Saturday, September 10, 2011

ပြည်တော်ပြန် အကျဉ်းသား အပိုင်း ( ၁ )

ဒုတိယ အလုပ်ပြောင်းလာချိန်မှာတော့ အလုပ်မှာ သက်သာသွားသလို၊ ခြင်းလုံးခတ်ခွင့် ၊ တီဗွီကြည့် ခွင့် အချိန်
များ အတော့်ကို နည်းပါးသွားသည်။ ပြီးတော့  သေဒဏ် ချမှတ်ထားသူများကိုပါ အစားအသောက် ပို့ သည့် ကိစ္စ
ကြီး ပါလာခဲ့ သည်။ တခြား လိုက်ပို့ ရသည့် အခန်းများလည်း မများလှ။ အခန်းနှစ်ဆယ်ကျော်မျှသာ ရှိသည်။

သို့ ရာတွင် မိန်းမလျာများ ပါသည့် အခန်းသုံးခန်းကို နေ့ စဉ် သန့် ရှင်းရေးလုပ်ရ၊ ထမင်းဟင်း၊ လက်ဖက်ရည်
ပို့ ရသည်မှာတော့ အထူးပျော်စရာ ကောင်းလှ၏။ စင်္ကာပူမှာ လိင်တူဥပဒေက ထောင်ချသည်။ များများတော့ 
ဟုတ်မည်မထင်။ တစ်ချို့ အား တစ်ပတ်၊ ဆယ်ရက်သာ တွေ့ ရ၏။

သူတို့  အခန်းများရှေ့ သို့  သန့် ရှင်းရေး သွားလုပ်ရလျှင် ကျွန်တော်တို့  ဝန်ထမ်းသုံးဦးမှာ မဲခွဲရသေးသည်။
မနက် တစ်လှည့် ၊ နေ့ လည် တစ်လှည့် ၊ ညနေ တစ်လှည့် နှုန်းဖြင့် သွားရစ်ကြသည်။ သူတို့ ကလည်း ဟန်ရေး
ပြကြသည်။ ထောင်ဝန်ထမ်း တွေ့ လျှင်တော့  အဆဲခံရသည်။

မိန်းမလျာများ အတော့် ကို ချောသည်ကိုတော့ ဝန်ခံရပါမည်။
သူတို့ ကိုတော့  ဆံပင် ဖြတ်ချင်မှ ဖြတ်သည်။ အချုပ်ကြီးသဘောမျိုး ထားသည်နှင့် တူပါသည်။ သေချာတော့ 
မသိ။ ငမ်းလို့ ကောင်းသည်မှာတော့  အမှန်ပင်။ ထောင်ကျနေတုံး အချိန်တွင် မိန်းမများနှင့် ခပ်ဆင်ဆင်တူ
သော သူတို့ ကို တွေ့ ရသည်မှာ အတော့် ကို ဘဝင်ချမ်းမြေ့ သော ကိစ္စဟု ထင်ပါသည်။ အောက်ထပ်တွင်တော့ 
ထောင်ဝန်ထမ်းမ များကို တွေ့ ရပါသည်။ သို့ ရာတွင် ယူနီဖောင်းကြောင့် အနေစိမ်းလှ၏။ ကိုယ့် ကို ထောင်ချ
ထားသည့်  ရန်သူဟုပင် မြင်မိသေးသည်။

ကျွန်တော်နှင့် အတူ တာဝန်ကျသည်က အန္ဒိယသားနှစ်ဦး ဖြစ်သည်။ သူတို့  နှစ်ဦးက လကြီးသမားများ ဖြစ်၏။
အနီဝတ်သမားများဘက်ကို တော်ရုံကိစ္စဖြင့် မသွားရ။ အလုပ်မှာလည်း မယ်မယ်ရရ မရှိရှာပါ။ စင်္ကြန်လမ်း
တစ်လျှောက် သန့် ရှင်းရေး လုပ်ရချိန်၌သာ အနည်းငယ် ပင်ပန်းသည်။ ချွေးထွက်လောက်အောင် ပင်ပန်းပြီ
ဆိုလျှင် အလုပ်ကလည်း ပြီးပြီ။ မိန်းမဆောင်တုံးကလို ပြေးဟဲ့  လွှားဟဲ့ မရှိ။ ထို့ ကြောင့် စာအုပ်များများ ဖတ်
ဖြစ်သည်။ ထောင်တွင်းသို့  သွင်းခွင့် ရသည့် စာအုပ်များမှာ စာမဲ့ ကာတွန်းများ၊ သရဲတစ္ဆေ ဝတ္ထုများနှင့် 
သတင်းစာများလောက်သာ တွေ့ ရသည်။

ကျွန်တော် စမ်းတဝါးဝါး ဖတ်ဖြစ်သည်က Neight Mara ခေါ် ညတစ္ဆေဝတ္ထု များသာ ဖြစ်သည်။ ဝတ္ထုရေးဖွဲ့ ပုံက
ခပ်ဆင်ဆင်ကြီး ဖြစ်၏။ ကျောင်းသား ကျောင်းသူများ ပျော်ပွဲစား ထွက်ရင်း တစ္ဆေ ဝင်ပူးခံရတာမျိုး၊ အိမ်မှာ
တစ်ယောက်တည်း နေစဉ် တစ္ဆေ လာခြောက်တာမျိုး၊ တစ္ဆေက အိမ်မက်ပေးတာမျိုး စသည့် ပုံစံများသာ အများ
စု ဖြစ်၏။ မြန်မာပြည်ကလို နှစ်ဆောင်ပြိုင်အိမ်ကြီး ဇာတ်လမ်းမျိုး၊ အိမ်ကြီးမာယာ ဝင်္ကပါလို ဇာတ်လမ်းမျိုး၊ သရဲ
ခြောက်သည်ဆိုသော အိမ်ကြီး ဇာတ်လမ်းမျိုး မရှိ။ ကျွန်တော့်မှာ ပျင်း၍ပင် သွားရသည်။ ယိုးဒယားမှာ ဝက်မွေး
ခဲ့ စဉ်က ကြိုးဆွဲချ သေသွားသော သူဌေး၏ မိတ်ဆွေအား သူဌေးက တရုတ်ပီပီ အစောင့် အရှောက်အဖြစ်
ပြန်နေပေးပါရန် တောင်းပန်ထားသည့် အိမ်ကြီးတွင် တစ်ဦးတည်း နေလာခဲ့ သော ကျွန်တော့် အဖို့ စင်္ကာပူနှင့် 
မလေးမှ တစ္ဆေ ဇာတ်လမ်းများသည် နားယားရုံမျှသာ။

ကျွန်တော်မှ နားယားရုံ ဖြစ်သည်မဟုတ်။
အန္ဒိယသား နှစ်ယောက်မှာ ဖတ်၍ပင်မကြည့် ။ သူတို့ ဝါသနာပါသည်က သီချင်းကိစ္စ၊ အန္ဒိယတေးသီချင်းများ
ကိစ္စသာ။ သရဲတစ္ဆေကို သူတို့ စိတ်မဝင်စား။ ထို့ ကြောင့် မဲများရာ သူတို့ ဘက်သို့ လိုက်၍ ကျွန်တော်လည်း
အိန္ဒိယဇာတ်ကားများကိစ္စ ဝင်ဆွေးနွေးရတော့ သည်။ သူတို့ အတွက် ကမ္ဘာ့ ဟီးရိုး ဖြစ်နေသည့်  “ ရပ်ကူးမား ”
ကို ကျွန်တော် မသိ။ ကျွန်တော် သိသော အမီတာဘဂျမ်း၊ ရှိုးလေး၊ ကုလားကျော်ဟိန်း စသည့်  မင်းသားများကို
သူတို့ က လှောင်သည်။ သူတို့ အထင်မကြီး။ သူတို့  မင်းသားကြီးပုံကို ပြတော့ နှုတ်ခမ်းမွှေးကားကားနှင့် ချော
တော့ ချောပါသည်။ သူတို့  ပြောနေလောက်အောင် ကမ္ဘာ့ ဟီးရိုးကြီးအဖြစ် ကျွန်တော် မသိ။ နောက်မှ ပြောရင်း
ပြောရင်း သူတို့ မှာ ဘာသာကွဲ၊ လူမျိုးကွဲ ကိစ္စများ ပြည့်နှက်နေကြောင်း သိရတော့ သည်။ ကျွန်တော် သိသော
မင်းသားများက ဘူဇွာ ဖြစ်နေ၍ သူတို့ ဟီးရိုးမှာ အလုပ်သမား ဆန်နေသည်ကိုး။ အန္ဒိယလူတန်းစား၏ အများ
ဆုံးသော အခြေခံလူတန်းစားများ ကြားမှာ ဟီးရိုး ဖြစ်နေခြင်းပါပဲ။

ကျွန်တော့်မှာ သူတို့ နှင့် အင်္ဂလိပ်စကားပြော လေ့ ကျင့်ရသည်။ အကြီးကောင်က ကျွန်တော့် ကို စိတ်မရှည်။
အငယ်ကောင်က တစ်ခါတစ်ရံ ကျွန်တော်ပြောသည်ကို ဝါကျမပီသ၍ လှောင်ပြောင်သော်ငြား ပြန်၍ ပြုပြင်
သင်ကြားပေးပါသည်။ စစ်တုရင်ကစားရာမှာတော့  ကျွန်တော်က ဗိုလ်။ တစ်ခါတစ်ရံ မြင်းအကျ ပေးရသည်။
ဘီးရှော့  အကျပေးရသည်။ သူတို့  နှစ်ယောက် ကစားလျှင်ပင် တရားသူကြီး ဝင်လုပ်ပေးရပြန်သည်။ သူတို့ နှင့် 
သဘောတူညီသည့်  အချက်က ဘာသာတရား ဝတ်ပြုချိန်တွင် မနှောက်ယှက်စတမ်း ဖြစ်၏။ သူတို့  ဝတ်ပြုလျှင်
ကျွန်တော်က ရှောင်ပေးသည်။ ကျွန်တော် ဘုရားရှိခိုးလျှင်လည်း သူတို့  ရှောင်ပေးနေသည်။ ဘာသာရေး
အငြင်းအခုံ ကိစ္စများလည်း မပြောဖြစ်ကြ။

ပထမ အဆောင်မှာတုံးက အန္ဒိယသားတစ်ဦးနှင့် စကားများခဲ့ ချိန်မှ စ,ပြီး ကျွန်တော် ဘာသာရေးကိစ္စကို အထူး
ဆင်ခြင်တော့ သည်။ သူက ဗုဒ္ဓအား ရာမ ဝင်စားသူ၊ ဗြဟ္မာကြီး၏ ကိုယ်ပွား အဖြစ် လည်းကောင်း သတ်မှတ်
ထားသည်မို့  ကျွန်တော်နှင့်  ငြင်းရတော့ သည်။ ငြင်းရင်းပင် မခြေမငံ ဖြစ်ကြသည်။ ထိုအတွေ့ အကြုံက ရှိခဲ့ ပြီ
မို့  အန္ဒိယသားများနှင့် ဘာသာရေး မဆွေးနွေးမိအောင် သတိထားရသည်။ ကျွန်တော် သိသမျှ ခန့် မှန်းရလျှင်
အန္ဒိယတစ်တိုင်းလုံး၌ ဗုဒ္ဓဘာသာအကြောင်း သိသူများမှာ မြန်မာပြည်၏ ဆယ်ပုံတစ်ပုံပင် ရှိတော့ မည်မထင်။
ထို့ ကြောင့်  မသိသူများနှင့်  ငြင်းနေ၍ အကျိုးမမြင်။

ဤသို့ ဖြင့်  ပျင်းရိငြီးငွေ့ စွာ ထောင်ကျရက်များကို ဖြတ်သန်းရင်း လွတ်ရက်သို့  ရောက်လာခဲ့ တော့ သည်။
သို့ ရာတွင် မပျော်အား။ ကျွန်တော်က လှေဖြင့် ပြန်ရမည့်  စာရင်း၌ ပါသွားပြီးသူ ဖြစ်သည်။ အိမ်ကို စာရင်းပို့ စဉ်
က လေယာဉ်လက်မှတ် ပို့ ပေးရန် မှာလိုက်သော်ငြား သံရုံးမှ ထောက်ခံစာ ပါမှ လေယာဉ်စီးခွင့် ရမည်ဆိုသဖြင်
ကျွန်တော် မစောင့် ချင်တော့ ။့ အဖမ်းခံရစဉ်ကပင် ခိုးဝင်ပါသည်ဟု အပြစ်ဒဏ် ခံခဲ့ ရသည်ကိုး။ အမှုစစ်ရဲက
ကျွန်တော် ပတ်(စ)ပို့ ဖြင့် ဝင်လာခဲ့ မှန်း သိသော်လည်း ထွေထွေထူးထူး မမေး။ ပတ်(စ)ပို့ ကိစ္စ ဝင်လာလျှင်
လေယာဉ်လက်မှတ်ကိစ္စက အပူမသေးလှကြောင်း မြန်မာများနည်းတူ ရဲများလည်း သိကြ၏။ လေယာဉ်လက်
မှတ်ဈေးနှုန်းကြောင့်  မြန်မာတော်တော်များများက ခိုးဝင်ပါသည်ဟုသာ ဖြေကြသည်။ ထိုလူများအား စက်လှေ
ဖြင့် ပြန်ပို့ သည်ကို သိထားကြသည်။ တစ်ပြားမှ မရှိလည်း ပို့ ပေးရသည်ကိုး။ ရှိလျှင်တော့  စင်္ကာပူဒေါ်လာ ၅၀
တောင်းသည်။

ကျွန်တော်က လှေဖြင့်ပြန်ရန် ဆုံးဖြတ်ထားသည်မို့ လွတ်မည့် ရက်တွင် မပျော်။ ပို့ ဒေါင်း အကျဉ်းထောင်မှာ
သွားနေရအုံးမည်ဟု ကြားထားပြီး ဖြစ်သည်။

မနက်ပိုင်းတွင် ကျွန်တော်တို့  မြန်မာတစ်စုအား ထောင်မှ ထုတ်၍ တရားရုံးသို့ ခေါ်သွားပြီး တရားသူကြီးထံ
အချုပ်ရက် တောင်းသည်။ ဘယ်နှစ်ရက် တောင်းမှန်းတော့ ကျွန်တော် မသိ။ လ.ဝ.က အချုပ်သို့ လွှဲပြောင်းပေး
ပို့ ပြီး နှစ်ရက် ထားသည်။ ပြီးမှ ပို့ ဒေါင်း အကျဉ်းထောင်သို့  လွှဲပို့ လိုက်ပါတော့ သည်။

တရားမဝင် ဝင်ရောက်လာသူများကို အစွမ်းကုန် တရားပြ ချေချွတ်သည့် ထောင်မှာ ပို့ ဒေါင်းထောင် ဖြစ်သည်။
ကြိမလုံး၊ လက်ဖဝါး၊ စစ်ဖိနပ်ဝတ် ခြေထောက်၊ အစားအသောက် ဆင်းဆင်းရဲရဲ၊ ပိတ်လှောင် မွန်းကျပ်နေအောင်
စုပြုံထည့် ထားသော တရားမဝင်အလုပ်သမားများနှင့်  ပြည့်နှက်နေသော ပို့ ဒေါင်းအကျဉ်းထောင်သို့ ကျွန်တော်
ရောက်ခဲ့ ပါပြီ။

တစ်ပတ်လား၊ နှစ်ပတ်လား၊ တစ်လလား၊ နှစ်လလား မည်မျှကြာမှ ပြန်ပို့ ပါမည်နည်း။ အကယ်၍ သံရုံးသို့ 
အကြောင်းကြားစာ ပို့ လိုလျှင် ပို့ နိုင်သည်။ လေယာဉ်လက်မှတ်ခအား ပေးနိုင်ပါလျှင် သံရုံးထောက်ခံစာဖြင့် 
လေယာဉ်စီး၍ ပြန်ခွင့် ရမည်။ အချိန်ကာလကတော့ မူသေ မရှိ။

စဝင်ဝင်ချင်းမှာပင် ဟစ်တလာရုပ်နှင့်  ထောင်ဝန်ထမ်းက ကျွန်တော်တို့ အုပ်စုအား ထောင်စည်းကမ်းများကို
ပါးစပ်ရော၊ လက်ပါ ခြေနှောပြီး လက်တွေ့ ပြပါတော့ သည်။ ခြောက်ယောက် ပါးရိုက်ခံရသည်။ လေးယောက်
အကန်ခံရသည်။ အပြစ်က ဘာမှ မဟုတ်။ ဘယ်လှည့် ၊ ညာလှည့် ၊ ထိုင်ထ စသည့်  အမိန့် ပေးသံအား အင်္ဂလိပ်လို နားမလည်၍ ဖြစ်သည်။ ကျွန်တော့် ဘေးမှ ချာတိတ်ဆိုလျှင် လက်သီးတစ်ချက် အရှိုက်သို့ သွင်းခံ
လိုက်ရ၍ ပုံခနဲ ကျသွားသည်ကို ငနဲက ဖိနပ်ဖြင့် ပိတ်ကန်၍ ထခိုင်းသည်။ ကျွန်တော်တို့ အဖွဲ့ တွင် အန္ဒိယ၊ ထိုင်း
တရုပ်၊ ဖိလစ်ပိုင်၊ နီပေါ၊ မြန်မာ စသည်တို့  ပါကြသည်။

အဝတ်အစားအပ်သည့်  ခန်းမသို့  မရောက်ခင်မှာလည်း ငနဲက လက်စွမ်းပြ၍ သုံးယောက် ပါးရိုက်ခံကြရသေး၏။
တစ်ဦးမှာ အဖိုးကြီး ဖြစ်၍ အတော့် ကို ကြည့် ရဆိုးသော မြင်ကွင်း ဖြစ်သည်။ ကျွန်တော့် ကိုလည်း နားသယ်မွှေး
ကို ဆွဲ၍ ဆံပင်ရိတ်ပါဟု ပြော၏။ ရက်ဆား .. ဟု ခပ်ကျယ်ကျယ် အော်ပေးလိုက်မှ လွှတ်ပေးသည်။ စောစောက
ပုန်ကန်ချင်စိတ်လေးလည်း လန့် ဖျပ်၍ ပြေးသွားရှာပြီကိုး။

ထောင်ကျဆောင်ထဲရောက်တော့ ချန်ဂီထောင်ကို ပို၍ လွမ်းမိတော့ သည်။ လူတွေ ပြွတ်သိပ်၍ ထည့် ထားသော
အခန်းကျယ်ကြီးထဲတွင် ပူလောင်အိုက်စပ်စွာ နေရလေပြီ။ ချန်ဂီထောင်သည် မြန်မာများအတွက် အနားယူစခန်း
ဖြစ်၍ ပို့ ဒေါင်းထောင်သည် တရားမဝင်အလုပ်သမားဘဝကို ချေချွတ် သံဝေဂယူဖွယ် ကောင်းသော ထောင်
ဖြစ်ပါသည်။ အစားက ထမင်းနှင့် ပဲပင်ပေါက်ပဲပြား၊ သီးရွက်စုံပြုပ်၊ ခေါက်ဆွဲကြော်အညံ့ စား စ,သည်တို့ သာ။
အားကစားကိစ္စမရှိ၊ တီဗွီကြည့် ဖို့ ၊ စာဖတ်ဖို့ ၊ သတင်းစာဖတ်ဖို့ ဘယ်နေမှန်းတောင်မသိ။ တော်တန်ရုံ စိတ်ဓါတ်
မကြံ့ ခိုင်သူများ၊ ကျန်းမာရေး ညံ့ ဖျင်းသူများကို ဘုန်းဘုန်းလဲသွားစေသည့် ထောင် ဖြစ်သည်။ သည်ထောင်မှာ
က ထောင်ကျသူများတွင် စင်္ကာပူ လူမျိုး တစ်ယောက်မှ မရှိ။ တရားမဝင် အလုပ်သမားများသာ သီးသန့် ချေချွတ်
ရာ ထောင်ကြီး ဖြစ်သည်။

ကျွန်တော် ကံကောင်းသည်မှာ အဆိုးဆုံးအတွက် ပြင်ဆင်ထားခဲ့ ခြင်းကြောင့်  ဖြစ်သည်။ ဤသည်မှာ ယိုးဒယား
နိုင်ငံ၊ ချုံဘော်မြို့ ၌ အချုပ်ကျစဉ် မြိတ်ကိုတင်အေးထံမှ နမူနာ ယူခဲ့ သော နည်းလမ်းကောင်း ဖြစ်၏။ ချန်ဂီ
ထောင်မှာကတည်းက ပုံစံခွက်မှ ထမင်းအား တစ်ဝက်သာ စားသည့် အကျင့် ၊ ပေါင်မုန့် လုံးဝမစားသည့် အကျင့် 
လက်ဖက်ရည်တစ်ဝက်သာ သောက်သည့်  အကျင့် များကို အစပျိုးခဲ့ သည်။ ဘယ်လောက်ပဲ ဟင်းကောင်း
ကောင်း၊ ခံတွင်းတွေ့ တွေ့  ထမင်းအား တစ်ဝက်သာ စား၍၊ ဟင်းလည်း တစ်ဝက်သာ စား၏။ ယခု ပို့ ဒေါင်း
ထောင်ကို ရောက်သည့် အခါ ကျွန်တော့် အတွက် အံဝင် ဂွင်ကျပင်။ အစားအသောက်အတွက် ဘာမှ မတုန်လှုပ်
တော့ ပြီ။ အနေ အတွက်တော့ ပထမရက်များတွင် အလူးအလိမ့်  ခံရပါသည်။

သမံတလင်းမှ တစ်ဆင့် ကြမ်းခင်းပေါ်တွင် လူတစ်ကိုယ်စာ နေရာလေး ရဖို့ စောင့် ခဲ့ ရသည်။ လူဟောင်းများ
လစ်ပါမှ တက်ခွင့် ရ၏။ အဆိုးရွားဆုံးကိစ္စမှာ ဘယ်နေ့  လွှတ်ပေးမည်ကို မသိရသော ကိစ္စ ဖြစ်သည်။

လှေဖြင့်  ပြန်မည့် သူများမို့ လှေဝင်လာပါမှ ပြန်ရမည်။ ထို့ အပြင် အလှည့် ကျပါဦးမှ။ ကိုယ့် အလှည့်ကျတာချင်း
အတူတူ ဤပို့ ဒေါင်းထောင်တွင် အပစ်ဒဏ်ခံရသော ထောင်ကျများကို ပို၍ ဦးစားပေးသည်မို့ သူတို့ နှင့် လွတ်
ရက်ချင်း မတိုက်ပါဦးမှ။ မိုးလေဝသ ကောင်းပါဦးမှ။

ကျွန်တော့် အတွက် ဝမ်းသာစရာ သတင်းကောင်းမှာ ကျွန်တော့် အား သစ္စာဖောက်၍ ချောက်တွန်းခဲ့ သူ ငနဲ၏
သတင်းစကားကြောင့်  ဖြစ်သည်။ တရားရုံးမှ နှစ်ရက်သာ ပြစ်ဒဏ်ချ၍ လွတ်သွားသော ငနဲသည် ဤပို့ ဒေါင်း
ထောင်တွင် နှစ်လကျော်ကျော် စက်လှေ စောင့် သွားခဲ့ ရသည်တဲ့ ။ ကောင်းလိုက်လေခြင်းဟု ဝမ်းသာမိပါ၏။
ငနဲ လွတ်တဲ့ အချိန်က စက်လှေများ အဝင်အထွက် ကျဲပါးသဖြင့် ဤထောင်၌ သောင်တင်နေခြင်းဟု သိရသည်။
အခုတော့  စက်လှေများ အဝင်အထွက် များနေပြီ။ သို့ ရာတွင် စက်လှေတိုင်းက လူတင်မခံ။ ကုန်ပစ္စည်းမရ
သည့်  စက်လှေများနှင့်  ရန်ကုန်ဘက်သို့ မဝင်သည့်  စက်လှေများကသာ လူအတင်ခံနေသည်ဟု ဆိုကြပြန်၏။

ဤထောင်တွင် ဆယ့်လေးရက်နီးပါး သောင်တင်နေပြီးနောက် စက်လှေလာပြီဟူသည့် သတင်းကို ကြားရသည်။
ကြားရသည်မဟုတ်။ လူတွေ ခေါ်ထုတ်တာ တွေ့ ရပြီ။ ဘယ်အဆောင်၊ ဘယ်အခန်း၊ ဘယ်သူတွေ စသည်ဖြင့် 
တွေ့ နေ ကြားနေရသည်။ မနက် လက်ဖက်ရည် ပို့ ချိန်မှာ ယခင် ပို့ နေကျ မြန်မာများ ပါမလာပြီ ဆိုကတည်းက
အားလုံး ရုံးစု ရုန်းစု ဖြစ်နေကြသည်။ မကြာခင်ပဲ စက်လှေသမားတွေ လွှတ်တော့ မည်၊ ငါးဆယ်လောက်
ခေါ်လိမ့် မည်ဟု သတင်း လာပေးသည်။ အဲဒါမှ ဒုက္ခ။ ဘယ်ငါးဆယ်လဲ ဆိုတာ သိချင်လာ၏။ လူတွေ ရှိနေသည်
က ရာကျော်နေသည်ကိုး။

ထမင်းစားချိန်မှာလည်း သတင်းက မသဲကွဲသေး။ နေ့ လည်ပိုင်းရောက်တော့ အဆောင်တိုင်းရှိ မြန်မာလူစာရင်း
လာကောက်သည်။ နာမည် ခေါ်သည်။ ကိုယ့် နာမည်တင်မက ကိုယ့် အဖေနာမည်ပါ ထောင်ထဲရောက်ရသည်ကို
စဉ်းစားမိသေး၏။ သူတို့ က အဖေနာမည်နှင့်  တွဲ၍ ခေါ်သည်ကိုး။ ဒါကလည်း နာမည်တူ ရှိနေတတ်၍ ဖြစ်သည်။
သားသမီးမကောင်း မိဘခေါင်းဟူသည် ထောင်ထဲ၌ မှန်နေ၏။

နေ့ လယ်စာ စားပြီးချိန်မှာတော့ ထွက်ရမည့် လူစာရင်းနှင့် တကွ လာခေါ်ထုတ်သွားပါတော့ သည်။ သို့ သော်
ယနေ့ မလွှတ်သေး။ မနက်ကျမှ လွှတ်မည်ဟု သိရသည်။ အရေးထဲ ဆံပင်ကို ခေါင်းတုံး သွားရိတ်ပေးရသေး၏။
လမ်းမှာ ထွက်ပြေးမှာ စိုးလို့ တဲ့ ။

နောက်နေ့ မှာတော့  အဝတ်အစားများ ပြန်ရွေးခြင်း၊ လွှတ်ပေးမည့် ဌာနသို့ ကားဖြင့် တစ်ဆင့် သွားရခြင်း၊ ငွေများ ပြန်ပေးခြင်း၊ စက်လှေခ တောင်းခံခြင်း၊ စင်္ကာပူနှင့် ပတ်သက်သော စာရွက်စာတန်း၊ ဓါတ်ပုံ၊ အင်္ကျင်္ီများ
ပါမကျန် သိမ်းဆည်းခြင်း၊ လူတွေ့  အစစ်ခံရခြင်း၊ နောက်တစ်ခါ မလာတော့ ပါခင်ဗျားဟု လက်မှတ်ထိုးပေး
ရခြင်း၊ လက်ဗွေနှိပ်ရခြင်း စ,သည်များကို ဆောင်ရွက်ရန် အကြာကြီး စောင့် ကြရသေးသည်။

စက်လှေဆီ ခေါ်သွားပုံလေးကို မမေ့ နိုင်။
သံချပ်ကာ အလုံကားကြီးပေါ်သို့  နာမည်ခေါ်စဉ် တက်ရသည်။ ရှေ့ ရော၊ နောက်ပါ အစောင့် အရှောက် ထူထပ်
စွာချ၍ ထွက်တော်မူ နန်းက ခွာရလေသတည်း။

သူကောင်းသားများက စက်လှေပေါ်အထိ မလိုက်ဝံ့ ။ ဘောတံတား ထိပ်ဝမှာ သေနပ်များကို အသင့် ချိန်ထားပြီး
စောင့် ကြသည်။ မြန်မာများကလည်း အတော့် ကို မလွယ်။ စက်လှေပေါ် ခြေချသည်နှင့်  အမေ နှမ စုံအောင်
နှုတ်ဆက်ရှာကြသည်။ မြန်မာလို နှုတ်ဆက်သည့် တိုင် သင်းတို့  မျက်မှောင်ကုတ်သည်။ ဆဲဆိုနေမှန်းသိလျှက်
ဘာမှတော့ တားခွင့်  မရှိ။ လူစုံသည့် အခါ စက်လှေ ပေါင်းမိုးကြီးကို အုပ်လိုက်သည်။ နံဘေးမှ ရေတပ် အခြွေ
အရံက ပါချေသေး၏။ စင်္ကာပူ ရေပိုင်နက် လွန်သည်အထိ လိုက်ပို့ မည်ဟု ပြောကြသည်။

ဘာပဲဖြစ်ဖြစ် အားလုံး ပျော်ကြပါသည်။
စက်လှေ စထွက်သည်နှင့် ဟမ်းဖုန်းများ ထုတ်ကာ ခေါ်ကြ ပြောကြသည်။ ထောင်မှ ထွက်စဉ် ဘယ်လောက်ပင်
ဖုန်းကတ်များ သိမ်းသည်ဆိုဆို မရရအောင် ယူလာတတ်သည့် ကိုယ့် မြန်မာများကို ဝမ်းသာအားရ နှုတ်ဆက်
ခေါ်ပြောရင်း .. သူငယ်ချင်း ဇော်ဝင်းနိုင်ဆီသို့  ဖုန်းတစ်ခါ ခေါ်ခဲ့ ဖြစ်သည်။ သူနှင့် မတွေ့ သော်ငြား ဖုန်းလာကိုင်
သူကို အကျိုးအကြောင်း ရှင်းပြ၍ အိမ်သို့  လှမ်းပြောပေးပါရန် နှုတ်ခွန်းဆက်ရသည်။ ဆက်လှေသမားများက
ဖုန်းမြန်မြန်ပြောကြပါ။ ရှေ့ က ရေမိုင်လွန်လျှင် ဖုန်းလိုင်းတွေ မမိတော့ ဘူးဟု သတိပေးသည်။

ရေကြောင်းခရီးကတော့  စ,လေပြီ။
စက်လှေပေါ်တွင် စုစုပေါင်း လူနှစ်ရာနီးပါး တင်လာခဲ့ သည့် တိုင် စက်လှေမှာ ပေါ့ ပါးနေဆဲ။ စလင်ခန်းမှာ
နှစ်ထပ်ဖြစ်သည်။ ဝမ်းဗိုက်မှာ ကုန်တင်သည့် စက်လှေဖြစ်၍ ဟောင်းလောင်းကြီး ဖြစ်နေ၏။ ပဲ့ ပိုင်းမှာသာ
လူအများစု နေရာယူထားကြသည်။ ကျွန်တော်က စလင်ခန်း အောက်ထပ်နားမှာ နေရာယူရင်း အတူတကွ
လွတ်လာသည့် ပုဇွန်ထောင်အိမ်ရှေ့ အိမ်မှ မောင်မောင်နှင့် စကားလက်ဆုံ ကျနေသည်။ သူလည်း စင်္ကာပူကို
ဝင်လာရသည်မှာ ကံမကောင်း။ အကြွေးမကျေခင်မှာ အဖမ်းခံရသည်။ ကျွန်တော်တို့ နှင့်အတူတူတော့  အဖမ်း
ခံရသည်မဟုတ်။ တခြားမှာနေရင်း အဖမ်းခံရသည်သာဖြစ်သည်။

အကျဉ်းသားဘဝဖြင့် ပြည်တော်ပြန်ခဲ့ ကြရလေပြီ။
ပင်လယ်ကြီးက ကျွန်တော်တို့ ကို မသိ။ မလှမ်းမကမ်းမှ ဖြတ်သန်း ခုတ်မောင်းနေကြသော ပင်လယ်ကူးသင်္ဘော
ကြီးများကလည်း ကျွန်တော်တို့ ကို မသိ။ အမိမြန်မာပြည်ကြီးကရော သူ့ ရင်ခွင်သို့ ပင်လယ်ကို ခုနှစ်ရက်၊ခုနှစ်လီ
ဖြတ်သန်းပြန်လာနေသည့်  သားဆိုးများကို မသိနိုင်သေး။

ဖိုင် ...
ဇနီးအေး ...
သမီးနန့် ရိုနှင့် သမီးရဝေ ...
သက်ဆိုင်သော မိဘသားချင်းမောင်နှမများလည်း ကျွန်တော့် ဖြစ်စဉ်အစုံကို မသိနိုင်။
ပြည်တော်ပြန် အကျဉ်းသားဘဝနှင့် ပင်လယ်ကြော၌ လွင့် ပါလာခဲ့ သော ကျွန်တော့် မှာ တာဝန်တွေက သီတန်း
၍ နေပါသည်။ ဤအရာများကို နောင်အနှစ်နှစ်ဆယ်တွင် ဖိုင်တို့  သိကောင်းသိကြလိမ့် မည်။ ဇနီးအေးကတော့ 
မကြာခင် သိတော့ မည်။ အလုံးစုံတော့  မသိနိုင်။

ကျွန်တော့် ရင်၌ ရှိသော အပူ ...
ကျွန်တော် တည်ဆောက်ရမည့် ဘဝခရီး ...
စာပေခရီးလမ်းနှင့် တစ်ကိုယ်ရေ မျှော်မှန်းထားသော လူ့ ဘဝ၏ ပန်းတိုင် ဆိုသည်များကို ကျွန်တော့် ရင်မှ
တစ်ပါး အခြားမည်သူမှ သိနိုင်လိမ့် ဦးမည်မထင် ။


( ဆက်ရန်)

......................................................................................................

မှတ်ချက် ။ ။ ဆရာမာန်( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

9 comments:

mstint said...

ပြည်တော်ပြန်အကျဉ်းသားဘဝ ဖတ်သွားပြီး။ ကျေးဇူး။ ဒုက္ခများမြောင်လူတို့ဘောင်ဆိုသလိုပေါ့ အဖြူလေးရေ။ အတိတ်ကံအကျိုးပေးပေါ်မူတည်ပြီး အတိမ်အနက်ပြောင်းလဲတာကလွဲရင် လွတ်ကင်းသူဆိုတာ မရှိဘူးထင်ပါတယ်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ဆက်လက်ဖတ်ရှုသွားပါတယ်
နောက်အပိုင်းကိုစောင့်နေမှာပါ
မေ့သွားလို့ရှေ့ကပြန်ရှာဖတ်နေရတယ်
ခင်မင်တဲ့

IDIOT-Ki said...

ဪ.. ကိုထွေးဘဝ..ဒုက္ခများစွာနဲ့ပါလား..
သူ့ ဟာသူရွေးလျှောက်တဲ့ လမ်းပဲလေ ။ ဒါပေမဲ့ သူ နဲ့ ပတ်သက်တဲ့ မိန်းမ နဲ့ ကလေးတွေပါ နေရင်းထိုင်ရင်း ဒုက္ခရောက်ကြရတာ သနားစရာပါပဲ..

ဇာတ်လမ်းက အတော်ရှည် သား ..
ဆက်ရန် များစွာ နဲ့ .
စောင့်ရတာ ကြာ တော့ လည်း ရှေ့ ကဟာတွေ မေ့ချင်စရာပဲ..းဝ

ခင်တဲ့
မကိ

ညီရဲ said...

ကျွန်တော်က ခုချန်ဂီ ထောင်နားက စက်ရုံမှာ လုပ်နေရတာပေါ့။ ချန်ဂီထောင်နားကနေ ဖယ်ရီက နေ့ တိုင်းဖြတ်သွားတော့ ထောင်ကို နေ့ တိုင်းမြင်နေရတယ်။ ဟုတ်တယ်ဗျို့ ဒီမှာက မိန်းမလျာတွေ ပေါတယ်...

sosegado said...

အဲဒီအချိန်က အဖြစ်အပျက်များကို ကနေ့သိတဲ့သူနည်းပါးသည်၊ ပြန်ပြောလျှင်ပုံပြင် တစ်ပုဒ်အလားထင်ကြသည်၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီအပိုင်း မဖတ်ရသေးလို့ ပြန်ဖတ်သွားတယ်
ကိုထွေးဆိုတဲ့လူ အတော်ဘဝစုံတယ်နော်
ဖတ်ရတာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်

မေသိမ့်သိမ့် ကျော် said...

ရွှေပြည်တော်ကြီး မဝေးတော့ပါ။ အကြွေးလာဖတ်သွားပါတယ်။

ခင်တဲ့
မေသိမ့်

Unknown said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

Burman Managers,Engineers and Scientists said...

http://wunzinminraja.blogspot.sg/