Saturday, July 23, 2011

ဖြစ်၍ မပျက်ခြင်းများ ( ၃ )

“ ကိုကျော်.. ခင်ဗျားဟာ စာလုံးပေါင်း မှားနေတယ်ဗျ .. ”
“ ဟင် .. ဘယ်မှာလဲ ”
“ ဖြစ်ပျက် ( ၂ ) မှာလေ၊ ခင်ဗျားကလည်းဗျာ..၊ ရေးချင်ပြောချင်လိုက်တာလည်း ပြာလို့ ၊ ရေးလိုက်တော့ လည်း
ချာ.. လို့  ဆိုသလိုဖြစ်နေပြီ.. ”
“ ကဲပါကွာ .. အထွန်းကလည်း၊ ဘယ်နေရာလည်းပြော... ”
“ အဓိက စကားလုံး သံသရာလေ ... ၊ ခင်ဗျား ယပလက်နဲ့  ယာ ထားတယ်၊ သံသယာ တဲ့  ၊ ဘာလဲ .. ထွင် တာ
လား ”
“ ဟား........... သွားပါပြီကွာ..၊ ခုမှ မင်းလာပြော ..”
“ ကျွန်တော်လည်း အခုမှ ရောက်တာကိုးဗျ ၊ ကိုကျော် ခင်ဗျားကတော့  စာကြီး ပေကြီးကို ကိုင်ပြီးတော့ 
ခေါင်းစဉ်က စ, မှားနေတော့ တယ်၊ ထွန်းအိန္ဒြာဗို ဆိုတဲ့  မချစ်ရရင် မနေနိုင်တာကလွဲ.. လို့ ဆိုသလို၊ ခင်ဗျားက
တော့ မမှားရရင် မနေနိုင်တာက လွဲ... လို့  ဖြစ်နေပြီ ”
“ အေးကွာ... ပြင်ရအုံးမယ် ”
“ ဟေ့ လူ .. ပြင်မနေနဲ့ တော့  ၊ ခုပဲ ခင်ဗျားရေးနေတာ ဆရာမာန်ရဲ့  လှပူရီ ( ၂ ) တောင်ရောက်သွားပြီ ”
“ အင်း .. ကျွန်တော် ဖြတ်ရေးချင်တာက ဖြစ်ပျက်( ၃ ) ဗျ ..၊ စာက အကြီးကြီး ဖြစ်နေတော့  .. ”
“ ဘာလဲ .. မနိုင်တော့ ဘူး ဆိုပါတော့ ၊ ဒါကြောင့်  ခင်ဗျားကို ဒေါ်ကြယ် ပြောတာ... ဆြာကြီးလို့ ၊ အသိနဲ
အကျင့်  တစ်ထပ်ထဲ ကျ, သွားတော့ မှ ရေးတဲ့  ရေးကွက်တွေလည်း... ”
“ ဟာ ... ကိုထွန်းထွန်း .. ဒီလိုလဲမဟုတ်ပါဘူး၊ မကျင့် နိုင်သေးပေမယ့်  ကိုယ် နာ,မိသလောက်လေးပဲ ရှိစုမဲ့ စု
ပရိတ်သတ်ကို ...”
“ ဆရာလုပ်တယ်ဆိုပါ ... ”
“ မဟုတ်ပါဘူးဗျာ... ကိုယ် သိ သလို သိသွားစေချင်တာပါ၊ တစ်ချို့  အကြောင်းအရာလေးတွေက ရိုးရိုးရှင်းရှင်း
လေးတွေလေ ...”
“ ဘယ်လို ဟာမျိုးလဲ .. ”
“ ဖြစ်ပျက်... ”
“ ဟာ... ခင်ဗျားက ပြောလေ ကဲလေ.. ”
“ မဟုတ်ဖူး အထွန်း၊ တကယ်ပြောတာ .. အရှင်ဇဝနရဲ့  အမှတ်( ၆ ) ခွေမှာပါ၊ ကျွန်တော်တို့  မပျက်နေတဲ့ 
အဖြစ်တွေကို ထပ်ရှင်းထားတာ... ”
“ အော် ... အဖြူလေးရေ ... ခင်များမလဲ ရေးစရာမရှိတော့ လို့  တွေ့ တာရှိတာရေးမိတော့ လည်း ဘလော့ 
လောကမှာ ဘယ်သူမှ မရေးဘူး၊ မရေးရဲတဲ့  အန္တရာယ်အလွန်များတဲ့  ဝိပဿနာ အကြောင်းကိုမှ ကိုင်ရေး
တော့ တယ်နော်၊ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်တဲ့  အဖြစ်မျိုး မြင်ယောင်မိသေးတယ် ”
“ မဟုတ်ရပါဘူးဗျာ...၊ ကျွန်တော်လည်း လေ့ လာနေရင်း သဘောကျမိတဲ့  အချက်လေးတွေ ရှိလာတာနဲ့ 
ကျွန်တော့် ဆီ မကြာခဏ လာလာဖတ်တတ်တဲ့  မိတ်ဆွေတွေကို အကောင်းဆုံးလေး ပေးမိအောင် ကြိုးစား
ကြည့် တာပါဗျာ... ”
“ ကဲပါဗျာ ... ဘယ်မလဲ အခု ( ၃ ) ကို ရေးပြီးပလား .. ”
“ အကြမ်းပဲ ရှိသေးတယ်၊ ဖတ်ကြည့် စမ်းပါအုံး ”

.............................................................................................................

ဖြစ်ပျက်( ၂ ) အဆုံးသတ်တွင် ဒေါ်ကြယ့် ကို နောက်ဘဝ ကြိမ်းသေ လူပြန်ဖြစ်ဖို့ နည်းလမ်းလေး ပြောပြဖို့ 
မေ့ သွားခဲ့ သည်ဟု “ အစ ” လေး ချန်ထားမိခဲ့ သည်။ ထိုအစ၏ အဆုံးကို ယခုပြောပြပါမည်။ မေတ္တာရှင်
ဆရာတော်အရှင်ဇဝန ( ရွှေပြည်သာ )၏ တရားတော်များထဲမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

( ၁ ) သူတော်ကောင်းကို ဆည်းကပ်ရပါမည်။
ဤနေရာတွင် ဘုန်းဘုန်း မိန့် ဆိုသည့်  “ သူတော်ကောင်း ” ဆိုသည်မှာ၊ ငါးပါးသီလလုံရုံ၊ အကြားအမြင်ရရုံ
စိတ်ပုတီးစိပ်၍ မေတ္တာပွားများတတ်ရုံ၊ မြေလျှိုးမိုးပျံတတ်သည့်  ဘိုးတော် ဝိဇ္ဇာ များကို မဆိုလိုပဲ ပညတ်၊ ဓါတ်
ပရမတ်တို့ ကို ကွဲပြားအောင် သင်နိုင် ရှင်းနိုင်သူ၊ “ ငါ ” ဆိုပြီး စွဲနေသော “ ဒဋ္ဌိ ” ကို ကွာသွားအောင် သင်ကြား
ပြသနိုင်သည့်  သူတော်ကောင်းပုဂ္ဂိုလ်တို့ ကို ဆိုလိုပါ၏။ “ ဒဋ္ဌိ” ကွာသွားအောင် ဟောနိုင်ပြောနိုင်သူ ဆိုလျှင်
သံဃာကို မဆိုထားနှင့် ၊ လူပုဂ္ဂိုလ်၊ သီလရှင်တို့  ဖြစ်နေလျှင်ပင် နာသင့် ကိုးကွယ်သင့် သည်ဟု တိုက်တွန်းထား
ပါသည်။ ဥာဏ်စခန်း ဖြစ်သော ဝိပဿနာနယ်တွင် “ ဆရာကောင်း ” အလွန်ရှား၍ တွေ့ နိုင်၊ ဆုံနိုင်ခဲ လွန်းသော
ကြောင့် ပါတည်း။

( ၂ ) တရား နာ ရပါမည်။
( ၃ ) နာပြီးသော တရားတော်တို့ ကို ထပ်ပြန်တလဲလဲ နှလုံးသွင်းနေရပါမည်။
( ၄ ) နှလုံးသွင်းထားမိသော တရားတော်တို့ အတိုင်းလည်း ကြိမ်ဖန် များစွာ ကျင့် ကြံ အားထုပ်နေရပါမည်။

အထက်ပါ အချက်လေးချက်ကို တကယ်ပဲ ပြီးပြည့် စုံနေအောင် ကြိုးစားနိုင်ပါလျှင် ယခုဘဝ သေလွန်ပြီး နောက်
ဘဝ ဘယ်ရောက်လို့ ၊ ဘာဖြစ်မှန်းမသိတော့ သည့်  အန္တပုထုဇဉ် ဘဝမှ လွတ်မြောက်၍ နောက်ဘဝတွင် အနိမ့် 
ဆုံး “ လူ ” ပြန်ဖြစ်မည့်  “ သောတပန် အငယ်စား ” အဆင့်ပင် ဖြစ်ပါကြောင်းလည်း ဗဟုသုတ အဖြစ် နာ မိခဲ့ 
ပါသည်။ သောတပန်အငယ်စားကို “ စူဠသောတေပန်” ဟုလည်း ခေါ်ဆိုပါသည်။ ကျွန်တော်တို့ အားလုံး လုပ်နိုင်
ကြိုးစားနိုင်သည့် လက်တစ်ကမ်းတွင်ရှိနေသော အဆင့် ကလေးပါပဲ ။ အိမ်ယာစီးပွားတို့  စွန့် စရာမလိုပဲ၊ မိသားစု
ကိစ္စ၊ စီးပွားရေးကိစ္စ၊ အလုပ်အကိုင် လူမှုတာဝန်တွေ ကျေပွန်စွာ လုပ်နေရင်းပဲ လုပ်နိုင်သည့်  အလုပ်ကလေး
ဖြစ်ပါ၏။ သို့ ရာတွင် ကိုယ့် ကိုယ်ပိုင်အချိန်ကလေးတွေကိုတော့  ဖဲ့ သုံးရပါမည်။ ဗီဒီယို ကြည့်ချိန်၊ အွန်လိုင်း
တက်ချိန် အားလွန်း၍ ဟိုရောင်ရောင်၊ ဒီရောင်ရောင် လုပ်နေတတ်သော အချိန်တွေကို ထုပ်သုံးရပါမည်။
အာဇာနီစိတ်ဓါတ်၊ သံမဏိစိတ်ဓါတ်ဖြင့်  ထိုအဆင့် တွေကို ကျော်ဖြတ်ရပါမည်။ ရုန်းထ, ရပါမည်။ ကိုယ့် အစွမ်း
သတ္တိကို မှတ်ကျောက်အတင်ခံနိုင်ရပါမည်။

ကျွန်တော့် သူဌေးဆိုလျှင် အမျိုးသမီးက မြန်မာဖြစ်လျှက်နှင့်  ခရစ်ယန်ဘာသာဝင်ဖြစ်နေ၍ သူ့ ခင်မျာ တနင်္ဂနွေ
နေ့ တိုင်း သူ့ အမျိုးသမီးနှင့် လိုက်ပြီး ဘုရားကျောင်းတက်၊ ဝတ်ပြုဆုတောင်းနေရပါသည်။ သူ့ အိမ်မှာတော့ 
ဗုဒ္ဓဘာသာဘုရားစင် ရှိပါ၏။ ဘဝတစ်သက်တာလုံးလုံး ဆုတွေတောင်းရင်း သူ့ အချိန်တွေ ကုန်လွန်ခဲ့ ရရှာ၏။
တစ်လောက ဒယ်အိုးဆရာတော်၏ တရားပွဲရှိသည်ဆို၍ စိတ်ဝင်တစားဖြင့်  သူ့ ဘဝမှာ ဒီအသက်၊ဒီအရွယ်
ရောက်လာပြီးမှ တရားတစ်ပွဲကို တစ်ခါဘူးမှ ဖြစ်ဖြစ်မြောက်မြောက် မနာခဲ့ ဘူးပါဟု ဖွင့် ပြောရှာပါသည်။
သူက အလုပ်ထဲတွင် အလုပ်သမားအားလုံးကို စက်ရုပ်တွေလို တရစပ်အချိန်ပြည့်  ထိန်းကျောင်းမောင်းနှင်နေ
သလောက် သူကိုယ်တိုင်လည်း စက်ရုပ်တစ်လို ဖြစ်နေရှာသူ ဖြစ်သောကြောင့်  ဒီတစ်ခါတော့  သူ့ ကို ပြောင်း
လဲ နိုင်တော့ အံ့ ဟု ဆိုပြီး၊ တရားပွဲ၌ ကျွန်တော်သူ့ ကို စောင့် ခဲ့ ပါ၏။ ထိုနေ့ က သူမလာဖြစ်တော့ ပါ။
သူ့ အမျိုးသမီးနှင့်  ဘုရားကျောင်းလိုက်သွားရသောကြောင့် ဖြစ်ပါသည်။ သူ့ မိဘညီအစ်ကို မောင်နှမတွေအား
လုံးကတော့  ဗုဒ္ဓဘာသာစစ်များပင်ဖြစ်ကြပါသည်။

ထို့ ကြောင့်  ကျွန်တော်လည်း တွေးတော ဆင်ခြင်မိပါ၏။
တရားနာရခြင်းသည်လည်း အတိဒုလ္လဘန် ( အမတန်ရခဲခြင်း ) ပါပဲဟု..။
နာရမှာ ပျင်းခြင်းကနေ နောက်ဆုံး လုံးဝ မနာဖြစ်တော့ ခြင်းအထိ ရောက်ရှိသွားခဲ့ ခြင်းပဲဖြစ်သည်။
တစ်ချို့ က တရားထိုင်ရင် ပြီးတာပါပဲ။ တရားနာစရာမလိုပါဘူးဟု စောဒက တက်နေတတ်ကြသည်။
လုံးဝ မှားယွင်းနေသော အယူအဆ ဖြစ်ကြောင်း ဘုန်းဘုန်းမှ သတိပေးထားလေသည်။
လောကမှာ တရားမနာပဲ မဂ်၊ဖိုလ်၊ နိဗ္ဗာန်ရောက်နိုင်သူဟူ၍ ဘုရားရှင်တို့ နှင့် ပစ္စေကဗုဒ္ဓာတို့  နှစ်ဦးသာရှိသည်
ဟု ဆိုပါသည်။ ဘုရားငယ်နှင့်  ဘုရားကြီး ဖြစ်ပါသည်။ သူတို့ နှစ်ဦးက တရားတော်ကို ကိုယ်တော်တိုင်ပဲ ရှာတွေ့ 
ခဲ့ ကြသူများ ဖြစ်သောကြောင့် ပင်။

ထို့ ကြောင့် ထိုဘုရားရှင်တို့  နှစ်ဦးမှလွဲ၍ ဤလောကကြီးဝယ် မည်သူတစ်ဦးတစ်ယောက်မှ တရားမနာပဲ
သောတပန် မတည်နိုင်၊ မဂ်၊ဖိုလ်၊ နိဗ္ဗာန်မရောက်နိုင်ဟု မှန်သောအဆိုကို ကျွန်တော်တို့  မမေ့ စကောင်းပါပေ။
တစ်ချို့ ကတော့  ... “ ... ရအုံးမယ် ” ကိစ္စများမြောင်တွေနှင့်  နောက်မှ၊ နောက်မှ ... လုပ်နေရင်း၊ စနေကနေ
တနင်္ဂနွေ၊ ပြီးတော့  တနင်္လာ..၊ တနင်္လာကနေ... ဟော တစ်ပတ်ကုန်သွားပြီး နှစ်ပတ်ကနေ၊ လဝက် .. နောက်
လကုန်သွားပြီးတစ်လ၊နှစ်လကနေ တစ်နှစ်တောင် ကုန်သွားပြန်တော့ သည်။ မနာဖြစ်ခဲ့ ပါ တရားတစ်ပွဲကို...။
အဲ.. ပုတီးတော့  စိပ်ကြပါ၏။ “ နာ” ရမှာကို ကြောက်နေ၊ ပျင်းနေကြခြင်းပါပဲ ..။

အလွန်ခင်ရသော မိတ်ဆွေတစ်ယောက်ကို ကျွန်တော် ကြိုက်၍ နာနေသော“ လင့် ” ကလေးကို မောက်(စ)
လေးထောက်၍ ဝင်ရုံမျှပေးလိုက်ပေမယ့်  သူ့ ခင်မျာ ယနေ့ အချိန်ထိ မနာဖြစ်ခဲ့ ပါတဲ့ ။ အမြဲတန်း “ နီ ”၍ ဘီးစီး
နေပါသည်။

“ ဟာ .. ကိုကျော်၊ ဒီလိုတွေတော့  မရေးနဲ့ ဗျာ..၊ ခင်များက အားလုံးနဲ့  ဆန့် ကျင်ဖက် ဖြစ်နေပြီ၊ လူတစ်ရာနဲ့ 
တစ်ယောက် ဖြစ်နေပြီ၊ ဒီအပိုဒ်လေး ဖြုတ်လိုက်ပါလား... ”
“ မဖြုတ်ချင်ဘူးဗျာ.... ”
“ ဟ ... ခင်များတောင် လုပ်နိုင်သေးလို့ လား၊ သူများကို လျှောက်လက်ညှိုး ထိုးနေတယ် ”
“ အထွန်း ..၊ ဒီလို မြင်လို့  မရဘူးဗျ၊ ကျွန်တော်က အပြင်မှာ ဘယ်လိုပဲ ပေါက်ကရ လုပ်နေပေမယ့် ၊ စာ ကို
ရေးတဲ့ အခါမှာတော့  အမှန်ပဲ ရေးရမယ်လို့ မြင်တယ်၊ ကိုယ်က မမှန်သေးပေမယ့်  မှန်တာကို ဖတ်မိလို့ 
ဖတ်မိတဲ့ အတိုင်းပဲ ရေးတာပါ .. ”
“ ခင်များတော့  .. မေးအငေါ့  ခံ ရတော့ မယ်.. ”
“ မှန်တာရေးလို့  ငေါ့ ရင်လည်း ငေါ့ ပလေ့ စေတော့  အထွန်းရေ့  .. ”
“ ......... ”
“ ဆက်ဖတ်စမ်းပါအုံးဗျာ... ကျေးဇူးပြုပြီး ... ”

............................................................................................................................................

ဖြစ်နေသော အရာအားလုံး ပျက်ပြောက်နေပါသည်ဆိုသည့် နေရာတွင် အထက်က ပြောခဲ့ သော အချိန်များ
လည်း ပါဝင်ပါသည်။ ပြက္ခဒိန်တွေ တစ်အုပ်ပြီး၊ တစ်အုပ် လဲလာပေမယ့် အော် တစ်နှစ်ကုန်ပြန်ပေါ့ ၊ သင်္ကြန်
ရောက်ပြန်ပေါ့ ၊ ဟက်ပီးနယူးရီးယား အော်ရပြန်ပေါ့  ... သည်လောက်ဖြင့်သာ အသိအမှတ်ပြုပြီး သည့် ထက်
ပိုပြီး မတွေးကြ၊ မသိချင်ကြ၊ မှန်ကြည့် ၍ လှ ကောင်းတုံး၊ ချော ကောင်းတုံး ။

ကျွန်တော်ပင်လျှင် ထိုနေ့ က ဒယ်အိုးဆရာတော်၏ တရားပွဲမှ အပြန် ညအိပ်ယာဝင်ခါနီး ရေချိုးဘို့  ရေချိုးခန်း
ဝင်ရင်း နံရံကပ်မှန်ပေါ်ရှိ ကိုယ့် ရုပ်ရည်ကို ကြည့် မိပြီး သည်ရုပ်သည်ရည်ဖြင့် မွေးပေးခဲ့ သော ကျွန်တော့် အမေ
ကို ကျေးဇူးတွေတင်နေမိသည်။ ကြည့် ပျော်ရှု့ ပျော်ပဲကိုး ..။ ပီတိတို့ မဆုံးခင်မှာပဲ ဘုန်းဘုန်း၏ “ ကဲ .. ယောဂီ
တို့ ရေ..၊ ယောဂီတို့  တစ်နေ့ ထက်တစ်နေ့  အိုလာသလား ပျိုလာသလား ” ဟု အလစ်အငိုက် အဖြေခက်သွား
သည့် မေးခွန်းကို ပြန်တွေးမိခဲ့ ပါ၏။ တွေးမှ သိ ကြပါလိမ့် မည်။ ကိုယ့် ရဲ့ အသားအရည်တို့ သည် ဟိုး လူမမယ်
ခလေးဘဝ သုံးလေးငါးနှစ်က သွေးရောင်လေးလွှမ်း၍ ပြည့် ပြည့် ဖောင်းဖောင်း ပါးပြင်လေးမျိုး ရှိသေးရဲ့ လား..။

ဆိုတော့ ကာ ... ကျွန်တော်တို့ ရဲ့  ကျန်နေနိုင်သေးသော အချိန်လက်ကျန်တွေကို တွက်ချက်ရပါတော့ မည်။
လူ့ ဘဝမှာ ကိုယ့် ဘာသာရဲ့  အနှစ်ကို မရှာမဖွေပဲ အချိန်တွေဖြုန်းနေခဲ့ တာ ဘယ်လောက်ရှိခဲ့ ပြီလဲ လို့ ။ ကိုယ်
ကရော ဘယ်လောက်ထိတောင် ၊ ဘယ်အနှစ်ဘယ်နှစ်ဆယ်ထိအောင် ရှိနေပါအုံးမည်လဲလို့  ။ ကိုယ့်ကိုယ်ကို
ရော အာမခံ ရဲပါသလား လို့ ။ တစ်ခုမဟုတ်တစ်ခု ဖြစ်လာနေပြီမဟုတ်ပါလားလို့ ။ အမြဲတန်း ဖြစ်နေပါတယ်၊
မြဲနေပါတယ်လို့  ထင်နေမိခဲ့ သော ပျက်ခြင်းရဲ့  “ အစ ” တွေကို သည်အရွယ်တွေတွင် စလိုးမိုးရှင်းပြကွက်များ
ဖြင့် မြင်နေရပြီမဟုတ်ပါလားလို့  ။

စာစကားဖြင့်  ပြောရလျှင် ရုပ်ဓါတ်တွေက “ တစ် ” ဆိုသော စက္ကန့် လေးအတွင်းမှာပင် ကုဋ္ဋေငါးထောင်ရှစ်ရာ
ရှစ်ဆယ်ကျော် ဖြစ်၍ ပျက်နေကြပြီး၊ နာမ်ဓါတ်တွေကတော့  ကုဋ္ဋေတစ်သိန်းကျော် ဖြစ်ပြီးပျက်နေကြပါသည်။
ကျွန်တော်တို့ ဥာဏ်ဖြင့်  မမြင်နိုင်သည့် “ ပရမတ် ” သဘောပဲဖြစ်ပါသည်။ ဒါဆို ဘာဖြစ်လို့  ကျွန်တော်တို့ 
အသက်ဆက်ရှင်နေကြရပါသလဲ... ဆိုလျှင် ၊ ထပ်ပြန်တလဲလဲ အစားထိုးနေလို့ ပဲ ဖြစ်ပါသည်။ ရုပ်ဓါတ်၊နာမ်ဓါတ်
တို့  အစားမထိုးနိုင်တော့ သော တစ်နေ့ ဝယ် ကျွန်တော်တို့ ခန္ဓာကြီး အပြီးတိုင် ချုပ်ငြိမ်း၍ သေဆုံးခြင်းသို့ 
ရောက်ရပါတော့ မည်တဲ့ ။

ဖြစ်ပျက်၏သဘော၊ ပရမတ်သဘောကို ကျွန်တော်တို့  ကိုင်တွယ်ကြည့် လို့ မရနိုင်ပါ။ ဥာဏ်ဖြင့် သာ
ကြည့် ရပါမည်။ ကျွန်တော်တို့  ကိုင်ကြည့် လို့ ရနေသည်မှာ ပညတ်ဖြစ်သော “ လူ ” ဟု၊ ခေါ်ရန် ပညတ်ထား
သော “ လူကောင်ကြီး ” သာဖြစ်ပါ၏။
ဥပမာပေးထားသည်မှာ ... တီဗွီဖန်သားပြင်ပေါ်မှ လှုပ်ရှားမှုန်ဝါးနေသော ရောင်စုံ အစက်အပျောက် အရုပ်များ
ကို ကိုင်တွယ်၍မရပေမယ့်  တီဗွီဖန်သားပြင်ကိုတော့  ကိုင်တွယ်၍ ရ နေခြင်းပဲဖြစ်ပါ၏။
ဆိုလိုသည်မှာ “ ပရမတ် ” တို့ ကို ကိုင်တွယ်၍မရနိုင်ပဲ ၊ “ ပညတ် ” တို့ ကိုသာလျှင် ကိုင်တွယ်၍ ရနိုင်သည်ဟု
ဆိုလိုခြင်း ဖြစ်ပါ၏။
လောကဝယ် ပရမတ် ( အရှိတရား ) က စိတ်၊ စေတစ်သိပ်၊ ရုပ် ၊ နိဗ္ဗာန် ဟူ၍ လေးမျိုးပဲ ရှိပါသည်။ ထိုလေးမျိုးမှ
လွဲ၍ ကျန်သည့် အရာအားလုံးသည် မရှိတရား “ ပညတ် ” များသာဖြစ်ပါသည်။
တနည်း ထပ်ရှင်းထားသည်မှာ သိတာမှန်သမျှ ပရမတ်၊ မသိတာမှန်သမျှ ပညတ် ဟု မှတ်ယူနိုင်ကြောင်းပါပဲ။

ထို့ ကြောင့်  “ ဝိပဿနာ” အလုပ်သည် အမတန် ခက်ခဲ သိမ်မွေ့ သည့် အလျောက် ဥာဏ်ထက်မြက်သည့် သူ
များမှသာလျှင် အချိန်တိုတိုအတွင်း သိနားလည် နိုင်မည်ဟု ဆိုထားသောကြောင့်  ကျွန်တော့်လို ဥာဏ်ရည်
အလွန် နဲ နေသူအဖို့  ယနေ့  အချိန်ထိ ဖြစ်သမျှတို့ က ပျက်မနေနိုင်ခြင်းပဲ ဖြစ်ပါသည်။ ထို့ ကြောင့် မအားသည့် 
အချိန်တွင် စာမရေးနိုင်သလို အားသည့် အချိန်တွင် ရှိထားသော ဘုန်းဘုန်းတို့ ၏ တရားတွေပဲ နာဖို့  ကြိုးစား
မိတော့ သည်။ ဒါတောင်မှ .. လုပ်စရာတွေ ပေါ်လာလို့  ပြီးဆုံးသွားအောင်နာခဲ့ မိသည့်  အချိန်က ခပ်နည်းနည်း။

နောက်အရေးကြီးအချက်တစ်ခုမှာ အပျက်တွေ ရှု့ ဖို့ ၊ သေနည်း ပြင်ဖို့  “ ဒိဋ္ဌိ ” ပျောက်အောင် ၊ တွေးသည့် 
မြင်သည့် ၊ ရှု့ သည့် နည်းကိုလည်း ဘုန်းဘုန်းက အကျယ် ဟောထားပြန်ပါသည်။ ကျော်ကျော်ဆိုသော
ကျွန်တော်သည် အလုပ်စခန်း ( တွေးသည့်အချိန် ) ၌ ကျော်ကျော်ဟူသော ပညတ်ကို ခွာ ချသည့် တွေးပုံ၊ တွေး
နည်း ပဲ ဖြစ်သည်။ အမတန် သဘောကျဖွယ်ဖြစ်ပါ၏။

အမှန်ကတော့  ဝိပဿနာ ဟူသည် မလိုချင်အောင်ပဲ တွေးမှ ကျင့် မှ လိုချင်တာ ကို ရမည့် အလုပ်ဟု
ကျွန်တော့် ဥာဏ်ကလေး တစ်ထွာတစ်မိုက်ဖြင့်  ထင်မိပါတော့ သည်။

“ ဟင် .. ပြီးသွားပြီလား ”
“ အလုပ်တစ်ဖက်နဲ့ ဗျာ...၊ ရေး ရတာ အိပ်ချိန်ရော့ သွားရင် အလုပ်ထဲကျ လုပ်လို့ မကောင်းဘူး၊ အခု အလုပ်ပူ
နေလို့  မတင်တာ အတော်ကြာနေပြီ၊ ဇွတ်ရေး ရတာ...”
“ ဒါဆို ဆက်ရန်ပေါ့  ဖြစ်၊ ပျက် ( ၄ ) ပေါ့ နော... ”
“ အင်း ...”
“ ကျွန်တော်တော့  ပေါက်သလိုလိုနဲ့  မပေါက်ဖူး ကိုကျော်ရေ့  ... ”
“ ဟားဟား.. ကျွန်တော်လည်း ရေးသာနေတာပါ ၊ အခုချိန်ထိ ပျက်သလိုလိုနဲ့  ဖြစ်နေတုံး.... ”
“ ဒါဆို ဘယ်တော့  ... ”
“ အလုပ်ပေါ် မူတည်တယ်၊ နားရက် တင်မယ်.”
“ ကြားရက်ရော... ”
“ ဆရာမာန့် ဟာပဲ ရသလောက်ရေးသွားမယ် ”
“ အင်းလေ .. ဖြစ်ပျက်က အန္တရာယ် ရှိတယ် အမှားမခံ တော့  ဖြေးဖြေး ရေးပါ ”
“ အင်းပါ ”

...................................................................................................................


( ဆက်ရန် )

9 comments:

စံပယ်ချို said...

အရင်ဆုံးဖတ်ရတယ်ထင်တယ်
သူငယ်ချင်းရေ....ချစ်သူရွှေးရင်ဘာသာတူပါစေနော်
တော်ကြာ ဘုရားကျောင်းလိုက်နေရမယ်..
ချမ်းမြေ့ပါစေရှင်။ ။

mstint said...

လက်ရှိခန္ဓာ မတွယ်တာနှင့်
နောင်လာဘဝ မတောင့်တဘဲ
ကြောင့်ကြဇွဲဖြင့် အမြဲမပြတ်
ဝိပဿနာ လေ့လာကြိမ်ကြိမ်
အာစိဏ္ဏကံ ဖြစ်ကြောင်းဖန်မူ
ထိုသည့်သူကား အယူမလွဲ ဂတိမြဲ၏။

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ သံဝေဂလင်္ကာမှ)

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

တန်ဖိုးရှိတဲ့တရားလေးနာသွားတယ်။

kiki said...

ဖြစ်ပြီးရင် ပျက်ရမှာ ..မဟုတ်ဖူးလား..ခုတော့ ဖြစ်ပြီး မပျက်တာကို နားမလည်စွာ လာဖတ်မိပြီး.. ဒီနေရာ ရောက်တော့ ပို ရှုပ်ထွေးကုန်တယ်....
“[ ဆိုလိုသည်မှာ “ ပရမတ် ” တို့ ကို ကိုင်တွယ်၍မရနိုင်ပဲ ၊ “ ပညတ် ” တို့ ကိုသာလျှင် ကိုင်တွယ်၍ ရနိုင်သည်ဟု
ဆိုလိုခြင်း ဖြစ်ပါ၏။
လောကဝယ် ပရမတ် ( အရှိတရား ) က စိတ်၊ စေတစ်သိပ်၊ ရုပ် ၊ နိဗ္ဗာန် ဟူ၍ လေးမျိုးပဲ ရှိပါသည်။ ထိုလေးမျိုးမှ
လွဲ၍ ကျန်သည့် အရာအားလုံးသည် မရှိတရား “ ပညတ် ” များသာဖြစ်ပါသည်။ ” ]

ရုပ်က ကိုင်တွယ်လို့ ရတယ်လေ..ဘာလို့  ပရမတ် ထဲ ထဲ့သွင်းခံထားရတာလည်း...သိပ်နားမလည်ဘူး ဆရာကျော် ရေ..ရှင်းပါဦး..

အူကြောင်ကြောင်..ကိ...

SHWE ZIN U said...

အဖြူလေး ရေ ဟေ့ဟေ့

မကိနားမလည် ဘူးတဲ့ ရှင်းအုန်းရှင်းအုန်း ဖြစမပျက် ၄ ကိုစောင့်နေမယ်

အလုပ်ပူ နေလား

သိင်္ဂါကျော် said...

တရားဆို စာအုပ်ပဲ ဖတ်ချင်တယ်.. တရားနာရမှာ ပျင်းတယ်၊ တရားထိုင်ရင်ပြီးတာပဲ..ဆိုပြီး ကိုယ်လည်း သဘောထားဖူးတယ်... မကောင်းမှန်းလည်း သိပါရဲ့..
ကိုယ့်ကိုယ်ကို ပြုပြင်ရဦးမယ်..

ahphyulay said...

မမကီခင်ဗျား..
ကိုင်တွယ်လို့ ရတဲ့  မရှိတဲ့ အခေါ် ပညတ်
ရုပ်ဆိုတာ.. မမကီ ခန္ဓာကြီးလေ..။
ကိုင်တွယ်လို့ မရတဲ့  အရှိတရားပရမတ်ရုပ်ဆိုတာ
ပရမတ်အုပ်စုဖြစ်တဲ့  စိတ်၊စေတစ်သိပ်
ရုပ်၊နိဗ္ဗာန် ထဲက ရုပ်ဓါတ်၊နာမ်ဓါတ်တွေပါ။
ဆဲလ်ကလပ်စည်းတွေလို့ ထင်ပါတယ်။

sosegado said...

“ ဆရာကောင်း ” လိုသလို ကိုယ်ကိုတိုင်လည်း ကောင်းနဲ့ ဥာဏ်မှီဘို့လိုပေလိမ့်နည်။

Angelhlaing(May everybody be happy and healthy! said...

တန်ဖိုးရှိသောပို့စ်လေးအတွက်ကျေးဇူးပါအကို....
ခုမှရောက်ဖြစ်တယ်...:)