Sunday, December 20, 2009

ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၈ )

အမြဲတန်းပဲ သတိရနေပါသည်။
...................................................

အခန်းဝရောက်တော့  အခန်းထဲမှ မီးေ၇ာင်လေးကို ကြူထရံ ကြားမှ မြင်နေရပါသေးသည်။
တံခါးကို အသာလေးတွန်းကြည့် ရာ ပွင့် မလာပါ။ အထဲမှ ဂျက်ထိုး ထား၍ ဖြစ်ပါသည်။ မဟေသီ မအိပ်သေး
တာတော့  သေချာ သည်ဟု ယူဆ မိသောကြောင့်  သွားကိုစိ၊ လျှာကို အပေါ်သွားနောက် အသာလေးကပ်ပြီး
“ ချိ(စ).. ချိ(စ).. ” ဟု လှန်းခေါ်လိုက်မိပြီး ကြူ ထရံ ပေါက်များကြားမှ ကုတင်ပေါ်ကို လှန်းကြည့် လိုက်ရာ
မဟေသီ တစ်ယောက် တစ်ဆောင်းလေးကွေးပြီး အိပ်နေသလိုပါ။ ခေါင်းရင်းနားသွားပြီး ထရံကို ခပ်နာနာလေး
ပုတ်လိုက်တော့ မှ သူ လူးလွန့် လှုပ်ရှား လာပါတော့ သည်။ မျက်နှာတော့ မကောင်းပါ။

“ ဆောရီးပဲ.မိန်းမရေ.. ကိုယ်နောက်ကျသွားတယ်ကွာ..” သူ ဘာမှ ထပ်မပြောလာပဲ တံခါး ဂျက် ကိုလာဖွင့် ပါ
သည်။ တံခါး ဂျက်ဖွင့် ပေးပြီးပြီးခြင်းပဲ ကုတင်ပေါ် တစ်ဖက်လွှဲပြီးထိုင်နေပါတော့ သည်။ သူ့ မျက်နှာကို ကောင်း
စွာ မမြင်၇ပါ။
“ သိပ်အေးတာပဲကွာ.. ဆောင်လေး၊ဘာလေးတော့ ခြုံမှပေါ့ ..” ဟုပြောပြီး သူ့ ပုခုံးပေါ် မရဲ၊တရဲနှင့်  လက်လှန်း
တင်ဘို့  ကြိုးစားတော့  ကျွန်တော့် လက်ကို သူဖယ်ချလိုက်ပါသည်။ အော်... ဟုတ်ပေသားပဲ၊ သေတ္တာကြီး တွေ
တောင်မသယ်ရသေးပဲလေ။
“ ကဲပါကွာ.. ကိုယ်အခုပဲ စီစဉ် လိုက်ပါ့ မယ်၊ ကိုယ်တကယ်ပဲ..တောင်းပန်ပါတယ်နော်...” ဟု ပြောပြီး သူ့ ပုခုံး
လေးကို ဖွဖွနှင့်  သာသာလေး ပွတ်ပေးလိုက်မိတော့ မှ မဟေသီ့  ပုခုံးလေးနှစ်ဖက်တို့  ဖြည်းဖြည်းချင်း တသိမ့့် သိမ့် တုန်လာပြီး “တအိ..အိ..” နှင့်  ချုံးပွဲချ ၍ သူ ငို ပါလေတော့ သည်။
ကျွန်တော် သူ့ ကို ချက်ခြင်းပဲ ရင်ခွင်ထဲ ဆွဲသွင်း ထွေးပွေ့  နှစ်သိမ့် ထားလိုက်မိပါသည်။
ကျွန်တော့်  ရင်ခွင်တစ်ခုလုံး သူ့ မျက်ရည်နွေးနွေး တို့  စွန်းထင်း ရွှဲစို ကုန်ပါတော့ သည်။
ချစ်၍ ခေါ်လာသော မဟေသီ့ ကို မြောက်ဂေါင်း နှင့်  အရှိန်လွန် မိခဲ့ သောကြောင့်  ခဏတာ ၊တစ်ညတာ မျှ
မေ့ လျော့ မိခဲ့ သော ကျွန်တော့် ကို ကျွန်တော်လည်း ခွင့် မလွှတ်ချင်တော့ ပါ။
အပြင်မှ ပိတ်ပိတ်ပိန်းအောင် ကျဆင်းနေသော မြူ မှုံတို့ က ရေပေါက်ရေစက် များအဖြစ် ဓနိ အမိုး ပေါ်မှ
တဖြောက်ဖြောက် တပေါက်ပေါက် ခုန်ဆင်းလာနေသံ တို့ ကို ခပ်ဆိပ်ဆိပ်ပဲ ကြားလာရပါတော့ သည်။

သည်နေ့ တော့  မိုး အလွန် ကြီးပါသည်။
ရှစ်ခွင် လုံး အုံ့ မှိုင်း ၍ ဖွေးဖွေးလှုပ်နေအောင်ကို ရေသီး ရေပေါက်များဖြင့်  အညှိုး ကြီးစွာ ရွာသွန်းနေသည်မှာ
မနက်လေးနာရီ မှ၊ ရှစ်နာရီ ထိုးလာသည့် တိုင် မရပ်ချင်သေးပါ။
“ ကို ... ဒီလောက် မိုးကြီး နေတာ၊ ဘယ်သွားအုံးမလို့ လဲ..” မဟေသီက တောစီးဖိနပ် ဝတ်နေသော ကျွန်တော့ 
ကို လှန်းမေးလိုက်တာပါ။ ကျွန်တော်လည်း မိုးကာ အင်္ကျီ ကို လှန်းယူလိုက်ရင်း “ တွင်းမှာ အလုပ်ပေါ် လာလို့ 
သွားရအုံးမယ်ကွာ၊နေ့ ခင်း ထမင်းပို့ တဲ့  ကားနဲ့  မှ ပြန်လိုက်လာတော့ မယ်နော်.. ” ဟု သူ့ ကို ပြန် ပြောလိုက်
ပါသည်။

တွင်းတူးစဉ်ေ၇ာက်တော့  မိုးတို့ အရှိန်ရော့ စပြုပြီ။
ကားပေါ်မှ ဆင်းလိုက်သည်နှင့်  တောစီးဖိနပ်က ရွှံ့ တို့ နှင့် ကပ်နေတော့ သည်။
အတင်းရုန်း၍ လျှောက်ကြည့် ရာ ဖိနပ်က ရွှံ့ စေးတို့ နှင့်  ကပ်ပြီး ကျန်ခဲ့ တော့ သည်။ မိုးဖွဲ ထဲမှာပဲ ဖိနပ်ကို ပြန်
ဆွဲ ခွာကြည့် သည်။ တော်တော်နှင့်  မ၇သောကြောင့်  လက်လျှော့ ပြီး ကျန်တစ်ဖက်ပါ ချွတ်၍ တွင်းပေါ် ဒီတိုင်း
ပဲ တက်သွားလိုက်မိတော့ သည်။ တွင်းပေါ် တွင်တော့  တာပေါ်လင် မိုးကာစ များ ယာယီ မိုးထားပါသည်။
ဆယ့် သုံးလက်မ သုံးမူး လုံးပတ်ရှိ တွင်းကာဗာ ပိုက်များကို ဝယ်လ်ဒင်ဆော်ရန် ဖြစ်ပါသည်။
တွင်းပေါ် ရောက်မှ ရွှံ့ ခဲ တို့ ဖြင့်  စီးပိုင် လေးတစ်နေသော တောစီးဖိနပ်ကို ရေပရက်ရှာ ပိုက်နှင့်  ထိုးဆေးပြီး
ပြန်ဝတ်ရပါသည်။ မဝတ်ရင်လဲ ဓါတ်လိုက်တာ့ မည်လေ။

“ ဝယ်တာလေး.. ကျွန်တော် ဒီနေ့  ဟင်းစားတာဝန်ယူတယ်ဗျ ”
ကျွန်တော့် ရဲ့  လက်ထောက် အကူ ရေနံချောင်းသား ဝင်းမြိုင် က ပြောတာပါ။ မဟေသီ ကတော့  အားတုံ့  အား
နာဖြစ်နေရှာ ပါသည်။ “ မိန်းမရေ.. အားမနာ နဲ့ ကွ၊ ဒို့  ဒီမှာတော့  ဒီလိုပဲကွ ” ဟု သူ့ ကို ကျွန်တော်က ဝင်ပြော
ရပါသည်။ “ ဒီနေ့  မနက်ပဲ လယ် ငခူလေးတွေ လာရောင်းလို့  ဝယ်ထားတယ် ကိုဝင်းမြိုင် ” ဟု မဟေသီက
ဆန်ရွေးနေရင်းက လှန်းပြောလိုက်ပါသည်။ သူလှန်းလှန်း ပစ် ချ နေသော ဆန်ကွဲ နှင့်  စပါးလုံးများကို ခေါင်း
လေးတွေ တလှုပ်လှုပ်နှင့်  လာလာကောက်စားနေသော ခေါင်းရင်းခန်းရှိ အဘ သိန်းအေး၏ ကြက်အုပ်ကို
ဝင်းမြိုင် အကြည့် တို့ ရောက်သွား၍ ကျွန်တော်က သူ့ ကို လည်ချောင်းရှင်းသလိုနှင့် ချောင်း တစ်ချက် လှန်း
ဟတ်လိုက်ရပါသည်။ “ ဒါဆို.. ဝယ်တာလေး ညနေ ကျွန်တော်နဲ့  လိုက်ခဲ့ လေ ” ဟု ပြော ပြီး ဝင်းမြိုင် လှည့် 
ထွက် သွားပါသည်။ သူ့  နောက်ကြော ကိုကြည့် လိုက်တော့  ဒူး အထက် ထိ တက်ဝတ်ထားသော တို လွန်းသည့် 
ပုဆိုး ခါးကြား နောက်ထဲတွင် ထိုးထည့် ထားသည့်  လောက်လေးဂွ ကို ကျွန်တော် တို့  မြင်လိုက်ရပါသည်။
“ ကို .. မလုပ် နဲ့ နော်၊ အဲ့ ဒီ ကြက် ဆိုရင် ခိုင် မစား ချင်ဘူးနော်..”
“ မလုပ် ပါဘူးကွ ” ဟု သူ့ ကို ပြောရပါသည်။

ဝင်းမြိုင်က ရေနံချောင်းသားပါ။
စကားပြောတိုင်း “ အယ်.. အယ်..” ဟု စကား ထောက် ဖြင့်  ပြောလေ့ သည်။ ကျွန်တော်ကတော့  သူတို့  အရပ်
ဒေသ ဓလေ့  ဟု ထင်ပါသည်။ ဆံပင် နီကြောင်ကြေင်နှင့် အသားက မီးသွေး ငို နိုင်ပါသည်။ မဲသော ပါးနှစ်ဖက်
ပေါ် တွင် ဝါညစ်ညစ် ပါးကွက် နှစ်ခု က အမြဲ မပျက်တန်း ရှိ နေတတ်သည့်  သူ ပါ။ ကွမ်း ကလဲ ဘယ်အချိန်
ကြည့် ကြည့်  ပါးစပ် ကြီးတစ်ခုလုံး ရဲ ပတောင်း ခပ် နေအောင်ကို ပလုပ်ပလောင်း စားနေတတ်ပါသည်။
ရယ်စရာ ပေါက်ကရ စကား များလဲ မပြတ်တန်း ပြောနေတတ်သောကြာင့်  မဟေသီ နှင့်  အဖွဲ့ ကျနေတော့ 
သည်။

အောက်သူ ( မြစ်ဝကျွန်းပေါ်သူ ) မဟေသီ နှင့်  အထက် အညာ သား စစ်စစ် ဝင်းမြိုင် တို့  ပါးကွက် ကွက်တာခြင်း
တူကြပေမဲ့  သန့် ရှင်း လတ်ဆတ် လွန်းသော မဟေသီ့  ပါးကွက် လေးက ပို၍ နမ်းလို့ ကောင်းမည်ဟု ထင်ပါ
သည်။ သို့ မို့ ကြောင့် လဲ မဟေသီ့  ကို နမ်းတိုင်း ပြောခဲ့ သည့်  အကြိမ် အရေအတွက် ပြည့်  မှီ အောင်ကိုပဲ
မပျက်မကွက် နန်း မိနေခဲ့ ရပါသည်။

“ ကဲ.. ကိုဝယ်တာလေး.. အဲ့ ဒီမှာ ခဏ စောင့် နေ. အသံလုံးဝ မထွက်နဲ့ နော်..” ဟု ဝင်းမြိုင် ကပြောပြီး မြင့် သူ
တို့  အိမ်ဝိုင်း နား တိုးကပ်သွားပါသည်။ ပုဆိုး ခေါင်းမြီး ခြုံပြီး ကုန်းကုန်း ကုန်းကုန်းနှင့်  တိုးကပ်သွားတော့ မှောင်
မဲလွန်းသော သူ့ ဖင်ကို မကြည့် ပဲနှင့် ပဲ မြင်နေရပါတော့ သည်။ညကလဲ လ မိုက်သောညပါလေ။
မြင့် သူ က S.M.E ဦးသန့် ဇင်၏ အကူ လုပ်သား လေးပါ။ ဝင်းမြိုင် နှင့်  တစ်ရွာ ထဲသား ဖြစ်သည်။
အိမ်ထောင်သည်လိုင်း မရ သောကြောင့်  ကိုယ်ထူ ကိုယ်ထပဲ တောထဲမှ ရသည့်  မျောတိုင်၊ ဝါးကပ်၊ အင်ဖက်
အမိုး တို့ ဖြင့်  အိမ်ကလေး ဆောက်လုပ် နေထိုင် ကြခြင်း ဖြစ်ပါသည်။ သူ လို နေ့ စား ဝန်ထမ်း တွေ အတော်
များ သဖြင့်  ကျွန်တော်တို့  ရေနံ ဝင်း ထဲဝယ် ရွာတန်းရှည်လေး တစ်ခုဖြစ်နေပြီး လ္ဘက်ရည်ဆိုင်၊ စားသောက်
ဆိုင် အစုံဖြင့် အလွန်ကိုပဲ စည်ကားသည့်  နေရာလေး အသိုက်အမြုံ လေးတစ်ခုဖြစ်လို့ နေပါသည်။

မြင့် သူ တို့ အိမ်ထဲ ကျွန်တော် လှန်းကြည့် မိတော့ မြင့် သူ က သူ့  မိန်းမ ကို တက်နင်းပေးနေတာ တွေ့ ရပါသည်။
ဒီကောင်က အပြင်မှာတော့  လူတစ်ကာရှေ့ တွင် မိန်းမကို နားမခံ သာလောက်အောင်ကို အော်ဟစ်ဆူပူ ကြိမ်း
နိုင်ပြသလောက် အိမ်ထဲတွင်တော့  အတော့ ကို ငြိမ်ဝတ် ပိပြား နေတတ်ပါသည်။ မြင့် သူ ခြင်ထောင် ထောင်နေ
တာကို သူတို့ မီးဖိုဆောင်ထဲ ရောက်နေသော ခပ်မဲမဲ ဝင်းမြိုင် က ခေါင်းမြီး ခြုံ၍ စိတ်ရှည်စွာပဲ ကြူ ထရံ ပေါက်
များကြားမှ ချောင်းကြည့် နေပါသည်။ သူ့ ခေါင်းပေါ်မှ ထုပ်တန်းပေါ်မှာ အိပ်ငိုက် နေသော ဟင်းမျိုး ကြက် ကြီး
များရှိနေပါသည်။ သူတို့ လဲ တုတ်တုတ်မျှမလှုပ်၊ ဝင်းမြိုင် လဲ မလှုပ်ပါ။

ကျွန်တော်ကတော့  တဖြတ်ဖြတ် လှုပ်နေရပါသည်။
ခြေသလုံး တွေကို ခြင်တွေ ဝိုင်း တုပ်နေလို့ ပါ။
မြင့် သူ တို့  အိမ် မီးမှိတ် သွားပါပြီ။ တောင်းကုန်း ပေါ် ရှိ ကျွန်တော့်  အဆောင်လေးကို လှန်းကြည့် တော့ 
ကျွန်တော်တို့ အောက်ကို လှန်း ကြည့် နေသော မဟေသီ့  အရိပ်ကို တွေ့ ရပါတော့ သည်။ သူတွေ့ သွားသလား
မတွေ့ ဘူးလားတော့ မသိပါ။ တွေ့ ရင်တော့  သူ့ လောင်တော်မင် ကျွန်တော့် ကို လှန်းအော်မှာ အသေချာပါ။

“ လာ..လာ. ဝယ်တာလေး.. သွားကြမယ်” အသံကြောင့် လှည့် ကြည့် မိတော့  ပုဆိုးခြုံထဲမှ ပြုံးပြနေသော
ဝင်းမြိုင်ကို ဘွား ကနဲ တွေ့ လိုက်ရပါသည်။ “ ဟေ့ ရောင်.. ဘယ်..ဘယ်မှာလဲကွ ” ဟု သူ့ ကို မေးတော့ 
ခေါင်းမြီးခြုံထားသည့်  သူ့ ပုဆိုးကို လှပ်၍ သူ့ ဂျိုင်းအောက်ကို ခွာပြပါသည်။ လား လား ဇက်ကြိုးနေသော
ကြက်ကြီးပါလေ။ ဘယ်လောက်မှ မကြာလိုက်သလို၊ဘာသံမှလဲ မကြားလိုက်ရပါ။ လက် ရင် တာကိုပါ။
သူ့  အိမ်ကို ယူသွားပြီး အကုန်လုပ်ပြီးမှ ဝယ်တာ ကတော်လေး ကို လာပေးတော့ မယ်ဟု ပြောပြီး ရှေ့ က ကြို
လစ်သွားပါတော့ သည်။

ဘာပဲပဲ ပြောပြောလေ။ ဟို တုန်းက ထိုနေ့ က စားခဲ့ ရသော တောကြက်၊အိမ်ကြက် စစ်စစ် ဟင်းကလေးကို
ယနေ့ တိုင်ပဲ ကျွန်တော် မမေ့ နိုင်တော့ ပါလေ။ ပြန်တွေး ကြည့် မိတိုင်း ဝင်းမြိုင် ရှာပေး ၍ မဟေသီ ချက်ပေး
ခဲ့ သော အလွန်ပဲ ချိုလွန်းပြီး သင်းပြန့် မွှေးကြိုင်လွန်းသော တောကြက်သားဟင်း အရသာလေးကို တသသပဲ
ဖြစ်ဖြစ်နေတတ်သလို ထိုကြက်သား ဟင်းလေးကို ဟင်းအိုး မအေးခင် ဆေးလိုက်ရသည့်  အဖြစ်ရောက်အောင်
ဝိုင်း အား ပေးခဲ့ ကြသော တစ်ချိန်က ပြရည် ရေနံ အစမ်းတွင်းမှ S.M.E ဦးသန့် ဇင်နှင့်  အင်ဂျင်နီယာ တစ်ဖွဲ့ လုံး
ကို လည်း ယနေ့  အချိန်ရောက်သည် အထိ၊ သည် ပို့ (စ) လေးကို အဆုံး သတ်ပြီးချိန် အထိ သတိ တရ ဖြစ်နေရ
ပါကြောင်းဖြင့် .......။

........................................................................................................................................

( ပြီးသွားပါပြီ )

6 comments:

thawzin said...

ဖျောင်း... ရွှီး... ရွှီး...။
“ပြီးသွားပြီးကွ”
ကြက်နဲ့ကျမှပဲ အဆုံးသတ်သကိုးဗျနော်။
ကြက်သား။ အရမ်းကောင်းဗျာ။ တောကြက်တွေဆို ပိုလို့ကောင်း။ သူများတွေချက်တာပါ။ ဒီမှာတော့ ရေခဲ့ရိုက်ပေါ့။ ချက်နည်းကလဲ ဆီ၊ကြက်သွန်နဲ့သတ်။ ကြက်သားလှီး၊ ချိုမှုန့်၊ ဆားဖြူး၊ ပြီးရင် ရေအပြည့်ထည့်ပြီး၊ လုပ်စရာရှိတာလုပ်သော၊ဟင်းချက်နည်းဖြင့် စားလာတာ ၂နှစ်ကျော်ပြီးဗျို့။မဟေသီပါးလေး နမ်းတာပဲဗျ။ ယောက်ျားပါးကြီးနဲ့တော့ မယှဉ်နဲ့လေ။ သဲနဲ့ ဆေးသကြားကွာသလိုဖြစ်သွားမှာပေါ့။ မိန်းမတွေ အဲလိုမျိုး ကုတင်ပေါ်မှာ စိတ်ဆိုးတယ်ပေါ့။ ယုံပါဘူး အဲလိုလေးနဲ့ တစ်ညလုံး ဖြတ်ကျော်လာမယ်လို့။ ဟာသပါဗျာ။ ပို့စ်လေးကောင်းပါတယ်။ ရေနံလုပ်သားတွေရဲ့ ဘ၀ကို တစေ့တလောင်းဗဟုသုတမှတ်သားရတာပေါ့ဗျာ။ ကျေးဇူးတင်ပါတယ်။

shwezinu said...

ဖတ်လိုက်ရတာကောင်းလိုက်တာဗျာ ကြက်သားဟင်း လေးစားချင်တယ်

Unknown said...

အခုမှ လာဖတ်ရတယ်ဗျာ။ အပိုင်း(၆)အထိဖတ်လာပြီးမှ အွန်လိုင်းမတက်နိုင်တာ ၂ပတ်ရှိသွားလို့ အခုမှ လာတာ ဇာတ်သိမ်းသွားပြီကိုး။ အဆုံးသတ် တောကြက်သားဟင်းကတော့ လူတကာပြောစမတ်ဖြစ်ကျန်ခဲ့ပြီဗျာ။ဖအဆုံးသတ်မှ ဖတ်ရင်းနဲ့ သရေကျလာလို့ မေးအောက်မှာ ဖလားခံထားရတယ်။ =)

သုဒြေ္န said...

တောကြက်ဆီပြန်ချက်လေးစားချင်လာပြီ
ဒါ့ ကြောင့် အကို့ ကို ( အယ်သဲဆွဲ)ချစ်တာ စာဖတ်ပ၇ိတ်သတ်ကြီးခင်ဗျား အနှီ အဖြူလေးတွင် ( အယ်သဲဆွဲ) အချစ်ဇတ်လမ်းလေးကျန်ရှိနေသေးကြောင်း သတင်းကောင်းပါးလိုက်ပါသည် ဖတ်ချင်သူများ ကောမန့် များများပေး၍တောင်းဆိုနိုင်ပါသည် ခင်မင်မှုများစွာဖြင့်  သုဒြေ္န

မြစ်ကျိုးအင်း said...

သိမ်းတော့လည်း ဇွတ်ပါပဲလားဗျာ
ထပ်ဆက်ရင် ရသေးတယ်လို့ မြင်မိတာပဲ
ကြက်သားဟင်း လက်ရာတော့ အဖြူလေးက မဟေသီထက် ပိုကောင်းမယ် ထင်တယ်နော်

မြစ်ကျိုးအင်း said...

နောက်ဇတ်လမ်းလေးတွေ ဆက်လေဗျာ
ဘာညာလေးတွေ ၇ှိသေးတယ်ဆို ဟဲဟဲ