်းပဲ ဖြေခဲ့ ကြ၏။
“ ဆာလဝပ် ” က သဘောထားပြည့် ပါသည်။
နောက်ထပ် မည်သည့်  မေးခွန်းမှ မမေးတော့ ကြောင်း၊ သူ့ လူများကိုလည်း ပြောထားပြီး ဖြစ်ကြောင်း၊ မနက်ကျ
လျှင် သူကိုယ်တိုင် လွှတ်ပေးမည် ဖြစ်ကြောင်း ပြောပြသည်။ သို့ ရာတွင် မနက်ပိုင်းမှာ တစ်ခြားလူများက
ကျွန်တော်တို့ ကို လာရောက်ကြည့် ရှု့ နေသဖြင့်  ကျွန်တော်တို့  စိတ်ဓါတ်ကျရပါတော့ သည်။ “ ဆာလဝပ် ” ထံ
ရောက်မှပင် သူက ကျွန်တော်တို့ အား ( UN ) မှ လူများကို သက်သေပြ၍ သူတို့  လူမှားပြီးဖမ်းထားသူများကို
လူ့ အခွင့် အရေး အပြည့် အဝပေးကာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ပြခဲ့ ခြင်း ဖြစ်၏။
ကျွန်တော်တို့ ကတော့  ထားပါတော့  ။ ကျွန်တော်တို့ ကဲ့ သို့  အဖမ်းခံရသူများထဲတွင် သက်သေ မခိုင်မာသူများ
စာအုပ်မရှိသူများမှာတော့  ဘယ်ဌာန ရောက်လေဦးမည်မသိ။ လှပူရီဂယက်က ကြီးမားလှပါ၏။ မနေ့ ညက
စစ်ဆေးကြစဉ် ကလေးငယ်လေး ပိုက်ရင်း မျက်စေ့ သူငယ်၊ နားသူငယ် ဖြစ်နေရှာသည့်  သားအမိနှစ်ယောက်ကို
တွေ့ ၍ ကျွန်တော်နှင့် ကိုဆန်နီ ဘတ်ငါးရာကျော် ပေးလိုက်ကြသေးသည်။ သူ့ ယောင်္ကျားက ပန်းရံသမားဟု
သိရသည်။ သူ့ ယောင်္ကျားကို လာဖမ်းခြင်းမှာ ဆံပင်ကြောင့် ဖြစ်၏။ ဆံပင်အရှည်ကြီးထားပြီး ပုံစံက ပန်းရံသမား
မို့  ကျားကျားလျားလျားဖြင့်  လူမြင်ကွင်း၌ ထင်ပေါ်နေပါ၏။ နယ်စပ်မှ လူများလည်း ထိုဟန်မျိုး ရှိတတ်၍
လာဖမ်းခြင်းဖြစ်သည်။ ရိုးရိုးသားသား လုပ်ကိုင်စားနေကြသူများဟု သိသွားသည့် တိုင် တရားမဝင် ခိုးဝင်လာသူ
များ ဖြစ်နေ၍ နယ်စပ်အချုပ်သို့  ပို့ ရတော့ မည်။ သူတို့ လို သူများ ဘယ်နှစ်ယောက်လောက်ဖြစ်ခဲ့ ပြီကိုလည်း
မသိနိုင်ပါ။
ကျွန်တော်တို့ ကို ကားပေါ်တင်ပြီး စခန်းအပြင်သို့  မောင်း၍ ခေါ်လာခဲ့ ၏။ လေဆိပ်လမ်းမကြီးပေါ်ရောက်တော့ 
ကားရပ်ပေးပြီး သွားခွင့် ပေးသည်။ “ ဆာလဝပ်” ကို ကျွန်တော်တို့  ကျေးဇူးတင်စကားဆိုပြီး ကားငှားကာ ပြန်
လာကြတော့ သည်။ ဤသည်ကား ဒုတိယအကြိမ် ကံကောင်းခြင်း ဖြစ်ပါ၏။ ကျွန်တော့်အဖို့  ပထမအကြိမ်
လူမှားအဖမ်းခံရသည်လည်း ရှိသေး၏။
ထိုစဉ်က ကျွန်တော့် ထံသို့  ရန်ကုန်မှ ညီဝမ်းကွဲဖြစ်သူ ဘိုဘိုနှင့် ဗဟန်း(၃)လမ်းမှ မူမူဝင်းတို့  ရောက်နေကြ၏။
သူတို့ က ဘန်ကောက်၌ ကျောင်းဗီဇာ စောင့် နေကြခြင်းဖြစ်သည်။ ကျွန်တော်တို့  ညနေစာ စားချိန်တွင် မာဖီ
နှင့်  လူသုံးယောက် ဝင်လာပြီး ကျွန်တော်တို့ အား စစ်ဆေးစရာရှိ၍ စခန်းသို့  ခဏ လိုက်ခဲ့ ရန် ခေါ်ပါတော့ 
သည်။ ဖမ်းဆီးခြင်း မဟုတ်ပါကြောင်း၊ သတင်းတစ်ခုရ၍ လာခေါ်ရခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။ ကျွန်တော်
တို့  လိုက်သွားကြ၏။ စခန်းရောက်တော့  ဘိုဘိုနှင့်  မူမူဝင်းတို့ ကို သူတို့ စာအုပ်များ စစ်ဆေးပြီး ပြန်လွှတ်ပေး
လိုက်ပါသည်။ ကျွန်တော်တို့ ကိုတော့ ဓါတ်ပုံများ ထုပ်ပြ၍ ထိုဓါတ်ပုံထဲမှ လူများ ဘယ်မှာ ရှိသနည်းဟု မေးပါ
လေတော့ သည်။ ကျွန်တော့် အား ကျောင်းသားဟု ထင်၍ မေးမြန်းနေခြင်း ဖြစ်သည်။ ကျွန်တော် အကျေ
အလည် ရှင်းပြမှပင် သူတို့  လူမှား၍ ခေါ်လာကြောင်း သိပြီး ပြန်လွှတ်ပေးပါတော့ သည်။ သူတို့  ရထားသော
မှတ်တမ်းများ၊ ဓါတ်ပုံများထဲတွင် ကျွန်တော့် ပုံနှင့်  ကျွန်တော့် သတင်း ရှိမှမရှိပဲကိုး ။
ထိုင်းထောက်လှမ်းရေးမှ ခေါ်သွားစဉ်ညက ကျွန်တော်နှင့်  ကိုဆန်နီတို့ နှစ်ဦးအား “ ဆာလဝပ်” က ရင်းနှီးပွင့် 
လင်းစွာ ညီရင်းအစ်ကိုလို စကားပြောကြမည်ဟု ဖိတ်ခေါ်၍ ကော်ဖီဖြင့် ဧည့် ခံကာ စကားပြောဖြစ်ခဲ့ ကြသည်။
ယိုးဒယားအချုပ်ထဲသို့  ကျွန်တော် ကြိမ်ဖန်များစွာ ရောက်ခဲ့ ပြီးသည့် နောက် ကျွန်တော့် အတွေး၌ မြန်မာအများ
စု အဖမ်းခံရခြင်း၊ အချုပ်ကျခြင်း၊ နယ်စပ်အပို့ ခံရခြင်းများမှာ ဘာမှ မဖြစ်စလောက်သော ပြစ်မှုလေးများကို
အရေးတယူ အသက်သွင်းနေသော ဥပဒေသများကြောင့် ဟု တွေးလာမိ၏။
သူဌေးများက ဈေးပေါပေါနှင့် လုပ်အားများများ ထွက်သူများကို ခိုင်းကြသည်။ ငွေစုမိလျှင် ပြန်ကြသူများကို ရဲက
ဖမ်းသည်။ တစ်နှစ်စာ စာရင်းချုပ်လျှင် သူတို့ အနေဖြင့်  တရားမဝင်အလုပ်သမားပေါင်း မည်ရွေ့ မည်မျှကို
ဤသို့  စောင့် ရှောက်ခဲ့ ပါကြောင်း မီဒီယာကြီးများဖြင့်  ကမ္ဘာကို ဖွင့် ဟတော့ ၏။ ထိုင်းသူဌေးများ မည်မျှဝင်ငွေ
တိုးသွား၍ လုပ်ငန်းများ မည်မျှအဆမတန် တိုးတက်အောင်မြင်ခဲ့ ကြသည်ကို လည်းကောင်း၊ အလုပ်သမား
စရိတ်မည်မျှသက်သာ၍ အမြတ်ခွန်မည်မျှ ရှောင်နိုင်သည်ကို လည်းကောင်း ကမ္ဘာကို မပြကြ ။
ထိုအထဲမှာပင် မြန်မာများက ဒုက္ခပေးသည်ဟု ဆိုလာသော “ ဆာလဝပ် ” ကို ကျွန်တော် မေးခွန်းတွေ မေးမိပါ
သည်။ ကိုဆန်နီလည်း မဟန့် တားနိုင်တော့ ။ ကျွန်တော့် မေးခွန်းများက ပြင်းထန်သလောက် “ ဆာလဝပ် ”
အဖြေက ဘာမှ မသေချာ ။ နောက်ဆုံး တာဝန်အရ ဆိုသောစကားကိုသာ လက်စွဲပြုတော့ ၏။
ဤလှပူရီဂယက်ကြောင့်  ကျွန်တော့် နှလုံးသားသန္ဓေတွင် အချစ်သစ်တစ်ခု တိုးပွားလာခဲ့ တော့ သည်။ ဤအချစ်
ကား ဆန်းကျယ်၏။ ခန့် ညား၏။ ပီတိအဟုန် ပြင်းလှချေ၏။ ကျွန်တော့် တိုင်းပြည်နှင့်  ကျွန်တော့် လူမျိုးကို နှလုံး
သွေးဖြင့်  ချစ်လိုက်မိသော အချစ်ပင်တည်း ။
အချုပ်မှ ပြန်ရောက်လာသောအခါ ကျွန်တော့် နှလုံးသားများ ဆတ်ဆတ်ခါနေခဲ့  ပါသည်။ တစ်နေ့ လုံး၊ တစ်ည
လုံး ကြောက်လန့် ခဲ့ ရသော အတွေးများက ကျွန်တော့် ကို တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ် မွေးဖွားပေးခဲ့ ခြင်း
ဖြစ်ပါသည်။ ကျွန်တော် ဘာကြောင့်  ကြောက်ခဲ့ သနည်း ။ အချုပ်၌ တစ်ညအိပ်ခဲ့ ခြင်းသည် ဘာမှမဆန်း။
သို့ သော် ဖမ်းဆီးခေါ်ဆောင်ခံရပုံက ဆန်းသည်။ ကျွန်တော်ရော ကိုဆန်နီပါ နိုင်ငံရေးသမားများ မဟုတ်ကြ။
သူတို့ က မယုံ။ နည်းမျိုးစုံဖြင့်  ထိုပုံစံဝင်အောင် သွင်းကြသည်။ ဓါတ်ပုံပေါင်းများစွာနှင့်  တိုက်ကြည့် သည်။
လူလေးငါးဦး ခေါ်ပြသည်။ ကြည့် စမ်း ... ခြေချော်လက်ချော်ပြီးသာ ကျွန်တော်တို့ ကို ဆွဲထည့် ချင်သူ ပါခဲ့ လျှင်
အထဲမှာ သိက္ခာရှိမည်မဟုတ်။ မည်သူမှလည်း လာကယ်မည်မထင် ။ အကြောက်ဆုံးမှာ အမိနိုင်ငံသို့  ပြန်၍
မရတော့ မည့်  ကိစ္စ ဖြစ်သည်။
ကျွန်တော့် မှာ ရှိသော နိုင်ငံရေးစိတ်က တစ်မျိုးဖြစ်သည်။ အသား အနာမခံနိုင်သော စိတ်မျိုးဖြစ်သည်။
လူကြောက်စိတ်မျိုး ဖြစ်သည်။ စကားဖြင့်သာ ကလိချင်သော စိတ်မျိုးဖြစ်သည်။ ဓနသည် ကျွန်တော့် မှာ မရှိ။
သတ္တိကလည်း ကျွန်တော့် မှာ အတော်ခေါင်းပါးလှ၏။ ပုဆိုးခြုံ၍သာ လက်သီး ပြချင် ပြရဲမည်။ ထို့ ထက်ပိုသော
သတ္တိတော့  ကျွန်တော့် မှာ မရှိ ။ ကျွန်တော်က လောင်းကစားလုပ်လျှင် သေချာပေါက် နိုင်မည်ထင်မှ ပုံအော
လောင်းဝံ့ သူဖြစ်သည်။
နိုင်ငံရေးမှာက အရှုံးကို ကြောက်လို့ မရ။ ထို့ ကြောင့်  ကျွန်တော်နှင့် မကိုက်။ ကျွန်တော်လို လူစား နိုင်ငံရေး
လောကထဲ ရောက်လျှင် ကဂျီကဂျောင်သမားအဖြစ်လောက်သာ အသုံးဝင်မည် ထင်ပါ၏။ အရှုံးကိုလည်း
ကြောက်၊ အနစ်နာခံဘို့  စိတ်ဓာတ်လည်း မရှိလျှင် နိုင်ငံရေးနှင့်  ဝေးရာမှာနေသည်က ကောင်းပါလိမ့် မည်။
ကျွန်တော့် မှာ ရှိသော တိုင်းပြည်နှင့်  လူမျိုးချစ်စိတ်က ဘာသာတစ်ခုဖြစ်၏။ အမျိုးသားရေးဟု ဆိုကောင်း
ဆိုနိုင်၏။ ကျွန်တော်တို့  တိုင်းပြည်နှင့် လူမျိုး ဆင်းရဲကျပ်တည်းနေသည်ကို ကျွန်တော် မမြင်ချင်၊ မတွေ့ ချင်။
လူတွေ တိုးတက်စေချင်သည်။ အနှိမ်ခံနေရသည်ကို စိတ်ထဲ ခံပြင်းလှ၏။
ယိုးဒယား တီဗွီအစီအစဉ်များ၌ တရားမဝင်အလုပ်သမားများ ဖမ်းဆီးအရေးယူသည့်  သတင်းများက ခပ်စိပ်စိပ်
ပါလာတော့ သည်။ လှပူရီဂယက်က မသေးလှ ။ တစ်ကြိမ်တစ်ခါမှ မဖမ်းဘူးသော မဲဆောက်နယ်စပ်မှာပင်
ဖမ်းပြနေတော့ သည်။ လုပ်ငန်းရှင်ကြီးများ ခက်ကုန်ကြတော့ သည်။ နယ်စပ်မြို့ များတွင် အလုပ်သမား ရှားပါးမှု
ကြီးထွားလာ၏။ ကျွန်တော် မခံချင်တော့ ပြီ။ မခံချင်မှုများက တစစ ကြီးထွားလာရင်း ကဗျာတစ်ပုဒ်ပင် ရေးစပ်
ချင်မိတော့ သည်။
( ဆက်ရန် )
........................................................................................................................
ဆရာမာန် ( တောင်လုံးပြန် )၏ ဝတ္ထု ဖြစ်ပါသည်။
Wednesday, July 13, 2011
Subscribe to:
Post Comments (Atom)
8 comments:
မခံချင်မှုများ တစစ ကြီးထွားပြီးရေးတဲ့ကဗျာလေးကို
စောင့်မျော်နေပါတယ်ရှင်.....
အကိုရေ စောင့်မျှော် အားပေးလျှက်ပါလို့...
ဆင်းရဲမွဲတေ နေကြရတဲ့ တိုင်းပြည် နဲ့ လူမျိုး .. အိမ်နီးချင်းနိုင်ငံ တွေမှာ တရားမဝင် အလုပ်သမား အဖြစ်နဲ့ သွားနေထိုင် ရုန်းကန်နေရသူတွေ ဘယ်တော့များမှ တိုးတက် လွတ်မြောက်ပါ့ မလည်း...
ခံပြင်း လာ ပြီးရင် ပေါက်ကွဲ လာကြ မှာ ပေါ့ နော်..
( ဇာတ် သိမ်း ခန်း သိချင်လှပြီ.. )
မြန်မြန်လေးဆက်လိုက်ပါ
ထိုင်းနယ်စပ်က မြန်မာလူမျိုးတွေအကြောင်း ကြားရသမျှဟာ စိတ်ချမ်းသာစရာမရှိသလောက်ပါဘဲ
ကိုယ့်နိုင်ငံက ဆင်းရဲလွန်းတော့လည်း သူများဆီမှာ ဒုက္ခခံရတဲ့ ကိုယ့်လူမျိုးတွေအကြောင်း စဉ်းစားမိတိုင်း ရင်ထဲမှာ နာကျင်ခံစားရတယ်
ဖတ်ရင်းနဲ့ စာရေးသူကို လေးစားလာမိတယ်
သူတစ်ပါးနိုင်ငံမှာဘယ်လိုနေခွင့်ရရ ဒီလိုမျိုးဖြစ်လာရင် ဒီလိုကြုံရမှာပဲ။
အစစ်ပေါ့ အချစ်တကာ့ အချစ်ထဲမှာ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့ အချစ်လောက် ဘယ်အရာကမှ မစစ်မှန်ဘူး၊ အတ္တဆန်တယ်...ကိုယ့်တိုင်းပြည်ကို ချစ်တဲ့ အချစ်က အတ္တစွက်တယ်လို့ ဆိုန်ုင်ပေမယ့် ပရဘက်ကိုနွယ်သော အတ္တပါ...မိမိနိုင်ငံကို ဒီထက်ပိုချစ်ကြပါစေလို့ ဆန္ဒပြုရင်း နောက်တစ်ပိုင်းကို ဆက်အားပေးလျှက်ပါ...
စိတ်တွေ မကောင်းဖြစ်လွန်းလို့  တိတ်တိတ်လေး ပြန်သွားဖို့ ပဲ.......။ ပြောချင်တာလေး ရှိလာလို့ ပါ။ ကျနော်တို့ လူမျိုးတွေ ထိုင်းမှာ အဲ့သည်လိုပဲ ဖြစ်နေတာ မြန်မာသံရုံးဝန်ထမ်း အကြီးအကဲ ဆိုတဲ့ ခွေးမျိုး ခွေးနွယ် တစ်စု နေနိုင်ကြတာ အတော်လေး ဒေါသဖြစ်မိတယ်။ သူတို့  မှာ လုပ်ပိုင်ခွင့် မရှိဘူးလို့  ပြောလို့  မရဘူးဗျ။ သူတို့ မှာ နိုင်ငံသားကို ကာကွယ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် သံရုံး အကြီးအကဲဆိုတဲ့ ကောင်က စစ်တပ်က လာတဲ့ ၀ါးလုံးခေါင်းထဲ လသာတတ်တဲ့ ခွေးမျိုးတွေ က ဖြစ်ဖြစ်လာလို့  ဦးနှောက်မရှိပဲ ဘာလုပ်ရမှန်းမသိတာ။ အရပ်သားစစ်စစ် ကပဲ လာတယ်ဆို ဒီလိုထက် သာအောင် လုပ်နိုင်မယ်လို့ ထင်တယ်။
Post a Comment