Wednesday, January 19, 2011

ထောင်တွင်း အတွေ့ အကြုံ ( ၂ )

လုပ်ချင်တာတွေကြီးပဲလုပ်နေခဲ့ မိလို့ ၊ မလုပ်ချင်တာတွေကြီးပဲ လုပ်နေရသည့် နေရာတစ်ခုကတော့ 
“ အကျဉ်းထောင် ” ဟု ကျွန်တော်ထင်ပါသည်။ လူတစ်ယောက်၏ လွတ်လပ်မှုမှန်သမျှတို့  ဆုံးရှုံး လိုက်ရသည့် 
နေရာ ၊ ပြင်ပ လောကကြီးနှင့်  နံရံကြီးတွေ ကာစည်း ဖြတ်တောက်ပစ်လိုက်သည့် နေရာတစ်ခုလည်းဖြစ်နေ
ပြန်ပါသည်။ “ သံယောဇဉ် ” အားလုံးတို့ နှင့်လည်း အရှင်လတ်လတ်ကြီး အဖြတ်အတောက် ခံခဲ့ ရသောနေရာ
ဟုလည်း ဆိုချင်ပါသည်။ ထိုနေရာမျိုးကို “ ကိုထွေး ” နှင့် “ ကိုသန့် စင် ” တို့ နှစ်ဦးက လှေလှော်ရင်း တက် ကျိုး
သွားသလို ဖြစ်ပြီး ရောက်ခဲ့ ရပါသည်။ ဘယ်တော့ မှ မတည်ငြိမ်၊ မပြည့် စုံ နိုင်တော့ သော အမိမြန်မာပြည်ကြီး
ကိုတော့  ကျွန်တော် အပစ်မဆိုချင်တော့ ပေမဲ့  ဤဝတ္ထုလေးကတော့  ကျွန်တော့်ကို အများကြီး လွှမ်းမိုး
ထားနိုင်ခဲ့ ပါတော့ သည်။ နိုင်ငံခြားထောင်ဆိုတော့ လည်း ဗမာပြည်က ထောင်များထက်တော့  အခွင့် အရေး
များ ပိုလိမ့် မည်ဟု တွေးမိပါသည်။ တိုင်းပြည်က နိမ့် နိမ့် နှင့် ကြပ်ကြပ်တည်းတည်း နိုင်လွန်းသော ကျွန်တော်
တို့ ဆီက ထောင်များထဲရှိ ရည်ရွယ်ချက်တစ်ခု၊ မှန်တာလေးတစ်ခုကြောင့်  ဘဝနစ်မွန်းနေရသူများကိုလည်း
စာနာမိလာရပါသည်။

........................................................................................................


ထောင်ထဲမှာ ရန်ပွဲများလည်းတွေ့ ရသည်။
မြန်မာများဖြစ်ကြသည်တော့  မဟုတ်။ ထိုင်းအမျိုးသားများအုပ်စုလိုက် ဖြစ်ကြခြင်းပင်။
အပြင်က ရန်စများကြောင့် ဖြစ်ကြသည်က များ၏။ ဖြစ်ပြီးလျှင်တော့  အဖေကယ်ပါ၊အမေကယ်ပါအော်ရလောက်
အောင်ပင် အဆော်ခံရသည်။ ကွင်းပြင်မှာ ဝမ်းယားမှောက်၍ ကြိမ်ဖြင့်  ဆော်ခြင်းဖြစ်သည်။ ပြီးလျှင် အချုပ်
ဆောင်ကျဉ်းကျဉ်းလေးထဲမှာ ထည့် ထားသည်။ အပြင်လုံးဝမလွှတ်၊ ထမင်းလာပို့ သည်။

ယောင်္ကျားချင်း ပလူးပလဲ လုပ်တာတွေ့ လျှင် ကြီးသော အပစ်ပေးသည်။ ခြေကျင်းပင်ခတ်ထားသည်။ ပြီးလျှင်
နေပူထဲ၌ တစ်နေကုန်အောင် ကိုယ်တုံးလုံးထားကာ နေပူလှန်းသည်။ မကြာခဏ ခေါ်ရိုက်သည်။ တိုက်ပိတ်
သည်။ ဝန်ခံကတိ ထိုးခိုင်းသည်။ အခြေအနေဆိုးလျှင် တစ်ဦးကို မိန်းမလျာဆောင်သို့  ပို့ သည်။

ထောင်ထဲတွင် မြန်မာလူမျိုးဖြစ်ဖြစ်၊ ကမ္ဘောဒီးယားဖြစ်ဖြစ်၊ လာအိုဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ ရှ်ဖြစ်ဖြစ် နှစ်ကြီးသမား
အဖြစ် အကျဉ်းကျခံရပါက ထိုင်းစာ သင်ခွင့် ပြုသည်။ တော်တော်များများ သင်ကြသည်။ စနေ၊ တနင်္ဂနွေနေ့ 
များတွင် သင်ပေးခြင်းဖြစ်သည်။ ထိုနေ့ မှာပင် တာဝန်မှုးက ဆံပင်သွားညှပ်ပါဟုဆိုလျှင် သွားညှပ်ရသည်။
မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွေး ရိတ်ခွင့် ရှိသည်။ ခြေသည်း လက်သည်းရှည်လျှင် ညှပ်ထားရသည်။ ထမင်းစားရုံ၌
ခြေသည်း၊ လက်သည်းရှည်နေသည်ကို တွေ့  ပါက အရိုက်ခံရတတ်သည်။

ကျွန်တော်သုံးနေသည့်  “ အရိုက်ခံရမည် ” ဆိုသည့် အသုံးအနှုန်းမှာ လှန့် လုံးမဟုတ်ပါ။ ထောင်ထဲတွင် မကြာ
ခဏ ကြုံတွေ့  နေရ၍ဖြစ်ပါသည်။ ကျွန်တော်တို့  မြန်မာများ အခြား သည်းကမ်းများကို လိုက်နာကြသော်လည်း
ထိုင်းဘုရင်ကို ချီးကျူးပူဇော်သည့် အခါ စိတ်ပါလက်ပါ မရှိလှ။ သီချင်းကို မရ၍ လိုက်မဆိုသည်ထက် မဆိုချင်၍
မဆိုသည်က များပါသည်။ မကြာခဏ ဆဲရေးခံရသည်။

ထောင်ဝန်ထမ်းတစ်ဦးကို အရိုအသေမပေးမိ၍ မြန်မာနှစ်ကြီးသမားတစ်ဦး ကျောကော့ သွားအောင်အရိုက်ခံ
ရသည်။ သို့ သော် ကြုံတောင့် ကြုံခဲမျှသာ။ မြန်မာလူမျိုးများ၌ လုယက်မှုမရှိ၊ မုဒိန်းမှု မရှိ၊ လူသတ်မှုမရှိ၊ ခိုးမှုမရှိ။
သို့ သော် သစ်ခုမှုသည် တရားမမှုကြီးဖြစ်နေသည်။ လက်နက်မှုလည်း ထို့ အတူပင်။ ကျန်အမှုများမှာ လပိုင်းမျှ
သာခံရသော တရားမဝင် ခိုးဝင်မှုသာဖြစ်သည်။ ထို့ ကြောင့် ဒုစရိုက်မှု နည်းသည်။

ထောင်တွင်းစည်းကမ်းများမှာ မလိုက်နာနိုင်အောင် တင်းကျပ်မှု ဘာမှမရှိ။ တစ်ခုသာရှိသည်။
မြန်မာများကို ထောင်ဝင်စာ လာတွေ့ သူမရှိပါ။ သူများတွေ ထောင်ဝင်စာ လာတွေ့ သည်ကိုကြည့် ၍ သူတို့ ပါ
လာသော စားသောက်ဖွယ်ရာများကိုမြင်လျှင် အိမ်ကိုလွမ်းရသည်။ ထိုစိတ်နှင့် ပင် ထမင်းရုံရောက်သည့် အခါ
အကြံအဖန် လုပ်ရသည်။ ထောင်ဝန်ထမ်းများ မသိ၍မဟုတ်ပါ။ သိပါ၏။ ဥပက္ခာပြုထားခြင်းဖြစ်သည်။ တခါတရံ
သူတို့ ကိုယ်တိုင်ပင်လျှင် ဟင်းများ လာထပ်ယူရန်ခေါ်ပေးတတ်သည်။ ထမင်းမှာလည်း လက်ထောင်လိုက်သည်
နှင့် လာဖြည့် ပေးသူ အဆင်သင့် ။ ပန်းကန် မဆေးရ။ ဟင်းမှာ သုံးနပ်လျှင်တကြိမ် အသားဟင်းပါ၏။ တခါတရံ
ငါးကြော်ဖြစ်သည်။

“ ပလာတူး ” ခေါ်သည့်  ငါးကို အကောင်လိုက်ကြော်ပြီး ဟင်းရည်ကျဲကျဲတစ်ခွက်ချပေးသည်။ ထိုနေ့ အဖို့ 
ဟင်းအပိုမပေး၊ ထောင်သားများစား၍ မကုန်သည့်  ထမင်းကျန်၊ ဟင်းကျန်များကို ဝက်စာအဖြစ် အပြင်မှ ကား
နှင့်  လာယူသွားကြသည်။ ကျွန်တော်တို့  မကြိုက်ဆုံးဟင်းမှာ သုံးရက်တစ်ကြိမ် ဆန်ပြုတ်နှင့် တွဲ၍စားရသော
နီနီအတုံးလေးများဖြစ်သည်။ နှစ်ခါထက်ပို၍ ဖဲ့ မစားဖြစ်။ ထိုင်းလူမျိုးတွေက အလွန်ကြိုက်သည်။ ကျွန်တော်
တို့ ဆီမှ အကျန်ကို တောင်း၏။ သူတို့ မှာ ရှိသည့်  ငါးပိထောင်းလိုမျိုး အရည်ကျဲဟင်းဆိုလျှင်တော့  မြန်မာများ
အန်ထွက်အောင် စားလို့ ရသည်။ ကိုယ့် စားပွဲပေါ်မှာပင် တခြားဟင်းခွက်များမှာ ကျန်နေတတ်၏။ သူတို့ က
ဒီလိုဟင်းမျိုးကို မကြိုက်။ ကျွန်တော်တို့ အတွက် ဝမခန်းစားရသောဟင်းဖြစ်သည်။

တစ်ခါတော့  ပြင်ပမှ အလှုရှင်က ဒံပေါက်ကျွေးသဖြင့်  စားရသေးသည်။ မြန်မာပြည်မှ ဒံပေါက်ကဲ့ သို့ ပင်
ချက်ထားသည်။ လိုက်ပွဲတော့ မရ။

ထောင်ထဲမှာ ကျားကစားရသည့် အခါ မြန်မာနှင့် ထိုင်းကွဲပြားတာရှိသည်။ ကျားကွက်မှာ တူလျက် ကျားကောင်
ရေမှာတော့  ဆယ့် နှစ်ကောင်နှင့် ရှစ်ကောင်ကွာသည်။ သူတို့ ၏ ရှစ်ကောင်ကျားမှာ ကင်းရလျှင် တစ်ကောင်
သာ စားရ၏။ ဆက်တိုက်စား၍ မရ။ နှစ်ကောင်တစ်ကောင်ဖြစ်ရုံနှင့် ပင် တစ်ကောင်သမားရှုံးသည့် ကစားနည်း
ဖြစ်သည်။ ကြွားသည်ဟု မထင်ပါနှင့် ။ မြန်မာများကို သူတို့ ကျားကစားတာမယှဉ်နိုင်။ ခြင်းလုံးမှာတော့  သူတို့ 
သာသည်။ ဘော်လီဘောကိုတော့  သူတို့ လည်း မကစားချင်ကြ။ ပင်ပန်း၍ ဖြစ်သည်။

စနေ၊ တနင်္ဂနွေ ဆိုလျှင် တီဗွီကြည့် သူက အများစုဖြစ်သည်။ ထောင်ထဲမှာ ဖြစ်၍လားမသိ၊ အဝတ်အစား
ပျောက်တာမျိုးမရှိ။ ဘောင်းဘီဆိုလျှင် ရေကန်တစ်ဝိုက်မှာ သွားကောက်၍ပင် ဝတ်နိုင်သည်။ ဘတ် ၂၀ မျှ
ပေးလျှင်ဝယ်လို့ ရသည်။ ထောင်ထဲမှာ အဝတ်အစားများသည် ဘာမှတန်ဖိုးမရှိ။ အကောင်းစားများပါလျှင်
ရောင်းစားကြသည်က များသည်။

ထောင်ထဲမှာ တန်ဘိုးရှိသည်က ပွတ်ချွန်း ဆေးလိပ်နှင့်  နိုင်ငံခြားအိမ်သုံးဆေးများဖြစ်သည်။
ပွတ်ချွန်းဆေးသာရှိလျှင် နင်းနှိပ်ခိုင်းလို့ လည်းရသည်။ အဝတ်လျှော်ခိုင်းလို့ လည်းရသေးသည်။

“ ကိုမော် ” ရှိနေသဖြင့်  ဆေးလိပ်အတွက်တော့ မပူရ။ သူ့ ကို သူ့ ရှေ့ နေက လာတွေ့ တိုင်း ပွတ်ချွန်းဆေးနှင့် 
အင်္ဂလိပ်သတင်းစာ ယူလာပေးသည်။ သူ့ နာမည်နှင့်  စာလည်း လာတတ်သည်။ ထောင်ထဲမှာ စာပြန်ရေးလို
လျှင် စာအိပ်နှင့် တံဆိပ်ခေါင်းဝယ်၍၊ ဗလာစာရွက်၌ ရေးသားနိုင်သည်။ ရေးပြီးသားကို အိတ်ထဲမထည့် ဘဲ
ပေးလိုက်ရ၏။ သူတို့ က တည်းဖြတ်ပြီးမှ ထည့် ပေးသည်။ အပြင်မှ စာများလည်း တည်းဖြတ်ပြီးမှ ရောက်လာ
သည်။

ကျွန်တော့်ဘေးမှ ဦးလေးကြီးတစ်ယောက်ဆိုလျှင် ညစဉ် စာရေးသည်။ သူ့ မှာ စာချင်းချစ်သူ ငါးယောက်ခန့် 
ရှိသည်ဟု သိရ၏။ ထိုင်းစာများကို ကျွန်တော်မဖတ်တတ်ပါ။ သို့ သော် “ ကိုမော် ” ပြောပြချက်အရ၊ စာအရေး
အသား အမတန်ကောင်းသည်ဟု ဆို၏။ သူက နှစ်၂၀ အပြစ်ဒဏ်ကျသူ။ သူတို့ မဂ္ဂဇင်းများတွင် စာချင်းဆက်
သွယ်ကာ ခင်မင်ရင်းနှီးလိုသည့်  နာမည်နှင့် လိပ်စာများ ထည့် သွင်းဖေါ်ပြပေး၏။ ကိုယ်က လှမ်း၍ဆက်သွယ်
လျှင် ဟိုက ပြန်ဆက်သွယ်သည်။ ဤသို့ ဖြင့်  သမီးရည်းစားဖြစ်ကြသည်ဟု ဆိုသည်။ ထိုင်းစာတတ်လျှင်
ကျွန်တော်ရေးမိမှာအမှန်။

ထိုင်းစာ မရေးတတ်တော့  မြန်မာပြည်ကို ရေးရန် “ ကိုမော် ” အား အကြံတောင်းမိသည်။ ရည်းစားတစ်ဦးက
မဟာဗန္ဓုလပန်းခြံလမ်းရှိ၊ လူမှုဖူလုံရေး ရုံးချုပ်၌ အလုပ်လုပ်နေသည်။ သို့ ရာတွင် အင်္ဂလိပ်လို ကျွန်တော်မရေး
တတ်။ “ ကိုမော် ” က လိပ်စာကို ရေးပေးရသည်။ သို့ ရာတွင် ကျွန်တော် လွတ်မည့် ရက်နှင့်  တွက်လျှင် ပြန်စာ
ရနိုင်ရန် မမီတော့ သဖြင့်  မရေးဖြစ်တော့ ပေ။ အိမ်ကိုတော့  မရေးချင်။ အခက်အခဲတွေ့  နေသမျှကာလ
တလျှောက် မဆက်သွယ်တော့ ဟု ဆုံးဖြတ်ထားမိသည်။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

.........................................................................................................................

( ဆက်ရန် )






8 comments:

kiki said...

သူတို့ ထောင်ထဲမှာ အနေ၊ အစား ၊ပိုကောင်းတယ် ။ ဖျော်ဖြေရေး အစုံအလင်နဲ့ ရည်းစားစာတောင် ရေးလို့  ရသေးတယ် ဆိုတော့ ၊ မြန်မာ တွေ အတော်များများ ထောင်ဆိုတာ ကို နိဗ္ဖာန်လို့ တောင်
မှတ် နေ မလား မသိဘူး ။
(မိန်းမလျှာဆောင်တောင် သပ်သပ် ရှိတယ် ဆိုတော့.... ဆက် မတွေးရဲတော့ ပါ ဘူး.. )

ဆက်ရန်က ဘယ်နှစ်ဆက် ကျန်သေးလည်း။။ဆန့်တငင်ငင် ကြီး ..

ခင်တဲ့ မကိ

မိုးယံ said...

အဲတုန်းကတော့ အော့ဖ်လိုင်း ရည်းစား လိုလိုပေါ့... အခုဆို ထောင်ထဲမှာပဲ အွန်လိုင်းရည်းစားများ ထားနေကျပြီလား မပြောတတ်.

Anonymous said...

ကိုယ်တိုင် ထောင်ထဲ ရောက်ရှိသွားသလို ခံစားရတယ်ဗျာ ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ထောင်တွင်း ဗဟုသုတ စုံလိုက်တာ
တကယ်ကို သိသွားရတယ်..
ဖတ်လို့ကောင်းလိုက်တာ ကိုအဖြူလေး
စောင့်ဖတ်နေတယ် နော်..
ဆက်ရန်

Unknown said...

ဖတ်ရ ဆန့်တငင့်ငင့် ဖြစ်နေရတယ် ကိုကျော်ရာ....။
ဇာတ်လမ်းတွေက ထိုင်းဘက်ကထောင် ဆိုတော့ ထိုင်းထောင်အကြောင်း သိရတာပေါ့။ စောင့်နေမယ်ဗျာ။
မြန်မာထောင်မှာလည်း ဆေးပေါ့လိပ်ရှိရင် ဆရာပဲလို့ ဖတ်ဖူးတယ်။ ဘာပဲပြောပြော ရေးတဲ့သူကောင်းရင် ထောင်လိုနေရာတောင် ဖတ်လို့ကောင်းပြီး မျက်စိထဲ ဘွင်းဘွင်းကြီး မြင်ရတယ်။

sosegado said...

ခုမှလာဖတ်သွားပါတယ်၊ ဟောင်ကောင်ကားတွေထဲမှာတော့ ထိုင်းထောင်တွေက စုတ်ပြတ် ကြီးနိုင်ငယ်ညှင်း ရုပ်ရှင်မို့ထင်ပါတယ်။

ကိုဇော် said...

အခုမှပဲ ဆက်လာပြီး ဖတ်နိုင်တော့မယ်ဗျို့။
နေမကောင်း ဖြစ်နေလို့။

blackcoffee said...

သူတို့ ဘုရင်ကို သူတို့ အလေးအမြတ်ထားတာ သိပါတယ်။ ဒါပေမယ့် ကိုယ့်လူမျိုး ကိုယ့်ဘုရင်မှ မဟုတ်တာ ဒီတော့ ဘယ်သူက ချီးကျူးပူဇော်ချင်မှာလဲ ဟုတ်ဘူးလား...