Thursday, August 11, 2011

ဖြစ်၍ မပျက်ခြင်းများ ( ၄ )

မိုးထစ်ချုန်းသံကို “ သိမ့် ”ကနဲ ကြားလိုက်ရ၏။
အဝေးကပင် ထစ်ချုန်းလိုက်သော်လည်း ကျွန်တော့် အခန်းလေး၏ ပြူတင်းပေါက် မှန်ချပ်များပင် တဖြတ်ဖြတ်
ခါသွားရပါသည်။ ကောင်းကင်တခွင်လုံးလည်း သွက်သွက်ခါတုန်ဟီးနေသည်။ လျှပ်စီးတို့ လည်း လင်းကနဲ
လက် နေသည်။ မိုးတိမ်တို့ အုန့် မှိုင်းနေသောကြောင့် မဲညို့ သော တိမ်တိုက်ကြီးတွင် ဒေါင်လိုက်၊ အလျားလိုက်
သော လျှပ်စီးကြောင်းများကို တဖွေးဖွေး တွေ့ မြင်နေရပါသည်။ သည်ရာသီတွင် အဦးဆုံး ရွာမည့် မိုးပင်ဖြစ်
တော့ သည်။ ပူအိုက်လွန်းတော့် လည်း အမြဲဟန်ပြင်၍ မရွာနိုင်လွန်းသော မိုးကို အကြိမ်ကြိမ်မျှော်နေမိခဲ့ သည်။
မိုးရွာမှပဲ အေးတော့ မှာ ဖြစ်သည်။

မနေ့ ထဲက အလုပ်ထဲတွင် ဒီနေ့ တိုင်ဖုန်းဝင်နိုင်သည့် အတွက် အလုပ်နားကြမည်ဟု သူဌေးက ပြောထားသဖြင့် 
တစ်ညလုံး ဖြစ်ပျက်(၄)ကို အစပြု၍ ဆက်ရေးရန် စဉ်းစားနေမိခဲ့ သည်။ “ အစ ” ကို ရှာမရနိုင်ခဲ့ ။ အဆုံးတစ်ခု
သို့  ရောက်ဖို့  အစတစ်ခုတော့  ရှိရမည်ဖြစ်သောကြောင့်  ဆုံးချင်သည့် အစကို ရှာရင်း မိုးစင်စင်လင်းခဲ့ ရပါ၏။
အော် .. ငါလည်း အခုချိန်ထိ ဖြစ်သမျှတို့  မပျက်နိုင်သေးပါပဲလားဟု စဉ်းစားမိလာသည်။ “ ဟေ့ လူ .. ဖြစ်သမျှ
တို့  မပျက်နိုင်တဲ့ အထဲမှာလည်း သံယောဇဉ်တွေလည်းပါတယ်နော် ..” ဟု နောက်ပြောင်ပြောခဲ့ သော ကိုထွန်း
၏ စကားတို့ ကိုလည်း သတိရမိလိုက်ပါသည်။

“ သံယောဇဉ်” ဆိုရာတွင် လူကိုလူချင်း ခင်မင်တွယ်တာနှောင်ဖွဲ့ ခြင်းမှစ၍ မိမိ ပိုင်ဆိုင်ထိတွေ့ ခဲ့ ရသည့် 
လောကဝန်းကျင်၊အရာဝတ္ထု အားလုံးအား မခွဲနိုင်မခွာရက် ရစ်ပတ်ဖွဲ့ နှောင်မိသည့် သံယောဇဉ်အစဉ်အတန်း
တို့ ကို ဆိုလိုသည်ဟု ကျွန်တော်ထင်ပါသည်။

........................................................................................................................

အမိုးပေါ်သို့  တဖြောင်းဖြောင်းဆက်တိုက်ကျလာသော မိုးပေါက်သံတို့ ကြောင့်  တွန့် ကြေနေသော အိပ်ယာထဲမှ
အပြင်ဖက် ဝါးရံတာသို့  အမြန်ထွက်ကြည့် လိုက်မိသည်။ အော် .. မျှော်နေရသော မိုးစက်ပွင့် တို့ ပါလား ...။
မိုးငွေ့ ပါသော လေသင်းရနံ့ တို့ ကို အဆုပ်တစ်ခုလုံး လတ်ဆတ်သွားအောင် တအားကုန် တစ်ဝကြီး ရှုရှိုက်သွင်း
လိုက်မိသည်။ ကောင်းကင်တစ်ခွင် အုန့် မှိုင်းနေပေမယ့်  တိုင်ဖုန်းကတော့  မဝင်ပဲ ရှောင်ကွင်း သွားပြန်လေပြီ။
ကိုယ်လက်သန့် စင်ပြီးတာနှင့်  အရင်ဆုံး ကော်ဖီတစ်ခွက်ကို ဖျော်ရင်း ကွန်ပြူတာစားပွဲလေးကို ထိုင်ဖြစ်သည်။

စက်ဖွင့် လိုက်သည်နှင့်  ဝင်နေပြီးသောမေးလ်များကို ဖတ်ဖြစ်သည်။ တစ်ချို့ မေးလ်များကို ခင်မင်ရသူများထံသို့ 
ဖော်ဝပ်မေးလ်အဖြစ် ထပ်ပို့ သည်။ ကိုယ့် ဘလော့ ထဲ ခဏဝင်ကြည့် ဖြစ်သည်။ အသစ်တို့ မမြင်သေးသဖြင့် 
ဘာသာရေးလင့် တွေဖက် လှည့်ကြည့် ဖြစ်သည်။“ မျက်ရည်မကျခင် သိစေချင် ..” မှ စ၍ ကျွန်တော် အလွန်
နှစ်ခြိုက်လာခဲ့ မိသော မေတ္တာရှင်ဆရာတော် အရှင်ဇဝန( ရွှေပြည်သာ ) ၏ ဝက်ဆိုဒ်ကိုပဲ ဝင်ကြည့် မိ၏။
ထိုဇာတ်ကလေးကိုလည်း ကျွန်တော် ခေါင်းစဉ်မပြောင်းပဲ ဆောင်းပါးတစ်ပုဒ်အဖြစ် သိပ်မကြာခင် ပြန်ရေးတင်
ခဲ့ ပြီးဖြစ်ပါသည်။ ၁၀တန်းကျ၍ ဖခင်က လူကြားထဲ မာန်မဲလိုက်သောကြောင့်  အဆိပ်သောက်ပြီး ကိုယ့် ကိုယ်ကို
သတ်သေမိခဲ့ သော ကျောင်းသူလေး တစ်ယောက်အကြောင်းဖြစ်သည်။

မေတ္တာရှင်ဆရာတော်အရှင်ဇဝန၏ ခွေကို ပြန်ဖွင့် ၍ နားထောင်ကြည့် မိတော့ မှ ရေးချင်သေးသည့်  ဖြစ်၍
မပျက်ခြင်းများ( ၄ ) အတွက် “အစ” ကို တွေ့ တော့ သည်။

.......................................................................................................................

ကျွန်တော်တို့ အားလုံး မပျက်ပဲနှင့် ထပ်ခါထပ်ခါ ဖြစ်နေရခြင်းမှာ တကယ်ရှိနေသည့် အမှန်တရားနှင့် မရှိပဲနှင့် 
ရှိနေသည်ဟု ထင်နေရသည့်  အခေါ်သာရှိသည့် အမည်တို့ သာရှိသည့် အမှားတရားတို့ ကို နားမလည်နေခြင်း၊
နားလည်အောင်လည်း သင်ကြားပေးမည့် သူမရှိခြင်းနှင့် ကိုယ်တိုင်လည်း ဘယ်တုံးကမှ နားလည်လက်ခံလာ
အောင် မကြိုးစားမိ မလေ့ လာမိခြင်းတို့ ကြောင့် ပဲ ဖြစ်နိုင်ပါ၏။

လူပီပီ လူမှုကျင့် ဝတ်၊ လူမှုစီးပွားကြီးပွားရေးများကို ရှာဖွေလုပ်ကိုင်နေချိန်တို့ တွင် မဆိုသာပေမယ့် ကိုယ့် ရဲ့ 
တစ်နေ့ တာ( အမှန်တော့ နေ့ တစ်နေ့ ကို ဘဝတစ်ခုလို့  သတ်မှတ်နိုင်ပါ၏ )ကုန်ခါနီးလို့  အားတော့ မဲ့ အချိန်၊
အိပ်တော့ မဲ့  မအိပ်ခင်တစ်ချိန်လေးတွင်တော့ မရှိသဘောနှင့်  ရှိသဘောတို့ ကိုတော့ ဖြင့်  အကျင့်လေးလုပ်၍
တခုတ်တရ တွေးတောဆင်ခြင်မိဖို့ လိုပါသည်။ တစ်နေ့ ကို တစ်ခါလောက်ပဲ တွေးပေးသွားခြင်းဖြင့် နေ့ တွေ
များလာသလောက် အကြိမ်တွေများလာရင်ဖြင့်  ကိုယ့် အတွက် တစ်ကယ်ပဲ အကျိုးများလာမည့် အရေးပါ..ဟု
ဘုန်းဘုန်း၏ တရားတော်တို့ ကို နာနေရင်း ပြန်ပြောပြချင်လာမိပါတော့ သည်။ ဘယ်လို အကျိုးများပါသလဲ ....
ဆိုရသော် မိမိတို့ ရှင်စဉ်ကာလတလျှောက်လုံး ငါ့ အတွက်၊ ငါ့ ဘဝ၊ ငါ့ မိသားစု .. စသော “ ငါ ” နှင့် 
“ ငါ့ အနာဂတ် ” တို့ အတွက် စီမံကိန်းမျိုးစုံဖြင့်  ကြိုးစားတည်ဆောက်ရင်း ရ, လာခဲ့ သော အကျိုးစီးပွားတို့ နှင့် 
မတူပဲ၊ တစ်နေ့ “ ငါ ” တစ်ယောက်ထဲ ပြန်ထွက်သွားရတော့ မည့်  “ ငါ့ သံသရာခရီး ” အတွက် ရရှိမည့် အကျိုး
အမြတ်ပင် ဖြစ်တော့ သည်။ “ ငါ ” ထားခဲ့ ရမည့် အကျိုးအမြတ်တို့ မဟုတ်ပဲ “ ငါ့ တစ်ယောက်ထဲအတွက် ”
တကယ်ပဲ ပါလာတော့ မည့် အမြတ်ပါ ဟုလည်း ဆိုချင်ပါ၏။

ဘုန်းဘုန်းပြောနေသည်က ကျွန်တော်တို့  သိသယောင်ယောင်နှင့် တကယ်မသိသေးသည့် “ ပညတ် ” နှင့် 
“ ပရမတ် ” သဘောတွေပဲဖြစ်ပါသည်။ ထိုသဘောနှစ်ခုကို ရှင်းရန်အတွက် ဘုန်းဘုန်းက ကြေးနာရီဥပမာလေး
ဖြင့် အကျယ်ရှင်းပြတော့ သည်။ ကြားဘူးနားဝရှိနေသည့် ဒိဋ္ဌိအယူ “ ငါ ” ကို ပယ်ခွာနိုင်ရန်အတွက်လည်း
များစွာ အထောက်အကူ ဖြစ်နိုင်သလို ဖြစ်၍မပျက်ခြင်းတို့ အတွက်လည်း များစွာပဲ အကျိုးသက်ရောက်မည်ဟု
ထင်မိပါတော့ သည်။ ချက်ခြင်းပဲ လက်ခံနိုင်ဘို့  ခဲယဉ်းသော အကြောင်းအရာများ ဖြစ်၍လည်း သည်းငြီးခံ၍
ရ,သလောက်တော့  ဖတ်သွားစေချင်ပါသည်။

.................................................................................................................

“ ပထဝီဓါတ် ” ကို ကျွန်တော်တို့  သိထားသည်မှာ “ မြေကြီးဓါတ် ” ဟုပဲ ဖြစ်ပါသည်။
အမှန်ကတော့  ပထဝီဓါတ်ဟူသည် “ မာသဘော ” “ ပျော့ သဘော ” ဟုလည်း ဖွင့် ဆိုချက်အမှန်ရှိနေပါ၏။
ကျွန်တော်တို့ လို အန္တပုထုဇဉ်တစ်ယောက်နှင့် စူဠသောတပန်ပုထုဇဉ် တစ်ယောက်အား ကြေးနာရီတစ်လုံးကို
ပြ၍ ပထဝီဓါတ်က မာတာလား၊ ကြေးနာရီက မာတာလားဟု မေးပြရင်း “ ပညတ် ” နှင့်  “ ပရမတ် ” တို့ ၏
သဘောကိုပါ ထင်သာ မြင်သာစေရန် ဖွင့် ဆိုပြသည့် ဇာတ် ဖြစ်ပါသည်။

စာ တိုစေရန် တရားတော်လာအတိုင်း ကျွန်တော်ရေးတော့ မည်။
အန္တပုထုဇဉ် ။ ။ “ ကြေးနာရီက မာတာပါ ..” ( ဥာဏ်မျက်စေ့ မရှိသော အကန်းပုထုဇဉ် )
စူဠသောတာပန်။ ။ “ ပထဝီဓါတ်က မာတာပါ ” ( သောတပန် အငယ်စား၊ နောက်လာမည့်  ဘဝ ကြိမ်းသေ
လူ၊နတ်ဖြစ်တော့ မည့်သူ )
“ ကိုင်း..ဒါဆို ကြေးနာရီပျောက်ရင် ကြေးနာရီရဲ့  မာသဘောလေး ပျောက်ရမှာပေါ့  ”
“ မှန်ပါ .. ”
ကြေးနာရီလေးကို ထုခွဲရိုက်ဖိ၍ ကြေးပြားဘဝရောက်စေပြီးသောအခါ ကြေးနာရီမှ ကြေးပြားဟူသောပညတ်
ချက်ပါပြောင်းသွားသော်လည်း အငြင်းသန်သော ပုထုဇဉ်က “ ကြေးပြားက မာနေတာပါ ” ဟု ငြင်းပြန်၏။
ထိုအခါ ယင်းကြေးပြားကိုပင် အရည်ကျိုစေ၍ ပုံစံခွက်လုံကလေးထဲထည့် ၊ အအေးခံပြီး ကြေးခဲဘဝရောက်စေ
ပြီးမှ မေးပြန်သော်လည်း “ကြေးခဲ ကပင် မာတာပါ ” ဟု ဖြေပြန်သည်။ အမှန်က ဤအဆင့်တွင် အခေါ်ပညတ်
ဖြစ်သော ကြေးနာရီ၊ ကြေးပြား၊ ကြေးတုန်းကြေးခဲ အဆင့် ဆင့် ပြောင်းလဲခဲ့ ပြီးသော်လည်း ပရမတ်ဖြစ်သော
ပထဝီဓါတ်၏ “ မာသဘော၊ ပျော့ သဘော ” တို့ ကတော့  မပြောင်းလဲပဲ ရှိမြဲ ရှိနေသည်ကို ပြနေခြင်းဖြစ်၏။

“ ဒါဆိုရင် .. အဲ့ ဒီ ကြေးတုံး၊ ကြေးခဲ ပျောက်သွားရင် ကြေးခဲရဲ့  မာသဘော၊ ပျော့ သဘောလည်း ပျောက်ရမယ်”
ဟု ဆိုပြီး ထိုကြေးခဲကို လုံထဲ ပြန်ထည့် ၊ စပ်သင့် သည့် ဓါတ်များထည့် စပ်၍ ကျိုချက်ပြီး “ ပြာ” အဖြစ်သို့ 
ရောက်စေလျက် ထိုအန္တပုထုဇဉ်အား ကိုင်စမ်းစေသောအခါ နူးညံ့ သော၊ ပျော့ သည့် သဘောလေးကိုသာ စမ်း
သပ်မိတော့ သည်။ ထိုပြာကိုပဲ မြေကြီးထဲထည့် မြုပ်၍ နောက်လေးငါးနှစ်ကြာမှ ဖေါ်ထုပ်ကိုင်စမ်းပြန်လျှင်လည်း
ပထဝီဓါတ်၏ ပင်ကိုယ်သဘောဖြစ်သော “ မာသဘော၊ ပျော့ သဘော ” တို့ ကိုသာလျှင် တွေ့ ရအုံးမည်ဖြစ်၏။

ကြေးနာရီမှ မြေကြီးခဲ ဘဝ ကူးပြောင်းရောက်ရှိသွားသည့် တိုင် ပထဓီဓါတ်ကတော့ မပြောင်းလဲပဲ ရှိနေသည်ကို
ရှင်းလင်းစွာ မြင်စေလို၍ ဘုန်းဘုန်းက ဟောကြားခဲ့ ပါသည်။ မမြဲ၍ တကယ်မရှိသော အခေါ် ပညတ်သဘော
နှင့် အမြဲတည်ရှိနေသည့်  ပရမတ်( ထာဝရအမှန်တရား ) တို့ ကို ခွဲထုပ်ပြခဲ့ ခြင်းလည်း ဖြစ်ပါ၏။

ကြေးနာရီ တစ်ခုလုံးကို အကြားအလပ်မရှိ လိုက်စမ်းကြည့် လျှင် “ မာသဘော” တစ်ခုသာ ရှိနေပြီး၊ “ကြေးနာရီ”
က တကယ်ပဲမရှိသည်ကို ဥာဏ်ကလေး ကွန့် ၍ စဉ်းစားစေချင်သည့် သဘောဟု ထင်ပါ၏။ အမှန်ကတော့ 
“ကြေးနာရီ ” က “ ... ခေါ်စေ ” ဟု “အမည်”ပေးထားခြင်း၊ “ပညတ်” ထားခြင်းပဲ မဟုတ်ပါလော။

သည်အဆင့် သည် “ ဝိပဿနာဥာဏ်အဆင့် ” သို့  မရောက်သေးကြောင်း၊ ဤသဘောကို “ ငါ ” ဟု စွဲထင်နေ
သော ကိုယ့် ခန္ဓာအိမ်ကြီးပေါ်သို့  တင်နိုင်မှသာလျှင် ဝိပဿနာအဆင့် သို့  ရောက်မည်ဟု မိန့် ၍ “ ငါ ” မရှိ
သည့် သဘောကို ဆက်ဟောပြန်လေသည်။

................................................................................................................

“ လူ ” ဟု ခေါ်တွင်နေသည့်  ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို အကြားအလပ်မရှိ လိုက်လံစမ်းသပ်ပြန်လျှင်လည်း၊
အရိုးလိုနေရာ၊ ဦးခေါင်းလိုနေရာတို့ တွင် မာသဘောတို့ ကို တွေ့ ရမှာ ဖြစ်ပြီး၊ ကျန်အစာအိမ်၊ အူသိမ်၊အူမ၊နှလုံး
အရေပြား၊ အသားစ စသည့်နေရာ အားလုံးတို့ တွင် ပျော့ သည့်  သဘော တို့ ကို တွေ့ ရှိရမည်ဖြစ်၏။

သည်နေရာတွင်လည်း “ လူ ” ပညတ် ပျောက်သွားလျှင်၊ ထို လူ၏ မာသဘော၊ ပျော့ သဘောတို့ ပါ ပျောက်ရ
မည်ဆို၍ စိတ်ကူးလေးဖြင့်  လူ့ ခန္ဓာအိမ်ကြီးကို ငရုပ်ဆုံကြီးထဲထည့် ထောင်းပစ်ကာ အသားလုံးကြီးဘဝသို့ 
ရောက်စေလျှက် ကိုင်စမ်းစေပြန်လျှင်လည်း၊ လူပညတ်မှ အသားလုံးပညတ်သို့  ပြောင်းသွားသည့် တိုင် ပထဝီ
ဓါတ်၏ “ မာသဘော၊ ပျော့ သဘော ” က မပြောင်းလဲပဲ ရှိနေမှာကို သိမြင်နိုင်သည်ဟု ဆို၏။ အသားလုံးကပဲ
မာနေတာ၊ ပျော့ နေတာပါ ဆိုနေလျှင် ထိုအသားလုံးပျောက်လျှင်၊ အသားလုံး၏ မာသဘော ပျော့ သဘော
တို့ လည်း ပျောက်သွားရမည်ဖြစ်ပါသည်။

အထက်ကအတိုင်းအသားလုံးကြီးက မာတာ၊ ပျော့ တာ ဆိုပြန်လျှင်လည်း၊ထိုအသားလုံးကြီးကိုပဲ မီးရှို့ ၊ ပြာ ချစေ
ပြီးမှ စမ်းသပ် ကိုင်တွယ်ပြန်သော် ပထဝီဓါတ်၏ နူးညံ့ ပျော့ ပြောင်းသော အတွေ့ အထိ တို့ ရှိနေဦးမှာပဲ ဖြစ်၏။
“ ပြာက ပျော့ ပြောင်းနူးညံ့ တာပါ ” ဆိုလျှင်၊ ထိုပြာကို မြေကြီးထဲ ထည့် မြုပ်ပြီး နောင်လေးငါးနှစ် ကြာမှ တူးဖေါ်
ကိုင်တွယ်စေပြန်သော် လူမှ မြေကြီးဘဝသို့  အဆင့် ဆင့် ကူးပြောင်း ရောက်ရှိသွားသည့် တိုင် ပထဝီဓါတ်
သဘောဖြစ်သော “ မာသဘော၊ ပျော့ သဘော ” ကတော့ ဖြင့်  ရှိနေမြဲသာဖြစ်သည်ဟု မိန့် တော်မူပါသည်။

................................................................................................................


“ တေဇောဓါတ် ” ကိုလည်း အပူဓါတ် ဟုသာ ကျွန်တော်တို့ သိထားသော်လည်း တကယ့် အရှိတရားက
လောင်မြိုက်လှိုက်စားသည့် သဘော၊ ရင့် ကြက်ခြင်းသဘောတို့ လည်း ရှိနေသေးသည်ဟု သိရပြန်ပါသည်။
ရိုးစင်းသော ဥပမာလေးကတော့  ကျွန်တော်တို့ ခန္ဓာအိမ်ကြီးအတွင်းဝယ် “တေဇောဓါတ်” ရှိနေသောကြောင့် 
သာ အဟာရအားလုံးကို ခြေဖျက်ပြီး တစ်နေ့ ထက်တစ်နေ့ ကြီးရင့် လာရခြင်းဖြစ်ပါသည်။ နုပျိုခြင်းတို့ ကို တငွေ့ 
ငွေ့ လေးဖြင့် ပဲ လောင်မြိုက်လှိုက်စားနေသောကြောင့်  ကျွန်တော်တို့ ရင့် ထော် ( ရင့် ကြက် )လာရခြင်းဖြစ်
သည်။ အမှန်ကတော့  တဖြည်းဖြည်းပျက်စီးလာခြင်းဟု မြင်ပါ၏။ ဘယ်လိုပဲ နည်းမျိုးစုံဖြင့်  အရွယ်၏ အိုမင်းခြင်း
ကို ကျားကန်ဖြေရှင်းခြင်းငှာ မစွမ်းနိုင်လွန်းသော “ တေဇောဓါတ် ” ပင် ဖြစ်တော့ သည်။

“ အာဘောဓါတ် ” ပါတဲ့ ။
ယိုစီးခြင်း၊ ဖွဲ့ စည်းခြင်းသဘောရှိသည့်  ဓါတ်ဖြစ်သည်ဟု ဆိုထားပါသည်။ သက်မဲ့ အရာဝတ္ထုတိုင်းတွင် ရှိနေ
သလို သက်ရှိ လူ၊ သတ္တဝါ အားလုံးတွင်လည်း ဖွဲ့ စည်းထားသည့် သဘောတွေ၊ ယိုစီးနေသည့် သဘောတွေ
ရှိနေတာကိုလည်း ခံစားသိနိုင်ပါသေးသည်။

“ ဝါယောဓါတ် ” လေဓါတ် ဟု ဆိုပါသည်။
အရှင်းဆုံး အဖြစ်ကတော့  ကျွန်တော်တို့  ခန္ဓာအိမ်ကြီး ထ၊ ထိုင်၊ ရပ်သွား၊ လှုပ်ရှားနေနိုင်ရန်အတွက် ကိုယ်ခန္ဓာ
တစ်ခုလုံးရှိ မရေတွက်နိုင်အောင် များပြားပြည့် ကြပ်နေသော အကြောပေါင်းစုံထဲတွင် လေဓါတ်ကလေးက
အမြဲပဲ အပြည့် အဝ ရှိနေသောကြောင့် သာ ကျွန်တော်တို့ အားလုံး တောင့် တောင့် တင်းတင်း ဖြင့် ရှင်သန်နေ
နိုင်ခြင်း ဖြစ်ပါသည်တဲ့ ..။ ထိုလေဓါတ်ကလေးချို့ ယွင်းပါက၊ ထိုလေတို့ မစီးဆင်းတော့ ပဲ လေဖြတ်သွားပါက
ခန္ဓာအိမ်ကြီးလည်း၊ လေထွက်သွားသော ပူပေါင်းတစ်လုံးလို၊ ကြိုးပြတ်သွားသော အရုပ်တစ်ခုလိုပဲ၊ လဲပြို ကျ
သွားမှာ၊ ပျော့ ခွေ သွားမှာ ဖြစ်ပါသည်တဲ့ ။

ထို့ ကြောင့် သာ ခန္ဓာအိမ်တွေ ကျန်းမာဘို့ ၊ ဓါတ်ကြီးလေးပါး မဖောက်ပြန်ဘို့  လိုသည်ဟု ဆိုစကားရှိနေသည်
ဟု ထင်ပါသည်။

လောကကြီးတစ်ခုလုံး၏ သက်ရှိ၊သက်မဲ့  အရာအားလုံးတွင် အမြဲရှိနေသည့် “ ဓါတ်သဘော” တွေကို ဘုန်းဘုန်း
က ထည့် သွင်းရှင်းပြခဲ့ ခြင်းဖြစ်၏။ ထိုဓါတ်ကြီးလေးပါးထဲမှ တစ်ပါးပါးသာ စ,တင် ချို့ ယွင်းသွားပါက ဖြစ်တည်နေ
သော သက်ရှိသက်မဲ့ တို့ ၏ ဘဝ စ,တင်ပျက်စီးခြင်း၊ ပျက်ခြင်းဟု ဆိုပါသည်။

...................................................................................................................

ဖြစ်၍မပျက်နိုင်နေကြခြင်း၊ ခန္ဓာအိမ်ကြီးပေါ်တွင် ပေါ်သမျှသော ခံစားမှု ဝေဒနာအားလုံး မပျောက်ပျက်နေနိုင်
ကြခြင်းမှာ သည်ခန္ဓာအိမ်ကြီးကို “ ငါ ” ဟု တစ်သံသရာတစ်လျှောက်လုံး၊ အရိုးစွဲ အသဲစွဲအောင် စွဲမှတ်ခဲ့ သော
ကြောင့် ဟု “ ဗုဒ္ဓ ” က မှန်သောစကားကို ဆိုခဲ့ ပြီးဖြစ်သည်။ ထို “ ငါ ” မပျောက်တော့ ၊ ခန္ဓာအိမ်ကြီးပေါ်ရှိ
ပေါ်လာသမျှသော ဝေဒနာပေါင်းစုံနှင့် “ ငါ ” တို့  ရောချင်တိုင်းရော၍ ဖြစ်ချင်တိုင်းဖြစ်ပြီး မပျက်ချင်တိုင်းလည်း
မပျက် ဖြစ်နေကြခြင်း ဖြစ်သည်။

“ ငါ ” ကလေး ဖယ်ထားနိုင်သည့်  ထိုခဏဝယ် ဖြစ်ပေါ်နေသော ခံစားမှုဝေဒနာအားလုံး၏ “ သဘောသက်
သက် ” မှန်သမျှတို့ ကို သူ့ ချဉ်းသက်သက် ကြည့် နိုင်၊ သိနိုင်တော့ မည်ဟု ထင်မိပါသည်။ သူ့ သဘောလေး
တွေအတိုင်း ဖြစ်နေတာ၊ ပြောင်းသွားတာ၊ ပျက်သွားတာ၊ တိုးလာတာ၊ ရော့ သွားတာလေးတွေကို သိမြင်လာ
နိုင်မည်ဟုလည်း တွေးမိ၏။ ထိုသဘောလေးကို GHOST ရုပ်ရှင်ကားထဲကလိုပဲ ကိုယ့် ခန္ဓာအိမ်မှ ခွာ၍ ကိုယ့် 
ကိုယ်ကို ပြန်ကြည့် နေခြင်းဟု အနီးစပ်ဆုံး ဥပမာတစ်ခုဖြင့်  ရေးခဲ့ ဖူးပြီးလည်းဖြစ်သည်။

ယ္ခု ဘုန်းဘုန်းမှ ဘုရားဟောအတိုင်း ဓါတ်သဘော၊ ပညတ်၊ ပရမတ်သဘောတွေကို ပြ၍ ၊ ကျွန်တော်တို့ အား
“ ငါ ” ကို ဖျောက်နိုင်စေရန် သီအိုရီ တစ်ခုကို ပြခဲ့ ပြီ။ တကယ်လည်း ကိုယ့်ခန္ဓာအိမ်ကြီးတစ်ခုလုံးကို အကြား
အလပ်မရှိ တစ်ခုချင်း လိုက်လံ စမ်းသပ်၍ “ လူ ” ဟူသော အခေါ် ပညတ်ကိုရှာပါလျှင်လည်း၊ တွေ့ နိုင်ပါမည်
လား ...။ စဉ်းစားပါလေ၊ တစ်ကိုယ်လုံး သူ့ နေရာနှင့် သူ အခေါ်ပညတ်အစိပ်အပိုင်းတွေနှင့် ပဲ အပြည့်ရှိနေ
မည် ဖြစ်ပါ၏။ ထို ပညတ် အစိပ်အပိုင်းအားလုံး စုပေါင်းပြီးမှသာ “ လူ ” ဟူသော “ ပညတ်ကြီး ” ဖြစ်ရသည်
မဟုတ်ပါလော...။

...............................................................................................................

“ ငါ ” ဟု ထင်လိုက်သည်နှင့်  “ ငါ ” နှင့်  ထိစပ်နေရသောအရာအားလုံး ယောင်္ကျား၊မိန်းမ၊ တောတောင်ရေမြေ၊
တိရစ္ဆာန် .... စသည့်  အခေါ်ပညတ်အားလုံးကို ဖမ်းယူဆုပ်ကိုင် ခံစားမိလိုက်တော့ ၏။ တွယ်တာမိလိုက်တော့ 
၏။ မစွန့် ရက်၊ မထားရက်ခဲ့  နိုင်အောင် ဖြစ်ရတော့ ၏။

အသက်ထွက်အောင်ကို နာကျင်လွန်းမက နာကျင်ပြီး ကိုယ်တစ်ယောက်ထဲ “ သေ ” ရသောအခါ ... ထို တွယ်
တာမိခဲ့ သော သံယောဇဉ်အားလုံးကို မပြတ်နိုင်၊ မဖြတ်နိုင် ဖြစ်ရသလို၊ ထိုသံယောဇဉ် အားလုံးနှင့်  သေကွဲကွဲ
လိုက်ရသည့် အတွက် မကျေမနပ်ဖြင့်  သေပွဲ ဝင်ရပြန်လေ၏။ နေရေးအတွက် စီမံကိန်းမျိုးစုံ ရေးစွဲရင်း၊ ကြိုးစား
ရုန်းကန်နေရင်း အချိန်တွေကုန်နေသော ကျွန်တော်တို့ က မသေချာတာတွေကြားထဲက သေခြင်းတရားကို
တော့ ဖြင့် မမေ့ စကောင်းဟု ထင်မိပါသည်။ တစ်နေ့ တစ်ခါလောက်တော့ ဖြင့် “ သေ ” ဘို့ ကို တွေးသင့် ၏။

................................................................................................................

ဘုရားရှင်က သူတွေ့ ရှိခဲ့ သော တစ်လောကလုံးတွင် တကယ်ပဲရှိနေသော လေးမျိုးသော ပရမတ်ဖြစ်သည့် 
“ စိတ်၊စေတစ်သိတ်၊ ရုပ်၊ နိဗ္ဗာန် ” တို့ သည် ၊ ပညတ်တို့ ကဲ့ သို့  အတုံး၊အလုံး၊ အဆိုင်အခဲ တို့ လို ကိုင်တွယ်ပြ
လို့  မရနိုင်ပဲ အမတန်ဥာဏ်ရည်ကောင်းပြီး၊ ပါရမီ ရင့် သန်ပါမှ ဥာဏ်မျက်စေ့ လေးဖြင့် မြင်နိုင်ခံစားနိုင်မှာကို
သိမြင်တော်မူခဲ့ ပြီးဖြစ်၏။

အစိုးရနှင့်  အမြင်မတူသူ၊ အစိုးရကို ဆန့် ကျင်သူများကို “ သူပုန် ” ဟု ခေါ်ဆိုကြပါ၏။
သို့ ဆိုလျှင်.. “ စိတ်၊စေတစ်သိပ်၊ရုပ်၊နိဗ္ဗာန်” တို့ ကသာ တစ်ကယ်ရှိနေပြီး၊ “ငါ”၊သူ၊ယေင်္ကျား၊ မိန်းမ၊ ရေ၊မြေ၊
တော၊တောင်၊တိရစ္ဆာန် ”..တို့ ဆိုတာ မရှိပါဘူးဟု ဟောကြားထားရက်နှင့်  ကျွန်တော်တို့ က “ စိတ်၊စေတစ်သိပ်
ရုပ်၊နိဗ္ဗာန်” ဆိုတာ တကယ်မရှိပါဘူး၊ “ ငါ ”၊သူ၊ယောင်္ကျား၊မိန်းမ၊တိရစ္ဆာန်၊ တော၊ တောင်၊ရေ၊မြေ.. ” တို့ သာ
တစ်ကယ်ရှိနေတာပါ..ဟု၊ ဗုဒ္ဓဘာသာ အမည်ခံပြီး၊ ဘုရားနှင့်  ကျောချင်းကပ်၍ ဘုရားကိုဆန့် ကျင်နေသော
ဘုရားရှင်၏ သူပုန် များ ဖြစ်မှန်းမသိ ဖြစ်နေပြီ ” ဟု ဘုန်းဘုန်းမှ ဂရုဏာဒေါသောနှင့်  ဟောရှာပါသည်။

ဘုရားရှင်က သူကိုယ်တိုင် ရှာဖွေကျင့် ကြံ တွေ့ ရှိခဲ့ သော ဝိပဿနာတရားတော်ကြီးသည် လူသာမာန်တို့ 
အတွက် နားလည်ရန် အလွန်ခဲယဉ်းပြီး၊ အာရုံငါးပါးတို့ တွင်သာ မွေ့ ပျော်နေတတ်သော လူသားအားလုံးအတွက်
ဓါတ်သဘော၊ ပရမတ်သဘော၊ ဖြစ်ပျက်သဘောတို့ ကို ဟောကြားချေချွတ်ရန် အမတန်မှ ခက်ခဲ ပင်ပန်း ဆင်းရဲ
တော့ မည်ကို သိတော်မူသောကြောင့်  တရားမဟောတော့ ဘူးဟု စိတ်ဖြစ်ပေါ်ခဲ့ ကြောင်း၊ ဤသည်ကို သိလိုက်
သော သဟံပတိဗြဟ္မာကြီးမှ ဘုရားရှင် ခြေတော်ရင်းတွင် ဦးခိုက်၍ အချက်သုံးချက်ဖြင့် ၃၁ဘုံသားအားလုံး
အတွက် တရားတော်ကို ဟောကြားပေးပါရန် လျှောက်ထားတောင်းပန်ခဲ့ သည်ဟု ဘုန်းဘုန်း၏ တရားပုဒ်ထဲတွင်
နာမိခဲ့ ပါသည်။

သဟံပတိဗြဟ္မာကြီး ဘုရားရှင်ကို တရားဟောရန်လျှောက်ထားပုံမှာ....
“ တစ်ချို့ က ဥာဏ်ရည် အလွန်နည်းပြီး ပါရမီ လုံးဝ မရှိသူ ဖြစ်ပါသော်လည်း၊ ဘုရားရှင်၏ တရားတော်ကို
နာပြီးမှသာ ဥာဏ်ရည်ထက်၍ ပါရမီ အသင့် အတင့်  ရှိလာနိုင်ပါကြောင်း၊ တစ်ချို့ က ပါရမီ အသင့် အတင့် ရှိပြီး
သားမို့  ဘုရားတရားတော်တို့ နာယူပြီး ပါရမီရင့် သန်လာနိုင်ပါကြောင်း၊ တစ်ချို့ က လူတွေကြားထဲမှာ နေနေကြ
ပေမယ့် ပါရမီဥာဏ် အလွန်ရင့် သန်နေသူများဖြစ်နေ၍ ဘုရားတရားတော်တို့  ကို နာယူပြီးလျှင်ပဲ သောတပန်၊
သဂဒါဂန်၊ အနာဂန် အဆင့် တို့ မှသည် မဂ်ဥာဏ်၊ဖိုလ်ဥာဏ်တွေရ၍ နိဗ္ဗာန်ကို မျက်မှောက်ပြု ကျွတ်တန်း ဝင်
ကြပါမည့် အကြောင်း” တို့ ဖြင့်  လျှောက်ထားခဲ့ ကြောင်း ဗဟုသုတအဖြစ် နာကြားခဲ့ ရပါသည်။

........................................................................................................

အမှန်တော့  ပါရမီ ဆိုသည်မှ အလေ့ အကျင့် တစ်ခုပင်ဟု ကျွန်တော်ထင်ပါသည်။
ရိုးသားစွာ ဆိုရပါလျှင် ကျွန်တော်သည် “ ဝိပဿနာ ” အကြောင်းကို ကြီးကြီးကျယ်ကျယ် ရေးဖွဲ့ နေပေမယ့် 
ယနေ့ အချိန်ထိ ဖြစ်ပျက်ကိုမမြင်၊ “ ငါ ” ကိုလည်း မပျောက်သေးပဲ လုပ်ချင်တာတွေ လျှောက်လုပ်နေတုံးဟု
ဝန်ခံချင်ပါ၏။

သို့ သော် ကျွန်တော်တို့  ဝေးနေသေးသည်ဟု ထင်နေရသော၊ မေ့ ချင်ရောင်ဆောင်၍ အတင်းမေ့ ထားရသော
မတွေးချင်၊ မတွေ့ ချင်တော့ သည့်  မသေချင်သည့်  သေခြင်းတရားကို ရင်ဆိုင်ဘို့ အတွက်၊ ကျေကျေနပ်နပ်
သေ သွားတတ်ဖို့ အတွက် ဖြစ်ပျက်တွေကိုမြင်အောင်၊ “ ငါ ” ကို ခွာနိုင်အောင် တစ်နေ့  တစ်ရက်ကို အားတဲ့ 
အချိန်လေးမှ ဖဲ့ ၍ မိနစ်ပိုင်းလောက်မျှတွေး တွေး သွားခြင်းအားဖြင့် ပါရမီတို့  ရင့် သန်လာအောင် ကြိုးစားရင်း
နောက်ဆုံးတိုက်ပွဲကို အနိုင်တိုက်ဖို့  ပြင်ဆင်ထားသင့်လှပါကြောင်းဖြင့်  ...။

ကဲ .. မိတ်ဆွေရေ..၊
ဒီနေ့ က စ,ပြီး မအိမ်ခင် တစ်မိနစ်လေးလောက် “ ငါ ” မရှိ၊ မဟုတ်ကြောင်း စဉ်းစား သွားကြည့် ပါမည်လား..။
တစ်ရက်ကို တစ်ခါလေးပဲလေ၊ ကျန်တဲ့ အချိန်တွေကတော့  ကျွန်တော့် လို အမေမွေးထားတဲ့ ရုပ်နဲ့ ၊ အမေပေး
ထားတဲ့  နာမည်နဲ့  “ ငါ ” ပဲပေါ့ ..။

ကိုယ့် ချစ်တဲ့ ၊ ခင်တဲ့ လူတွေအားလုံး အတူလိုက်မလာနိုင်ဘူးနော်..၊ အဲ့ ဒီအချိန်ကျရင်..။
ဝေးနေတယ်ထင်ရတဲ့  အရာတွေ၊ အချိန်တွေအားလုံး တဖြည်းဖြည်းနီးလာရင်း တစ်ချို့ တွေကိုတောင် ဖြတ်
ကျော်ခဲ့ ပြီးပြီပဲ ..။

တစ်ရက်ကို တစ်ခါလေးနဲ့  ရက်တွေ၊ လတွေ၊ နှစ်တွေ များလာရင် “ ပါရမီ ” ဆိုတာ ဖြစ်လာမှမဟုတ်လား..လို့ ။

ခင်တဲ့  ...

( အဖြူလေး )

.......................................................................................................

ဖြစ်ပျက်( ၅ ) ကို ဆက်ရေးဘို့  ကြိုးစားသွားပါမည်။








5 comments:

SHWE ZIN U said...

အဖြူလေး ရေ

ဖြစ်ပြီး မပျက်သေးတဲ့ ပိုစ့် ၄ပုဒ် ထိရှိသွားပြီနော် အဖြူလေး ရဲ့ စေတနာ ကိုလေးစားပါတယ် ကျိုးစားပြီးတော့ မြင်အောင်ကြည့်မယ်နော်

kiki said...

ဓါတ်ကြီးလေးပါး နဲ့ ပညတ် သဘောတွေကိုတော့ သိပြီ ။
ဒါပေမဲ့ ပရမတ် လေးပါး ဆိုတာ ( စိတ်၊စေတသိက်၊ရုပ်၊ နိဗ္ဗာန် )လား။ ဒါမှ မဟုတ် (စိတ်၊စေတသိက်၊ရုပ် ၊ နာမ် )လား။ ရေးထားတာ ၂ မျိုးဖြစ်နေလို့ ၊ ရောထွေး နေပါ တယ်။

ငါ အစွဲတွေ တယ် ဆိုးပေတာကိုး...
နောက်ကြုံရင် ရှင်းပြ ပါ အုံး..။ ခုချိန်ထိတော့ငါအစွဲတွေ မချွတ်နိုင်သေးပါဘူး ။ ကြိုးစားရအုံးမယ် ပေါ့...

ခင်မင်စွာဖြင့်
မကိ...

sosegado said...

ကျနော်တို့က ခုမှ ထိတွေ့မိပါတယ်၊ အဲဒီလို သစ္စာတရားတွေနဲ့ ထိတွေ့ရတာကိုက ရှေးပါရမီတစ်ခုပါလာပြီလို့မှတ်ပါတယ်၊ ရှေ့ဆက်လုပ်ရမှာကတော့ ကိုယ်ပေါ်မှာပဲ မှုတည်တော့မှာပါ၊
နောက်ဆုံး ကံရယ် ဥာဏ်ရယ် ဝိရိယရယ် ပေါင်းနိုင်ဘို့ပါပဲ၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်. မအိပ်ခင် ငါဆိုတဲ့အကြောင်းစဉ်းစားပြီးမှ အိပ်ပါ့မယ် ကိုအဖြူလေး..

mstint said...

စစ်မှန်သောတရားထူး တရားမြတ်များ ရှာဖွေတွေ့ရှိနိုင်ပါစေကွယ်။
ဖြစ်ပျက်(၅)ကိုစောင့်မျှော်လျှက်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်