Monday, April 5, 2010

“ ကြိုး ” ကလေး ဖြစ်ခဲ့  ရသော “ ပိုး” ကလေး

“ ပိုး ” ဖြစ်ခဲ့ သော “ ကြိုး ” ကို ရေး တင် ပြီး နောက်ပိုင်း ရာသီ ရုတ်တရက် ပြောင်းသွား ခဲ့ ပါသည်။
ကောင်းကင်တစ်ခွင် ရှင်းလင်း၍ နေရောင်စပ်စပ်နှင့်  ပူလောင်လောင် အိုက်စပ်စပ် မှ ရုတ်ချဉ်း မိုးတိမ်တို့ 
အုံ့ မှိုင်း၍ ဝန်းကျင် တစ်ခုလုံး စိုထိုင်းပြီး အေးစပ်စပ် ဖြစ်လာပါတော့ သည်။

ရာသီက မပွင့် လင်းလာသောကြောင့်  ပွင့် လင်းပြီး နွေးထွေး လာစေရန် နှစ်ခြိုက် သော ကော်ဖီ ပူပူ လေး
တစ်ခွက်ကို ဖျော်သောက်မိရင်းက ရေးလက်စ ပို့ (စ) လေးကိုပဲ ဆက်ရေးနိုင်ရန် အားပြု မိပါတော့ သည်။


ကျွန်တော်လည်း ဝါးရံတာလေးပေါ်မှ အောက်ဖက်ရှိ အဖိုးကြီး ကြည့် နေသည့် အတိုင်း မီးပွိုင့်  ဘက် ကို
လိုက်မျှော် ကြည့် လိုက်မိ ပါသည်။ ကားတွေ လူတွေ ရုတ်ရုတ် သဲသဲ ဖြစ်နေသောကြာင့်  ရုတ်တရက်တော့ 
“သူ” ဘာကို ကြည့်  နေသည်ကို မသဲကွဲ နိုင်ပါ။ လမ်းဓါတ်တိုင် သုံးတိုင် လောက် လှန်းနေ၍ စေ့ စေ့  လေး နှင့် 
သေသေချာချာ ကြည့် လိုက်တော့ မှ အဲ့ ဒီ လူကြားထဲ က ထူးခြား တာလေး တစ်ခု ကို တွေ့ လိုက်မိ
ပါတော့ သည်။

စွပ်ကျယ် ဂျိုင်းပြတ် ကလေး ဝတ်ထားသည့်  တလူးလူး တလိမ့် လိမ့်  သွားနေသည့်  “ ခွေးဖြူ ” ကလေး တစ်ကောင်ပါပေ။

အရောင်က ဖြူညစ်ညစ် ၊ အရပ်က ပုတုတု နှင့်  ဝ တာကလဲ တိုနေတော့ သူ့ ကိုယ် လေး ကို တလိမ့် လိမ့် 
သယ်ပြီး လူတွေ ကြားထဲ ခြေ ကျို ခြေကြား အတင်းလိုက်တိုး သွားနေရင်းက မျဉ်းကြားရောက်တော့  သူများ
တွေလို လိုက်ဖြတ်ကူးမသွားပဲ ကျွန်တော် တို့  တိုက်ရှေ့ ဖက်ရှိ သူ့ သခင် အဖိုးကြီး ဘက် ကို ငဲ့  ငဲ့  ကြည့် 
နေတာ ကို တွေ့ ရပါသည်။ အမြီး လေးကလဲ ခြင်တို့ တောင် မနားနိုင်အောင်ကို တလှစ်လှစ် နှင့်  ရမ်းနေ
ပါတော့ သည်။့

အဖိုးကြီးက သူ့ ခွေး လေး သူ့ ကို လှန်းကြည့်  လိုက်တိုင်း အသံ ဝါကြီးနှင့်  လှန်း အော်ခေါ် နေပေမဲ့  ဆူညံ နေ
သော ကားသံ ၊ ဆိုင်ကယ်သံ ၊ လူသံ တို့ ကို သူ့  အသံ က မလွှမ်း မိုး နိုင်ရှာပါ။

ခွေးဖြူလေး က တော့  လျှာ တစ်လစ် လေးနှင့်  အမြီးလေးထောင်ပြီး သူ့  ဖက် ကို တဖြတ် ဖြတ် ပြေးလာလိုက်
လမ်းတစ်ဝက် အရောက် ရပ်လိုက် ပြီး အဖိုးကြီး အသံကို မကြားချင်ရောင် ဆောင်လိုက်၊ အဖိုးကြီးကို မမြင်
သလို လုပ်ပြီး မီးပွိုင့်  ဖက် ကို ပြန်လှည့်  ပြေးသွားလိုက် နှင့်  တစ်လမ်းလုံး သူ့  တစ်ကောင်ထဲ အလုပ်ရှုပ်
နေတော့ သည်လေ ။

အဖိုးကြီးကလည်း သူ့  ခွေး လေး သူ့  ဆီ ရောက်မလာမခြင်း ၊ သည်လမ်း ကို ကူး မည့် ပုံ မပေါ် သလို ခွေး
ကလေး ကလည်း သူ့ သခင် ကို သူ အမျိုး မျိုး အားရအောင် “ စ ” နေ အုံးမည် ဖြစ်ပါသည်။ ကျွန်တော် သူ တို့ 
နှစ်ဦးကို ကြည့် ရင်း က တကယ့်  မြည်း အဖိုး တွေ လိုပဲ သူ တို့ ကို မြင်လာမိပြီး သူ တို့ ၏ ကြည်နူး မှု တွေ
က ဝါးရံတာလေး ပေါ် ဦးတည်ရာမဲ့  ထွက်ရပ်နေမိသော ကျွန်တော့်  ဆီ ကို တဖြည်းဖြည်း ချင်းပဲ ကူးစက်
လာမိပါတော့ သည်။

နဲနဲ ကြာလာတော့ မှ အဖိုးကြီးလဲ စိတ်မရှည် တော့ ဟန် ဖြင့်  ကားလမ်းကို ဖြတ်ကူး ဘို့  သူ့  တောင်ဝှေး လေး
ကို တုန်တုန် ချိချိ နှင့်  အားပြု ဟန်ပြင်လိုက် တော့ မှ ကိုယ်တော် ချော ကလေး က မီးပွိုင့်  ဘက်ဆီ မှ အသား
ကုန် သုတ်၍ အမှီးကုတ်ပြီး သူ့  အဖိုးဆီ တအား ပြေးချ လာပါတော့ သည်။

ကျွန်တော်စိတ်ထင် သူ့  သခင် ကို သူ ကူးသလို အများ ကူး နေသလို မီးပွိုင့်  မှ ဖြတ်ကူး စေချင်တာလဲ ဖြစ်
နိုင် ပါသည် လို့ ။ ဖြစ်နိုင်လျှင် အဖိုး ကြီးကို သူ မီးပွိုင့်  ဘက် ကို အတင်း ကိုက် ဆွဲ သွား လိမ့် မည် ဟု လည်း
ထင် မိပါသည်။

ကိုယ်တော်ချောလေးက အနား လဲ ရောက် ရော ဗျာ.. ဟောင်လိုက် မဲလိုက်တာ သူ့  အဖိုး ကြီးကို ပါ။
အမှီး တနှံ့ နှံ့  နှင့်  အတင်း ကုတ် ကပ် တက် နေသော သူ့ မြည်း ခွေး ကလေး ကို အဖိုး ကြီးက ဂေါင်းကလေး အသာပွတ်၍ တတွတ်တွတ် နှင့်  ဘာ ပြော လိုက် သည်မသိပေမဲ့  ခွေး ဖြူ လေးက တော့  တအီအီ နှင့် ပဲ
ညိမ် သွား ရှာပါတော့ သည်။

သူ တို့ နှစ်ဦး ကို ဖြတ်ကျော် သွားလာနေသည့်  ပျားပန်းခတ်မျှ များပြား နေသည့်  လူ အုပ်ကြီးက သူတို့  နှစ်ဦး
ကို သတိ မထား မိပဲ ကိုယ့် အာရုံ နှင့်  ကိုယ့် ခရီး ကိုယ်ဆက် နေကြ ပေမဲ့  ခရီး မဆက် နိုင်သေးပဲ တွေဝေ
ရပ် နေမိသည့်  အပေါ် ဆုံးထပ် ဝါးရံတာ ထဲမှ ကျွန်တော်က တော့  အသိ တစ်ခု ဖြင့် ပဲ ကြည့် ထား နေမိ
တော့ သည်။

အဲ့ ဒီ “ အသိ ” ကတော့  “ သံယောဇဉ် ” ပါ ပဲ လို့  ။
ကျွန်တော်တို့  အားလုံးက ကျွတ် တွေ ၊ မျှော့  တွေ ၊ တီကောင် တွေလို ထိစပ်မိသမျှ ဝန်းကျင် အားလုံး ကို
အတင်း ဖမ်းဆုပ် ကုတ်ကပ် တွယ်တာ နေလေ့ ရှိကြ ပါသည်။ ( ကျွန်တော် ဟိုး .. မဆွေခင် တုံးက သံယောဇဉ်
အကြောင်း လေးကိုပဲ ခေါင်းစဉ် လေး တစ်မျိုး ဖြင့်  ရေးဖွဲ့ ခဲ့ ဘူး ပါသည်။ )
လူ တွေ ဆိုတော့ လည်း ကျွန်တော်လည်း ပါ နေတာပေါ့ နော်..။

“ အတွယ် အတာ ” တဲ့  ။
တွယ် တွယ် လာမိ တော့ လည်း အမျိုးမျိုး ကို “ တာ တာ ” လာမိ နေကြ ပြီး စိမ့် အေး ၍ ဖြတ်ရ အလွန်ခက်
တတ်သော သံယောဇဉ် တို့ ကို ထူထောင် နေကြ မိ တာဖြစ်ပါသည်။

သည်နေရာမှာ ပြောကြည့်  ချင်တာကတော့  “ အချစ် ” နှင့်  “ သံ ယောဇဉ် ” က မတူ နိုင် ဘူး ဆိုတာ ကိုပါပဲ။
“ အချစ် ” က ပူလောင်လွန်းပြီး “အငွေ့ ” တွေ လို ပျောက်ကွယ် ပြောင်းလဲ တတ်ပေမဲ့  “ သံယောဇဉ် ” က
တော့  စိမ့် ... အေး... ပြီး ဖြတ် ရ အလွန် ခက် တတ်တာ ဖြစ်ပါသည် လို့ ။

အခု သူ တို့  နှစ်ဦးက ဘဝ ခြင်း မတူ ညီ ပေမဲ့  တူညီ နေသော သံယောဇဉ် ကို ထူ ထောင် နေမိ ကြပါသည်။
တနေ့ နေ့  တော့  အားလုံးက ကိုယ့် ခရီး ကို ကိုယ် သွား ကြရတော့ မှာ ဖြစ်ပါသည်။ ကိုယ် တစ်ယောက်ထဲပဲ
သွား ရတော့ မှာ ဖြစ်လို့  ထားခဲ့ ခွဲ ခဲ့ ရမဲ့ အထဲ ထဲ မှာ ဖြတ် ရ အလွန်ခက် နေသည့်  “ သံယောဇဉ် ” ကတော့ 
သိသိ သာသာ အထင်ရှား ဆုံး ဖြစ် နေသည်မဟုတ်လား ။ ကြိုး တွေလို အထပ်ထပ် ရစ်ပတ် နှောင်ဖွဲ့  မိနေတုံး
က ကြည်နူး နေခဲ့ ရသလောက် ဖြတ်ရ ထားခဲ့ ရ တော့ မည် ဆိုကြလျှင်တော့  အတိုင်း အဆ မဲ့ ကြေကွဲ ရ တတ်
ကြ ပြန်ပါသည်။

ဒါဆိုရင် “ သံယောဇဉ် ” ကို ဖြတ်လို့ ရအောင် ဘယ်လို ထားကြမလဲ ... ။
ရအောင် ရော ဖြတ်ဘို့  ကြိုးစား ရပါမလား ....။ ရ ရော ရ နိုင်ပါမည်လား ... ။
စာရေး နေချင်သည့်  “ ပိုး ” အကြောင်း စဉ်းစား နေရင်းက ဖြတ်လို့  မရ နိုင် တော့ သည့်  “ ပိုး ” အကြောင်း
ကို တွေး မိနေရင်း ပဲ အဖိုး ကြီး နှင့်  ခွေးကလေး၏ သံယောဇဉ် အကြောင်းကိုပါ တွင်တွင်ကျယ်ကျယ် ပဲ ရေး
နေမိပါသည်။

သူတို့ နှစ်ဦး ကို နေ့ စဉ်ပဲ အမှတ်မဲ့  တွေ့ နေမိပေမဲ့  ယနေ့  မှပဲ မှတ်မှတ်ရရ သတိ ထားမိတော့ တာဖြစ်
ပါသည်။

အဖိုးကြီး ညနေ လမ်းလျှောက် ထွက်တိုင်း သူ့  ခွေးဖြူ လေးကို အဖော် ပြု ရရှာသလို ခွေးဖြူ လေးကလဲ
သူ့  အဖိုး နှင့်  အပြင်ထွက် ရတိုင်း အစွမ်း ကုန် အူမြူး နေရှာ မှာဖြစ်ပါသည်။ နေ့ တိုင်း သွားနေကျ လမ်းဖြစ်
နေသောကြောင့်  လည်း ခွေးကလေးက ဝန်းကျင် အားလုံးကို အလွတ်ရ မှတ်မိ နေပြီး သူ့ သခင် ကို တစ်လမ်း
လုံး ဘေး မဖြစ်စေ အောင် ပျော်ရွှင်စွာ ဆော့ ကစားရင်း စောင့် ရှောက် နေမှာလည်း ဖြစ်ပါသည်။

သည်နိုင်ငံ ရှိ ခွေး တွေက ကျွန်တော်တို့  ရွှေပြည်တော်ရှိ ခွေး များနှင့်  ခြားနား လျက် ကားလမ်း ဖြတ်ကူး တိုင်း
အန္တရယ် မဖြစ်စေပဲ မီးပွိုင့်  မှ ဖြတ်ကူး တတ်သလို အဲ့ ဒီ မီးပွိုင့်  အနီ၊ အဝါ ၊ အစိမ်း အရောင် ပြောင်းလဲမှုများ
ကိုလည်း ကြွမ်းကျင် စွာ ခွဲခြား ရွေးချယ် နေတတ် ပြန်ပါသည်။ လူ နဲ့  နီးသော ခွေး များ ဖြစ်သောကြောင့် 
လည်း လူ တွေနှင့်  သံယောဇဉ် ပိုဖြစ်လွယ်တာ ဖြစ်နိုင်ပါသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ စာနှင့်  တူအောင် ရေးဘို့  မဖြစ်နိုင်သေးသော ကျွန်တော်က စာနှင့်  တူ အောင်ကို အမျိုးမျိုး ကြံ ဖန် ရေးသား နေမိရင်း စာ ကို ရေးပဲ ရေးချင်နေမိသော “ ပိုး ” အဖြစ် ကနေ အလွန်ပဲ
ဖြတ်ရ ခက် ခက် နေတတ် သည့်  “ သံ ယောဇဉ် ” ကြိုး ကလေး တမျှင် နှင့်  ပတ်သက် သည့်  မလောက်လေး
မလောက်စား ပို့ (စ) လေး တစ်ပုဒ် ကို ရေး တင် ခဲ့ မိ ပြန်ပါကြောင်း ... ဖြင့်  ... ။

(“ ကြိုး ” ကလေး ဖြစ်ခဲ့  ရသော “ ပိုး ကလေး ” လို့ ပဲ ခေါင်းစဉ် ပေး ကြည့် ချင်ပါတယ် ။ )

........................................................................................................................................

9 comments:

SHWE ZIN U said...

ကိုအဖြူလေး လည်း စာရေးကောင်းတယ်... ဆက်ရေးပါ...
သူတို့စီက ခွေးတွေကတောင် မီးပွိုင့် အရောင်တွေ သိတယ်..
ဒီက လူတွေက မသိလို့ခက်နေတယ်..

ခင်တဲ့
ရွှေစင်

Flower said...

“ အချစ် ” နှင့်  “ သံ ယောဇဉ် ” က မတူ နိုင် ဘူး ဆိုတဲ့ စကားလုံးလေးကို သဘောကျမိတယ်..
မှန်တာပေါ့ကိုအဖြူလေးရယ်
ကျွန်မက အချစ်ဆိုတာထက် ပူလောင်မှု ကင်းတဲ့ သံယောဇဉ်ဆိုတာလေးကို ပိုသဘောကျမိတယ်.. ပြီးတော့ အချစ်ထက်စာရင် ပိုပြီး လေးနက်မှုလဲ ရှိတယ်.. ခိုင်မာမှုလဲရှိတယ်လို့ ယူဆမိတယ်....
ကိုအဖြူလေးက ကိုယ်မြင်တာလေးတွေကို ရှင်းရှင်းလေးနဲ့ စိတ်ဝင်စားစရာဖြစ်အောင် ရေးဖွဲ့တတ်တဲ့ စာရေးကောင်းသူတစ်ဦးပါ..
အများကြီးရေးပါဦးလို့.............

kiki said...

စာရေးချင်တဲ့ “ပိုး” ..တွယ်နေတော့လည်း ဆက်ရေးပေါ့လေ ။
သံယောဇဉ် “ ကြိုး” တွေ ကတော့ သိပ်မတွယ်တာပဲ ကောင်းလိမ့်မယ် ... တွယ်မိပြီးရင် ဖြတ်ရခက်တယ် မဟုတ်လား ။
မမြင်ရတဲ့  သံယောဇဉ်ကြိုးတွေက အမှတ်မထင် ခိုင်မြဲ လွန်းလှတယ်လေ ။

ခွေးတွေ လမ်းကူးတတ်ရုံတင်မဟုတ် ..နော် ..ကားခေါင်မိုးပေါ် ငုတ်တုတ်ထိုင် စီး လို့  ၊ခွေးပိုင်ရှင် ကို ရဲက ခေါ် သတိပေး တဲ့ သတင်းလေး ဟိုတနေ့ က တီဗွီမှာ တွေ့ လိုက်သေးတယ် ... ခွေးအတွက် ရော ။ လူ အတွက်ပါ အန္တရာယ် ရှိလို့ တဲ့လေ ။
လူတွေ ကာလာ ဘလိုင်း ဖြစ်ကြပေမဲ့  ခွေးတွေကျတော့ အဟုတ်ပဲ ..
တချို့ ခွေးများ လူထက်တောင် တန်ဘိုးရှိသေးသတဲ့  အဖြူလေး ရဲ့  ...

မန့် ချင်တဲ့ “ ပိုး” ဝင်လာ လို့  ဆိုင်တာ ရော မဆိုင်တာပါ ဝင်မန့် သွားတယ် နော့် ။။း))))

လင်းကြယ်ဖြူ said...

အတွယ်အတာဆိုတာ နှောင်ကြိုး တစ်မျိုးပါ....
အလျားအနံ မရှိပေမယ့် အသွားအပြန် တွေ
အပြည့် နဲ့ သံယောဇဉ်ကြိုး တစ်ခွေပြီးတစ်ခွေ ရစ်
ပတ်နေပုံပဲ........
စာရေးအား ကောင်းကောင်းနဲ့ ဆက်လက်အောင်မြင်လို့
ပျော်ပါစေ ခင်ဗျာ
*.*.*

sosegado said...

အဖိုးကြီးနှင့် သူ့ ခွေး လေး သံယောဇဉ် တွယ်ကာ အပေးအယူတဲ့နေတာ ချစ်စဖွယ်ဖတ်ရပါသည်၊
“ အချစ် ” နှင့်  “ သံ ယောဇဉ် ” က မတူ နိုင် ဘူး ဆိုတာလက်ခံပါသည်၊ သံ ယောဇဉ် ဖြစ်လာဘို့ အတွက် အချစ်နှင့် တည်ဆောက်ရမည်မဟုတ်လား၊ လက်တွေ့ တွေမှာတော့ အချစ်နှင့် အမုန်းဟာ ခပ်ပါးပါးလေးပဲခြား နေသလို၊ သံ ယောဇဉ် ကြိုးတွေ ဖြတ် ရ အလွန်ခက်ပေမဲ့၊ အမုန်းဝင်ရောက်လာရင် ကြိုးတွေဟာ မျက်လှည့်သမား အစွမ်းပြလိုက်သလို …………….ဖြတ်လို

အနော် said...

သံယောဇဉ်အတွယ်အတာတွေက နှောင်တွယ်ရင်းနဲ့ကို ကြိုးတွေလိုဖြစ်ဖြစ်လာတယ်.. တခါတလေတော့လဲ တွယ်တာနှောင်ရစ်စရာ ကြိုးလေးတွေ လိုချင်မိသား.. တင်းတင်းကျပ်ကျပ်ကြီးတော့လဲ မဟုတ်ဘူး.. ဝတ်ကျေတန်းကျေ လျော့လျော့လျဲလျဲ... ကြိုးလို့ မည်ကာမတ္တကြိုးကိုလဲ မလိုချင်ဘူး.. ကိုယ်တိုင်ကိုက လိုလိုချင်ချင် အရစ်နှောင်ခံချင်တဲ့ နွေးထွေးတဲ့ ခိုင်ကျည်တဲ့ မြဲမြံတဲ့ကြိုးလေးတွေပေါ့..
အကိုအဖြူလေးလဲ ပိုးကြိုးလေးတွေလို သံယောဇဉ်ကြိုးနဲ့သာ အချည်နှောင်ခံရပါစေနော်

မြစ်ကျိုးအင်း said...

တစ်ချို့အရာတွေကို အဖြူရောင် သံယောဇဉ် အတိုင်း ရှိနေပါစေလေ။

သံယောဇဉ်ကြောင့်ပဲ ကြိုးကိုဖတ်ပြီး ပိုး ကို တွေးနေမိပြန်တယ်။

ညလင်းအိမ် said...

သံယောဇဉ် နဲ့ အချစ် မတူတာတော့ အမှန်ပဲနော် ...
မတူညီတဲ့ သက်ရှိတွေတောင် သံယောဇဉ်ရဲ့ ရစ်တွယ်မှုက အံ့သြဖွယ်ရာပဲဗျာ ...

သံယောဇဉ်ကြောင့် အချစ်မပြယ် နိုင်သေးတာလည်း ပါမယ် ...း)))

မိုးခါး said...

ဟူးးးး
အဲဒီသံယောဇဉ်တွေလေ မကောင်းတာ