တိုင်ဖုန်းဝင်မွှေနေတဲ့ အချိန်နဲ့ တိုက်ဆိုင်စွာပဲ နယ်ဆင်းရတော့ မည့်  အရေးပေါ်လာပြန်သောကြောင့်  နယ်ဘက်
တွေမှာမွှေနေသည့်  တိုင်ဖုန်းက ကျွန်တော်တို့  နေထိုင်ရာ တိုင်ပေခရိုင်ထဲသို့  ရောက်မလာခဲ့ ပေမဲ့  ရောက်လာ
ခဲ့ သည့် နေရာက ကျွန်တော့် ရင်ထဲကိုပါ။
ကျွန်တော်တို့ ဆီမှ နာဂစ်မုန်တိုင်းကို မမှီပေမဲ့ မိသားစုတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ကစင့် ကလျား ပျက်စီးဆုံးရှုံးရမှု
ကြောင့်  ရခဲ့ သည့် ကြေကွဲမှုတွေကတော့ ဆင်တူပါလိမ့် မည်။ သမတ မာရင်းကျို၏ သူ့ ပြည်သားများအပေါ်
သူ့ ရဲ့ ရင်နှစ်သည်းချာပမာ ကိုယ်တိုင်ပဲ ထဲထဲဝင်ဝင် ကြေကွဲခံစား၍ အစစ အရာရာ လိုအပ်သည်များကို လိုလေ
သေးမရှိ ပြုစုစောင့် ရှောက်ဖြည့် ဆည်းပေးနေသည်များကို သိမြင်နေရသည့် အတွက် ကျွန်တော် ကြည်နူးဝမ်း
သာနေမိသလို တဖက်ကလည်း ကြေကွဲ ဝမ်းနဲမိရသည်က အမှိုက်ပုံကြီးထဲတွင် နေထိုင်နေရသည်နှင့် တူသော
မြန်မာပြည်သူပြည်သားများ၊ မရေတွက်နိုင်အောင်ပင် သိန်းချီသည်အထိ ရေထဲတွင် ပေါ်လောမျော၍ ပျောက်
ကွယ်ဖိတ်စင်ရှာခဲ့ ကြရသော နာဂစ်ဒုက္ခသည် များ အတွက်လဲရင်နှင့် အမျှပါပဲ။
ကျွန်တော်တို့ သူငယ်ချင်းလေးယောက် မနက်အလုပ်အသွား ကားပေါ်တွင် ဘယ်တော့ မှ မရိုးနိုင်တော့ သော
မြန်မာပြည်က အမောများကို ဆွေးနွေးငြင်းခုံနေကြခြင်းဖြစ်ပါသည်။ ဒီနေ့  စကားဝိုင်းတွင်တော့ ကျွန်တော်တို့ 
ဘောစိ မပါတော့ ။ သူနယ်ကို ကြိုဆင်းသွားသောကြောင့် ဖြစ်ပါသည်။
ကျွန်တော့် ကို ပထမအသုပ်တွင်ထည့် မခေါ်တော့ ပဲ ထားခဲ့ ရခြင်းမှာ တစ်လောကကျွန်တော့် ရဲ့ ကျော်မကောင်း
ကြားမကောင်းလောက်အောင်ကို ရေးတင်ခဲ့ မိသော နှလုံးသည်းပွတ်တို့  တစ်စစီကြွေသွားအောင်ကိုပင် တမြေ့ 
မြေ့ လွမ်းမောဖွယ်ကောင်းလွန်းသော၊ ကြိုးမိန့် ကျသွားသော လူတစ်ယောက်၏ ခံစားချက်မျိုးဖြင့်  ဖွဲ့ ဆိုခဲ့ မိ
သော မိုးလင်းသွားသော... တစ်ည စာစုလေးကြောင့် ဟု ကျွန်တော်ထင်ပါသည်။
သူကိုယ်တိုင်လည်း စိတ်မကောင်းခြင်းကြီးစွာဖြင့်  ကောမန့် (စ) ဝင်ရေးပေးခဲ့ ရှာသည်လေ။ ဒါပေမဲ့ လာမဲ့ ရက်
တွေမှာတော့ သွားရတော့ မှာမလွဲမသွေပါ။ လူဆိုတာ.. မဆုံးသေးသော အဆုံးတစ်ခုကို တရွေ့ ရွေ့ သွားနေရ
သည်မဟုတ်လားလို့ ..။
စောချမ်းက ပြောလာသည်။ အခုဖြစ်နေတဲ့  ဗမာပြည်ရဲ့ အချေအနေကဗျာ.. ရေနစ်နေတဲ့ ခလေးလေးတစ်
ယောက်ကို ကမ်းပေါ်က ညွန့် နေအောင်ကြည့် နေတဲ့  လူအုပ်ကြီးက ဆင်းကယ်ဘို့ မလုပ်ဖဲ၊သတိမရကြပဲ
ဝိုင်းအော်နေကြသလို ဖြစ်နေပြီဗျ..။ အခု ဗမာပြည်မှာ ဖဥထုပ်သုံးလုံး ( ဖ သုံးလုံး ) ခေတ်စားနေတယ်..။
အောက်ကလူကို ပြားနေအောင်ဖိထားတယ်ဗျာ၊ ခလယ်ကလူ ကိုယ်နဲ့ လယ်ပယ်လူဆို မရ ရအောင်နည်းမျိုး
စုံနဲ့ ဖယ်ပစ်တယ်ဗျာ၊ ဟော.... အထက်ကလူကိုများတော့  ဖားနေကြတယ်ဗျား...သောက်တလွဲကောင်းချက်။
ကိုပြောင်ကဝင်ပြောလာသည်။ ငါ.. တိုင်းမဂ္ဂဇင်း ထဲက ဘာသာပြန် ကာတွန်း တစ်ခုကို ဖတ်လိုက်ရတယ်ကွ၊
ရေလည် ရီနေရတယ်ဟေ့ ... ဟုပြောပြီး မောင်းနေရင်း ကျွန်တော့် ဘက်လှည့် လာ၍ ရှေ့ ကြည့် ပြီးပြောစမ်း
ပါဗျာ.....၊ ဟုသတိပေးရသည်။
သူက အေးပါ..ဟု ဆိုပြီး သူ့ စကားကို ဆက်သည်။ ထာဝရဘုရားသခင်ဆီကို..တဲ့ ၊ အမေရိကန်သမတဂျော့ 
ဂျော့ ဘု(ရှ)ရယ်၊ တရုတ်ပြည်က အဖိုးကြီး တစ်ယောက်ရယ်၊ ဗမာပြည်က အဖိုးကြီးတယောက်ရယ် သုံးယောက်
သွားပြီး ဂါရဝပြုရင်း မေးခွန်း တစ်ခု စီကို မေးကြတယ်တဲ့ ။
ဂျော့ ဘု(ရှ)က.. အမေရီကန်က ကမ္ဘာပေါ်မှာ အာဏာအကြီးဆုံး၊ အင်အားအကြီးဆုံး၊ ဘယ်တော့ မှဖြစ်မလဲလို့ 
မေးတော့  ဘုရားသခင်က ဘယ်တော့ မှ ဖြစ်လာနိုင်မယ်မဟုတ်ပါဘူး..လို့ ဖြေတယ်တဲ့ ..။
ဒုတိယ တရုတ်ပြည်က အဖိုးကြီးကတော့  သူတို့ နိုင်ငံသုံး ပိုက်ဆံ ယွမ်ငွေ ဘယ်တော့ ကမ္ဘာပေါ်မှာ ဈေးအကြီး
ဆုံး၊ တန်ဘိုးအရှိဆုံးဖြစ်ပြီးတော့  ကမ္ဘာကို လွှမ်းမိုးနိုင်မလဲ လို့  မေးပြန်တော့ .. မမျှော်လင့် ပါနဲ့ တော့ တဲ့ ..၊
ဘယ်တော့ မှလဲဖြစ်လာမှာ မဟုတ်တော့ ပါ လို့ ဖြေလိုက်တယ်တဲ့ ..။
အဲ..ဒို့  ဗမာပြည်အလှည့် ..၊ သူပြောနေစဉ်ပဲ မီးပွိုင့် က ဝါနေရာမှ ရုတ်တရက် နီသွား သဖြင့်  ကိုပြောင်လက်တွေ
ချေထောက်တွေ အလုပ်ရှုပ်သွားရတော့ သည်။ ကားအရှိန်ကို တော်တော်လေး ထိမ်းအုပ်လိုက်ရလို့ ပါ။
ကျွန်တော်က ကဲ.. ဆက်ပါအုံးမြန်မာပြည် ဆိုတော့ ..အေးပါကွ။ဆိုပြီးဆက်တော့ သည်။
မြန်မာပြည်က အဖိုးကြီးကလည်း အားကိုးတကြီး၊ မျှော်လင့် တကြီးနဲ့  ဘုရားသခင်နား တိုးကပ်သွားပြီး ရိုရိုသေ
လေးပဲ မေးရှာတယ်..တဲ့ ၊ ကျွန်တော်တို့  မြန်မာပြည်မှာလေ... ဘယ်တော့ များမှ၊ ရေတွေ..မီးတွေ.. ပြည့် စုံနိုင်
ပါတော့ မလဲ... လို့ လဲမေးရော.. ရှေ့ ကနှစ်ယောက်က သူ့ ကိုသနားစဖွယ်ပဲ ငေးကြည့် ကြတော့ တာပေါ့ ။
သူတို့ မေးခွန်းနဲ့ မတူလို့ လေ..။
ဒါဆို.. ဘုရားသခင်ကရော..လို့  ကျွန်တော် သူ့ ကို အလောတကြီးနဲ့ မေးလိုက်မိတယ်။ အဲဒီတော့  သူက....
ငိုတယ်တဲ့ ဗျား။ဘုရားသခင်က မြန်မာပြည်က မေးခွန်းကြောင့်  ဝမ်းနဲစိတ်မကောင်းစွာနဲ့ ပဲ ငိုပြီးပြန်ဖြေရှာတယ်။
မင်းရဲ့  ဒီတသက်မပြောနဲ့  နောက်တစ်သက် နောက်ဘယ်တော့ မှ မင်းတို့ ဗမာပြည် ရေမီးမပြည့် စုံနိုင်တော့ ဘူး
တဲ့ ဗျာ..။သူ့ ပုံပြင် ဆုံးသွားတော့  တစ်ကားလုံးရယ်ကြပေမဲ့  ကျွန်တော်ကတော့  ငိုရမလို၊ရယ်ရမလိုလိုပါပဲဗျာ။
မြန်မာပြည်အကြောင်းလဲ ဆုံးရော မီးပွိုင့် ကစိမ်းသွားတော့ သည်။
အာဖားကလည်း စကားဝိုင်းထဲ ဝင်လာပြန်သည်။
ကျွန်တော် ကျောင်းသားဘဝက ဝတ္ထုတစ်ပုဒ်ဖတ်ဖူးတယ်ဗျ..၊သိပ်တော့  မမှတ်မိဘူး၊ အတိုပဲပြောမယ်၊
သားအမိသားအဖသုံးယောက်ရှိတယ်ဗျာ..၊အဖေလုပ်သူက ရုံးဝန်ထမ်းတစ်ယောက်တဲ့ ၊
တနေ့ .. သူ့ သားလေး ငါးတန်းရောက်ချိန်မှာ အဖေလုပ်သူက သူ့ သား လက်ကလေးဆွဲသွားပြီး သူတို့ ငှားနေ
တဲ့  အိမ်နားက သွပ်မိုးပျဉ်ထောင် အိမ်ကလေးတစ်လုံးကို ပြပြီး သူ့ သားကို အားတက်သရော ဂတိလေးတစ်ခု
ပေးလိုက်တယ်တဲ့ ။ သား.. အဖေလေ.. သားတက္ကသိုလ်ကဘွဲ့ ရတဲ့  အချိန်လောက်ကျရင် အဲလိုအိမ်ကလေး
တစ်လုံးအဖေ ဝယ်နိုင်အောင် ကြိုးစားမယ်၊ပိုက်ဆံတွေ စုမယ်လို့ သူ့ သားကိုပြောခဲ့ တယ်ပေါ့ ။
တစ်နေ့ ...သားဖြစ်သူ အလုပ်ကအပြန်၊ အမေဖြစ်သူက သူ့ သားကို အသာလေးလက်ကုတ်ပြီး မီးဖိုဂျောင်ထဲ
ခေါ်သွားတယ်တဲ့ ။ သားက ဘာဖြစ်လို့ လဲလို့ မေးတော့ ... ဟဲ့ ..နင့် အဖေကို သတိမထားမိဘူးလား အခု
တလောလေ..၊လို့ ပြောပြီး အိမ်ရှေ့ ခန်းထဲက သူ့ အဖေကို မေးငေါ့ ပြတယ်တဲ့ ။
သားဖြစ်သူက သူ့ အဖေကို သေသေချာချာကြည့် မိတော့ မှ.. ဖွေးဖွေးဖြူနေတဲ့  ဆံပင်တွေနဲ့  လက်မနဲ့ လက်
သန်းလေးကို သားရေကွင်းလေးတစ်ပင်နဲ့ ချိတ်ဆွဲပြီး အိမ်ပုံစံလေး လုပ်ပြီး ကစားနေတဲ့  သူ့ အဖေကို ဝေဝါး
သွားတဲ့  မျက်ရည်ဥတွေကြားထဲက မြင်လိုက်ရတော့ တယ်တဲ့ ။
ဒီတစ်ခါလဲ မောသွားရပြန်သောကြောင့်  မင်းတို့ ကွာ..စောစောစီးစီး စိတ်ညစ်လာပြီ..။ရယ်စရာလေးများပြော
ဘို့  မစဉ်းစားကြဘူး၊ ငါပြောမယ်ကွ ရယ်စရာ..ဟု သူတို့ ကို အော်မိတော့ သည်။
ကျွန်တော်က ကြားဘူးတဲ့  ဟာသလေးကို ဇာတ်လမ်းဆင်ပြီးပြောတာပါ။
ကျွန်တော် နတ်မောက်စက်မှုကျောင်းသားဘဝက ဗိုလ်ချုပ်ကျေးရုပ်ရှိတဲ့  ကျောင်းရှေ့ က ကန်တော်ကြီးပန်းခြံ
ထဲမှာ အားလပ်ချိန်တိုင်း သွားထိုင်တတ်၊စာတွေဖတ်ဖတ်နေတတ်တယ်။ ကျောင်းသားတွေရှိသလို စုံတွဲတွေလဲ
များနေတတ်တယ်ပေါ့ ။
တနေ့ ကျွန်တော် တောင်ကုန်းတစ်ခုက ခုံတန်းလျားလေး တစ်ခုမှာ ခဏလှဲနေတုံး ရှေ့ နားကခြုံထဲက အတွဲ
တစ်တွဲစီ မျက်လုံးရောက်သွားမိတယ်။ ခြွဲနေလိုက်တာများဗျာ..။နားထောင်ကြည့် ပါအုံး..။
ကောင်မလေးက ပြောတယ်၊ အကို့ ... ဟင့် . လည်ပင်းက သိပ်ယားနေပြီ... လုပ်ပါအုံး..၊အဲဒီတော့ ကောင်လေး
က ကောင်မလေး လည်ပင်းကို ရှက်သွေးကြီး ဖြာနေတဲ့  အခွက်ကြီးနဲ့  နမ်းလိုက်တယ်ဗျာ၊
နောက်ခဏကြာတော့  ကောင်မလေးက တစ်ခါထပ်ပြီး အကိုး... များရဲ့  ဂုတ်လေးက ယားလာပြန်ပြီ..
ဒီတစ်ခါလဲ.. သကောင့် သား စပ်ဖြီးဖြီးနှင့်  နမ်းလိုက်ပြန်သည်။
နောက် လက်မောင်းလေး..တဲ့ ။ ငတ..လုပ်လိုက်ပြန်ပြီ၊ ရွှတ်ကနဲ..၊
ကျွန်တော်.. ထိုင်ရာက လှဲနေရာမှ ထ လိုက်မိသည်။ မြင်ပြင်းကပ်လာ၍..။
နောက်.. လုပ်လာပြန်တော့ သည်။ ညလေးရဲ့ ..လက်ဖျံလေး..၊ဒီတစ်ခါ ကျွန်တော် အထ....
ဘယ်အချိန်က ရောက်နေမှန်းမသိသော ကျောင်းစောင့်  အဖိုးကြီးက ကျွန်တော့် နောက်မှ ကျွန်တော့် ကိုကျော်
ပြီး ဟေ့ ဟေ့ .. ငါ့ မှာလဲ.. လိပ်ခေါင်းရှိနေတယ်ဟေ့ ၊ငါ့ လဲ..လုပ်ပေးပါအုံး... ဟု အော်လိုက်လေသတဲ့။
...................................................................................................................................................
( ပြီးပြါ့ပီ )
Look back to memory lane
1 year ago