Wednesday, February 9, 2011

စင်ကြယ်ဖိနပ်ဖြင့်  မြို့ တော် ဘန်ကောက်သို့  ...။

ပထမတော့  နှစ်ပိုင်းခွဲပြီး တင်မလို့ ပါပဲ။
ဒါပေမယ့်  အပိုင်းကွဲသွားရင် သူပြောချင်တာလေး ပေါ့ သွားမှာ စိုးသောကြောင့်  ရှည်တဲ့ အတိုင်း ပြန်တင်
ပေးလိုက်မိပါတယ်။ နဲနဲ အချိန်ယူ ဖတ်မှ သည်ဝတ္ထု အပိုဒ်လေးက ပြည့်စုံမယ်ဟု ထင်မိပါကြောင်း ...။
( SUZUKI မတိုင်ခင်က ပြန်တင်နေခဲ့ သည့်  ဝတ္ထု လေး၏ အဆက်ဖြစ်ပါသည်။ )

................................................................................................................................


ဝက်ရုံ ရောက်လို့  နှစ်လပြည့် လခထုပ်ရက်မှာ သန့် စင်ရောက်လာသည်။ သူဌေးက ခွင့် ပြုပါသည်။
ဘုတ်ဆုံကတော့  စကားသိပ်မပြောတော့ ။ ကျွန်တော်လည်း သိပ်တော့  မပျော်မိပါ။ ဒီနေရာလေးကို သံယော
ဇဉ် ဖြစ်နေမိသည်။ ဒါပေမဲ့  ဘဝတိုးတက်ဖို့ ကို ရှာရဦးမည်။

မနက် ၈ နာရီလောက်မှာ ဝက်ခြံက ထွက်ခဲ့ ကြသည်။
ကားက လမ်းမထွက် တားစီးရုံပင်။ နံပါတ် ( ၇၆ ) အပြာရောင်ကားကြီးတွေ စီးရသည်။ လမ်းမှာဘာအတားအဆီး
မှ မရှိပါ။ ကန်ချနပူရီလမ်းနဲ့  ဘာမှမဆိုင်။ လှပူရီနဲ့  ဘန်ကောက်က ကီလိုလေးဆယ်ကျော်သာ ဝေးသည်။
တစ်နာရီပျော့ ပျော့ မှာ ဘန်ကောက် ဆင်ခြေဖုံးမြို့ နယ်တွေ မြင်ရပြီ။ လမ်းက ဝင်ခဲ့ သည့်  မြို့ တွေမှာ
“ နမ့် ခစဝမ် ” လို့ ခေါ်တဲ့  ဂူဘုရားအကြီးကြီး ရှိတဲ့ မြို့  ကို ဖြတ်ခဲ့ ရသေး၏။

ဘန်ကောက်မြို့ နှင့်  နီးလာလေလေ အဆောက်အဦတွေက ကြီးလာလေလေ တွေ့ ရသည်။ တံတားတွေ
အထက်အောက် ယှက်ထိုးနေတဲ့  နေရာရောက်တော့  ကျွန်တော်က လှပူရီ က ထွက်လာတာ မှန်တယ်လို့ 
ယူဆလိုက်၏။ ကားတွေ၊ လူတွေ၊ သားနားပုံက ပြောဖို့ တောင်မလိုပါ။
“ ဆင်းရအောင် ကိုထွေး၊ ဂိတ်အထဲထိ မလိုက်နဲ့  ”

ကားပေါ်က ဆင်းလာတော့  အားငယ်မိသည်။
စင်ကြယ်ဖိနပ်နှင့်  ဖြစ်နေတာကိုး။ နံပါတ် ( ၈၅ ) ဘတ်စ်ကားပေါ် ရောက်တော့  သန့် စင်နှင့်  ကျွန်တော်စကား
ပြောဖြစ်သည်။ သူ နယ်စပ်က ဘယ်လို ပြန်တက်လာတာတွေ ပြောပြပါတယ်။
“ ကိုထွေး မလိုက်တာ မှန်တယ်၊ ဟိုမှာ အလုပ်ရှားတယ်ဗျ၊ အထဲကို ပြန်ဝင်ဖို့ အတွက် ဆိုက်ခင်းတွေမှာ ဆေး
လိုက်ဖြန်းရတယ်၊ ပင်ပန်းတာတော့  ပြောမနေပါနဲ့ တော့ ဗျာ ”
“ ငါလည်း ကံကောင်းလို့  လွတ်လာတာ ”
ကျွန်တော် ဒီလောက်ပဲ ပြောသည်။ စိတ်ဆင်းရဲစရာတွေ ပြန်မတွေးချင်။
ပန်းခြံကြီး တစ်ခုကို ရောက်တော့  သန့် စင်က ခဏ ဝင်နားဖို့ ခေါ်သည်။ “ မော်ချစ် ” ပန်းခြံ လို့ ပြောပြသည်။
ပန်းခြံ တစ်ခုလုံးမှာ ကျွန်တော် အစုတ်ဆုံး နေမည်။ ပန်းခြံ ရှေ့ က အဆောက်အဦတွေ၊ လမ်းမှာ သွားနေတဲ့ 
ကားတွေ၊ လူတွေ ကို ကြည့်ပြီး .....
“ ငါ ကြီးပွားရမယ် သန့် စင်ရာ ”
“ ဘာလဲ ”
“ မင်း ကြည့် နေ၊ ငါ အခု စင်ကြယ်ဖိနပ်နဲ့  လာခဲ့  တယ်နော်၊ နှစ်နှစ်အတွင်းမှာ ဒီမြို့ ကို ငါ နိုင်စေရမယ် ”
“ ကောင်းပါတယ် ”
သူက ဒီလောက်ပဲ ပြောပြီး ဆေးလိပ်သွားဝယ်နေပါသည်။
ကျွန်တော်တော့  အတော် သွေးဆူနေပြီ။ ဒီမြို့  ကို ရောက်ဖို့ အတွက် သေလုနီးပါး ဒုက္ခတွေ ဖြတ်ခဲ့ ရတာကိုး။
လွယ်လွယ်နဲ့ တော့  အရှုံးမပေးလို။ ဒီမြို့ တော်မှာ ဂျင်ဂျင်လည်တဲ့  လူတစ်ယောက် ဖြစ်အောင်နေဖို့  စိတ်ကူး
မိသည်။ ထိုင်နေရာက ထပြီး ပန်းခြံလမ်းကို ခြေဆောင့် ပြီး ကြိမ်းဝါးလိုက်ပါသည်။
“ ငါနိုင်စေရမယ် ဘန်ကောက်ရေ.... ငါနိုင်စေရမယ် ”
သန့် စင် ရောက်လာတော့  နောက်ထပ် လိုင်းကားစီးဖို့  ထွက်လာခဲ့ ကြသည်။
“ မှင်ဘူလီ ” ဘက်ကို သွားမှာလို့  ပြော၏။ လိုင်းကားနံပါတ်တွေ မှတ်ထားဖို့ ၊ ဆင်းရမယ့်  မှတ်တိုင်တွေ ရောက်
ရင် မှတ်ထားဖို့  ပြောပြ၏။ လိုင်းကားစီးတဲ့ အခါ ငွေ အကြွေ ပေးရင် သွားမဲ့ ခရီး ပြောစရာမလိုဘူး ဟု ရှင်းပြ
ပါသည်။
“ ကားအကြီးစီးရင် သုံးဘတ်၊ အသေးစီးရင် နှစ်ဘတ် ပေးရုံပဲ၊ လက်မှတ်ကို သိမ်းထား ”
“ တို့  ဆင်းမဲ့  မှတ်တိုင်က ဘာလဲ ”
“ သလပ်မှင်လို့  ခေါ်တယ်၊ ဈေးရှိလို့ ၊ နောက်တော့  ကျွန်တော်ပြောပြမယ် ... လမ်းတွေပဲ ကြည့် ထား ”

ဈေးတစ်ခုထဲကို ကားချိုးဝင်လာတော့  သန့် စင်က ဆင်းကြမယ်လို့  ပြောပါသည်။
လမ်းထိပ်မှာတုံးက ( မှင်ပူရီ ) ဆိုတာကို အင်္ဂလိပ်လို ရေးထားတာ တွေ့ ရပါသည်။ သူတို့ နဲ့  ကျွန်တော်
တော်တော်လေးလမ်းလျှောက်လာပြီးတဲ့ အခါ၊ မြေနီလမ်းတစ်ခုထဲသို့  ချိုးဝင်ခဲ့ ကြပါသည်။ ဓါတ်တိုင် ငါးတိုင်
လောက် လျှောက်လာပြီးချိန်မှာ ဆောက်လက်စ၊ သုံးထပ် လေးခန်းတွဲ တိုက်တစ်လုံးကို တက်ခဲ့ ကြသည်။
“ အသီ့ ရာရေ၊ ကျွန်တော့်  အကို ပါလာတယ် ”
“ လာဟေ့  ..... သန့် စင်၊ ဟယ် မျိုးတွေ့  လာနူး၊ အဆင်ပြေပဲ လော ”
ထားဝယ်လို ပြောဆို နှုတ်ဆက်တာ ဖြစ်ပါသည်။
အရပ်ပုပု၊ မျက်နှာ ချိုချိုနဲ့  အသက်လေးဆယ်ခန့်  လူတစ်ဦး ထွက်လာ၏။
“ ဝက်ရုံမှာ ရောက်နေတာဗျ၊ ကိုစောပြောလို့  သိရတာ၊ အဆင်ပြေပါတယ် ”
“ အေး ...... မှန်းခါထဲ စားပါလော ”၊ ( ထမင်းဝင်စားပါလား )
“ မစားသေးဘူးဗျာ..၊ ရေချိုး အုံးမယ် ၊ ကဲ .. ကိုထွေး.. ရေချိုး ရအောင် ”
“ မင်း ချိုးနှင့်ပါ၊ ရ တယ် ”
“ ကျွန်တော် ထားဝယ်လို ပြောတာ နားလည်လား ”
အသီ့ ရာ မေးတော့  ကျွန်တော် ခေါင်းညိတ်ပြဖြစ်သည်။ သုံးနှစ်အရွယ် ခလေးမလေး ပြေးထွက်လာတော့ ၊
အသီ့ ရာက အမေ့ ကို သွားခေါ် ဖို့  ပြောပါတယ်။
“ မီး .... နန့် မယ် သွားခေါ် လော့  .. သန့် စင်နော် ရောက်နှေ့ တယ် ”
( နင့်  အမေ ခေါ် လာခဲ့  )
“ မိဝေ့  .. ဗြန့် လာဝေ့ ” ( အမေ .. မြန်မြန်လာပါ )
“ မခေါ် ပါနဲ့ ဗျာ၊ ရပါတယ် ၊ အရေး မကြီးပါဘူး ”
“ ထားဝယ်လို နားလည်တယ်ကီးမား..”
“ ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော့်  အဖေလည်း ထားဝယ်၊ သန့် စင် တို့  အဖေက ကျွန်တော့်ဦးလေး
အရင်းလေ ”
“ သြော် ”
ကျွန်တော်တို့  စကားပြောနေစဉ် မော်လမြိုင် အဖွဲ့ သားတွေ ရောက်လာပါတယ်..၊ ကိုစော လည်းပါလာသည်။
“ ဟာ .. ကိုထွေး ၊ ဘယ်တုံးက ရောက်လဲ ”
“ အခု လေးတင်ဗျ၊ အကို ဘယ်မှာ နေတာလဲ ”
“ ကျွန်တော်က အောက်ထပ်မှာ.. ၊ ဆိုဒ်ထဲမှာလည်း နေတယ်၊ ရော့  .. အသီ့ ရာ..၊ အမြည်း လုပ်ဗျာ..”
သူ က အရက်ဖြူ တစ်ပုလင်း လှမ်းပေးရင်း ဝိုင်းဖွဲ့  ဖို့  ပြင်ပါသည်။
“ ကိုထွေး .. ဒီမှာတော့  သောက်ရမယ်နော် ”
သူ ဝက်ခြံ လာလည်စဉ် တိုက်ခဲ့ တုံးက ကျွန်တော် ငြင်းခဲ့ တာကို ရည်စူးပြီး ပြောတာ ဖြစ်ပါသည်။ ကျွန်တော်
ဘာမှ မပြောပဲ ပြုံး နေလိုက်ပါသည်။
“ ဘာမှာလိုက်သေးလဲ ၊ မှာမယ် မထင်ဘူးဗျ နော် ... ကိုထွေး ”
“ နင်က .. ဘာမှ ရှေ့  မဆက်ပဲကိုး... ဘယ်မျိုး သွားရမလဲ ”
“ အသီ့ ရာ ကလဲ...၊ သူ့ ဦးလေးတွေက မရဘူးဗျ နော်.... ကိုထွေး ”
“ ကိုစော ကိုတော့  သူ တော်တော်ချစ်ပါတယ် ”
“ အလကားပါဗျာ.... ချစ်ရင် သူလိုက်ရဲရမှာပေါ့  ”
“ ဒါတော့  ဒါပေါ့  ”
“ ပြီး ခဲ့ တဲ့  အခေါက်က ကျွန်တော်လာခေါ်တာဗျ ... သူ မလိုက်ဘူး ”
“ ဟုတ်လား ”
ကိုစော ခေါင်းညိတ်ပြီး ဇာတ်စုံ ရှင်းပြသည်။
ဘုတ်ဆုံက ကိုစောကို အရင်ရည်းစားဟောင်းနဲ့  ပြန်ဆက်သွယ်နေတယ်ဆိုပြီး စွပ်စွဲ ပါတယ်။ ကိုစောက တမင်
ဆက်သွယ်တာ မဟုတ်ကြောင်း၊ လူကြုံ မှာရင်း တွေ့  ကြတာ ဖြစ်ကြောင်း ရှင်းပြတာကို လက်မခံ ဟု သိရသည်။
“ သူ က စိတ်ကြီးတယ်ဗျ .... သူ စိတ်နာရင် ဘယ်လိုမှ ရှင်းပြလို့ မရတော့ ဘူး၊ သူ့  အိမ်က သဘောတူနဲ့ ကောင်
လဲ ရောက်နေတယ် ”
ဒါကိုတော့  ကျွန်တော်သိပြီးပြီ၊ ဟိုကောင်လေးက သူတို့  ဇာတိသား။ ရုပ်ကလေးက တော်တော် ဖြောင့်သည်။
အေးလဲအေးပါသည်။ ဘုတ်ဆုံကတောင် နဲနဲ ကြမ်းနေသလို ထင်ရသည်။ ကျွန်တော်တို့  သောက်ကြ၊ စားကြရင်း
သူဌေးညီက ဝင်ငေါက်တော့ မှ၊ ဝိုင်းသိမ်းခဲ့ ပါတယ်။ သူဌေးရဲ့  ညီ က၊ အလုပ်ခေါင်းဖြစ်ပြီး၊ ဟိုဘက်ခန်းမှာ နေပါတယ်။ အင်ဂျင်နီယာကျောင်းဆင်း တစ်ဦးလို့  သိရသည်။


ကျွန်တော်ပန်းရံသမား စ လုပ်ရပြီ။
တစ်နေ့  ဘတ်ရှစ်ဆယ် ရပါတယ်။ စုစုပေါင်း ကျွန်တော်တို့  အဖွဲ့ က လူနှစ်ဆယ်ကျော်ရှိသည်။ အမျိုးသား ဆယ့်
ငါးယောက်နှင့် အမျိုးသမီး ခြောက်ယောက် ရှိ၏။ အားလုံးမှာ ထိုင်းလူမျိုးဆိုလို့  သူဌေးရဲ့  ညီရယ်၊ ကားမောင်း
တဲ့  “ အကွေ့ ” ရယ် နှစ်ဦးတည်း ပါသည်။

အလုပ်က ရဲဝန်ထမ်းကျောင်းထဲမှာ လုပ်ရခြင်း ဖြစ်သည်။ အဲ့ ဒီထဲမှာ ဘောလုံးကွင်းကြီး တစ်ကွင်း ရှိသည်။
ကွင်းပတ်ပတ်လည်ကို ရေပိုက်နှင့်  မြောင်းတွေ လုပ်ပေးရသည်။ အတော်ပင်ပန်းကြပါသည်။ နေ က ပူလှသည်။
ဆယ်ရက်လောက်ကြာတော့  တခြား ဆောက်လုပ်ရေးအဖွဲ့ တွေ ပြောင်းသွားတဲ့ အတွက်၊ သူတို့  နေသွားတဲ့ 
အလုပ်သမားတန်းလျားတွေမှာ ဝင်နေကြသည်။ ကျွန်တော်ရယ်၊ သန့် စင်ရယ်၊ အသီ့ ရာရဲ့  ညီ ခင်မောင်လွင်
တို့  လင်မယားရယ် တစ်ခန်း နေကြသည်။ ခင်မောင်လွင်နဲ့  သန့် စင်က ငယ်သူငယ်ချင်းတွေပါ။ အလွန်သဘော
ကောင်းပါသည်။

ကိုစောတို့ အဖွဲ့ က တခြားဆိုဒ်ကို ပြောင်းသွားကြသည်။
အလုပ်က တော်တော်ပင်ပန်း၏။ ကွန်ကရစ်ပိုက်တွေ ချနိုင်ဖို့  အလှည့် ကျတူးပြီးရင် ပိုက်တွေထမ်း၊ ပိုက်ချင်း
ဆက်၊ ဘိလပ်မြေကိုင် ခြောက်ရင် မြေပြန်ဖို့ ရသည်။ ထောင်ထဲမှာ ရေသာခိုသမျှ ဒီမှာ ခံရပြီ။ အမိုးအကာမရှိတဲ့ 
ဘောလုံးကွင်းကြီးကို ဟိုဘက်၊ဒီဘက် ဖြတ်လျှောက်ရုံနဲ့  ချွေးဒီးဒီး ကျနေရတဲ့ အထဲ၊ ကွန်ကရစ်ပိုက်တွေသယ်
မြေကြီးပေါက်၊ မဆလာသယ်နဲ့  သေချင်စော်နံသွားတော့ သည်။ လစာထုပ်ရက်ရောက်တော့  ပိုဆိုးပါလေရော။
ချေးငွေ ဘတ်ငါးရာစီသာ ထုပ်ပေးသည်။ နောက်မှ ရှင်းပေးမယ်တဲ့ ။ ကျွန်တော် တော်တော် စိတ်ပျက်သွားပါ၏။

တစ်လလောက်ကြာတော့  အလုပ်က ပုံမှန်မဟုတ်တော့ ပေ။
ဆင်းသည့်လူက ဆင်းရ၍၊ နားသည့်သူက နားရသည်။ လူတွေလည်း ညည်းကုန်ပြီ။ နောက်တစ်လပြည့် တော့ 
ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ဝက်ခြံကို ပြန်တော့ မည်။ အသီ့ ရာ တို့ ကလည်း လိုက်ချင်၏။ နောက်ထပ်
လိုက်ချင်သူတွေလည်း ရှိသည်။ ထို့ ကြောင့်  ကျွန်တော့် ဝက်ခြံကို လာစုံစမ်း၏။ ဘုတ်ဆုံတို့  ဦးလေးနဲ့ ဆွေးနွေး
ကြသည်။

ကျွန်တော့် ကို ဝက်ရုံမှာထားပေးမည်။ ကျန်တဲ့ သူတွေကို ငါးကန်နဲ့  သရက်ခြံမှာ ထားပေးမယ်တဲ့ ။
လူဆယ်ယောက်နီးပါးကို လက်ခံသည်။ ကျွန်တော် အသီ့ ရာတို့ ကို လာခေါ်တော့  သူဌေးက ကားခ ပေးမယ်
ပြောပါသည်။ ပွဲစားဖြစ်မှာစိုးလို့  ကျွန်တော် မယူပါ။ လူဆယ်ယောက် ပြန်ပါလာသည်။ အားလုံးအလုပ်ရသည်။
နေစရာပေး၏။ ချက်ပြုပ်၊ စားသောက်ဖို့  ဆန်တွေ၊ ဆီတွေ အကြွေး ထုပ်ပေးသည်။ ခင်မောင်လွင်တို့ လင်မယား
နှင့် သန့် စင်တော့  နေခဲ့ သည်။ သူတို့ က သူဌေးလူယုံတွေ ဖြစ်နေတာမို့  သူဌေးစီးပွားပျက်ချိန်မှာ မခွာရက်
ကြပေ။

ကျွန်တော် ပြန်ရောက်လာချိန်မှာ ဘုတ်ဆုံ အိမ်ထောင်ကျနေပြီ။
ဟိုကောင်လေးနှင့် လူကြီးတွေ ပေးစားလိုက်ကြခြင်းပင်။
“ ဒီရုံကို တော်ရုံလူကို ထားတာမဟုတ်ဘူး၊ မင်းလုပ်ရည်ကို သဘောကျလို့  သူဌေးကိုယ်တိုင် ခေါ် ခိုင်းတာ၊
သေသေချာချာလုပ်နော် ”
ဘုတ်ဆုံရဲ့  ဦးလေးမှာတာပါ။ ဒီရုံမျိုးမှာ လုပ်ချင်တဲ့ လူတွေများပေမယ့်  ကျွန်တော့်ကို ရွေးထားတဲ့ အတွက်
တစ်ချို့ လည်း အံ့ သြနေသည်။ ကျွန်တော်လည်း စွမ်းရည်ပြရပြီ။ ထိုင်းအမျိုးသမီး တစ်ဦးနှင့် တွဲလုပ်ရသည်။
သူက သဘောကောင်း၏ အစာစပ်တာ နှစ်ခါ၊ သုံးခါလောက် ပြထားပေး၏။ လိုအပ်သည့် အစာကို အရှေ့ က
စက်ကြီးမှာ သွားယူရသည်။ အဲဒီမှာ ဂိုဒေါင်ရှိသည်။

အရင်စက်ရုံမှာတုံးက ဝက်သေတာ၊ မကျန်းမာတာ၊ အစာမစားတာ ကျွန်တော့်မှာ ဘာတာဝန်မှ မရှိ။ အခုတော့ 
တာဝန်ရှိလာပြီ။ ဒီဝက်တွေ အသားမြန်မြန်ပေါ်တဲ့  စံချိန်မှီအောင် ကျွန်တော့် တာဝန်ဖြစ်နေသည်။ ဒေါ် ရှမ်းမ
( ထိုင်းအမျိုးသမီးများကို ရှမ်းဟု ခေါ်ကြသည်) က စောင့်ရှောက်ရုံ သက်သက်ပင်။

ကျွန်တော့်ဝက်ရုံမှာ အခန်းနှစ်ဆယ်ရှိသည်။ အလယ်မှာ ငါးပေကျယ်သည့် လူသွားလမ်းရှိပြီး၊ တစ်ခန်းကို ဆယ့်
ငါးပေပတ်လည် ကျယ်၏။ တစ်ခန်းကို ဆယ်ကောင်ကနေ၊ ဆယ့်ငါးကောင်အထိ ထားသည်။ နို့ ခွဲပြီးချိန်မှ စပြီး
သုံးလအတွင်း အရောင်းစံချိန်မှီမှ ဖြစ်မည်။ အသေ အပျောက်နည်းမှ ဖြစ်မည်။ ရောဂါဆိုးဝင်လာလျှင် သူဌေးက
သီးသန့်  ခွဲထားပြီး အခြေအနေမဟန်လျှင် ဆေးထိုးပြီး ကိစ္စတုံးပစ်သည်။ ပြီးရင် ကားနှင့်တင်ပြီးသွားရောင်းလိုက်
သည်။

ပထမ အစမှာတော့  ဒီကောင်တွေနှင့် ကျွန်တော် ဝက်ခြံထဲမှာ သူနိုင်ကိုယ်နိုင် ကြဲ ရသည်။
အသားပေါ်မယ့် ဝက်တွေဆိုတော့  အသန်ချဉ်းသာ။ ဝက်ချေး ဝင်ထိုးရလျှင် သူတို့ က ကိုယ့်ကို သူတို့ နှုတ်နဲ့ ရော
ကိုယ်နဲ့ ပါ ဝင်တိုးတာ စိတ်ပျက်ဖို့ ကောင်း၏။ ဒေါ် ရှမ်းမက သင်ပေးသည်။ တစ်ခါ နှစ်ခါလောက် ကြမ်းပြထား
လိုက်တဲ့ ။ ဟုတ်သည်။ နှစ်ခါလောက် ပိတ်ကန်ထားသဖြင့် နောက်ဆို အနှောက်အရှက် မပေးတော့ ပေ။

အစာကြွေး တာလည်းဂရုစိုက်ရသည်။
နှစ်ပေအကျယ်၊ သုံးပေ အမြင့်ရှိတဲ့  စတီးဝိုင်းကြီးရဲ့  အောက်ခြေမှာ ကျောက်ခွက်မြောင်း ခံထား၏။ တစ်ခုလုံး
ရွှေ့  လို့ ရသည်။ အစာထည့်တာတော့  အပေါ် ပေါက်က ထည့် လိုက်ရုံပင်၊ အစာဟောင်းတွေ အောက်မှာ ကျန်
တာများရင် အချဉ်ပေါက်ပြီး မစားကြတော့ ပေ။

အစာကုန်တာကြာလျှင်လည်း အချင်းချင်း ကိုက်ကြပြန်ရော။
ရေ ကတော့  အခန်းသန့် ရှင်းရေးလုပ်ရင်း ဖြည့်သွားရုံနဲ့  ပြီး၏။ အစာထည့်ပေးပြီး သူတို့ ကိုယ်နှင့် စတီးဝိုင်းကြီး
ကို တိုးလိုက်လျှင် အောက်က ဟ ထားသည့် အပေါက်ကနေ ကျောက်ခွက်မြောင်းထဲ အစာကျလာသည်။
တိရ စ္ဆန် ဆိုပေမယ့် အတော်ပါးသည့် အကောင်တွေ ဖြစ်သည်။ ချေးယိုသည့်နေရာက သတ်သတ်၊ အိပ်သည့် 
နေရာက သတ်သတ် နေတတ်၏။

ရေချိုးပေးချိန်နီးလျှင် ဘယ်ကောင်ကွေးနေလဲ ၊ အစာမစားလဲ ကြည့်ရသည်။ တစ်ရုံလုံးမှာ နှစ်ခန်းလောက်ကို
အလွတ်ထားရသည်။ သန့် ရှင်းရေး လုပ်လိုသည့်အခါ လုပ်မည့် ရုံက ဝက်တွေကို အလွတ်ထားသည့် အခန်းထဲ
ပြောင်းပြီး လုပ်ရမြဲ ။ မဟုတ်လျှင်ဖိအားပြင်းထန်သည့် ရေဒဏ်ကို သူတို့  မခံနိုင်။ ရေအားမှာ တော်တော်ပြင်း၏။
အုတ်ခဲတောင် ကျိုးအောင် ထိုးချနိုင်သည်။

ရေနူးထားသည့်  အောက်ကြမ်းပြင်သည် နှစ်ခါလောက် ထိုးလိုက်သည်နှင့်  ဝက်ချေးတွေ ကုန်ပြီး သန့် ရှင်းသွား
စမြဲ ။ ပြီးရင် ဆေးဖြန်းပြီး အခြောက်ခံရသည်။ ပြီးတော့ မှ မူလဝက်တွေ ပြန်မောင်းသွင်းရသည်။ ဒါက နေ့ စဉ်
နီးပါး ဒေါ်ရှမ်းမ လုပ်နေကျ။

နှစ်လသား ကျော်လာရင်တော့  အစာကို အဓိကထား ကျွေးရပြီ။ စက်မှာ အစာကြိတ်သည့် အခါ အဟာရနှင့် 
ကြီးထွားနှုန်း မြန်သည့် ဆေးများ ထပ်ထပ်ထည့် ရသည်။ ကျန်းမာရေး အထူးဂရုစိုက်ရပြီး၊ တစ်နေ့ ကို သုံးကြိမ်
လောက် သူဌေးကိုယ်တိုင်လာကြည့်သည်။ သူပြန်သွားမှ ဒေါ်ရှမ်းမရော ကျွန်တော်ပါ သက်ပြင်းချရသည်။

တွေးကြည့်လျှင် နည်းသည့်အကုသိုလ် မဟုတ်ပေ။
ကျွန်တော့်ရဲ့  အောင်ပွဲဟာ ဝက်အကောင် ရာချီတို့ ရဲ့  သေပွဲ ဖြစ်နေ၏။
ဒီအဖြစ်ကို ဝက်တွေ လာဖမ်းသည့်  နေ့ မှ ကျွန်တော် သိတော့ သည်။ စိတ်မကောင်းလွန်းလို့  ဘုတ်ဆုံတို့ 
ဝက်ရုံမှာ သွားထိုင်နေလိုက်၏။ ဒါပေမယ့် အော်သံတွေ ကြားရတာပါပဲ။ ငယ်သံပါအောင် ကျုံးအော်နေတဲ့ 
ကျွန်တော့် ဝက်တွေရဲ့  ငရဲခန်းဟာ ဘယ်လို စိတ်ချမ်းမြေ့ မှာလဲ ။ အဲ့ ဒီ တစ်ညနေလုံး ကျွန်တော် ဝက်ရုံကို
မပြန်တော့ ။ သူဌေးကလည်း ဘာမှ မပြောပါ။ နောက်နေ့ ကျတော့  ဒေါ် ရှမ်းမ လာခေါ်သည်။ သူ ကတော့ 
ရိုးနေပြီကိုး ။ ဒီရုံ မှာ လုပ်တာ ရှစ်နှစ် ရှိပြီ။
“ အထွေး ၊ ရာခစ်မနာ့ ၊ မာနှင့် မာနှင့်  ”
( ကိုထွေးရယ်၊ သိပ်မတွေးပါနဲ့ ၊ လာပါ လာပါ )

ဝက်ရုံ ပြန်ရောက်တော့  ကျွန်တော့်  ရင်ထဲ ဟာ သွားသည်။
တစ်ကောင်မှ မရှိကြတော့ ပေ ။ မြတ်စွာဘုရား .... အကုသိုလ် သက်သက် ဖြစ်နေပါပြီဘုရား...။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

........................................................................................................................

( ဆက်ရန် )

8 comments:

ချမ်းလင်းနေ said...

ကိုကျော်ရေ......

ဆူဇူကီးကြားခံသွားတော့ ဖတ်ရတာ ဆန့်တငင်ငင်နဲ့ ဒီတခါ နဲနဲရှည်တော့ အရသာကောင်းတယ်။ စွဲလန်းမှုပြဿနာပဲ။ ကိုထွေးဘဝ အနေမကျသေးတာတော့ စိတ်မကောင်းသေဘူး။ ကိုထွေးကြုံးဝါးသလို အခုတော့ စင်ကြယ်ဖိနပ် စီးပေမယ့် နောင်နှစ်နှစ်မှာ ဒီမြို့ကို ငါနိုင်စေရမယ် ဆိုတာကတော့ ကြက်သီးထတယ်။ ယောင်္ကျားကောင်းတွေ ကြုံးဝါးရင် အသံတင်မကဘူး စာသားနဲ့တင် အံ့မခမ်းလောက်ပါရဲ့။

IDIOT-Ki said...

စားတဲ့သူ ရှိလို့  မွေးရတယ် ၊
မွေးတဲ့သူ ရှိလို့  စား ရတယ် ၊
ဒီလို နဲ့ ပဲ သံသရာ လည်ပြီး ကိုယ့် အပြစ် မဖြစ်အောင် လျှော့ တွေး နေကြရတာ ပဲ လေ ။

တကယ်ဆိုရင်တော့ ဝက်ဆိုတဲ့ သတ္တဝါ လေးတွေ က အတော်လေး အသန့်ကြိုက်ပြီး အမှတ်သညာ လဲ ကောင်းကြတယ် တဲ့ ။ ခံစားတတ်ကြတယ် တဲ့ ၊
( ဝက်မွေး နေတဲ့ သူ .. ပြော ပြ ဖူးတာ ပဲ .. ဒါကြောင့် ဝက်မွေးနေတဲ့သူတွေ ဝက်သား မစားကြ ဘူး တဲ့ ၊ မမြင်ရတဲ့ သံယောဇဉ်တွေကြောင့် ပေါ့ လေ )

ကိုကျော် ရော ..အခု ဘာဖိနပ် စီး နေ ပြီလည်း .. ဘွတ် နဲ့  ရွှတ် နဲ့ နေ မှာ ပဲ ၊ မှန်းကြည့်တာ ပါ ။း))

ခင်တဲ့
မကိ ။

ကိုဇော် said...

ပျားဖွတ် ၊ သားတိုး ၊ မယားခိုး ဆိုပဲ အပြစ်ဒဏ်ကြီးတာတွေ ပြောပါတယ်။ ဒါပေမဲ့လည်း ဝဋ်သံသရာ အရတော့ လုပ်နေကြရတာပါပဲလေ။

Anonymous said...

ဖြစ်နိုင်ရင်တော့ မလုပ်စေချင်ဘူး။ ပြန်ဝဋ်ခံရမယ့်သူက သူများမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်လေ.။ မဖြစ်စလောက် ဝင်ငွေလေးနဲ့ ကိုယ့်ကိုယ်ကိုယ် အပါယ်ချနေရတာပဲ။ လုပ်တဲ့သူက အသက် ၃၀ ဆိုရင် နောက်ထပ် နှစ် ၄၀ လူ့ဘဝမှာ နေရတယ်ထား ဒီနှစ် ၄၀ ဆိုတာ ခဏလေး။ ပြီးရင် သူ ဘယ်သွားရမလဲ။ တွေးကြည့် ကြောက်ဖို့ကောင်းတယ်။

သူများကို သတ်ဖြတ်နှိပ်စက်ပြီး အသက်မွေးတဲ့သူတွေ မသေခင်လဲ ဒီပရက်ရှင်တွေဖြစ်ကြ၊ ရောဂါတွေ ထူကြ၊ မကျန်းမာတဲ့အခါ အကုသိုလ်နဲ့ရင်း ရှာထားတဲ့စီးပွားလေးတောင် ကိုယ်မခံစားရဘဲ နီးရာဆွေမျိုး သားသမီး ခံစားသွားရ၊ တရားနာရင်လဲ ဘာတွေမှန်း နားမလည်တော့ဘဲဖြစ်လိုဖြစ်။ စိတ်မကောင်းစရာတွေဗျာ။

ကျွန်တော်လဲ ဆင်းရဲသားပါ။ စားရမဲ့ နေရမဲ့ ဒုက္ခတွေလဲ ရောက်ဖူးတယ်။ နေတဲ့နေရာမှာ အလုပ်မှာ လူမျိုးခွဲခြား ချိုးနှိမ်ခံရလို့ စိတ်ဆင်းရဲနေရတာလဲ ခုထိပဲ။ အနာဂတ်ကလဲ မရေရာ ဘာဖြစ်မယ်မှန်းမသိ။ အလုပ်ကလဲ ရဖို့ခက်။ ဒါပေမယ့် ဒီလို အကုသိုလ်အလုပ်မျိုးတော့ ဒုက္ခဘယ်လောက်ရောက်ရောက် အရင်ကရော အခုရော မလုပ်ဘူးဗျာ။ ဆန်မဝယ်နိုင်ရင် ခေါက်ဆွဲပြုတ်သောက်တယ်။ ကားခမတတ်နိုင်ရင် ကုန်းကြောင်းလျှောက်တယ်။ အလုပ်မဲ့သွားရင် အကုသိုလ်အလုပ်တွေ ဘယ်လောက်ရှိရှိ သွားမလျှောက်ဘဲ အပြစ်ကင်းတဲ့အလုပ်မရမချင်း တောင့်ထားတယ်။ အလုပ်လက်မဲ့၊ လက်ကြောမတင်းတဲ့ကောင်လို့ ကွယ်ရာမှာ သူများနှိမ်လဲ ပြောချင်ရာပြော တောင့်ထားတယ်။ အပြစ်ကင်းတဲ့အလုပ်ရရင် စေတနာထားပြီး အစွမ်းကုန် ကြိုးစားလုပ်တယ်။ တခြားမိတ်ဆွေတွေလဲ ဘုရားမကြိုက်တဲ့အလုပ်တော့ လုပ်ရမယ်ကြုံလာရင်တောင် တောင့်ပြီး ရှောင်စေချင်တယ်ဗျာ။

ဝက်တစ်ကောင်ကို လှံနဲ့ထိုး၊ နွားတစ်ကောင်ကို ထိပ်ထု လည်လှီး... ငါးတစ်ကောင်ကို ခေါင်းထု ဆိုတာ ဒီတိရစ္ဆာန်လေးတွေ နေရာမှာ ကိုယ်သာဆိုလို့ စဉ်းစားကြည့်တယ်။ ငါးကအစ အသက်ရှင်ချင်ရှာလွန်းလို့ ဖျတ်ဖျတ်လူး ရုန်းကန်တာပဲ။ နွားတွေဆိုလဲ မျက်ရည်ကျကြ၊ ဝက်တွေ အော်ကြနဲ့ သနားဖို့ကောင်းတယ်။ သတ္တဝါတစ်ခု စိတ်ဆင်းရဲ အသက်သေပြီးမှ စားရမယ့်ထမင်းတော့ ရှောင်စေချင်ပါတယ်။ ဆရာလုပ်တာ မဟုတ်ပါဘူးဗျာ။ ဝဋ်ဆိုတာ မခံရစေချင်လို့ပါ။

မျက်မှန်လေး said...

I agree with what anonymous person said.

I want to know what kind of slipper do u wear now

shwezinu said...

အဖြူလေး ရေ

အခုမှကောင်းသွားလို့ လာဖတ်ရတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကိုမျက်မှန်လေးရေ

ကျွန်တော် အစက စင်ကြယ်အစစ်တောင် ဈေးကြီးလို့ မစီးဘဲ အပေါစား တာယာဖိနပ်တို့ စင်ကြယ်တုတို့ စီးခဲ့ရပါတယ်။ သရက်သီးသနပ် တစ်ဇွန်းစာကို ဟင်းလုပ်ပြီး ဆန်ကြမ်းထမင်းနဲ့ ဗိုက်ဖြည့်ခဲ့ရပါတယ်။ ခြစ်ခြစ်တောက် ပူနေတဲ့ ထပ်ခိုးချောင်လေးမှာ အိပ်ခဲ့ရပါတယ်။

အခုတော့ ကျွန်တော်ဖခင်ကို အများကြီး လုပ်ကျွေးနိုင်ခဲ့ပါပြီ။ ကျေးဇူးရှိတဲ့ ဆရာသမားတွေကိုလဲ ပုံမှန်ကန်တော့နိုင်တဲ့ဘဝ၊ လစဉ် ချွေးနဲစာထဲက ပုံမှန် လှူတန်းနေနိုင်တဲ့ဘဝ ရပါပြီ။ သံဃာတော်တွေအတွက် ကျောင်းလေးနှစ်ကျောင်း ဆောက်လှူပြီး မိုးမလုံ ရေမလုံ ကျောင်းလေးတစ်ကျောင်းကိုလဲ အမိုးမိုးပေးနိုင်ခဲ့ပါပြီ။ ဆင်းရဲသား ရပ်ကွက်တွေမှာ ဆန်ဝေတာတို့၊ အဘိုးအိုအမယ်အိုတွေကို အဝတ်အစားနဲ့ စားစရာလေးတွေ ဝေတာတို့လဲ အပန်းမကြီး လုပ်နိုင်ခဲ့ပါပြီ။ ဒါတွေက ကြွားပြတာ မဟုတ်ဘဲ ဘုရားစကား နားထောင်လို့ လူဆင်းရဲ ကျောမွဲတစ်ယောက် ဘယ်လို ဘဝတိုးတက်လာတယ်ဆိုတာ ပြောချင်လို့ပါ။

ဒါနရယ် သီလရယ် မေတ္တာရယ် ဒီသုံးခုက မျက်မှောက်ဘဝမှာတင် အဆင်ပြေချမ်းသာစေနိုင်တဲ့ နည်းတွေပါ။ ပိုကြီးပွားချင်ရင် ဥာဏ်နဲ့ ဝီရိယပါ တွဲလိုက်လို့ကတော့ အတိုင်းထက် အလွန်ပါပဲ။

blackcoffee said...

ဒီလို အကုသိုလ်နဲ့ အသက်မွေးဖို့ ကိုတော့ တကယ်ကြောက်မိတယ်။ မလုပ်ချင်ဘဲ လုပ်ရတဲ့ ကိုထွေးဘဝကို စာနာမိပါတယ်...