Wednesday, December 9, 2009

ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၇ )

ကောင်း သွားသော မြောက်ဂေါင်း
.....................................................


ဗားတိုက်( အလုပ်သမား၊ဝန်ထန်း အိပ်ဆောင် ) ဝင်း ကို ရောက်တော့  လမ်းမီးတိုင်တို့  ထိန်ထိန်ညီး အောင်
လင်းနေပေမဲ့  တစ်ဝင်းလုံး အိပ်မောကျ နေကြ ၍ ညိမ်ဆိပ် နေပါပြီ။ တောင်ကုန်း ပေါ် ရှိ အင်ဂျင်နီယာ
ဗားတိုက်မှ S.M.E ဦးသန့် ဇင်တို့  အိပ်ဆောင်ရှေ့  ဝါးကွပ်ပစ် ဆီတွင် မီးလှုံ နေသည့်  မီးဖိုမှ မီးခိုးလုံး တစ်လူလူ ထိုးတက်နေသည်ကို ယ္ခု အချိန်ထိ တွေ့ နေရတုံးပင်။ ည ဆယ်နာရီ ထိုးနေပေမဲ့  သူတို့  အရှိန် ကောင်းတုံး ပါ။

ကျွန်တော်တို့ ကားကြီးဝင်းထဲ ထိုးဆိုက်လိုက်လျင်ပဲ သူတို့  အရက်ဝိုင်းမှ ဒန်အိုးတွေ၊ပုလင်းတွေ၊ဇွန်းတွေခေါက်
လိုက်သံ တို့ က လက်ခုပ်သံ တို့ နှင့်  အတူပဲ ရောပြီး တစီစီ၊တညံညံ ထွက်လာပါတော့ သည်။ ဒီတစ်ခါတော့ 
ကျွန်တော့် ကို ကြိုလိုက်တာပါ။

“ ဟေ့ အကောင်.. ငကျော်.. ကောင်မလေး ပါလာ လားဟေ့ ..” ဟု ဗိုလ်သန့် ကြီး က မူးသံ ကြီးနှင့်  သူတို့ ကုန်း
ပေါ်မှ တဝင်းလုံး ကြားအောင်ကို လှန်းအော်ပါတော့ သည်။ မဟေသီ က ကျွန်တော့် ကို ကွက်ခနဲ လှန်းကြည့် 
ပါသည်။ ဝယ်တာ ဥာဏ်ထွန်းက “ ဟာ.. ဆရာကလဲ.. စကွားတွေ.. မွှား နေ ပါပြီ၊ ကောင်မလေးကို.. လွှတ်လိုက်
အဲရို ရုပ်ပါ...” ဟု ဝင် မ ပါတော့ သည်။
“ ခိုင်..ကလဲကွာ.. ကိုယ်ပြောထားတယ်နော်.. ကိုယ်တို့ တွေက ဒီလိုပါပဲ ဆိုတာ..” မဟေသီ့  ကို ကျွန်တော်က
ကပြာပဲ ပြောလိုက်ရပါသည်။ ဟုတ်သည်လေ..၊ တောထဲ တောင်ထဲ အမြဲပဲ အချိန်ကုန်လွန်လေ့ ရှိရသော
ကျွန်တော်တို့  ရေနံ ဝန်ထမ်းတွေရဲ့  ရောက်လေရာ နေရာမှာ ပျော်ပျော်နေတတ်သည့်  အလွန်ပဲ ချစ်စရာ
ကောင်းသည့်  ဓလေ့  စရိုက် များကို သူ့ အား ခေါ်၍ သည်ခရီးကို မစခင်ကတဲက ကြိုတင်ဇာတ်တိုက် ညှိနှိုင်းထား
ခဲ့ ပြီးသားဖြစ်ပါသည်။

မီးစက် ဆရာကိုကြီးမောင်ကတော် မဝင်းမေက လာ..လာ ညီမလေး..အမနဲ့ လိုက်ခဲ့ အဆောင်ကို ၊ ဒီသေတ္တာကြီး
တွေ တော့ ထားခဲ့ တော့ ၊နောက်မှ သူတို့ ဖာသာ သူတို့  သယ်လိမ့် မယ်.. ဟု ပြောပြီး မဟေသီ့  ကို ခေါ်သွားဖို့ 
လုပ်တော့ ..၊ကျွန်တော်က သူတို့ ကို ဂေါင်းညိမ့် ပြလိုက်ရင်း ဗိုလ်သန့် တို့  ဝါးကွပ်ပျစ်လေးဆီ လှန်းတက်ဖို့ အလုပ် မဟေသီက မျက်နှာငယ်လေးနှင့်  သူ့  လောင်တော်မင် ကျွန်တော့် ကို “ အကိုနော်.. သိပ်လုပ်မနေနဲ့ အုံး
သူများတစ်ယောက်ထဲ မနေရဲပါဘူး...” ဟု လှန်း မှာရှာ ပါတော့ သည်။
ကျွန်တော်က “အင်းပါ..” ဟု မဟေသီ့ ကို နှစ်သိပ်ပြီး ရောင်းရင်းတွေဘက်ဆီကို ချီတက်ခဲ့ ပါတော့ သည်။
ထိုည က အင်းပါ ဆိုလိုက်သော ကျွန်တော် ကြက်တွန်ချိန် ရောက်ခဲ့ ရပါသည်။

“ ဟေ့ အကောင်.. မင်းအခွက်က ဒီတစ်ခါတော့  ဝင်းပြောင်နေပါလားကွ..”
ကျွန်တော်က S.M.E ဦးသန့် ဇင်ကို transfer,movement order, စသည့်  ( ခရီးသွားအမိန့် ၊ ပြောင်းရွှေ့ လွှာ )
တို့ ကို လှန်းပေးတော့ သူက ကျွန်တော့် ကို ပြန်ပြောလိုက်တာပါ။
“မဟုတ်ဘူး ဆရာ အကြောတင်းချင်လာတာ” ဟု ဥာဏ်ထွန်းက ထပ်ပို့ တော့ “ ဟာ .ဒီအကောင်..ငါ..သယ်..”
ဟု သူ့ ကို ရွယ်လိုက်ရာ သူက “မြောက်ဂေါင်း” အရက် တစ်ခွက်ကို လက်ထဲ ထိုးထည့် လာပါသည်။
ဗိုလ်သန့် က ရုံးစာ တို့ ကို ခေါက်သိမ်းလိုက်ရင်း “ပတပ်ကြော်” ပန်းကန်ကို ကျွန်တော့် အား ကမ်းလာပါသည်။
“ဟေ့ ကောင်.. မိန်းမ ပါလာလို့  စည်းဖောက်ပြီး ပြန်ပြေးဘို့ မချောင်းနဲ့ နော်.. နက်ဖြန် ဥာဏ်ထွန်း မင်းအစား
ဆက်ဝင် ပေးလိမ့် မယ်၊ အေး..သူ့ ကိုတော့  ဒီည မင်းဂလန်၊ကဆန် မလုပ်နဲ့ ..”ဟုပြောသည်။ အမြီး ပန်းကန်
ကို လှန်းနှိုက်လိုက်မိပေမဲ့  ကျွတ်ပြီးရဲနေသော ပတပ်ကြော် အမည်းပန်းကန် ထဲမှာ နှုတ်ခမ်းတို့  ဆူနေမည့် 
မဟေသီ့  မျက်နှာလေးသာ မြင်မိပါသည်။ မြို ချ မိနေသော “မြောက်ခေါင်း ” ဦးရည် က ခါတိုင်းထက် ပို ပူပြီး
ခါးနေသလိုပါ။

“ပေ ဘယ်လောက်ရောက်သွားပြီလဲ ဆရာ...” ကျွန်တော်က ဗိုလ်သန့် ကိုမေးလိုက်ပါသည်။
“အင်း.. ဒီ ည ဆို ပေ လေးထောင် ကျော် နိုင်တယ် ” ဗူမိဗေဒ ဌာန မှ ကိုသောင်းစိန် က ဝင်ဖြေလာပါသည်။
“ ဒါဆို.. ဆယ့် သုံး လက်မ သုံးမူး ကေဇင်( တွင်း ကာဘာ ပိုက် ) ချတော့  မှာပေါ့ ...” ကျွန်တော်က သူ့ ကို ပြန်
ပြော လိုက်ပါသည်။ ထိုတွင်းကာဗာပိုက်များကို ပေ တိမ်မှစ၍ နက်လာသည့်  ပေ အတိုင်း လက်မသုံးဆယ်၊လက်
မနှစ်ဆယ်၊ ဆယ့် သုံးလက်မ သုံးမူး၊ ကိုးလက်မ ခြောက်မူး စ သည်ဖြင့် အဆင့် ဆင့်  တူးပြီး ချသွားရပါသည်။
ပိုက်လုံးကြီး တစ်လုံးနှင့် တစ်လုံး ဆက်တိုင်း COUPLIN ( အရစ်ဂေါင်း ) ကြီးများဖြင့်  လှည့် ကြပ် ၍ ဆက်ပြီး
ချရသော်လည်း ပေ နက်ဖြစ်ပြီး ဝိတ် နှင့် အလုံးပေါင်းများစွာ မြေကြီးထဲ ဆင်းသွားရသောကြောင့်  စိတ်ချရစေ
ရန် ကျွန်တော်တို့  WELDER (အရပ်အခေါ်..ဝယ်တာ ) တို့ က ထို အရစ်ဂေါင်းများ ကြပ်ပြီးတိုင်း ဂဟေ ထပ်
ဆော်ပေးနေရခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့  ရေနံ တူးစက် အမည်က National 55/5 တွင်းတူးစက်ပါ။
ပေနက်တူး စက်လတ် အမျိုးအစားဖြစ်ပါသည်။ ပေပေါင်း ခုနှစ်ထောင် အထိ တူးနိုင်ပါသည်။
ရှာဖွေရေး ဌာန မှ တူးရမည့်  နေရာ ကို သတ်မှတ်ထားခဲ့ သည့် နေရာ အရောက် ထိုတွင်းတူးစက်ကြီးကို ကုန်း
တတန်၊ရေတတန် ခရီး အဆင့် ဆင့်  တစ်စဆီဖြုတ်၍ အရောက်သယ်ရွှေ့ ရပါသည်။ဒီဇာယ် စက်ခေါင်းအရွယ်
CATARPILOR ဒီဇာယ် အင်ဂျင် ကြီး သုံးလုံးဖြင့်  တည်ဆောက်ထားပါသည်။ ရွှံ့  နှင့်  ရေ တို့ ကို ရောစပ်ဖျော်
ပြီး Pressure နှင့်  တွင်းထဲ ကို မှုတ်သွင်းဘို့  အတွက် အားကောင်းသော ပန့် ကြီး( Pump ) များကို မောင်းနှင်နိုင်
ရန်အတွက် တွင်းတူးစဉ်အောက်တွင် နောက်ထပ် CATARPILOR အင်ဂျင် ကြီးများလဲ ရှိနေပါသေးသည်။
တွင်းတူးစဉ်နှင့်  နောက်တန်း ဝန်ထမ်းလိုင်း သုံးရန် အတွက် မီးစက် ကြီးလဲရှိနေပါသေးသည်။ ထို အင်ဂျင်စက်
ကြီးများ နှစ်ဆယ့် လေးနာရီ လည်ပတ်နိုင်ရန်အတွက် စက်သုံးဆီ ဂါလံ ပေါင်းများစွာကို အစမ်းတွင်းရှိရာ ဒေသ
အရောက် ကုန်းတတန်၊ရေတတန် ဖြင့်  ဆီ တန်ကာ စီဘီ တွဲများ၊ ဆီ ဗောက်ဆာ များဖြင့် အဆင့် ဆင့်  အဆက်
မပြတ်ပေးပို့ နေ၇သောကြောင့်  ကျွန်တော်တို့  ရေနံ အစမ်းတွင်း တစ်ခု ထောင်ပြီ ဆိုသည်နှင့်  နိုင်ငံတော်မှ
အရင်ဦးဆုံး ငွေ သိန်းပေါင်းများစွာ အကုန်ကျခံ မတည် ရပါတော့ သည်။

စကားတို့  ကောင်းနေတုံး အဝေးရှိ မြူတို့ ဖြင့်  မှောင်နေသော တောအုပ်ထဲမှ လက်ကနဲ သော ကားမီးရောင်နှင့် 
အတူ သီချင်းအော်ဆိုလာသံ၊ ဆူညံသောစကား ပြောသံ တို့ ကိုပါ ကြားလာ၇ပါသည်။ ည ဆိုင်း (Neight shieft)
ထွက်လာခြင်းဖြစ်ပါသည်။ ည ဆယ့် တစ်နာရီ ထိုးသွားပါပြီ။
ကျွန်တော်တို့  တွင်းတူး အဖွဲ့ တွင် အင်ဂျင်နီယာ၊ မော်တော်ယာဉ်၊ ဗူမိ၊ ဓါတု၊လျှပ်စစ်၊ ရေဒီယိုတယ်လီဖုန်း၊
တွင်းတူး၊ စသည်ဖြင့်  သူ့ ဌာနနှင့် သူ ရှစ်နာရီ ဆိုင်း သုံးဆိုင်းဖြင့်  လှည့် ပတ်နေတတ်သော်လည်း ကျွန်တော်
တို့  အင်ဂျင်နီယာ ဌာန ရှိ ကျွန်တော် “ဝယ်တာ” တို့  ကတော့  အဆိုင်း မရှိပဲ နှစ်ဆယ့် လေးနာရီ စတန်းဘိုင်
ဖြစ်နေရပါသည်။ ဆိုလိုတာက Shieft car နှင့်  လိုက်သွားစရာ မလိုပဲ အလုပ်ပေါ်၍ စက်နှင့် လှန်းတက်လာမှ
ကားနှင့်  ထ ပြေးရသည့် အလုပ် ဖြစ်ပါသည်။ တူးနေသည့် နေရာနှင့်  ဝန်ထမ်း လိုင်းက နှစ်မိုင်ခန့်  ထပ်ဝေးပါ
သေးသည်။

ဗိုလ်သန့် က မယ်ဒလင်ကြိုးကို စ ညှိ နေပါသည်။
ကျွန်တော်သိလိုက်ပြီ၊ “ ဂျင်မလေး ဂျမ်း ” သီချင်း ကို သူ ဟဲ ပါတော့ မည်လို့ ။
ဥာဏ်ထွန်းက မြောက်ခေါင်း နောက်တစ်လုံးကို ဂေါင်းချိုး နေပါသည်။
ကျွန်တော်လည်း ကွပ်ပျစ် ပေါ် ရှိ ပြန့် ကျဲနေသော မြောက်ဂေါင်း ပုလင်းခွံများကို တောင်းကြီး တစ်လုံးထဲ စုထည့် 
လိုက်ပါသည်။ မြူတွေက ပိုမို သိပ်သည်း လာသလို ခံစားရပါသည်။ ရင်ထဲမှာပူလွန်းနေပေမဲ့  အပြင်ကတော့ 
အေးလာသလိုပါ။ လေ တစ်မျက် ဝှေ့ လိုက်တော့  စိမ့်  သွားသလို ဖြစ်လာ၍ စွန်ပျံ ဆေးလိပ် ကို ပါးစောင်တွင်
ကိုက်ပြီး မီးညှိ လိုက်ဖြစ်သည်။

ဆေးလိပ်မီးခိုးတို့ ကို ပိန်းပိန်းပိတ်လာသော မြူမှုံထု ထဲသို့  မှုတ်ထုပ်လိုက်ရင်း ဗိုလ်သန့်  ဟဲ နေသော “ဂျင်မ
လေးဂျန်း”သီချင်း ကို အလျှင် မီ အောင်လိုက်ခံစားနေမိပါသည်။ အင်း..ကိုမင်းနောင် ကြီးတစ်ယောက် သာ
သိရင် သူ့ ကို လာရောက်ပွေ့ ဖက်နူတ်ဆက်မိမှာ အသေချာ ဟုတွေးမိပါသည်။ သူ့  ထက်ကောင်းလို့ ပါ။
စိတ်ညစ်စရာလေ။

အဝေး ကို ငေး နေယင်းက မော်တော်ယာဉ် ဌာန ရှေ့ ကို ကြည့် မိသွားပါသည်။
သေတ္တာ ကြီးနှစ်လုံးပါ။ အလွန်ချမ်းနေသည့်  သေတ္တာကြီး နှစ်လုံးပါလို့ ။
ဟင်... ဒါဆို. . မဟေသီ.. ဟိုက်... တုန်နေတော့ မှာပါ။
ကျွန်တော် ဝါးကွပ်ပစ်ပေါ်မှ ကပြာ ဆင်းလိုက်မိတော့ သည်။
“ဟေ့ ရောင်..နောက် ဒဂွက်ရေ...” ဟု ဥာဏ်ထွန်း ပေးလာသော ခွက်ကိုတောင် မယူမိတော့ ပါ။
အင်း ..ငါ့  အခန်းက ဘယ်မှာပါလိမ့် .. ဆိုပြီး အရှိန်တို့ ညိမ်အောင် ထိန်းပြီး မဟေသီ ရှိနိုင်မည့်  ကုန်း ကလေး
ဆီသို့  သုပ်ခြေတင် လာခဲ့ မိတော့ ပါတော့ သည်။

ဟင်းမျိုး ဖြစ်သော လင်းကြက် ကြီးက ကျွန်တော့် ကို တွန် ပြီး အတောင်တဖြတ်ဖြတ်ရိုက်၍ နူတ်ဆက် လိုက်
ပါတော့ သည်..လို့ ။

..................................................................................................................................

( ဆက်ရန် )

9 comments:

သုဒြေ္န said...

တစ်ရပြီထင်တယ်

သုဒြေ္န said...

အဝေးကိုငေးနေရင်း ရွှေပြည်တော်အပြန်ခရီးလို ဝေးပြီးရင်းဝေးရပါပေါ့ လား မဟေသီရယ်လို့ သာ လွမ်းချင်းနဲ့ ဟဲလိုက်ချင်ပါတော့ တယ်

kiki said...

မြောက်ခေါင်းလေး မော့လိုက်
စွန်ပျံလေး ဖွာလိုက် နဲ့ 
အဲဒီညက ဗိုက်ကြော ဘယ်နှစ်ခါ အလိမ်ခံလိုက်ရသေး သလည်း ဗျိုး ...ဝယ်လ်တာ ကြီး ...
ခုထိဘာအလုပ်မှ လုပ်တာ မမြင်သေးဘူး ၊း))

thawzin said...

ဟေ့လူ.... ခေါင်းစဉ်မှာနေတာ ဆိုတော့ ပြောရမှာပဲနော်။ ခုနစ်(၇) ဖြစ်ရမှာ ရကောက်(ရ) ဖြစ်နေတယ်။ အရင်က က၊ ခ၊ ဂ၊ ဆိုပြီး အပိုင်းခွဲလာတာမဟုတ်တော့ (၇) ဖြစ်မှာပါနော်။
ငေးချက်ကတော့ မိန်းမကိုတောင် မေ့လိုက်သေးတယ်ပေါ့။ ဘာလဲ ဂျင်မလေး ဂျမ်း ဆိုတာက အရမ်းကောင်းလွန်းလို့ထင်ပါတယ်နော်

ခြေလှမ်းသစ် said...

ဇတ်ရှိန်ကတော့ ဆက်လေ တက်လေပဲဗျ

မြစ်ကျိုးအင်း said...

မိန်းမကိုမေ့ထားမယ်ဆိုတာ ယုံကြည်ပါတယ်ဗျာ
ကြာရွက်ပေါ်ရေမတင်တဲ့ စိတ်ကလေးနဲ့ဆိုတော့
မေ့ပေမပေါ့။
ဒီတခါတော့ ပလာယာနဲ့ ဗိုက်ခေါက်ဆွဲ ခံရမယ့် ကိန်းပါပဲ။
အတိုအလျှိုလေးတွေပါ ထည့်ရေးအုံးနော်

shwezinu said...

တော်သေးတာပေါ့ သတိပြန်ဝင်လာလို့

shwezinu said...

တော်သေးတာပေါ့ သတိပြန်ဝင်လာလို့

Anonymous said...

ဗူမိဗေဒမဟုတ်ပါ၊ဘူမိဗေဒလို့စာလုံးပေါင်းပါသည်