Monday, August 29, 2011

ဘလော့ ဂ်ဒေး အမှတ်တရ ..

“ ကိုအောင် ( ပျူနိုင်ငံ ) ” မှ ကျွန်တော့် အား ဘလော့ ဂါဒေး အတွက် ပို့ (စ)တစ်ပုဒ် ရေးရန် တောင်းဆိုလာ
သည့် အခါ ဟိုး .. ယခင်တဂ်ပို့ (စ) ရေးခိုင်းခံခဲ့ ရတုံးကလိုပဲ “ လန့် ” သွားရပါသည်။ မထင်မှတ်သည့် အချိန်၊
အလစ်အငိုက် အလှန့် ခံ လိုက်ရသလိုမျိုး ဖြစ်ပါသည်။

ကျွန်တော်တို့  ရွာကြီးထဲတွင် ခေတ်စားခဲ့ ဘူးသော “ တဂ်ပို့ (စ) ” ဟူသည့် ခေါင်းစဉ်မျိုးနှင့် မဟုတ်တော့ ပဲ
“ ဘလော့ ဂ် ဒေး ” ဟူသည့်  တစ်မျိုးဆန်းနေသည့်  ခေါင်းစဉ်ကြောင့် လည်း တှုန်လှုပ်မိသွားတာ ဖြစ်၏။
ထို့ ကြောင့်  မမရွှေစင်ကိုပဲ ကျွန်တော် လှန်းမေးရပါတော့ သည်။ ဖြစ်ချင်တော့  ထိုနေ့ က “သူ” လည်း အစ်ကို
အောင်၏ တောင်းဆိုမှုကြောင့် “ ဘလော့ ဂ် ဒေး ” တဂ်ပို့ (စ)လေးရေးတင်ထားတာ သုံးနာရီသာ ရှိသေးသည့် 
အချိန်ပိုင်းလေးဖြစ်သည့် အတွက် ကျွန်တော်လည်း မမရွှေစင်၏ ပို့ (စ)လေးကို ဝင်ရောက် လေ့ လာဖတ်ရှု့ ရ
ပါတော့ သည်။

အရင်တုံးက တဂ်ပို့ (စ) ရေးခိုင်းကြရာတွင် ရေးစေချင်သည့် ပုံစံနှင့် ဖြေစေချင်သည့်  မေးခွန်းလေးများကို
ထည့် သွင်းပေးထားတတ်ကြပေမယ့်  ယခု ဘလော့ ဂ် ဒေးကျတော့  တစ်မျိုးဆန်းနေသလို ဖြစ်ရပြန်သည်။
စာအရေးမသန်ပဲ အရေးကျဲ သူ ကျွန်တော့်အတွက် “ ဆန်း” နေတာဟု ဆိုလိုခြင်းဖြစ်ပါ၏။

ကျွန်တော့်ကို ပထမဦးဆုံး တဂ်ပို့ (စ) ရေးခိုင်းသူမှာ “ ချိုကိုသဇင် ” ဖြစ်ပါသည်။ အဲ့ ဒီတုံးကတော့  သူ ပေးထား
သည့် ကန့် သတ်မေးခွန်းလေးများကိုပဲ ဖြေရင်း ပြန်ရေးခဲ့ သည်။

ဒုတိယ တဂ်ပို့ (စ) ရေးခိုင်းသူမှာ “ မမရွှေစင် ” ဖြစ်ပါသည်။ သည်အခေါက်တွင်တော့ ကျွန်တော့် အကျင့် ပေါ်
လာတော့ သည်။ သူ ရေးခိုင်းသလို မရေးတော့ ပဲ ကျွန်တော် ထိုအချိန်က လက်ယားနေအောင် ရေးချင်နေသည့်  “ အို့ ဟိုး၊ ဒါ့ .. ကြောင့် ကိုး ” ဆိုသည့် ပို့ (စ)ကလေးကိုပဲ ဇွတ်အတင်း ရေးမိတော့ ၏။ လေးစားရသော အစ်မ
ဖြစ်နေရတာမို့  ရေးချင်သည့် ပုံစံနှင့်  ရေးခွင့် တော့  ကျိုတင်တောင်းခဲ့ မိသည်။

တပ်တိယအကြိမ် ရေးခိုင်းသူမှာ “ ကိုဇော် ” ပါပဲ။
သည်အခါတွင်လည်း ကျွန်တော့် စတိုင်အတိုင်း တုန့် ပြန်ခဲ့ ပြန်ပါသည်။
ကျွန်တော် စ,တင်လေ့ လာနေမိသော “ ဖြစ်၊ပျက် ” တို့ အကြောင်း၊ ရုပ်၊နမ်တို့  ချုပ်ပျောက် ဆိုတော့  မရှိတော့ 
ဘူးလို့  ထင်နေရတဲ့  “ နိဗ္ဗာန်ဘုံ” ဆိုတာ၊ တကယ်ပဲ ရှိနေပါကြောင်း ဆိုသည့်  ကြီးကြီးကျယ်ကျယ် အကြောင်း
အရာကို မနိုင်မနင်းနှင့် ပဲ ကျွန်တော် ကိုဇော့် အတွက် တဂ်ပို့ (စ)အဖြစ် ရေးမိပြန်ပါသည်။

သည်အခါတွင်တော့ “ ကိုအောင်” က “ ဘလော့ ဂ်ဒေး ” တဲ့ ။
အထက်က ပြောတဲ့ အတိုင်း မကြားဖူးတော့  “ ရှိန် ” သွားရတယ်ပေါ့ ဗျာ..။

ထိုစဉ်က ထိုအချိန်တွင် ကျွန်တော့် မှာ ရှိနေသော လက်တစ်ဆုပ်စာသော စာဖတ်သူတို့ ကို ပေးလိုက်ချင်သည့် 
အကြောင်းအရာရှားရှားပါးပါးလေးတွေကိုပဲ ကျွန်တော် ဇွတ်အတင်း ပြန်ပေးမိခဲ့ သလို စာဖတ်သူ တစ်စုတို့ က
လည်း ဘယ်လိုမှ မဝေဖန်ပဲ စိတ်ရှည်ရှည်နှင့်  ဆက်လက်အားပေးနေခဲ့ ပါသည်။

တကယ်တော့  ကျွန်တော်က ဘလော့ ရွာကြီးထဲတွင် ဝန်းကျင်ကို ဂရုမထားပဲ ကိုယ်နေချင်သလို နေ နေသည့် 
သူ ၊ မိတ်ဆွေတစ်ယောက် ပြောသလို “ ကျွဲခြေရာခွက်ထဲက ဖားကလေးတစ်ကောင် ” သာ ဖြစ်နေသည်ဆိုတာ
ကိုတော့ မိတ်ဆွေ ညီအစ်ကို မောင်နှမအားလုံးအား ဝန်ခံရင်း ပဲ တောင်းပန်လိုက်ရပါသည်။

“ ကိုအောင် ( ပျူနိုင်ငံ ) ” သည် ကျွန်တော်တို့ ရွာကြီးထဲတွင်၊ “ အစ်ကိုကြီးကျောက် ”၊ “ မမရွှေစင်”၊
“ ချော ( အစိမ်းရောင်လွင်ပြင် ) ၊ “ မမကီ ” တို့ လို လူချစ်လူခင် မိတ်ဆွေအပေါင်းအသင်းများလှပြီး စာရေးအား
အလွန်ကောင်း၍ “ စာ ” ကိုလည်း ရိုးသားစွာပဲ ရေးနေသည့်  စီနီယာဘလော့ ဂါ ကြီးတစ်ယောက် ဖြစ်ပါသည်။
( ကျွန်တော် မသိသေးသော အခြားစီနီယာဘလော့ ဂါကြီးတွေ အများအပြား ရှိနေပါသေးသည်)။

“ စာကို ရိုးသားစွာ ရေးနေသူများ ” ဟု ဆိုလိုက်၍ တစ်ခြားသော အကြောင်းအရာများတော့  မထင်စေချင်၊
မတွေးလိုက်စေချင်ပါ။ ကျွန်တော်နှင့် ယှဉ်၍ ပြောလိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်က စာကို မရိုးသားစွာ ရေးနေ
ခဲ့ မိလို့ ပါပဲ .. လို့ ။

အွန်လိုင်းပေါ်တွင် စာတွေရေးသားနေသော ဘလော့ ဂါအားလုံးတို့ သည် နောက်ခံမတူသော အကြောင်းအရာ
အမျိုးမျိုးဖြင့် စာရေးသူများအဖြစ် ရပ်တည်နေကြသော်လည်း ၊ နောက်ခံ တူနေသည့် အကြောင်းနှင့် ဘလော့ ဂါ
အားလုံးမှာ တူနေသည့်  အရာ တစ်ခုကတော့ “ စာကိုပဲ ရေးနေချင်သည့် ၊ စာရေးချင်သည့် ဝါသနာ ” ပါပဲဟု
ကျွန်တော် ရဲရဲတင်းတင်း ဆိုလိုက်ချင်ပါသည်။ ဘယ်လို အကြောင်းအရာနှင့် ပဲ ရောက်လာကြသည်ဖြစ်စေ ...
ဝါသနာတူချင်းတော့  ရိုင်းပင်းနေမိကြပါ၏။ ချစ်ခင်နေမိကြပါ၏။ အလွန်ကြည်နူးဖွယ် မြင်ကွင်းတစ်ခုဖြစ်နေပါ၏။

တူခဲ့ သော ဝါသနာအရ စာတွေ ရေးနေကြပေမယ့်  မတူခဲ့ သော နောက်ခံ အကြောင်းအရာတွေကြောင့်  ရေးခဲ့ ၊
ဖန်တီးခဲ့ သည့် စာတွေကလည်း မတူပဲ ခြားနားလျက် အရောင်အသွေးတို့ စုံလင်၊ အလှ ဆင်နေသည့် ဘလော့ 
ရွာ ကြီးဖြစ်ခဲ့ ရတော့ သည်။

ကျွန်တော်က ဘယ်လို မရိုးသားစွာ စာတွေရေးခဲ့ မိပါသလဲ ..။
ကိုယ်ပိုင်ခံစားချက်တွေပဲ ဖွင့် အန် ရေးချနေခဲ့ မိခြင်း ဖြစ်ခဲ့ သည်။ စာလာဖတ်နေသူများကိုမှ အားမနာပဲ ကိုယ့် 
တစ်ကိုယ်ရေ ခံစားမှုတွေ၊ ထင်ရာ၊ မြင်ရာတွေကိုပဲ အမျိုးမျိုးတန်ဆာဆင်၍ ကာလ အတန်ကြာ ရေးဖွဲ့ နေခဲ့ မိ
ပါ၏။ ပရိတ်သတ်ကိုမှ ဂရုမစိုက်ခဲ့ ပဲ ကိုယ်ရေးနေချင်သည့် ပုံစံတွေသာ တစ်ပုဒ်ပြီးတစ်ပုဒ်ရေးနေခဲ့ သော
မဖြူသေးသည့် “ အဖြူလေး ” ဖြစ်ခဲ့ ရပါသည်။

ကိုယ်က မဟုတ်သည့် စာတွေ ရေးနေပေမယ့်  ဖတ်ချင်နေမိ၊ ဖတ်နေမိတာတွေကတော့  ဟုတ်သည့် စာတွေပဲ
ဖြစ်ခဲ့ ရသည်။ ဖတ်မိသလောက်လည်း ကိုယ့် စီနီယာ ဘလော့ ဂါကြီးတွေကို လေးစားအားကျလာခဲ့ မိသည်။
သူတို့ လိုပဲ ပရိတ်သတ်ကို လတ်ဆတ်သော အတွေ့ လေးတွေ၊ တစ်ခုခု အမြဲကျန်နေခဲ့ စေချင်တာလေးတွေ
ပေးခဲ့ ၊ ထားခဲ့ ၊ ပြခဲ့ ချင်သည့် ဆန္ဒလေးတွေ ဖြစ်ပေါ်လာခဲ့ ရပါသည်။ ( “ ရသစာပေ ” ဟု ယနေ့ အချိန်ထိ မဖွဲ့ 
နိုင်သေး၍ မဆိုရဲသေးပါ )

“ အဖြူလေး ” ဘဝရောက်အောင် ဟိုးတစ်ချိန်က ရေးခဲ့ ဘူးသည့် “ ဝိုင်းကလေး ” ထဲမှ၊ သူငယ်ချင်းတစ်စုက
ဝိုင်းဝန်းပန့် ပိုးခဲ့ ပါသည်။ ထို “ ဝိုင်းကလေး ” အကြောင်းကိုလည်း အဖြူလေးဘွဲ့ ခံယူပြီး မကြာခင်ပဲ ရေးတင်ပြီး
ခဲ့ ပြီး ဖြစ်သည်။ ထိုစဉ်က ကျွန်တော်တို့  ဝိုင်းကလေးသည် မြစ်ကျိုးအင်း၊ ညောင်ရမ်း၊ မျိုးကြီး၊ ဂျစ်တူးလေး၊
ပုလင်းဖင် ဆိုသည့် အထင်ကရ ပုဂ္ဂိုလ်တို့ ဖြင့်  ဖွဲ့ စည်းထားခဲ့ ပါသည်။ အပတ်စဉ် အလုပ်အားရက် တနင်္ဂနွေနေ့ 
တိုင်း စုဖွဲ့ ကြပြီး ချက်ပြုတ်စားသောက်ခြင်း၊ “ ပိုကာ ” ကစားခြင်း များကို ပြုလုပ်လေ့ ရှိသည်။ အင်မတန်မှ ပျော်
ရွှင်ကြည်နူးဖွယ် ကောင်းသော ဝိုင်းကလေး ဖြစ်ခဲ့ ရသည်။ ဘဝ၏ မေ့ မရသော စွတ်ပျံ့ ဖွယ် အစိတ်အပိုင်းတစ်ခု
လည်း ဖြစ်ခဲ့ ပါသည်။

ယခုတော့  ထိုဝိုင်းကလေးသည်လည်း အတိတ်မှာ ကျန်နေခဲ့ ရသည့်  အရိပ်တစ်ခုလိုပဲ ဖြစ်ခဲ့ ရပြီးဖြစ်ပါသည်။
အရာရာက အမြဲတန်းပဲ မမြဲပဲ ပြောင်းလဲနေတတ်သည် မဟုတ်ပါလား ။

အဲ့ ဒီအချိန်တုံးက ကျွန်တော်သည် ဂျာနယ်၊စာစောင်များကို အလွန်ဖတ်တတ်ပြီး၊ အိမ်နှင့်လှမ်းရာ ဗမာဆိုင်သို့ 
သွားသွားဝယ်နေတာကို မြင်နေသော ညီမငယ် ဂျစ်တူးလေးမှ မျက်စေ့ နောက်လာ၍ အိမ်မှာပဲ အင်တာနက်
လိုင်းဆင်ကာ လွှင့် တင်ထားသော ဂျာနယ်များကို ဒေါင်းလွတ်လုပ်ထားပြီး ဖတ်ရန် တိုက်တိုက်တွန်းတွန်းပြောခဲ့ 
သည်မှ စ, ပါတော့ သည်။ ကျွန်တော် “ လိုင်း ” ပေါ် စ,ရောက်ခဲ့ ပါသည်။ စာတွေကို ဖတ်တတ်ရုံလေးပါပဲ။
ဗမာလိုပဲ ရေးထားတာကိုး ..။ ထိုမှတစ်ဆင့်  ဂွင် တွေကျယ်လာပြီး ဘလော့ တွေထဲပါ ရောက်လာတော့ ၏။
စာကိုမရိုက်တတ်သေးပေမယ့် ထိုအချိန်က အရှိန်ရ,စ ပြုနေပြီဖြစ်သော “ ကိုမြစ်ကျိုးအင်း ” ၏ စာတွေ၊ သူ့ 
မိတ်ဆွေ တို့ ၏ စာတွေကိုပါ လိုက်ဖတ်လာရင်း၊ ဒါမျိုးတွေ ငါလည်း ရေးရရင် ကောင်းမှာပဲ..၊ ရေးလို့ ရတာပဲဟု
ကြီးကျယ်သော ဆန္ဒတွေ တဖွားဖွားပေါ်ပေါက်လာခဲ့ ရပြီး၊ ကီးဘုတ်ပေါ်မှ အင်္ဂလိပ်စာလုံးများကို ဗမာလိုပေါ်လာ
စေရန် ဒေါင်းလွတ် လုပ်ထားသော “ အယ်လ်ဖာဇော်ဂျီ လက်ကွက် ” ဖြင့် မရပ်မနား တစ်ဖျောင်းဖျောင်းရိုက်ရင်း
လေ့ ကျင့် လိုက်သည်မှာ .. အလုပ်တစ်ရက်ပျက်၍ တစ်ရက်နှင့် တမနက်သော အချိန်နှင့် ပဲ အင်္ဂလိပ်ကီးဘုတ်
ဖြင့် ကကြီးမှ အ အထိ အလွတ် ရိုက်တတ်သွားလေတော့ သတည်း။ ထိုစဉ်က “ ဆန္ဒ” က အဓိပတိ ဖြစ်နေခဲ့ သောကြောင့် ပါပဲ။ ဗမာလို အွန်လိုင်းပေါ်မှာ စာရေးချင်သည့် “ ဆန္ဒမီး” က၊ တစ်ကိုယ်လုံး တရဲရဲနေအောင်
တောက်လောင်နေခဲ့ သောကြောင့် ပါပဲ။

“အဖြူလေး”ဟူသော အမည်ကို ကျေကျေနပ်နပ်ခံယူရသည်မှာလည်း ကျွန်တော်တို့ ဝိုင်းကလေးတွင် ကျွန်တော်
က အားလုံးကို ပျော်စေ၊ ရယ်စေရန် ခပ်တည်တည်နှင့် သိပြီးသားအကြောင်းအရာတွေ အမျိုးမျိုးကို တကယ်ပဲ
မသိသေးသည့် မျက်နှာငယ်ပုံစံလေးဖြင့် ခပ်တည်တည် မေးတတ်၊ ပြောတတ် ၊ နေတတ်လွန်းသောကြောင့် 
“ ဖြူ ” ပြနေသော ကျွန်တော့်ကို ကိုမြစ်ကျိုးအင်းက “ အဖြူလေး ” ဟု ခေါ်ဝေါ်သမုတ်ခဲ့ သည်မှ စ,ခဲ့ ပါသည်။
ဘာကြောင့် ဆို သူ ပင်လျှင် လျှာ အမြုပ်ထွက်အောင် တစ်ကြိမ်မက၊ အကြိမ်ကြိမ် ရှင်းပြခဲ့ ရသောကြောင့်ပါပဲ။
အားလုံးက ကျွန်တော့်ကို ဝိုင်းရယ်နေပေမယ့် ကျွန်တော်ကတော့  လိုက်မရယ်ပါ။ ကိုယ်က တကယ်ပဲ မသိသလို
ပုံစံပါပဲ။ ကြာတော့ လည်း ကျွန်တော့် အထာကို ယဉ်ပါးလာကြပြီဆိုတော့  ဘယ်သူမှ အထူးအဆန်းမဖြစ်တော့ 
ပေမယ့် ၊အထူးအဆန်း ဖြစ်ခဲ့ ရသည်က ကျွန်တော် “ အဖြူလေး ” ဖြစ်ခဲ့ ရခြင်းပါပဲလို့  ။

“ အဖြူလေး ” အဖြစ် ဘလော့ တစ်ခုကို ကိုမြစ်ကျိုးအင်း အကူအညီဖြင့်  စတင်ခဲ့ ပြီးသည့်  နောက်ပိုင်း
ကျွန်တော်တွယ်တာခဲ့ မိသော “ ဝိုင်းကလေး ” နှင့်  ကျွန်တော် ကွာလာ၊ ခွာလာမိခဲ့ တော့ သည်။ ကျွန်တော်က
တစ်ခုခုရေးစရာ၊တွေးစရာ ရှိလာလျှင် မိုးမမြင်၊လေမမြင်၊ ဝန်းကျင်ကိုပင်မမြင်တော့ အောင်ပဲ တွေးနေ၊ ရေးနေ
တတ်လေတော့ ...၊ “ ဝိုင်းကလေး” ထက် တွယ်တာရတော့ မယ့်  ဘလော့ ကလေးလည်းရှိလာပြီကိုး..။

ထိုစဉ်က ကျွန်တော်သည် မြင်းလှည်းကို ဆွဲနေရသော မြင်းတစ်ကောင်လိုပဲ စာတွေ ရေးနေခဲ့ မိသည်။
လှည်းဆွဲမြင်းတစ်ကောင်သည် သူ့ မျက်လုံးနှစ်ဖက်ကို ဘေးဝန်းကျင်အား မမြင်မိစေရန်အတွက် ရှေ့ တည့် 
တည့် သာ လှပ်ပေးထားပြီး သူ့ မျက်လုံးဘယ်ညာ နှစ်ဖက်လုံးကို အပိတ်နှစ်ခုဖြင့် ကာရံထားခြင်းခံရပါ၏။
ဘေးကိုမမြင်တော့  ဘေးက ပုံရိပ်တွေကြောင့်  သူ့ အာရုံတို့ သည်လည်း လန့် ဖျတ် ရှုပ်ထွေးခြင်း မရှိတော့ ပဲ
ရှေ့ တည့် တည့်  မြင်နေရသည့်  မြင်ကွင်းကျဉ်းကျဉ်းလေးအတိုင်း တရှုးထိုး ပြေးနေရသည့် သဘောကို ဆိုခြင်း
ဖြစ်ပါ၏။ တစ်ခုခုကို လုပ်ချင်နေလျှင် ဘာကိုမှ မသိတတ်၊ မကြည့် တတ်ပဲ ဇွတ်တရွတ် လုပ်တတ်သည့် အကျင့် 
ဆိုး တစ်ခုပါပဲ။

ယခုတော့  ထိုမြင်းလို ဖြစ်နေသော ကျွန်တော့်ဘဝကို ကျွန်တော် စ,တင် ပြောင်းလဲချင်နေပါပြီ။
စာဖတ်သူများကိုလည်း တန်ဖိုးထားရပါတော့ မည်။ ကိုယ်ထင်ရာ၊မြင်ရာ၊ ကိုယ့် တစ်ကိုယ်ရေ ခံစားချက်တွေကို
ပဲ အန်ထုပ် မနေသင့် တော့ ကြောင်းလည်း သဘောပေါက်ခဲ့ ပြီ။ တစ်ခုခု ပေးလိုက်ချင်သည်ဟု ကြီးကျယ်စွာ
မဆိုလိုက်ချင်သော်လည်း ကောင်းသည့် စာ၊ ကျန်မည့် စာလေးတေပွဲ ရွေး၍တင်ပါတော့ မည်။ ယခုလောလော
ဆယ် ဆရာမာန်၏ ခွင့် ပြုချက်ဖြင့် သူ့ ဝတ္ထုတစ်ပုဒ်ကို ရေးတင်နေခဲ့ သည်မှာ ပြီးဆုံးခါနီးထိ ရောက်ခဲ့ ပြီ။
အမတန်မှ ခက်ခဲသည့် “ ဖြစ်၊ပျက် ” အကြောင်းကိုလည်း မနိုင်သည့် ကြားက လေ့ လာရင်း၊ ရေးရင်းဖြင့် ပဲ
ဖြစ်ပျက် (တစ်) မှ (လေး) သို့  တိုင်ခဲ့ ပြီ။

သို့ သော် ... ကျွန်တော်သည် “ စာ ” ကို ရေးသည့် နေရာမှာ “ ဆရာ ” တစ်ယောက် အဆင့် ဖြစ်နေသည့် 
“ စာရေးဆရာ ” တစ်ယောက်မဟုတ်ပဲ၊ “ စာ ”တွေကို ရေးသားနေသည့် “ စာရေးသူ ” တစ်ယောက်သာ
ဖြစ်နေသည့် အတွက် ရေးသည့် စာတိုင်းမှာ ပုံစံမကျသေးတာ၊ မှားနေ လွဲနေတာတွေတော့  အမြဲ ရှိနေမှာပဲ
ဖြစ်ပါသည်။ သို့ အတွက်လည်း ဖြည့်စွက် ဖတ်ပေးနေရတာ အကျင့် ပါနေသော ကျွန်တော့် စာဖတ်သူများကိုပဲ
ဆက်လက်ပြီး တောင်းပန်သွားချင်ပါသည်။

နေရာပေး၍ ရေးသားရန် ဖိတ်ကြားခဲ့ သော “ကိုအောင် ( ပျူနိုင်ငံ ) ” နှင့် တကွ၊ အဖြူလေးဘဝရောက်အောင်
ဖန်တီးပေးခဲ့ သော တစ်ချိန်က ဝိုင်းတော်သားများ၊ လိုအပ်သော ဘလော့ နှင့် ပတ်သက်သည့်  အခက်အခဲ
ပြဿနာတိုင်းကို ကြုံရင်၊ ကြုံသလို ဖြေရှင်း ပေးနေခဲ့ သော “ မမရွှေစင် ”၊ “ မမကီ ”၊ “ စည်းစိမ်ရှင်”၊ “ လရိပ်
အိမ် ” တို့ နှင့် ရေးဖက်များဖြစ်သော Jasmine ( တောင်ကြီး )၊ မ ချော( အစိမ်းရောင်လွင်ပြင် )၊ အန်တီတင့် ၊
Sosegado၊ အလင်းစက်များ၊ ကိုဇော် ၊ ချယ်ရီမြေ၊ အကိုဟန်ကြည်၊ Anglehlaing ၊ သိင်္ဂါကျော်၊ သဒ္ဒာလှိုင်း၊ မြတ်
မွန်၊ ချမ်းလင်းနေ၊ မမကေ၊ အနော်၊ ရီနိုမန် စ,သည့် ဘလော့ ကာများ၊ တစ်ခြား ကျွန်တော်မသိသေးသော ရေး
ဖက်များ၊ ကျွန်တော်ရေးချင်တာ လျှောက်ရေးနေသည်ကို စိတ်ရှည်ရှည် လိုက်ဖတ်ပေးနေသော စာဖတ်သူများ
လုံးကို ကျေးဇူးဥပကာရ အထူးတင်ရှိနေပါကြောင်း ဤပို့ (စ)လေးနှင့် အတူ ပြောခွင့်ပြုစေချင်ပါသည်။

စာရေးဆရာနှင့် ဘလော့ ကာ တူပါသလား ...။
သိလျှင်ဖြေပေးကြစေလိုပါသည်ခင်ဗျား...။
လေးစားခင်မင်စွာဖြင့် ....

( အဖြေးလူ )

............................................................................................................






20 comments:

seesein said...

အဖြေးလူရေ
ဂျိုကာဝိုင်းကနေ ဘလော့ဂါဝိုင်းထဲ ရောက်လာတော့ ကောင်းတာပေါ့ဗျ
ဘလော့တကာ လျှောက်လည်ပြီး ဘလော့တေလေ စစ က အဖြေးလူရေးတဲ့စာတွေကို အမြဲအားပေးနေပါတယ်ဗျို့
စာရေးဆရာနဲ့ ဘလော့ကာ စာလုံးပေါင်းတော့မတူဘူးဗျ

ခင်မင်တဲ့
စစ

khin oo may said...

။ ကိုယ်ထင်ရာ၊မြင်ရာ၊ ကိုယ့် တစ်ကိုယ်ရေ ခံစားချက်တွေကို
ပဲ အန်ထုပ် မနေသင့် တော့ ကြောင်းလည်း သဘောပေါက်ခဲ့ ပြီ...........
( သိတ်ချုပ်ထိန်းတာမကောင်းဘူးထင်တာဘဲ ဆွံ့အစေတယ်။

ဆွေလေးမွန် said...

ကိုမြစ်ကျိုးရဲ့ စာတွေကိုဖတ်ရင်း အဖြူလေးဆိုတာကို စသိရတာ..စာတွေလာဖတ်ဖြစ်ပေမယ့် ခြေရာတော့ သိပ်မထားဖြစ်ခဲ့ ဘူး..
ဘာလိုပဲ ဖြစ်နေပါစေ မနိုင်း ရေးထားသလိုပဲ စာရေးချင်နေသရွေ့ စာရေးနေသရွေ့ စာဖတ်သူတွေကလဲ ဖတ်နေမှာပါပဲ..
လို့

ကိုဇော် said...

မရိုးမသားရေးတယ်လို့ တစ်ခါမှတော့ မထင်မိပါဘူး။ စာရေးသူတွေ အထဲမှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြတယ် မဟုတ်လား။ တချို့က အတွေးကို ဖြန့်ဝေတယ် ၊ တချို့က အတွေ့အကြုံကို ဝေငှတယ် ၊ တချို့က မေးကြ ပြောကြတယ်။ အမျိုးမျိုးပေါ့ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် စာရေးချင်တဲ့ စိတ်ရှိနေတာလေးက ကောင်းတာပါပဲ။

စာရေးသူ ဆိုတဲ့ အထဲမှာ ဘလော့ဂါလည်း ပါသွားတယ်လို့ပဲ မြင်ပါတယ်။

ခင်မင်စွာဖြင့်
ကိုဇော်

ကိုအောင်(ပျူနိုင်ငံ) said...

ခင်ဗျားက ကျနော့်ကိုယ် ရိုးသားတယ်လို့ ထင်နေပါလား၊ လူချင်းတွေ့မှ ပိုက်ဆံချေးပြီး ပြန်မဆပ်ပဲ နေလိုက်မယ် ... :P
တက်ဂ်ကို ရေးပေးတာ ကျေးဇူးကမ္ဘာဗျို့ ... :D

Angelhlaing(May everybody be happy and healthy! said...

စာရေးသူနဲ့ ဘလော့ဂါ စာလုံးပေါင်းတွေတော့ မတူတာ အမှန်ပဲ...အကို :P:P
Happy Blog Day ပါအကို.:)

ချယ်ရီမြေ said...

အပေါ်က တစ်ယောက်ပြောသလိုပါပဲ စာလုံးပေါင်းမတူတာကလွဲရင် စာဖတ်ပရိတ်သတ်တွေအပေါ်ပေးချင်တဲ့ ရင်ထဲကစေတနာတွေတူညီကြတာဆိုတော့ စာရေးဆရာနဲ့ ဘလော့ဂါ တူတယ်လို့ပဲ ဆိုပါရစေအဖြူလေးရေ...


ချမ်းမြေ့ပါစေ
ချယ်ရီမြေ

အလင်းသစ် said...

အဖြူလေးရဲ့ ရင်ထဲက အဖြူရောင်စကားတွေကို
ဖတ်သွားပါတယ်။။။

ချော(အစိမ်းရောင်လွင်ပြင်) said...

စာရေးဆရာဘဲဖြစ်ဖြစ် ဘလော်ဂါဘဲဖြစ်ဖြစ် ရေးချင်စိတ် ရှိရာကနေ စကြရတာကြီးပါဘဲ ကိုအဖြူလေး။
ဘလော်ဂါကနေ စာရေးဆရာဖြစ်နိုင်သလို စာရေးဆရာတွေလည်း အခုလို ဘလောဂ့်လောကမှာ ဝင်ရောက်လာကြတာတွေ့ရမှာပါ။ ဒီတော့ အကြမ်းဖျင်းအာဖြင့် တူတယ်လို့တောင် ဆိုနိုင်ပါတယ်။ စာရေးချင်စိတ်မရှိလို့ကတော့ ဘလော်ဂါလည်းမဖြစ် စာရေးဆရာလည်း မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်ဟုတ်?

IDIOT-Ki said...

ဝိုင်းအတွင်းမှာ ရော ဝိုင်းအပြင်မှာ ပါ မျက်စိတော့အုပ်ပြီး မပြေးပါနဲ့ မြင်းကြီး အဖြေးလူ ရေ... ခလုပ်တွေ တိုက်ကုန် မှ ဖါးပြုပ်ကိုက် တာ ကနေ တရုပ် ရိုက်တယ် ဖြစ်နေပါ့မယ်...
စာတွေရေးတာ စာရေးသူ ..
စာတွေရေးတာကြာပြီး သမ္ဘာရင့်လာပြီး ဆရာတဆူ ဖြစ်လာတော့ စာရေးဆရာ ..
ဘလော့တွေရေးတာ ဘလော့ဂါ..
ဘလော့ဂါ ဆိုတာလည်း စာတွေရေးတာပါပဲ..စာပေစီစစ်ရေး တော့လွတ်တယ် ပေါ့ ...( ဟဲ ဟဲ.. ဒီတော့ ရေးချင်ရာရေး... ကြိုက်တဲ့သူဖတ်မယ်.. )

တဂ်ကြွေးတွေ မဆပ်ချင်သော / ရေးရမှာပျင်းနေသော
မကိ..

mstint said...

စာရေးသူဖြစ်စေ စာရေးဆရာဖြစ်စေ အခြေခံအကြောင်းရင်းကတော့ ရင်ထဲမှာရှိနေတဲ့ ခံစားချက်အကြောင်းအရာတစ်ခုပေါ်မှာ ဦးတည်ပြီး စာပေနှစ်သက်သူတို့အတွက် ဖွင့်ချပြလိုက်တာပဲလို့ ထင်ပါတယ်။ ဝါရင့်သူနဲ့ ဝါနုသူ၊ ပါရမီဓါတ်ခံ အားကောင်းသူနဲ့ အားနည်းသူတို့ရဲ့ အရည်အချင်း တွေကတော့ကွာမှာပေါ့ အဖြူလေးရယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

ဘလောက်ဂ်ဂါစီနီယာ တစ်ယောက်ကပြောဖူးပါတယ်၊
လွတ်လပ်တာကြိုက်လို့ ဘလောက်ဂ်ရေးတာပါတဲ့
သူဘာဆိုလိုလဲ ကျနော်မသိသေးပါဘူး၊
စကားမစပ် အဖြူလေးနောက်တစ်ယောက်များ ရှိနေသလားလို့၊
ပျော်ရွှင်အေးချမ်းပါစေ။

အနော် said...

အကိုမြစ်ကျိုးအင်းရဲ့ပို့စ်တွေထဲကနေ သက်ရှိအဖြစ် ထွက်လာတဲ့ ဇာတ်ကောင်တကောင် .. နောက်တော့ ဘလော့ဂါတယောက်ဖြစ်လာခဲ့တာ.. အဲ့ဒီဘလော့ဂါရဲ့ ဘလော့ဂ်လေးကိုလဲ စဉ်ဆက်မပြတ် လာရောက်လည်ပတ်နေခဲ့တာပါပဲ.. ဒါပေမဲ့ တချို့အကြောင်းအရာတွေကျ ဝင်ရောက်ဆွေးနွေး.. တချို့ အကြောင်းအရာကျ ကိုယ်နဲ့က ဥာဏ်မမှီ.. တခါတလေတော့လဲ တိတ်တိတ်လေး လှည့်ပြန်သွားတယ်.. ဘာပဲပြောပြော စာရေးချင်စိတ်ရှိနေတဲ့ လူတယောက်ဟာ ဝဘ်ပေါ်မှာရေးတော့ ဘလော့ဂါ.. စာရွက်ပေါ်မှာရေးတော့ စာရေးဆရာဖြစ်သွားတယ် အဲ့ဒီလိုယူဆမိတယ် .. :)

ဟန်ကြည် said...

တက်ဂ်ပို့စ်တွေထဲမှာ ဒီတက်ဂ်ပို့စ်ကတော့ တော်တော်စိတ်ကြိုက်ဖြစ်မိတဲ့ ပို့်စ်ပဲ အဖြူလေးရေ...တကယ်တော့ ဘလော့ဂ်ပေါ်မှာပဲရေးရေး...စာရွက်ပေါ်မှာပဲ ရေးရေး ချမှတ်ထားတဲ့လမ်းကြောင်းရယ် စာဖတ်သူအပေါ်မှာ ထားတဲ့စေတနာရယ် မပီပြင်ရင်တော့ စာရေးသမားလို့ပဲ ခေါ်ရမှာပါ...အဓိကကတော့ စာရေးကောင်းခြင်းမကောင်းခြင်းထက် စာဖတ်သူအပေါ်မှာ ထားတဲ့စေတနာနဲ့ပဲ တိုင်းတာ အမည်ပေးထာပိုကောင်းမယ်လို့ ထင်မိပါတယ်...ဘလော့ဂါနဲ့ စာရေးဆရာ အဓိပ္ပာယ်ချင်းတော့ အတူတူပဲလို့ သတ်မှတ်ချင်ပါတယ်...ပုဂ္ဂလိက အမြင်အရပြောရရင် ဘလော့ဂါက ပိုပြီးစွန့်လွှတ်ရတယ်လို့ ခံစားမိပါတယ်...သူရေးတဲ့စာတွေအပေါ် ပြန်ရတဲ့ တုံ့ပြန်မှုက စာရေးဆရာတစ်ယောက် ပြန်ရတဲ့ တုံ့ပြန်မှုလောက် မများလို့ပါ...

ahphyulay said...

အင်း...
မှန်နိုင်တယ်၊ အစ်ကိုဟန်ကြည်။
စာတစ်ပုဒ်ဖြစ်ဖို့ က တိုသည်ဖြစ်စေ၊
ရှည်သည် ဖြစ်စေ စိုက်ထုပ်ရတဲ့ 
အားပမာဏတွေကတော့  အတူတူပါပဲ
လို့ ထင်တယ်လေ၊ ဒါပေမယ့် ဘလော့ ဂါ
တစ်ယောက် ကျင်လည်ရတဲ့  ဝန်းကျင်က
ကျဉ်းလွန်းပြီး ပြန်ရ တာကလဲ နည်းလွန်း
နေတတ်ပါတယ်လို့ ..။

SHWE ZIN U said...

အဖြူလေး ရေ

“ ဆန္ဒမီး” က၊ တစ်ကိုယ်လုံး တရဲရဲနေအောင်
တောက်လောင်နေခဲ့ သောကြောင့် ပါပဲ။

ရဲရဲတောက်လောင် ပြီးသွားတဲ့ အချိန် မှာ ရေးတဲ့ ပိုစ့် လေး တွေ ကိုစဖတ်မိတယ် အဖြူလေးရေ စာလေး တွေကို ကြိုက်လို့ ဘွတ်မတ် လုပ်ထားမိတယ် နောက်တော့ ဘလော့ထဲမှာ လင့်ခ် ချိတ်ထားတယ်

အမြဲတန်းလာဖတ်တယ် ရိုးသားတဲ့ စာရေးကောင်းတဲ့ အဖြူလေး နဲ့ အတူ နှစ်ပေါင်းများစွာ ပျော်ပျော်ကြီး ဘလောဂ့် ဂင်း ကြမယ်နော်

ခင်မင်စွာဖြင့်

သဒ္ဓါလှိုင်း said...

စာရေးတဲ့သူတွေက ရင်ထဲကနေဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ချပြခဲ့တာပါ။ ရိုးသားတဲ့ ကိုအဖြူလေးရဲ့ စာတွေကို အမြဲတမ်းရိုးသားစွာဖတ်ဖြစ်နေမှာပါ။ ဘလော့ဒေးအမှတ်တရလေးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဆက်လက်ရေးသားနိုင်ပါစေလို့ ရိုးသားစွာ ဆုမွန်တောင်းပါတယ်။
ခင်မင်လျက်
သဒ္ဓါ

Anonymous said...

အင်း............
ဘလောက်ဒ်ဒေး တဂ်ပိုစ့် ကိုဖတ်ကောင်းကောင်းနဲ့ဖတ်လာ
လိုက်တာ ဟိုးအောက်ဆုံးရောက်ခါမှ စာရေးဆရာ နဲ့
ဘလောက်ဒ် ကာတူပါ သလားဆိုတာကို တွေ့တော့
တော်တော်လေးကို လန့်သွားတယ် ရုတ်တရက် ဆိုတော့
ဘာပြန်ပြောရမှန်းကို မသိတော့ဘူး ချောင်ပိတ်ပြီးရိုက်လိုက် သလို ထူပူသွားတယ် အဲဒီလိုမှ မတွေးခဲ့ဘူးတာကို အကိုကြီးရ
အခုမှတော့ ဖြေရတော့မှာပေါ့။

စာရေး ဆရာပဲဖြစ်ဖြစ် ဘလောက်ဒ် ကာ ပဲဖြစ်ဖြစ်
စာရေးရခြင်း အရင်းအမြစ်ကတော့ တူကြတယ်လို့ထင်ပါတယ်။

ညီရဲ said...

အစ်ကိုရေ...
ကျွန်တော်လဲ ဘလော့ဂ်လောကနဲ့ နဲနဲ အဆက်အသွယ် ပြတ်သွားလို့ အစ်ကို့ ဆီကိုတောင် မရောက်ဖြစ်ဘူး။ ကျွန်တော်က ဆင်တဲကဖေးက ဘလက်ကော်ဖီပါ။ ကျွန်တော် ညီရဲသစ်နာမည်နဲ့ ကိုယ်ပိုင်ဘလော့ဂ်လေး တစ်ခု လုပ်ထားလို့ အဲဒါ အစ်ကို့ လင့်လေး ယူသွားပါတယ်။ အစ်ကိုလဲ အားရင် ကျွန်တော့်ဆီ လှည့်ဝင်ခဲ့ပါဦး။

မေသိမ့်သိမ့်ကျော် said...

အစ်ကိုအဖြေးလူရေး)

နောက်ကျမှ လာနှုတ်ဆက်ရတာခွင့်လွှတ်ပါရှင်။
အကို့ဆီမှာ စာတွေ ကို ကွန်မန့်မပေးပဲ တိတ်တဆိတ် ခဏခဏလာဖတ်မိကြောင်း ဝန်ခံပါတယ်။ အစ်ကို ရိုက်တင်ပေးထားတဲ့ စာတွေကော ၊ အစ်ကို ရေးတာတွေပါ အလွန်သဘောကျမိနေကြောင်းပါရှင်။

ခင်တဲ့
မေသိမ့်