Saturday, September 17, 2011

ပြည်တော်ပြန် အကျဉ်းသား အပိုင်း ( ၂ )


စာရေးသူကတော့ တစ်နေ့ တော့ အကြွေးဆပ်ချင်သည်ဟု ဆိုသည်။
ကျွန်တော်တို့ မြေကတော့ ယနေ့ အချိန်ထိ ဆပ်ဖို့ “ အရင်း ” က မပြည့် စုံသေးပါပေ။ ဆယ်စုနှစ်ပေါင်း
အလီလီလည်း ကူးပြောင်းသွားခဲ့ ပြီ။ဘိုးဘွားတို့ လက်ထက်မှ ယနေ့ ကျွန်တော်တို့ ခေတ်ရောက်လာသည်
အထိ အကြွေးဆပ်ဖို့ နေနေသာသာ “ မီး ” တောင် မမှန်နိုင်၊ မလောက်နိုင်သေးပေ၊ ကမ္ဘာပေါ်ရှိသမျှသော
သယံဇာတအားလုံး အလိုလိုနေရင်းထွက်နေသော ကျွန်တော်တို့ မြေ.. “ ရွှေပြည်တော် ” ကြီးကတော့ 
မျှော်လေတိုင်း ဝေး၍ ဝေး၍ နေပါတော့ သည်။ တစ်ခုခုတော့  မှားနေခဲ့ တာ သေချာနေပါသည်ဟု ဆိုရင်း
ဆရာမာန်၏ “ လန်းဖိုင်စာသိုက် ” ကို အဆုံးသတ်လိုက်ရပါသည်။

ညသည် ပင်လယ်၌ ပို၍ တိတ်ဆိတ်နေသည်။
တချို့ လူများ အိပ်မောကျနေသည်။ တချို့ ကတော့  အမိမြန်မာပြည်သို့  ခြေချရတော့ မည့်  အတွေးများတွေး
နေပေလိမ့် မည်။ ဤစက်လှေပေါ်၌ အောင်ပွဲခံခဲ့ ကြသူ တစ်ဦးမှမရှိနိုင်။ များများကြီးရှုံးသူနှင့် မများတများ
ရှုံးသူချည်းသာ။ စက်လှေသမားများမှာတော့  ခြွင်းချက်ပင်။

ကျွန်တော့် အတွေးများက စင်္ကာပူ အကျဉ်းထောင်များ၊ အချုပ်ဆောင်များ၊ ရဲစခန်းများ၊ လ.ဝ.က အချုပ်များ၌
ပူပင်သောကအပြည့် ဖြင့် မအိပ်နိုင်၊ မစားနိုင်ဖြစ်နေကြမည့် သူများကို လည်းကောင်း၊ ပြင်ပ၌ အလုပ်အကိုင်မဲ့ ၍
အကြွေး တလည်လည်ဖြင့် သောကပြည့် နှက်နေကြသူများကို လည်းကောင်း လှမ်းမျှော်တွေးနေမိသည်။

ခေတ်ကြီးက ပြောင်းလဲနေ၏။ လှိုင်းတို့ က ဆတက်ထမ်းပိုး တိုးနေ၏။ ဘဝရပ်တည်မှုအတွက် လှိုင်းများစွာကို
ရင်ဆိုင်နေကြရသည်။ ဘဝ၏ အာသာဆန္ဒများနောက်သို့ ကျွန်တော်တို့ လိုက်ခဲ့ ကြသည်မှာ ဘယ်တော့ ခရီး
ဆုံးမည်နည်း။

ကျွန်တော်တော့  ရှုံးခဲ့ ပြီ။
ပြန်မရနိုင်သော အချိန်၊ အရွယ်၊ အသိ၊ ဂုဏ်သိက္ခာများနှင့် တကွ တင်းမာခဲ့ သမျှ မာန်မာနများသည် ဘာများ
ခိုင်မြဲပါသနည်း။ စူဒါနမ်သည် ကျွန်တော့် အား အတိတ်တစ္ဆေ အဖြစ်သာ မြင်မည်။ ကျွန်တော်သည် သူ၏
ကောင်းကင် မဖြစ်နိုင်သေး။ အပြစ်မဲ့ သော လူသားတစ်ဦးကို ကမ္ဘာမြေပြင်ပေါ်သို့  ကောင်းကင်တစ်ခြမ်းပဲ့ ဖြင့် 
ကျွန်တော် ဆွဲခေါ်ခဲ့ မိပြီ။ ဖခင်၏ အရိပ်သည် သူ့ အတွက် အရိပ်ဆိုးလို ဖြစ်နေပြီ။ ကျွန်တော့် အတ္တတစ်ခုတည်း
အတွက် စူဒါနမ်သည် လောကအလယ် မျက်နှာငယ်ခဲ့ ရှာလေပြီ။

စူဒါနမ်သည် မွေးကင်းစမှာပင် ကျွန်တော်၏ အတ္တ၊ ကျွန်တော်၏ ရူးမိုက်မှု၊ ကျွန်တော်၏ အဆင်ခြင်ဥာဏ် နည်း
မှုတို့ ကြောင့် ကြီးမားလှသော လောင်းရိပ်မဲကြီး ကျခံနေရပြီ။ တရားမဝင် ဖခင်အလုပ်သမားတစ်ဦး၏ တရား
မဝင်သမီးအဖြစ် အသည်းခတ်မျှ နာကျင်သော ဘဝမျိုးဖြင့် လူ့ လောကသို့  ခြေချခဲ့ ရပြီ။ အဖမဲ့ မှုသည် ရိုးရိုး
မဟုတ်။ လောက ဥပဒေသများစွာတို့ ကြား ကျွန်တော် ပေးခဲ့ သော လက်ဆောင်ဆိုးဖြင့် ရှင်သန်ရရှာပြီ။

ကျွန်တော် ဘာလုပ်ပေးရပါ့ ။
ဖြစ်သမျှကို အကောင်းဆုံးရင်ဆိုင်ပါဟူ၍သာ ပြောနိုင်ပါမည်။ တစ်ခုရှိသည်ကား စူဒါနမ်တို့  တိုင်းပြည်သည်
သူတစ်ပါးအရေးအရာများကို သိပ်အရေးကြီး ခွင်ကျယ် လုပ်တတ်ကြသည် မဟုတ်။ စူဒါနမ် ရင်ဆိုင်ရမည့် 
ပြဿနာများမှာ ကျွန်တော့် အား ဖခင်အဖြစ် သိလိုက်ချိန်မှ စ၍ အရာရာ ကွဲပြားခြားနားသော လူမှုဘဝ၏
ဂယက်တို့ သာ ဖြစ်ပါလိမ့် မည်။

ကျွန်တော် နောင်တရပါသည်။
မတူညီသော အိမ်ထောင်ရေးနှစ်ခုကို အတင်းကာရော ဖန်တီးခဲ့ သည့် အတွက် အပြစ်မဲ့ သူ များစွာတို့  စိတ်
သောက ရောက်ကြရပြီ။ ဖိုင်နှင့် ဇနီးအေးတို့  ဆွေမျိုးမိတ်သင်္ဂဟများစွာတို့ အတွက် ကျွန်တော်သည် မတရားမှု
ပြုသူ ဖြစ်ခဲ့ ပြီ။

ကျွန်တော့် သားသမီးတို့ အတွက် ကျွန်တော်သည် အရိပ်ဆိုးသမား ဖြစ်ခဲ့ ပြီ။ ကျွန်တော့် လုပ်ရပ်များအတွက်
သူတို့ လေးများ၏ ဘဝရှေ့ ရေးတွင် ကဲ့ ရဲ့ စရာ၊ အပြစ်တင်စရာ၊ အထင်သေးစရာတို့  ရှိနေခဲ့ ပြီ။ လောက
အလယ်သို့  အပြစ်မဲ့ စွာ ရောက်လာကြသော ကလေးငယ်များသည် ကျွန်တော့် ကြောင့် အပျော်ကင်းမှုများ
ကြုံရတော့ မည်။

သူတို့ အတွက် သင်ခန်းစာ ယူတတ်ပါမှသာ အဆိုးထဲမှ အကောင်းရပါမည်။ ကျွန်တော့် လို လောကဓံအား
မကြောက်မရွံ့  ရင်ဆိုင်လိုစိတ်လေးများ ရှာကြံတွေးတတ်လျှင်ဖြင့် သူတို့ အတွက် ဖြေသာစရာ အနည်းငယ်
ရှိမည်။

သားသမီးဟူသည်ကား အရွယ်ရောက်လျှင် မိဘအား အကဲဖြတ်ကြစမြဲပင်။ မည်သည့် သားသမီးမဆို မိဘအား
အကဲ ဖြတ်ကြသည်ချည်းပင်။ သူတို့ သိကြသည့်  စံတန်ဖိုးများဖြင့် တွက်ကြသည်ချည်းပင်။ စံတန်ဖိုး များလေလေ
ခေါင်းမော့ ရင်ကော့ နိုင်လေပင်။ ကျွန်တော်ကား စံတန်ဖိုး နည်းလှ၏။

ဖိုင်နှင့်ဇနီးအေးတို့ သည်လည်း သူတို့ တစ်သက်တာ ခံစားရသမျှ သူတို့ သားသမီးများကို ရင်ဖွင့် ကြလိမ့် မည်။
မနည်းမနော ခံစားခဲ့ ရသည့်  ကျွန်တော့် ထိုးနှက်ချက်များကို စာရင်းတင်ကြပေလိမ့် မည်။ အသက်အရွယ်
ကြီးရင့် လာလေလေ.. ချစ်စိတ်၊ ခွင့် လွှတ်စိတ်တို့ အား ပြည်ဖုံးကား ချလေလေမို့  ကျွန်တော်သည် မိသားစု
နှစ်ခုကြား ကိုယ်စိုက်သမျှ ပြန်ရုတ်သိမ်းရတော့ မည်။

သူတို့  ကျွန်တော့် ကို မပြောလိုသော်ငြား ရင်မှ ဖွားသည့် သမီးတို့ အား ဘယ်မှာ မျက်နှာလွှဲနိုင်ပါမည်နည်း။
အထူးသဖြင့် စူဒါနမ်ဘက်မှ တွေး၍ နာကြည်းလာလေသမျှ ကျွန်တော် ခွင့် လွှတ်ရမည်။ စူဒါနမ်သည် အထိနာ
ဆုံး ဖြစ်သည်။ ထို့ အပြင် စနေသမီးမို့  ထူး၍ စိတ်အမှတ် ကြီးပေမည်။ သူ့ ဘဝခရီးလမ်း၌ ကျွန်တော့် သွေး
ကြောင့် စိတ်ထင်ရာ ဆိုင်းမိသည့် အဖြစ်မျိုး ကြုံလေတိုင်း ကျွန်တော့် အား စိတ်ဆိုးထိုက်ပါသည်။ ကျွန်တော်
တတ်နိုင်သည်က မည်သည့် လောကဓံကိုမှ မရှုံးပါစေနှင့် ဟု လတ်တလော ဆုတောင်းပေးနေရုံသာ ဖြစ်သည်။

ကျွန်တော် လူဖြစ်ရပုံ အစသည် စူဒါနမ်ကဲ့ သို့ ပင်။
အမေသည် ငယ်နုစဉ်က ဆရာမကြီးခင်နှင်းယု၏ ဝတ္ထုတစ်ပုဒ်အား အတော်စွဲလန်းခဲ့ ရှာသည်။ နေ့ သင့် နံသင့် 
သားယောင်္ကျားလေး မွေးဖွားပါလျှင် ထိုနာမည်ပေးမည်ဟု ချဉ်ခြင်းတပ်ခဲ့ သည်။

ဆရာမကြီး၏ ဇတ်ကောင်သည်ကား အရာအားလုံးကို ကျော်ဖြတ်ချင်သူ၊ အတိုက်အခံများသူ၊ ဘဝကြမ်းကြီးကို
ဖြတ်သန်းသူ ဖြစ်သည်။ ကျွန်တော်သည် ထိုကံအတိုင်း လူဖြစ်ခဲ့ ရသည်။ ကျွန်တော့် မှာ ရွေးချယ်ပိုင်ခွင့် မရှိ။
အမေ့ ကို အပြစ်မတင်။ ကျွန်တော် ကရမည့်  လောကဇာတ်ခုံပေါ်၌ ဇာတ်ဝင်ခန်းအတိုင်းသာ ကျွန်တော် ကခဲ့ 
ဖြစ်သည်။ စူဒါနမ်သည်လည်း ထိုသို့  ကရပေမည်။

စူဒါနမ်အား ကျွန်တော့် သမီးအဖြစ် သိရှိသွားချိန်မှ စ၍ ဥပဒေသ များစွာတို့ အောက်သို့  သွပ်သွင်းကြပေမည်။
ခွဲခြားကြပေမည်။ အခွင့် အလမ်းများ ပယ်ချကြပေမည်။ စူဒါနမ် ဘာအပြစ်မှ မကျူးလွန်သေးသော်ငြား
ကျွန်တော့် လို တရားမဝင်နိုင်ငံသားတစ်ဦး၏ သမီးဖြစ်ခြင်းကြေင့် ဥပဒေသတို့ ၏ စီရင်ထုံးဖွဲ့ မှုတို့ ဖြင့် ဒဏ်ခတ်
ကြပေလိမ့် မည်။ ခွဲခြားမှု၊ ဖိနှိပ်မှု၊ တားမြစ်မှု စသည့် စာအုပ်ထဲမှ လက်စွဲတရားများဖြင့် ...

လူတို့ စွဲသော ဥပဒေသများသည် တစ်ခါတစ်ရံ မေးခွန်းထုတ်စရာများ သီတန်းနေတတ်ပါသည်။ ကျွန်တော်
သည် ခံရသည့် ဘက်မှ ကျုံးအော်နေသည် မဟုတ်။ စူဒါနမ် ခံစားရမည့်  ဒုက္ခများအတွက် ရဲရဲသာ ရင်ဆိုင်စေ
လိုသည့်  ဆန္ဒ အပြည့်ရှိပါသည်။ ထို့ အတူ သားသမီးဟူသော ချစ်ခြင်းကြောင့် သက်သောင့် သက်သာ လျှော့ 
ပေါ့ စေလိုသည် ကိုလည်း မငြင်းပါ။

စူဒါနမ်သည် လူဖြစ်စမှာပင် ကျွန်တော့် ကြောင့် ကံဆိုးခဲ့ ရပြီး ဖြစ်သည်။ မွေးကတည်းက မကျက်သော အနာ
ဖြင့်  ရှင်သန်ခဲ့ ရသူ ဖြစ်သည်။

ထိုင်းဘုရင်မင်းမြတ်၏ ပြည်သူပြည်သားများကြား၌ စူဒါနမ်သည် တမင်ပုံသွင်းခံရသော အပြစ်မဲ့ ခလေးငယ်သာ
ဖြစ်သည်။ ကျွန်တော့် ကြောင့်  သူ့ ကို အပြစ်ပေးပါလျှင် ခံသာသော အပြစ်မျှသာ ပေးစေလိုပါသည်။ ကျွန်တော့် 
အား အပြစ်ပေးမည်ဆိုလျှင် စူဒါနမ် ကိုယ်စား အပြစ်များအား ခံယူရန် အသင့် ပင်။ ထိုင်းဘုရင်မင်းမြတ်၏
ဂရုဏာတော်ဖြင့် စူဒါနမ်အား တစ်ဆင့် နှိမ်သော နိုင်ငံသားအဖြစ်မှ ကင်းလွတ်ခွင့် ပေးပါလျှင် ကျွန်တော်
ဝမ်းမြောက်ရပါမည်။ စူဒါနမ်အား လူ့ လောကသို့  အဓမ္မ ခေါ်ဆောင်ခဲ့ သည့်  ပြစ်မှုအတွက် ကျွန်တော့် အား
ထိုက်သင့် သော ပြစ်ဒဏ်ပေးပါလျှင် ကျွန်တော် မငြင်း။

ပင်လယ်မှ လေညင်းသည် ကျွန်တော့် မျက်နှာပေါ်သို့ တိုးဝင်လာသည်။
စက်လှေ ခုတ်မောင်းသံက အချက်ကျကျ ထွက်ပေါ်နေသည်။
ကျွန်တော့် လို အရှုံးသမားတွေ ကမ္ဘာတစ်လွှား၌ မည်မျှ များခဲ့ လေပြီနည်း။ ငယ်စိတ်၊ ငယ်သွေး၊ ငယ်မာနများ
ဖြင့် လောကအလယ်သို့  ဆွဲခေါ်ခဲ့ သော အဖဝေးသားသမီးတို့ သည် ကျွန်တော်တို့ ကြောင့် ဝဋ္ဋ်ကြီးဝဋ္ဋ်ငယ်
ခံနေကြရရှာပြီ။

ဘာမှ အသုံးမကျသော မာနများကို ကျွန်တော် သိလာခဲ့ ပြီ။
နိုင်ငံရပ်ခြား၏ ဒုက္ခများကို တစ်သက်စာ နီးပါး ရခဲ့ ပြီ။ အမိမြေသည် ကျွန်တော့်အတွက် လေးရှာပေဦးမည်။

ကျွန်တော့် နားထဲ၌ ထောင်ထဲမှ ကြိမ်သံများ၊ လေထဲ တရွှမ်းရွှမ်း ပျံဝဲသံများ၊ တိုင်းပြည်လူမျိုးချီ၍ ဆဲရေး တိုင်း
ထွာခံရမှုများ၊ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ အဆော်ကားခံရမှုများ၊ အလုပ်ရှင်များ၏ မောက်မာရိုင်းပျမှုများ ..
အို ... ဘယ်တော့  ဆုံးပါမည်နည်း။

ပညာမဲ့ သော ဘဝ၊ အာမခံချက် ကင်းမဲ့ သော တရားမဝင် အလုပ်သမားဘဝ၊ ဇာတိမြေကို စွန့် ခဲ့ ၍
ကျွန်တံဆိပ်ကပ်ကာ ရုန်းခဲ့ သော်ငြား ဘဝဒဏ်ရာများမှ လွဲ၍ ဘာမှ အပို မရခဲ့ ။ ဤရာဇဝင်ကြွေးကို တစ်နေ့ 
ဆပ်ရလိမ့် မည်။ အမိမြေသည်သာ ထိုအကြွေးကို ဆပ်နိုင်လိမ့် မည်။ ဤသည်မှာ ကျွန်တော် တစ်ဦးတည်း၏
ဆန္ဒမဟုတ်။ ပြည်ပရောက် ဗမာလူမျိုးတိုင်း၏ ဆန္ဒ ဖြစ်ပါလိမ့် မည်။

သူတစ်ပါးတိုင်းပြည်သို့  သွားရောက်၍ အသက်မွေးဝမ်းကျောင်းနှင့် ဥစ္စာဓန ရှာဖွေခဲ့ ရာမှ ရရှိသော အကြွေး
သည် အမိမြေ၏ ထွန်းတောက်မှုဖြင့် သာ ဆပ်နိုင်မည်။ အမိမြေ ဆင်းရဲနေသမျှ၊ မွန်းကျပ်နေသမျှ၊ ထိုအကြွေး
တို့ တစ်နေ့ တစ်ခြား တိုးလာလိမ့် မည်။ ကိုယ့်တိုင်းပြည် ချမ်းသာမှ ဖြစ်တော့ မည်။ ကမ္ဘာနှင့် ရင်ဆိုင်နိုင်သော
စွမ်းပကားရှိမှ ဖြစ်လိမ့် မည်။

အာရှတိုက်သည် အကွေ့ အကောက်၊ ကုန်းမြင့် ၊ ချိုင့် ဝှမ်း ပေါသကဲ့ သို့ လူလူချင်း လူလည်လုပ်ခြင်း ထွန်းကား
ရာအရပ် ဖြစ်သည်။ အမြတ်ကြီးစားမှု၊ ခေါင်းပုံဖြတ်မှု၊ အသားလှီးစားမှု ပေါကြွယ်ဝရာ အရပ်လည်း ဖြစ်သည်။
အာရှသားတို့ သည် အာရှ၏ ချို့ ယွင်းချက်ကို ကောင်းကောင်းကြီး သိပြီး ဖြစ်သည်။ တစစ ပြုပြင်ပြောင်းလဲမှုများ
အားကြိုးမာန်တက် ကြိုးပန်းနေကြပြီ။ အာရှ၏ စီးပွားဖြစ်ထွန်းမှုသည် လူတို့ ၏ အသက် သွေး ချွေးများ အဆ
မတန် ပေးဆပ်မှုအပေါ် ထွန်းလင်းနေရခြင်း ဖြစ်သည်။ ချိန်ခွင်လျှာ မညီမျှသော ကြွယ်ဝမှုနှင့်  ဆင်းရဲမွဲတေမှု
ကြောင့် ငြိမ်ချက်မသေ။ တစ်နေ့ တွင် အာရှသည် ပေါက်ကွဲဦးမည်။

ကျွန်တော်တို့  ရပ်နေကြဦးမည်လား။
ကျွန်တော်တော့  အာရုံတရားထဲ၌ ငုတ်တုတ်ထိုင်မနေနိုင်။ ဗမာလူမျိုး၏ ဦးနှောက်နှင့် စွမ်းပကားသည် ကမ္ဘာကို
ခါးစောင်းတင်နိုင်သည်ဟု ယုံကြည်သည်။ ထိုကဲ့ သို့ သော ခေါင်းဆောင်များ ထောင့်အသီင်္းသီးမှ ထွက်လာခဲ့ ပါ
လျှင် ကျွန်တော်တို့  မျိုးဆက်များ အကြွေးဆပ်နိုင်လိမ့် မည်။

ကျွန်တော် အသားလွတ်ကြွေးကြော်နေသည်လား ...
နားထောင်လို့ ရပါသည်။ နယ်စပ်အသီးသီးမှ အချုပ်ဆောင်များ၊ အပြည်ပြည်ဆိုင်ရာ အကျဉ်းထောင်များမှ
ကျွန်တော်တို့ လူမျိုး တရားမဝင်အလုပ်သမားများ၏ တောက်ခေါက်သံများ၊ ခေါင်းပုံဖြတ်ခံ၊ ဂုဏ်သိက္ခာ စော်
ကားခံနေရသော အလုပ်ခွင်အသီးသီးမှ နာကြည်းသံများ၊ ကာမကုန်သွယ်ခံနေရသည့် ဒုက္ခသည်များ .. ထိုသို့ 
သော မြောက်များလှသည့်  ဒဏ်ရာအနာတရ ဆူပွက်သံများသည် သမိုင်းကို တွန်းလှန်နေကြခြင်း ဖြစ်သည်။

ထို့ ပြင် ဂျပန်၊ တိုင်ပေ( တရုတ် )၊ ကိုရီးယား၊ တရုတ် စသည် ... အနီးစပ်ဆုံး နိုင်ငံများ၏ သမိုင်းကြောင်းကို
ပြန်ကြည့်လျှင် ဆင်းရဲမွဲတေသော နိုင်ငံအဖြစ်မှ ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာ့ ထိပ်သီးနိုင်ငံအဆင့် သို့ 
တက်လှန်းနိုင်ခဲ့ သည့် သာဓကများ ရှိနေကြသည်။ ( ဆရာမြသန်းတင့် ၏ အာရှအာရုဏ်ဦး ဘာသာပြန်၌
ကြည့် ရန် )

နည်းစနစ်များ၊ ပြည်တွင်းငြိမ်းချမ်းမှုများ၊ ရေမြေသယံဇာတ အသုံးချတတ်မှုများနှင့် တကွ လုပ်ကြစို့ ဟူသော
စိတ်ဓါတ်များဖြင့် ချီတက်နိုင်ပါမည်။ ကျွန်တော်တို့  လက်ပန်းကျခဲ့ လျှင် ...
ကျွန်တော်တို့ ၏ သားစဉ်မြေးဆက်များကို ကျွန်တော်တို့ အားကိုးကြရမည်။ အနိမ့် ကျဆုံး၊ အဆင်းရဲဆုံး၊ ဒုက္ခ
တွင်းအနက်ဆုံး ဘဝများသည် အနာဂတ်အတွက် အလင်းစွမ်းပကား မျိုးစေ့ များ ဖြစ်ကြပါသည်။

အမိမြေသည် ကျွန်တော်တို့ ကြောင့်  သိက္ခာပွန်းခဲ့ ပြီ။
ထိုအကြွေးကို မုချမသွေ ဆပ်ရမည်သာ။


.............................................................................................................

( ပြီးပါပြီ )

8 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုထွေးလို လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်ကတော့ ချီးကျုးစရာ။
ကိုယ့်တိုင်းပြည်နဲ့ နီးစပ်နေတဲ့ နိုင်ငံတွေကတော့ မကြာခင်နှစ်များအတွင်းက တိုးတက်ကုန်တယ်
ကျန်ခဲ့တာက ကိုယ့်တိုင်းပြည်ဖြစ်နေတယ်...
ရင်နာစရာ...

ညီရဲ said...

ဟုတ်တယ်ဗျာ... ဒီမှာ မြန်မာဆို သိပ်နှိမ်ချင်ကြတယ်။

လရိပ်အိမ် said...

ပြီးသွားမှဘဲလာဖတ်ဖြစ်တော့တယ်

စံပယ်ချို said...

ဟုတ်ပါတယ်ကျန်ခဲ့တာမိမိတိုင်းပြည်
ဖြစ်နေတယ်။

မေသိမ့်သိမ့် ကျော် said...

တိုင်းပြည်က နိမ့်ကျတော့ ပြည်သူတွေကလည်း ရေကြည်ရာမြက်နုရာ စီးပွားရှာသွားကြရတာပေါ့လေ။ ဒီတော့လည်း အနှိမ်ခံကြရတာ ရင်ထဲ မချိပါဘူး။ တစ်နေ့တော့ အကြွေးဆပ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။


ခင်တဲ့
မေသိမ့်

kiki said...

အင်း..အတ္တသမားတွေ အတွက် နောင်တနဲ့ ရတဲ့ ဆိုးမွေ ဆိုတာ သူ့ တယောက်ထဲ အတွက်တင်မက ..သူ့ မျိုးဆက်တွေ ထိ ခံရတတ်တယ် လေ။
နောင်မှတ လို့ ရတာ ကိုး ၊ တချို့ကိစ္စတွေကျတော့ ပြန်ပြင်လို့ ရနေသေးတဲ့ အချိန်မှာ စွတ်လုပ်နေကြတာတွေကြောင့် နာပြီးရင်းနာနေကြရတာပေါ့ ။
ဆိုင်မဆိုင်တော့ မသိဘူး..ရောဂါဆန်းကြောင့်
ပြောချင်တာတွေ ရေးလိုက်တယ်..
သဘောပေါက်..

မကိ

sosegado said...

ရွှေပြည်ကြီးလည်း စနေပြီ၊ လာတော့မယ်၊ ဒါပေမဲ့ လာမယ်ကြာမယ် ပြောသံကြားလိုက်ရပါတယ်၊
ယပလက်တွေလည်း တစ်ချိန်တုန်းက အပြင်ကို ထွက်လုပ်ပြီး အနှိမ်ခံခဲ့ရပါတယ်၊ ခုတော့ ထွက်လုပ်တဲ့သူ နည်းနည်းပဲ ရှိတော့တယ်၊
တိုင်းပြည်တိုးတက်လာရင် ဆက်ဆံတာပြောင်းသွားပါတယ် ပြည်ကြီးတရုတ်တွေကို ဆက်ဆံတာကိုကြည့်ရင် သိနိုင်ပါတယ်။

Unknown said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog