Monday, February 22, 2010

ကြယ်ကလေး

့သည် နှစ်ဦးမှာ အသစ်အထူး အဖြစ် အချစ်ဦး ..ဘာညာ..အရူး စသည် ဖြင့်  ခပ်ကြောင်ကြောင် တစ်ပုဒ်ကို
အရူးအမူး တင်ဖြစ်လိုက်ပြီးနောက် အပြင်ထွက် ခြေဆန့် ရန် ဝရန်တာလေးဘက် ထွက်ကြည့် မိတော့ 
မိုးစက်တို့ ကျတာ မရပ်သေးတာကို အရင်တွေ့  ရပါတော့ သည်။

သည်နှစ် နှစ်ကူးက နှာတွေ မွှန်လာအောင်၊ အရိုးထဲ စိမ့် .. လာအောင် ၊ ခြေဖျား လက်ဖျားတွေ ထားစရာ၊ ဝှက်
စရာ မရှိတော့ အောင် ၊ မေးစေ့  တို့  သွားတို့  စေ့ ပြီး တဟီးဟီး နှင့်  အလိုလို ကို ကြက်သီး ထ ထ လာအောင်
ကို အေးပါသည် ဆိုမှ ကိုရွှေမိုးက ဘယ်အညှိုး နှင့်  အတိုး ချပြီး ရွာနေသည် မသိပါ။

ညဦး က ခဏတော့  အိပ်ပျော်သွားသလို ဖြစ်သွားသော်လည်း ညလယ်ကျတော့  စောင်နှင့်  ထုပ်ထားမိသော
ခြေဖျားတို့  စိမ့် စိမ့်  လာသောကြောင့်  လန့် နိုးလာမိပါတော့ သည်။ နိုးနိုးခြင်း ကြား ရ လိုက်မိသည်က ရေ စို
ိုလွန်းနေသော ကတ္တရာ လမ်းပေါ် တစ်ချက်ချက် ဖြတ်ဖြတ် မောင်းသွားသော ကားမောင်းသွားသံ တစ်ချို့ 
ဖြစ်ပါသည်။

အိမ်မိုးပေါ် တစ်ဖျောက်ဖျောက် ကျနေသော မိုးစက်သံ တို့ က ဘုန်းကြီးကျောင်းက မနက်စောစော ထ ခေါက်
လေ့ ရှိသော တုန်းခေါက်သံ လို ဖြေးဖြေးလေးနှင့်  နှေးနေရာမှ ပိုပို စိပ်၍ မြန်လာပါတော့ သည်။ မိုးတို့  သဲလာ
ပြန်ပါပြီ လို့  ။

အိပ်ရာ တစ်ခုလုံး ကြေမွ နေအောင် မပျော်တော့ သော အိပ်ခြင်း တို့ ဖြင့်  အထပ်ထပ် အခါခါ ကြိုး စား နေမိရင်း
သူ့ ဖာသာ သူ ရွာ နေသော အပြင်က“ မိုး ” ကို အသားလွတ်ပဲ မုန်း တီး လာမိတော့ သည်။စောင်တွေ ၊ မွေ့ ယာ
တွေက အစိုပြန်ပြီး စိမ့်  နေပြန်ပါတော့ သည်။

ကိုကိုင်ဇာ၏ “ သည်မိုး... ကို ချစ် လိုက်တာ..လေ....” သီချင်း ရင်ထဲ မထင်မှတ်ပဲ ရောက် လာပေမဲ့  ကျွန်တော်
ကတော့ “သည် မိုး ” ကို သူ့  လို လိုက် မချစ် နိုင်တော့ ပါလေ။

ထုံးစံ အတိုင်း အခန်းဒေါင့်  ထဲက ကွန်ပြူ တာ လေးရှေ့ ပဲ ရောက်မိ ပြန်တော့  ကိုယ့် ပိတောက်လေးကိုပဲ
မရိုးနိုင် အောင်ကို ဦးစွာ ဖူး ဖြစ်ရင်း လက်က ဖေ့ (စ) ဘုတ် ပေါ် ရောက်ရပြန် ပါတော့ သည် လို့ ။

ကိုယ့်  ဆီ ဝင်လာသော လက်ဆောင်တွေ ကို အရင် လက်ခံရင်း ပြန်ပေးဘို့  လက်ဆောင်လေးတွေ စီထား
သည့်  အခန်းလေး ထဲ ဝင်ကြည့် မိပြန်တော့  လား..လား.. လိပ်ပြာလေး တစ်ကောင် ပါလို့ ၊ အပြာ ရောင်
လိပ်ပြာလေးပါ ၊ အသက်မဝင် သေးသည့်  ခပ်ပြားပြား ဝပ်နေ သော လိပ်ပြာလေး တစ်ကောင်ပါ။

သူ့ ကို ကြည့် ရင်း သနား သလို ဖြစ်လာ၍ မောက်(စ) လေးနှင့်  လှန်းကောက် ရင်း သူ့  အတွက် ပိုင်ရှင် ကို
အရင် ရှာ မိတော့ သည်။

မြင်လာမိသည်က လောက ကို အရှုံး မပေး ပဲ ၊ လောကဓံ ကို ကြံ့ ကြံ့  ခံ ရင်ဆိုင်နေ ဆဲဖြစ်သော အားလုံး
ထဲ မှာ တစ်ယောက် ထဲ ဖြစ်နေသော“ ကြယ် ” လေး တစ်ပွင့်  ကိုပါပဲ။လောကအလယ်ဆိုတာက အရောင်
အသွေးတွေ၊ အာရုံတွေ က မျိုးစုံ ဆန်ကျယ်နေလွန်းတတ်ပါသည်။

“ ကြယ်ကလေး” တဲ့  ။
ဟုတ်ပါသည်။ ကျွန်တော်က ဟိုး အမြင့် မှာ ပဲ စံ နေတတ်သည့်  ကြယ် ကလေးလိုပဲ သူ့ ကို ဖြစ်စေချင်လို့ 
တင်စား မိခြင်းဖြစ်ပါသည်။ ဝန်းကျင်က ဘယ်လိုပဲ အရောင်တွေ ဆိုးနေနေ ပြောင်းလဲချင်တိုင်း ပြောင်းလဲ သွား
နေ ပေမဲ့  သူကတော့  ဘယ်တော့ မှ လိုက်ပါ ပြောင်းလဲခြင်း မရှိခဲ့ ပါ။

ဦးညွတ်သွားခြင်း ၊ ယိမ်းယိုင်သွားခြင်း အလျင်း မရှိခဲ့ ပါ။
ကျွန်တော်ကတော့  အချိန်နှင့် အမျှပဲ ယောက်ယက်ခတ်နေအောင် တွန်းတိုက် ပြောင်းလဲ နေသည့်  ကြမ်းတန်း
လွန်းသော အတွေ့ တို့ ကြောင့်  ကိုယ့် မှာ ထိထိ ခိုက်ခိုက် ဖြစ်လာတိုင်း သူ့ ကို အမြဲ သတိပေး နှစ်သိမ့်  ရင်း
အားပေးခဲ့ ပေမဲ့  သူက ကျွန်တော့် ထက် သင်ဖြူး ခင်းထားသော ကန်ရေပြင်လိုပဲ အမြဲ ညိမ်သက်နေပါတော့ သည်။

ခေါင်းကလည်း အမာ လွန်နေပြန်ပါသည်။
ဘရိတ် မမိ တော့ သော သူ့  စက်ဘီး လေးကို ပြင်ပါတော့ ဗျာ.. ဟု ဆိုပြန်တော့ လည်း ခေါင်းသာ ညိတ် ခဲ့  ပြီး
ဘယ်တော့ မှ သူ မပြင်ခဲ့ ပါ။ သူလာတိုင်း မမှီချင်သော ခြေနှစ်ဖက်ဖြင့်  လမ်းကို လျှပ်တိုက်ပြီး သူ့ စက်ဘီးကို
အရှိန် သတ် သတ် နေပြန်တော့ သည်။ တစ်ခါတစ်လေ ကျွန်တော့်  စီ ဦးတည် လာနေ တာတောင် သူ့ “ ဘီး ”
လေးက အရှိန် မသေ ချင်လို့  သူ့  ဟန်တယ်လ် လေးကို စီး ဖမ်းပေးရတော့ လည်း သူက ကျွန်တော့် ကို မော့ 
ကြည့် ပြီး ရယ် ရယ် နေတတ်ပြန်ပါသည်။

မျက်မှန်ကလည်း ပုလင်းဖင်လောက် ထူနေတာတောင် လက်တော့  ကွန်ပြူ တာလေးကို ခေါင်းအုံးဘေးနား
ယူ၍ အိပ်ပျော်သွား သည် အထိ သူ နေ့ စဉ်ပဲ သုံးနေတတ်ပါသည်။ စောစော အိပ်ပါဗျာ.. ဟု ပြောမိတိုင်း
ကျွန်တော့်  စကားကို မိတ္တူ ဆွဲ၍ ကျွန်တော့် ကို ပြန် ပြန် ပြော နေတတ်ပါသည်။ အပေါ်ယံ မျက်ကြည်လွှာ
ပျက် ခါနီး လို့  ဆေးစား ရသည် အထိ ခေါင်းမာစွာ ကွန်ပြူတာကို သုံးစွဲ နေ တာကြောင့် လဲ သူ မသုံး နိုင် အောင်
ဘယ်တော့ မှ မီးမမှန် တော့  မည့်  မြန်မာ ပြည် ကို ပြန်ပါတော့ လား.. ဟု ချော့ ပြော တော့ လည်း ခေါင်း ခါ
ပြ ပါသည်။ သူ့  ဘေးမှ လူ တွေသာ တစ်ယောက်ပြီး တစ်ယောက် ပြည်တော် ကိုပြန် ကုန်ကြ ပါသည်။
သူကတော့  ဘရိတ် မမိသည့် စက်ဘီး လေးကို မမြင် မကန်း နှင့်  စီး လို့ ကောင်းနေတုံး ပါ။

မောင်နှမ ခြောက်ယောက် ရှိသော မိသားစု ကို ရှာဖွေ ကြွေး မွေး နေသည် ဟု သိရသည်။ သူက အကြီးဆုံးတဲ့ ။
သူ့  ညီအကို မောင်နှမ တွေက တစ်ချို့  လုပ်ငန်းခွင် ဝင်ကုန် ကြပြီး တစ်ချို့  လည်း အိမ်ထောင် တွေ ကွဲ ကုန်
ကြ ပါပြီ။ သူ့  အထောက်အပန့်  ကို မှီ နေ တာ ဆို၍ သူ့  မိဘ နှစ်ပါး သာ ရှိတော့ သည်။ မိဘ တွေက လည်း
တစ်ဦး ထဲ ကျန်နေသော သမီး အလိမ္မာ လေးကို အပြီး ပြန်လာရန် ခေါ် ပါသော်လည်း နှစ် နှစ် တစ်ခေါက်
လောက်သာ ပြန် ပါသည် တဲ့ ။

သူ နှင့် ကျွန်တော်က ဆောက်လုပ်ရေး လုပ်ငန်း ခွင်တစ်ခု တွင် တွေ့  ခဲ့  ကြပါသည်။
အထပ်မြင့် သော ဆောက်လုပ်ရေး လုပ်ငန်း ခွင် များ ဖြစ်သောကြောင့်  လဲ တစ်ထပ်ပြီး တစ်ထပ် မြင့် တက်လာ
နေသော အဆောက် အဦ ကြီး အတိုင်း အပြင်ဘက် နံရံ တွင် ယာယီ တွဲ တက်လိုက်လာသော လုပ်ငန်းခွင်သုံး
ဓါတ်လှေကား ကြီး တစ်ခု တော့  ရှိတတ်ပါသည်။

တနေ့  အလုပ် ဝင်ချိန် နဲနဲ နောက်ကျ သွားသောကြောင့်  ဓါတ်လှေကား အမှီ အတင်းပြေးဝင် လာ ခဲ့ ရပါသည်။
ဓါတ်လှေကား က လူ အပြည့်  တံခါး ချ ပြီး တက် တော့  မည့်  ဆဲဆဲ ဖြစ်နေ သော ကြောင့်  အသံကုန်ဟစ်၍
“ ခဏ လေး စောင့် ပါ အုံး ” ဟု တရုပ် လိုပဲ အော် လိုက်ရပါသည်။ ဘယ်လိုပဲ ပီ အောင် တူ အောင် အော် အော်
မပီ ပဲ မတူ သော အသံ ကြောင့်  မဖြူ ပဲ မဲ သည့်  ကျွန်တော့်  ကို ဝိုင်း ကြည့်  ကုန်ပါတော့ သည်။

လူ အပြည့်  တန်းစီ ရပ်နေသောကြောင့်  တံခါး မတင် ဖို့  တောင် ခပ်ခက်ခက် ဖြစ်နေ စဉ် မှာပဲ လူ အုပ်ကြီး
နောက်မှ “ လာလာ မြန်မြန်၊မြန်မြန် လမ်း နဲနဲ ဖယ် ပေးပါ ” ဟူ သော မိန်းခလေး တစ်ယောက် အသံ ထွက် ပေါ်
လာသောကြောင့်  ညပ်နေ သော လူအုပ်ကြီးက ကိုယ် တွေ အသီးသီး ရုပ်ပြီး ကျွန်တော့်  တစ်ကိုယ်စာ ဖယ်ပေး
ကြ ပါတော့ သည်။

အသံ ကြား ရသော်လည်း လူ ကား မမြင်ရ။ သူ့  လေသံ က ကျွန်တော် နှင့်  အတော် တူ သလို ထင်ရပါသည်။
တစ်ထပ် ပြီးတစ်ထပ် လူတွေ အသီးသီး ဆင်း သွားကြ တော့ မှ ဆင်းမသွားသည့်  ဘေးက လူ ကို ငဲ့ ကြည့် မိ
တော့ .. ခုနက အသံ ရှင် “ သူ ” ပါပဲလို့  ။ ဘာကြောင့်  မမြင်ပါသလဲ ဆိုတော့  “ ပု ” နေလို့ ပါ။ ပု ချက် က တော့ 
ကျွန်တော့်  ရင်ဂေါင်း လောက် ပင် ရှိ နေလို့ ပါပဲ။ ဒါ ကြောင့်  လူအုပ် ထဲ ပျောက်နေ ခြင်း ဖြစ်ပါသည်။

ဓါတ် လှေကား ကို သူ မောင်း ခြင်းဖြစ်ပါသည်။
“ ဒီနေ့  မှ အလုပ် တက်တာလား ” ဟု တရုပ်လို ပဲ ဆက် မေးဖြစ်တော့  ပြုံး၍ ဗမာလို ကျွန်တော့်  ကို ပြန် ပြော
ပါတော့ သည်။ “ အင်း ” တဲ့ ..။ တစ်လုံး ထဲပါ။ အဲ့ ဒီ “ အင်း ” က တရုပ် စကား မှာ မရှိပါ။ သေချာ တာက
ကျွန်တော့် လို“ ရွှေ ” လို့  ခေါ် သော ဗမာ မိန်းခလေး တစ်ယောက် ဖြစ်နေခြင်း ဖြစ် ပါသည်။ ယူနီ ဖောင်းနှင့် 
မေးသိုင်း ကြိုး တင်းသော ခမောက် နှင့် ပါ ဆိုတော့  မျက်မှန် တဝင်းဝင်း နှင့် သူ့  ကို ရုတ်တရက် ပုံ ဖမ်းမရပေ
မဲ့  သူကတော့  ကျွန်တော့် ကို မြန်မာ မှန်း ကြား မကောင်း အောင် စ အော် ကတဲက သိခဲ့ ပါသည် တဲ့ ။

သည်မှာ နေလာတာလဲ ဆယ်နှစ်လောက် ရှိပြီ ဟု သိရပြန် ပါသည်။ သည်လိုနဲ့ ပဲ အဲ့  ဒီ လုပ်ငန်းခွင် မှာ ခြောက်
လ လောက် နေ့ စဉ် တွေ့ တွေ့ လာ ရတော့ အမတန် မှ မျက်နှာပြောင်ပြီး အစ သန်လွန်းသည့်  ကျွန်တော် နှင့် 
အတော် ပဲ ရင်း နှီး ခင်မင် လာခဲ့ ကြ ရပါသည်။ တစ် ဆိုက် လုံးရှိ ဖြူ သော တရုပ် အားလုံး တို့ ကလည်း အလွန်
မဲ သော ကျွန်တော်တို့  ပုရှည် နှစ်ယောက် ကို မောင်နှ မ လိုပဲ သိ လာ ကြပါတော့ သည်။

အငွေ့ တစ်ထောင်း ထ နေသော ကော်ဖီ တစ်ခွက် ကို တစ်ရှိုက်မက်မက်ဖြင့်  တဖူးဖူး မှုပ်သောက် နေသော
ကြောင့်  ပုလင်းဖင်လောက် ထူ သော မျက်မှန် ဝိုင်းဝိုင်း ကြီးနှစ်ဖက်တွင် အငွေ့  အခိုး တို့  ရိုက်၍ ပိတ်ပိတ် ပိန်း
အောင် ဖွေး သွားသောကြောင့်  ပြူး သော သူ့ မျက်လုံး နှစ်ဖက် ကို တောင် မမြင်ရတော့ ပါ။ ဂါဝန်ကြီး တဖါးဖါး
ကြက်ဆံမြီးနှစ်ဖက်က တကားကား နှင့်  ဆိုတော့ လည်း ကျွန်တော် ၁၀တန်း ကျောင်းသား ဘဝ က သင်ခဲ့  ဘူး
သော ရေသည် ပြဇာတ် ထဲက စိတ်ပျက်အောင်လှပါတဲ့ “ မရေသည်” ကို ပြန်လည် မြင်ရောင် လာမိပါတော့ သည်။

“မရေသည် ” ဆို၍ လည်း လွှတ်ခနဲ အထင်တော် တို့  မသေးလိုက် စေချင်ပါလေ။
သည်မှာ နေခဲ့ သော ရှည်ကြာ ညောင်း လှသည့်  ကာလ တလျောက် သူ့ ကို တန်းတန်းစွဲ ချစ်ခဲ့  တွယ်တာ ခဲ့ ဘူး
သူ ၊ သူက တစ်ခါ တရံ ပြန်လည် ရောင်ရန်း ၍ စိတ်ဝင် စားခဲ့ ဘူးသူ တစ်ယောက်နှင့်  ဆိုပါက ဆယ်ဂဏန်း နား
လောက် တောင် ရှိခဲ့ ပါပြီ တဲ့ ။ အားလုံးကို သူ့ ဖာသူ အလို မကျ၍ ခါ ချ ခဲ့ သည်ကြီးဖြစ်ပါသည်။

ကျွန်တော်တို့  နေထိုင်ရာ သည် တိုင်ဝမ်ကျွန်း ကြီးက ကျွန်တော်တို့  အားလုံးကို ယိမ်းယိုင် ပျော့ ခွေ သွားအောင်
တွေဝေ ငေးငိုင် သွားအောင် လွမ်း တတ်သူတို့  ကြွေ ကျသွားအောင်၊ ဆွေး တတ်သူ တို့  မြေ့ မြေ့  သွားအောင်
အလွန် ဖမ်းစား တတ်ပေမဲ့  အဖမ်းစား ခံ ရသူ တွေ ထဲ မှာ ကျွန်တော့် “ မရေသည်” တစ်ယောက် မပါခဲ့ ပါလေ။

မိုးကြီးပြီး စိမ့် သော အေးသော ရာသီ ရောက်တိုင်း နှာစေး ချောင်း ဆိုး တတ်သော အာရုံကြော အားနည်းလွန်း
ပြီး ခြေ နှစ်ဖက် တို့ မခိုင် လွန်းသော ကြောင့်  ငလျင် အကြီး အကျယ် လှုပ် တိုင်း ကျွန်တော် ဦးစွာ မေး မိ ရသည်
က လည်း သူ ပါ ပဲ။


နောက်ဆုံး ထွက်သက် အထိ အရွယ် သုံးပါးစလုံး အတွက် အလုပ် အကိုင် ရှာဖွေ လို့ ရသော မြေ ဖြစ်ပေမဲ့ လည်း
အိမ် ကထွက် လာကြ သူတွေကြီးပဲဖြစ်သဖြင့် အချိန်တန် တော့ လည်း အိမ် ကို ပြန်ကြ ရစမြဲ ဖြစ်ပါ၏ထို့ ကြောင့် 
သူ့  နားက သူ့ ကို ချစ်သူ မုန်းသူ တွေ အားလုံး မကြာခင် ပြောင်းလဲ လာတော့ မည့်  ဒီမိုကရေစီ ရွှေ ပြည်တော်
ကြီးကို တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြ ပေမဲ့ “ သူ ” တစ်ယောက်က တော့ ဖြင့် ဘရိတ်မမိ သေး
သည့်  စက်ဘီး တစ်စီးနှင့် ပဲ အေးလွန်း ပြီး ရာသီ ကြမ်း၍ အပြောင်းအလဲ မြန် ကာ ငလျင် ခဏ ခဏ လှုပ် တတ်
သည့်  သည်မြေ မှာ နေ့ စဉ် နေ့ တိုင်း အလုပ် တက် လို့  ကောင်း နေတုံးပါလေ။ ညီမ လို တွယ်တာ ရသူ ဖြစ်
သော ကြောင့်  လဲ မတည့်  တာ မတော် တာများ ကို အခါခါ ပြော နေမိ ပေမဲ့  တစ်ခု မှ လိုက်လုပ် တာမရှိခဲ့ ပါ။


ဘာတစ်ခုမှ ပြောတာ သူ နား မထောင်ခဲ့ ပေမဲ့  သူ နားထောင်ခဲ့ တာကတော့  စိတ် တို့ လေချင်တိုင်း
ထွက်ပေါက် တစ်ခု ကို ရှာချင်လာတိုင်း ရင်မှာ မွန်းကျပ်လာတိုင်း အရေးပေါ် သုံးလို့ ရသည့်  “ရှု နေတာ လေးကို
ပဲ သိသိ ပေး နေတတ်သည့်  လေ့ ကျင့် ခဏ်း ” ကလေး ပဲ ဖြစ်ပါသည်။ တွေ့ တိုင်း ပြောဖြစ် ပေမဲ့  လုပ်ဖြစ်
နေတာသူ၊ မလုပ် ဖြစ်နေတာက ကျွန်တော်ပါလေ။ အပြင်မှ ထိုးထိုး ဝင် လာနေတတ် သည့်  အာရုံ အမျိုးမျိုး
တို့ ကို အလွန် အကျွံ မဖြစ် စေ ပဲ ဖြတ်တောက် ထား နိုင်သည့်  ကျင့် စဉ် လေး ပဲဖြစ်ပါသည်။

သို့ မို့ ကြောင့်  ကျွန်တော့် မှာ ဒူးမခိုင် သည့် သူ့ လောက် မတောင့် နိုင်ပဲ အကြိမ်ကြိမ် လဲပြို ယိမ်းယိုင်ခဲ့  ရပါ၏
ကျွန်း ကြီး ၏ ဖမ်းစား မှု ကို ခံ ခဲ့  ရပါ၏ ရည်မှန်းချက် တို့  မှေးမှိန် ပျောက်ကွယ်ခဲ့ ရပါ၏ လျှောက်သော လမ်းက
စမ်းတဝါးဝါး ဖြစ်နေခဲ့ ရပါ၏ လို့ ..။

ဒါကြောင့် လည်း ချစ်ခင် လေးစား ရလွန်း အားကြီး သော သူ့  ကို ဟိုး အမြင့်  မှာပဲ စံ နေတတ်ပြီး အရာရာ ကို
အပေါ် စီးမှ ပင် ကြည့် တတ် မြင် မြင်နေတတ်သည့်  “ ကြယ်” ကလေးတွေ ထဲက“ ကြယ်” ကလေးတစ်ပွင့် 
အဖြစ်ပဲ တင် စားချင်ခဲ့ ပါသည်။

မိုးကောင်းလွန်းသည့်  သည် နှစ်ကူးမှာ အသစ်အထူး၊ အဖြစ် ထူး တို့ ဖြစ်မလာ ပဲ ဗွက် တို့  လူး နေ အောင် ဝင်
ကစား နေမိခဲ့ သော ဖေ့ (စ) ဘုတ် ထဲက လက်ဆောင် လိပ်ပြာ လေးကို အမြင့် မှာပဲ စံ နေတတ်သည့်  “ကြယ်”
ကလေး ဆီသို့  လွှတ်တင် နိုင်ရန် မော့ (စ) လေးနှင့်  ကောက် ယူ မိ ပါတော့ သည် ... လို့ ။

....................................................................................................................................................

( နိုင်ငံ ရပ်ခြား တွင် အကြောင်း အမျိုးမျိုးကြောင့်  မွေးရပ်မြေ ကို စွန့် ခွာ ၍ မိသားစု တို့ နှင့်  ကဆင့် ကလျား
ကွဲ ကွာရင်း ရှာဖွေ လုပ်ကိုင် နေရ သော ကမ္ဘာ အရပ်ရပ် က မောင်နှမ များ အားလုံး အတွက် ပေး ချင်တာလေး
တစ်ခုကို တစ်ခြားသော စိတ်ကူးယဉ် အကြောင်းအရာ များဖြင့်  တန်ဆာ ဆင် ရေးဖွဲ့ မိပါသည်။ )

13 comments:

မြတ်မွန် said...

ဟေးးးးးး၁ကွ...

Flower said...

ရိုးရှင်းပြီး ဘာမှ စိတ်ဝင်စားစရာမရှိသူ
တစ်ယောက်အကြောင်းကို
စိတ်ဝင်စားဖွယ်ဖြစ်လာအောင် အရေးအသားလေးတွေနဲ့ ဆွဲခေါ်ယူသွားခဲ့ပါတယ်..
ကြယ်လေးတစ်ပွင့်နဲ့ ခိုင်းနှိုင်းထားတာလေးကလည်း
စိတ်ကူးကောင်းလေးပါ.
နိုင်ငံခြားရောက် မြန်မာလူမျိုးတွေရဲ့
စိတ်ဒုက္ခကိုလည်း ထပ်တူထပ်မျှ ကိုယ်ချင်းစာ၊ ခံစားမိအောင် မျက်စိထဲ မြင်ယောင်လာမိအောင် ရေးဖွဲ့ထားနိုင်ပါတယ်..
ခြုံပြီးပြောရရင် တော်တော်ကောင်းပါတယ်..
၂ခေါက်လောက်တော့ ဖတ်ဖြစ်သွားပါတယ်...

kiki said...

ဖေ့စ်ဘုတ် ထဲက လက်ဆောင်တွေ အများကြီးရှိနေတာ ဘာလို့  လိပ်ပြာလေးကိုမှ ရွေးပြီး ကြယ်ကလေးဆီ ပို့ နေတာလည်းလို့  စဉ်းစားနေတာ ..
ကြယ်ကလေး ဆိုတော့ ဘယ်သူများဘာတွေဖြစ်ပြန်ပြီလည်း လို့  စိတ်ပူသွားသေးတယ် ။
ဪ.. နောက်မှ တစုံတယောက် ကိုး...
ထိုင်ဝမ်ရာသီ နဲ့ ထိုင်ဝမ်လူတွေ တူတူပဲလေ.. အပြောင်းအလဲ မြန်ကြတယ် ။။ ကိုယ်တို့  ရွှေတွေ နဲ့တော့ ဘယ်တူပါ့ မလည်း နော့် ။

အချိန်တန်တော့လည်း အိမ်ပြန်ကြမှာပါပဲ..
မပြန်ခင်ကတော့ ပြန်ချင်လိုက်သမှ တပိုင်းသေ လို့ရယ်။
ဟို ပြန်ရောက်တော့မှ သာ ဘာလုပ်ရမယ် မသိတာ။ (ရေးချင်ရာရေးသွားတယ် .. စိတ်လေ နေလို့ ... )
နှစ်သစ်မှာ အလုပ် အဆင်ပြေပါစေ....

SHWE ZIN U said...

ကို အဖြူလေးရေ

စာလာဖတ်သွားတယ်.. ကြယ်ကလေး ကို ဂုဏ်ယူစွာ နဲ့ ယူဆောင်ပြီးပြန်သွားပါပြီ

တော်ပါတယ် ကိုအဖြူလေးရေ

ပေါ့ဆိမ့် said...

ဖတ်လို့ကောင်းကောင်းနဲ့ ဖတ်လာလိုက်တာ မော့ (စ) လေးနှင့်  ကောက် ယူ မိ ပါတော့ သည် ဆိုမှ ပြီးပါပြီ မှန်းသိလိုက်ရတယ်။ စိတ်ဝင်စားအောင် ဆွဲခေါ်သွားလိုက်ပုံများ...
အရေးအသားလေးများ လေ့လာသွားပါကြောင်း...
ခင်မင်လျှက်

အနော် said...

အိမ်ပြန်ချင်တဲ့စိတ်တော့ ကြယ်ကလေးမှာလဲ ရှိမှာပါ အကိုရာ
အိမ် ဆိုတဲ့ စကားလုံးလေးကို မြင်လိုက်ရရင်တောင် ရင်ထဲမှာ ပြန်ရမယ်ဆိုတဲ့အသိနဲ့တင် လွမ်းမိတယ်
မပြန်နိုင်တော့တဲ့ ပြန်ခွင့်မရတော့တဲ့ ပြန်ရမယ့်အသိုက်မရှိတော့တဲ့ အသိုက်ရှိပေမဲ့ ပြန်ခွင့်ဆိုတာ ဝေးသွားပီဖြစ်တဲ့ လူတွေအတွက် အိမ်ကိုပြန်နိုင်ခွင့်ရှိတဲ့လူတွေဆီက အိမ်ရဲ့ အနံ့ အရသာ အလွမ်းတွေကို ဖဲ့ပီး ဝေမျှခံစားချင်နေမိတယ်
အကို စာရေးတာ အရမ်းကောင်းလာတယ်
အနော်တော့ စာရေးဖို့ မုဒ်မဝင်တာအရမ်းကြာနေပီ
ဟိုနေ့ကတင် အကိုမြစ်ကျိုး ဆူသွားသေးတယ် :(

လင်းကြယ်ဖြူ said...

ဟုတ်တယ်ဗျာ
ပျော်ရာမှာမနေရ
တော်ရာမှာ နေရသမို့...
တစ်ခါတစ်လေတော့ လည်း အသပြာနောက်မှာ
ရင်ဘတ်ဟောင်းလောင်းနဲ့ ပေါ့....
စာရေးအားကောင်းတယ်နော..ဆက်လက်အောင်မြင်လို့
ပျော်ပါစေ
*.*.*

~ဏီလင်းညို~ said...

အဖြူလေးရေ...
ရေးထားတာလေး..ဖတ်လို့ကောင်းတယ်...။
ကောင်မလေးပုံကိုလည်း မျက်စိထဲမှာ မြင်ယောင်လာမိတယ်....။
အားပေးနေတယ်ဗျိုးးးးး
ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ကြယ်ကလေးတဲ့လား...
ကောင်းကင်မှာ အမြဲစံစား ၀င့်ဝါစေချင်တယ်တဲ့လား...

ဆန္ဒတွေ ပြည့်ဝပါစေဗျာ...

thawzin said...

ဟီးဟီး.... လာအားပေးတယ်အကိုရေ... အမြဲတမ်းတော့ မလာနိုင်ဘူးနော်။ ဘလော့မရေးပေမယ့် မိမိဂျီမေးလ်က အကိုတွေရေးတာကိုလာဖတ်နိုင်အောင်ကြိုးစားပါ့မယ်။ လာချင်အောင်တော့ ရေးပေါ့နော်။ အမှန်တိုင်းပြောရရင်နားလည်ဘူးဗျ။ မျက်မှန်တပ်တယ်ဆိုတော့ ဒီကအကိုကြီးလဲ မှန်ကြီးနဲ့မဟုတ်လား။ အဖြူတွေထဲမှာ အဖြူလေးလို့ အမည်ရကိုကိုမဲလေးတော့ ကြွားကြွားရွားရွားကြီးဖြစ်နေမှာပဲနော်။ ဒီလိုပါပဲဗျာ။ ပျော်မနေတော်နေ
ပျော်ရွာစွန့်တော်ရွာလွင့်
ဘ၀တွေမှာ
ဆုံပြီးကြုံကွဲ မဖြစ်ချင်လဲဖြစ်နေရအုံးမှာပဲဗျာ။
ပျော်ရွှင်ပါစေ ကိုဖြူလေးရေ...
သူများတွေနှစ်သစ်မှာဆုတောင်းပေးခဲ့သလိုပဲ
နှစ်သစ်မှာ အတွေးသစ်တို့နဲ့ ပျော်ရွှင်နိုင်ပါစေ

ရွှေ ယွန်း ဝါ said...

အဟမ်း
ခုတစ်လော ညပိုင်းအွန်လိုင်းမှာ ဇီးကွက်လုပ်နေတာ ဒီကြယ်ကလေးကြောင့်လား?

မြစ်ကျိုးအင်း said...

အလုပ်ပြောင်းလာခဲ့တော့မယ်
ဓါတ်လှေကား လာစီးချင်လို့း)

kaungkinpyar said...

ကြယ်လေးတွေကို အမြဲ လင်းလက်စေချင်ပါတယ်...