Tuesday, April 20, 2010

စက် ရုပ် ပဲ ဖြစ်ချင် သည် ။

ယ္ခုတလော ရာသီ က တဖြည်းဖြည်း ပြောင်းလဲ လာနေပါသည်။
မနှစ်က ဒီလို အချိန်တွင် ဒီလောက် မအေး ခဲ့ ပေမဲ့  ဒီ ဘက်နှစ် တွင်တော့  အတော်လေး အေးနေပြီး
အအေး တို့ က ညှိုး ဖွဲ့  တာရှည် နေခဲ့ ပါသည်။

ကမ္ဘာ့  နေရာ တော်တော် များများ တွင်လည်း ဖြစ်ပြီး ပျက်ခဲ့  ရသော သဘာဝ ဘေးအန္တရယ် အားလုံး တို့ 
သည်လည်း ကြားမိသမျှ အမြဲ တန်း ပဲ အလွန် အကျွံ ဖြစ်နေခဲ့  ရ ပါသည်။ ကမ္ဘာ ကြီး ပျက်တော့  မယ်
ဆိုသည့်  အဆို ကို တော့  အမြဲ တန်းပဲ ဆန့် ကျင် လက်မခံ ခဲ့  သူ တစ်ယောက် အနေနှင့်  တော့  နီးစပ်လာ
နေသည့်  ဘာပဲဖြစ်ဖြစ် အလွန်အကျွံ ဖြစ်ဖြစ် နေသည့်  အချက်အလက် များကို ကိုယ့် ဖာကိုယ် အမြဲတန်းပဲ
ခဏခဏ တွန်းလှန်နေမိပါသည်။

ဘာကြောင့်  ဆို ကျွန်တော်တို့  ဖြစ်တည် နေထိုင်နေရာ ကမ္ဘာ ကြီးက လူ့ ဘောင် အဖွဲ့  အစည်း အမျိုးမျိုး
ဖြင့်  အချင်းချင်း ပဲ ရင်ချင်း ၊ ကျော ခြင်း အပ်၍ ဖွဲ့  စည်း တည်ဆောက် ထားသော ကြောင့်  ပဲ ဖြစ်ပါသည်။
ဒါကြောင့် လည်း ဘယ်အရာ မဆို အရမ်းမဲ့  ဖြစ်ခွင့်  မရှိ ပါဟု ကျွန်တော် က မမှိတ်မသုံ ယုံ ကြည် နေမိ
တာ ဖြစ်ပါသည်။

ကမ္ဘာ့  အဖွဲ့ အစည်း၏ စည်းဝိုင်း အပြင်ဘက်သို့  ရောက်လု ရောက်ခင် ဖြစ်နေသော အမိမြေ ရဲ့  အချေ အနေ
ကတော့  “ ချွင်း ချက် ” အနေ နှင့်  ထား ကြည့်  ချင်ပါသည်။ ( ချွင်းချက် ဖြစ် နေလို့ ပါပဲ။ )

ပူ ရင်လည်း ၊ ပက်ကြား အက်၍ အလျှံ တညီးညီး ထ တောက် လောက် အောင် ပူ နေတာ ၊ အေး လာပြန်ရင်
လည်း အရိုး တို့  အရည် တို့  ကြွေကျ သွားလောက် အောင်ကို အေးနေတာတွေ၊တစ်ခါဘူးမှ မဖြစ်ဘူး ခဲ့ 
သည့် “ Accident ” တွေ အို စုံ လို့  ပါပဲ။

ညစဉ်ပဲ အွန်လိုင်းပေါ် တက်မိနေရင်း မြင်သမျှ ၊ ဝင် လာသမျှ သတင်း တွေ အား လုံးကတော့  မမြင်ရက်
မကြားရက် ၊ မနာ ရက် စရာ တွေ ပါ ။ သိပြီးကြ သည့်  အတိုင်း မြန်မာ့  သင်္ကြန် ဗုံး ပေါက် ကွဲ ခဲ့ သည့် 
သတင်း ကလဲ သမရိုးကျ မဟုတ်ခဲ့ သည့်  အဆိုး ထဲက အဆိုး တစ်ခုပါ လို့  ။

ဖြစ်နေသည့်  အဖြစ် များ တွင် ဆိုး နေသည့်  အဖြစ် များက ပိုပို များလာနေပြီး ကောင်း တာလေး တွေ ကျ
ပြန်တော့  လဲ ပျက်ပျက် ပြီး ပျောက်ပျောက် သွား တတ်လိုက် တာ အလွန် ကို မြန် နေ တတ် ပြန်ပါသည်။

လူ့  သဘောကလည်း ဆိုး တာတွေ ကျတော့  ခါးခါး သီးသီး မုန်းတတ် ရှောင် တတ်သလောက် ၊ ကောင်း
တာ လေးနှင့်  ကြုံ လိုက်ရသည့်  ခဏ တာ လေး တွေ ကိုပဲ အမိ အရ ဆုပ်ဖမ်း နေတတ် ကြပါသည်။
ခဏ လေး တွေ ပါ ဆို သည့် “ သဘော ” လေး ကို မမြင်မိ ကြ တော့  လည်း ၊ ကြာ နေ အုံး မှာပါ .. ဆိုသည့် 
မသိစိတ် ကလေး များ ဖြင့်  အတင်း ကို ကုတ်ကပ် တွယ် တာ နေပစ် ကြ ပါ တော့ သည်။

သဘာဝ လောက ကြီး ထဲ အဆိုး တွေ အဖြစ် များ နေသလို ၊ လူ တစ်ဦး ချင်းစီ တို့  တွင်လည်း အဆိုး တွေ
သာ တန်စီ ဖြစ် ပျက် နေရ ပါသည်။ သတ္တာ လောက ကြီးက ဘယ်သော အခါ မှ အလို ပြည့်  လာ ဘွယ်
မမြင်မိ ပါတော့ ။

ကျေနပ် လျင် နေတတ် စရာ ပါ .. တဲ့ ။
အမြဲ တန်း လိုအပ် နေတတ် သော ကျွန်တော်တို့  လူသား တွေ အတွက်တော့  ဘယ်သော အခါ မှ ကျေနပ်
နိုင် လာဘွယ် မမြင် တော့  ပါ။

ဘဝ ရထား ကြီး ကို စီး လာ မိ ခဲ့  ကြ ရသူ များ ပီ ပီ ခရီး ဆုံး မှတ် တိုင် လေးတွေ အသီးသီး ရောက် ခဲ့ ကြ လို့ 
လမ်းခွဲ ဆင်းကျန် နေခဲ့  ကြ ရသူ များ ကို မဆုံး သေး သော လက်ကျန် ခရီး လေး ကို ဆက်သွား နေ ရသူ တို့ 
က အပြန်အလှန် ဂေါင်း ငဲ့  လက်ပြ နှုတ်ဆက် နေ မိ ကြ ရင်း ၊ တွယ်တာ မိခဲ့ ကြ ရ သလောက် ကျခဲ့  ၊ ပူ ခဲ့ 
ဆွေး ခဲ့  ကြ ရသည့်  ပူနွေး သော မျက်ရည် ထု ကြီး ကြောင့်  ဘဝ ရထား ကြီး က စေးကပ်ကပ် ကြီး ဖြစ်
နေခဲ့  ပါသည်။

ဆင်းကျန်နေခဲ့  ရမည့်  ဘူတာ တွေ မရောက် ခင်အထိ တော့  ရှု့  ခင်းလေးတွေ ကြည့်  ၊ တစ်ယောက်
မျက်နှာ တစ်ယောက် ကြည့်  ပီတိ ဂွမ်း ကလေး ကို ဆီ ထိ ထား သလို ၊ နူးနူး အိအိ ကလေး ၊ စွန့် စွန့် 
ပြန့် ပြန့်  ကလေး ကြည် နူး နေမိ ကြ သလောက် ရထား ကြီး အရှိန် လျှော့  လာပြီး ဆင်း ရမည့်  ဘူတာ လေး
လဲ ရောက်ရော မဖြုတ် ချင်တော့  သည့်  တွဲ လက် များ ကို ကြေ ကြေ ကွဲကွဲ စို့ စို့  နင့် နင့်  ပဲ ဖြုတ် ရ
နှုတ်ဆက် ရ ပါတော့ သည်။

ဝေး ၍ ကျန်ခဲ့  သူ ကို နှုတ် ဆက် လို့  မဝ တော့ သလို ၊ ကျန် ခဲ့  တော့  သည့်  သူ့  ထိုင်ခုံက သူ့  အငွေ့  နှင့် 
သူ့  အရိပ် လေးကိုလည်း အဆုံး တစ်သက် တိုင် ပဲ သတိ ရ နေ မိ ပြန်ပါသည်။ ပြော ရလျင် ဝင်သက်၊ ထွက်
သက် တို့  ကြွေ နေ သည့်  အခါ တိုင်း ပေါ့  ဗျာ..။

ကျွန်တော်လည်း တစ်နေ့  က အရေး ကြီး ကိစ္စ တစ်ခု ဖြင့်  ရုတ်တရက် ပြန် သွား ခဲ့  သော မိတ်ဆွေ
တစ်ယောက် ရဲ့  အခန်း လေး ကို ဝင်ရှင်း နေ ရင်း တွေး မိ တွေး ရာ တွေး နေမိတာ ဖြစ်ပါ သည်။ သူ နှင့် က
ချက် ပြုတ်သည့်  နေရာ တွင် ဝါသနာ ခြင်း တူ သလို သူ ချက်တာ ကျွန်တော် ကောင်းသလောက် ၊ ကျွန်တော်
ချက်တာ လဲ သူ က အမြဲ ကောင်း နေတတ် တာပါ။

ဗမာ ပြည် ပြန် ကြ လျင်လည်း အမြဲ ပဲ မျက်စေ့  အေး ပြီး၊ သမာ အာဇီဝ အလွန် ကျ သည့်  “ ကွမ်း ” ခြံလုပ်ငန်း
လေး တစ်ခု ထူထောင် ကြ ဘို့  တိုင်ပင် နေ တုံး လဲ ဖြစ် ပါသည်။ ညစဉ် လဲ စိတ်ကူး ကိုယ်စီ ဖြင့်  “ ကွမ်း ” တွေ
ကို တစ်ယောက် တစ်လဲ စီ ခူး နေ လိုက် ကြ တာ လေ ၊ မော လွန်းလို့  တောင် ရေ နွေး ကြမ်း ကိုယ်စီ သောက်
နေ ခဲ့  ရသည့်  အဖြစ် ပါ လို့  ။ ကွမ်း ရွက် တွေ ကို ခြင်း ထဲ ရေ စွတ် ပြီး ဝိုင်း ဝိုင်း ကလေး စီ နေ လိုက်ရတာ လေ
ခါး များ တောင် ညောင်း ကိုက် လာ အောင်ပါပဲ ။

နောက် နေ့  ဘာချက် ကြ မည် ဆိုတာ ကို ရော အမြဲ တိုင်ပင် နေဖြစ်ကြ ပါသည်။
စား ဘို့  က မြန် ပြီး လွယ်သလောက် ဘာဝယ် ချက် ရမည် ကို နှစ်ယောက်သား စဉ်းစား ကြ ရသည်မှာလည်း
မမြင် ရသေးသည့်  “ ကွမ်းခြံ ” လုပ် ငန်း ကို လုပ် ရ တာ ထက်ကို ပင် ပန်း နေတတ် ပြန်ပါသည်။

မနက် ဖြန် က စပြီး “ သူ ” က မရှိ တော့  ပါ။
မနက်ဖြန် က စ ပြီး ကျွန်တော် က တစ်ယောက်ထဲပါ၊ မီး ဖို ချောင်ထဲ မှာ လေ ။
မပြီး ဆုံး သေး သော ကွမ်း ကိုလဲ ကျွန်တော် ပဲ ဆက် ဆိုက် ရ တော့ မှာ ပါ။
သူ့  ဆီက ရ လိုက် သည့်  နည်း လေး ဖြစ်သည့်  “ ဆီ ထမင်း ” ထိုး သည့်  နည်း လေး ဖြင့်  ကျွန်တော်
တစ်ယောက် ထဲ ထိုး ရ အုံးမည်လေ ။

ခင်ရ သည့်  မိတ်ဆွေ နှင့်  ရုတ်တရက် ခွဲ ခွာ ရ တာက သမ ရိုး ကျ ခွဲ ခွာ ရ တာ ဖြစ်ပေမဲ့  မမျှော်လင့် ပဲ ခွဲခွာ
လိုက် ရ၍ အရှိုက် ကို ထိ သလို တော့  ဖြစ်မိ ပါသည် ။

မိတ်ဆွေ အဆင့်  ထက် လွန်ပြီး ပို၍ ခင် ရ ၊ ချစ်ရ တွယ် တာ ရ ခဲ့  သူ များ နှင့် များ မျှော်လင့်  ပြီးပဲ ဖြစ်ဖြစ်၊
မမျှော် လင့်  ပဲ ဖြစ်ဖြစ် အခု လို ခွဲ ခဲ့  ထားခဲ့  ရမည် များ ဆိုပါ လျင် ... လို့  တွေး ကြည့်  မိ တာ နှင့်  မွန်းကျပ်
ကျပ် ဖြစ် လာ ပြန် သော ကြောင့်  ကော်ဖီ တစ်ခွက် ကို ကပြာ ပဲ ဖျော် ပြီး မြန်မြန် ပဲ မျိုချ လိုက် ရ ပါသည်။

မီးဖို လေး ထဲမှ ဝါးရံ တာ လေး ဖက် ထွက် လိုက်မိတော့  မှောင်ရီ ပျိုး စ ဖြစ်နေပြီ။
အောက်ဖက် လမ်းမ ပေါ် တွင် ရှေ့  က ရေးခဲ့  မိသော “ ပိုး နှင့်  ကြိုး ” ထဲက မြည်း အဖိုး နှစ်ယောက် ကို
တွေ့  ရ ပြန် ပါသည်။

မျက်နှာခြင်း ဆိုင် တောင်ထွတ် တို့  ကို တိမ်ညို တိမ်မဲ တို့  အုံ့ မိုး ထား သော ကြောင့်  ကောင်းစွာ မမြင်
ရ ပေ မဲ့  အအေး ဓါတ် တို့  က တော့  တစစ ပဲ လွှမ်း မိုး လာ နေ ပါ သည်။

ကော်ဖီ ပူပူ လေး ကြောင့်  နွေး သော ရင် က ချက်ခြင်း ပဲ ကွယ် ပျောက် ခဲ့ ရ ပါ တော့ သည်။

အကြိုက် ကလေး တွေ နှင့် တွေ့ နေသည့်  အကောင်း လေး တွေ ကို်ု့ု့ လက်ခံ တတ်လျင် မကြိုက် တာ လေး
တွေ နှင့်  တွေ့  လာ တတ်သည့်  အဆိုး လေး တွေ ကို လည်း ကျေကျေ နပ် နပ် နှင့်  လက်ခံ တတ်အောင်
အမြဲ လေ့ ကျင့်  နုလုံး သွင်း နေပါမှ အခု လို အဆိုး တို့  သာ ကြီး စိုး လာနေ သော လောကကြီး တွင် ကျေကျေ
နပ်နပ် နှင့်  နေတတ် လာမည်ဟု လည်း ထင်မိ ပြန် ပါသည်။

ကျွန်တော်ကတော့  ဘာ တစ်ခု မှ မတင် ကျန် နိုင် တော့ သည့်  “ စက် ရုပ် လူသား ” ပဲ ဖြစ် ချင် ပါတော့ 
သည် လို့ ။

( တွယ် တာ ပြီး မှ ချစ် ခင် လာပြီးမှ ချစ်ရာ ရှ ရာ တို့  ရ လာ တတ်သည့်  ချစ် ရ သည့်  ဒဏ် ရာ တို့  ပါ
ဝေး အောင် ပါပဲ ။ )

....................................................................................................................................

15 comments:

မြစ်ကျိုးအင်း said...

ပျောက်ကွယ်သွားသော အရိပ်ကို အတူတကွ လွမ်းဆွတ်လျက်ပါပဲ။ သံယောဇဉ်အတိမ်အနက် ရှိသလောက် ခွဲခွာခြင်းက ပူလောင်ရတယ်။
ခုထိတော့ သတိတရ ရှိနေဆဲပါပဲ။
နောက်ထပ် အချိန်ပေါင်းများစွာလည်း သတိရ နေရအုံးမှာ သေချာပါတယ်။

... အဆင်ပြေပါစေ

သုဒြေ္န said...

ဖြစ်ပျက် တွေ့ ဆုံကြုံကွဲတွေဟာ လောကရဲ့  ဓမ္မတရားဘဲလို့  သိရှိနားလည်ထားပေမဲ့  ကျနော်လည်းလေလောကီသားပေမို့ ဆိုသလို ထပ်တူခံစားမိပါတယ် အကယ်၍များ ခင်ဗျားပြောသလို စက်ရုပ်လူသားဖြစ်ခဲ့ ရင်????? ရင်ထဲကိုကြမ်းကြမ်းတမ်းတမ်းတိုးဝင်စေတဲ့  ခံစား မှု များနဲ့ ကင်းဝေးချင်ပါတော့ တယ်ဗျာ သုဒြေ္န

အနော် said...

လူရယ်ဆိုရင်တော့ ချစ်တတ် မုန်းတတ် တွယ်တာတတ် ကြင်နာတတ် ဒါတွေကတော့ မရှိလဲ မကောင်း ရှိလဲ မကောင်းပါဘူး အကိုရေ..
ခွဲခွာခြင်းကလဲ သူကပဲ ခွဲခွဲ ကိုယ်ကပဲ ခွဲခွဲ ခွဲရပီဆိုရင်တော့ ထားခဲ့တဲ့ သံယောဇဉ်အတိမ်အနက်အရ ခံစားရတာပါပဲ.. :(

kiki said...

အင်းး လေ.
သံယောဇဉ် တွယ်မိတော့လည်း ဖြတ်ရခက်သား..
လောကကြီးမှာ ဖြစ်ပျက် ဆိုတဲ့ သဘောတရား တခုပဲ တည်မြဲ နေမှာပါ ။ ကျန်တာတွေကတော့ ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် နဲ့ ..သံသရာ လည် နေ မှာ မို့  ၊ သင်္ခါရ ပါပဲ အဖြူလေး ရေ ။

စက်ရုပ် တောင်မှ အချိန်တန်ရင် ပျက်ရအုံးမှာ ....
( ဒီက ကွမ်းယာရောင်းတဲ့ မိန်းကလေး တွေ ကို ဟိုရောက်တော့ ကွမ်းစိုက်ရင်း သတိတွေ ရနေမှာလား ....ဒါဆို လည်း မဆိုး ဘူး .. အလုပ် ဖြစ်မယ် .. )

ခင်တဲ့ မကိ..

shwezinu said...

ကိုအဖြူလေး

စက်ရုပ်ဆိုတာ ပျင်းစရာ ကြီးပါ..

လူသား ခံစားချက် ရှိတဲ့ လူသားတယောက် အနေနဲ့ ဘဝမှာ အားလုံးကို ရင်ဆိုင်နိုင်ပါစေ

ခင်တဲ့
ရွှေစင်

ချိုကျ said...

ဖြစ်ပျက်သဘောတရားတွေ တွေကြုံဆုံကွဲ တတ်တာတွေ နဲ့ရေဖွဲ့ထားတဲ့ စက်ရုပ်လေးကို ခံစားသွားပါတယ် ကိုအဖြူလေးရေ...၃၁ ဘုံထဲမှာ လည်နေရင်တော့ ဘဝတွေက ဒီလိုပါပဲဗျာ.....

Flower said...

ရေးတတ်သလို တွေးလဲတွေးတတ်ပါပေတယ်...
သံယောဇဉ်ဆိုတာ ဘယ်လိုဘဲဖြစ်ဖြစ်
တွယ်မိပြီဆိုရင် ဖြတ်ရခက်တာမို့
ဝေးဝေးကသာ နေချင်မိပါတယ်.. ချစ်ခြင်း မုန်းခြင်းကင်းတဲ့ အရပ်တစ်ခုမှာပေါ့ ကိုအဖြူလေးရေ..
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေရှင်..

Anonymous said...

ဘာဘဲဖြစ်ဖြစ် အိပ်မက်ဆိုးက နိုးထချင်တယ်။

winnie pooh

sosegado said...

ဒိဋ္ဌပဲတွက်ထားလည်း လွဲတတ်ပေ၊
စောင့်စားရတိုင်းလဲ မပြည့်တတ်ချေ၊
လူတို့ အဖြစ် ပိုနားလည်နိုင်ပေ၊
အရှင်ဘုရားကို ပိုနားလည်နိုင်သလေ။
မခံစားနိုင်အောင် တခြားနည်းလမ်းရှာပါလား၊ စက်ရုပ်တော့ မလုပ်ပါနဲ့၊ စက်ရုပ်က ကွန်ထရို လုပ်ထားတာ၊ လော့တွေနဲ့ အမြဲစောင့်ကြည့်နေတယ်၊ မှတ်ဥဏ်တွေကိုလည်း လိုအပ်သလို ပြောင်းခံရတယ်၊ မလွတ်လပ်ဘူး၊ ပျက်လည်းပျက်တတ်တယ်။

ညလင်းအိမ် said...

တွယ် တာ ပြီး မှ ချစ် ခင် လာပြီးမှ ချစ်ရာ ရှ ရာ တို့  ရ လာ တတ်သည့်  ချစ် ရ သည့်  ဒဏ် ရာ တို့  ပါ
ဝေး အောင် ပါပဲ ...

သြော် ... ကိုဖြူလေးရေ ကျွန်တော်တို့လည်း လူသားပေပဲမို့ လူသားလို ခံစားချက်တွေ ထားမိတယ်တဲ့လားဗျာ ..

မြတ်မွန် said...

ငိုချင်တာ အကိုရာ..ထပ်တူထပ်မျှ ဝမ်းနည်းပါတယ်..

chocothazin said...

သြော် သံယောဇဉ်ရယ်... လေးဖြူသီချင်းစာသားလို ... နေမြင့်လို့ အရူးရင့်ရပါပေါ့လား။

အင်မတန်ဖြတ်ဖို့ ခက်ပါရောလား။

သက်ပြင်းရှည်ကြီး ချလိုက်မိပါတယ်။

မိုးခါး said...

အဲဒီခံစားချက်ကြီးက တကယ် ဆိုပါတယ်
ဒါပေမယ့်
အချိန်က ကုစားပေးသွားလိမ့်မှာပေါ့ ..

ညီမလေး said...

(ကို)အဖြူလေးက စာရေးတော်တော်ကောင်းတာပဲ ။
တခါတခါ ညီမလေးလဲ စက်ရုပ်ပဲဖြစ်ချင်တယ် ။ ဘာမှ မခံစားချင်လို့း)

Talkii said...

တစ်ခာ တစ်ခာ စက်ရုပ်လူသားလိုနေရင်းက တိုက်ဆိုင်မှုရှိလာမှပဲ အတိုးချ ကွဲတော့တာပဲ။